← Chapters

ထျန်းယွမ်ဘုံ ပညာရှင်

Vol. 13 Ch. 190

ထျန်းယွမ်ဘုံ ပညာရှင်

Vol. 13 Ch. 190

~"ယွမ်တန်ဘုံ... နဝမ အလွှာ....."

လင်ရှောင်ရှောင်ထံမှ ထုတ်လွှတ်နေသော ခံ့ညားထည်ဝါသည့် အရှိန်အဝါကို ခံစားမိလိုက်ကြသောအခါ... ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာ အားလုံး... ထိတ်လန့်

တုန်လှုပ်သွားကြသည်။ ... ထိတ်လန့်မှုများ ပြည့်နှက်နေသော မျက်လုံးများက... သူမထံသို့ ဝေ့ကြည့်လိုက်ကြ၏။

ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်က... ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု... မည်သူက ထင်ထားမည်နည်း။

ယွမ်တန်ဘုံ သတ္တမလွှာ၏ နှောင်းပိုင်းအဆင့်တွင်... လင်ရှောင်ရှောင်၏ ကျင့်ကြံခွန်အားမှာ... သေချာပေါက် နဝမ အလွှာအထက်တွင် ရှိနေသည်။

ဖုန်းဝူချန်အပြင်... ဖုန်းမိသားစုတွင်... ယွမ်တန်ဘုံ နဝမ အလွှာမှ နောက်ထပ် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး... ပုန်းကွယ်နေသေးသည်တဲ့။ ... ပြီးတော့... အဲ့ဒါက... မိန်းကလေးငယ်လေး တစ်ယောက်တဲ့။

"နင်တို့... လွန်လွန်းသွားပြီ...။ ခွင့်လွှတ်လို့ မရဘူး....."လင်ရှောင်ရှောင်၏ ချစ်စဖွယ် မျက်နှာလေးမှာ... အလွန်အမင်း အေးစက်သွားသည်။ ထိုအခိုက်အတန့်၌ သူမ၏ နောက်ကျောတွင်... တောင်ပံတစ်စုံ ဘွားခနဲ ပေါ်ထွက်လာပြီးနောက်... ကိုယ်ဖော့သိုင်းဖြင့်... ပျံလွှားသွားသည်။

ခရမ်းရောင် အလင်းတန်းတစ်ချက် ဝင်းလက်သွားသည်။ ... လင်ရှောင်ရှောင်၏ အမြန်နှုန်းမှာ... လျှပ်စီးကဲ့သို့ မြန်ဆန်လှ၏။

"ရွှတ်... ရွှတ်... ရွှတ်...။"

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့... ကြမ်းတမ်းသော သတ်ဖြတ်ပွဲကို စတင်လိုက်ကြသည်။ ... ယွမ်တန်ဘုံ နဝမ အလွှာ၏ ကျင့်ကြံခွန်အားကို ရင်ဆိုင်ရသည့်အခါ... သူတို့မှာ... မူကြို ကလေးငယ်များသဖွယ်... ခုခံရန် အင်အား လုံးဝ မရှိကြတော့ပေ...။

ယွမ်တန်ဘုံ အဌမ အလွှာနှင့် သတ္တမအလွှာမှ အစွမ်းထက် ကျွမ်းကျင်သူ အများအပြား... မျက်စိတစ်မှိတ်အတွင်း... ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့၏ လက်ချက်ဖြင့်... သတ်ဖြတ်ခြင်း ခံလိုက်ကြရသည်။

သူတို့နှစ်ဦး လှုပ်ရှားလိုက်သည်နှင့်... အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင်... လူ ဆယ်ယောက်ကျော်... သတ်ဖြတ်ခံလိုက်ကြရသည်။

ဖုန်းဝူချန်၏ ပေါ်ထွက်လာမှုက... သူတို့ကို လုံးဝ ဖရိုဖရဲ ဖြစ်သွားစေခဲ့ပြီး ဖြစ်သည်။ ... လင်ရှောင်ရှောင်ပါ ဝင်ရောက်လာသည့်အခါ... အစွမ်းထက် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာမှာ... ကြောက်လန့်တကြား... တဟုန်ထိုး ပြေးကြတော့သည်။

ယွမ်တန်ဘုံ နဝမ အလွှာမှ ကျွမ်းကျင်သူများပင်လျှင်... "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ကြောက်ခမန်းလိလိ ဖိနှိပ်မှု စွမ်းအားကြောင့်... အသက်လု၍... ထွက်ပြေးရန် ကြိုးစားကြရသည်။

