← Chapters

နိုင်ငံအသီးသီးမှ ဖိအားပေးလာခြင်း

Vol. 13 Ch. 184

နိုင်ငံအသီးသီးမှ ဖိအားပေးလာခြင်း

Vol. 13 Ch. 184

~ကိုးထပ် ချန်ခွန်း မျှော်စင်ထဲမှ လူများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ လူတိုင်း၏ မျက်နှာထက်တွင် တောက်ပသော အပြုံးများ ဝေဆာနေ၏။

သူတို့၏ ကျင့်ကြံမှုက ခုန်ပျံကျော်လွှား တိုးတက်လာခဲ့ရာ... စိတ်ခံစားချက်ကတော့ ပြောမကောင်းအောင် လန်းဆန်းတက်ကြွနေသည်။

သို့သော်... မျှော်စင်ထဲမှ ထွက်လာသူတိုင်း... လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ကို မြင်လိုက်ရသည့်အခါ... သူတို့၏ မျက်နှာထက်မှ တောက်ပသော အပြုံးများက ချက်ချင်းဆိုသလို ခဲ... သွားတော့သည်။

“ယွမ်တန်ဘုံ... စတုတ္ထလွှာ... ဟုတ်လား”

“ဒါ... ဒါ မဖြစ်နိုင်ဘူးလေ.. သူတို့က ငါ့ကို ကျော်တက်သွားလို့ မဖြစ်ဘူး”

“ဘာတွေဖြစ်ကုန်တာလဲ။ ချင်းယန်နဲ့ ချင်းချင်းက ဘယ်လိုလုပ် ဒီလောက်မြန်မြန် တိုးတက်သွားရတာလဲ။ ငါ မျက်စိမှားနေတာလား”

လူအုပ်ကြီးမှာ အကြီးအကျယ် တုန်လှုပ်သွားကြ၏။ သူတို့၏ မျက်လုံးများမှာ ပြူးကျယ်လျက် လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ကို စိုက်ကြည့်နေကြသည်။

နှစ်လတာ အချိန်အတွင်းမှာ... သူတို့နှစ်ယောက်လုံး စတုတ္ထအလွှာကို ချိုးဖျက် တက်လှမ်းနိုင်ခဲ့သည်တဲ့။ ...ဒါ ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းတဲ့ အမြန်နှုန်းကြီးလဲ။

ကျင့်ကြံနှုန်းက ဘယ်လောက်ပဲ ကြောက်ဖို့ကောင်းကောင်း... ဒီလောက်ထိတော့ ကြောက်မက်ဖွယ် မဖြစ်နိုင်ဘူး မဟုတ်လား။

တစ္ဆေမြင်လိုက်ရသလို တုန်လှုပ်နေကြသော လူအုပ်ကြီး၏ အမူအရာများကို ကြည့်ရင်း... လျိုချင်းယန်၏ မျက်နှာထက်မှ ကျေနပ်နေသော အပြုံးမှာ ပို၍ပင် တောက်ပြောင်လာခဲ့သည်။ သူတို့၏ အံ့အားသင့်မှုနှင့် မနာလိုမှုများကို သူ တဝကြီး ခံစားနေ၏။

လျိုချင်းယန်က ခေါင်းကို မော့၊ ဂုဏ်ယူစွာ ရယ်မောလိုက်သည်။

“အဲ့ဒါက လျှို့ဝှက်ချက်ကွ...။ မင်းတို့ နောက်မှ သိရမှာပေါ့”

လင်ရှောင်ရှောင် ပြီးဘျှင်.. "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ သတ္တမအလွှာကို လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့သာ သိကြသည်။ ကျန်လူများမှာ တစ်စွန်းတစ်စမျှ မသိကြပေ။

လူအုပ်ကြီးမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြရင်း... လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ ဘယ်လိုနည်းနှင့်များ ဒီလောက် ရုတ်တရက် ကျင့်ကြံမှု တိုးတက်သွားသလဲ ဆိုတာကို လုံးဝ နားမလည်နိုင်ဘဲ ငိုင်သွားကြသည်။

ထိုအခိုက်အတန့်တွင်၊

“ချီဟွမ်... ဒါတွေက ခင်ဗျားတို့အတွက် ဝိညာဉ်လက်နက်တွေနဲ့ ချပ်ဝတ်တွေပဲ။ ... ခင်ဗျားတို့ရဲ့ လက်ရှိအစွမ်းနဲ့ ဒီဝိညာဉ်လက်နက်တွေ ပေါင်းလိုက်ရင်... ခင်ဗျားတို့ရဲ့ စွမ်းအားက ပိုတောင် ကြီးမားလာလိမ့်မယ်” ဟု ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ပြောပြောဆိုဆိုပင် သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ... အစွမ်းထက်သော အငွေ့အသက်များ ထုတ်လွှတ်နေသည့် ဝိညာဉ်လက်နက်များ လေထဲမှ အလိုအလျောက် သူတို့ထံ ပစ်လွှတ်လာသည်။

