← Chapters

အခန်း (၂၉၁-၂၉၃)

Vol. 26 Ch. 291-293

အခန်း (၂၉၁-၂၉၃)

Vol. 26 Ch. 291-293

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၉၁ + ၂၉၂ + ၂၉၃)

မြူခိုးတို့သည် ရှေးဟောင်းသစ်တောကြီး၏ မြေပြင်တစ်လျှောက် ဖြည်းညင်းစွာ စီးဆင်းနေသည်။

ဧရာမ သက်တမ်းရင့် သစ်ပင်ကြီးများ၏ အကိုင်းအခက်တို့က ကောင်းကင်ကို ကွယ်ထားသဖြင့် နေရောင်ခြည်သည် သစ်ရွက်များကြားမှ အလင်းတန်းငယ်များအဖြစ်သာ ကျဆင်းနိုင်၏။

သစ်တောကြီးကို တိတ်ဆိတ်ခြင်းနှင့် ရှေးကျသော လျှို့ဝှက်ဆန်းကြယ်မှုတို့ဖြင့် လွှမ်းခြုံနေသည်။ လေထုထဲတွင် စိုစွတ်နေသောမြေကြီးနံ့၊ သစ်ခေါက်နံ့နှင့် ဆွေးမြေ့နေသော သစ်ရွက်ခြောက်များ၏ သင်းရနံ့တို့လည်း ရောယှက်နေသည်။

ဤတိတ်ဆိတ်ငြိမ်သက်မှု အလယ်တွင်၊ လူငယ်တစ်ဦးသည် ညင်သာစွာ လှုပ်ရှားလျက်ရှိသည်။

ထိုသူမှာ အသက်အားဖြင့် နှစ်ဆယ်ကျော်ခန့်သာ ရှိသေးပုံရသော်လည်း သူ၏ အမူအရာနှင့် တည်ငြိမ်မှုက နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့သော ရသေ့ကြီးတစ်ပါး၏ အသွင်ကို ဆောင်နေသည်။

သူ၏ ရုပ်သွင်မှာ ထူးခြားစွာ ချောမောပြေပြစ်လှသည်။ နှာတံစင်းစင်း၊ ပါးလျသော နှုတ်ခမ်းနှင့် ဖြူစင်ဝင်းပသော အသားအရေတို့က စကျင်ကျောက်ဖြူဖြင့် ထုဆစ်ထားသည့်အလား။

သို့သော် သူ၏ အထင်ရှားဆုံး အမှတ်အသားမှာ မျက်လုံးတစ်ဝိုက်ကို စည်းနှောင်ထားသော ပိုးသားအဖြူရောင် အဝတ်စတစ်ခု ဖြစ်သည်။

ထိုအဝတ်စသည် သူ၏အမြင်အာရုံကို လုံးဝ ကွယ်ကာထားသော်လည်း သူ၏ လှုပ်ရှားမှုများတွင် တုံ့ဆိုင်းမှု တစ်စုံတစ်ရာ မရှိချေ။

သူ ဝတ်ဆင်ထားသော ဝတ်ရုံမှာ ရိုးစင်းလှသည်။ အရောင်မှာ ကောင်းကင်၏ မီးခိုးပြာနုရောင်ဖြစ်ပြီး၊ ကြမ်းရှသော ပိတ်သားဖြင့် ချုပ်လုပ်ထားသည်။

ခါးတွင် သစ်ခေါက်ဖြင့် ကျစ်ထားသော ကြိုးတစ်ချောင်းကိုသာ ပတ်စည်းထား၏။ သူ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များကို သစ်သားဆံထိုးငယ် တစ်ခုတည်းဖြင့် ရိုးရှင်းစွာ စုစည်းထုံးနှောင်ထားသည်။

