အခန်း (၂၈၈-၂၉၀)
Vol. 26 Ch. 288-290
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၈၈ + ၂၈၉ + ၂၉၀)
“အဲစာအုပ်က ဟိုခွေးသတောင်းစား ထားသွားတဲ့ စာအုပ်မလား။” ထျန်ရှင်းလုက လင်းရှောင်အား ကျိန်ဆဲရန်မမေ့လိုက်ချေ။
သူက သူ၏တစ်ဆစ်ဆစ်နာကျင်နေသော ခန္ဓာကိုယ်ကြီးကို မနည်းအားတင်းကာ ထလာပြီး လင်းရှောင်၏စာအုပ်အားယူလိုက်သည်။
ပြီးနောက်တွင် နာကျင်မှုအားလျစ်လျှူရှုထားလိုက်ပြီး စာအုပ်အားသေချာကြည့်လိုက်သည်။ ထျန်ရှင်းလု၏နေရာတွင် ပုံမှန်လူများသာဆိုပါက သူတို့သည် ယခုကဲ့သို့အသာအယာ နေနိုင်နေကြမည်မဟုတ်ပေ။
သာမန်လူများသာဆိုလျှင် နာကျင်မှုကြောင့် ကျယ်လောင်စွာညီးတွား၍ အော်ဟစ်နေကြမည် ဖြစ်သည်။ ထျန်ရှင်းလုသည်တော့ မျက်မှောင်ကြီးကိုကြုတ်ထားပြီး တစ်ခါတစ်ရံခပ်တိုးတိုးငြီးတွားတာကလွဲလျှင် ထူးထူးခြားခြားမရှိချေ။
“လင်းရှောင်... သူရဲ့နာမည်လား။ အင်း...အောက်လမ်းဆရာတစ်ယောက်လောက်ရှာပြီး ကျိန်စာတိုက်ပြစ်ဦးမယ်။ ငါလိုးမသားလေး။”
ထျန်ရှင်းလုက ကျိန်ဆဲလိုက်ပြီးနောက် စာအုပ်အားဖွင့်လိုက်သည်။
သူက စာအုပ်၏ ပထမဆုံးစာမျက်နှာကို လှန်လိုက်သည်နှင့် တစ်ပြိုင်နက် စာအုပ်ထဲမှ မျက်စိကျိန်းမတတ် စူးရှသော အနက်ရောင်အလင်းတန်းများက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
ထိုအလင်းတန်းများသည် လေထဲတွင် ရှုပ်ထွေးလှသော အစီအရင်စာလုံးများအဖြစ် ပြောင်းလဲသွားပြီး အခန်းတစ်ခုလုံးအား ချက်ချင်း လွှမ်းခြုံသွားသည်။
“ကျွန်စုတ်”
ထျန်ရှင်းလုသည် အတွေ့အကြုံများသူပီပီ ချက်ချင်းပင် အန္တရာယ်ကို အာရုံခံမိလိုက်သည်။ သူ၏ တစ်ဆစ်ဆစ် နာကျင်နေသော ခန္ဓာကိုယ်အား နောက်သို့ လှဲချပစ်ရန် ကြိုးစားလိုက်သော်လည်း ထိုအနက်ရောင်အလင်းတန်းများက ပို၍ မြန်ဆန်နေသည်။
အနက်ရောင်အလင်းတန်းများသည် ပင့်ကူအိမ်တစ်ခုကဲ့သို့ သူ့အား လျင်မြန်စွာ ရစ်ပတ်ဖမ်းဆုပ်လိုက်ပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုသွားလေသည်။
