← Chapters

သွေးစွန်းသော လမ်း

Vol. 13 Ch. 189

သွေးစွန်းသော လမ်း

Vol. 13 Ch. 189

~“သူတို့ကို ထိန်းချုပ်ခိုင်းတာလား”

ဖုန်းဝူချန်က သွမ့်ထျန်းဟွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ...သွမ့်ထျန်းဟွမ်က သူ့အပေါ် ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား။

သွမ့်ထျန်းဟွမ်၏ စကားများက... ယန်ထျန်းရှန်ကဲ့သို့သော အဆင့်မြင့် အရာရှိများကိုလည်း အံ့အားသင့်သွားစေသည်။ ...ဒါက... အရာရာတိုင်းကို အလေးအနက် စဉ်းစားတတ်ခဲ့တဲ့... အရင်က ဧကရာဇ် ဟုတ်ရဲ့လား။

ထို့အပြင်... သွမ့်ထျန်းဟွမ်၏ စကားများအရ... သူသည် ရွှေယွဲ့အင်ပါယာ၏ နင်းချေမှုကို ဆက်လက် ခံယူလိုစိတ် မရှိတော့ကြောင်း... ကောက်ချက်ချနိုင်ပါ၏။ အဓိက အင်ပါယာကြီး သုံးခုမှ ဖိအားများက... ဤဧကရာဇ်အား မျက်နှာ လုံးဝ ပျက်စီးသွားစေခဲ့ပြီး ဖြစ်သည်။

"ဟုတ်တယ်...။ ရွှေယွဲ့အင်ပါယာက... အင်ပါယာတွေရဲ့ ဦးသျှောင်ပဲ...။ လေကျန့်ဖုန်း... အဲ့ဒီ အဘိုးကြီးက... တခြား အင်ပါယာတွေ သူ့နေရာကို လာယူတာကို... ခွင့်ပြုပါ့မလား။ ... "ကိုးထပ် ချန်ခွန်း မျှော်စင်" က... သူ့ပလ္လင်ကို တည်ငြိမ်စေဖို့ပဲ... အသုံးဝင်တာ...။ ... သူ တကယ်တမ်း ရှင်းပစ်ချင်တဲ့သူက... မင်းပဲ...။ သူတို့ သေချာပေါက် စုံစမ်းပြီးလောက်ပြီ... မင်း ဘယ်သူဘယ်ဝါဆိုတာကို သိနေလောက်ပြီ...။ မင်းက... ယန်ဟော်အင်ပါယာရဲ့ အနာဂတ်...။ အင်ပါယာကို... သူတို့ကို ကျော်တက်သွားအောင်... ဦးဆောင်နိုင်စွမ်း ရှိသူ...။ ... အဲ့ဒီ အဘိုးကြီးက... ငါတို့ကို အောင်မြင်ခွင့်... ပေးပါ့မလား"သွမ့်ထျန်းဟွမ်က လေးနက်စွာ ဆိုလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင် တစ်ချက် လက်ခနဲ ဖြစ်သွား၏။

ဖြည်းညှင်းစွာ လျှောက်ဆင်းလာရင်း... သွမ့်ထျန်းဟွမ်က ဖုန်းဝူချန်ကို ကြည့်ကာ ဆက်ပြောသည်။

"ဖုန်းဝူချန်... မင်းရဲ့ ပါရမီနဲ့ဆိုရင်... ထျန်းယွမ်ဘုံကို ခြေချဖို့... မခက်ခဲဘူး...။ မင်းရဲ့ လက်ရှိ ကျင့်ကြံခွန်အားနဲ့... "ကိုးထပ် ချန်ခွန်း မျှော်စင်" ရဲ့ အကူအညီပါ ပေါင်းလိုက်ရင်... ထျန်းယွမ်ဘုံက လူတွေတောင်... မင်းကို ကြောက်ရလိမ့်မယ်"

"ဧကရာဇ်မင်းကြီးက... စစ်ပွဲ ဖြစ်လာမှာကို... မစိုးရိမ်ဘူးလား"ဖုန်းဝူချန်က မေးလိုက်သည်။

သွမ့်ထျန်းဟွမ်က အေးစက်စွာ နှာမှုတ်လိုက်သည်။

"စစ်ပွဲဆိုတာ... အဲ့ဒီလောက် လွယ်လွယ်နဲ့ စလို့မရဘူး...။ ပြီးတော့... ငါ ဝင်ပါမယ်လို့... ပြောမိလို့လား။ ... ဒါ့အပြင်... "ကောင်းကင် အရိပ်တပ်" နဲ့ "အလံနက် တပ်ဖွဲ့" ရဲ့... ကြောက်မက်ဖွယ် ကျင့်ကြံခွန်အားနဲ့ဆိုရင်... စစ်ပွဲ ဖြစ်လာခဲ့ရင်တောင်... ဘယ်သူက ဆုံးရှုံးမလဲ ဆိုတာ... ပြောဖို့ မသေချာသေးဘူး...။ ... နိုင်ငံ သုံးခုလုံး ပေါင်းပြီး... ငါတို့ကို တိုက်မလာဘူး ဆိုရင်ပေါ့လေ"