နှမြောစရာကောင်းသည်မှာ... "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ကြောက်မက်ဖွယ် စုပ်ယူအားက... သူတို့ကို အားနာသမှုဖြင့် အချိန် မပေးခဲ့ခြင်းပင်။

.. အလွန် လျင်မြန်စွာ တုံ့ပြန်နိုင်သော... နဝမ အလွှာ ကျွမ်းကျင်သူ နှစ်ဦးသာလျှင်... အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်သွားနိုင်ခဲ့သည်။

“အစ်ကိုကြီး ဖုန်း... အဲ့ဒီ အဘိုးကြီးကို... ကျွန်မကို တာဝန် ထားလိုက်…”

ယွမ်တန်ဘုံ နဝမ အလွှာ နောက်သို့ လိုက်ရန် လင်ရှောင်ရှောင်က တဟုန်ထိုး ပျံထွက်သွားသည်။ ......။

"မင်းတို့တွေ... ထိုက်ရွှမ်ဂိုဏ်းကပဲ ဖြစ်ဖြစ်... ဖုန်းလေဂိုဏ်းကပဲ ဖြစ်ဖြစ်... ကျီးရှင်းဂိုဏ်းကပဲ ဖြစ်ဖြစ်... ဟွမ်ယွမ်ဂိုဏ်းကပဲ ဖြစ်ဖြစ်... ငါ ဂရုမစိုက်ဘူး...။ ဒီနေ့... ငါ့ ဖုန်းမိသားစုကို... အနိုင်ကျင့်ရဲတဲ့အတွက်... မင်းတို့အားလုံး... သေကို သေရမယ်....."ဖုန်းဝူချန်က သွားကြားထဲမှ ထွက်သော လေသံဖြင့် ဟိန်းဟောက်လိုက်သည်။

ဖုန်းမိသားစုသည်... သူ၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ။

မည်သူ့ကိုမျှ အနိုင်ကျင့်ခွင့် ပေးမည် မဟုတ်ပေ။

"ပြိုင်ဘက်ကင်းမြို့" မှ ကျင့်ကြံသူ အများအပြားမှာ... ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့်... ထိတ်ပျာနေကြပြီး ဖြစ်သည်။

တစ်ချိန်က "ပြိုင်ဘက်ကင်းမြို့" တွင်... လူတိုင်း၏ လှောင်ပြောင်စရာ ဖြစ်ခဲ့သော... တတိယ သခင်လေးက... လူတိုင်းကို ထိတ်လန့်စေသော... အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦး ဖြစ်လာလိမ့်မည်ဟု... မည်သူက စိတ်ကူးကြည့်နိုင်မည်နည်း။

"ကျီးရှင်းဂိုဏ်းရဲ့... ကာကွယ်စောင့်ရှောက်သူ တစ်ယောက်အနေနဲ့...ခင်ဗျားက အရှက်တရားမရှိ၊ ကျုပ် ဖုန်းမိသားစုဝင်တွေကို... ပစ်မှတ်ထားရဲတယ်...။ ... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... ကျုပ်တို့ရဲ့ အကြွေးဟောင်းတွေ... ရှင်းဖို့ အချိန်ကျပြီ..."

ဖုန်းဝူချန်၏ ကြမ်းတမ်းသော အကြည့်က... အဘိုးအို နဝမ အလွှာ စစ်သည်တော်ထံသို့ စိမ်းစိမ်းကြည့်လိုက်သည်။ အေးစက်စွာ ဆိုလိုက်ရင်း... သူ၏ သတ်ဖြတ်လိုစိတ်များ ရုတ်ချည်း မြင့်တက်လာသည်။

ကာကွယ်စောင့်ရှောက်သူ ရှင်းလန်မှာ... ဤအခိုက်အတန့်တွင်... အလွန်အမင်း ထိတ်လန့်နေမိသည်။ ... ဖုန်းဝူချန်၏ စွမ်းအားမှာ... ယခင်ကထက် ပိုမို ကြောက်မက်ဖွယ် ကောင်းလာခဲ့ပြီး... "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ဖိနှိပ်ခြင်းကို... ထပ်မံ ခံနေရသည့်အတွက်... သူ့အနေနှင့် ရင်ဆိုင်ရန်... သတ္တိ မရှိတော့ပေ...။ ... ထွက်ပြေးရန်ကိုသာ... အာရုံစိုက်နေမိသည်။

ကျီးရှင်းဂိုဏ်း၏ ကာကွယ်စောင့်ရှောက်သူ တစ်ယောက်က... ကြောက်လန့်တကြား... အသက်လု၍ ထွက်ပြေးနေရသည်တဲ့။

ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... စိတ်အားထက်သန်စွာဖြင့်... သူ၏ အစွမ်းရှိသမျှကို အသုံးပြုကာ... ထွက်ပြေးရန် ကိုယ်ဖော့သိုင်းမား အသက်သွင်းလိုက်သည်။ ... "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ဖိနှိပ်မှု အတိုင်းအတာ အပြင်ဘက်သို့... ရောက်ရှိသွားသည့်အခါမှသာ... သူ သက်ပြင်းချနိုင်တော့သည်။

တူညီသော နဝမ အလွှာ ကျင့်ကြံခွန်အားနှင့်... "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ဖိနှိပ်မှု မရှိဘဲ... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်သည်..မိမိ၏ ကိုယ်ပိုင် ကျင့်ကြံခွန်အားအပေါ်... ယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။

ဖုန်းဝူချန်က "လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း" ကို ထုတ်ဖော်လိုက်သည်။ ... မျက်စိတစ်မှိတ်အတွင်း... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်ကို... ကြားဖြတ် တားဆီးလိုက်၏။

"ထွက်ပြေးမယ် ကြံနေတာလား။ ... အသက်ကို ထားခဲ့" ဟု ဖုန်းဝူချန်က အေးစက်စွာ ရေရွတ်လိုက်သည်။

ကာကွယ်စောင့်ရှောက်သူ ရှင်းလန်က မျက်မှောင်ကို နက်ရှိုင်းစွာ ကြုတ်လိုက်ပြီး... အဆိပ်ပြင်းစွာ ဆိုသည်။

""ကိုးထပ် ချန်ခွန်း မျှော်စင်" မရှိဘဲနဲ့တော့... မင်း ငါ့ပြိုင်ဘက်... မဟုတ်နိုင်လောက်ဘူး"

"ဝိညာဉ်-တံဆိပ်ခတ်-အခင်းအကျင်း ဖွင့်စေ"

စကားဆုံးသည်နှင့်... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်က သူ၏ လက်များကို ပူးယှက်လိုက်ပြီး... အားပြင်းစွာ မာန်သွင်းလိုက်သည်။

နောက်ထပ်... အစွမ်းထက်သော... "ဝိညာဉ်-တံဆိပ်ခတ်-အခင်းအကျင်း" တစ်ခုပင်...။

"အကြွင်းမဲ့ စွမ်းအားရဲ့ ရှေ့မှောက်မှာ... ခင်ဗျားရဲ့"ဝိညာဉ်-တံဆိပ်ခတ်-

အခင်းအကျင်း" က... ငါ့ကို မဖမ်းနိုင်ဘူး"

ဖုန်းဝူချန်၏ ကိုယ်အတွင်းမှ အစစ်အမှန် ယွမ်စွမ်းအင်ကို... အပြည့်အဝ အားမြှင့်လိုက်ပြီး... လှိုင်းထနေသော စွမ်းအားများ... ပေါက်ကွဲထွက်လာသည်။

"ဘုန်း"

သူ၏ အနက်ရောင် အတောင်ပံများကို ခတ်လိုက်ရင်း... "အထွတ်အထိပ် နဂါးနတ်ဘုရားဓား" ကို ကိုင်ဆောင်လျက် အဟုန်ပြင်းစွာ ပျံသန်းသွားသည်။ ...

ကျယ်လောင်သော ဟိန်းဟောက်

သံနှင့်အတူ... အလွန် လျင်မြန်လှရာ... မျက်စိတစ်မှိတ်အတွင်း... ထိုသူ့နားသို့ ရောက်ရှိသွားသည်။

ကြီးမားသော အခင်းအကျင်း... ဖွဲ့စည်းပြီးသွားခဲ့သော်လည်း... ၎င်းက ဖုန်းဝူချန်ကို... မဖမ်းချုပ်နိုင်ခဲ့...။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..."ကာကွယ်စောင့်ရှောက်သူ ရှင်းလန်၏ မျက်နှာ... ပြာနှမ်းသွားသည်။ ... ဖုန်းဝူချန်ကို သရဲမြင်ရသလို ကြည့်နေမိ၏။

ဖုန်းဝူချန်က သူ့ထံ မဆိုင်းမတွပင်.. ရောက်ရှိလာသည်။

အထွတ်အထိပ် နဂါးနတ်ဘုရားဓားက အဘိုးကြီး၏ နှလုံးသားဆီသို့... ကြမ်းတမ်းစွာ ထိုးစိုက်လာတော့သည်။ ...