သူ၏ အမြင်အာရုံတစ်ခုလုံးက ချက်ချင်းပင် အနက်ရောင်အလင်းများဖြင့် ဖုန်းလွှမ်းသွားပြီး၊ သူ၏ အသိစိတ်သည် နက်ရှိုင်းသော ချောက်ကမ်းပါးတစ်ခုထဲသို့ ကျဆင်းသွား၏။
စက္ကန့်အနည်းငယ်လော၊ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာ ကြာသွားသည်လော။
ထျန်ရှင်းလုတစ်ယောက် အာရုံများ ပြန်လည်စုစည်းမိချိန်တွင် သူသည် လေဟာနယ်ကြီးတစ်ခုထဲတွင် မြောနေလျက်ရှိသည်ကို သတိထားမိလိုက်သည်။
သူ၏ ပတ်ပတ်လည်တွင် ကြယ်တာရာများ မရှိ။ အသက်ဓာတ် မရှိ။ အဆုံးမရှိသော အမှောင်ထုနှင့် ပျက်စီးခြင်းများသာ ရှိသည်။
မိုင်ပေါင်း သိန်းသန်းချီ ကျယ်ဝန်းပုံရသော ဧရာမ ဂြိုလ်ကြီးများ၏ အပိုင်းအစများ၊ တစ်ချိန်က တောက်ပခဲ့ဟန်တူသော နေမင်းကြီးများ၏ လောင်စာကုန်သွားပြီဖြစ်သော အမြုတေများ၊ နေရာအနှံ့ ပျံ့လွင့်နေသော ကြယ်မှုန်များ... ဤနေရာသည် စကြဝဠာတစ်ခု၏ သင်္ချိုင်း၊ သို့မဟုတ် လောကတစ်ခုလုံး ပျက်သုဉ်းသွားပြီးနောက် ကျန်ရစ်ခဲ့သော အပျက်အစီးများနှင့် တူနေသည်။
ထျန်ရှင်းလုသည် မျက်မှောင်တစ်ချက် ကြုတ်လိုက်သည်။ သူ၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် တစ်စိုးတစ်စိမျှ မရှိပေ။
သေမင်းနှင့် မျက်နှာချင်းဆိုင် တွေ့နေရလျှင်ပင် သူသည် ဤကဲ့သို့ တည်ငြိမ်နေလျက်ရှိဦးမည်ဖြစ်သည်။
သူ၏ မျက်ဝန်းများသည် သိမ်းငှက်တစ်ကောင်ကဲ့သို့ ထက်မြက်စွာဖြင့် ဤအဆုံးမရှိသော လေဟာနယ်ကြီးကို အကဲခတ်နေလျက်ရှိသည်။
ရုတ်တရက် သူ၏ အရှေ့တည့်တည့်၊ အဆုံးမရှိသော အမှောင်ထုထဲတွင် ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ထိုသူသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။
သူ၏ မျက်ဝန်းထဲသို့တွင် နှစ်ပေါင်း သန်းနှင့်ချီကို ဖြတ်သန်းခဲ့ရသူတစ်ဦး၏ နက်ရှိုင်းမှုများနှင့် အထီးကျန်မှုများ ကိန်းအောင်းနေသည်။
သူသည် အနက်ရောင် နဂါးရုပ်များဖြင့် ထွင်းထုထားသော ဧကရာဇ်ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသည်။
သူ၏ ဦးခေါင်းထက်တွင် ကြယ်တာရာများဖြင့် သီကုံးထားသကဲ့သို့ တောက်ပနေသော သရဖူတစ်ခုကို ဆောင်းထားသည်။