ခဏရပ်ပြီးနောက်... သွမ့်ထျန်းဟွမ်က ဆက်လက် ပြောလာသည်။

"ဒါပေမဲ့... ငါ တကယ် စိုးရိမ်တာက... ထျန်းဝူအင်ပါယာနဲ့ လော့ယွမ်အင်ပါယာပဲ...။ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကိစ္စကြောင့်... ငါတို့ သူတို့ကိုလည်း စော်ကားမိသွားပြီ...။ မင်းရဲ့ လက်ရှိ အခြေအနေက... အလွန် အန္တရာယ်များတယ်...။ နိုင်ငံ အသီးသီးက အဓိက အင်အားစု အားလုံးက... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လုယူချင်နေကြတယ်...။ ငါ တစ်ယောက်တည်းနဲ့တော့... မင်းရဲ့ လုံခြုံရေး အပြည့်အဝကို... အာမ မခံနိုင်ဘူး"

“ကျွန်တော် နားလည်ပါတယ်...။ ဒါပေမဲ့... ကျွန်တော့်ရဲ့ ရတနာတွေကို လုယူဖို့... သူတို့အတွက် မလွယ်ကူပါဘူးဗျာ”

ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ အေးစက်စွာ ပြုံးလိုက်သည်။ သူသည် ထျန်းယွမ်ဘုံမှ ပုဂ္ဂိုလ်များမှလွဲ၍... မည်သူ့ကိုမျှ မကြောက်ပေ...။

အတိုချုပ်ပြောရလျှင်... အဓိက အင်ပါယာကြီး သုံးခုနှင့် အခြား အဓိက အင်အားစုများ... ကစားပွဲထဲသို့ ဝင်ရောက်လာကြပြီ ဖြစ်သည်။ ... လူတိုင်းတွင် တူညီသော ပန်းတိုင်တစ်ခု ရှိနေ၏။

... ဖုန်းဝူချန်ကို သတ်၍... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ယူမည်။

သွမ့်ထျန်းဟွမ်ကို ကြည့်ရင်း... ဖုန်းဝူချန်က ပြောလိုက်သည်။

"စစ်ပွဲ ကိစ္စနဲ့ ပတ်သက်လို့တော့... ဘယ်သူမှ သေချာ မပြောနိုင်ဘူး...။ ... အမုန်းတရားတွေ... ပိုနက်ရှိုင်းလာလေလေ... စစ်ပွဲကြီးတစ်ခု ဖြစ်ပွားဖို့... ပိုမြန်လာလေလေပဲ"

"စစ်သူကြီးချုပ် ပြောတာ... အဓိပ္ပာယ် အပြည့် ရှိတယ်...။ ကျုပ်တို့... သတိထားရမယ်" ဟု ယဲ့ချန်းချုံးက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

သွမ့်ထျန်းဟွမ်က ..

"ဒါဆို... "ကောင်းကင် အရိပ်တပ်" နဲ့ "အလံနက် တပ်ဖွဲ့" ကို... ပိုပြီး အင်အားကြီးအောင် လုပ်လိုက်...။ သူတို့က... အင်ပါယာရဲ့ စစ်သည်တွေ...။ မင်းရဲ့ စစ်သည်တွေလည်း... ဟုတ်တယ်...။ သူတို့ကို ပြိုင်ဘက်ကင်း စစ်သည်တော်တွေအဖြစ်... ပြောင်းလဲပစ်လိုက်...။ ... တခြား အင်ပါယာ သုံးခုကို... သူတို့ နာမည် ကြားရုံနဲ့တောင်... တုန်လှုပ်သွားအောင်... လုပ်ပစ်လိုက်ပါ"

"ဖုန်းဝူချန်... မင်းက... ပဉ္စမတန်းစား လက်နက် သန့်စင်သူ...။ "အတွေး-ဖြင့်-ပုံဖော်-လက်နက်

ဖန်တီးခြင်း" စွမ်းရည်နဲ့... ဝိညာဉ်လက်နက် ဖန်တီးရာမှာ... အပြိုင်အဆိုင်ကင်းသူ...။ မင်း ဘယ်လို သန့်စင် ပစ္စည်းတွေ လိုအပ်လဲ... ငါ မင်းအတွက် ရှာပေးနိုင်တယ်...။ အင်ပါယာရဲ့... အတော်ဆုံး စစ်သည်တော် အားလုံး... မင်းရဲ့ လက်အောက်မှာ ရှိနေမယ်...။ ... မင်း... ဒါတွေအားလုံးကို... ကိုင်တွယ်နိုင်မယ်လို့... ငါ ယုံကြည်တယ်"သွမ့်ထျန်းဟွမ်က လေးနက်စွာ ဆိုသည်။ ... ဖုန်းဝူချန်အပေါ် ကြီးမားသော ယုံကြည်မှု ထားရှိလျက်ပင်...။