တိုက်ခိုက်မှုမှာ... လျှပ်စီးကဲ့သို့ မြန်ဆန်လှရာ... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... ထိတ်လန့်တကြား... နောက်ဆုတ်သွားရသည်။

ဖွဲ့စည်းပြီးသား အခင်းအကျင်းမှာ... ပဉ္စလက်နှယ် ပျောက်ကွယ်သွားသည်။ ... လုံးဝ အသုံးမဝင်ခဲ့ချေ...။

"ဝှစ်"

ကာကွယ်စောင့်ရှောက်သူ ရှင်းလန် ကပျာကယာ နောက်ဆုတ်

သွားစဉ်... သူ၏ အစစ်အမှန် ယွမ်စွမ်းအင်ကို အပြည့်အဝ စုစည်းလိုက်ပြီး... အလျင်အမြန် ထိုးစစ်ဆင်လိုက်သည်။ အနက်ရောင် မြှားတစ်စင်းအသွင် ပြောင်းလဲသွားကာ... ဖုန်းဝူချန်ထံသို့ ဦးတည်သော... လက်ဝါးချက်ဖြင့် တဟုန်ထိုး တိုးဝင်လာသည်။

"နက်နဲခြင်းအဆင့်... အလယ်အလတ်တန်းစား သိုင်းပညာ...။ ... ဒေါသ ပင်လယ် လှိုင်းလုံးများ"

ကာကွယ်စောင့်ရှောက်သူ ရှင်းလန်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကာ လေပြင်း လက်ဝါးကြီး စုစည်းလိုက်၏။

ဖုန်းဝူချန်ကလည်း... တစ်စက်ကလေးမျှ တွေဝေမနေဘဲ...လက်ဝါး တိုက်ကွက် ထုတ်ဖော်လျက် လက်ဝါးချက်ဖြင့်... တိုက်ခိုက်မှုကို တိုက်ရိုက် ခံဆောင်သည်။ ... "တတိယလွှာ... ကောင်းကင်ဘုံ အမျက်ဒေါသ လက်ဝါး"

"ဘုန်း"

တစ်ခဏအတွင်း... သူတို့၏ လက်ဝါးများ... ပေါက်ကွဲသံနှင့်အတူ... တိုက်မိသွားကြသည်။ ... မြေကြီး တုန်ခါကာ ပေါက်ကွဲထွက်သွား၏။ ...

ထို့နောက်... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... သွေးအန်ထုတ်လိုက်ရပြီး... နောက်ပြန် လွင့်စင်သွားကာ... "ပြိုင်ဘက်ကင်းမြို့" ၏ မြို့ရိုးကို... ပြင်းထန်စွာ ဝင်ဆောင့်သည်။ နက်လှသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားစေ၏။

တည့်တည့် ရင်ဆိုင်မှုတွင်... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... ဖုန်းဝူချန်၏ ပြိုင်ဘက် မဟုတ်ခဲ့...။

“ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... ဒီနေ့ကစပြီး...တစ်နှစ်ပြည့်ရင်...ခင်ဗျားရဲ့ သေဆုံးတဲ့ နှစ်ပတ်လည်နေ့ပဲ”

ဖုန်းဝူချန်က ရေခဲတမျှ အေးစက်စွာ ကြေညာလိုက်သည်။ သူက မြို့ရိုးမှ အပေါက်ကြီးကို... စူးစိုက်ကြည့်နေ၏။

ကာကွယ်စောင့်ရှောက်သူ ရှင်းလန် ခုန်ပျံထွက်လာသည်။ ... သူ၏ ပတ်လည်မှ မြို့ရိုး ဆယ်နေရာခန့်... တဝေါဝေါ ပြိုကျသွား၏။ ... သူ၏ အရှိန်အဝါမှာ... အားကောင်းနေဆဲ ဖြစ်သည်။

သို့သော်...မရှုမလှ ဒဏ်ရာရသွားခဲ့ပြီး... သူ၏ ကျင့်ကြံခွန်အားမှာ... သိသိသာသာ လျော့ကျသွားခဲ့သည်။

"အစ်ကိုကြီး ဖုန်း... သူ့ကို သတ်လိုက်ပါ...။ သူ... ခုနက... ရုတ်တရက် ချောင်းတိုက်ခိုက်ခဲ့တာ...။ ဒေါ်ဒေါ်ရှောင်ကိုတောင်... ထိခိုက်မလို ဖြစ်သွားသေးတယ်"

ထိုအချိန်တွင်... လင်ရှောင်ရှောင် ပျံသန်း ရောက်ရှိလာပြီး...။ကာကွယ်စောင့်ရှောက်သူ ရှင်းလန်ကို... ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

