← Chapters

ထျန်းယွမ်ဘုံ တိုက်ပွဲ

Vol. 13 Ch. 191

ထျန်းယွမ်ဘုံ တိုက်ပွဲ

Vol. 13 Ch. 191

~ဒေါသထွက်နေသော ပိုင်ရှန်း... ကောင်းကင်သို့ တိုင်အောင် မြင့်တက်နေသော သတ်ဖြတ်လိုစိတ်ဖြင့်... ကြောက်မက်ဖွယ် ကောင်းလှပါ၏။

လက်သီးတစ်ချက်တည်းက... ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။

"ဘုန်း.."

တစ်ခဏအတွင်း... ပိုင်ရှန်း ရောက်ရှိလာပြီး... လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ ဖုန်းဝူချန်၏ မျက်နှာ ပြောင်းလဲသွား၏။ ... အလိုအလျောက်ပင်... သူ၏ တောင်ပံများက... သူ့ရှေ့တွင် အကာအကွယ် လွှာတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ ... "ဘုန်း" ခနဲ ပေါက်ကွဲသံနှင့်အတူ... ထျန်းယွမ်ဘုံ၏ ကြောက်မက်ဖွယ် စွမ်းအားက... ဖုန်းဝူချန်ကို လွင့်စင်သွားစေသည်။ ... ကြယ်ပျံတစ်စင်းကဲ့သို့... ကောင်းကင်မှ ကျဆင်းသွားတော့၏။

"ဘုန်း... ဘုန်း... ဘုန်း...။"

ဖုန်းဝူချန် လျင်မြန်စွာ ကျဆင်းသွားစဉ်... သူသည် မြှားတစ်စင်း အတားအဆီးများကို ချိုးဖျက်သကဲ့သို့... နံရံများကို ထိုးဖောက်သွားသည်။ ... မြို့အတွင်းမှ အဆောက်အဦးများကို... တိုက်ချသွားပြီး... "အထွတ်အထိပ် နဂါးနတ်ဘုရားဓား" မှာလည်း... သူ၏ လက်ထဲမှ လွတ်ထွက်သွားလေသည်။

"အစ်ကိုကြီး ဖုန်း....."လင်ရှောင်ရှောင် တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

"ဗိမာန်သခင်....."ချီဟွမ်နှင့် အခြားသူများ... ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

"ချန်အာ....."ရှောင်ချင်းချင်းနှင့် ဖုန်းမိသားစုမှ လူများ... ကြောက်လွန်း၍ သတိလစ်မတတ် ဖြစ်သွားကြသည်။

"...ဒီ... ဒီစွမ်းအားက... ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေတာလဲ..."

"ဖုန်းဝူချန်...။ သေစမ်း....."ဒေါသထွက်နေသော ပိုင်ရှန်းသည်... "ပြိုင်ဘက်ကင်းမြို့" မှ လူတိုင်း၏ အသက်ကို... လုံးဝ လျစ်လျူရှုလိုက်ပြီး... အထက်မှနေ၍... ကြောက်မက်ဖွယ် လက်ဝါးပုံရိပ်များဖြင့်... ဗုံးကြဲချလိုက်တော့သည်။

ဒါဇင်ကျော်သော ကြောက်မက်ဖွယ် လက်ဝါးပုံရိပ်များ... နိမိတ်မကောင်း...။ ... "ပြိုင်ဘက်ကင်းမြို့" တစ်ခုလုံးကို... ဖျက်ဆီးပစ်နိုင်လောက်အောင်... အစွမ်းထက်လှသည်။ ... တဖွဲဖွဲ ကျဆင်းလာ၏။

"ဝှစ်.."

လင်ရှောင်ရှောင်က "လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း" ပညာရပ်ကို အသုံးပြုလိုက်ပြီး... ကြောက်မက်ဖွယ် လက်ဝါးပုံရိပ်များကို... တစ်ယောက်တည်း ရင်ဆိုင်လိုက်သည်။

"ဒီ အရူးမလေး...။ သေချင်နေတာပဲ....."ပိုင်ရှန်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ... မိန်းကလေးငယ်လေး တစ်ယောက် ဖြစ်နေသည့်တိုင်... ပိုင်ရှန်း သက်ညှာမည် မဟုတ်...။ လက်တုံ့ပြန်မှု ရပ်တန့်မည်ကား... ပို၍ပင် မဟုတ်...။

"ဘုန်း... ဘုန်း... ဘုန်း...။"

