← Chapters

အစေခံရ ခက်ခဲခြင်း

Vol. 13 Ch. 188

အစေခံရ ခက်ခဲခြင်း

Vol. 13 Ch. 188

~ရက်စက်ပြီး သနားညှာတာမှု ကင်းမဲ့သော နည်းလမ်းများ...

ပြင်းထန်သော ကျင့်ကြံခွန်အားများ...။

ယဲ့ချန်းချုံး တစ်ယောက် ကြောက်လွန်း၍ တုန်ရီနေပြီး... ဖုန်းဝူချန်ကို ထိတ်လန့်စွာ ကြည့်နေမိသည်။

ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ်အရွယ် ဆယ်ကျော်သက်လေး တစ်ယောက်က... ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုကို ကျူးလွန်နိုင်လိမ့်မည်လား.. ။

ဒါက၊ ယဲ့ချန်းချုံးအတွက် စိတ်ကူးကြည့်ရန်ပင် အလွန် ခက်ခဲနေပါ၏။

အင်ပါယာ၏ ထိပ်တန်း စစ်သည်တော်များပင်လျှင်... ဖုန်းဝူချန်လောက် ရက်စက်ပြီး သနားညှာတာမှု ကင်းမဲ့ကြမည် မဟုတ်ပေ။

"ဖုန်းဝူချန် သတ္တိရှိရင်... ငါတို့ကိုသတ်လိုက်စမ်း"အဘိုးအိုတစ်ဦးက နာကျင်မှုကို မခံနိုင်တော့ဘဲ ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။

လက်များနှင့် ခြေထောက်များ နှစ်ဖက်လုံး ပြတ်တောကသွားသည့်နောက်... သူတို့ အသက်ရှင်နိုင်ဦးမည် ဆိုသည့်တိုင်... ဆက်လက် အသက်ရှင်ရန် သတ္တိများ ဆုံးရှုံးသွားကြလေပြီ။

သို့သော်... ဤကဲ့သို့ လူသူကင်းမဲ့သော တောနက်ကြီးထဲသို့... မည်သူက ရောက်လာဦးမည်နည်း။

တစ်စုံတစ်ယောက် ရောက်လာခဲ့သည့်တိုင်... ထိုအချိန်တွင် အဘိုးအို နှစ်ယောက်မှာ... အသက် ငွေ့ငွေသာ ရှိတော့မည်ဖြစ်ပြီး... စကားပြောရန်ပင် အားနည်းလွန်းနေပေလိမ့်မည်။ ...

မည်သူက သူတို့ကို ရှာဖွေတွေ့ရှိဦးမည်နည်း။ သို့တည်းမဟုတ်... အဘိုးအိုများ သေဆုံးပြီးနေလောက်ပြီ ဖြစ်သည်။

ဟွမ်ယွမ်ဂိုဏ်းမှ အစွမ်းထက် ပုဂ္ဂိုလ်များ အပါအဝင်... နိုင်ငံအသီးသီးမှ ပညာရှင်များ… ဖုန်းဝူချန် နန်းမြို့တော်သို့ ဦးတည်နေကြောင်း သိရှိသွားသည့်အခါ... မည်သူမျှ သူ့နောက်သို့ လိုက်မလာကြတော့ပေ...။ သူတို့၏ သားကောင် သူတို့ထံ ရောက်ရှိလာသည့်အခါ ဖမ်းဆီးရန် စောင့်ဆိုင်းနေခြင်းကိုသာ ပို၍ နှစ်သက်ကြလေသည်။

"စစ်သူကြီးချုပ်... သွားကြစို့...။ သူတို့ကို... ဖြည်းဖြည်းချင်း သေဖို့ စောင့်နေခိုင်းလိုက်...။ ဒါမှမဟုတ်... ဟွမ်ယွမ်ဂိုဏ်းက လူတွေ... သူတို့ အလောင်းတွေကို လာကောက်ဖို့ စောင့်နေခိုင်းလိုက်ပေါ့"ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။ ... အဘိုးအိုများ၏ နာကျင်စွာ ကျိန်ဆဲသံများကို လုံးဝ လျစ်လျူရှုထားလိုက်၏။

အဘိုးအိုများ မည်သို့ပင် ကျိန်ဆဲ... ဟိန်းဟောက်နေပါစေ... ဖုန်းဝူချန်က နောက်ပြန် လှည့်မကြည့်ခဲ့ပေ...။

ယဲ့ချန်းချုံး အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး... တတ်နိုင်သမျှ စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။