လင်ရှောင်ရှောင် ရောက်ရှိလာခြင်းက... နောက်ထပ် နဝမ အလွှာ ယွမ်တန်ဘုံ စစ်သည်တော်တစ်ဦး... သေဆုံးသွားခဲ့ပြီဟု... ဆိုလိုနေပေသည်။

"အကြီးအကဲ ဝမ်... တကယ်ကြီး... ဒီ ကောင်မလေး လက်ထဲမှာ... သေသွားခဲ့တာလား...။ မင်း . ဘယ်သူလဲ"

ကာကွယ်စောင့်ရှောက်သူ ရှင်းလန်က ခြောက်ခြားစွာ ရေရွတ်ရင်း လင်ရှောင်ရှောင်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

ဒီမိန်းကလေး ဤမျှ ကြမ်းတမ်းသော ကျင့်ကြံခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု... သူ ယုံကြည်ရန် ခက်ခဲနေမိသည်။

အကြီးအကဲ ဝမ်က မည်သူနည်း။... ဟွမ်ယွမ်ဂိုဏ်း၏ အကြီးအကဲချုပ်... ယွမ်တန်ဘုံ နဝမ အလွှာ ကျင့်ကြံမှုဖြင့်... အလွန် အစွမ်းထက်ပြီး... သာမန် နဝမ အလွှာ ပညာရှင်များက... ယှဉ်ပြိုင်နိုင်သူ မဟုတ်ချေ...။

သို့သော်... တိုက်ပွဲ ပေါက်ကွဲထွက်ပြီး မကြာမီမှာပင်... လင်ရှောင်ရှောင်က အကြီးအကဲ ဝမ်ကို ဇီဝိန်ချွေနိုင်ခဲ့သည်။ …

ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... မည်သို့ မထိတ်လန့်ဘဲ နေနိုင်မည်နည်း။

ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေး တစ်ယောက်က... တကယ်ပဲ... ဒီလောက် ကြောက်ဖို့ ကောင်းနေတာလား။

ဖုန်းဝူချန် တစ်ယောက်တည်းကပင်... လုံလောက်အောင် ကြောက်ဖို့ ကောင်းနေပြီ...။ ... ယခုအခါ... ဖုန်းဝူချန်ကဲ့သို့ပင်..အားကောင်းလှသော နောက်ထပ် မိစ္ဆာ တစ်ကောင်... ထပ်ရှိနေသေးသည်တဲ့လား။

ထိုစဉ် ချီဟွမ်က ရိုသေစွာ အစီရင်ခံလိုက်သည်။

"ဗိမာန်သခင်... ရန်သူကို... ချေမှုန်းပြီးပါပြီ "

ဖုန်းဝူချန်၏ ကြမ်းတမ်းသော အကြည့်က... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်အပေါ်... စူးစိုက်သွားသည်။ ... လင်ရှောင်ရှောင်၏ စကားများက... ဖုန်းဝူချန်ကို... ပို၍ပင် ဒေါသထွက်သွားစေခဲ့သည်။

ဖုန်းဝူချန်၏ ပုံရိပ် ရုတ်ချည်း ဝေဝါး၍ ပျောက်ကွယ်သွားသည်။ ... သူ ပြန်လည် ပေါ်ထွက်လာသည့်အခါ... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်၏ ရှေ့မှောက်တွင်... တစ္ဆေတစ်ကောင်ကဲ့သို့… ရောက်ရှိလာ၏။ ... သူ၏ ကြောက်မက်ဖွယ် အရှိန်က... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်ကို... ပြင်းထန်စွာ တုန်ရီသွားစေသည်။ ... သူ၏ အိုမင်းသော မျက်လုံးများ... ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့ဖြင့်... ပြူးထွက်လာသည်။

"ခင်ဗျား... ကျုပ်အမေကို... လက်ဖျားနဲ့တောင်... မထိသင့်ခဲ့ဘူး"ဖုန်းဝူချန်က တင်းမာစွာ ဆိုလိုက်သည်။ ... သူ၏ ရေခဲတမျှ အေးစက်သော အသံက... လူတစ်ဦး၏ နှလုံးသားကို... တုန်လှုပ်သွားစေသည်။

ထိုဖိစီးသည့် အရှိန်အဝါက... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်အား... အသက်ရှူရန်ပင်... နေရာလပ် မပေးတော့...။ ... ထို ခြိမ်းခြောက်မှု စွမ်းအားမျိုးကို... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... ထျန်းယွမ်ဘုံ ပညာရှင်များထံမှ... ယခင်က ခံစားခဲ့ဖူးသည်။

ကာကွယ်စောင့်ရှောက်သူ ရှင်းလန်၏ မျက်နှာမှာ... သူ၏ ဝိညာဉ်ကို ဆုံးရှုံးသွားခဲ့သည့်အလား.. မျှော်လင့်ချက် ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေသည်။ တုန်လှုပ်စွာဖြင့်... အေးခဲသွားသည်။

"ဗိမာန်သခင်...။ သူ့ကို သတ်လိုက်ပါ"ချီဟွမ်နှင့် အခြားသူများ... အရူးအမူး အော်ဟစ်လိုက်ကြသည်။

“ခွပ်..”