ပိုင်ရှန်းကို တုန်လှုပ်သွားစေသည်မှာ... ဒါဇင်ကျော်သော ကြောက်မက်ဖွယ် လက်ဝါးပုံရိပ်များ... လင်ရှောင်ရှောင်ထံ ချဉ်းကပ်လာသည့်အခါ... အပြာရောင် စွမ်းအင် အကာအကွယ် လွှာတစ်ခု... သူမ၏ ကိုယ် ပတ်လည်တွင် ဘွားခနဲ ပေါ်ထွက်လာပြီး... ပိုင်ရှန်း၏ တိုက်ခိုက်မှုများကို... လုံးဝ ပိတ်ဆို့ထားလိုက်ခြင်းပင်။ ... လေဟာနယ်... ပြင်းထန်စွာ တုန်ခါသွား၏။

ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦး၏... ဒါဇင်ကျော်သော ကြောက်မက်ဖွယ် လက်ဝါးပုံရိပ်များက... လင်ရှောင်ရှောင်၏ ကိုယ် ပတ်လည်မှ... အပြာရောင် စွမ်းအင် အကာအကွယ် လွှာကို... တုန်ခါအောင်ပင်... မစွမ်းနိုင်ခဲ့။

ချီဟွမ်နှင့် အခြားသူများ... သက်ပြင်းချနိုင်သွားကြသည်။ ... "ပြိုင်ဘက်ကင်းမြို့" မှ လူတိုင်း... အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်နေကြပြီး... ပရမ်းပတာ ဖြစ်ကာ... မြို့အပြင်ဘက်သို့... အသက်လု၍ ထွက်ပြေးနေကြသည်။

အထက် ကောင်းကင်ယံတွင်... ပိုင်ရှန်းမှာ... မှင်တက်သွားသည်။ ... ကျောက်ရုပ်ကဲ့သို့...။ ... လင်ရှောင်ရှောင်ကို... ထိတ်လန့်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့်... စိုက်ကြည့်နေမိ၏။

ပိုင်ရှန်း... သူ၏ မျက်လုံးများကိုပင်... မယုံကြည်နိုင်...။ ယွမ်တန်ဘုံ သတ္တမအလွှာမှ... မိန်းကလေးငယ်လေး တစ်ယောက်...။ သူမတွင် ယွမ်တန်ဘုံ နဝမ အလွှာ၏ ကျင့်ကြံခွန်အား ရှိနေသည့်တိုင်... ထျန်းယွမ်ဘုံ၏ စွမ်းအားကို... ပိတ်ဆို့နိုင်ရန်မှာ... လုံးဝ မဖြစ်နိုင်ပေ။

"...ဒါ... ဒါ... လောကကြီးမှာ... ဘာတွေ ဖြစ်ပျက်နေတာလဲ..."

"...ပြီးတော့... ဒီ အပြာရောင် စွမ်းအင် အကာအကွယ် လွှာကရော... ဘာကြီးလဲ။ ... ဘာလို့... ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ ခုခံစွမ်းအားကို... ပိုင်ဆိုင်ထားရတာလဲ..."

"အတားအဆီး... ဟုတ်လား..."သူ သတိပြန်ဝင်လာသည့်အခါ... ပိုင်ရှန်း၏ မျက်နှာတွင်... တုန်လှုပ်မှုများ... ရှိနေဆဲ ဖြစ်သည်။

"ဒီကောင်မလေး... တကယ်တမ်း... ဘယ်သူလဲ။ ... ဒီ အတားအဆီးရဲ့ စွမ်းအားက... သာမန် မဟုတ်ဘူး..."ပိုင်ရှန်း မျက်မှောင်ကို နက်ရှိုင်းစွာ ကြုတ်လိုက်ပြီး... လင်ရှောင်ရှောင်ကို စိုက်ကြည့်နေမိသည်။ ... သူမ၏ မည်သူမည်ဝါ ဖြစ်သည်ကို... အလွန် သိချင်နေမိ၏။

ဤအခိုက်တွင်... လွှမ်းမိုးချုပ်ချယ်နိုင်သော စွမ်းအားတစ်ခု... "ပြိုင်ဘက်ကင်းမြို့" ၏ အောက်ခြေမှ... ထွက်ပေါ်လာသည်။ ... မြို့ကြီး တုန်ခါသွား၏။ ... တောက်ပသော ရွှေရောင် အလင်းတန်းများ... အဆောက်အဦး အပျက်အစီးပုံ တစ်ခုအောက်မှ... ပေါက်ကွဲထွက်လာသည်။ ... ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ... အပျက်အစီးများ... ကြေမွသွားပြီး... ဖုန်းဝူချန်၏ ပုံရိပ်... ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

"သူ့... သူ့စွမ်းအား... တိုးလာပြန်ပြီ...။ ... ဒါ... အစစ်အမှန် ယွမ်စွမ်းအင် မဟုတ်ဘူး...။ ... ဒီကောင်လေး... သူ့အတွင်းထဲမှာ... တခြား စွမ်းအားတွေ... ပုန်းကွယ်နေသေးတယ်....."ပိုင်ရှန်း နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အေးစက်ပြီး သတ်ဖြတ်လိုသော အကြည့်က... အောက်မှ ဖုန်းဝူချန်ထံသို့... ဝေ့ကြည့်လိုက်သည်။

