နေ့တိုင်း ပိုမို သန်မာလာခြင်း
Vol. 13 Ch. 183
~ကောင်းကင်ဗိမာန်….။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် ကောင်းကင်ဗိမာန်အထက်သို့ ပျံလွှား ရောက်ရှိလာကြ၏။ ပြန်လည် တည်ဆောက်ထားသော နန်းတော်ကြီးမှာ လုံးဝ အသစ်အသစ်အတိုင်း ဖြစ်နေသည်။
ခမ်းနားထည်ဝါလှသော နန်းတော်ကြီးက မြင်ရသူတိုင်းကို သာယာကြည်နူးသော ခံစားချက်များ ဖြစ်ပေါ်စေပါ၏။
ကောင်းကင်ဗိမာန်တွင် သေဒဏ်ကျ အကျဉ်းသား အသစ်တစ်သုတ် ထပ်မံ ဖြည့်တင်းထားသော်လည်း၊ ချီဟွမ်နှင့် အခြားသူများ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာမှုကြောင့် ၎င်း၏ အင်အားမှာလည်း တိုးတက်လာခဲ့သည်။
ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်။
"ကောင်းကင်ဗိမာန်"ရဲ့ အင်အားက အရင်ကထက်တော့ အများကြီး ပိုသန်မာလာတာ မှန်တယ်... ဒါပေမဲ့... အားနည်းနေတုန်းပဲ..."
လင်ရှောင်ရှောင်က ခပ်ဖွဖွ ရယ်မောလိုက်၏။
"အစ်ကိုကြီးဖုန်းရယ်... "ကောင်းကင်ဗိမာန်"က အချိန်လိုသေးတာပေါ့... လောစရာ မလိုပါဘူးရှင့်..."
"အင်း"
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ အရာရာတိုင်းသည် အစွန်းရောက်သွားသည့်အခါ ဆန့်ကျင်ဘက်သို့ ပြောင်းလဲသွားတတ်သည့် သဘောတရားကို သူ နားလည်ပါ၏။
သူ၏ လက်ဖဝါးကို ငုံ့ကြည့်ရင်း ဖုန်းဝူချန်တစ်ယောက် အတွေးဝင်သွားသည်။
"ငါ့ရဲ့ သွေးမျိုးဆက်က အပြည့်အဝ မနိုးထသေးဘူးလား...။ ခုနက ခံစားလိုက်ရတဲ့ ခံစားချက်... အဲ့ဒါက သွေးမျိုးဆက် စွမ်းအားကိုတောင် ကျော်လွန်သွားသလိုပဲ...။ အဲ့ဒီစွမ်းအားက... အတိအကျ ဘာကြီးလဲ..."
ယခင် သူ၏ ကိုယ်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာသော ကြောက်မက်ဖွယ် အပူရှိန်သည် သွေးမျိုးဆက် စွမ်းအား နိုးထလာစဉ်ကနှင့် ဆင်တူလှသည်။ သို့သော်... ဖုန်းဝူချန်က ၎င်းအတွင်း၌ ပုံမှန်မဟုတ်သော စွမ်းအားတစ်ခု ပုန်းကွယ်နေသည်ကို ခံစားမိလိုက်ရ၏။
"ဘယ်လိုလုပ်မှ... ငါ့သွေးမျိုးဆက်ကို အမြန်ဆုံး အပြည့်အဝ နိုးထအောင် လုပ်လို့ရမှာလဲ..."ဖုန်းဝူချန်၏ နှလုံးသားထဲတွင် အနည်းငယ် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသည်။
သူ၏ သွေးမျိုးဆက် အပြည့်အဝ နိုးထလာပြီးနောက် မည်သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာမည်ကို သိမြင်လိုလှချေပြီ။
"ဝှစ်.. ဝှစ်.. ဝှစ်.."
