ခြိမ်းခြောက်မှု၏ နိဂုံး
Vol. 13 Ch. 187
~"ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လုယူရန် ကြိုးစားရင်း... ထိုက်ရွှမ်ဂိုဏ်းမှာ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရလေသည်။
ပထမဆုံး ထိပ်တန်း ပညာရှင် ခြောက်ယောက် အသတ်ခံခဲ့ရပြီး... ယခုအခါ အစွမ်းထက် စစ်သည်တော် ငါးဦးနှင့် တပည့် ဒါဇင်ပေါင်းများစွာ ထပ်မံ၍ ဆိုးရွားစွာ သေဆုံးသွားကြပြန်သည်။ ... ဤသူများအားလုံးမှာ ထိုက်ရွှမ်ဂိုဏ်း၏ ကျောရိုးများပင် ဖြစ်ကြပါ၏။
ထိုက်ရွှမ်ဂိုဏ်းသည် ဖုန်းဝူချန်၏ ကျင့်ကြံခွန်အားကို လျှော့တွက်ခဲ့ကြပြီး... "ထိုက်ရွှမ် ကောင်းကင် တိုက်ပွဲ အခင်းအကျင်း" ၏ စွမ်းအားကို အထင်ကြီးလွန်းခဲ့ကြသည်။
ဤတိုက်ပွဲအပြီးတွင်... နိုင်ငံအသီးသီးမှ အင်အားကြီး အဖွဲ့အစည်းများ၏ ပုန်းကွယ်နေသော ပညာရှင်များမှာ... ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းမွန်မှုကြောင့် နောက်တစ်ကြိမ် ထပ်မံ ထိတ်လန့်သွားကြရပြန်သည်။ ... သတ္တိများပင် ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြလေပြီ။
"ဖောင်း"
ဖုန်းဝူချန်က သူ၏ လက်ဖဝါးကို လက်သည်းကုတ်ဟန် ပြုလိုက်ရာ... "ဖောင်း" ဟူသော အသံတစ်ချက် ပေါက်ကွဲထွက်လာပြီး... စိမ်းပြာရောင် မီးလျှံမျှင်တစ်စ... သူ၏ လက်သည်းများကြားတွင် စုစည်းလာသည်။ ၎င်းမှ အလွန် ပြင်းထန်သော အရိုင်းဆန်သည့် အငွေ့အသက်များ ပျံ့လွင့်နေပေ၏။
လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ... ရုပ်အလောင်း ဒါဇင်ပေါင်းများစွာ ရုတ်ချည်းပင် မီးစွဲလောင်
သွားတော့သည်။
ထိုအချိန်တွင် ဖုန်းဝူချန်သည် မီးပင်လယ်ထဲမှ တစ်လှမ်းချင်း ထွက်ခွာလာခဲ့သည်။ သူ၏ နောက်ကျောမှ ရုပ်အလောင်းများ
အားလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားကြပြီး... လုံးဝ ပျက်စီးသွားကြလေ၏။
"ဖုန်းဝူချန်... လူသတ် မိစ္ဆာကောင်ပဲ"
"ထိုက်ရွှမ်ဂိုဏ်း တပည့် တစ်ယောက်မှ အသက်မချန်ခဲ့ဘူး...။ သူက... ထိုက်ရွှမ်ဂိုဏ်းရဲ့ လက်စားချေတာကို မကြောက်ဘူးလား"
"ထျန်းယွမ်ဘုံ ပညာရှင် မပါဘဲနဲ့တော့... ဘယ်သူမှ သူ့ကို မနိုင်တော့ဘူး"
ပုန်းကွယ်နေသော ပညာရှင် အများအပြားမှာ... ဝင်ရောက် လှုပ်ရှားရန် သတ္တိ မရှိကြတော့...။
ယွမ်တန်ဘုံ နဝမ အလွှာသို့ ရောက်ရှိနေသူများပင် ဖုန်းဝူချန်၏ လက်ချက်ဖြင့် မဆိုင်းမတွ ကြွေလွင့်သွားရသည် မဟုတ်ပါလား။ ...