"ကျွန်တော်က... အဲ့ဒီလောက် မစွမ်းပါဘူး"ဖုန်းဝူချန်က သူ၏ လက်များကို ဖြန့်ကားရင်း ဆိုသည်။

သွမ့်ထျန်းဟွမ်က တစ်ချက် ရယ်ကာ

"မင်းရဲ့ စွမ်းရည်တွေက... တော်တော်လေး အရေးပါပါတယ်...။ မင်း... ငါ့ကို လိမ်လို့ မရပါဘူး"

ထိုအခါ စစ်ထူကျန့်ထျန်းက ခပ်ဖျော့ဖျော့ ပြုံးရင်း "ဆရာက... သိပ်ကို ကျိုးနွံလွန်းပါတယ်" ဟု ဝင်ရောက် ပြောဆိုလာသည်။

ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ကဲ၊ တခြား ဘာမှ မရှိတော့ရင်... ကျွန်တော်သွားပါတော့မယ်...။ အခြေအနေက ဒီလောက် အရေးကြီးနေမှတော့... ကျွန်တော်လည်း ပြင်ဆင်ရပါဦးမယ်...။ "ကောင်းကင် အရိပ်တပ်" နဲ့ "အလံနက် တပ်ဖွဲ့" အဆင်သင့် ဖြစ်သွားရင်... "ပြိုင်ဘက်ကင်းမြို့" မှာ... ကျွန်တော့်ကို လာရှာကြပေါ့.. "

သူ စကားဆုံးသည်နှင့်... ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်ရာ... ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု... ခန်းမတစ်ခုလုံးကို ချက်ချင်း ဖြည့်လွှမ်းသွားသည်။

တဆက်တည်း၌ တောင်ပံများ ခတ်လိုက်ရင်း... ဖုန်းဝူချန်သည် ခန်းမထဲမှ ရုတ်ချည်းပင် ဗြုန်းခနဲ ပျံထွက်သွား၏။ ... ကောင်းကင်သို့ တက်သွားပြီး... မျက်စိတစ်မှိတ်အတွင်း.. နန်းတော်မှ ပျောက်ကွယ်သွားချေသည်။

"စစ်သူကြီးချုပ်ကို... နှုတ်ဆက်ပါတယ်"

ကောင်းကင် အရိပ်တပ်" နှင့် အလံနက် တပ်ဖွဲ့မှ အဖွဲ့ဝင်များ... တစ်ပြိုင်နက်တည်း ဟစ်ကြွေးလိုက်ကြသည်။ ... သူတို့၏ အသံများမှာ... မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး... နှလုံးသားကို လှုပ်ခါသွားစေသည်။

ကြီးစိုးသော အရှိန်အဝါနှင့်... ကြောက်ခမန်းလိလိ အမြန်နှုန်းက... နန်းတော်ထဲမှ အရာရှိများနှင့် ကျင့်ကြံသူ အများအပြားကို... လုံးဝ ပါးစပ် အဟောင်းသားဖြစ်သွားစေသည်။

ခန်းမကျယ်ကြီး အတွင်းတွင်... ထျန်းယွမ်ဘုံ ပညာရှင်ဖြစ်သော... သွမ့်ထျန်းဟွမ်ပင်လျှင်... လေးစား အထင်ကြီးမှုများဖြင့် ပြည့်နှက်နေသည်။

ယဲ့ချန်းချုံးက "ကောင်းကင် အရိပ်တပ်" နှင့် "အလံနက် တပ်ဖွဲ့" အား... ထျန်းကျိုးမြို့ရှိ "ပြိုင်ဘက်ကင်းမြို့" သို့ အမြန်ဆုံး သွားရောက်ရန်... မနှောင့်နှေးဘဲ အမိန့်ပေးလိုက်သည်။

...