ချီဟွမ် အဖွဲ့ဝင် ရှစ်ယောက်လုံး ဝိညာဉ်လက်နက် နှစ်ခုစီ ရရှိကြသည်။ တစ်ခုက လက်နက်ဖြစ်ပြီး... နောက်တစ်ခုက ချပ်ဝတ် ဖြစ်၏။

“ဗိမာန်သခင်ကို ကျေးဇူးတင်ပါတယ်” ရှစ်ယောက်လုံးမှာ ထူးကဲစွာ စိတ်လှုပ်ရှားသွားကြသည်။

ချီဟွမ် အဖွဲ့ဝင် ရှစ်ယောက်အပြင်... ဖုန်းမိသားစုမှ လက်ရွေးစင်များလည်း ဝိညာဉ်လက်နက်များနှင့် ချပ်ဝတ်များ ရရှိကြရာ... သူတို့၏ အင်အားမှာ အကြီးအကျယ် တိုးတက်သွားတော့သည်။

ဤ ဝိညာဉ်လက်နက်များကို ဖုန်းဝူချန်က "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ တတိယအလွှာမှ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး... သူတို့အတွက် ကြိုတင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ဖုန်းမိသားစု၏ အစောင့်များပင်လျှင် အဖိုးတန် လက်နက်များ ရရှိခဲ့ကြသည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ တတိယအလွှာတွင် မရေမတွက်နိုင်သော ရတနာများ ရှိနေသည်။ ဤ ဝိညာဉ်လက်နက်များမှာ နှိုင်းယှဉ်လိုက်ပါက ဘာမှ မပြောပလောက်...။ ထို့အပြင် ဖုန်းမိသားစုနှင့် ကောင်းကင်ဗိမာန် နှစ်ဖွဲ့လုံးက ၎င်းတို့ကို လိုအပ်နေသည် မဟုတ်ပါလား။

ထိုက်ရွှမ်ဂိုဏ်း၊ ဖုန်းလေဂိုဏ်း၊ ကျီးရှင်းဂိုဏ်းတို့နှင့် ယှဉ်ပြိုင်ရန်အတွက်... ဖုန်းဝူချန်သည် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးရန် လိုအပ်သည်။ အထူးသဖြင့် "ကောင်းကင် အရိပ်တပ်" နှင့် "အလံနက် တပ်ဖွဲ့" တို့ထက်ပင် ပိုမို အစွမ်းထက်သော ချီဟွမ်နှင့် သူ၏ လူများမှာ ပို၍ပင် အရေးကြီးလေသည်။

ဖုန်းမိသားစု တစ်ခုလုံး အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။ နှစ်လကြာ ကျင့်ကြံပြီးနောက် ယခု ဝိညာဉ်လက်နက်များပါ ရရှိလိုက်သည့်အခါ... သူတို့၏ အင်အားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။

“စစ်သူကြီးချုပ်ကို နှုတ်ဆက်ပါတယ်”

လူတိုင်း စိတ်ဓာတ်

တက်ကြွနေကြဆဲမှာပင်... ဟွမ်ယန်တစ်ယောက် ဖုန်းမိသားစု၏ ခြံဝင်းကျယ်ကြီးထဲသို့ ဝင်လာပြီး... ရိုသေစွာ ဦးညွှတ်လိုက်ခြင်းပါ။

ဟွမ်ယန်၏ မျက်နှာတွင် အပြစ်ရှိသည့် အရိပ်အယောင်များ ထင်ဟပ်နေကာ သူက ရိုသေစွာ သတင်းပို့လိုက်သည်။

“စစ်သူကြီးချုပ်... ကျုပ်တို့ စုံစမ်းဖို့ လွှတ်လိုက်တဲ့လူတွေက... ဖုန်းမိသားစု ခေါင်းဆောင်နဲ့ ပတ်သက်တဲ့ သတင်း ဘာမှ ရှာမတွေ့ခဲ့ပါဘူး။ အဓိက အင်ပါယာကြီးတွေ အားလုံးက... ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ မသိဘူးလို့ပဲ ပြောကြပါတယ်”