သူတို့ ဝင်တိုက်ရန် ကြိုးစားခြင်းမှာ... ငရဲမင်းအား သွားရှာသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
ဖုန်းဝူချန် ထွက်ခွာသွားပြီးနောက်... နိုင်ငံအသီးသီးမှ အင်အားကြီး အဖွဲ့အစည်းများ၏ ပညာရှင်များနှင့် အစွမ်းထက် တစ်သီးပုဂ္ဂလ ကျင့်ကြံသူအချို့... ပုန်းကွယ်နေရာများမှ ထွက်ပေါ်လာကြသည်။ ထိုထဲ၌.. ကာကွယ်စောင့်ရှောက်သူ ရှင်းလန်လည်း ပါဝင်၏။
တုန်လှုပ်ဖွယ်ရာ တိုက်ပွဲ အပြီးအစီး မြင်ကွင်းကို ရင်ဆိုင်ရင်း... အစွမ်းထက် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာမှာ... တိတ်ဆိတ် ငြိမ်သက်သွားကြသည်။
"ယွမ်တန်ဘုံ သတ္တမအလွှာနဲ့... နဝမ အလွှာ စစ်သည်တော်တွေကို ချက်ချင်း သတ်နိုင်တယ်ဆိုတာ... ယုံဖို့တောင် ခက်တယ်"
"ဒီနှစ်တွေအားလုံးမှာ... အင်ပါယာကြီး လေးခုစလုံးမှာ... ဖုန်းဝူချန်လောက် ကြောက်ဖို့ကောင်းတဲ့ ပါရမီရှင်မျိုး... တစ်ခါမှ မပေါ်ဖူးခဲ့ဘူး"
"ဒီလူက... သွေးအေးပြီး ရက်စက်တယ်...။ သူ့ကို သွားစော်ကားမိတာနဲ့... သေရမှာ သေချာတယ်"
အစွမ်းထက် ပညာရှင် ဒါဇင်ပေါင်းများစွာ၏ မျက်နှာများမှ သွေးများ ဆုတ်ယုတ်သွားကြသည်။ ... သူတို့ ပြောလေလေ... ပို၍ ကျောချမ်းလာရလေလေ ဖြစ်သည်။
ဤ အစွမ်းထက် ပုဂ္ဂိုလ်များ၏ ထိတ်လန့်နေသော မျက်နှာများကို ကြည့်ရင်း... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
"ဖုန်းဝူချန်က အသန်မာဆုံး ပါရမီရှင်လို့ ကျော်ကြားတာပဲ...။ သူ့ရဲ့ စွမ်းအားက မေးခွန်းထုတ်စရာ မလိုဘူး...။ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လုယူဖို့... ငါတို့ရဲ့ ကျင့်ကြံခွန်အား တစ်ခုတည်းနဲ့တော့ မဖြစ်နိုင်တော့ဘူး...။ ထျန်းယွမ်ဘုံက တစ်ယောက်ယောက် မပါရင်ပေါ့လေ"
ဖုန်းဝူချန်၏ လက်ရှိ ကျင့်ကြံခွန်အားမှာ... ယွမ်တန်ဘုံ နဝမ အလွှာ ပညာရှင်များကို ချက်ချင်း သတ်ဖြတ်နိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။ သူသည် ထျန်းယွမ်ဘုံအောက်တွင်... ပြိုင်စံရှား ဖြစ်နေလေပြီ။
ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦးသာလျှင်... ဖုန်းဝူချန်ကို ကိုင်တွယ်နိုင်ဖွယ် ရှိတော့သည်။
"ငါတို့အားလုံးက "ကိုးထပ် ချန်ခွန်း မျှော်စင်" အတွက် ဒီကို ရောက်နေကြတာ...။ ဒါပေမဲ့... ရိုးရိုးသားသား ပြောရရင်... ငါ့မှာတော့... အဲ့ဒါကို လောဘတက်ဖို့ သတ္တိတောင် မရှိတော့ပါဘူး"အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးက ခေါင်းခါရင်း ဆိုသည်။ ... ထိုသို့ ဝန်ခံရသည်ကို သူ အရှက်ရသည်ဟု မထင်ပါ...။