သူသည် ဤပျက်စီးနေသော စကြဝဠာ၏ အလယ်ဗဟိုတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ သူ၏ တည်ရှိမှုတစ်ခုတည်းကပင် ဤလေဟာနယ်ကြီးတစ်ခုလုံးကို ထိန်းချုပ်ထားသကဲ့သို့၊ ဤပျက်စီးနေသော လောကကြီးသည် သူ၏ အသက်ရှုသံဖြင့်သာ လည်ပတ်နေရသကဲ့သို့ ထင်မှတ်ရသည်။
သူသည် လောကအားလုံး၏ အရှင်သခင်၊ စကြဝဠာများစွာ၏ ဧကရာဇ်တစ်ပါးအသွင် ရှိနေသည်။
ထိုဧကရာဇ်သည် သူ၏ အေးစက်သော မျက်ဝန်းများဖြင့် ထျန်ရှင်းလုအား စိုက်ကြည့်နေသည်။ ထိုအကြည့်ထဲတွင် အံ့ဩမှု၊ အမျက်ဒေါသ မပါချေ။ ထိုအကြည့်မာ... တောင်ထိပ်မှ ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်နေသော အကြည့်မျိုးနှင့်ဆင်တူ၏။
ထိုအကြည့်နှင့်အတူ အလွန်အားကောင်းသည့် ဧကရာဇ်တစ်ပါး၏ဖိအားတစ်ခုသည်လည်း တွဲပါလာလေသည်။
ဧကရာဇ်တစ်ပါး၏ ဖိအားသည် ထျန်ရှင်းလု၏ ဝိညာဉ်တစ်ခုလုံးကိုပင် ပြိုကွဲသွားစေနိုင်သည်အထိ အလွန်အားကောင်းလွန်းလှသည်။
ထျန်ရှင်းလုသည်တော့ မျက်မှောင်ကြုတ်လျက် အသာအရှိနေဆဲဖြစ်သည်။ သူသည် ထိုဧကရာဇ်၏ မျက်လုံးများကို တည်ငြိမ်စွာ ပြန်လည် စိုက်ကြည့်လိုက်သည်။
ထို့နောက်... သူ၏ နှုတ်ခမ်းထက်တွင် သရော်လှောင်ပြောင်သော အပြုံးတစ်ချက် ပေါ်လာသည်။
“လင်းရှောင်လား...ဟားဟားဟား”
သူ၏ ရယ်သံသည် ဤတိတ်ဆိတ်နေသော လေဟာနယ်ကြီးထဲတွင် ထူးဆန်းစွာဖြင့် ပဲ့တင်ထပ်သွားသည်။
ဒဏ်ရာများကြောင့် သူ၏ ရယ်သံသည် အနည်းငယ် အက်ကွဲနေသော်လည်း၊ ထိုရယ်သံထဲတွင် ကြောက်ရွံ့မှု လုံးဝမပါဝင်ဘဲ မထီမဲ့မြင်ပြုမှုများသာ ပြည့်နှက်နေသည်။
ထျန်ရှင်းလုက ဧကရာဇ်အသွင် လင်းရှောင်အား လက်ညှိုးထိုးလိုက်သည်။
“မင်းက ဧကရာဇ်တစ်ပါး ဟုတ်လား။ ငါ့ကို ဒီလို ပျက်စီးနေတဲ့ နေရာကြီးကို ခေါ်လာပြီး မင်းရဲ့ ကြီးကျယ်ခမ်းနားမှုကို ပြချင်တာလား။”
သူက ပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ “ဒီပုံရိပ်ယောင်တွေက မဆိုးဘူးပဲ။ တော်တော့်ကို အစစ်နဲ့တူတယ်။ ဒါပေမဲ့... အတုက အတုပဲ။”