မြင့်မားသော ကောင်းကင်ယံအထက်တွင်... လေကျန့်ဖုန်းသည် နန်းတွင်း အကြံပေးနှင့်အတူ ပျံသန်းနေသည်။ သူ၏ မျက်နှာမှာ အလွန်အမင်း အုံ့မှိုင်းနေ၏။

အခြား ဧကရာဇ် နှစ်ပါးလည်း... သူတို့၏ သက်ဆိုင်ရာ အင်ပါယာများသို့ ပြန်သွားကြသည်။

"နန်းတွင်း အကြံပေး...ဒီအရှင်တို့ အင်ပါယာကို ပြန်ရောက်တာနဲ့... ဖုန်းဝူချန်ကို လုပ်ကြံဖို့... လူတွေ ချက်ချင်း လွှတ်လိုက်...။ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို... တခြား ဘယ်သူ့ထက်မဆို အရင်... ငါတို့ လုယူနိုင်ရမယ်"လေကျန့်ဖုန်းက ထက်ရှသော အသံဖြင့် ရာဇသံ ပေးလိုက်သည်။

သူ၏ မျက်လုံးများတွင်... ထက်ရှသည့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။

"ဒီလူငယ်လေးရဲ့ ပါရမီက... ကြောက်ဖို့ကောင်းတယ်...။ သူ့ရဲ့ ကျင့်ကြံနှုန်းက... ပိုလို့တောင် ဆိုးသေးတယ်...။ ကျွန်တော်မျိုးတို့... သူ့ကို အသက်ရှင်ခွင့်... လုံးဝ မပေးနိုင်ဘူး"နန်းတွင်း အကြံပေးက သဘောတူလိုက်သည်။

ခဏ စဉ်းစားပြီးနောက်... နန်းတွင်း အကြံပေးက ထပ်ပြော၏။

"ငါတို့ အခု ရထားတဲ့ သတင်းအချက်အလက်တွေအရ... နိုင်ငံအားလုံးက... အဓိက အင်အားစုတွေ... လှုပ်ရှားပြီးနေပြီ...။ ဘယ်သူမှ မအောင်မြင်သေးပေမယ့်... အနည်းဆုံးတော့... ဖုန်းဝူချန်က... သူတို့နဲ့ ရန်သူ ဖြစ်သွားပြီ...။ သူ့ရဲ့ ကျင့်ကြံခွန်အားက... ကြောက်ဖို့ ကောင်းတယ်...။ သူတို့က... သူ့ကို ပိုပြီး သန်မာလာအောင် ခွင့်ပြုမှာ မဟုတ်ဘူး"

"ဟမ့်...။ ဖုန်းဝူချန်... သေကို သေရမယ်"လေကျန့်ဖုန်းက ဒေါသတကြီး သွားကြိတ်လိုက်သည်။ ... ဖုန်းဝူချန်အပေါ် သူ၏ အမုန်းတရားမှာ... အရိုးတွင်းထိ နက်ရှိုင်းနေလေပြီ။

...

တစ်ချိန်တည်းမှာပင်... လော့ယွမ်အင်ပါယာ ဘက်တွင်လည်း၊

လော့ယွမ်အင်ပါယာ၏ ဧကရာဇ်က... သူ၏ အင်ပါယာသို့ ပြန်ရာ လမ်းတွင်... အေးစက်စွာ အမိန့်ပေးလိုက်သည်။

"လူတွေ ချက်ချင်း စေလွှတ်...။ ကျီးရှင်းဂိုဏ်းကို ထောက်ပံ့ပြီး... ဖုန်းဝူချန်ကို... အမြန်ဆုံး ရှင်းပစ်လိုက်...။ သူ့ကို... နောက်တစ်ကြိမ် အဆင့်တက်ခွင့်... ငါတို့ ခွင့်မပြုနိုင်ဘူး"

""ကိုးထပ် ချန်ခွန်း မျှော်စင်" ကိစ္စကရော အရှင်.."နန်းတွင်း အကြံပေးက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

""ကိုးထပ် ချန်ခွန်း မျှော်စင်" ကို... လောလောဆယ် ထားလိုက်ဦး...။ လူတွေ အများကြီးက... အဲ့ဒါကို ယူဖို့ ကြိုးစားနေကြတယ်...။ ဒါပေမဲ့... လွယ်မှာ မဟုတ်ဘူး...။ လေကျန့်ဖုန်းနဲ့ တခြားသူတွေ... သေချာပေါက် ဝင်ပါလိမ့်မယ်...။ ငါတို့... လောလောဆယ်တော့... လူမြင်ကွင်းကနေ... ရှောင်နေကြတာပေါ့"လော့ယွမ်အင်ပါယာ၏ ဧကရာဇ်က မကျေမနပ် ပြောသည်။

"အရှင်မင်းကြီး... ကျီးရှင်းဂိုဏ်းက... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်ဆီက... သတင်းအရ... ဖုန်းဝူချန်ရဲ့ ကျင့်ကြံခွန်အားက... အခုဆိုရင်... ယွမ်တန်ဘုံ နဝမ အလွှာက... ဘယ်သူ့ကိုမဆို... လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်လောက်တယ်...။ သူ့ကို ရှင်းပစ်ဖို့... လွယ်မှာ မဟုတ်ဘူး...။ ထျန်းယွမ်ဘုံက... တစ်ယောက်ယောက် ဝင်မပါရင်... သူ့ကို ကိုင်တွယ်နိုင်မယ့်သူ... ဘယ်သူမှ ရှိမှာ မဟုတ်လောက်ဘူး"နန်းတွင်း အကြံပေးက လေးနက်စွာ ဆိုသည်။

