ထူးဆန်းအံ့ဖွယ် နေရာလပ်
Vol. 12 Ch. 167
အတွေးတစ်ချက်ဖြင့်... ဖုန်းဝူချန်သည် ဒုတိယအလွှာ၏ ထင်ယောင်ထင်မှား နေရာလပ်ဟင်းလင်းပြင်သို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့သည်။
"ဟင်...။ ဒါ... ဒါက နတ်ဘုရားတောင်ကြား ဖြစ်နေတာလား"
ဖုန်းဝူချန်က သံသယဖြင့် မျက်မှောင်ကြုတ်လိုက်မိ၏။ သူသည် အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ဆင့်ခေါ်လိုက်ပြီး... ဓားပျံများနှင့် တွေ့ကြုံရသောအခါ... သူ၏ ခန္ဓာကိုယ်သည် ကောင်းကင်ယံသို့ တန်းတန်းမတ်မတ် ပျံတက်သွားတော့သည်။
ဤနေရာသည် နတ်ဘုရားတောင်ကြား ဟုတ်၊ မဟုတ် ဖုန်းဝူချန် သေချာ မသိသေး...။
*...တစ်ကယ်လို့သာ ဒါက နတ်ဘုရားတောင်ကြား ဆိုရင်... ဒီငှက်တွေ၊ သားရဲတွေ၊ တောရိုင်းတိရစ္ဆာန်တွေက ဘာလို့ နည်းနည်းလေးမှ ကြောက်ရွံ့တဲ့ အရိပ်အယောင် မပြရတာလဲ...။ ငါ့ရဲ့ နဂါးနတ်ဘုရား အရှိန်အဝါကို သူတို့ မခံစားမိဘူးလား...။*
ဖုန်းဝူချန် ကောင်းကင်ယံသို့ မြင့်တက်ပျံသန်းသွားသောအခါ... သူသည် အလွန် ထင်ရှားသော ပစ်မှတ်တစ်ခု ဖြစ်သွားခဲ့၏။ ချက်ချင်းပင်... ဧရာမ သားရဲကြီးတစ်ကောင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး... ၎င်း၏ ကြီးမားလှသော လက်သည်းကြီးသည် တောင်တစ်လုံးကို ချေမွပစ်တော့မည့်အလား... အောက်သို့ ပုတ်ချလာသည်။
ဖုန်းဝူချန်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး... ထိုတိုက်ခိုက်မှုကို ပြင်းထန်သော လက်သီးတစ်ချက်ဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်လေသည်။
"ဂျုန်း.."
တောင်တစ်လုံးကို ဝင်ဆောင့်လိုက်သကဲ့သို့... ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။ ထိုသားရဲ၏ ကျင့်ကြံမှုအဆင့်သည် ဖုန်းဝူချန်လောက် မမြင့်မားသော်ငြားလည်း... ၎င်း၏ ဧရာမ ခန္ဓာကိုယ် အရွယ်အစားကြီးကြောင့်... သူ... လွင့်စဉ်သွားခဲ့ရသည်။
"ဟိန်း.."
လွင့်ထွက်သွားစဉ်မှာပင်... ဖုန်းဝူချန်သည် ထိုသားရဲကြီး၏ ကြမ်းတမ်းလှသော ခွန်အားကို အတွင်းစိတ်ထဲမှ တုန်လှုပ်သွားမိသည်။
*...အား... သတ္တဝါကောင်က အကြီးကြီးပဲ... ခွန်အားကလည်း ကြောက်စရာကောင်းလိုက်တာ...*
သို့သော်... သူ့မှာ ထပ်ပြီး စဉ်းစားနေဖို့ အချိန်မရလိုက်ပါ...။ သူ လွင့်ထွက်သွားသည့် ထိုအခိုက်မှာပင်... နောက်ထပ် စူးသော မြည်သံကြီးက သူ၏ နားထဲသို့ ထိုးဖောက် ဝင်ရောက်လာပြန်သည်။
ဖုန်းဝူချန်၏ မျက်နှာအမူအရာ နောက်တစ်ကြိမ် ပြောင်းလဲသွား၏။
သူ အလျင်အမြန် လှည့်ကြည့်လိုက်သောအခါ... ဧရာမ ငှက်ကြီးတစ်ကောင်က လျှပ်စီးကဲ့သို့ အရှိန်ဖြင့် သူ့ထံ ပစ်ခတ်လာသည်ကို တွေ့လိုက်ရသည်။
"လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းကွက်.."