"ခင်ဗျားတို့အားလုံး မြင်ကြတဲ့အတိုင်းပဲ...။ ထိုက်ရွှမ်ဂိုဏ်းက လူ ဒီလောက်များများ သေသွားတယ်...။ ဖုန်းလေဂိုဏ်းရဲ့ အကြီးအကဲလည်း... ဖုန်းဝူချန် လက်ချက်နဲ့ သေသွားခဲ့တယ်...။ ကျုပ်တို့လည်း ဖုန်းဝူချန်ကို စော်ကားမိပြီးသား...။ သူက ကျုပ်တို့ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး...။ ဒီ အရိုင်းကောင် ရှိနေသရွေ့ ကျုပ်တို့ ဂိုဏ်းတွေအတွက် ခြိမ်းခြောက်မှု အကြီးစား ပဲ...။အားလုံး ပူးပေါင်းပြီး... သူ့ကို သတ်ပစ်လိုက်ကြ
ရင်ကော..." ထိုသို့ တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။
"ဟုတ်တယ်...။ "ကိုးထပ် ချန်ခွန်း မျှော်စင်" အတွက် မဟုတ်ဘူး...။ ဖုန်းဝူချန်ကို သတ်ဖို့
သက်သက်ပဲ"
နောက်တစ်ယောက်ကလည်း သဘောတူလိုက်သည်။
တစ်စုံတစ်ယောက်က ကာကွယ်စောင့်ရှောက်သူ ရှင်းလန်ထံ လှည့်၍ မေးလိုက်သည်။
"ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... ခင်ဗျားက ဒီမှာ ကျင့်ကြံမှု အမြင့်ဆုံးပဲ...။ ခင်ဗျား ဘယ်လို သဘောရပါသလဲ""ကျီးရှင်းဂိုဏ်းက ကာကွယ်စောင့်ရှောက်သူ ရှင်းလန်... ဟုတ်လား"လူအုပ်ကြီးမှာ တုန်လှုပ်ပြီး ကြည်ညိုလေးစားမှု အပြည့်ပါသော အကြည့်များဖြင့် သူ့ထံသို့ ပို့လွှတ်လိုက်ကြသည်။
ဤသည်ကို ကြားသောအခါ... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်က သူ၏ မုတ်ဆိတ်ကို ပွတ်သပ်လိုက်ရင်း လေးနက်စွာ ဆိုသည်။
"ဖုန်းဝူချန်ရဲ့ ကျင့်ကြံခွန်အားက ကြောက်ဖို့ကောင်းတာ မှန်ပေမယ့်... ငါတို့သာ လက်တွဲလိုက်ရင်... ဖုန်းဝူချန် ဘယ်လောက်ပဲ သန်မာနေပါစေ... သူ့ရဲ့ အစစ်အမှန် ယွမ်စွမ်းအင်တွေ နောက်ဆုံးမှာ ကုန်ဆုံးသွားမှာပဲ...။ အဲ့ဒီအချိန်ကျရင်... သူ့သေဆုံးချိန် ရောက်ပြီပေါ့...။ ဒီလူသာ မသေရင်... သူ့ရဲ့ ကြောက်မက်ဖွယ် ကျင့်ကြံနှုန်းနဲ့... ထိုက်ရွှမ်ဂိုဏ်း... ဖုန်းလေဂိုဏ်းနဲ့ ကျီးရှင်းဂိုဏ်းတို့... အားလုံး ပျက်စီးသွားဖွယ် ရှိတယ်"
ထိုစကားကို ကြားသောအခါ... အဓိက အင်အားကြီး ဂိုဏ်းသုံးခုမှ အစွမ်းထက် ပုဂ္ဂိုလ်များအားလုံး... တစ်ပြိုင်နက်တည်း မျက်နှာများ ဖြူဖျော့သွားကြသည်။
ကာကွယ်စောင့်ရှောက်သူ ရှင်းလန်က ခဏရပ်လိုက်ပြီး... ထပ်ပြောသည်။
""ကိုးထပ် ချန်ခွန်း မျှော်စင်" ရဲ့ တည်ရှိမှုက... နိုင်ငံအသီးသီးက ဧကရာဇ်တွေအတွက် အလွန် တန်ဖိုးကြီးတယ်...။ အင်ပါယာကြီး သုံးခုက... ထျန်းဝူအင်ပါယာကို ဖိအားပေးပြီးနေပြီ...။ ယဲ့ချန်းချုံးက ဒီကိစ္စအတွက် ဖုန်းဝူချန်ကို လာရှာတာပဲ...။ မျှော်စင်က ငါတို့လက်ထဲ ကျရောက်လာဖို့ မဖြစ်နိုင်တော့ဘူး...။ ဒါကြောင့် ငါတို့ အဲ့ဒီအပေါ်မှာ အချိန် မဖြုန်းသင့်တော့ဘူး...။ အရေးအကြီးဆုံးက... ဖုန်းဝူချန်ကို ရှင်းပစ်ဖို့ပဲ"