ဖုန်းဝူချန်က ကာကွယ်စောင့်ရှောက်သူ ရှင်းလန်၏ ထျန်းလင် ဦးခေါင်းထိပ်ကို... သူ၏ လက်ဝါးဖြင့်... ရိုက်ချလိုက်သည်။ ... ကြောက်မက်ဖွယ် စွမ်းအားကြောင့်... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... သွေးအန်ထုတ်လိုက်ရပြီး... ဒူးထောက် ကျသွားသည်။ ... မြေပြင်တွင် အက်ကွဲကြောင်းများ... ကွဲအက်နေ၏။

ဖုန်းဝူချန်၏ ဤ လက်ဝါးချက်ဖြင့်... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်၏ အတွင်း ကလီစာများ... ကြေမွသွားပြီး... နေရာတွင်ပင်... သေဆုံးသွား ခဲ့လေသည်။

ဖုန်းဝူချန်၏ အရှိန်အဝါနှင့် ခြိမ်းခြောက်မှုတို့ဖြင့်... လုံးဝ လွှမ်းမိုးခံလိုက်ရသောကြောင့်... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်၏ စိတ်မှာ... ဆောက်တည်ရာမရ ဖြစ်သွားပြီး... သေစေနိုင်သော တိုက်ခိုက်မှုကို... ရှောင်တိမ်းရန်... အသိစိတ် မရှိခဲ့တော့ပေ...။

"ကာကွယ်စောင့်ရှောက်သူ....."

ကာကွယ်စောင့်ရှောက်သူ ရှင်းလန် သေဆုံးသွားသည့် ထိုအခိုက်တွင်... အရူးအမူး ဒေါသတကြီး ဟိန်းဟောက်သံတစ်ချက်... ထွက်ပေါ်လာသည်။

အရှိန်အဝါက... တားဆီးနိုင်စွမ်းမရှိသော စွမ်းအားတစ်ခုကဲ့သို့... လှိုင်းထလာသည်။ ... ကြီးမားပြီး... အလွန်ကြောက်မက်ဖွယ်

ကောင်းလှသည်။ ... အထက်မှ ဖွဲ့တည်လာပြီး... မြို့တံခါး အပြင်ဘက်နှင့်... "ပြိုင်ဘက်ကင်းမြို့" တစ်ခုလုံးသို့...စီးဆင်းသွားသည်။ ... ခဏအကြာတွင်... တံခါးများ ပေါက်ကွဲထွက်ကာ... ပြိုကျသွားသည်။

မြို့တံခါးများကို ပြိုကျသွားစေနိုင်သော... ကျင့်ကြံခွန်အားမှာ... အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

"ထျန်းယွမ်ဘုံ....."ချီဟွမ်နှင့် အခြားသူများ၏ မျက်နှာများ... သိသိသာသာ ပြောင်းလဲသွားကြသည်။

ဖုန်းဝူချန် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ ... သတိဖြင့် နောက်ဆုတ်လိုက်ပြီး... ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ... သူ၏ နှလုံးသား... ထို အဆုံးအစမရှိသော အရှိန်အဝါကြောင့်... တုန်လှုပ်သွားသည်။ ... ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦးသာလျှင်... ပိုင်ဆိုင်နိုင်သော အရှိန်အဝါမျိုး...။

"ထျန်းယွမ်ဘုံ... ပထမလွှာ...။ ... အစ်ကိုကြီး ဖုန်း... သတိထား .."

လင်ရှောင်ရှောင် ရုတ်ချည်းပင် ပျံသန်း ရောက်ရှိလာကာ သူမ၏ လှပသော မျက်လုံးများတွင်... လေးနက်မှုများဖြင့် ပြည့်နှက်နေ၏။

အထက်... မြင့်မားသော ကောင်းကင်ယံတွင်... ထို တဟုန်ထိုး တက်လာသော အရှိန်အဝါမှာ... ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦးထံမှ... ဖြစ်သည်။

"ဝှစ်"