ဖုန်းဝူချန်က စကားတစ်ခွန်းမှ မဆိုဘဲ လျင်မြန်စွာ သတ်ဖြတ်တတ်သူ ဖြစ်ရာ... နန်းမြို့တော်သို့ ရောက်ရှိသည့်အခါ... သူ ထိုအတိုင်း ပြုမူမည်ကို... ယဲ့ချန်းချုံး အမှန်တကယ် စိုးရိမ်နေမိသည်။ အကယ်၍ အဓိက အင်ပါယာကြီး သုံးခုကို စော်ကားမိသွားပါက... စစ်ပွဲမှာ ရှောင်လွှဲ၍ မရနိုင်တော့ပေ။

လမ်းတစ်လျှောက်လုံး... ယဲ့ချန်းချုံး တစ်ယောက် ဆူးပေါ် လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရသည်။

ဖုန်းဝူချန်၏ အဆင့်အတန်းမှာ... စစ်သူကြီးချုပ် တစ်ယောက်ကဲ့သို့ ရိုးရှင်းခြင်း မရှိတော့ချေ...။ ကျင့်ကြံခွန်အား တိုးတက်လာသည်နှင့်အမျှ... သူ၏ အဆင့်အတန်းမှာလည်း... မသိမသာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

ထို့ကြောင့်... ယဲ့ချန်းချုံး၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ အပြည့် ရှိနေသော်လည်း... ဖုန်းဝူချန်အား အဓိက အင်ပါယာကြီး သုံးခုကို မည်သို့ ရင်ဆိုင်ရန် စီစဉ်ထားသည်ကို သူ ထုတ်မမေးရဲခဲ့ပေ။

တစ်နာရီကျော်ကျော် အကြာတွင်... ဖုန်းဝူချန်နှင့် ယဲ့ချန်းချုံးတို့ နန်းမြို့တော်သို့ ရောက်ရှိလာခဲ့ကြ၏။

"စစ်သူကြီးချုပ်ကို ကြိုဆိုပါတယ်"

နန်းမြို့တော်အတွင်းသို့ ဝင်ရောက်သည်နှင့်... အင်ပါယာ၏ စစ်သည်တော်များက သူ့ကို ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။

မည်သည့် အရာရှိ ဖြစ်စေကာမူ... သူတို့အားလုံး ဖုန်းဝူချန်နှင့် ယဲ့ချန်းချုံးကို ရိုသေစွာ နှုတ်ဆက်ကြရသည်။

ပြီးခဲ့သည့် တစ်ကြိမ် နန်းမြို့တော်မှ အဖြစ်အပျက်အပြီးတွင်... အင်ပါယာ၏ အရာရှိ အများအပြားမှာ... ဖုန်းဝူချန်ကို ပုံတူ ပန်းချီကား အမျိုးမျိုးမှတစ်ဆင့် "တွေ့ဆုံ" ထားခဲ့ကြသည်။

တစ်နေ့နေ့တွင် မသိလိုက်ဘဲ သူ့ကို စော်ကားမိခြင်းမှ ရှောင်ရှားရန်

အတွက်ပင်။

မည်သူမျှ... သခင်ကြီးယန်၏ ခြေရာအတိုင်း လိုက်လိုခြင်း မရှိကြ...။

ယခုအခါ... ယန်မိသားစု တစ်ခုလုံးမှာ... သာမန်ပြည်သူများအဖြစ် အဆင့်နှိမ့်ချခြင်း ခံလိုက်ရပြီး... ယန်မိသားစုမှာ လုံးဝ ပျက်စီးသွားခဲ့လေပြီ။

"စစ်သူကြီးချုပ်ကို ကြိုဆိုပါတယ်"

ဟွမ်ယန်တို့ ဦးဆောင်သော... "ကောင်းကင် အရိပ်တပ်" နှင့် "အလံနက် တပ်ဖွဲ့" စစ်သည်တော်များမှာ... ကြိုဆိုရန်အတွက်... နန်းတော် တံခါးဝတွင် စုရုံးရောက်ရှိနေကြပြီး ဖြစ်သည်။ ... အင်ပါယာ၏ အရာရှိ အများအပြားလည်း ပါဝင်၏။

သို့သော်... အရာရှိ အများအပြား၏ မျက်နှာများမှာ သိပ်မကောင်းလှ...။ ... အားလုံးတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ သန်းနေသည်။ ... ထင်ရှားသည်မှာ... အဓိက အင်ပါယာကြီး သုံးခုမှ ဖိအားများက... သူတို့ကို ထိတ်လန့်စေခဲ့သည်။

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့က ဖုန်းဝူချန်အား ရိုသေစွာ အရိုအသေပေးလိုက်ကြသည်။