ဖုန်းဝူချန်က အသံတိုးတိုးဖြင့် အရေးတကြီး သိုင်းကွက်ထုတ်ဖော်လိုက်သည်။ သူ... ထိုငှက်ကြီး၏ သားကောင် ဖြစ်တော့မည်ဆဲဆဲ...။ သို့သော်... ဆံတစ်မျှင်လေး အလိုမှာပင်... သူ နေရာမှ ပျောက်ကွယ်သွားခဲ့၏။
အခြေအနေက အလွန်အမင်း အန္တရာယ်များလှသည်။ ဖုန်းဝူချန် တစ်ယောက် ချွေးစေးများပင် ပျံလာခဲ့ရသည်။
သူက ဤသားရဲများကို ကြောက်ရွံ့နေခြင်း မဟုတ်ပါ...။ သို့သော်... ၎င်းတို့၏ ကြီးမားလှသော အရွယ်အစားကြီးများက... သူ၏ ပင်ကိုယ်အသိစိတ်ကို အလိုလို ကြောက်ရွံ့သွားစေခဲ့သည်။
"ဒီသားရဲတွေထဲက အသန်မာဆုံးကောင်တောင်... ယွမ်တန်ဘုံ ဆဌမ အလွှာလောက်ပဲ ရှိတာ...။ ဒါပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေက အကြီးကြီးတွေပဲ...။ ဒီတော့... ကြမ်းတမ်းတဲ့ ခွန်အား မှာ သူတို့က အသာစီးရနေတယ်" ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။
လျှပ်တပြက် နေရာရွှေ့ပြောင်းမှု အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက်... ဖုန်းဝူချန်သည် ပို၍ ရှုပ်ထွေးသော တောင်တန်းများနှင့် သစ်တော ဧရိယာတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ... ဤနေရာသည် နတ်ဘုရားတောင်ကြား အမှန်တကယ် ဟုတ်၊ မဟုတ် အတည်ပြုရန် ဖြစ်သည်။
"ဝိညာဉ်စွမ်းအင်ရဲ့ ပြင်းအားက... နတ်ဘုရားတောင်ကြားနဲ့ အတူတူပဲ...။ ဒီနေရာက တကယ်ပဲ နတ်ဘုရားတောင်ကြားနဲ့ တော်တော်တူတယ်...။ မြေမျက်နှာသွင်ပြင်တွေတောင် အကုန် တူနေတာပဲ...။ ကွာခြားတာက... ပန်းတွေ၊ အပင်တွေ၊ သစ်ပင်တွေ... ပြီးတော့ ဒီသားရဲတွေ... အကုန်လုံးက မယုံနိုင်လောက်အောင် အရွယ်ကြီးတွေ ကြီးနေကြတာပဲ...။ ဝိညာဉ်ရေကန်က... ဟိုဘက်မှာ ရှိသင့်တယ်"
ဖုန်းဝူချန်က ဘယ်ဘက်သို့ လှမ်းကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူ၏ ခန့်မှန်းချက်သာ မမှားခဲ့လျှင်... သူ ကြည့်နေသော အရပ်ဆီတွင် ဝိညာဉ်ရေကန် ရှိနေရမည်မှာ သေချာ၏။
အကယ်၍... ဝိညာဉ်ရေကန်သာ အမှန်တကယ် ရှိနေခဲ့လျှင်... ဤနေရာသည် နတ်ဘုရားတောင်ကြား ဖြစ်ကြောင်း... ရာနှုန်းပြည့် သေချာသွားနိုင်ပေပြီ။
ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည် အလျင်အမြန် လှုပ်ရှားသွားပြီး... ဝိညာဉ်ရေကန် ရှိရာသို့ တန်းတန်းမတ်မတ် ထွက်ခွာသွားခဲ့သည်။
"ဝှစ်... ဝှစ်... ဝှစ်"
သူ၏ အမြန်နှုန်းသည် အံ့အားသင့်ဖွယ် ကောင်းလှ၏။ ဧရာမ သစ်ပင်ပန်းမန်များကြားတွင် အရိပ်များ လျှပ်တပြက် ဖြတ်သန်းသွားပြီး... သူ တွေ့ကြုံရသော မည်သည့် သားရဲကိုမဆို ချက်ချင်း ရှောင်တိမ်းသွားနိုင်ခဲ့သည်။
ဝိညာဉ်ရေကန်နှင့် နီးကပ်လာလေလေ... ဖုန်းဝူချန်သည် ပတ်ဝန်းကျင်ကို ပို၍ ရင်းနှီးလာလေလေ ဖြစ်၏။ ၎င်းတို့သည်... နတ်ဘုရားတောင်ကြား၏ မြေမျက်နှာသွင်ပြင်များ... သက်သက်ပင်...။ ဝိညာဉ်ရေကန်သို့ ဦးတည်သွားသော လမ်းကြောင်းများပင်လျှင်... တစ်ထပ်တည်း တူညီနေခဲ့သည်။
ဆယ်မိနစ်ကျော် ကြာပြီးနောက်... အလျင်အမြန် ခရီးနှင်နေသော ဖုန်းဝူချန်၏ မျက်နှာအမူအရာသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
"ဝိညာဉ်ရေကန်.."