ပုံရိပ်တစ်ခု... ချက်ချင်းဆိုသလို... "ပြိုင်ဘက်ကင်းမြို့" အထက်သို့ ရောက်ရှိလာသည်။ ... ကြောက်မက်ဖွယ် အရှိန်ဖြင့်... အောက်သို့ ထိုးဆင်းလာပြီး... မျက်စိတစ်မှိတ်အတွင်း... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်၏ ရှေ့မှောက်၌ ပေါ်ထွက်လာသည်။

ရောက်ရှိလာသူမှာ... အသက် ငါးဆယ်အရွယ်ခန့်... အဘိုးအိုတစ်ဦးပင်။ ဆံပင်များ ဖြူဖွေးလျက်... မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မားသည့် အရှိန်အဝါတစ်ခု ထုတ်လွှတ်နေ၏။

၎င်းကား... ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦး၏... အရှိန်အဝါပင်...။

"ကာကွယ်စောင့်ရှောက်သူ...။ ဟား.. ကာကွယ်စောင့်ရှောက်သူ....."အဘိုးအိုက အရူးအမူး အော်ဟစ်လိုက်သည်။

သို့သော်... နောက်ကျသွားခဲ့ချေပြီ...။

ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး... ပြန်လည် ရှင်သန်လာရန်... ဖြစ်နိုင်ခြေ မရှိတော့ပေ...။

ရောက်ရှိလာသူမှာ... ပိုင်ရှန်း...။

ကျီးရှင်းဂိုဏ်း၏... ဂိုဏ်းချုပ်ပင်...။

အင်ပါယာသို့ ပြန်ရောက်ပြီးနောက်... ဧကရာဇ်က... ဖုန်းဝူချန်ကို ကွပ်မျက်ရန်... အစွမ်းထက် ပညာရှင်များ စေလွှတ်ရန်... အမိန့်တော် ထုတ်ပြန်ခဲ့သည်။ ... ကျီးရှင်းဂိုဏ်းမှာ... သတင်းကို ပထမဆုံး လက်ခံရရှိခဲ့သည်။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းရည်ကို သိရှိပြီး... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်မှာ... သူ၏ ပြိုင်ဘက် မဟုတ်ကြောင်း သိသဖြင့်... ပိုင်ရှန်းသည်... သူ၏ တံခါးပိတ် ကျင့်ကြံရာနှ အမြန် ထွက်လာပြီး... ယန်ဟော်အင်ပါယာရှိ "ပြိုင်ဘက်ကင်းမြို့" သို့ အမြန်ဆုံး ခရီးနှင်လာခဲ့သည်။

သို့သော်... ကံမကောင်းစွာဖြင့်... သူ နောက်ကျသွားခဲ့လေပြီ...။

"ဖုန်းဝူချန်...။ ... မင်း... ကျီးရှင်းဂိုဏ်း ကာကွယ်စောင့်ရှောက်သူကို... သတ်ရဲတယ်... ဟုတ်လား...။ ... ခွင့်မလွှတ်နိုင်စရာပဲ...။ ... ဒီဂိုဏ်းက... မင်းကို... ဘယ်တော့မှ... အလွတ်မပေးဘူး"

ပိုင်ရှန်း၏ ဒေါသများ... ကောင်းကင်တစ်ခုလုံး သွားကာ ဖုန်းဝူချန်ကို... ဟိန်းဟောက်လိုက်သည်။

“ဝူး..ဝူး”

အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ... ပိုင်ရှန်းထံမှ... ထိန်းချုပ်မရနိုင်ဘဲ... လှိုင်းထလာသည်။ မြို့တံခါး အပြင်ဘက်မှ... အပြာရောင် ကျောက်တုံး မြေပြင်... အဆက်မပြတ် ပြိုကျကာ... အက်ကွဲသွားသည်။ ... သားရဲတစ်ကောင်၏ လက်သည်းများကဲ့သို့ အပြင်သို့ ယှက်ဖြာသွား၏။ ပြိုင်ဘက်ကင်းမြို့ကို... တုန်ခါသွားစေပြီး... အတွင်းမှ အဆောက်အဦး အများအပြားအား... ပြိုကျသွားစေသည်။

ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦး၏ စွမ်းအားကား... ဤမျှ ကြောက်မက်ဖွယ်ကောင်းလှသည်။

ဒေါသထွက်နေသော ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦးကား... ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။

"ချီဟွမ်...။ နောက်ဆုတ်ကြ"ဖုန်းဝူချန်က လေးနက်စွာ ဆိုလိုက်သည်။

ဒေါသထွက်နေသော ပိုင်ရှန်းကို ရင်ဆိုင်ရသည်မှာ... ပြင်းထန်စွာ ဒဏ်ရာရနေသော ကူချင်းရွှမ်ကို ရင်ဆိုင်ရစဉ်ကကဲ့သို့... လုံးဝ အလျှော့မပေးနိုင်သည့် အခြေအနေ ဖြစ်နေ၏။