“ဘာမှ မသိဘူး... ဟုတ်လား”

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။

ဤကဲ့သို့ တုံ့ပြန်မှုမျိုးနှင့်တော့... ဘာမှ ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိ၊ ... သဲလွန်စ တစ်ခုမျှပင် မရခဲ့ပေ။

“နှစ်လကျော်နေပြီ... ချန်အာ...။ မင်းအဖေ... တစ်ခုခုများ ဖြစ်သွားပြီလား…” ဟု ရှောင်ချင်းချင်းက စိုးရိမ်ပူပန်မှုအပြည့်ဖြင့် မေးလိုက်သည်။ ဖုန်းကျိန့်ရှုံး၏ သတင်းကို ကြာကြာ မကြားရလေလေ... သူမ ပို၍ ဂနာမငြိမ် ဖြစ်လာလေလေ ဖြစ်သည်။

ဖုန်းဝူချန်က နှစ်သိမ့်လိုက်သည်။

“မေမေ... စိတ်မပူပါနဲ့ဦး...။ အခုချိန်မှာ သားတို့ ဘာမှ သေချာ မသိရသေးဘူးလေ”

“ဒေါ်ဒေါ်ရှောင်... အရမ်း စိတ်မပူပါနဲ့...။ ဦးလေးဖုန်းဘက်မှာ ကံကောင်းခြင်းတွေ ရှိနေမှာပါ...။ ဘာမှ မဖြစ်ပါဘူးနော်” လင်ရှောင်ရှောင်ကလည်း ရှောင်ချင်းချင်း၏ လက်ကို အသာအယာ ဆွဲကိုင်ကာ နှစ်သိမ့်လိုက်သည်။

ထိုစဉ် ဖုန်းချန်ယန်က လေးနက်စွာ သုံးသပ်လိုက်သည်။

“သဲလွန်စ မရှိဘဲနဲ့တော့... သူတို့ ဘာလို့ ဒီလိုလုပ်တယ်ဆိုတာတောင် ငါတို့ မသိနိုင်ဘူး။ ... "ကိုးထပ် ချန်ခွန်း မျှော်စင်" အတွက်သာဆိုရင်... သူတို့ ဒီအချိန်မတိုင်ခင်ကတည်းက လှုပ်ရှားခဲ့သင့်တာပေါ့...။ ခုထိတော့ သူတို့ ပေါ်မလာသေးဘူး”

သူတို့ ဖုန်းကျိန့်ရှုံးကို ဖမ်းသွားပြီးကတည်းက... နောက်ထပ် ဘာ လက္ခဏာမှ မပြလာတော့ပေ...။

ဤအချက်က လူတိုင်းကို အလွန် ထူးဆန်းသည်ဟု ထင်သွားစေ

သော်လည်း... မည်သူကမျှ အကြောင်းရင်းကို စဉ်းစား၍ မရနိုင်ခဲ့ပေ။

တကယ်ပဲ... ဖုန်းကျိန့်ရှုံးကြောင့်လား။

သို့သော်... ပြန်စဉ်းစားကြည့်လျှင်... ၎င်းမှာ မဖြစ်နိုင်ပြန်...။ ဖုန်းကျိန့်ရှုံးသည် "ပြိုင်ဘက်ကင်းမြို့" တွင် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး မည်သူ့ကိုမျှ ရန်စခြင်း မရှိခဲ့ပါ...။

မကျေနပ်မှုများ ရှိခဲ့လျှင်ပင်... ဖုန်းကျိန့်ရှုံးက အမြဲတမ်း သည်းခံခဲ့သည်သာ...။ သူက အင်အားကြီး ပုဂ္ဂိုလ်ကြီးများကို ပြစ်မှားမိရန်မှာ သာ၍ မဖြစ်နိုင်ပေ။

“ဖုန်းမိသားစု အစောင့် တစ်ယောက်လို ဟန်ဆောင်သွားတဲ့ အဲ့ဒီလူကိုသာ ရှာတွေ့နိုင်ရင်... ငါတို့ အဖြေတချို့ ရနိုင်လောက်တယ်...။ ဒါပေမဲ့... ကံဆိုးတာက... သူ ဘယ်သူဘယ်ဝါမှန်း ငါတို့ မသိဘူး ”

ဖုန်းချန်ယန်က လေးနက်စွာ ဆိုသည်။

၎င်းက သူတို့ထံတွင် ရှိသော တစ်ခုတည်းသော သဲလွန်စ ဖြစ်လေသည်။

သို့သော်... နှစ်လကျော် ကြာမြင့်ခဲ့ပြီ...။ သူတို့ ဘယ်နေရာမှာ သွားရှာနိုင်တော့မည်နည်း။