ကြမ်းတမ်းသော အမူအရာဖြင့်... လော့ယွမ်အင်ပါယာ၏ ဧကရာဇ်က ဟိန်းဟောက်လိုက်သည်။

"ဖုန်းဝူချန် တစ်ယောက်တည်း

ကိုတောင်... မင်းတို့ မနိုင်ရင်... ဒီအရှင်က မင်းတို့ကို ဘာအတွက် ထားရမှာလဲ။ ... ဖုန်းဝူချန်ကို မနိုင်ရင်... နည်းလမ်း ရှာကြလေ...။ ဖုန်းဝူချန် သေသွားသရွေ့... ဘယ်နည်းလမ်း ဖြစ်ဖြစ်... အရေးမကြီးဘူး"

“အမိန့်အတိုင်းပါ မင်းကြီး”

နန်းတွင်း အကြံပေးမှာ... ထိတ်လန့်သွားသည်။

ထျန်းဝူအင်ပါယာ၏ ဧကရာဇ်ကလည်း... တူညီသော အမိန့်ကို ပေးခဲ့သည်။ ... ဖုန်းဝူချန်ကို... သတ်ဖြတ်ရန်ပင်...။

ဖုန်းဝူချန်၏ ကျင့်ကြံခွန်အားမှာ... အလွန် ပါရမီထူးလှသည်။ ... သူ၏ ကျင့်ကြံနှုန်းမှာလည်း... အံ့အားသင့်ဖွယ် ကောင်းလှသည်။ ထိုမျှမကသေး၊ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ပိုင်ဆိုင်ထားသည်။ ...

ဖုန်းဝူချန်ကို မရှင်းပစ်သရွေ့... ဧကရာဇ် သုံးပါး၏ စိုးရိမ်ပူပန်မှုများနှင့် ကြောက်ရွံ့မှုများမှာ... ပျောက်ကွယ်သွားမည် မဟုတ်ပေ...။ ဖုန်းဝူချန်၏ တည်ရှိမှုက... သူတို့အတွက် အကြီးစား ခြိမ်းခြောက်မှုကြီး ဖြစ်နေသည်။

...

နန်းမြို့တော်မှ ထွက်ခွာလာပြီးနောက်... ဖုန်းဝူချန် ထျန်းကျိုး နယ်မြေထဲသို့ ခြေချလိုက်သည်နှင့်... သူ့ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြသော... အစွမ်းထက် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

နိုင်ငံအသီးသီးမှ အဓိက အင်အားစုများ၏ အစွမ်းထက် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ... ယခုအခါ... ဖုန်းဝူချန်ကို ရှင်းပစ်ရန်... လက်တွဲလိုက်ကြပြီ ဖြစ်သည်။

ဖုန်းဝူချန်က "အထွတ်အထိပ် နဂါးနတ်ဘုရားဓား" ကို ဆင့်ခေါ်လိုက်သည်။ ... သူ၏ အစစ်အမှန် ယွမ်စွမ်းအင်ကို နှိုးဆွလိုက်ပြီး... "နဂါးနတ်ဘုရား အရိပ်" သိုင်းဖြင့်... ရက်စက်သော သတ်ဖြတ်ပွဲကြီးကို ဆင်နွှဲလိုက်သည်။ ...

ရန်သူများ၏ အဆင့်က ယွမ်တန်ဘုံ ပဉ္စမလွှာတွင် ရှိသည်ဖြစ်စေ... ယွမ်တန်ဘုံ အဌမ အလွှာတွင် ရှိသည်ဖြစ်စေ... အားလုံး... ဖုန်းဝူချန်၏ ဓားချက်ဖြင့်... လည်ပင်း တံဆိပ်ခတ်ရလေသည်။

တစ်မိနစ်ခွဲပင် မပြည့်သေးခင်မှာပင်... ဤ အစွမ်းထက် ပုဂ္ဂိုလ်များထဲမှ... ဒါဇင်ကျော်... ဖုန်းဝူချန်၏ ရက်စက်သော နည်းလမ်းများဖြင့်... သတ်ဖြတ်ခံ

လိုက်ကြရသည်။

ဖုန်းဝူချန်၏ အရှိန်မှာ... လန့်စရာကြီးပင်။ ဇာစ်မြစ် မသိရသော... ဤ အစွမ်းထက် ပုဂ္ဂိုလ်များမှာ... သူတို့ မည်သို့ သေဆုံးသွားသည်ကိုပင်... သိလိုက်ကြဟန် မတူ...။