သူ၏ ရှေ့... သိပ်မဝေးလှသော နေရာမှ မြူခိုးများ လွှမ်းခြုံနေသော နေရာကျယ်ကြီးကို မြင်လိုက်ရသောအခါ... ဖုန်းဝူချန်တစ်ယောက် အကြီးအကျယ် တုန်လှုပ်သွားပြီး... ထိုနေရာတွင် မှင်တက်သလို ရပ်တန့်သွားမိသည်။
ဤအခိုက်အတန့်တွင်... ဖုန်းဝူချန်တစ်ယောက် ရာနှုန်းပြည့် သေချာသွားခဲ့လေပြီ...။
ဤနေရာသည်... နတ်ဘုရားတောင်ကြားပင် ဖြစ်သည်။
"ဒါ တကယ်ပဲ နတ်ဘုရားတောင်ကြားပဲ...။ သားရဲတွေနဲ့ အပင်တွေ ပိုကြီးလာတာကလွဲရင်... ဝိညာဉ်စွမ်းအင်... ဝိညာဉ်ရေကန်... ပြီးတော့ နတ်ဘုရားတောင်ကြားရဲ့ မြေမျက်နှာသွင်ပြင်... အကုန်လုံး အတူတူပဲ"
သူ တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။
သို့သော်... ဖုန်းဝူချန်ကို နားမလည်နိုင်အောင် ရှုပ်ထွေးသွားစေသည့် အချက်မှာ... ကိုးထပ် ချန်ခွန်း မျှော်စင်အတွင်းမှ ဒုတိယအလွှာက... နတ်ဘုရားတောင်ကြားကို ဘယ်လိုလုပ် ပိုင်ဆိုင်ထားနိုင်ရသနည်း...။
ဒါက ထင်ယောင်ထင်မှား နေရာလပ်ဆို ...။
"ဒါ ဘယ်လိုကြီး ဖြစ်နေတာလဲ"
ဖုန်းဝူချန်တစ်ယောက် ဘယ်လိုမှ နားလည်နိုင်စွမ်း မရှိတော့ပေ။
သူ... သူ... ကိုးထပ် ချန်ခွန်း မျှော်စင်ထဲတွင် ရှိနေသည်ဟုပင် မခံစားရတော့...။ လက်ရှိတွင် သူသည်... နတ်ဘုရားတောင်ကြားထဲသို့ အမှန်တကယ် ရောက်ရှိနေသကဲ့သို့ပင် ခံစားနေရသည်။
သံသယများဖြင့် ပြည့်နှက်နေသော ဖုန်းဝူချန်သည် ဝိညာဉ်ရေကန်ထဲသို့ ခြေချလိုက်၏။ ရေပြင်ကို ထိတွေ့လိုက်သည့် အခိုက်အတန့်မှာပင်... နတ်ဘုရားတောင်ကြားထဲမှာကဲ့သို့... ကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဝိညာဉ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်မတတ် စီးဝင်လာခဲ့သည်။
ဒီခံစားမှု... ဒါ လုံးဝ မှန်ကန်တယ်...။
ဤနေရာသည်... အမှန်တကယ်ပင်... နတ်ဘုရားတောင်ကြား ဖြစ်သည်။
သို့သော်... လောကကြီးထဲတွင်... တစ်ထပ်တည်းတူညီသော နေရာနှစ်ခုက ဘယ်လိုလုပ် ရှိနေနိုင်မည်နည်း။
တစ်ခုက... အပြင် လောကကြီးထဲမှာ...။ နောက်တစ်ခုက... မှော်ရတနာ တစ်ခုရဲ့ အတွင်းထဲမှာ...။
ဤကဲ့သို့ ထူးဆန်းအံ့ဖွယ်ရာ ဖြစ်ရပ်ဆန်းကြီးသည်... ဖုန်းဝူချန်၏ နားလည်နိုင်စွမ်းထက် အမှန်တကယ်ပင် ကျော်လွန်နေခဲ့လေပြီ။
ခဏမျှ ကျင့်ကြံလိုက်ပြီးနောက်... ဖုန်းဝူချန်သည် သူ၏ ကျင့်ကြံမှုအဆင့် အနည်းငယ် တိုးတက်လာသည်ကို တွေ့ရှိလိုက်ရသည်။
"ဒါ... ကိုးထပ် ချန်ခွန်း မျှော်စင်ရဲ့ နတ်ဘုရား အဆင့် စွမ်းရည်တွေနဲ့များ ပတ်သက်နေမလား"
ချန်ခွန်း မျှော်စင်သည် အင်မော်တယ် လက်နက်တစ်ခု ဖြစ်သည်ကို အကြောင်းပြု၍... ဖုန်းဝူချန်က အတွင်းစိတ်ထဲမှ ခန့်မှန်းလိုက်မိသည်။
မျက်မှောင်ကြုတ်လိုက်ရင်း... ဖုန်းဝူချန်က ထပ်မံ ဆိုပြန်သည်။