ဖုန်းဝူချန်က တင်းမာသော အသံဖြင့် အမိန့်ပေးလိုက်သည်။

“ယန်ဟော်အင်ပါယာက ရှာမတွေ့နိုင်လောက်ဘူး။ ... အဲ့ဒီလူတွေက ကျွန်တော်တို့ အင်ပါယာက မဟုတ်လောက်ဘူး။ ... ဟွမ်ယန်... တခြား အင်ပါယာတွေကို လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါ။ ... သဲလွန်စ တချို့ ရကောင်း ရလာနိုင်တယ်..”

ယန်ဟော်အင်ပါယာသာ ဆိုလျှင်... မည်သည့် အဖွဲ့အစည်း ဖြစ်နိုင်သည်ကို ဖုန်းဝူချန် စဉ်းစား၍ မရပါ...။

ထျန်းကျိုး ဖြစ်ရန်မှာ သေချာပေါက် မဖြစ်နိုင်...။ ယွမ်ကျိုးမှာ ပို၍ပင် မဖြစ်နိုင်...။ ယွမ်ကျိုးမှ အဓိက အင်အားစုများအားလုံးသည် သူ့ လက်အောက်သို့ ဝင်ရောက်ပြီး မဟုတ်ပါလော။ ဧကရာဇ်၏ နှာခေါင်းအောက်... နန်းမြို့တော်မှာ... မည်သူက သူ့ ဖခင်ကို ပြန်ပေးဆွဲရဲမည်နည်း။

“ဟုတ်ကဲ့ပါ”

ဟွမ်ယန်က ရိုသေစွာ ပြန်ဖြေပြီး... အမိန့်ကို အကောင်အထည်ဖော်ရန် ချက်ချင်း ထွက်ခွာသွားသည်။

“ဗိမာန်သခင်... ထိုက်ရွှမ်ဂိုဏ်း... ဖုန်းလေဂိုဏ်းနဲ့ ကျီးရှင်းဂိုဏ်းက... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လောဘတက်ပြီး ဗိမာန်သခင်ကို သတ်ဖို့ လုပ်ကြံသတ်ဖြတ်သူတွေ လွှတ်ရဲတာ..။ ကျုပ်တို့ သူတို့ကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ပါဘူး” ရွှယ်ဖုန်းက အေးစက်စွာ ဆိုသည်။

လိန်မူချန်ကလည်း အေးစက်သော လေသံဖြင့် ပြောလာသည်။

“သူတို့က တကယ်ကို ရိုင်းစိုင်းတဲ့ ရည်မှန်းချက်တွေ ရှိနေတာပဲ”

“ဟင့်အင်း၊ ကျွန်တော်တို့ရဲ့ လက်ရှိအင်အားက သူတို့ကို ရင်ဆိုင်ဖို့ မလုံလောက်သေးဘူး...။ အထူးသဖြင့် ထိုက်ရွှမ်ဂိုဏ်းပေါ့...။ သူ့ရဲ့ အင်အားက ထျန်းယွမ်ဂိုဏ်းထက်တောင် ပိုကြီးမားသေးတယ်။ မင်းကြီး ဝင်ပါရင်တောင်... မင်းကြီးက ထိုက်ရွှမ်ဂိုဏ်းချုပ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ နည်းနည်း သည်းခံရဦးမယ်...။ အရင်ဆုံး အဲ့ဒီ အင်အားကြီး အဖွဲ့အစည်းတွေရဲ့ စစ်မှန်တဲ့ အင်အားကို နားလည်အောင် လုပ်ရမယ်။ လက်တုံ့ပြန်ဖို့က အချိန်မရွေး လုပ်လို့ ရတာပဲ..။ သူတို့ထဲက တစ်ယောက်မှ မလွတ်စေရဘူး” ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး အေးစက်စွာ ပြန်ပြောလေ၏။

သူ့မျက်လုံးများထဲတွင် ရက်စက်သော လူသတ်လိုစိတ်တို့ ဖြတ်ပြေးသွား၏။

ဖုန်းဝူချန်၏ နည်းလမ်းများမှာ ရက်စက်လှ၏။ သူ၏ ရန်သူများကို သတ်ဖြတ်ရာတွင် သနားညှာတာမှု မရှိဘဲ... မည်သည့် ပြိုင်ဘက်ကိုမျှ လက်လွှတ်လေ့ မရှိပေ...။ သို့သော်... ယခုအချိန်သည် လက်စားချေရန် အချိန် မဟုတ်သေးချေ။