"စစ်သူကြီးချုပ် ၊ ဗိုလ်ချုပ်ကြီးက... ဆရာ့ကို ပြောပြပြီးလောက်ပါပြီ...။ အင်ပါယာကြီး သုံးခုက... ဆရာ့ကို "ကိုးထပ် ချန်ခွန်း မျှော်စင်" ထုတ်ပေးစေချင်နေတာ... ရှင်းပါတယ်"

"ဒီကိစ္စကို ခင်ဗျားတို့... ဘယ်လို ထင်ပါသလဲ"ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။

သူက တစ်ချက်မျှ မရပ်တန့်ဘဲ... အဓိက နန်းတော် ခန်းမဆီသို့ တည့်တည့် လျှောက်သွားလေသည်။

ထိုအခါ စစ်ထူကျန့်ထျန်းက အလျင်အမြန် ပြန်ဖြေသည်

"ကျွန်တော်တို့က... အရာအားလုံးမှာ... စစ်သူကြီးချုပ်ရဲ့ အမိန့်အတိုင်း လိုက်နာမှာပါ"

ဖုန်းဝူချန် နောက်ထပ် စကားမဆိုတော့ပေ...။ နန်းတော် တံခါးဝသို့ ရောက်ရှိသွားပြီး... တွေဝေမနေဘဲ... အတွင်းသို့ ခြေလှမ်းဝင်လိုက်သည်။ ...

ယန်ထျန်းရှန်နှင့် အခြား အဆင့်မြင့် အရာရှိများက... သူ့နောက်မှ တပါတည်း လိုက်ပါလာကြသည်။

ခန်းမကျယ်ကြီး အတွင်းတွင်... သွမ့်ထျန်းဟွမ်... နိုင်ငံများ၏ ဧကရာဇ်များနှင့် နန်းတွင်း အကြံပေးများမှာ... အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြပြီး ဖြစ်သည်။

သွမ့်ထျန်းဟွမ်၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးနေသည်။ ... အဓိက အင်ပါယာကြီး သုံးခုမှ ခြိမ်းခြောက်မှုများကို... သူ ကူကယ်ရာမဲ့နေပြီး... သူတို့နှင့် ယှဉ်ပြိုင်ရန်လည်း... ယုံကြည်မှု မရှိသေးပေ။

"မင်းကြီးကို နှုတ်ဆက်ပါတယ်"ဖုန်းဝူချန်က ရိုသေစွာ အရိုအသေပေးလိုက်သည်။

ထို့နောက် လေကျန့်ဖုန်းနှင့် အခြား ဧကရာဇ် နှစ်ပါးထံသို့ အေးစက်စက် အကြည့်တစ်ချက် ပစ်သွင်းလိုက်သည်။

သွမ့်ထျန်းဟွမ်က လေးနက်သော အသံဖြင့် ဆိုသည်

"ဖုန်းဝူချန် ရောက်လာပြီ...။ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ထုတ်ပေးမလား... မပေးဘူးလား ဆိုတာ... သူ့အပေါ်မှာပဲ မူတည်တယ်...။ ... တခြားသူတွေရဲ့ ရတနာအပေါ်မှာ... တခြားသူတွေ ဝင်ပြောပိုင်ခွင့် မရှိဘူး...။ဟမ့် "

သွမ့်ထျန်းဟွမ်၏ စကားများမှာ... သရော်လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။ ... ထင်ရှားသည်မှာ... လေကျန့်ဖုန်းနှင့် အခြား ဧကရာဇ် နှစ်ပါးအား... တခြားသူများ၏ ရတနာကို လုယူလိုကြသည်ဟု... စွပ်စွဲနေခြင်းပင်။

ထျန်းဝူအင်ပါယာ၏ ဧကရာဇ်က လေးနက်သော အသံဖြင့် ဆိုသည်။

"ဧကရာဇ်သွမ့်.. ဘာကို ဆိုလိုတာလဲ။ ... "ကိုးထပ် ချန်ခွန်း မျှော်စင်" က "နတ်ဘုရား တောင်ကြား" က ပိုင်ဆိုင်တာ ရှင်းနေတာပဲ...။ ငါတို့ အင်ပါယာကြီး လေးခုလုံးမှာ... ဝေစု ရှိတယ်...။ ဖုန်းဝူချန် တစ်ယောက်တည်း... ဒါကို ပိုင်ဆိုင်ခံစားနေတာကို... ငါတို့ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ"

လေကျန့်ဖုန်း အပါအဝင် ဧကရာဇ် သုံးပါးလုံး... ဖုန်းဝူချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