"တကယ် နှမြောစရာပဲ...။ ကိုးထပ် ချန်ခွန်း မျှော်စင်က ပျက်စီးနေလို့...။ မဟုတ်ရင်... ဒါ ဘာဖြစ်နေလဲဆိုတာ ငါ သေချာပေါက် သိနိုင်မှာ"
အင်မော်တယ် လက်နက် တစ်ပါး၏ စွမ်းအားသည်... သာမန်လူ တစ်ယောက်၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေပေသည်။
"ဒီနေရာ ဟင်းလင်းပြင်က တကယ် ထူးဆန်းတာပဲ...။ တစ်ကယ်လို့... ဒါက အစစ်အမှန်ဆိုရင်... နတ်ဘုရားတောင်ကြားထဲက အဖိုးတန် ရတနာတွေအကုန်လုံး... ငါ့ဟာ ဖြစ်သွားပြီပေါ့"
ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာဖြင့် ထပ်မံ စဉ်းစားလိုက်မိသည်။
သူသည်... နတ်ဘုရားတောင်ကြား နှစ်ခု ဘာကြောင့် ရှိနေသလဲ ဆိုသည်ကို... နောက်ထပ် ဂရုမစိုက်တော့ပေ။
*...ဘာလို့ ရှိရှိ... ရှိတာပဲ အရေးကြီးတာ...။ ဒါ ငါ့အတွက်ပဲ... ဟားဟား...*
နတ်ဘုရားတောင်ကြားကို ပိုင်ဆိုင်လိုက်ရခြင်းသည်... ဖုန်းဝူချန်အနေဖြင့် ဝိညာဉ်ရေကန်ထဲတွင် အချိန်မရွေး ကျင့်ကြံနိုင်တော့မည် ဖြစ်ပြီး... သူ၏ ကျင့်ကြံမှုအဆင့်သည် ကောင်းကင်သို့ တဟုန်ထိုး တက်သွားမည်မှာ သေချာလှ၏။
နတ်ဘုရားတောင်ကြား တောင်တန်းကြီးသည် အလွန် ကျယ်ပြောလှပြီး... သုံးစွဲ၍ မကုန်နိုင်သော ကောင်းကင်နှင့် မြေကြီး ရတနာများ... အဆုံးအစမရှိ ရှိနေသည်။
ဤမျှ ကြီးမားလှသော အရင်းအမြစ်များသည်... ဖုန်းမိသားစုနှင့် သူ၏ ကောင်းကင် ဗိမာန် နှစ်ခုလုံးအတွက်... မယုံနိုင်လောက်အောင် အထောက်အကူ ဖြစ်စေမည်ဖြစ်ပြီး... ထိုနှစ်ခုလုံးကို ချဲ့ထွင်ရန်မှာ... အချိန်ကာလတစ်ခုသာ လိုအပ်တော့သည်။
ကိုးထပ် ချန်ခွန်း မျှော်စင် အတွင်း၌ နတ်ဘုရားတောင်ကြား ရှိနေမှတော့... ဖုန်းဝူချန်သည် ရတနာများ စုဆောင်းရန် အလျင်မလိုတော့ပေ။
ထို့အပြင်... သူ လွန်ခဲ့သောတစ်ကြိမ် နတ်ဘုရားတောင်ကြားမှ ရရှိခဲ့သော ရတနာများစွာ ကျန်ရှိနေသေးရာ... ၎င်းတို့သည် သူ၏ ကျင့်ကြံမှုအတွက် အတန်ကြာ လုံလောက်နေသေးသည်။
အတွေးတစ်ချက်ဖြင့်... ဖုန်းဝူချန်သည် တတိယအလွှာ၏ နေရာလပ်ဟင်းလင်းပြင်သို့ ပြန်သွားခဲ့သည်။
အတိုင်းမသိ ပီတိဖြစ်စွာဖြင့်... ဖုန်းဝူချန်သည် မျက်စိကျိန်းမတတ် တောက်ပနေသော ရတနာ အစီအရီတို့ကို လှမ်းကြည့်လိုက်သည်။ ဤ ကျယ်ပြောလှသော သိုလှောင်ခန်းကြီးထဲတွင်... သူ အပြည့်အဝ စူးစမ်းလေ့လာရန်... ရတနာများ... အလွန်အကျွံ ရှိနေခဲ့သည်။
ဤမျှလောက်များပြားသော ရတနာများကြောင့်... အိပ်မက်ထဲတွင်ပင် လူတစ်ယောက်သည် တောက်ပသော အပြုံးများဖြင့် ပြုံးနေမိပေလိမ့်မည်။
ဖုန်းဝူချန်သည် သူ၏ ရင်ထဲမှ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသော ပျော်ရွှင်မှုကို ချုပ်တည်းလိုက်ပြီး... အတွေးတစ်ချက်ဖြင့်... စတုတ္ထအလွှာ၏ နေရာလပ်ဟင်းလင်းပြင်သို့ ချက်ချင်း ဆက်လက် သွားခဲ့သည်။