နိုင်ငံအသီးသီးမှ အဓိက အင်အားစုများမှာ အလွန်အမင်း အင်အား ကြီးမားကြပြီး... ဖုန်းမိသားစုနှင့် ကောင်းကင်ဗိမာန်တို့ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ထက် များစွာ သာလွန်နေသည်။

မဆင်မခြင်ဘဲ လှုပ်ရှားလိုက်ပါက... ဖုန်းမိသားစုနှင့် ကောင်းကင်ဗိမာန် နှစ်ဖွဲ့လုံးအတွက် ကြီးမားသော အထိအခိုက် အကျအဆုံးများသာ ဖြစ်ပေါ်စေလိမ့်မည်။

အရေးအကြီးဆုံးမှာ... ထျန်းယွမ်ဘုံမှ ပညာရှင်များပင်...။ ဖုန်းဝူချန်သည် ယခု ယွမ်တန်ဘုံ သတ္တမလွှာသို့ တိုးတက်လာခဲ့ပြီး ထူးကဲသော ကျင့်ကြံခွန်အားများ ပိုင်ဆိုင်

ထားသော်လည်း... ထျန်းယွမ်ဘုံ ပညာရှင်များ၏ ရှေ့မှောက်တွင် သူသည် အင်အားမဲ့နေဆဲ ဖြစ်သည်။

အကယ်၍သာ ထူးခြားသော အခြေအနေများကြောင့် ဖုန်းဝူချန်အား ကူချင်းရွှမ်ကို သတ်ခွင့် မသာခဲ့လျှင်... (သွမ့်ထျန်းဟွမ်က ကူချင်းရွှမ်၏ အစစ်အမှန် ယွမ်စွမ်းအင်ကို မစုပ်ယူခဲ့လျှင်... လင်ရှောင်ရှောင်၏ အတားအဆီးက ကူချင်းရွှမ်ကို ပြင်းထန်စွာ ဒဏ်ရာ မရစေခဲ့လျှင်...) ဖုန်းဝူချန် ကူချင်းရွှမ်ကို သတ်နိုင်ခဲ့မည် မဟုတ်ပေ။

အတိုချုပ်ပြောရလျှင်... ထျန်းယွမ်ဘုံ၏ ကြောက်မက်ဖွယ် စွမ်းအားသည် ယွမ်တန်ဘုံ ပညာရှင်များ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်ထက် များစွာ သာလွန်နေသည်။

ထိုစဉ် တောက်ဟွမ်က “ဗိမာန်သခင်... ကျွန်တော်ရယ်... ခွမ်းကျန့်ရယ်... ရွှယ်ဖုန်းရယ်... သူတို့ရဲ့ အတိမ်အနက်ကို သွားစုံစမ်းကြည့်ပါ့မယ်။ "ကိုယ့်ကိုယ်ကိုယ် သိ... ရန်သူ့ကို သိ... တိုက်ပွဲတိုင်း နိုင်ရမည်" ဆိုတဲ့ စကားပုံအတိုင်းပေါ့ဗျာ”

ဟု တောင်းဆိုလာသည်။

“ကောင်းတယ်...။ အဲ့ဒီ အခွင့်အရေးကို ယူပြီး... ကျွန်တော့်အဖေ သူတို့လက်ထဲမှာ ရှိမရှိ တစ်ချက် စစ်ဆေးခဲ့ပါ ” ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။

ထိုအခါ တောက်ဟွမ်နှင့် အခြားနှစ်ဦးမှာ ချက်ချင်းပင် ထွက်ခွာသွား

ကြတော့သည်။

သုံးယောက်သား ထွက်သွားပြီး မကြာမီ... ဖုန်းမိသားစုထံ ဧည့်သည် နောက်တစ်ယောက် ရောက်လာပြန်သည်။

“ဗိုလ်ချုပ်ကြီးပါလား..”