ဖုန်းဝူချန် အစွမ်းထက်သော်လည်း... ထျန်းယွမ်ဘုံ ပညာရှင် တစ်ဦးကို... တည့်တည့် ရင်ဆိုင်ရန်... သူ ယုံကြည်မှု မရှိသေးပေ...။ မည်သို့ပင် ဆိုစေကာမူ အဆင့်နှင့် ကျင့်ကြံခွန်အား ကွာဟချက်မှာ... ကြီးမားလှသည်။

ဖုန်းဝူချန်က တောင်ပံများကို ဖြန့်ကားလိုက်ပြီး... ကောင်းကင်သို့ ပျံတက်သွားသည်။ ... လင်ရှောင်ရှောင်... သူ့နောက်မှ နီးကပ်စွာ လိုက်ပါလာ၏။

ပိုင်ရှန်းက ဟိန်းဟောက်လိုက်သည်။ …

"မင်းအသက်ကို... ငါ ယူမယ်”

သူ၏ ပုံရိပ်မှာ.. မယုံနိုင်လောက်အောင် လျင်မြန်သော အရှိန်ဖြင့်... ကောင်းကင်သို့ ထိုးတက်သွားသည်။ ... မျက်စိတစ်မှိတ်အတွင်း... ဖုန်းဝူချန်ကို... အမီလိုက်နိုင်ခဲ့၏။

‘ထျန်းယွမ်ဘုံက... တကယ်ပဲ... ဒီလောက် မြန်တာလား’

ဖုန်းဝူချန် အတွင်းစိတ်ထဲမှ... ထိတ်လန့်သွားသည်။

"အစ်ကိုကြီး ဖုန်း... သတိထား"

အနည်းငယ် နောက်ကျကျန်နေသော လင်ရှောင်ရှောင်က... စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

ချက်ချင်း ရောက်ရှိလာသော ပိုင်ရှန်းသည်... သူ၏ ပြင်းထန်သော အစစ်အမှန် ယွမ်စွမ်းအင်ကို... စုစည်းပြီး ဖြစ်နေသည်။ ဖုန်းဝူချန်ကို... ပြင်းထန်စွာ လက်သီး တစ်လုံး ထိုးနှက်လိုက်သည်။

"လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း"

ဖုန်းဝူချန်က ကိုယ်ဖော့ပညာတစ်ခုကို... အလျင်အမြန် ထုတ်ဖော်လိုက်သည်။

"ဘုန်း"

ဖုန်းဝူချန်... အချိန်မီ... ရှောင်တိမ်းနိုင်ခဲ့သည်။ ... ပုံရိပ် ပျောက်ကွယ်သွားသည်နှင့်... ပိုင်ရှန်း၏ လက်သီးချက်... လေထဲကို ထိမှန်သွားသည်။

ထို့နောက် "ပြိုင်ဘက်ကင်းမြို့" တစ်ခုလုံးကို... ပဲ့တင်ထပ်သွားစေသော... နားကွဲမတတ် ပေါက်ကွဲသံကြီးနှင့်အတူ၊ လေဟာနယ်က... လှိုင်းလုံးများ လိမ့်တက်လာသကဲ့သို့... တုန်ခါသွားသည်။

လက်သီးချက်မှ စွမ်းအားက... လေပွေ မုန်တိုင်းတစ်ခု... ဟာရီကိန်း မုန်တိုင်းတစ်ခုကဲ့သို့... ဖန်တီးလိုက်သည်။ ... အံ့အားသင့်ဖွယ်... ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤမျှလောက် ကျင့်ကြံခွန်အား... လေဟာနယ်ကို တုန်ခါသွားစေနိုင်သည်တဲ့...။ ... ထို စွမ်းအား... မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်မည်နည်း။

ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦးကား... အမှန်တကယ်ပင်... ဤမျှ ကြောက်မက်ဖွယ်ကောင်းလှသည်။

ဖုန်းဝူချန် ပြန်လည် ပေါ်ထွက်လာသည်နှင့်... ပိုင်ရှန်းက... သူ့ကို အာရုံခံမိပြီး ဖြစ်နေသည်။ ... ချက်ချင်းဆိုသလို... ဖုန်းဝူချန်၏ ရှေ့မှောက်သို့... ပေါ်ထွက်လာပြီး... နောက်ထပ် လက်သီးတစ်ချက်ဖြင့်... ထိုးနှက်လိုက်ပြန်သည်။

All Chapters