အလွှာများ မြင့်တက်လာသည်နှင့်အမျှ... နေရာလပ်ဟင်းလင်းပြင်များသည် ပို၍ သေးငယ်လာခဲ့သည်။ စတုတ္ထအလွှာသည် သိုင်းပြိုင်ကွင်းကြီး တစ်ကွင်းစာမျှသာ ရှိပြီး... အရာအားလုံးကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်လေ၏။
"ထူးဆန်းပြီး... ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေပဲ"
ဖုန်းဝူချန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး... ပတ်ဝန်းကျင် ဧရိယာကို စူးစမ်းကြည့်မိသည်။
"ဒီနေရာလပ် ဟင်းလင်းပြင်က... ဘာများ ထူးဆန်းနေပြန်တာလဲ"
သူ စတုတ္ထအလွှာသို့ ပေါ်ထွက်လာသည့် အခိုက်အတန့်တွင်... ဖုန်းဝူချန်၏ ပထမဆုံး ခံစားလိုက်ရသော အသိမှာ... ဤနေရာသည်... ထူးထူးခြားခြား... အေးစက် ကြောက်မက်ဖွယ် ကောင်းနေသည်... ဟူ၍ ဖြစ်သည်။
စတုတ္ထအလွှာသည် အတော်လေး ထူးခြား၏။ ၎င်းသည် တောင်များ ဝန်းရံနေသော တောင်ကြားတစ်ခု ဖြစ်ပြီး... နောက်ဘက်တွင် နေရာလပ်ဟင်းလင်းပြင်၏ နယ်နိမိတ် ရှိနေသည်။ ဘောလုံးကွင်း တစ်ကွင်းစာမျှသာ ကျယ်ဝန်းသော်လည်း... နေရာလပ် ဟင်းလင်းပြင် တစ်ခုလုံးသည်... သင်္ချိုင်းဂူများဖြင့် ပြည့်နှက်နေခဲ့သည်။
တသီတတန်းတည်း သပ်ရပ်စွာ တည်ရှိနေသော သင်္ချိုင်းဂူများ...။
အရေအတွက်အားဖြင့် ရာပေါင်းများစွာတည်း...။
ဂူတိုင်းသည် တစ်ပုံစံတည်း ဖြစ်သော်လည်း... မည်သည့် ဂူဗိမာန် ကျောက်တိုင်မျှ မရှိပေ။
...သြော်... သတ္တိ နည်းသူများသာ ဆိုလျှင်... ကြောက်လန့်လွန်း၍ ဘောင်းဘီထဲတွင်ပင်... ...။
"ဒါ ဘယ်လို သရဲခြောက်တဲ့ နေရာကြီးလဲကွာ"
ဖုန်းဝူချန် မျက်မှောင်ကြုတ်
လိုက်မိသည်။ အေးစက်သော လေတစ်ချက် ဖြတ်တိုက်သွားရာ... သူတစ်ကိုယ်လုံး ကြက်သီးမွှေးညင်းများ ထသွားမိ၏။
ဖုန်းဝူချန်သည် သင်္ချိုင်းဂူတစ်ခုထံသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားလိုက်သည်။ ၎င်းသည် နှစ်များစွာ ကြာမြင့်မှုကြောင့် ဟောင်းနွမ်းနေပြီး... သက်တမ်း မည်မျှ ရှိနေပြီကိုပင် မခန့်မှန်းနိုင်ပါ..။
"ဒီသင်္ချိုင်းဂူတွေက... ကိုးထပ် ချန်ခွန်း မျှော်စင်ရဲ့ အရင် သခင်ဟောင်းတွေနဲ့များ သက်ဆိုင်နေမလား"
ဖုန်းဝူချန် ခန့်မှန်းလိုက်မိသည်။
ဤ ထူးဆန်းအေးစက်သော သင်္ချိုင်းဂူများမှလွဲ၍... ဤအလွှာတွင် အခြား ထူးခြားမှု တစ်စုံတစ်ရာ မရှိတော့ပေ။
အတွေးတစ်ချက်ဖြင့်... ဖုန်းဝူချန်သည် ပဉ္စမအလွှာ၏ နေရာလပ်
ဟင်းလင်းပြင်သို့ ဆက်လက် လှည့်လည်သွားခဲ့သည်။
သို့သော်... ဖုန်းဝူချန် ပျောက်ကွယ်သွားသည့် ထိုအခိုက်အတန့်မှာပင်... စတုတ္ထအလွှာတွင်... ကြောက်မက်ဖွယ် ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ရာပေါင်းများစွာသော သင်္ချိုင်းဂူများသည်... တစ်ချိန်တည်း... တစ်ပြိုင်တည်း... တစ္ဆေဆန်သော ဝိညာဉ်ခန္ဓာများကို ပေါ်ပေါက်လာစေခဲ့၏။