ဖုန်းဝူချန်နှင့် အခြားသူများ အလွန် အံ့အားသင့်သွားကြသည်။

“ဗိုလ်ချုပ်ကြီးကို နှုတ်ဆက်ပါတယ်”

ချီဟွမ်ထံမှ လူအချို့ ချက်ချင်းပင် ဒူးတစ်ဖက်ထောက်ကာ အလွန်တရာ ရိုသေစွာ အရိုအသေပေးလိုက်ကြသည်။

သူတို့သည် "ကောင်းကင် အရိပ်တပ်" နှင့် "အလံနက် တပ်ဖွဲ့" ၏ အစိတ်အပိုင်းများ မဟုတ်ကြတော့သော်လည်း... အဆုံးစွန်ထိတော့ သူတို့သည် ယဲ့ချန်းချုံး၏ ပြုစုပျိုးထောင်မှုကို ခံခဲ့ရသူများဖြစ်ရာ... သူ့အပေါ် ဆက်လက်၍ လေးစားမှု အပြည့် ရှိနေကြဆဲ ဖြစ်သည်။

ယဲ့ချန်းချုံး၏ မျက်နှာထားမှာ မကောင်းလှ...။ တစ်ခုခု ဖြစ်ခဲ့ပုံရသည်။

ဖုန်းဝူချန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး...

“စစ်သူကြီးချုပ်... ပွင့်ပွင့်လင်းလင်းပဲ ပြောပါ”

ယဲ့ချန်းချုံး ကိုယ်တိုင် ထျန်းကျိုးမြို့ရှိ "ပြိုင်ဘက်ကင်းမြို့" သို့ လာရောက်ခြင်းက... ဤကိစ္စသည် သေချာပေါက် ကိစ္စသေးလေး မဟုတ်ကြောင်း ညွှန်ပြနေသည်။

“ကိစ္စက ဆိုးတယ်”

ယဲ့ချန်းချုံးက ဖုန်းဝူချန်ကို ကြည့်ရင်း လေးနက်စွာ ဆိုသည်။

“မကြာသေးခင်က... ဆရာဖုန်း "နတ်ဘုရား တောင်ကြား" ထဲ ဝင်သွားခဲ့တာ လေ၊ အဲ့ဒါကို ...ရွှေယွဲ့အင်ပါယာက... "ကိုးထပ် ချန်ခွန်း မျှော်စင်" ဟာ "နတ်ဘုရား တောင်ကြား" က ပစ္စည်းပဲ၊... အင်ပါယာကြီး လေးခု ပူးတွဲပိုင်ဆိုင်တဲ့ ရတနာ ဖြစ်ပြီး... ခင်ဗျား ကိုယ်ပိုင်ပစ္စည်း မဟုတ်ဘူးလို့ အခိုင်အမာ ပြောနေတယ်...။ သူတို့က ဒီသတင်းကို လော့ယွမ်အင်ပါယာနဲ့ ထျန်းဝူအင်ပါယာတွေကိုပါ ဖြန့်လိုက်ပြီ...။ အခု အင်ပါယာသုံးခုက... မင်းကြီးကို ဖိအားပေးနေတယ်... ခင်ဗျားကို "ကိုးထပ် ချန်ခွန်း မျှော်စင်" ထုတ်ပေးဖို့ တောင်းဆိုနေကြတယ် ”

“ဟင်..”

ဖုန်းချန်ယန်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။

“လုံးဝ မဟုတ်တရုတ်တွေ”

လျိုချင်းယန် ဒေါသပေါက်ကွဲသွားသည်။ သူသည် အံတင်းတင်းကြိတ်လိုက်၏...။

“ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လုချင်တယ်လို့ပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါလားဗျာ”

“မျက်နှာပြောင် တိုက်လွန်းတယ်” ဟု ချီဟွမ်ကလည်း ဒေါသတကြီး ဆိုသည်။

“သက်သေမရှိဘဲနဲ့... သူတို့ ဘယ်လိုလုပ် ဒီလို စွပ်စွဲနိုင်ရတာလဲ။ ... ဒါက ဗိမာန်သခင်ကို တမင်သက်သက် သိက္ခာချနေတာပဲ”

“အစ်ကိုကြီး ဖုန်း ပြသခဲ့တဲ့ ကျင့်ကြံခွန်အားက... ရွှေယွဲ့အင်ပါယာကို ခြိမ်းခြောက်မှု ခံစားနေရစေပြီ...။ "ကိုးထပ် ချန်ခွန်း မျှော်စင်" လို အစွမ်းထက်တဲ့ အရာမျိုးနဲ့ဆိုတော့... ရွှေယွဲ့ဧကရာဇ် အပါအဝင် လူတိုင်းက ဒါကို ကိုယ်တိုင် ပိုင်ဆိုင်ချင်ကြမှာပဲ။ နိုင်ငံလေးခုရဲ့ ခေါင်းဆောင်အနေနဲ့... ရွှေယွဲ့ဧကရာဇ်က... ထျန်းဝူအင်ပါယာက သူတို့ရဲ့ ရပ်တည်မှုကို ခြိမ်းခြောက်လာတာကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး ”