“ငါ ထျန်ရှင်းလုပဲ” သူက သူ၏ ရင်ဘတ်ကို လက်ဖြင့် ပုတ်လိုက်သည်။ “ငါက သေမင်းနဲ့တောင် နပန်းလုံးခဲ့တဲ့ ကောင်ပဲ။ မင်းလို စာအုပ်ထဲက ပုံရိပ်ယောင်လောက်နဲ့ ငါ့ကိုများ ဒူးထောက်စေချင်သေးတာလား။”
ထျန်ရှင်းလု၏ မကြောက်မရွံ စိန်ခေါ်သံကြောင့် ဧကရာဇ် လင်းရှောင်၏ မျက်နှာတွင် မည်သည့် အရိပ်အယောင်မျှ ပြောင်းလဲမသွား။ သူသည် ထျန်ရှင်းလုအား ဆက်လက်၍သာ အေးစက်စွာ စိုက်ကြည့်နေသည်။
ထို့နောက်၊ သူ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
သူ၏ လက်တစ်ဖက် မြောက်တက်လာသည်နှင့်အမျှ၊ ပတ်ဝန်းကျင်မှ ပျက်စီးနေသော ဂြိုလ်အပိုင်းအစကြီးများသည် ပြင်းထန်စွာ တုန်ခါလာသည်။
ဤပုံရိပ်ယောင် စကြဝဠာကြီးတစ်ခုလုံးသည် သူ၏ စိတ်အလိုအောက်တွင် ပြိုလဲပျက်စီးတော့မလို ဖြစ်လာသည်။
ထိုဧကရာဇ် လင်းရှောင်၏ အေးစက်သော နှုတ်ခမ်းများ ပထမဆုံးအကြိမ် လှုပ်ရှားသွားပြီး၊ စကြဝဠာတစ်ခုလုံးကို တုန်ဟီးသွားစေနိုင်သည့် နက်ရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းပြောတာ မှန်တယ်။ ဒါတွေက ပုံရိပ်ယောင်တွေပဲ။”
“ငါမင်းကို ကိစ္စရှိလို့ ဒီနေရာကိုခေါ်လိုက်တာပဲ။”
“ထျန်ရှင်းလု....။ ငါမင်းကို အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြောစရာရှိတယ်။”
ဇူလိုင်လ ၆ ရက်နေ့၊ ယခုလက်ရှိအချိန်သည် မနက် ၅ နာရီခွဲခန့်ရှိပြီဖြစ်သည်။ နဂါးလေးကောင်နတ်ဆိုးဂိုဏ်းတွင် နေထွက်နေပြီဖြစ်လေ၏။
မနက်ခင်းနေရောင်ခြည် မှိန်ပြပြဖြင့် နဂါးလေးကောင်နတ်ဆိုးဂိုဏ်း၏ ဗဟိုစည်းမှ ရှုခင်းများသည် လှပနေလျက်ရှိသည်။
အပြင်စည်းနှင့် အတွင်းစည်းတွင် စည်းကားနေပြီဖြစ်သော်လည်း ဗဟိုစည်းတွင်တော့ အတော်လေးကို တိတ်ဆိတ်နေ၏။
ဗဟိုစည်း၏ ဧည့်ဆောင်ဖြစ်သည့် နားခိုရာအဆောင်၏ အရှေ့ရေကန်အနားလေးတွင်တော့ လူငယ်လေးတစ်ယောက်က မနက်ခင်းလေ့ကျင့်ခန်းလုပ်နေလေ၏။
လူငယ်လေးသည် အခြေခံလက်သီးသိုင်းကို လေ့ကျင့်နေခြင်းဖြစ်သည်။ လူငယ်လေး၏ လှုပ်ရှားမှုများအရ ဤလူငယ်သည် လက်သီးသိုင်းအရာတွင် အတော်လေး ပါရမီရင့်သန်ပြီး ပြီးပြည့်စုံသော အဆင့်သို့ရောက်နေသည်ကို တွေ့နိုင်သည်။