ဝိညာဉ်ခန္ဓာ တစ်ခုစီ၏ မျက်လုံးများမှ... အပြာရောင် အလင်းတန်းများ တလက်လက် ထွက်ပေါ်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း... ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးများသည် စတုတ္ထအလွှာ တစ်ခုလုံးကို ပြည့်နှက်သွားစေပြီး... အလွန်အမင်း ထူးဆန်းအေးစက်သော လေထုကို ဖန်တီးလိုက်တော့သည်။
ကံကောင်းထောက်မစွာပင်... ဖုန်းဝူချန်သည် ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မကြုံလိုက်ရပေ...။ သို့မဟုတ်ပါက... သူသည် ကြောက်လန့်လွန်း၍ သေလုမျောပါး ဖြစ်သွားနိုင်ပေသည်။
နောက်တစ်စက္ကန့်တွင်... ဖုန်းဝူချန်သည် ပဉ္စမအလွှာသို့ ရောက်ရှိသွားခဲ့လေပြီ။
ပဉ္စမအလွှာသည် စတုတ္ထအလွှာထက် အနည်းငယ်သာ သေးငယ်သော်လည်း... ၎င်းသည်... သန့်စင်သော စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သည်။
ဤအလွှာသည် ထူးခြားပြီး... ထူးဆန်းသော ခံစားချက်ကို ပေး၏။ ၎င်းသည်... မီးနီရောင် စွမ်းအင်လုံးကြီးများ လေထဲတွင် တွဲခိုနေသော... အမှောင်ကျနေသည့် နေရာလပ် ဟင်းလင်းပြင် တစ်ခု ဖြစ်သည်။
အပေါ်သို့ မော့ကြည့်လိုက်လျှင်... ကောင်းကင်ယံတွင် မိုးပျံမီးပုံးများစွာ ချိတ်ဆွဲထားသည့်အလား... ထင်မှတ်ရသည်။
သန့်စင်သော စွမ်းအင်လုံးကြီးများ... ကျယ်ပြောလှသော ပမာဏဖြင့် ရှိနေသည်ကို စူးစူးရဲရဲ ကြည့်ရင်း... ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာ တစ်ခု ထင်ဟပ်လာပြီး... သူ အံ့အားတသင့် ရေရွတ်လိုက်သည်။
"ဒီလောက်များတဲ့ သန့်စင်လှတဲ့ စွမ်းအင်တွေနဲ့ဆို... ငါ... ထျန်းယွမ်ဘုံကို သေချာပေါက် တက်လှမ်းနိုင်ပြီ"
ထိုအကြောင်း တွေးလိုက်ရုံဖြင့်ပင်... သူ စိတ်လှုပ်ရှားလာခဲ့သည်။
အကြောင်းမူကား... ကိုးထပ် ချန်ခွန်း မျှော်စင် အတွင်း၌... မျှော်လင့်မထားသော ရတနာများ... များစွာ ရှိနေခဲ့သည်တကား။
ဖုန်းဝူချန်က သူ၏ လက်ကို ဆန့်တန်းလိုက်ပြီး... စွမ်းအင်လုံးတစ်လုံးကို လေထဲမှ ဆွဲငင်ကာ... သူ၏ ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် စုပ်ယူလိုက်သည်။
အထွတ်အထိပ် နဂါးနတ်ဘုရားဆုံးဖြတ်ချက် ကျင့်စဉ်ကို လည်ပတ်လိုက်ပြီး... စုပ်ယူလိုက်သော စွမ်းအင်လုံးကို သန့်စင်လိုက်၏။
ခဏလေးအတွင်းမှာပင်... ထိုစွမ်းအင်လုံးသည် ဖုန်းဝူချန်၏ လက်ထဲတွင် အလွယ်တကူ သန့်စင်သွားခဲ့ပြီး... သူ၏ ကျင့်ကြံမှုအဆင့် သိသိသာသာ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။ ထိုစွမ်းအင်လုံး၏ သန့်စင်မှုနှင့် ကြီးမားမှုသည်... သူ စိတ်ကူးထားသည်ထက်ပင်... ပို၍ အစွမ်းထက်လှသည်။
"ကောင်းကင်ဘုံက ငါ့ကို တကယ်ကူညီနေတာပဲ... ဟားဟား"