ဖုန်းဝူချန်က သူ၏ သွေးမျိုးဆက် စွမ်းအားကို... အပြည့်အဝ နှိုးဆွလိုက်သည်။ ... သူ၏ အရှိန်အဝါနှင့် အရှိန်အဟုန်... လျင်မြန်စွာ မြင့်တက်လာပြီး... လေထဲသို့ ပျံဝဲတက်လာ၏။ ... သူ၏ ကိုယ်... ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသည်။ ... နဝမ ကောင်းကင်ဘုံမှ... ဆင်းသက်လာသော... စစ်နတ်ဘုရား တစ်ပါးကဲ့သို့...။

ဖုန်းဝူချန်ထံမှ ထွက်ပေါ်နေသော... လွှမ်းမိုးချုပ်ချယ်နိုင်ပြီး မြင့်မြတ်သော အရှိန်အဝါမှာ... ယခုအခါ... ယွမ်တန်ဘုံ နဝမ အလွှာ၏... အထွတ်အထိပ်နှင့်... ယှဉ်နိုင်နေလေပြီ။

"ဒီ ဂိုဏ်းချုပ်ရဲ့ လက်သီးတစ်ချက်ကို ခံနိုင်ပြီး... ဒဏ်ရာ အနည်းငယ်ပဲ ရတယ်... ဟုတ်လား။ ... ဒီကောင်လေးရဲ့ ရုပ်ခန္ဓာက... တကယ်ကို ကြောက်ဖို့ကောင်းတာပဲ...။ ... မင်းသား လေကျွယ်... သူ့ကို ရှုံးခဲ့တာ... မဆန်းပါဘူး...။ ... သူ့တောင်ပံတွေ... ဒီ ပြင်းထန်ပြီး သွေးဆာနေတဲ့ အရှိန်အဝါ... ဒါတွေလည်း... မရိုးရှင်းဘူး..."ပိုင်ရှန်းက ဖုန်းဝူချန်ကို အကဲခတ်လိုက်သည်။ သူ၏ အမူအရာမှာ... ပို၍ လေးနက်လာသည်။

ဖုန်းဝူချန် တက်လာသည်နှင့်... လင်ရှောင်ရှောင်၏ ကိုယ်မှလည်း... ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု... ပေါက်ကွဲထွက်လာသည်။ ... ကြီးမားပြီး ဧရာမ အရှိန်အဟုန်တစ်ခု... ထုတ်လွှတ်လိုက်၏။ ... ခရမ်းရောင် အလင်းတန်းများ... ပြင်းထန်စွာ လက်ခနဲ ဖြစ်သွားပြီး... လေဟာနယ်... တုန်ခါသွားသည်။

ဤအခိုက်တွင်... လင်ရှောင်ရှောင်၏ အရှိန်အဝါ... ယွမ်တန်ဘုံ နဝမ အလွှာ၏ အထွတ်အထိပ်သို့... တဟုန်ထိုး တက်သွားသည်။ ... ထျန်းယွမ် နယ်ပယ်သို့... ခြေတစ်လှမ်း လှမ်းဝင်လုနီးပါး...။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ....."ပိုင်ရှန်း လုံးဝ အံ့အားသင့်သွားသည်။ ... သူ၏ နှလုံးသား... အလိုအလျောက် တုန်ခါသွား၏။

မီးလျှံအင်ပါယာတွင်... တကယ်ပဲ... ဤမျှ ကြောက်မက်ဖွယ်ကောင်းသော... ထူးကဲသည့် ပါရမီရှင် နှစ်ဦး... ရှိနေခဲ့သည်တဲ့။

လင်ရှောင်ရှောင် သူမ၏ အစွမ်းအကုန် ထုတ်လွှတ်လိုက်ခြင်းက... ဖုန်းမိသားစုဝင်များကို... တုန်လှုပ်သွားစေသည်။ ... သူမ၏ အတွင်းထဲတွင် ပုန်းကွယ်နေသော... ဖုန်းဝူချန်ကဲ့သို့ပင် ကြောက်မက်ဖွယ်ကောင်းသော... စွမ်းအားကို... သူတို့ သိချင်နေကြသည်။

ဖုန်းမိသားစုသည်... လင်ရှောင်ရှောင်၏ ဇာစ်မြစ်ကို... အမြဲတမ်း သိချင်ခဲ့ကြသည်။ ... သူမ ဘယ်က လာသည်ကို... သူတို့ ယခုထိ မသိကြသေး...။ သို့သော်... သူမ၏ နောက်ကွယ်မှ အင်အားစုမှာ... ကြောက်မက်ဖွယ်ကောင်းကြောင်း... သူတို့ သိကြသည်။

လင်ရှောင်ရှောင်၏ ကျင့်ကြံခွန်အားနှင့်... ကြောက်မက်ဖွယ် အတားအဆီးတို့က... လုံလောက်သော သက်သေပင်...။

ဖုန်းဝူချန် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ ... သူ၏ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး... ကြမ်းတမ်းသော အကြည့်ဖြင့်... ပိုင်ရှန်းထံသို့ ဝေ့ကြည့်လိုက်ကာ...