လေကျန့်ဖုန်းက လေးပင်သော လေသံဖြင့်"ဖုန်းဝူချန်... မင်းက... ကိုယ့်သဘောနဲ့ကိုယ်... လူတွေကို "နတ်ဘုရား တောင်ကြား" ထဲ ခေါ်သွားရဲတယ်...။ အင်ပါယာကြီး လေးခုရဲ့ ဂုဏ်သိက္ခာကို... ဂရုမစိုက်ဘူး...။ ပြီးတော့... "နတ်ဘုရား တောင်ကြား" ရဲ့... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို... ကိုယ်ပိုင် သိမ်းပိုက်ထားတယ်...။ ... မင်း... ကိုယ့်အပြစ်ကို... ကိုယ် သိရဲ့လား" ဟု အပြစ်တင်လေသည်။

ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ အေးစက်စွာ ရယ်မောလိုက်ပြီး…ပြန်လည် ချေပလေ၏။

"ဒီလိုမှန်း သိခဲ့ရင်... ကျုပ် အဲ့ဒီ "ဝိညာဉ် သားရဲ" ရဲ့ ဆင့်ခေါ်မှုကို... ငြင်းပယ်ခဲ့မှာ...။ သူ့ကို... သောင်းကျန်းခိုင်း... "နတ်ဘုရား တောင်ကြား" ကို ဖျက်ဆီးခိုင်း...။ ပြီးတော့... ခင်ဗျားတို့ကိုတောင်... ရှင်းပစ်ခိုင်းလိုက်မှာဗျ..."

"ရှင်းပစ်ခိုင်းလိုက်မှာ" ဟူသော စကားလုံးများကို ဆိုလိုက်စဉ်... သူ၏ ရေခဲတမျှ အေးစက်သော အကြည့်က... ဧကရာဇ် သုံးပါးထံသို့ ဝေ့ကြည့်လိုက်သည်။

"ဝုန်း"

လေကျန့်ဖုန်း ဒေါသတကြီး သူ၏ ထိုင်ခုံမှ ထရပ်လိုက်ပြီး... ပြင်းထန်စွာ ဆူပူလိုက်သည်။

"ရိုင်းစိုင်းလိုက်တာ... ကောင်စုတ်လေး...။ ... ဒီလောက် မောက်မာတဲ့ စကားမျိုးတွေ... ပြောရဲတယ်...။ ပြီးတော့... ငါတို့ အင်ပါယာကြီး သုံးခုကို... ဖျက်ဆီးဖို့တောင်... အိပ်မက် မက်နေသေးတယ်... ဟုတ်လား"

"ဧကရာဇ် လေ... ကျုပ် စကားမှားတယ်လို့ ထင်ရင်.. ကျုပ် "ဝိညာဉ် သားရဲ" ကို ဆင့်ခေါ်လိုက်ပြီး... ခင်ဗျားတို့ သူနဲ့ ဆွေးနွေးကြည့်မလား၊ ကျုပ်... သူ့ကို "နတ်ဘုရား တောင်ကြား" ထဲ ပြန်ပို့ပေးနိုင်ကောင်းတောင်... ပို့ပေးနိုင်လိမ့်မယ်နော်..."

ဟူ၍ ဖုန်းဝူချန်က စိတ်အနှောင့်အယှက် မဖြစ်ဘဲ... အေးစက်စွာ ရယ်မောရင်း ပြန်လည် တုံ့ပြန်လိုက်သည်။

ဤသည်ကို ကြားသောအခါ... လေကျန့်ဖုန်းနှင့် အခြားသူများ၏ မျက်နှာအမူအရာများ... သိသိသာသာ ပြောင်းလဲသွားပြီး... ချက်ချင်း တိတ်ဆိတ်သွားကြသည်။

ယန်ထျန်းရှန်က အက်ကွဲသော အသံဖြင့် မေးလိုက်သည်။

"ဧကရာဇ်လေ..စကားလုံးတွေချည်း

နဲ့တော့... သက်သေ မခိုင်လုံဘူး...။ ခင်ဗျား... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို "နတ်ဘုရား တောင်ကြား" ထဲက ရခဲ့တယ်ဆိုတဲ့... သက်သေကို... တင်ပြနိုင်မလား"

ဖုန်းဝူချန်က... မကြောက်မရွံ့... ကြုံရာ နေရာတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး…

"ကျုပ်လည်း... အဲ့ဒီ သက်သေကို... မြင်ချင်သေးတယ်"