ဖုန်းဝူချန်တစ်ယောက် စိတ်လှုပ်ရှားမှုကြောင့် ထိန်းမနိုင်သိမ်းမရ အော်ရယ်လိုက်မိသည်။ ဤ သန့်စင်သော စွမ်းအင်ခန္ဓာများ ရှိနေလျှင်... ထျန်းယွမ်ဘုံသို့ တက်လှမ်းရန်မှာ... အချိန်ကာလတစ်ခုသာ လိုအပ်တော့သည်တကား။
သူ၏ ရင်ထဲမှ ပီတိများကို ချုပ်တည်းလိုက်ပြီးနောက်... ဖုန်းဝူချန်သည် ဆဌမအလွှာ၏ နေရာလပ်ဟင်းလင်းပြင်သို့ ဆက်လက် သွားခဲ့သည်။
ဆဌမအလွှာသည် သိုင်းပြိုင်ကွင်း အသေး တစ်ကွင်းစာမျှသာ ရှိပြီး... ၎င်းသည်... အခြေခံအားဖြင့်... တိုက်ခိုက်ရေး ကွင်းပြင်တစ်ခု ဖြစ်သည်။ ပတ်ဝန်းကျင်သည် အမှောင်ထုဖြင့် ဝန်းရံထားပြီး... ဘာကိုမျှ မမြင်ရပေ။
ကွင်းပြင်တစ်ခုလုံးသည်... မရေမတွက်နိုင်သော ဓားဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး... ဓားဒဏ်ရာ တစ်ခုချင်းစီသည်... နောက်တစ်ခုထက် ပို၍ တုန်လှုပ်ဖွယ် ကောင်းလှသည်။
"ပြင်းထန်လိုက်တဲ့ သတ်ဖြတ်လိုစိတ်တွေ...။ ကွင်းပြင်ပေါ်က ဓားဒဏ်ရာတွေ အကုန်လုံးက... ဓားစွမ်းအင် ချီကြောင့် ဖြစ်ခဲ့တာတွေပဲ"
ဖုန်းဝူချန် ခပ်ဖွဖွ မျက်မှောင်ကြုတ်လိုက်မိသည်။
ဤနေရာလပ် ဟင်းလင်းပြင်၏ နေရာတိုင်း... ထောင့်တိုင်းသည်... ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေလေ၏။
ဖုန်းဝူချန်သည် ကွင်းပြင်၏ အလယ်ဗဟိုတည့်တည့်သို့ ရောက်ရှိနေပြီး... ပတ်ဝန်းကျင်
အားလုံးကို သတိကြီးစွာဖြင့် စောင့်ကြည့်နေမိသည်။ ကိုးထပ် ချန်ခွန်း မျှော်စင်၏ နေရာလပ် ဟင်းလင်းပြင်များသည် သာမန်မဟုတ်ပေ။ ဤကွင်းပြင်သည် ဗလာနတ္ထိ ဖြစ်နေသော်လည်း... ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေသည်ဖြစ်ရာ... ဖုန်းဝူချန်အနေဖြင့် သတိမထားဘဲ နေ၍ မဖြစ်နိုင်ပေ။
"ဒီကွင်းပြင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ...။ ပြီးတော့... ဒီသတ်ဖြတ်လိုစိတ်တွေက ဘယ်က လာနေတာလဲ"
ဖုန်းဝူချန်သည် နားမလည်နိုင်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ အလွှာတစ်ခုချင်းစီသည် သူ့ကို... နားမလည်နိုင်အောင် ရှုပ်ထွေးစေခဲ့သည်။
ဖုန်းဝူချန် တွေးတောနေစဉ်မှာပင်... သတင်းအချက်အလက် အမြောက်အမြားသည် သူ၏ စိတ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့ပြီး... သူ၏ ဦးခေါင်းသည် နာကျင်စွာ ကိုက်ခဲလာတော့သည်။ မြင်ကွင်း တစ်ခုပြီးတစ်ခု... သူ၏ အတွေးများထဲတွင် လျှပ်တပြက် ဖြတ်သန်းသွား၏။
ထိုမြင်ကွင်းများထဲတွင်... ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသော အဖြူရောင် ဝတ်စုံနှင့် လူတစ်ယောက်သည်... ရန်သူပေါင်း သောင်းနှင့်ချီ၍ တိုက်ခိုက်နေခဲ့သည်။
တစ်ယောက်တည်း...စစ်တပ်တစ်တပ်လုံးကို...သွေးနံ့များ... တထောင်းထောင်း ထနေပြီး... ပြန်လည် ဝင်စားလာသော သွေးနတ်ဆိုး တစ်ကောင်အလား... ရန်သူများကို ရူးသွပ်မတတ် သတ်ဖြတ်နေခဲ့သည်။