"အဘိုးကြီး...ကျုပ် ခင်ဗျားရဲ့ ကျီးရှင်းဂိုဏ်းကို... ဖျက်ဆီးပစ်ဖို့... စဉ်းစားနေတုန်းပဲ ရှိသေးတယ်...။ ခင်ဗျားက ကိုယ့်သေတွင်း ကိုယ်တူးပြီး... ကျုပ် တံခါးဝကို... ရောက်လာခဲ့တာပဲ..."

စကားပြောနေစဉ်မှာပင်... ဖုန်းဝူချန်က လေထဲ၌ လက်ဟန်ဖန်တီးလိုက်သည်။ ...

"ဝှစ်..”

"ပြိုင်ဘက်ကင်းမြို့" ၏ အစိတ်အပိုင်း တစ်ခုတွင်... လဲလျောင်းနေသော... "အထွတ်အထိပ် နဂါးနတ်ဘုရားဓားက ကောင်းကင်သို့ တက်သွားပြီး... ဖုန်းဝူချန်က... ၎င်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

... သူ၏ ပြင်းထန်သော အရှိန်အဝါ... နောက်တစ်ကြိမ် မြင့်တက်လာသည်။ ... သွေးမျိုးဆက် စွမ်းအား၏ အရှိန်အဝါ... "အထွတ်အထိပ် နဂါးနတ်ဘုရားဓား" ၏ အရှိန်အဝါနှင့်... ပေါင်းစပ်သွားသည်။ ... ဖုန်းဝူချန်က ဓားကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ဧရာမ ဓားချီတစ်ခု... ရွှေရောင် လခြမ်းကွေးနှယ် အောက်သို့ စိုက်ချသွားသည်။ ... လေဟာနယ်ကို... တုန်ခါသွားစေ၏။

ခမ်းနားထည်ဝါသော အရှိန်အဟုန်ဖြင့်... ဖုန်းဝူချန်... သူ၏ အထွတ်အထိပ် အခြေအနေသို့... ရောက်ရှိနေလေပြီ။

"ဒီလောက်... လွှမ်းမိုးချုပ်ချယ်နိုင်တဲ့ ဓားချီ...။ ... ဓားကို... သာမန် ဝှေ့ယမ်းလိုက်ရုံနဲ့... ဒီလောက် အထင်ကြီးစရာကောင်းတဲ့ ဓားချီကို... ဖန်တီးနိုင်တယ်...။ ... ထျန်းယွမ်ဘုံ ပညာရှင်တောင်... ဒီလောက် လွှမ်းမိုးချုပ်ချယ်နိုင်တဲ့ ဓားချီမျိုး... မထုတ်လွှတ်နိုင်ဘူး....."ပိုင်ရှန်း... လေးလေးနက်နက် တုန်လှုပ်သွားသည်။

"ဒါ... "အရိပ်ယောင် ဓားသိုင်းပညာ" ရဲ့... ဓားချီ မဟုတ်ဘူး၊ "ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ" ရဲ့... အရှိန်အဝါပဲ....."လင်ရှောင်ရှောင်က ဖုန်းဝူချန်ကို ကြည့်ရင်း... ကြွေးကြော်လိုက်သည်။

ခက်ခဲပင်ပန်းစွာ နားလည် သဘောပေါက်အောင် ကြိုးစားပြီးနောက်... ဖုန်းဝူချန်... နောက်ဆုံးတော့... "ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ" ၏... လျှို့ဝှက်ချက်များနှင့် အနှစ်သာရ အချို့ကို... ခွဲခြား သိမြင်နိုင်ခဲ့လေပြီ။

ထို အလိုအလျောက်ဖြစ်ပြီး လွတ်လပ်သော ဝှေ့ယမ်းမှု... ထို လှိုင်းထနေပြီး ကြီးမားသော ဓားချီ... အမှန်တကယ်ပင်... "ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ" မှ... လာခြင်း ဖြစ်သည်။

ဖုန်းဝူချန် သူ၏ ဘယ်လက်ကို အနည်းငယ် မြှောက်လိုက်သည်။ ... သူ၏ အကြည့်က... လက်ဖဝါးပေါ်တွင် စူးစိုက်နေ၏။ ... ခိုင်မာသော တိုက်ခိုက်လိုစိတ်များ... လေထုထဲတွင် ပြည့်နှက်သွားသည်။ သူ ပြုံးလိုက်သည်။

"ငါ... အရင်က... ဒီလောက် စိတ်လှုပ်ရှားတာမျိုး... တစ်ခါမှ မခံစားခဲ့ဖူးဘူး...။ ... ဒီ... ပူလောင်တဲ့ စွမ်းအားက... အဆုံးမရှိ... စီးဆင်းနေတယ်..."