ဖုန်းဝူချန်က ကြောက်မက်ဖွယ်ကောင်းလှပြီး... နိုင်ငံအသီးသီးမှ အဓိက အင်အားစုများထဲတွင်... ဟွမ်ယွမ်ဂိုဏ်းမှလွဲ၍... အားလုံး လှုပ်ရှားပြီး ဖြစ်ကြသည်။ ... အကယ်၍ သူတို့ ဖုန်းဝူချန်ကို အမြန်ဆုံး မရှင်းပစ်နိုင်ခဲ့ပါက... အကျိုးဆက်များမှာ စိတ်ကူးပင် မယဉ်နိုင်စရာ ဖြစ်ပေလိမ့်မည်။
သို့သော်... ရှိနေသော အစွမ်းထက် ပုဂ္ဂိုလ်များထဲမှ အများစုမှာ သဘောမတူခဲ့ကြ...။ ... မဟုတ်သေး...။ သဘောတူသည်ဟုလည်း မဆိုသာ... သဘောမတူဟုလည်း မဆိုသာ...။
ကာကွယ်စောင့်ရှောက်သူ ရှင်းလန်တွင် အခြားသော ရည်ရွယ်ချက်များ ရှိနေမည်လား... မည်သူ သိနိုင်မည်နည်း။
ရှိနေသော ပညာရှင်များမှာ မိုက်မဲသူများ မဟုတ်ကြ...။ သူတို့ကိုယ်တိုင်လည်း "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လိုချင်နေကြသည့်အတွက်... အခြားသူများ၏ စကားကို သိပ်ပြီး ယုံကြည်မှု မရှိကြသည်မှာ သဘာဝကျပါ၏။
သို့သော်... ဖုန်းဝူချန်ကို ရှင်းပစ်ရန် လိုအပ်ကြောင်းကိုတော့ သူတို့ ခိုင်မာစွာ ယုံကြည်ကြသည်။ ... ၎င်းမှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စပင်။
ဤအခိုက်အတန့်တွင်... ဖုန်းဝူချန်သည် ဓားပျံသန်းခြင်းကို အသုံးပြု၍ နန်းမြို့တော်သို့ ဦးတည်နေခဲ့သည်။
သို့သော်... ဖုန်းဝူချန် မမျှော်လင့်ထားသည်မှာ... သူ ယဲ့ချန်းချုံးကို အမီလိုက်နိုင်သည့် အချိန်တွင်... ယဲ့ချန်းချုံးမှာ... ထိန်းချုပ်ခံထားရပြီး... ပြင်းထန်စွာ ဒဏ်ရာရနေခဲ့ခြင်းပင် ဖြစ်သည်။
ထျန်းဝူအင်ပါယာ၏ ဗိုလ်ချုပ်ကြီး ကိုပင်... လှုပ်ရှားရန် သတ္တိရှိကြသည်တဲ့...။ ... ဤလူများမှာ... ထူးကဲစွာ ရဲတင်းလှသည်။
ဒီနေ့ ဒုက္ခများမှာ တစ်ခုပြီးတစ်ခု ရောက်လာလိုက်သည်မှာ... "ကိုးထပ် ချန်ခွန်း မျှော်စင်" သည် အင်ပါယာကြီး လေးခုမှ ကျင့်ကြံသူများအတွက် မည်မျှလောက် ဆွဲဆောင်မှု ရှိနေသည်ကို ပြသနေပါတော့သည်။
ယဲ့ချန်းချုံးကို ဒဏ်ရာရစေခဲ့သူ နှစ်ဦးမှာ... အဘိုးအို နှစ်ယောက် ဖြစ်ကြသည်။ ... တစ်ဦးချင်းစီမှာ ယွမ်တန်ဘုံ အဌမ အလွှာတွင် ရှိကြပြီး... ကြောက်မက်ဖွယ် ကျင့်ကြံခွန်အားများ ပိုင်ဆိုင်ထားကြ၏။
"အဘိုးကြီး နှစ်ယောက်...ခင်ဗျားတို့ ဝက်ဝံသည်းခြေကိုများ စားထားကြလို့လား။ ... ထျန်းဝူအင်ပါယာရဲ့ ဗိုလ်ချုပ်ကြီးကိုတောင်... တိုက်ခိုက်ရဲကြတယ်... ဟုတ်လား"ဖုန်းဝူချန်က အဘိုးအို နှစ်ယောက်ကို စူးစူးရဲရဲ ကြည့်ရင်း အေးစက်စွာ ကဲ့ရဲ့လိုက်သည်။
ထိုအခါ အဘိုးအို တစ်ဦးက မထီမဲ့မြင် ပြုံးလိုက်သည်။
"မင်းကရော... ထျန်းဝူအင်ပါယာရဲ့ စစ်သူကြီးချုပ် မဟုတ်ဘူးလား။ ... ဒါပေမဲ့... "ကိုးထပ် ချန်ခွန်း မျှော်စင်" အတွက်... လူတွေ အများကြီးက မင်းကို သတ်ချင်နေကြတာပဲ မဟုတ်လား"