ဖိနပ်မပါသော ခြေဗလာတို့သည် မြေကြီး၏ အထိအတွေ့ကို တိုက်ရိုက် ခံစားနေသည်။

သူသည် ဧရာမ သစ်ပင်ကြီးတစ်ပင်၏ အမြစ်စွယ်ကြီးများ ကြားတွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်နေသည်။ မျက်လုံးများက ကွယ်နေသော်လည်း၊ သူ၏ အာရုံများမှာ အထူးထက်မြက်နေပုံရသည်။

သူ၏ ညာလက်ချောင်းဖြူဖြူသွယ်သွယ်များသည် မြေကြီးမျက်နှာပြင်ပေါ်သို့ ညင်သာစွာ ထောက်လိုက်သည်။ သူသည် အသက်ရှုသံကို ထိန်းချုပ်ထားပြီး၊ သူ၏ လက်ဖဝါးမှတစ်ဆင့် မြေကြီးအတွင်းမှ စွမ်းအင်စီးကြောင်းများကို အာရုံခံနေဟန်တူသည်။

သူ၏ ဝိညာဉ်အာရုံ သည် မျက်လုံးတစ်စုံထက် ပိုမိုတိကျစွာ မြေအောက်ရှိ အရာများကို မြင်နေသည်။

ခေတ္တမျှ တိတ်ဆိတ်စွာ အာရုံခံပြီးနောက်၊ သူသည် ခါးကြားမှ ထွင်းထားသော သစ်သားတူးဆွတံလေး တစ်ခုကို ထုတ်ယူလိုက်သည်။

သူ၏ လှုပ်ရှားမှုတိုင်းသည် ရေစီးကြောင်းကဲ့သို့ ပျော့ပျောင်းပြီး တိကျလှသည်။ မြေကြီးကို ကြမ်းတမ်းစွာ တူးဆွခြင်းမရှိဘဲ၊ စွမ်းအင် စုဝေးနေသော နေရာကိုသာ ညင်ညင်သာသာ ယက်ထုတ်လိုက်သည်။

သူ၏ ဘေးတွင် ဝါးဖြင့် ရက်လုပ်ထားသော ခြင်းတောင်းငယ်တစ်လုံး ရှိနေသည်။ ထိုခြင်းတောင်းထဲတွင် သူရှာဖွေ စုဆောင်းထားသော သစ်ဥများ ရှိနေသည်။

အချို့မှာ လက်မအရွယ်ခန့်သာရှိပြီး၊ ဝိညာဉ်နို့ရည်ဥ များဖြစ်ကာ ဖြူဖွေးသော နို့ရည်ကဲ့သို့ အရောင်အဆင်းရှိပြီး မှိန်ပျပျ အလင်းရောင် ထွက်ပေါ်နေသည်။

အချို့မှာ လူ့လက်ချောင်းများသဖွယ် လိမ်ယှက်နေသော မြေအောက်နဂါးမုတ်ဆိတ်မြစ် များဖြစ်ပြီး၊ ထို​အမြစ်တို့မှ အေးစိမ့်သော စွမ်းအင်များ ထုတ်လွှတ်နေသည်။

အထူးခြားဆုံးမှာ သူ ယခုလေးတင် တူးဖော်ရရှိလိုက်သော မီးလျှံသွေး ဂျင်ဆင်းဥ ဖြစ်သည်။ ထိုဥသည် ကလေးငယ်၏ လက်သီးဆုပ်အရွယ်ခန့်ရှိပြီး၊ အနီရောင်တောက်တောက် သွေးကြောကဲ့သို့ အမျှင်များက ဥ၏ ကိုယ်ထည်တစ်ခုလုံးတွင် ယှက်ဖြာနေကာ ပတ်ဝန်းကျင်လေထုကိုပင် အနည်းငယ် နွေးထွေးသွားစေသည်။