“ဗိမာန်သခင်ကို နှုတ်ဆက်ပါတယ်”
ချီဟွမ်နှင့် အခြားသူများမှာ လျှပ်တစ်ပြက် ပေါ်ထွက်လာကြပြီး လေးနက်စွာ အရိုအသေပေးလိုက်ကြသည်။ ကောင်းကင်ဗိမာန်မှ လူများအားလုံးလည်း ဒူးတစ်ဖက် ထောက်ချလိုက်ကြ၏။ သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်တို့ဖြင့် ပြည့်လွှမ်းနေလေသည်။
ဖုန်းဝူချန်သည် ယခုအခါ အင်ပါယာကြီး လေးခုလုံးကို တုန်လှုပ်စေခဲ့သော နာမည်ကျော် ပါရမီရှင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ... လေးစားမှု၊ ကြည်ညိုမှုတို့ကို တစ်ခဲနက် ရရှိထားသူ ဖြစ်သည်။
ကောင်းကင်ဗိမာန်မှ လူများမှာ အင်ပါယာမှ သေဒဏ်ကျ အကျဉ်းသားများ ဖြစ်ကြသည်။ သူတို့သည် ဖုန်းဝူချန်ကြောင့် ပြန်လည်မွေးဖွားခွင့် ရရှိခဲ့ကြသည့်အပြင် ပိုမို အင်အားကြီးမားလာခဲ့ကြရာ... ထိုကျေးဇူးတရားအတွက် အလွန်တရာ သိတတ်ကြလေ၏။
ထို့ကြောင့်... ဖုန်းဝူချန်အပေါ် သူတို့၏ သစ္စာစောင့်သိမှုနှင့် လေးစားမှုတို့သည် သူတို့၏ နှလုံးသား အနက်ရှိုင်းဆုံးမှ ထွက်ပေါ်လာခြင်း ဖြစ်တော့သည်။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ မြေပြင်ပေါ်သို့ ဆင်းသက်လာကြပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး”
ထိုအခါ “ဗိမာန်သခင်... အခြေအနေတွေက ဘယ်လို တိုးတက်နေလဲ ဗျ “ဟု ချီဟွမ်က မေးလိုက်သည်။
ဖုန်းဝူချန်က ခေါင်းခါလိုက်ရင်း…
“ဘာမှ တိုးတက်မှု မရှိဘူး”
“ဘယ်သူကများ ဒီလောက် သတ္တိရှိနေရတာလဲ”
လန်မူချန်က လေးနက်သော အသံဖြင့် မေးလိုက်သည်။
သွမ့်ထျန်းဖုန်းက ဝင်ရောက် ပြောလာသည်။
“တကယ်လို့သာ ရှာလို့ ရမယ်ဆိုရင်... ဗိမာန်သခင် ဒီလောက် စိတ်ပူနေမှာ မဟုတ်ဘူးပေါ့ဗျာ”
“ထားလိုက်ပါ... အဲ့ဒီအကြောင်း အခု မပြောကြသေးဘူး”
ဖုန်းဝူချန်က လက်ကာပြလိုက်ပြီး...
“ကျွန်တော် ဒီကိုလာတာ တခြားကိစ္စတစ်ခု ရှိလို့ပဲ”
“ကျေးဇူးပြုပြီး ပြောပြပါ..”
ဗိမာန် အကြီးအကဲ ချီဟွမ်က ရိုသေစွာ လက်ဟန်ပြလိုက်သည်။
ခန်းမကျယ်ကြီးထဲတွင် ဖုန်းဝူချန်က အဓိကနေရာတွင် ဝင်ထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ကျေနပ်စွာ စစ်ဆေးကြည့်လိုက်၏။
"ကျွန်တော့်အစ်ကိုကြီးနဲ့ အစ်ကိုလတ်တို့... လေ့ကျင့်နေကြတုန်းလား” ဖုန်းဝူချန်က မေးလိုက်သည်။
“ဟုတ်ကဲ့... သူတို့ ဒီလဝက်လုံးလုံး မနားတမ်း အင်အားဖြည့်တင်းနေကြတာပါ။ ဒီတစ်ခေါက် တံခါးပိတ် လေ့ကျင့်မှုနဲ့ဆိုရင်... ယွမ်တန်ဘုံကို ချိုးဖျက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ချီဟွမ်က ရိုသေစွာ ပြန်ဖြေသည်။