"ဟမ့်...။ သက်သေလား၊ သက်သေ ဘာလို့ လိုမလဲ။ ... "ပါရမီရှင် စစ်သည်တော်များ တိုက်ပွဲ" တုန်းက... မင်း ပိုင်ခုံးနဲ့ တိုက်တဲ့အချိန်... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို မသုံးခဲ့ဘူး...။ စွမ်းအား ကွာဟချက်က ကြီးမားနေတာတောင်... မင်း မသုံးခဲ့ဘူး...။ အဲ့ဒီတုန်းက မင်းမှာ အဲ့ဒါ မရှိသေးဘူးဆိုတာ...သက်သေပြနေတယ်၊ ဒါပေမဲ့... မင်း "နတ်ဘုရား တောင်ကြား" ထဲကို ဒုတိယအကြိမ် ဝင်သွားပြီးတဲ့နောက်... လေကျွယ်နဲ့ တိုက်တဲ့အခါကျတော့... "ကိုးထပ် ချန်ခွန်း မျှော်စင်" က ပေါ်လာခဲ့တယ်...။ ဒါက... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို "နတ်ဘုရား တောင်ကြား" ထဲက ရခဲ့တယ်ဆိုတာ... သက်သေ မပြနေဘူးလား"လော့ယွမ်ဧကရာဇ်က နှာမှုတ်လိုက်သည်။

ထိုအခါ ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ "အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို ထုတ်လွှတ်လိုက်၏။ ပြင်းထန်သော အရှိန်အဝါတစ်ခု... ၎င်းပတ်လည်တွင် လည်ပတ်နေသည်။ ကြည်လင်သော "ချွင်" ဟူသော အသံနှင့်အတူ...ဓားက ပျံထွက်သွားပြီး... ခန်းမကျယ်ကြီး၏ အလယ်ဗဟိုတွင်... စိုက်ဝင်သွားသည်။

သွမ့်ထျန်းဟွမ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ရယ်စရာကောင်းလိုက်တာ...။ ... လုံးဝ မဟုတ်တရုတ်တွေပဲ...။ ... ဒါက မင်းရဲ့ လော့ယွမ်အင်ပါယာရဲ့ ဧကရာဇ်အဖြစ်... ပြုမူပုံလား။ ... ဒါ ဘယ်လို အဓိပ္ပာယ်မရှိတဲ့ ကျိုးကြောင်း

ဆင်ခြင်မှုမျိုးလဲ။ မင်းမှာ... ဦးနှောက်ရော ရှိရဲ့လား"

"မင်း..."

လော့ယွမ်ဧကရာဇ်... ဒေါသထွက်လွန်း၍... မျက်နှာ နီမြန်းသွားသည်။ သူ၏ ဒေါသများ... ပေါက်ကွဲထွက်သွားပြီး... သွမ့်ထျန်းဟွမ်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။

"ဒီဓားကိုလည်း...ကျုပ် "ပါရမီရှင် စစ်သည်တော်များ တိုက်ပွဲ" တုန်းက... မသုံးခဲ့ဘူး...။ ... လေကျွယ်နဲ့ တိုက်တဲ့အခါမှပဲ... ပေါ်လာခဲ့တာ...။ ... ဒါဆို... ဒါကိုလည်း... "နတ်ဘုရား တောင်ကြား" က ရခဲ့တာလို့... ဆိုလိုတာလား။ ကျုပ်နဲ့ ပတ်သက်ပြီး... "ပါရမီရှင် စစ်သည်တော်များ တိုက်ပွဲ" တုန်းက မပေါ်လာဘဲ... လေကျွယ်နဲ့ တိုက်ပြီးမှ ပေါ်လာတဲ့... ရတနာအားလုံးက... "နတ်ဘုရား တောင်ကြား" က လာတာချည်းပဲလား။ ... ဒါ... ဘယ်လို ယုတ္တိမျိုးလဲ" ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။

ဖုန်းဝူချန်က လက်ဟန်ပြလိုက်သည့်အခါ "အထွတ်အထိပ် နဂါးနတ်ဘုရားဓား"... မှာ သူ့ကိုယ်အတွင်းသို့ ပြန်ဝင်သွားသည်။ ထို့နောက် သူက မထီမဲ့မြင် ပြုံးလိုက်ကာ

"ခင်ဗျားတို့ ဧကရာဇ် သုံးပါးရဲ့... ဒီလို စုတ်ပြတ်သတ်နေတဲ့ ယုတ္တိမျိုးနဲ့ သုံးသပ်ရရင်... ခင်ဗျားတို့ အင်ပါယာကြီး သုံးခုရဲ့... ပလ္လင်တွေက...ကျုပ်ရဲ့ဥစ္စာလို့ ပြောလို့ မရဘူးလား။ အင်ပါယာကြီး သုံးခုအတွင်းက... အရာအားလုံးက... ကျုပ်ဥစ္စာလို့... ပြောလို့ မရဘူးလား"