နှစ်မိနစ် မပြည့်ခင်မှာပင်... အစွမ်းထက် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ... အားလုံး... သက်ညှာမှု မခံရဘဲ... ဖုန်းဝူချန်၏ ဓားအောက်တွင် မရှုမလှ သေဆုံးသွားကြရသည်။ စိမ်းရွှေရွှေ သွေးညှီနံ့များ... သစ်တော တစ်ခုလုံး လွှမ်းခြုံသွားလေ၏။

အစွမ်းထက် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ၏ ကြောက်မက်ဖွယ် သေဆုံးမှုမှာ...သည်းမခံနိုင်လောက်

အောင် ဆိုးရွားလှပြီး... မြင်တွေ့လိုက်

ရသူတိုင်းအတွက်... ရင်တုန်ပန်းတုန် မြင်ကွင်းတစ်ခု ဖြစ်လေသည်။

ဖုန်းဝူချန်က... ပြီးဆုံးသွားပြီဟု ထင်လိုက်သည်။ သို့သော်... အတန်ငယ် ခရီးဆက်ပြီးနောက်... သူ နောက်ထပ် အစွမ်းထက် ပုဂ္ဂိုလ် အုပ်စုတစ်စုနှင့်... ထပ်မံ ကြုံတွေ့ရပြန်သည်။

"မင်းတို့က... ဘာလို့ သေလမ်း လာရှာနေကြရတာလဲ..."

သူက"အထွတ်အထိပ် နဂါးနတ်ဘုရားဓား" ကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ပြီး... ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါလိုက်သည်။

ဖုန်းဝူချန်သည် အာဏာပါးကွက်သား အရူး တစ်ယောက်လို မရပ်မနား သတ်ဖြတ်နေခဲ့သည်။

ဘယ်လောက်များများ ရောက်လာသည်ဖြစ်စေ... ထိုမျှလောက် သေဆုံးသွားကြသည်။ သူ၏ နည်းလမ်းများမှာ... ရက်စက်ပြီး သနားညှာတာမှု ကင်းမဲ့လှသည်။ သူ၏ လမ်းခရီးတလျှောက်... နတ်ဘုရားများနှင့် ဗုဒ္ဓများကိုပင် သတ်ဖြတ်ပစ်မည့် အသွင်...။

အကျိုးဆက်အနေဖြင့်... ဖုန်းဝူချန်၏ ကိုယ်မှာ ရန်သူများ၏ သွေးများဖြင့်... စွန်းထင်းနေသည်။ ၎င်းက သွေးစွန်းနေသော မိစ္ဆာ တစ်ကောင်ကဲ့သို့ သူ့အား အလွန် မသတီစရာ... ဖြစ်စေသည်။

"ပြိုင်ဘက်ကင်းမြို့" သို့ ပြန်ရာ သူ၏ လမ်းခရီးမှာ... အခြေခံအားဖြင့်... သွေးစွန်းသော လမ်းတစ်ခု ဖြစ်နေခဲ့သည်။ ... လူနှစ်ရာနီးပါး... သေဆုံးခဲ့၏။

သတ်ဖြတ်ခံရသူများထဲတွင်... နိုင်ငံအသီးသီးမှ အဓိက အင်အားစုများ၏ အစွမ်းထက် ပုဂ္ဂိုလ်များသာမက... အင်ပါယာများမှ အစွမ်းထက် ကျင့်ကြံသူများ... တစ်သီးပုဂ္ဂလ ကျင့်ကြံသူ အချို့ပင် ပါဝင်သည်။ ... သို့သော်... အများစုမှာ... နိုင်ငံများ၏ အဓိက အင်အားစုများမှ ဖြစ်ကြသည်။

ထျန်းဝူအင်ပါယာ၏ "ကောင်းကင် အရိပ်တပ်" နှင့် "အလံနက် တပ်ဖွဲ့"... ဤ တိုက်ပွဲမြေပြင်များကို ဖြတ်သန်းသွားသည့်အခါ... သေဆုံးနေသော ကျင့်ကြံသူများကို မြင်တွေ့ရသည်နှင့်... အရိုးတွင်းထိ အေးစိမ့်သွားကြသည်။

ဖုန်းဝူချန်၏ ထူးခြားသော သတ်ဖြတ်မှု လက္ခဏာ... လည်ပင်းကို ဓားတစ်ချက်တည်းဖြင့် တံဆိပ်ခတ်ခြင်းမှာ... စစ်သည်တော်များအတွက် သိသာထင်ရှားလှသည်။ ... ဤ ပုဂ္ဂိုလ်များ... ဖုန်းဝူချန်၏ လက်ချက်ဖြင့် သတ်ဖြတ်ခံရကြောင်း... သူတို့ တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်ကြသည်။