လင်ရှောင်ရှောင် သူမ၏ ကျောက်စိမ်း လက်ကို ဝှေ့ယမ်းလိုက်သည်။ ... ကြည်လင်သော ရေခဲဓားတစ်လက်... အစွမ်းထက်သော စွမ်းအင်များ ထုတ်လွှတ်လျက် လျှပ်တပြက် ပေါ်ထွက်လာသည်။ သူမ၏ အရှိန်အဝါလည်း... ပြင်းထန်စွာ မြင့်တက်လာသည်။

"အစ်ကိုကြီး ဖုန်း...။ ... ဘေးချင်းယှဉ်ပြီး... တိုက်ကြစို့....."လင်ရှောင်ရှောင်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူမ၏ ချစ်စဖွယ် မျက်နှာလေး... ရေခဲတမျှ အေးစက်သွား၏။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့... သူတို့၏ အံ့အားသင့်ဖွယ် ကျင့်ကြံခွန်အားကို... ပြသလေလေ... ပိုင်ရှန်း၏ သတ်ဖြတ်လိုစိတ်မှာ... ပိုမို ပြင်းထန်လာလေလေ ဖြစ်သည်။

ဤကဲ့သို့သော... မိစ္ဆာဆန်သည့် သတ္တဝါများကို... မည်သို့... တည်ရှိခွင့် ပေးနိုင်မည်နည်း။

"နဂါးနတ်ဘုရား အရိပ်....."ဖုန်းဝူချန်က လေသံတိုးတိုးဖြင့် ကြွေးကြော်လိုက်ပြီး ဦးဆောင်၍... ဝဲပျံသွား၏။ ... လင်ရှောင်ရှောင်က... သူမ၏ ကိုယ်ဖော့ပညာကို အသုံးပြုကာ... သူ့နောက်မှ... တကပ်တည်း လိုက်ပါလာသည်။

ဤ... အပြိုင်အဆိုင်ကင်းမဲ့သော ပါရမီရှင် နှစ်ဦး... အတူတကွ တိုက်ခိုက်ခြင်းက... အမှန်တကယ်ပင်... ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခွန်အားကို... ပိုင်ဆိုင်ထားသည်။

"ငချွတ်လေးတွေ... ထျန်းယွမ်ဘုံရဲ့ စွမ်းအားကို... ဘယ်လိုလုပ်... ယှဉ်ပြိုင်နိုင်မှာလဲ..."ပိုင်ရှန်း ဒေါသတကြီး ကြေညာလိုက်သည်။ ... သူ၏ အစစ်အမှန် ယွမ်စွမ်းအင် လှိုင်းထသွားပြီး... အသည်းအသန် လိုက်လံဖမ်း၏။ နောက်ကျ ကျန်ရစ်ရန်... ဆန္ဒမရှိပေ...။

"ချွင်... ချွင်... ချွင်...။"

ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော အစစ်အမှန် ယွမ်စွမ်းအင်က.. သူ၏ လက်မောင်းများကို... ဖုံးလွှမ်းသွားသည်။ ပိုင်ရှန်းသည် သူ၏ ခြေလက်များကို ဓားများအဖြစ် အသုံးပြုလျက်... ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့အား... အချေအတင် ရင်ဆိုင်လိုက်သည်။ ...

ကြည်လင်သော သတ္တု ထိတိုက်မိသံများ... ကောင်းကင်မှ ပဲ့တင်ထပ်လာသည်။ ... ဓားအလင်းတန်းများ ဝေဝါးသွားလိုက်နှင့်..အရိုင်းဆန်သော ဓားအရှိန်အဝါလှိုင်းများ..ပေါက်ကွဲသွားပြီး... လေဟာနယ်အား... တုန်ခါသွားစေသည်။

အင်အားစုပေါင်း၍... အစွမ်းကုန် တိုက်ခိုက်ကြရာ. ထျန်းယွမ်ဘုံ ပညာရှင်ဖြစ်သော... ပိုင်ရှန်းနှင့်... အမှန်တကယ်ပင်... ရင်ဆိုင် ရပ်တည်နိုင်ခဲ့ကြသည်။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့က... လုံးဝ ပြီးပြည့်စုံစွာ... ပူးပေါင်း ညှိနှိုင်းကြသည်။ ... စိတ်ချင်း ဆက်သွယ်နေကြသည့်အလားပင်..။ ... သူတို့၏ ပြင်းထန်သော ထိုးစစ်က... ပိုင်ရှန်းအား... အလျှော့မပေးခဲ့ပေ...။ ... သူ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကိုပင်... သူတို့၏ အပြစ်အနာအဆာကင်းမဲ့သော... အဖွဲ့လိုက် လုပ်ဆောင်မှုအောက်တွင်... ဖြေရှင်းနိုင်ခဲ့ကြသည်။