ဤလူငယ်လေးသည် အခြားသူမဟုတ် ယမန်နေ့ညက ယှဥ်ပြိုင်ကွင်း နံပါတ် ၁ တွင် တိုက်ခိုက်ခဲ့သည့် ကျိုးယန်ပင်ဖြစ်လေ၏။
ပုံမှန်အချိန်ဇယားအရဆိုလျှင် ဂိုဏ်းသည် အားအကောင်းဆုံးသော အတွင်းစည်းတပည့် အယောက် ၃၀ အားရွှေးချယ်ကာ ဗဟိုစည်းတပည့်ဝင်ခွင့်အတွက် ယနေ့ယှဥ်ပြိုင်ကြရမည်ဖြစ်သည်။
အယောက် ၃၀ တည်းမှ တစ်ယောက်သာ ဗဟိုစည်းထဲသို့ဝင်ရောက်လာနိုင်မည်ဖြစ်လေသည်။
သို့သော် ဂိုဏ်းထံသို့ အလွန်အရေးကြီးသော အထူးဧည့်သည်တော် တစ်ယောက်ရောက်လာသောကြောင့် ဗဟိုစည်းဝင်ခွင့်ပြိုင်ပွဲအား ၃ ရက်တိတိရပ်နားထားလိုက်ရသည်။
အခြားသော ၂၉ ယောက်သည်လည်း နားခိုရာအဆောင်တွင်ရှိနေကြလေ၏။ သူတို့တွေသည် ဤ ၃ ရက်လုံးတွင် အနားယူရန် ရည်ရွယ်ချက်မရှိကြလေပဲ ဆက်တိုက်ကျင့်ကြံရန် ရည်ရွယ်ချက်ရှိကြသည်။
ကျင်းယန်က လွဲ၍ဖြစ်သည်။ ကျင်းယန်ကတော့ စီနီယာယန်၏ စားသောက်ဆိုင်သို့သွားကာ ပြဿနာသွားရှာရန်ရည်ရွယ်ချက်ရှိလေသည်။
သူကြားထားသလောက် နဂါးလေးကောင်နတ်ဆိုးဂိုဏ်းတွင် အမွေခံတပည့် ၇ ယောက်ရှိကာ စီနီယာယန်သည် ၄ ယောက်မြောက်ဖြစ်သည်။
အမွေခံတပည့်များသည် အနာဂါတ်၏ဂိုဏ်းချုပ်ရာထူးအတွက် ပြင်းထန်စွာ တိုက်ခိုက်နေလျက်ရှိကြသည်။
သူတို့အနေဖြင့် နောက်ခံ၊ လူအင်အား၊ ထောက်ခံသူများအပါအဝင် အရင်းအမြစ်များအတွက် ငွေကိုပင် ကိုယ်တိုင်ရှာကြရသည်။
ထို့အတွက်ကြောင့် သူကျိုးယန်သည် ၄ ယောက်မြောက်ခွေးသတောင်းစား၏ အဆင့်မြင့်စားသောက်ဆိုင်အား ပြဿနာသွားရှာလိုခြင်းဖြစ်သည်။
ထို ၄ ယောက်မြောက်ခွေးသတောင်းစား၏ ကျင့်ကြံခြင်းအဆင့်သည် အတော်လေးမြင့်မားသော်လည်း သူ့အနိုင်ရမည်ဟူသော ယုံကြည်ချက်ရှိသည်။
အမွေခံတပည့်များသည် ၇ ယောက်ထက်ပိုမရှိကြချေ။ အဘယ်ကြောင့်ဆိုသော ထိုနေရာအတွက် ၇ နေရာသာရှိသောကြောင့်ပင်ဖြစ်သည်။
ပိုမိုပြီးအားကောင်းသော သူများထွက်ပေါ်လာလျှင် သူတို့က အမွေခံတပည့်များကိုစိန်ခေါ်လိမ့်မည်ဖြစ်သည်။
ရှုံးနိမ့်လျှင် အသတ်ခံရမည်ဖြစ်သော်လည်း အနိုင်ရလျှင်တော့ အမွေခံတပည့်အသစ်ဖြစ်လာမည်ဖြစ်သည်။ ဤစည်းမျဥ်းသည် ဗဟိုစည်းထဲတွင်သာ အကျုံးဝင်သည်ဖြစ်သောကြောင့် ကျိုးယန်တစ်ယောက် အတွင်းစည်းတွင်ရှိနေခဲ့စဥ်က စီနီယာယန်ကို မစိန်ခေါ်နိုင်ခဲ့ချေ။