“ရွှယ်ဖုန်း... သူတို့ကို ချက်ချင်း ထွက်လာခိုင်းလိုက်...။ ပြီးတော့ ခင်ဗျားတို့အားလုံးလည်း ပြင်ဆင်ထားကြ...။ မကြာခင် ကျွန်တော်နဲ့အတူ ဖုန်းမိသားစုကို လိုက်ခဲ့ကြရမယ်”
ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ လေသံဖြင့် ဆိုသည်။
“ဗိမာန်သခင်... ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ ခင်ဗျာ” ဟော့မင်က အံ့အားသင့်စွာ မေးလိုက်သည်။
“လေ့ကျင့်ဖို့ ပိုကောင်းတဲ့ နေရာတစ်ခု ရှိတယ်...။ ခင်ဗျားတို့ လိုက်မလား... မလိုက်ဘူးလား…”ဖုန်းဝူချန်က ပြုံးရင်း မေးလိုက်သည်။
“လေ့ကျင့်ဖို့ ပိုကောင်းတဲ့ နေရာ... ဟုတ်လား။ လိုက်မှာပေါ့။ ... သေချာပေါက် လိုက်မှာပေါ့ဗျာ”
ချီဟွမ်နှင့် အခြားသူများ ချက်ချင်းပင် ဝမ်းသာအားတက်သွားကြပြီး ရွှယ်ဖုန်းမှာလည်း အမိန့်ကို အကောင်အထည်ဖော်ရန် အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။
ချီဟွမ်နှင့် အခြားသူများအတွက်မူ... သူတို့၏ ကျင့်ကြံမှု တိုးတက်ရေးသည် အရေးကြီးဆုံးအရာ ဖြစ်သည်။ လေ့ကျင့်ရန် ပိုကောင်းသော နေရာတစ်ခု ရှိမှန်း သိလိုက်ရသည့်အခါ... သူတို့ စိတ်မလှုပ်ရှားဘဲ နေပါက ထူးဆန်းနေပေလိမ့်မည်။
မိနစ်အနည်းငယ် ကြာသောအခါ... ဖုန်းကျန့်နှင့် ဖုန်းယွမ်တို့သည် ခန်းမကျယ်ကြီးထဲသို့ လျှပ်တစ်ပြက် ရောက်ရှိလာကြသည်။ ခဏတာ စကားစမြည် ပြောဆိုပြီးနောက် လူအားလုံး ဖုန်းဝူချန်၏ နောက်မှ လိုက်ပါကာ ကောင်းကင်ဗိမာန်မှ ထွက်ခွာသွားကြတော့သည်။
"ညီလေး... ငါတို့ ဘယ်သွား လေ့ကျင့်ကြမှာလဲ"ဖုန်းကျန့်က သိချင်စိတ်ဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။
“နတ်ဘုရား တောင်ကြား" ပေါ့..”
ဖုန်းဝူချန်က ပြုံးလျက် ဆိုသည်။
“နတ်ဘုရား တောင်ကြား... ဟုတ်လား”
ဖုန်းကျန့်နှင့် အခြားသူများ အနည်းငယ် တုန်လှုပ်သွားကြ၏။ အားလုံး၏ အကြည့်များက အံ့အားသင့်မှုများဖြင့် ဖုန်းဝူချန်ထံသို့ စုပြုံရောက်ရှိသွားသည်။
“ဗိမာန်သခင်... လက်ရှိ အခြေအနေအရဆိုရင်... နိုင်ငံအသီးသီးက အင်အားကြီး အဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေ အများကြီးက ဗိမာန်သခင်ရဲ့ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လိုချင်နေကြတာ...။ ကျုပ်တို့ အန္တရာယ် မများသင့်ဘူး ထင်တယ်” ခွမ်းကျန့်က လေးနက်စွာ ဆိုသည်။
ချီဟွမ်က မျက်မှောင်ကြုတ်လိုက်သည်။
“ခွမ်းကျန့် ပြောတာ ဟုတ်ပါတယ်...။ ကျွန်တော်တို့မှာ အင်အားကြီးတဲ့ ရန်သူတွေ များလွန်းတယ်...။ ဒါက တော်တော် အန္တရာယ်များပါတယ်”
ထိုအခါ ဖုန်းဝူချန်က လျှို့ဝှက်စွာ ပြုံးလိုက်ရင်း
“ကျွန်တော် ပြောတဲ့ "နတ်ဘုရား တောင်ကြား" က... ခင်ဗျားတို့ ထင်နေတဲ့ နေရာ မဟုတ်ဘူး”