ထိုစကားကို ကြားသောအခါ... ဧကရာဇ်ကြီး သုံးပါး... ဒေါသများ ဆူပွက်လာကြသည်။

ဖုန််းဝူချန်က... သူတို့၏ ပလ္လင်များကိုပါ... လောဘတက်ရဲသည်တဲ့။

"ဖုန်းဝူချန်...။ စကားကို လိမ်မပြောနဲ့...။ ... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို... ထုတ်ပေး"ထျန်းဝူဧကရာဇ်က... အာဏာပါသော လေသံဖြင့်... ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ခင်ဗျားတို့နဲ့... မဟုတ်တရုတ် စကားတွေ ပြောရတာ ငြီးငွေ့နေပြီ"ဖုန်းဝူချန်က အေးစက်စွာ ရယ်မောလိုက်သည်။

""ကိုးထပ် ချန်ခွန်း မျှော်စင်" ကြောင့်...ကျုပ်အဖေ ဘယ်ရောက်နေမှန်း မသိဘူး...။ ... အရင်ဆုံး ထိုက်ရွှမ်ဂိုဏ်း... ပြီးတော့ ဖုန်းလေဂိုဏ်း... ကျီးရှင်းဂိုဏ်း... ဟွမ်ယွမ်ဂိုဏ်းက လူတွေ... တစ်ယောက်ပြီးတစ်ယောက်... ကျုပ်ကို လာရှင်းဖို့ ကြိုးစားကြတယ်... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လုယူချင်လို့လေ...။ ... ဒီ အဟောင်းအကြွေးတွေကို...ကျုပ် မှတ်ထားတယ်...။ ... ရှင်းရှင်းပဲ ပြောလိုက်မယ်.. စာရင်း လာရှင်းတဲ့အခါ... ခင်ဗျားတို့ ကျုပ်ကို မတားကြဖို့... မျှော်လင့်တယ်"

ဤသို့ ဆိုရင်း... ဖုန်းဝူချန်က စိတ်ဖြင့် လှုံ့ဆော်လိုက်ရာ... "ကိုးထပ် ချန်ခွန်း မျှော်စင်"က သူ၏ လက်ဖဝါးထဲတွင် မှော်ဆန်စွာ ပေါ်ထွက်လာသည်။

ရွှေရောင် နတ်ဘုရား အလင်းတန်းများ ဖြာထွက်နေပြီး... အစွမ်းထက်သော အရှိန်အဝါတစ်ခု သိပ်သည်းလာသည်။

"အဆုံးစွန်မှာတော့... ခင်ဗျားတို့ လိုချင်တာ... "ကိုးထပ် ချန်ခွန်း မျှော်စင်" ပဲ မဟုတ်လား"ဖုန်းဝူချန်က မဲ့ပြုံး ပြုံးရင်း မေးလိုက်သည်။ ... သူ၏ လက်ကို ပစ်လွှတ်လိုက်ရာ... မျှော်စင်က ပျံထွက်သွားပြီး... ခန်းမကျယ်ကြီး၏ အလယ်ဗဟိုတွင်... ဝဲပျံနေသည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်" ကို မြင်လိုက်ရသောအခါ... ခန်းမကျယ်ကြီးထဲမှ လူတိုင်း... သတိထားမိသွားကြသည်။ ... ၎င်းက ကြောက်မက်ဖွယ် ဖိနှိပ်မှု စွမ်းအားကို ထုတ်လွှတ်မနေသော်လည်း... သူတို့ သတိဝီရိယ ရှိနေကြဆဲ ဖြစ်သည်။

ဤကဲ့သို့သော ရတနာမျိုးကို... လူတိုင်း မိမိတို့ ကိုယ်တိုင် ပိုင်ဆိုင်လိုကြသည်။

ဖုန်းဝူချန်က ထရပ်လိုက်ပြီး... အေးစက်စွာ ပြောဆိုလိုက်၏။

"တကယ်တော့... ကျုပ် ခင်ဗျားတို့ကို မေးချင်တာ တစ်ခု ရှိတယ်...။ ... "နတ်ဘုရား တောင်ကြား" က... ဘယ်အချိန်ကတည်းက... ခင်ဗျားတို့ ဥစ္စာ ဖြစ်သွားတာလဲ။ ... "နတ်ဘုရား တောင်ကြား" တည်ရှိခဲ့တုန်းက... ခင်ဗျားတို့တောင်... မမွေးသေးဘူး...။ ... "နတ်ဘုရား တောင်ကြား" ဆိုတာ... ဘာလဲ ဆိုတာရော... ခင်ဗျားတို့ သိကြရဲ့လား။ ... ခင်ဗျားတို့ မသိဘူး...။ ... ခင်ဗျားတို့က... အတင်းအဓမ္မ... လုယူနေတာသက်သက်ပဲ"

"... ..."