မျက်မမြင်ရသေ့ငယ်သည် ထို မီးလျှံသွေးဂျင်ဆင်းဥကို လက်ဖြင့် ညင်သာစွာ ကိုင်တွယ်ကာ မြေကြီးများကို သုတ်သင်လိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် ကျေနပ်မှု အပြုံးအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး၊ ထိုတန်ဖိုးကြီးမားလှသော ဝိညာဉ်မြစ်ကို ခြင်းတောင်းထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။

သူ၏သာမန်ဝါးဖြင့် ရက်လက်ထားသော ခြင်းတောင်းလေးထဲတွင် အလွန်တရာမှတန်ဖိုးကြီးလှသည့် အမြစ်များဖြင့်ပြည့်နှက်နေသည်။

ထိုအမြစ်များထဲမှ တစ်ခု၏တစ်ခြမ်းကပင် မည်သည့် အဆင့် ၇ သေမျိုးတန်ခိုးရှင်ကိုမဆို အထွတ်အထိတ်သေမျိူးတန်ခိုးရှင်အဆင့်သို့ တိုးတင်ပေးနိုင်သည်။

ပြောကလျှင် ထိုအမြစ်များသည် ကောင်းနှင့် မြေကြီးကြားမှ တိုက်ကြီး၏ ရတနာများဖြစ်ကြသည်။ ပို၍ထူးဆန်းသည့်အရာများကို ပြောရလျှင် ထိုအမြစ်များသည် အလွန်မှလည်း စွမ်းအားကောင်းလှသည်။

ဥပမာအားဖြင့် မီးလျှံသွေးဂျင်ဆင်းဥဆိုလျှင် အလွန်ပူပြင်းသော ဓာတ်သဘာဝရှိပြီး ခူးယူပြီးသည်နှင့် ရေခဲကျောက်စိမ်းဖြင့်ပြုလုပ်ထားသော သေတ္တာထဲသို့ထည့်ကာ စည်းအထပ်အထပ်ဖြင့်ချိပ်ပိတ်ထားရသည်။

ထို့အပြင် ရိုးရိုးရေခဲကျောက်စိမ်းဖြင့် မလုံလောက်လေပဲ အဆင့်မြင့်ရေခဲကျောက်စိမ်းများကိုအသုံးပြုရန်လိုအပ်သည်။

မခူးယူခင် မီးလျှံသွေးဂျင်ဆင်းဥကြိုက်နှက်တတ်သည့် မီးလျှံအရက်များကို ရေကဲ့သို့လောင်းချကာ မူးဝေသွားရန်လုပ်ရဦးမည်ဖြစ်သည်။

သို့မဟုတ်ပါက ခူးယူပြီးသည်နှင့် မီးလျှံသွေးဂျင်ဆင်းသည် ပတ်ဝန်းကျင် ၁၀ ကီလိုမီတာပတ်လည်ကို အလွန်အားကောင်းသည့် မီးလျှံများဖြင့်လောင်ကျွမ်းပြစ်လိုက်ပေမည်။

ထိုမီးလျှံများသည် အလွန်အားကောင်းလေပြီး အဆင့် ၇ သေမျိုးတန်ခိုးရှင်များကိုပင် တစ်သက်တာမမေ့သွားနိုင်မည့် ဒါဏ်ရာများစွာကို ပေးစွမ်းနိုင်သည်။

သို့သော် ဤငယ်ရွယ်သော ရသေ့လေးသည်တော့ ထိုသည်များကို တစ်ခုမှမပြုလုပ်ခဲ့ပဲ မီးလျှံသွေးဂျင်ဆင်းဥကို ဤအတိုင်းလက်ဗလာဖြင့် ခူးယူခဲ့သည်။

မီးလျှံသွေးဂျင်ဆင်းဥကလည်း ဘာကိုမှ မတုန့်ပြန်ပဲ ဝါးချင်းတောင်းလေးထဲတွင် အသာအယာသာနေလျက်ရှိသည်။ ထို့အပြင် သူနှင့်ထိနေသည့် ဝိညာဉ်နို့ရည်ဥများသည် အအေးသဘာဝရှိသည်။