လူစုမှာ နောက်တစ်ကြိမ် ထပ်မံ ကြောင်အသွားကြပြန်သည်။
..သူတို့ ထင်နေသော "နတ်ဘုရား တောင်ကြား" မဟုတ်ဘူး ဟုတ်လား။
ဆရာဖုန်းက ဘာကို ဆိုလိုချင်တာလဲ။
ချီဟွမ်နှင့် အခြားသူများမှာ လုံးဝ ရှုပ်ထွေးသွားကြသည်။
သို့နှင့် ဖုန်းမိသားစုသို့ ပြန်သွားလိုက်ပြီးနောက် ဖုန်းဝူချန်သည် "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ဆင့်ခေါ်လိုက်ပြီး စိတ်အကြံ တစ်ခုဖြင့် ချီဟွမ်နှင့် အခြားသူများကို မျှော်စင်အတွင်းသို့ ခေါ်ဆောင်သွားတော့သည်။
ဖုန်းဝူချန်က သူတို့ကို "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ဒုတိယအလွှာ နေရာလပ်သို့ ခေါ်ဆောင်လာခဲ့သည်။
ချီဟွမ်နှင့် အခြားသူများ သူတို့၏ မျက်စိရှေ့မှ ရှည်လျားသော ဓားများ၊ မယုံနိုင်လောက်အောင် ကြီးမားသော ငှက်များနှင့် ကြောက်မက်ဖွယ် သားရဲများ၊ ဧရာမ ရှေးဟောင်းသစ်ပင်ကြီးများ၊ ပန်းများနှင့် အပင်များကို မြင်လိုက်ရသည့်အခါ... သူတို့အားလုံး အံ့အားသင့်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။
"ဒါ... ဒါက တကယ်ကြီးလား...။ ဟုတ်မှ မဟုတ်တာ..."
""ကိုးထပ် ချန်ခွန်း မျှော်စင်" ထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ နေရာ ရှိနေတာလား…”
“ဗိမာန်သခင်... ဒါ... ဒါက... ဗိမာန်သခင် ပြောတဲ့ "နတ်ဘုရား တောင်ကြား" လား ဗျ…"
ချီဟွမ်နှင့် အခြားသူများမှာ အကြီးအကျယ် တုန်လှုပ်သွားကြသည်။ ဤမျှ ထူးဆန်းပြီး မှော်ဆန်လှသော နေရာမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။
ဤနေရာမှ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုကလည်း "နတ်ဘုရား တောင်ကြား" ကဲ့သို့ပင် ဖြစ်နေ၏။
ဖုန်းဝူချန်က အကြီးအကျယ်
တုန်လှုပ်နေသော ချီဟွမ်နှင့် အခြားသူများကို ကြည့်ရင်း ခပ်ဖျော့ဖျော့ ပြုံးကာ မှာကြား
လိုက်သည်။
“ဒါက "နတ်ဘုရား တောင်ကြား" အစစ်ပဲ...။ ဘာလို့ "ကိုးထပ် ချန်ခွန်း မျှော်စင်" ထဲ ရောက်နေလဲတော့... ကျွန်တော်လည်း မသိဘူး။ အကြီးအကဲချုပ်နဲ့ အမေကတော့ "ဝိညာဉ်ရေကန်" မှာ ကျင့်ကြံနေကြတယ်။ ခင်ဗျားတို့အတွက် အချိန် နှစ်လ ရမယ်...။ ကျွန်တော့်ကို စိတ်မပျက်စေနဲ့”
“ဒီသားရဲတွေက အတုအယောင်တွေ မဟုတ်ဘူးနော်...။ ဂရုစိုက်ကြပါ”
လင်ရှောင်ရှောင်က ကြင်နာစွာ သတိပေးလိုက်သည်။
“ နတ်ဘုရား တောင်ကြား" ထဲက ရတနာအားလုံးက... ဒီနှစ်လလုံးလုံး ခင်ဗျားတို့အတွက်ပဲ။ ခင်ဗျားတို့ရဲ့ ပါရမီတွေနဲ့ဆိုရင်... နှစ်လအတွင်း အဆင့်တက်ဖို့က လုံးဝ ပြဿနာမရှိဘူး။ ဒါတွေက ကျွန်တော် ခုလေးတင် သန့်စင်ထားတဲ့ အဆင့်လေး ဆေးလုံးတွေပဲ..”