ပြင်းထန်သော တိုက်ပွဲမှာ... နှလုံးသားကို ရပ်တန့်သွားစေပြီး... သွေးများကို ဆူပွက်စေသည်။

"ပြိုင်ဘက်ကင်းမြို့" မှ လူအုပ်ကြီး... တိုက်ပွဲမှ ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြသော်လည်း... ကောင်းကင်ယံမှ ပြင်းထန်သော တိုက်ပွဲကို မြင်တွေ့ရသည့်အခါ... တုံ့ခနဲ ရပ်တန့်သွားကြသည်။ ... ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့... အစွမ်းထက်သော ရန်သူကို... အပြည့်အဝ ရင်ဆိုင်နေကြသည်ကို မြင်သောအခါ... လူတိုင်း၏ အကြည့်များ ဆွဲဆောင်ခံလိုက်ရသည်။

လူငယ်လေးနှင့် မိန်းကလေးငယ်လေးက.. သူတို့၏ မိသားစုများအတွက်... "ပြိုင်ဘက်ကင်းမြို့" အတွက်... ကြောက်မက်ဖွယ် ရန်သူတစ်ဦးကို... သေသည်အထိ... တိုက်ခိုက်နေကြသည်။

... ဘာကြောင့် မိမိတို့. အသက်လု၍ ထွက်ပြေးနေရမည်နည်း။

"တတိယ သခင်လေး....."

"တတိယ သခင်လေး...။ ... တတိယ သခင်လေး....."

မကြာမီ... "ပြိုင်ဘက်ကင်းမြို့" အပြင်ဘက်မှ... အော်ဟစ်သံများ... စတင် ထွက်ပေါ်လာသည်။ ... ပို၍ ကျယ်လောင်လာ... ပို၍ များပြားလာကာ ပရိသတ်က ဖုန်းဝူချန်အတွက်... အားပေးနေကြခြင်း ဖြစ်၏။

"ဖုန်းဝူချန်ရဲ့ ကျင့်ကြံခွန်အားက... တဖြည်းဖြည်းနဲ့... ပိုပိုပြီး ကြောက်ဖို့ကောင်းလာတယ်...။ ... သူသာ... ယွမ်တန်ဘုံ နဝမ အလွှာကို ခြေချလိုက်ရင်... ထျန်းယွမ်ဘုံက လူတွေတောင်... သူ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်တော့မယ်"

"အဲ့ဒီ မိန်းကလေးကလည်း... သာမန် ဇာတ်ကောင် မဟုတ်ဘူး...။ ... အင်ပါယာက... ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ပါရမီရှင် နှစ်ယောက်ကို... ဘယ်တုန်းကတည်းက... မွေးထုတ်ခဲ့တာလဲ"

"သူတို့နှစ်ယောက်ပေါင်းပြီး... ဂိုဏ်းချုပ် ပိုင်ရှန်းနဲ့... တကယ်ကြီး ယှဉ်ပြိုင်နိုင်နေတယ်...။ ... စိတ်ကူးလို့တောင် မရနိုင်ဘူး..."

ပြိုင်ဘက်ကင်းမြို့ နှင့် မနီးမဝေးတွင် ပုန်းကွယ်နေသည့်... အစွမ်းထက် ပုဂ္ဂိုလ်များ... ကောင်းကင်ယံမှ တိုက်ပွဲကြောင့်... ခြိမ်းခြောက်ခံနေရသည်။

"တကယ်ကို... ထူးကဲတဲ့ ကျင့်ကြံခွန်အားပဲ...။ ... ချီးကျူးထိုက်ပါတယ်"ပိုင်ရှန်းက ပြင်းထန်သော တိုက်ပွဲအလယ်မှ... အေးစက်စွာ ဒေါသတကြီး ဝန်ခံလိုက်သည်။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့၏... စူးရှသော ထိုးစစ်နှင့်... ပြီးပြည့်စုံသော ပူးပေါင်းဆောင်ရွက်မှုကို ရင်ဆိုင်ရင်း... ပိုင်ရှန်း... တည်ငြိမ်နေဆဲ ဖြစ်သည်။ ... ၎င်းက... ထျန်းယွမ် နယ်ပယ်၏ ပြင်းထန်မှုကို... သက်သေပြနေသည်။