ပုံမှန်ဆိုလျှင် ဤဝိညာဉ်အမြစ် ၂ ခုထိတွေ့သွားသည်နှင့် မိုင် ၁၀၀ ပတ်လည်အထိ မြေပုံထဲကပျောက်သွားစေမည့် ဓာတ်ပြုဗုံးကြီးတစ်ခုပေါက်ကွဲထွက်လာရမည်ဖြစ်သည်။

သို့သော် ယခုလက်ရှိအချိန်တွင်တော့ သူတို့က ငယ်သူငယ်ချင်းများကဲ့သို့တည်ငြိမ်စွာဖြင့်ရှိနေကြသည်။

ဤရသေ့လေးယခုရှိနေသောနေရာမှာ ဝိညာဉ်သားရဲကြီးများဖြင့် ပြည့်နှက်နေသော လမင်းဆန္ဒာနယ်မြေတွင်ဖြစ်သည်။

အပြင်ပိုင်းနယ်မြေတွင်ပင်မဟုတ်ပဲ သူက အနက်ပိုင်းတွင်ရှိနေခြင်းဖြစ်လေသည်။ ဤနေရာရှိ သားကြီးများသည် အလွန်အစွမ်းထက်ကြလေပြီး အထွတ်အထိပ်သေမျိုးတန်ခိုးရှင်များပင် သတိမထားပါက အသက်ဆုံးရှုံးသွားနိုင်သည်။

ပို၍ထူးဆန်းသည်မှာ ဤရသေ့ငယ်လေးထံတွင် မည်သည့် ဝိညာဉ်စွမ်းအင်မှရှိမ​နေခြင်းပင်ဖြစ်သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်အင်အားကလည်း သာမန်အရွယ်ရောက်လူကြီးတစ်ယောက်ထက် မပိုချေ။

သူ၏အခြေအနေဖြင့်ဆိုလျှင် ဤအနက်ကြီးထဲသို့မရောက်ခင်မှာပင် အသက်ဆုံးရှုံးသွားနိုင်မည့် အခြေအနေတွင်ရှိနေလေသည်။

သို့သော် ရသေ့ငယ်လေးက ထူးဆန်းစွာပင် ဤကဲ့သို့တောနက်ကြီးထဲတွင် ရောက်လာပြီး အလွန်အစွမ်းထက်သော သစ်ဥများကိုပင် ခူးနေနိုင်သေးသည်။

ရသေ့ငယ်လေးသည် ကျပန်း ဦးတည်ရာတစ်ခုကိုရွေးပြီး သွားနေချိန်တွင် မီတာ ၂၀ အကွာတွင် အလုံးစုံဖြူစွတ်နေသည့် နှင်းဝံပုလွေတစ်ကောင်ပေါ်လာသည်။

နှင်းဝံပုလွေ၏အရွယ်အစားသည် ၂ မီတာမြင့်ပြီး ၅ မီတာကျော်ရှည်ကာ အတော်လေးကြီးမားလေသည်။ သို့သော် ဤနှင်းဝံပုလွေ၏ မျက်လုံးလေးများသည် အရည်ရွမ်းလဲ့နေပြီး သိပ်ကိုမှ ချစ်စရာကောင်းလေပြီး အမွှေးလေးများကလည်း ခပ်ဖွာဖွာပင်ဖြစ်သည်။

သို့သော် အထင်တော့မသေးစေချေ။

ဤနှင်းဝံပုလွေသည် လဝန်းစန္ဒာနယ်မြေတစ်ခုလုံး၏ အထွတ်အထိပ်ဘုရင်တစ်ပါးဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် အထွတ်အထိပ်သေမျိုးတန်ခိုးရှင်တစ်ပါးကိုပင် တစ်စက္ကန့်၏ ၁၂ ပုံ ၁ ပုံအတွင်း ကိုက်သတ်နိုင်သည်အထိ သန်မာသည်။