လေကျန့်ဖုန်း... အခြား ဧကရာဇ်များနှင့် နန်းတွင်း အကြံပေးတို့၏ မျက်နှာများမှာ... အလွန်အမင်း ပုပ်သိုးနေကြသည်။ ... အားလုံး... ဖုန်းဝူချန်ကို ထိုနေရာတွင်ပင်... စုတ်ပြတ်သွားအောင် ဆွဲဖြဲပစ်လိုက်ချင်စိတ်များ ပေါက်နေကြသည်။

""ကိုးထပ် ချန်ခွန်း မျှော်စင်"... ဒီမှာပဲ...။ ဘယ်သူ လိုချင်လဲ"ဖုန်းဝူချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

"ဧကရာဇ် ထျန်းဝူ... ခင်ဗျား လိုချင်လား။ ... ရွှေယွဲ့အင်ပါယာက... ခင်ဗျားရဲ့ ထျန်းဝူအင်ပါယာကို... ဖျက်ဆီးပစ်မှာ... မကြောက်ဘူးလား။ ... ဧကရာဇ် လော့ယွမ်... ခင်ဗျားကို အရင် ပေးလိုက်ရမလား...။ ဒါမှ... ကျန်တဲ့ အင်ပါယာ သုံးခုက... ခင်ဗျားကို ချေမှုန်းပစ်လို့ ရအောင်လေ...။ ... ဒါမှမဟုတ်... ဧကရာဇ် ရွှေယွဲ့ကို ပေးလိုက်ရမလား။ ... ဘာပဲဖြစ်ဖြစ်... ရွှေယွဲ့အင်ပါယာက... လေးနိုင်ငံထဲမှာ... ရှေ့ဆုံးကပဲ...။ ... ကျန်တဲ့ အင်ပါယာ သုံးခုကို... ခံနိုင်ရည် ရှိကောင်း ရှိနိုင်မှာပေါ့...။ ဟုတ်တယ် မဟုတ်လား"

ဖုန်းဝူချန်၏ စကားများကို နားထောင်ရင်း... ခန်းမကျယ်ကြီး... တိတ်ဆိတ်သွားသည်။ ... ဧကရာဇ် အသီးသီး၏ မျက်နှာများမှာ... ပို၍ပင် ကြည့်ရဆိုးလာကြသည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်" ကို... ဘယ်သူ့ကို ပေးသင့်သလဲ။

လေကျန့်ဖုန်းကို ပေးလိုက်လျှင်... အခြား ဧကရာဇ်ကြီး သုံးပါး... သေချာပေါက် မပျော်ရွှင်ကြမည် မဟုတ်...။ မည်သူ့ကို ပေးလိုက်သည်ဖြစ်စေ... ကျန် သုံးဦးကို မကျေနပ်စေမည်သာ...။

"ဘာဖြစ်လို့... ဘယ်သူမှ စကား မပြောကြတော့တာလဲ။ ... ခင်ဗျားတို့အားလုံး... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို... အရမ်း လိုချင်နေကြတာ မဟုတ်ဘူးလား။ ... စကားတစ်ခွန်းပဲ ပြောလိုက်...။ "ကိုးထပ် ချန်ခွန်း မျှော်စင်" က... ခင်ဗျားတို့ ဥစ္စာ ဖြစ်သွားနိုင်တယ်...။ ... ဘာပဲဖြစ်ဖြစ်... ယန်ဟော်အင်ပါယာကတော့... သေချာပေါက် ဝင်ပါမှာ မဟုတ်ဘူး၊ ဟားဟား"ဖုန်းဝူချန်က အေးစက်စွာ ရယ်လိုက်သည်။ ...

လှောင်ပြောင်သော အမူအရာ... သူ၏ မျက်နှာပေါ်တွင် ထင်ဟပ်နေ၏။

သွမ့်ထျန်းဟွမ်က ဝင်ပြောလိုက်သည်။

"ငါ... သွမ့်ဧကရာဇ်ကတော့... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကိစ္စမှာ... သေချာပေါက် ဝင်မစွက်ဖက်ဘူး...။ ... ဒါပေမဲ့... တခြား ကိစ္စတွေ အတွက်တော့... ငါ အဲ့ဒီလို မပြောနိုင်ဘူး"

"ဒီပုပ်သိုးနေတဲ့ လူ....."