"စကားတွေ များမနေနဲ့။ ... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ထုတ်ပေး...။ ... မဟုတ်ရင်... ငါတို့ ယဲ့ချန်းချုံးကို သတ်ပစ်မယ်"နောက် အဘိုးအိုတစ်ဦးက ဖုန်းဝူချန်ကို စိုက်ကြည့်ရင်း ခြိမ်းခြောက်လိုက်သည်။ သူ၏ လက်သည်းများက ယဲ့ချန်းချုံး၏ လည်ပင်းကို ဦးတည်ထား၏။
"စစ်သူကြီးချုပ်... သူတို့က... ထျန်းဝူအင်ပါယာက... ဟွမ်ယွမ်ဂိုဏ်းက... အကြီးအကဲ နှစ်ယောက်ပဲ"ဟု ယဲ့ချန်းချုံးက ဒဏ်ရာပြင်းပြင်းဖြင့် အော်ဟစ်လိုက်သည်။
ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်သည်။
"ဟွမ်ယွမ်ဂိုဏ်း... ဟုတ်လား"
နောက်ထပ် မရင်းနှီးသော ဂိုဏ်းနာမည်တစ်ခုပင်...။
"ဟမ့်...။ မင်း သိတော့ရော ဘာဖြစ်လဲ။ ... "ကိုးထပ် ချန်ခွန်း မျှော်စင်" သာ ရှိရင်... ဟွမ်ယွမ်ဂိုဏ်းက... အဓိက အင်အားစုတွေကို ကြောက်နေမှာ မဟုတ်ဘူး"ယဲ့ချန်းချုံးကို ဖမ်းဆီးထားသော အဘိုးအိုက... မောက်မာစွာ မထီမဲ့မြင် ပြုံးလိုက်သည်။ သူ၏ အကြည့်များက... လူတိုင်းကို အောက်ကျို့ မြင်နေသည့်အလား...။
အေးစက်သော အကြည့်က... အဘိုးအို နှစ်ယောက်အပေါ် ကျရောက်သွားသည်။ ဖုန်းဝူချန်က မျက်နှာသေဖြင့် ဆိုလိုက်၏။
"ငါ့ကို ခြိမ်းခြောက်တဲ့ သူတွေ... ကောင်းကောင်းနဲ့ အဆုံးသတ်ရလေ့ မရှိဘူး၊ မင်းတို့ ဗိုလ်ချုပ်ကြီးယဲ့ကို အခု လွှတ်ပေးလိုက်ရင်... ငါ မင်းတို့ကို မသတ်ဘဲ ထားပေးဖို့ စဉ်းစားကောင်း စဉ်းစားပေးနိုင်တယ်"
"ဘုန်း"
"ခွပ်"
အဘိုးအို တစ်ဦးက ယဲ့ချန်းချုံး၏ ဝမ်းဗိုက်ကို ရက်စက်သော လက်ဝါးချက်ဖြင့် ရိုက်ချလိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားကြောင့်... ယဲ့ချန်းချုံး သွေးများ အန်ထုတ်လိုက်ရပြီး... သူ၏ ဒဏ်ရာမှာ ချက်ချင်း ပိုဆိုးသွားတော့သည်။
"ဖုန်းဝူချန်... မင်း "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ထုတ်မပေးဘူးဆိုရင်... ယဲ့ချန်းချုံး ဘယ်လောက်ကြာကြာ ခံနိုင်ဦးမလဲ... ငါ မသိဘူးနော်"အဘိုးအိုက ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။
ဖုန်းဝူချန်၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွားပြီး... သူ၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်များက... လူများကို တည့်တည့် မကြည့်ရဲအောင် ဖြစ်စေသည်။
သို့သော်... အဘိုးအို နှစ်ဦးလုံးမှာ ယွမ်တန်ဘုံ အဌမ အလွှာတွင် ရှိကြပြီး... တစ်ဦးက ယဲ့ချန်းချုံးကို ဖမ်းဆီးထားရာ... ဖုန်းဝူချန် အလျင်စလို မလှုပ်ရှားရဲ...။ ... ယဲ့ချန်းချုံး ထိခိုက်သွားမည်ကို သူ စိုးရိမ်နေသည်။
ယဲ့ချန်းချုံးသည် ယန်ဟော်အင်ပါယာ၏ စစ်သူကြီးချုပ်... စစ်သည်များကို ဦးဆောင်၍ တိုက်ပွဲဝင်သူ...။ သူသည် အင်ပါယာ တစ်ခုလုံးတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး... အင်ပါယာက သူ့ကို လိုအပ်နေသည်။
""ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လိုချင်တယ်... ဟုတ်လား..."ဖုန်းဝူချန်က သူ၏ လက်ကို ဆန့်တန်းလိုက်သည်။ ... နူးညံ့သော ရွှေရောင် မျှော်စင်လေးတစ်ခု... ဘွားခနဲ သူ၏ လက်ဖဝါးထဲတွင် ပေါ်ထွက်လာသည်။ ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်၏။
"မျှော်စင်က ဒီမှာပဲ...။ အရည်အချင်း ရှိရင်... လာလုကြလေ"
"ဒီကို ပစ်ပေးလိုက်"အဘိုးအို တစ်ဦးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ အလိမ်မခံနိုင်ပေ..။
သူသာ လှုပ်ရှားလိုက်သည်နှင့်... ဖုန်းဝူချန်က တုန်လှုပ်ဖွယ် အရှိန်ဖြင့်... သူ့ကို ချက်ချင်း မသန်မစွမ်း ဖြစ်အောင် လုပ်မည်၊ သို့တည်းမဟုတ် ၊သတ်ဖြတ်ပစ်နိုင်သည် မဟုတ်ပါလား။
"ဟမ့်..."
ယဲ့ချန်းချုံးကို ဖမ်းဆီးထားသော အဘိုးအိုက... သူ၏ လက်ကို ပြင်းထန်စွာ ဆုပ်ကိုင်လိုက်ပြီး... ဖုန်းဝူချန်အား ခြိမ်းခြောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ခင်ဗျားတို့ လိုချင်နေမှတော့…
ပေးလိုက်မလို့ လေ"ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
တွေဝေမနေဘဲ... လှပသော မျှော်စင်လေးကို ပစ်ပေးလိုက်သည်။
ယဲ့ချန်းချုံး၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ ... ဖုန်းဝူချန် ဤမျှ ပြတ်သားစွာ ပြုမူလိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
အဘိုးအို တစ်ဦးက လေထဲသို့ ဖမ်းဆွဲလိုက်သည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ချက်ချင်း သူ၏ ဘက်သို့ ဆွဲယူလိုက်ပြီး... သူ၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံး တစ်ခု ဖြစ်ပေါ်လာ၏။
"ဘာ အားစိုက်ထုတ်မှုမှ မလိုဘဲ ရလိုက်တာပဲ...။ ... "ကိုးထပ် ချန်ခွန်း မျှော်စင်"... နောက်ဆုံးတော့ ငါ့လက်ထဲ ရောက်လာခဲ့ပြီ"
"အခု သူ့ကို လွှတ်ပေးလို့ ရပြီလား… ဟု "ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။
"ဟမ့်...။ ဖုန်းဝူချန်... မင်းက ကိုယ့်အတွက် ဘာကောင်းလဲဆိုတာ သိသားပဲ"ယဲ့ချန်းချုံးကို ဖမ်းဆီးထားသော အဘိုးအိုက မထီမဲ့မြင် ပြုံးလိုက်သည်။
"ဒါပေမဲ့... မင်းရဲ့ စွမ်းအားက ငါတို့ထက် သာလွန်နေတော့... ငါတို့ သူ့ကို အခု လွှတ်ပေးလိုက်ရင်... ငါတို့ အသက်ရှင်နေနိုင်ဦးမှာလား"
ဖုန်းဝူချန်၏ မျက်နှာမှာ ပို၍ပင် အေးစက်သွားပြီး... သူ၏ အတွင်းထဲတွင် ပြင်းထန်သော ဒေါသများ ဆူပွက်လာသည်။ ... သူ၏ ရေခဲတမျှ အေးစက်သော မျက်လုံးများတွင်... လူ့စိတ်ခံစားချက်များ ကင်းမဲ့နေပြီး... သွေးအေးသော သားရဲတစ်ကောင်၏ မျက်လုံးများကဲ့သို့ ဖြစ်နေသည်။
"ဒါဆို... ခင်ဗျားတို့ ဘာလိုချင်သေးလဲ..."ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။