ဖုန်းဝူချန်သည် ချီဟွမ်နှင့် အခြားသူများအပေါ် အလွန် ယုံကြည်မှု ရှိလေသည်။
"ကောင်းကင် အရိပ်တပ်" နှင့် "အလံနက် တပ်ဖွဲ့" နှစ်ခုလုံးတွင် ထူးကဲသော ပါရမီများ ရှိကြသည်။ ဆေးလုံးများနှင့် မရေမတွက်နိုင်သော ကောင်းကင်နှင့် မြေကြီး ရတနာများ၏ အကူအညီဖြင့် ကျင့်ကြံကြမည်ဆိုလျှင် သူတို့၏ တိုးတက်မှုများမှာ မယုံနိုင်လောက်အောင် လျင်မြန်ပေလိမ့်မည်။
ချီဟွမ်နှင့် အခြားသူများ မတုံ့ပြန်နိုင်ခင်မှာပင် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် "ကိုးထပ် ချန်ခွန်း မျှော်စင်" ထဲမှ ထွက်ခွာသွားကြလေပြီ။
ရရှိနိုင်သော အချိန်ကို အခွင့်ကောင်းယူလျက် ဖုန်းဝူချန်သည် ဖုန်းမိသားစုနှင့် ကောင်းကင်ဗိမာန်မှ လက်ရွေးစင်များအတွက် ကျင့်ကြံရန် စီစဉ်ပေးလိုက်သည်။ ဤကဲ့သို့ အရေးကြီးသော အချိန်များတွင် ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ထားခြင်းသည် မရှိမဖြစ် လိုအပ်ပါ၏။
အချိန်အခါက ပို၍ အရေးကြီးလေလေ... ၊ စက္ကန့်တိုင်းကို အမိအရ ဆုပ်ကိုင်၍ ကျင့်ကြံရန် ပို လိုအပ်လေလေ ဖြစ်သည်။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့က ပဉ္စမအလွှာ နေရာလပ်တွင် သွားရောက် လေ့ကျင့်ကြသည်။ လင်ရှောင်ရှောင်က စွမ်းအင်ခန္ဓာများကို စုပ်ယူ၍ သန့်စင်နေပြီး... ဖုန်းဝူချန်ကမူ "ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ" ကို ဆက်လက် နားလည် သဘောပေါက်အောင် ကြိုးစားနေခဲ့၏။
ပိုမို အစွမ်းထက်သော ဓားသိုင်းပညာရပ်တစ်ခုကို နားလည် သဘောပေါက်ထားခြင်းက ဤအဆင့်တွင် ဖုန်းဝူချန်အတွက် ပို၍ပင် အရေးကြီးနေသည်။
ဖုန်းဝူချန်သည် ထျန်းယွမ်ဘုံသို့ ရောက်ရှိရန် များစွာ လိုအပ်နေသေးပြီး အချိန်တိုအတွင်း အဆင့်တက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သို့သော်... သူ ရင်ဆိုင်ရမည့် ပြိုင်ဘက်များမှာ ထျန်းယွမ်ဘုံမှ ပညာရှင်များ ဖြစ်နေသည်။
အံ့အားသင့်ဖွယ် ကျင့်ကြံနှုန်းနှင့်ပင်... သူသည် ထျန်းယွမ်ဘုံကို ယှဉ်နိုင်စွမ်း မရှိသေးချေ။ သို့သော် ပိုမို ကြောက်မက်ဖွယ်ကောင်းသော ဓားသိုင်းအား နားလည် သဘောပေါက်နိုင်ခဲ့မည်ဆိုလျှင်... သူ၏ စစ်မှန်သော ကျင့်ကြံခွန်အားဖြင့် ပိုမို အစွမ်းထက်သော ဓားသိုင်းပညာကို အသုံးပြုခြင်းက ပိုမို ကောင်းမွန်သော အကျိုးကျေးဇူးများကို ရရှိစေပေလိမ့်မည်။
ထျန်းယွမ်ဘုံ ပညာရှင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသည့်တိုင်အောင်... အဓိက အင်အားကြီး အဖွဲ့အစည်းများမှ အစွမ်းထက် ပညာရှင် အများအပြားကို အနည်းဆုံးတော့ ဖိနှိပ်ထားနိုင်ပေလိမ့်မည်။