လေကျန့်ဖုန်း၏ မျက်နှာ... မကောင်းဆိုးဝါးဆန်စွာ တွန့်လိမ်သွားသည်။ ... သူ၏ နှလုံးသားထဲတွင်... ဒေါသများ ပြင်းထန်စွာ တောက်လောင်နေ၏။

ထျန်းဝူဧကရာဇ်နှင့် လော့ယွမ်ဧကရာဇ်တို့လည်း... မျက်နှာများ တင်းမာနေကြပြီး... တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့ကြသည်။

သွမ့်ထျန်းဟွမ်နှင့် ယန်ထျန်းရှန်တို့သာလျှင်... ဤမြင်ကွင်းကို ပျော်ရွှင်စွာ ခံစားကြည့်ရှုနေကြသည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်" ... ခန်းမကျယ်ကြီးထဲတွင် ရှိနေသည်။ ... ယူရဲသူ မည်သူမဆိုအတွက်... အသင့်...။

"ဘယ်သူမှ မလိုချင်ကြဘူးလား"ဖုန်းဝူချန်က ဧကရာဇ် သုံးပါးကို မေးလိုက်သည်။ ... သို့သော်... သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ... စကားတစ်ခွန်းမှ မဆိုခဲ့ကြ...။

ဖုန်းဝူချန်က လက်ဟန်ပြလိုက်သည်။ ... "ကိုးထပ် ချန်ခွန်း မျှော်စင်"... သူ၏ ကိုယ်အတွင်းသို့ ပြန်လည် စုပ်ယူခံလိုက်ရသည်။ သူ မထီမဲ့မြင် ပြုံးလိုက်သည်။

"ပေးတဲ့အခါကျတော့... မယူဘူး...။ ... ဒါဆို... အတင်းအဓမ္မ လုယူဖို့ရော... ဘယ်လို မျှော်လင့်နေကြသေးလဲ။ ... ခင်ဗျားတို့ ဘာလိုချင်နေမှန်း... ငါ တကယ် မသိတော့ဘူး...။ ... ခင်ဗျားတို့ကို... အစေခံရတာ... တော်တော် ခက်ခဲတာပဲ"

ဖုန်းဝူချန်၏ စကားများကို ကြားသောအခါ... ဧကရာဇ်ကြီး သုံးပါးနှင့် နန်းတွင်း အကြံပေးတို့... သူတို့၏ သွေးများဖြင့်... ဆို့နင့်မွန်းကျပ်သွားကြသည်။

သွမ့်ထျန်းဟွမ်နှင့် အခြားသူများမှာမူ... သူတို့၏ ရယ်မောသံများကို... အနိုင်နိုင်၊ ထိန်းချုပ်ထားကြရသည်။

"ဧကရာဇ် သုံးပါး... ခင်ဗျားတို့ လိုချင်တဲ့လူတွေကို... ကျုပ် ခေါ်ပေးခဲ့တယ်...။ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကိုလည်း... ထုတ်ပြခဲ့တယ်...။ ... ခင်ဗျားတို့ ကိုယ်တိုင်... မလိုချင်ခဲ့ကြတာ...။ ... ဒါက... ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး"

သွမ့်ထျန်းဟွမ်က... "ဒါ ငါ့ကိစ္စ မဟုတ်ဘူး" ဟူသော သဘောထားဖြင့်... အလျင်အမြန် ဆိုလိုက်သည်။

"ဟမ့်"လေကျန့်ဖုန်းက လေးလံစွာ နှာမှုတ်လိုက်သည်။ ... ထို့နောက်... ခန်းမကျယ်ကြီးထဲမှ ထွက်ခွာသွားသည်။ ... သူ သွားခါနီးတွင်... ဖုန်းဝူချန်ကို ဒေါသတကြီး စိုက်ကြည့်သွားသေးသည်။

ထျန်းဝူဧကရာဇ်နှင့် လော့ယွမ်ဧကရာဇ်တို့လည်း... ထွက်ခွာသွားကြသည်။ ... အသက် ဆယ့်ရှစ်နှစ်ပင် မပြည့်သေးသော ဆယ်ကျော်သက်လေး တစ်ယောက်ကို... စကားဖြင့် မယှဉ်နိုင်ခဲ့ပြီးနောက်... သူတို့ ဘယ်လို ဆက်နေနိုင်ဦးမည်နည်း။

ဧကရာဇ် သုံးပါး ထွက်သွားသည်နှင့်... သွမ့်ထျန်းဟွမ်၏ မျက်နှာ... လေးနက်သွားပြီး... အလေးအနက် ဆိုလိုက်သည်။

"ဖုန်းဝူချန်... သူတို့... မင်းကို သတ်ချင်စိတ်တွေ... မွေးမြူနေကြပြီ...။ မင်းရဲ့ တည်ရှိမှုက... အခု သူတို့အတွက်... ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီ...။ ... ပြီးတော့... နိုင်ငံအားလုံးက... အဓိက အင်အားစုတွေကလည်း... မင်းကို အလွတ်ပေးမှာ မဟုတ်လောက်ဘူး...။ ... မင်းမှာ ကျင့်ကြံခွန်အား ရှိတယ်ဆိုရင်... သူတို့ကို ထိန်းချုပ်ထားနိုင်ကြောင်း... ငါ့ကို ပြ"

All Chapters