အဘိုးအိုက လှောင်ပြောင်စွာ ပြုံးလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ်... ဒဏ်ရာရအောင် လုပ်လိုက်"
"ကျုပ်ကို ခြိမ်းခြောက်တဲ့.. အကျိုးဆက်တွေကို... ခင်ဗျား သိရဲ့လား..."ဖုန်းဝူချန်က သူ၏ လက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး... အေးစက်စွာ မေးလိုက်သည်။
သူ၏ ကိုယ်အတွင်းမှ အစစ်အမှန် ယွမ်စွမ်းအင်ကို အသက်သွင်းလိုက်ရင်း... မိမိကိုယ်ကို ဒဏ်ရာရအောင် ပြုလုပ်ရန် အသင့်ဖြစ်နေပုံရသည်။
"စစ်သူကြီးချုပ်... ရပ်လိုက်...။ ခင်ဗျား ဒဏ်ရာရသွားတာနဲ့... သူတို့ ခင်ဗျားကို သတ်လိမ့်မယ်"ယဲ့ချန်းချုံးက မျှော်လင့်ချက်ကင်းမဲ့စွာ အော်ဟစ်လိုက်သည်။
"ဟုတ်တယ်...။ ငါတို့ မင်းကို သတ်မှာပဲ...။ မင်းရဲ့ တည်ရှိမှုက... ငါတို့အတွက် အရမ်းကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးကိုးကွ
"မျှော်စင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော အဘိုးအိုက... မထီမဲ့မြင် ပြုံးလိုက်သည်။
"စုပ်ယူစေ"
ဖုန်းဝူချန်က မျှော်စင်ကို ကိုင်ထားသော အဘိုးအိုထံသို့ ပြင်းထန်သော လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ရင်း... သူ၏ လက်ဖဝါးကို လက်သည်းကုတ်ဟန် ပြောင်းလိုက်ပြီး... ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
နူးညံ့သော မျှော်စင်လေးမှ... ချက်ချင်းဆိုသလို... ကြောက်မက်ဖွယ် စုပ်ယူအားတစ်ခု ပေါက်ကွဲထွက်လာသည်။ ... ထို တစ်ခဏအတွင်း... အဘိုးအိုမှာ မျှော်စင်အတွင်းသို့ အစုပ်ခံလိုက်ရသည်။
"တတိယ အကြီးအကဲ....."
ယဲ့ချန်းချုံးကို ဖမ်းဆီးထားသော အဘိုးအိုမှာ ထိတ်လန့်သွားပြီး... သူ၏ မျက်လုံးများက တုန်လှုပ်စွာဖြင့် မျှော်စင်ကို စိုက်ကြည့်နေမိသည်။
"ဝှစ်"
"ဖြတ်ပိုင်းမယ်"
အဘိုးအို ကြောက်ရွံ့နေသည့် ထိုအခိုက်တွင်... သွေးများ ဒရဟော ပန်းထွက်လာပြီး... ယဲ့ချန်းချုံးကို ဖမ်းဆီးထားသော လက်မှာ... အရင်းမှ တိတိရိရိ ပြတ်တောက်သွားသည်။
အဘိုးအို၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် တွန့်လိမ်သွားသည်။
သူ၏ ပြတ်တောက်သွားသော လက်မောင်းကို ငုံ့ကြည့်လိုက်ရာ... ပြင်းထန်သော နာကျင်မှုက သူ၏ တစ်ကိုယ်လုံးသို့ လျင်မြန်စွာ စီးဝင်သွားပြီး...ကြောက်အားလန့်အား အော်ဟစ်လိုက်တော့သည်။
အဘိုးအို တစ်ဦး မျှော်စင်ထဲ အစုပ်ခံလိုက်ရခြင်းမှ... ဖုန်းဝူချန်က အခြား အဘိုးအို၏ လက်မောင်းကို ဖြတ်တောက်ကာ ယဲ့ချန်းချုံးကို ကယ်တင်လိုက်ခြင်းအထိ... အားလုံးက စက္ကန့်အနည်းငယ်အတွင်းသာ ဖြစ်ပျက်သွားခဲ့ပေသည်။
ကြောက်မက်ဖွယ
အမြန်နှုန်းက လက်ဖျားခါလောက်၏။
"ရှပ်... ရှပ်... ရှပ်"