ပိုင်ရှန်း၏ ကျင့်ကြံခွန်အားမှာ... ကူချင်းရွှမ်နှင့် တန်းတူ ဖြစ်သည်။ ... ပြင်းထန်စွာ ဒဏ်ရာရနေသော ကူချင်းရွှမ်ပင်... ဤမျှ ကြောက်မက်ဖွယ်ကောင်းခဲ့လျှင်... သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေသော ပိုင်ရှန်းမှာ... မည်မျှလောက် ပို၍ ဆိုးရွားလိုက်မည်နည်း။

၎င်းသည်... ဖုန်းဝူချန်... ထျန်းယွမ် နယ်ပယ်မှ တစ်စုံတစ်ယောက်နှင့်... အမှန်တကယ် တိုက်ခိုက်ရသည့်... ပထမဆုံး အကြိမ် ဖြစ်သည်။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့... သူတို့၏ အစွမ်းရှိသမျှ ထုတ်သုံးခဲ့ကြသော်လည်း...အမြန်နှုန်း

နှင့် ကျင့်ကြံခွန်အားအရ ပိုင်ရှန်းကို... ဖိနှိပ်နိုင်စွမ်း... မရှိသေး...။

သူတို့ ပိုင်ရှန်းနှင့် ယှဉ်ပြိုင်နိုင်သယောင် ထင်ရသော်လည်း... ပိုင်ရှန်းက အစွမ်းအကုန်ကို... ထုတ်သုံးခြင်း... မရှိသေးပေ။

တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်နှင့်အမျှ... ပိုင်ရှန်း၏ ကျင့်ကြံခွန်အားမှာ... ပိုမို လွှမ်းမိုးချုပ်ချယ်နိုင်လာပြီး... တဖြည်းဖြည်း... ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့... ခုခံစစ်သို့... တွန်းပို့ခံလိုက်ရသည်။ ... သူတို့၏ တစ်ချိန်က စူးရှခဲ့သော တိုက်ခိုက်မှုများမှာ... ယခုအခါ... ပိုင်ရှန်း၏ တိုက်ခိုက်မှုများကို... ခုခံကာကွယ်ခြင်းများအဖြစ်... ပြောင်းလဲသွားခဲ့သည်။

"ချွင်... ဝှစ်..ဝှစ်။"

တိုက်ပွဲ၏ အခြေအနေ... ပြောင်းလဲသွားခဲ့ပြီ...။ ပိုင်ရှန်း... ယခုအခါ... ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ကို... လွှမ်းမိုးနေလေပြီ...။ သူ၏ ထိုးစစ်မှာ... ပိုမို ကြမ်းတမ်းလာ... ပိုမို လျင်မြန်လာကာ.... သူတို့ကို... ထိတ်လန့်တကြား ဖြစ်လာစေသည်။

ရှောင်ချင်းချင်းနှင့် အခြားသူများ... ကြည့်လေလေ... ပို၍ စိုးရိမ်လာလေလေပင်။ သူမတို့၏ မျက်နှာများတွင်... စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်မှုများဖြင့်... ပြည့်နှက်နေသည်။

"မင်းတို့ နောက်ဆုံးမှာတော့... ထျန်းယွမ် နယ်ပယ်က... မဟုတ်ဘူးလေ...။ ... ဘယ်လောက်ပဲ သန်မာနေပါစေ... ငါ့မျက်လုံးထဲမှာတော့... မင်းတို့အားလုံးက... ပုရွက်ဆိတ်တွေပဲ...။ ... ဖုန်းဝူချန်... ဒီနေ့က... မင်း သေရမယ့်နေ့ပဲ....."ပိုင်ရှန်းက ထုတ်ဖော် ပြောလိုက်သည်။

"ဘုန်း... ဘုန်း...။"

ပိုင်ရှန်းက သူ၏ စကားဆုံးသည်နှင့်...... သူတို့၏ ထိုးစစ်ကို... ချက်ချင်း ချိုးဖျက်လိုက်ပြီး... မိုးကြိုးပစ်ချလိုက်သည့် စွမ်းအားဖြင့်... သူတို့ကို နောက်ပြန် လွင့်စင်သွားစေသည်။ သူတို့၏ ကျင့်ကြံခွန်အား ကွာဟချက်မှာ... သိသိသာသာ ထင်ရှားလာသည်။

ဖုန်းဝူချန်မှာ သန်မာသော ရုပ်ခန္ဓာနှင့်...

ချီလင်ချပ်ဝတ်၏ အကာအကွယ်ကြောင့်... ပိုင်ရှန်း၏ စွမ်းအားကို... ခံနိုင်ရည် ရှိခဲ့သည်။ ... သို့သော်... လင်ရှောင်ရှောင် အတွက်မူ... ကွဲပြားခြားနားသည်။ ... ချီလင်ချပ်ဝတ် မပါဘဲ... အစွမ်းထက်သော ကိုယ် မရှိဘဲ... ပိုင်ရှန်း၏ လက်သီးချက်က... သူမကို ဒဏ်ရာရရှိစေခဲ့ပြီး ဖြစ်သည်။

"ရှောင်ရှောင်....."