က

ဖုန်းဝူချန် "ပြိုင်ဘက်ကင်းမြို့" သို့ ပြန်ရောက်သောအခါ... သူသည် ဖုန်းမိသားစု စံအိမ်မှ ထွက်ပေါ်နေသော... အလွန် ဖိနှိပ်ချုပ်ချယ်နိုင်သော အရှိန်အဝါ အများအပြားကို... ချက်ချင်း အာရုံခံမိလိုက်သည်။ ... သူ၏ မျက်နှာမှာ... ချက်ချင်း လေးနက်သွားပြီး... ရေခဲတမျှ အေးစက်သွားသည်။

"...ဒီလူတွေ... တဖြည်းဖြည်းနဲ့... ထိန်းမနိုင်သိမ်းမရ... ပိုဖြစ်လာကြပြီ...။ ... ငါ့ကို... ထျန်းဝူအင်ပါယာရဲ့... စစ်သူကြီးချုပ်အဖြစ်... လုံးဝ အလေးမထားကြတော့ဘူးပဲ..."

ယခုအခိုက်အတန့်မှာ ဖုန်းမိသားစု စံအိမ် အတွင်းတွင်... အစွမ်းထက် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ... ဖုန်းမိသားစုကို... မရပ်မနား တိုက်ခိုက်နေကြလေ၏။ ကြောက်မက်ဖွယ် စွမ်းအား လှိုင်းများ... အဆက်မပြတ် ထုတ်လွှတ်နေကြ၏။

ဖုန်းမိသားစု ခြံဝင်းထဲတွင်... လင်ရှောင်ရှောင်က... အစွမ်းထက် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ၏ တိုက်ခိုက်မှုကို... ကြောက်မက်ဖွယ် အကာအကွယ်လွှာ တစ်ခုဖြင့်... ပိတ်ဆို့ထားသည်။ ... သူတို့ထဲတွင်... ယွမ်တန်ဘုံ နဝမ အလွှာမှ ကျင့်ကြံသူများပင် ပါဝင်၏။

သူတို့က... ဖုန်းမိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များကို... အရှင် ဖမ်းဆီးပြီး... ဖုန်းဝူချန်ကို ခြိမ်းခြောက်ရန်... ရည်ရွယ်ခဲ့ကြသည်။ ... သို့သော်... ဖုန်းမိသားစုမှ ဤမျှ ငယ်ရွယ်သော မိန်းကလေး တစ်ဦးက... ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခုခံ အကာအကွယ်လွှာကို ပိုင်ဆိုင်ထားလိမ့်မည်ဟု... မည်သူကမျှ မမျှော်လင့်ထားခဲ့မိချေ...။ ... သူတို့၏ တိုက်ခိုက်မှု အားလုံးကို... တစ်စက်ကလေးမျှ မထိခိုက်ဘဲ... ပိတ်ဆို့ထားနိုင်ခဲ့လေသည်။

ဒါဇင်ပေါင်းများစွာသော လူများ၏ စွမ်းအားဖြင့်ပင်...အကာအကွယ်လွှာအား တုန်ခါအောင်ပင်... မစွမ်းနိုင်ခဲ့ကြ...။

အလွန် ခြိမ်းခြောက်သော သတ်ဖြတ်လိုစိတ် တစ်ခု... "ပြိုင်ဘက်ကင်းမြို့" အပေါ် သို့ ဖြန့်ကျက်လာသည်။ ... ခံ့ညားထည်ဝါသော အရှိန်အဝါတစ်ခု... အဟုန်ပြင်းပြင်း လည်ပတ်နေ၏။

“ဖုန်းမိသားစုကို... အနိုင်ကျင့်သူ... သေစေရမယ်”

ဖုန်းဝူချန်၏ အသည်းအထန် ဒေါသထွက်နေသော ဟိန်းဟောက်သံက... "ပြိုင်ဘက်ကင်းမြို့" အထက်မှ ကောင်းကင်ယံတွင်... ပဲ့တင်ထပ်သွား

လေသည်။

"ဖုန်းဝူချန်ပဲ....."

"ဖုန်းဝူချန်... ပြန်လာပြီ"

အစွမ်းထက် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ၏ မျက်နှာများ... သိသိသာသာ မည်းပုပ်သွားကြသည်။ ...