လင်ရှောင်ရှောင်က ဝင်ပြောလိုက်သည်။

"ရွှေယွဲ့ဧကရာဇ်နဲ့ တော်တော် တန်တာပဲ...။ ဒီလို ကောက်ကျစ်တဲ့ ဗျူဟာကို သုံးပြီး... အင်ပါယာနဲ့ ငါ့ကို ခြိမ်းခြောက်တယ်... ဟုတ်လား"

ဖုန်းဝူချန်က စိတ်မပါစွာ အေးစက်စက် ရယ်မောလိုက်သည်။

...တကယ်တော့... သူတို့ မှန်မှန်ကန်ကန်ကြီး ခန့်မှန်းမိသွားတာပဲ...

‘ကိုးထပ် ချန်ခွန်း မျှော်စင်’ကို ‘နတ်ဘုရား တောင်ကြား’ထဲက ရခဲ့တာ မှန်သည်။

သို့သော်၊ လင်ရှောင်ရှောင်က

လွဲလျှင် မည်သူမှ မသိကြ...။

လင်ရှောင်ရှောင်ကလည်း ထိုသတင်းကို ဖွင့်ပြောမည် မဟုတ်မှာ သေချာသည်။

တစ်နည်းအားဖြင့်... "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ဇာစ်မြစ်ကို ဘာမှမသိဘဲ... ရွှေယွဲ့ဧကရာဇ်က... လုံးဝ အခြေအမြစ် မရှိသည့် အကြောင်းအရာကနေ ဖန်တီးပြီး စွပ်စွဲနေခြင်းပင်...။

သို့သော် ဖုန်းဝူချန်အား မည်သူက ဖုန်းဝူချန်ကို ‘နတ်ဘုရား တောင်ကြား’ထဲသို့ ဝင်သွားခိုင်း

ခဲ့သနည်း။

ဖုန်းဝူချန်၏ စစ်မှန်သော အထောက်အထားအား

သိရှိသွားပြီးနောက်... ရွှေယွဲ့ဧကရာဇ်က သူ့ကို အတော်လေး သတိထားနေခဲ့

သည်။ သို့သော်... ‘ကိုးထပ် ချန်ခွန်း မျှော်စင်’ကိုလည်း လက်မလွှတ်ချင်...။ ထို့ကြောင့် ဤကဲ့သို့ ပရိယာယ်ဆင်ရခြင်း ပါလေ။

ထျန်းဝူအင်ပါယာအား ဖိအားပေးရန် အခြား အင်ပါယာနှစ်ခုနှင့် ပူးပေါင်းကာ... ဖုန်းဝူချန်အား "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လက်လွှတ်အရှုံးပေးစေရန် ခြိမ်းခြောက်နေခြင်းပါတည်း။

ယဲ့ချန်းချုံးက ကူကယ်ရာမဲ့စွာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"သူတို့က "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ပစ်မှတ်ထားနေတာ... အရူးတောင် ခန့်မှန်းမိတယ်...။ ပွင့်ပွင့်လင်းလင်း ပြောရရင်... ဒါက လုယက်မှုပဲ။ ...ဒါပေမဲ့... အင်ပါယာသုံးခု ပေါင်းလုပ်တော့... ဧကရာဇ်လည်း ဘာမှမတတ်နိုင်တော့ဘူး...။ ...ဒါကြောင့် ကျုပ်ကို လွှတ်လိုက်ပြီး... စစ်သူကြီးချုပ်ကိုလည်း... နန်းတော်ကို တစ်ခေါက် လိုက်ခဲ့ဖို့ ခေါ်ခိုင်းလိုက်တာပဲ"

ဖုန်းဝူချန်က အေးစက်စွာ ရယ်မောလိုက်သည်။

"အရင်က... နိုင်ငံအသီးသီးက အင်အားကြီး အဖွဲ့အစည်းတွေ...။ အခု... အဲ့ဒီနိုင်ငံတွေရဲ့ ဧကရာဇ်တွေ...။ ဟား... ကောင်းလိုက်တာ...။ ဒေါသထွက်လွန်းလို့ ရယ်တောင် ရယ်ချင်လာပြီ"

သူ၏ နီရဲသော မျက်လုံးများထဲတွင် ရေခဲတမျှ အေးစက်မှုများဖြင့် ပြည့်နှက်၍ လာ၏။

သူ့အဖေ ဘယ်ရောက်နေမှန်း မသိရသေးပါ...။ သူက ကိုးထပ် ချန်ခွန်း မျှော်စင်ကြောင့်... အင်အားကြီး ပညာရှင်များ လိုက်လံသတ်ဖြတ်သည်ကို ခံနေရပြန်၏...။