စိတ်လှုပ်ရှားဖွယ် ကောင်းသလို... ကြောက်မက်ဖွယ် ကောင်းသည်မှာ... ထိုအဖြူရောင် ဝတ်စုံနှင့် လူသည်... လူပေါင်း သောင်းနှင့်ချီ ရင်ဆိုင်နေရသော်ငြားလည်း... လွှမ်းမိုးနိုင်စွမ်းရှိသော ဓားအလင်းတန်းများကို ထုတ်လွှတ်လိုက်တိုင်း... ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး... ၎င်းတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင်... ရန်သူ အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့ကြ ပေသည်။
"ဒီလူရဲ့ ကျင့်ကြံမှုက... နက်ရှိုင်းပြီး... ခန့်မှန်းလို့ မရနိုင်လောက်အောင်ပဲ...။ ကွင်းပြင်ပေါ်က သတ်ဖြတ်လိုစိတ်တွေက... သူ့ဆီက ဖြစ်တည်လာတာ သေချာတယ်...။ သူက... သူက... ကိုးထပ် ချန်ခွန်း မျှော်စင်ရဲ့ သခင်များ ဖြစ်နေမလား"
ဖုန်းဝူချန်က မျက်လုံးများကို မှိတ်ထားရင်း... ပေါ်ပေါက်လာသော မြင်ကွင်းများကို ကြည့်ရှုကာ... သုံးသပ်လိုက်မိသည်။
မြင်ကွင်းတိုင်းသည်... အဖြူရောင် ဝတ်စုံနှင့် ထိုလူက... သူ၏ ရန်သူများကို သတ်ဖြတ်နေပုံကိုသာ ပြသနေသော်လည်း... မြင်ကွင်းတိုင်းသည်... တစ်ခုနှင့်တစ်ခု မတူညီကြပေ။
"ဒီလူနဲ့... ဒီနေရာလပ်ဟင်းလင်းပြင်နဲ့... ဘယ်လို ပတ်သက်မှု ရှိနေတာလဲ"
ဖုန်းဝူချန်တစ်ယောက် ဘယ်လိုမှ တွေး၍ မရပေ...။ ခဏအကြာတွင်... သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး... ထိုမြင်ကွင်းများထဲမှ ထွက်လာခဲ့သည်။
"ဝှစ်.."
"ဝူး.."
သူ ထိုမြင်ကွင်းများမှ ထွက်လာသည်နှင့် တစ်ပြိုင်နက်... ရုတ်တရက်... ပြင်းထန်ပြီး စူးရှသော အသံလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ် ထက်ရှလှသော ဓားစွမ်းအင် ချီတစ်ခုက... သူ့ထံသို့ ပစ်ခတ်လာခဲ့၏။ စင်မြင့်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး... ဖုန်းဝူချန်၏ မျက်နှာအမူအရာ... အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
ကွင်းပြင်ပေါ်တွင်...
မြင်ကွင်းများထဲမှ... အဖြူရောင် ဝတ်စုံနှင့် ထိုလူ... ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
...တုန်လှုပ်စရာ ကောင်းလှ၏...။
...မယုံနိုင်စရာ ကောင်းလောက်အောင်... တုန်လှုပ်စရာ ကောင်းလှသည်။
ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင် ချီနှင့် ရင်ဆိုင်ရသောအခါ... ဖုန်းဝူချန်တွင် ခုခံရန် အင်အား တစ်စုံတစ်ရာ မရှိ...။ ရှောင်တိမ်းရန် အခွင့်အရေးလည်း... မရှိပါ...။
အရာအားလုံးက... ရုတ်တရက်ကြီး... ထင်မှတ်မထားဘဲ... ဖြစ်ပျက်သွားခဲ့သည်။ ဖုန်းဝူချန်... တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်...။
"အား…သူ... သူပဲ...။ သွားပြီ... ငါတော့... သေပြီ"
ဖုန်းဝူချန်က ကြောက်လန့်တကြားဖြင့် မျက်နှာ ဖြူဖျော့သွားကာ... အော်ဟစ်လိုက်မိတော့သည်။