ပုံမှန်အခြေအနေဆိုလျှင် လူသားတစ်ယောက်က ဤနေရာသို့ရောက်လာပါက နှင်းဝံပုလွေ၏ ဝမ်းဗိုက်ထဲသို့ရောက်သွားလောက်ပြီဖြစ်လေသည်။

ရ​သေ့ငယ်လေးကလည်း မျက်စိကွယ်နေသေည်ငြား နှင်းဝံပုလွေအားမြင်နေရသကဲ့သို့ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

တစ်ချိန်တည်းတွင် နှင်းဝံပုလွေလေးကလည်း သူ၏ရှေ့ခြေ ၂ ချောင်းကိုအရှေ့တွင်ထားလိုက်ပြီး ဦးချလိုက်၏။ လူသားများ ကန်တော့သကဲ့သို့ဦးချလိုက်ခြင်းဖြစ်သည်။

နှင်းဝံပုလွေလေး၏ အမူအရာတွင် ကြောက်ရွံခြင်း၊ မလိုလားခြင်း စသည်တို့က စစိုးတစိမှမရှိချေ။ သူ၏အမူအရာသည် ကြည်ညိုခြင်း၊ လေးစားချင်း၊ ချစ်ခင်မှုတို့ဖြင့် ပြည့်နှက်နေလေသည်။

ရ​သေ့ငယ်လေးက နှင်းဝံပုလွေအနားသို့တိုးလာပြီး အမွေးဖြူဖြူပွကြီးများကို ပွတ်သပ်လိုပ်ပြီး ပြောလိုက်သည်။

“အဖြူလေး၊ အဖြူလေး။ မနက်စာစားပြီးပြီလား။ ​ငါပြောသလို အရွက်ပဲစားပြီး၊ အသားမစားဘူးမလား။”

အကျိုးနည်းလှစွာပင် ဤရသေ့ငယ်လေးသည် နှင်းဝံပုလွေဖြူကို အသားမစားခိုင်းပဲ အရွက်ကျွေးနေသည်။

ဝံပုလွေဖြူလေးကလည်း ဦးညွတ်ရာမှ ပြန်ထလာပြီး ခေါင်း ၂ ချက်ညိတ်လိုက်ပြီး ပါးစပ်ကိုဟလိုက်သည်။ ချက်ချင်းပဲ ချွန်ထက်နေသော အစွယ်များဖြင့်ပြည့်နှက်နေသော ပါးစပ်အတွင်းပိုင်းကပေါ်လာသည်။

နှင်းဝံပုလွေဖြူလေးသည် အမဖြစ်ပုံရသည်။ သူမ၏အာပုတ်နံမှာ ကင်းစင်းလှပြီး စတော်ဘယ်ရီအသီးအနံများဖြင့်ပြည့်နှက်နေလေသည်။

သွားကြားထဲတို့တွင် ကပ်ညှိနေလေသည့် စတော်ဘယ်ရီအရွက်များကိုပင် ရသေ့ငယ်လေးက မြင်နေရသည်။

ရသေ့ငယ်လေးက အေးချမ်းသော အပြုံးတစ်ပွင့်ကိုထုတ်ဖော်လိုက်ကာ အနည်းငယ်ရယ်မောလိုက်သည်။

“ကောင်မလေး။ မင်း မျောက်ဖင်နီတွေရဲ့ ရေခဲစတော်ဘယ်ရီသီးတွေကို သွားခိုးပြန်ပြီလား။”

နှင်းဝံပုလွေဖြူလေးက ထိတ်လန့်စွာဖြင့် သူမ၏ပါးစပ်အားပိတ်လိုက်ပြီး ခေါင်းခါ၍ ငြင်းဆိုလို​က်သည်။

“သွားခိုးတာမဟုတ်ပဲ၊ သူတို့စီက သွားတောင်းလာတော့ပေါ့။ ဟုတ်ပါပြီ။ ဟုတ်ပါပြီ။” ရသေ့ငယ်လေးက သူမ၏ချစ်စဖွယ်အမူအရာကြောင့် ခေါင်းမှအမွှေးများအား ဖွလိုက်သည်။