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်နှင့်... ဖိနှိပ်ချုပ်ချယ်သော အရှိန်အဝါက... သူတို့ကို တုန်ရီသွားအောင်... ကြောက်လန့်စေခဲ့သည်။

"စစ်သူကြီးချုပ်"

"တတိယ သခင်လေး... ပြန်လာပြီ"

"အစ်ကိုဖုန်း"

ဖုန်းမိသားစုမှ အဖွဲ့ဝင်များ... ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီး... စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

ဖုန်းဝူချန်သည်... သူတို့၏ စိတ်ဓာတ်ရေးရာ ခေါင်းဆောင်...။ ဖုန်းမိသားစု၏ ကျားကန်ထားသော တိုင်...။ ... လူတိုင်း၏ မျှော်လင့်ချက်...။

ဖုန်းဝူချန်၏ အရှိန်မှာ... မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။ ... သူ၏ နောက်ကျောမှ တောင်ပံများကို ခတ်လိုက်ရင်း... မျက်စိတစ်မှိတ်အတွင်း

... ဖုန်းမိသားစု စံအိမ် အထက်သို့... ပေါ်ထွက်လာသည်။ ... သွေးများဖြင့် ဖုံးလွှမ်းလျက်... ထိုပြင်းထန်သော သတ်ဖြတ်မှု အငွေ့အသက်နှင့်အတူ... သူသည်... လူ့ဇာတိ ခံယူထားသော... မိစ္ဆာတစ်ကောင်ကဲ့သို့ပင်...။

"ဖုန်းဝူချန်ကို... သတ်ကြ ဟေး"

ထိုသို့ ယွမ်တန်ဘုံ နဝမ အလွှာမှ... အဘိုးအို ပုံရိပ်တစ်ခုက... ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ပြေးကြ တော့၊ ပြေး "

သတ္တိနည်းသော ကျင့်ကြံသူ အများအပြားမှာ... ဖုန်းဝူချန် ပေါ်လာသည့် ထိုအခိုက်မှာပင်... ကြောက်လန့်လွန်း၍... သတိလစ်မတတ် ဖြစ်သွားကြပြီး... သုတ်ခြေတင် ထွက်ပြေးကြတော့သည်။

""ကိုးထပ် ချန်ခွန်း မျှော်စင်"

ဖုန်းဝူချန်က ကြွေးကြော်လိုက်သည်။

တဆက်တည်း၌... အနက်ရောင် လက်တစ်ဖက်က... ရွှေရောင် အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်သည်။ ...

ထိတ်လန့်နေသော လူတိုင်း၏ မျက်စိရှေ့တွင်... "ကိုးထပ် ချန်ခွန်း မျှော်စင်" ... ချက်ချင်းဆိုသလို... ဧရာမ အရွယ်အစားအဖြစ်သို့..ကျယ်ပြန့်သွားသည်။ ... ၎င်း၏ ရွှေရောင် အလင်းတန်းများက... "ပြိုင်ဘက်ကင်းမြို့" တစ်ခုလုံးကို... ဖုံးလွှမ်းသွားလုနီးပါးပင်...။

အလွန်အမင်း လွှမ်းမိုးချုပ်ချယ်နိုင်သော ဖိနှိပ်မှု စွမ်းအားတစ်ခု... အောက်သို့ ဖိချလာသည်။ ... အစွမ်းထက် ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ၏ မျက်နှာများ... အကြီးအကျယ် ပြောင်းလဲသွားကြ၏။ ... သူတို့၏ အစစ်အမှန် ယွမ်စွမ်းအင်များ... အတင်းအဓမ္မ ဖိနှိပ်ခံလိုက်ရသည်ကို... ရှင်းလင်းစွာ ခံစားလိုက်ကြရသည်။

"မင်းတို့... ဒီကို လာရဲမှတော့... သေဖို့ ပြင်ဆင်ထားကြ"ဖုန်းဝူချန်က ရက်စက်စွာ ကြိမ်းမောင်းရင်း "အထွတ်အထိပ် နဂါးနတ်ဘုရားဓား" ကို ဝှေ့ယမ်းလျက် အရှေ့သို့ ပျံဝဲလာလေ၏။

"သတ်ကြ...။ တစ်ယောက်မှ... အရှင် မထားနဲ့"

ချီဟွမ်က ဟိန်းဟောက်လိုက်သည်။ ... ရက်စက်သော သတ်ဖြတ်လိုစိတ်များ... ပေါက်ကွဲထွက်လာ၏။

ထိုစဉ် လင်ရှောင်ရှောင်က... သူမ၏ အစစ်အမှန် ယွမ်စွမ်းအင်ကို တိုး၍ စုစည်းလိုက်သည်။ ...

မယုံနိုင်လောက်အောင် အစွမ်းထက်သော စွမ်းအားတစ်ခု...သူမထံမှ ထုတ်လွှတ်လာ၏။ ... တစ်ခဏအတွင်း... လင်ရှောင်ရှောင်၏ အရှိန်အဝါမှာ... ယွမ်တန်ဘုံ နဝမ အလွှာသို့

မြင့်တက်သွားတော့သည်။

All Chapters