ကျိုးယန်က မြေပုံအားကြည့်၍ သွားလိုက်လုပ်နေရင်း လမ်းတစ်ဝက်သို့ရောက်လာပြီဖြစ်သည်။
၄ ယောက်မြောက်ခွေးသတောင်း၏ စားသောက်ဆိုင်သို့အသွားတွင် ဗဟိုစည်းရင်ပြင်ကြီးအား ဖြတ်သွားရသည်။
ဗဟိုစည်းရင်ပြင်တွင် ရှေးဟောင်းစတိုင်ရေကန်ကြီးတစ်ကန်နှင့် ရုပ်ထုများစွာကို ထုလုပ်ထားလေသည်။ အသေးဆုံးရုပ်ထုများမှာ ၂ မီတာကျော်ရှိပြီး အကြီးဆုံးမာ ၁၀ မီတာပင်ကျော်လေ၏။
ရုပ်ထုများသည် အလွန်အသက်ဝင်လေပြီး လက်ရာမြောက်ကြကာ လူအစစ်နှင့်မခြားမားချေ။
ကျိုးယန်က ၄ ယောက်မြောက်ခွေးသတောင်းစား၏ စားသောက်ဆိုင်သို့သွားရန် အလောတကြီးမရှိလေပဲ ရုပ်ထုများအားလိုက်ကြည့်နေလိုက်သည်။
ရုပ်ထုများ၏အောက်ခံကျောက်တုံးတွင် ကျောက်စာများထုထွင်းလေသည်။ စာအနည်းငယ်လောက်အား ဖတ်ကြည့်ပြီးနောက်တွင် ထိုရုပ်ထုများသည် ဂိုဏ်းအားအကျိုးပြုခဲ့သည့် သူရဲကောင်းများဖြစ်ကြောင်းကို သိလိုက်ရသည်။
ရုပ်ထုကပိုကြီးလေ၊ ပိုပြီးတော့ အရေးကြီးသော ကိစ္စများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကျိုးယန်က ပြုံးလိုက်ပြီး ရေရွတ်လိုက်သည်။
“တစ်နေ့တော့ ဒီနေရာမှာ မီတာရာချီတဲ့ ငါ့ရဲ့ရုပ်ထုကြီးတစ်ခုကို တည်ဆောက်ထားပြစ်မယ်။”
ကျိုးယန်က ပြောလိုက်လေပြီး ၄ ယောက်မြောက်ခွေးသတောင်စား၏ စားသောက်ဆိုင်သို့ဦးတည်လိုက်သည်။ ရုတ်တရက်လမ်းတွင် လူတစ်ဖွဲ့နှင့်စုံသောအခါ သူကလှမ်းကြည့်မိလိုက်၏။
ထိုအဖွဲ့မှာ အတော်လေးကြီးမားပြီး အရပ် ၆ ပေ ၇ လက်မလောက်ရှိသည့် သူက ဦးဆောင်ထားသည်။
ထိုသူသည် အတော်လေးချောမောခန့်ညားပြီး အနက်ရောင်ကြယ်ဝတ်ရုံ၊ အနက်ရောင်ဆံပင်ရှည်တို့ဖြင့် လူငယ်လေးတစ်ယောက်ဖြစ်သည်။
ထိုလူငယ်လေးက ကျိုးယန်အား စိုက်ကြည့်လိုက်၏။
အနက်ရောင်ဝတ်ရုံဖြင့် ထျန်ရှင်းလုက ကျိုးယန်အား စိုက်ကြည့်လိုက်သည်။ သူကမျက်မှောင်ကြုတ်ထားကာ စိတ်အခြေအနေကောင်းနေသည့်ပုံတော့ မရချေ။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၈၈ + ၂၈၉ + ၂၉၀) ပြီး။