ရုတ်တရက် ရသေ့ငယ်လေးက တစ်စုံတစ်ခုကို အာရုံခံမိသည်အလား လက်ခုပ်ချီလိုက်ပြီး ခေါင်းငုံသွားလေ၏။ ပြီးနောက်တွင် သူ၏အဖြူရောင်ပိတ်သားစများက စိုစွတ်လာလေပြီး မျက်ရည်များစီးကျလာလေသည်။

“ကြီးမားတဲ့ ကပ်ဘေးကြီးလာနေပြီ။ သက်ရှိတွေ ဘယ်လောက်တောင် သေကြေရပါဦးမလဲ...။” ရသေ့ငယ်လေးက စိတ်မချမ်းသာစွာဖြင့် သက်ပျင်းချလိုက်မိသည်။

နှင်းဝံပုလွေဖြူလေးကလည်း သူမ၏အမွှေးများဖြင့် ရသေ့ငယ်လေးကိုပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်လေသည်။

ရသေ့ငယ်လေးကလည်း လက်ခုပ်ချီလျက်၊ မျက်ရည်များကျနေလျက် မေတ္တာသုတ်အားရွတ်ဆိုလိုက်သည်။

ကရဏီယမတ္ထကုသလေန၊

ယန္တ သန္တံ ပဒံ အဘိသမေစ္စ။

သက္ကော ဥဇူ စ သုဟုဇူ စ၊

သုဝစော စဿ မုဒု အနတိမာနိ။

သန္တုဿကော စ သုဘရော စ၊

အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။

သန္တိန္ဒြိယော စ နိပကော စ၊

အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။

န စ ခုဒ္ဒမာစရေ ကိဉ္စိ၊

ယေန ဝိညူ ပရေ ဥပဝဒေယျုံ။

သုခိနော ဝ ခေမိနော ဟောန္တု၊

သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ယေ ကေစိ ပါဏဘူတတ္ထိ၊

တသာ ဝါ ထာဝရာ ဝါ အနဝသေသာ။

ဒီဃာ ဝါ ယေဝ မဟန္တာ ဝါ၊

မဇ္ဈိမာ ရဿကာ အဏုကထူလာ။

ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ ဝါ၊

ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။

ဘူတာ ဝါ သမ္ဘဝေသီ ဝါ၊

သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

န ပရော ပရံ နိကုဗ္ဗေထ၊

နာတိမညေထ ကတ္ထစိ န ကိဉ္စိ။

ဗျာရောသနာ ပဋိဃသည နာ၊

နာညမညဿ ဒုက္ခမိစ္ဆေယျ။

မာတာ ယထာ နိယံ ပုတ္တံ၊

အာယုသာ ဧကပုတ္တမနုရက္ခေ။

ဧဝမ္ပိ သဗ္ဗဘူတေသု၊

မာနသံ ဘာဝယေ အပရိမာဏံ။

မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊

မာနသံ ဘာဝယေ အပရိမာဏံ။

ဥဒ္ဓံ အဓော စ တိရိယဉ္စ၊

အသမ္ဗာဓံ အဝေရံ အသပတ္တံ။

တိဋ္ဌံ စရံ နိသိန္နော ဝါ၊

သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ။

ဧတံ သတိံ အဓိဋ္ဌေယျ၊

ဗြဟ္မမေတံ ဝိဟာရမိဓမာဟု။

ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊

သီလဝါ ဒဿနေန သမ္ပန္နော။

ကာမေသု ဝိနေယျ ဂေဓံ၊

န ဟိ ဇာတု ဂဗ္ဘသေယျ ပုနရေတီတိ။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၂၉၁ + ၂၉၂ + ၂၉၃) ပြီး။

All Chapters