ယဲ့ချန်းချုံးကို ကယ်တင်ပြီးနောက်... ဖုန်းဝူချန် ပြန်လည် ပေါ်ထွက်လာသည်။ ... ဓားအလင်းတန်း အနည်းငယ် လက်ခနဲ ဖြစ်သွားပြီး... အဘိုးအို၏ ခြေလက်များကို... ဖြတ်တောက်လိုက်သည်။ ... သွေးများ အရမ်းအများ ထွက်ကျလာ၏။
"ဖုန်းဝူချန်...။ ... မင်း... လူယုတ်မာ"အလွန်အမင်း နာကျင်နေသော အဘိုးအိုမှာ... ထိတ်လန့်တကြား ဖြစ်နေသည်။
"သေဖို့သာ... စောင့်နေလိုက်တော့"ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။
ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ... "ကိုးထပ် ချန်ခွန်း မျှော်စင်" က ပျံသန်းလာပြီး... အတွင်းသို့ စုပ်ယူခံထားရသော အဘိုးအိုကို ပြန်လွှတ်ပေးလိုက်သည်။
"မျှော်စင်...။ ... မျှော်စင်"အဘိုးအို ထွက်လာသည်နှင့်... ချက်ချင်း ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ... သို့သော်... အခြား အဘိုးအို၏
နာနာကျင်ကျင် အော်ဟစ်သံများကို ကြားလိုက်ရသည့်အခါ... သူ၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။
"ဘုန်း"
"ဖျတ်"
ထိုအခိုက်တွင်... ဖုန်းဝူချန်က လက်သီး တစ်ချက် ပစ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် စွမ်းအားကြောင့်... အဘိုးအို သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ ... အဘိုးအို လွင့်စင်မသွားခင်မှာပင်... ဖုန်းဝူချန်က သူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ... နောက်ပြန် ဆွဲယူလိုက်သည်။
နောက်ထပ် လက်သီးတစ်ချက်ဖြင့်... ဖုန်းဝူချန်က အဘိုးအို၏ နောက်ကျောကို ထုရိုက်လိုက်သည်။ သူသည် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြေပြင်ထဲသို့ စိုက်ဝင်သွားပြီး... နောက်ထပ် သွေးတစ်ပွက် ထပ်မံ အန်ထုတ်လိုက်ရသည်။
လက်သီး နှစ်ချက်အပြီးတွင်... အဘိုးအိုမှာ အသည်းအထန် ဒဏ်ရာရသွားခဲ့သည်။
"ဖုန်း... ဝူ... ချန်..."
ပြင်းထန်စွာ ဒဏ်ရာရနေသော အဘိုးအိုမှာ... ထိတ်လန့်တကြား ဖြစ်နေပြီး... ပြန်လည် ထရပ်နိုင်ခြင်း မရှိတော့ချေ...။
" ဘယ်လိုလဲ၊ ကျုပ်ကို ခြိမ်းခြောက်ခြင်းရဲ့ အကျိုးဆက်က... သူ့လိုပဲ"ဖုန်းဝူချန်က... လက်များနှင့် ခြေထောက်များ ပြတ်တောက်နေသော အဘိုးအိုကို ညွှန်ပြရင်း... အေးစက်စွာ ဆိုလိုက်သည်။
သူ၏ လက်ထဲမှ "အထွတ်အထိပ် နဂါးနတ်ဘုရားဓား" ကို ဝှေ့ယမ်းလျက်... တွေဝေမနေဘဲ... အခြား အဘိုးအို၏ လက်များနှင့် ခြေထောက် နှစ်ဖက်လုံးကိုပါ... ဖြတ်တောက်လိုက် လေသည်။
သွေးများ သွန်ချလိုက်သလို ရွာကျ၏...။
အဘိုးအို နှစ်ယောက်လုံး... အဆက်မပြတ် အသံနက်ကြီးဖြင့် အော်ဟစ်နေကြသည်။
ဒဏ်ရာများ... ပ
ပြင်းပြလှစွာသော နာကျင်မှုများကို ခံစားရင် အသက်ထွက်ဖို့ စောင့်ဆိုင်းနေကြရတော့သည်။
ဤသည်ကား... ဖုန်းဝူချန်ကို ခြိမ်းခြောက်သူများ၏... ကံကြမ္မာပင်တည်း။