ဖုန်းဝူချန် ရင်ထဲမှာ စိုးရိမ်တကြီး ဖြစ်သွားသည်။

လင်ရှောင်ရှောင်၏ ကျင့်ကြံခွန်အားမှာ... အမှန်တကယ်ပင် ထူးကဲလှသည်။ ... သို့သော်... ထျန်းယွမ် နယ်ပယ်နှင့် နှိုင်းယှဉ်ပါက... မှေးမှိန်နေဆဲ ဖြစ်သည်။

"ဟမ့်...။ ခုခံ အတားအဆီးတွေ... မရှိတော့ဘူး... ဟုတ်လား..."ပိုင်ရှန်းက မထီမဲ့မြင် နှာမှုတ်လိုက်သည်။ ... သို့သော်... လင်ရှောင်ရှောင်ကို အာရုံမစိုက်ဘဲ... ဖုန်းဝူချန်ထံသို့... လည်ပင်းကျိုးမတတ် အရှိန်ဖြင့်... တိုးဝင်သွားလေသည်။

လင်ရှောင်ရှောင်က... သူမ၏ ခုခံ အတားအဆီးများကို... လွတ်လပ်စွာ ထိန်းချုပ်နိုင်ရာ... တိုက်ပွဲအတွင်း... ဆန္ဒအလျောက် ထုတ်ဖော်ပြသခြင်း... မရှိခဲ့သည်မှာ... သဘာဝကျပါ၏။

ပိုင်ရှန်း... ချက်ချင်း ရောက်ရှိလာသည်။

... လက်ဝါးချက် တစ်ခု ပစ်လွှတ်လိုက်ရာ... ၎င်း၏ စွမ်းအားမှာ... ယခင်ကထက် ပိုမို အားပြင်းသည်။

ခြိမ်းခြောက်မှုကို ခံစားမိလိုက်သောအခါ... ဖုန်းဝူချန်၏ အမူအရာ... လေးနက်သွားသည်။ ... သူ၏ သွေးမျိုးဆက် စွမ်းအားကို... "အထွတ်အထိပ် နဂါးနတ်ဘုရားဓား" ထဲသို့ အမြန် ထည့်သွင်းလိုက်ပြီး တိုက်ခိုက်မှုကို ရင်ဆိုင်ရန်... ဓားအား ဝှေ့ယမ်းလိုက်သည်။

"ထန်"

ပိုင်ရှန်း... အလွန်အမင်း အစွမ်းထက်သော စွမ်းအားဖြင့်... ပေါက်ကွဲထွက်လာသည်။ ... ဖုန်းဝူချန်၏ တိုက်ခိုက်မှုကို... လျစ်လျူရှုလိုက်ပြီး... သူ၏ ရင်ဘတ်ကို... တည့်တည့် ထိမှန်သွားသည်။

"ဖူး”

ထို စွမ်းအားကြောင့်... ဖုန်းဝူချန်... သွေးအန်ထုတ်လိုက်ရပြီး... သူ၏ ကိုယ်မှာ... အမြောက်ဆံ

တစ်တောင့်ကဲ့သို့...ပစ်လွှတ်ခံလိုက်

ရသည်။

ထို လက်ဝါးချက်ဖြင့်... ပိုင်ရှန်းက... ဖုန်းဝူချန်ကို... ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။

ထိုစဉ်၊

"ဖရိုဖရဲ ဓားသိုင်း...။ ... ဖရိုဖရဲ နတ်ဘုရား ဓား....."

လင်ရှောင်ရှောင်၏ အသံ... ရုတ်တရက် စူးရှစွာ ထွက်ပေါ်လာခြင်း ဖြစ်၏။

... ပို၍ပင် ကြီးမားပြီး ထက်ရှသည့် ဓားစိတ်ဆန္ဒ လှိုင်းတစ်ခု... ကောင်းကင်သို့ တည့်တည့် ဖောက်ထွက်သွားသည်။ ...

ထို့နောက် တဝီးဝီး လေလှိုင်းများနှင့်... တောက်ပသော ခရမ်းရောင် အလင်းတန်းများ... "ပြိုင်ဘက်ကင်းမြို့" တစ်ခုလုံးကို... ဖုံးလွှမ်းသွားလေသည်။

"ဒါ.. ဘယ်လို ဓားသိုင်းပညာမျိုးလဲ..."

ပိုင်ရှန်း၏ မျက်နှာ... သိသိသာသာ ပျက်ယွင်းသွားသည်။ ...

လင်ရှောင်ရှောင်ထံသို့... ခေါင်းလှည့်၍ ကြည့်လိုက်သည့်အခါ.. သူ၏ မျက်လုံးများတွင်... တုန်လှုပ်မှု အကြည့်များ... ထင်ဟပ်နေ၏။

All Chapters