ဒီအချိန်... ဒီအခိုက်အတန့်မှာ... ဖုန်းဝူချန် တစ်ယောက် ကောင်းကင်ကြီးကို မော့ပြီး... ဟိန်းဟောက်လိုက်ချင်သည်။ ရုတ်တရက် ရင်ထဲမှာ စုပုံနေသော ဒေါသတွေကို ထုတ်လွှတ်ပစ်ချင်မိသည်။

ကြီးစိုးသော အရှိန်အဝါ တစ်ခုနှင့်အတူ… ဝိညာဉ်ကို ချမ်းစိမ့်သွားစေသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ... ဖုန်းဝူချန်ထံမှ ပျံ့ထွက်လာသည်။ ... ။

"ယွမ်တန်ဘုံ... သတ္တမအလွှာ....."

ယဲ့ချန်းချုံး တစ်ယောက် အကြီးအကျယ် တုန်လှုပ်သွား၏။ သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုနှင့် မယုံနိုင်သော အမူအရာများ ထင်ဟပ်နေသည်။

ဒါ... ဒါ ဘယ်လို ကျင့်ကြံနှုန်းမျိုးကြီးလဲ။

ဆရာဖုန်းက လေကျွယ်နှင့် တိုက်ခိုက်ခဲ့ပြီးနောက် သုံးလသာ ရှိသေးသည်။ ယွမ်တန်ဘုံ ပဉ္စမ အလွှာမှ သတ္တမ အလွှာသို့ ချိုးဖျက် တက်လှမ်းနိုင်ခဲ့သည်တဲ့။

အံ့အားသင့်နေသော ယဲ့ချန်းချုံးသည် ယခုအခါ... ဖုန်းမိသားစုနှင့် ချီဟွမ်တို့ အပါအဝင် လူတိုင်း၏ ကျင့်ကြံမှုမှာ အဆပေါင်းများစွာ တိုးတက်လာသည်ကို သတိပြုမိသွားသည်။

အထူးသဖြင့် ချီဟွမ်...။ ချီဟွမ်က ယွမ်တန်ဘုံ ဆဌမ အလွှာသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ယခုအခါ သူနှင့် တန်းတူ ခွန်အား ဖြစ်နေလေပြီ။

နှမြောစရာကောင်းသည်မှာ... လင်ရှောင်ရှောင်က သူမ၏ စစ်မှန်သော ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ်ထားခြင်းပင်။

အပေါ်ယံတွင်... သူမက ယွမ်တန်ဘုံ ပဉ္စမလွှာတွင် ရှိနေသယောင် ထင်ရသော်လည်း... အမှန်တကယ်တွင်... သူမ၏ ကျင့်ကြံမှုမှာ ဖုန်းဝူချန်ထက်ပင် အနည်းငယ် သာလွန်နေပြီး... ယွမ်တန်ဘုံ သတ္တမလွှာ၏ နှောင်းပိုင်း... အထွတ်အထိပ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေတွင် ရှိနေသည်။

ဤမျှ ကြောက်ခမန်းလိလိ တိုးတက်မှုမျိုးကို ယဲ့ချန်းချုံး မယုံကြည်နိုင် ဖြစ်သွားသည်။

တစ်နှစ်တည်းသော အချိန်အတွင်း... ဖုန်းမိသားစုနှင့် ကောင်းကင်ဗိမာန်၏ တိုးတက်မှုကား မည်မျှ အံ့အားသင့်ဖွယ် ဖြစ်လာလိုက်မည်နည်း။

"ဗိုလ်ချုပ်ကြီး.. ကျွန်တော် ခင်ဗျားနဲ့ အခုချက်ချင်း နန်းတော်ကို လိုက်ခဲ့မယ်။ ကျွန်တော်လည်း သိချင်နေပြီ... အဲ့ဒီ နိုင်ငံတွေက ဘယ်လို အကြောင်းပြချက်တွေ ပေးဦးမလဲ ဆိုတာကို...။ ...ကိုးထပ် ချန်ခွန်း မျှော်စင်ကို ကျွန်တော့်ကို ထုတ်ပေးခိုင်းတယ်... ဟုတ်လား။ ဟက်"

ဖုန်းဝူချန်က အေးစက်စွာ ရယ်မောလိုက်သည်။

ဤအခိုက်အတန့်တွင်... သူသည် ယခင်ကထက် အစွမ်းထက်နေသည်ဟု ခံစားလိုက်ရတော့သည်။

All Chapters