လူတိုင်း ကြိုးစားပမ်းစား ကျင့်ကြံနေကြစဉ် အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
စက္ကန့်တိုင်းကို လုယူကာ အရူးအမူး ကျင့်ကြံခြင်းအားဖြင့်... ဖုန်းမိသားစုနှင့် ကောင်းကင်ဗိမာန် နှစ်ဖွဲ့လုံး၏ အင်အားမှာ နေ့စဉ်နှင့်အမျှ တိုးတက် ကြီးထွားလာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... တစ်လ ကုန်ဆုံးသွားခဲ့ပြီး... ဖုန်းမိသားစုနှင့် ကောင်းကင်ဗိမာန်မှ ကျင့်ကြံသူများအားလုံး အဆင့်များ ချိုးဖျက် တက်လှမ်းနိုင်ခဲ့ကြကာ သူတို့၏ အင်အားမှာလည်း အလွန်အမင်း တိုးတက်လာခဲ့သည်။ သူတို့၏ ကြောက်မက်ဖွယ် ကျင့်ကြံနှုန်းက သူတို့ကိုယ်သူတို့ ထိပ်တန်း ပါရမီရှင်များ ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရစေသည်။
သို့သော်... အလျင်မြန်ဆုံး ကျင့်ကြံမှု တိုးတက်ခဲ့သူများမှာ... အခြားသူများထက် အချိန် နှစ်ဆ ရရှိခဲ့သော လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ ဖြစ်ကြသည်။ သူတို့နှစ်ဦးလုံးသည် ယခုအခါ ယွမ်တန်ဘုံ ဒုတိယလွှာသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။
ဖုန်းဝူချန်မှာမူ... နေရာတွင်ပင် ကျန်ရစ်ခဲ့သည်။ ထိုတစ်လတာ အချိန်ကို "ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ" ကို နားလည် သဘောပေါက်ရန် အသုံးပြုခဲ့သည်။ ကံမကောင်းစွာဖြင့်... ရရှိသော အကျိုးကျေးဇူးများမှာ သိသာထင်ရှားခြင်း မရှိလှဘဲ... ၎င်း၏ အချို့သော ကဏ္ဍများကိုသာ ထိုးထွင်း သိမြင်နိုင်ခဲ့၏။ သို့တိုင်... ၎င်းက ဖုန်းဝူချန်အတွက် ကြီးမားသော အကူအညီတစ်ခု ဖြစ်နေဆဲပါတည်း။ ၎င်း၏ စစ်မှန်သော အနှစ်သာရကို နားလည် သဘောပေါက်ရန်မှာမူ အချိန် ပိုမို လိုအပ်နေသေးသည်။
လင်ရှောင်ရှောင်၏ ကြောက်မက်ဖွယ် ပါရမီမှာကား ပြောစရာပင် မလိုတော့။ ကောင်းကင်နှင့် မြေကြီးမှ ရတနာများ၏ အကူအညီဖြင့် တစ်လကြာ ကျင့်ကြံပြီးနောက်... သူမသည် ယွမ်တန်ဘုံ သတ္တမလွှာသို့ တက်လှမ်းသွားခဲ့ပြီး... ကျင့်ကြံမှုအဆင့်တွင် ဖုန်းဝူချန်ကိုပင် ကျော်တက်သွားခဲ့လေသည်။
ထို ကျင့်ကြံနှုန်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး... သူမ၏ အစွမ်းထက်သည့် ပါရမီကြောင့် သာမက... သူမ ကျင့်ကြံသော ကျင့်စဉ်နှင့်လည်း သက်ဆိုင်နေသည်။ ၎င်းက လင်ရှောင်ရှောင်၏ ကျင့်စဉ် မည်မျှ အစွမ်းထက်ကြောင်းကို ပြသနေပါ၏။
“အစ်ကိုကြီးဖုန်း... ဓားသိုင်းပညာ နားလည်မှု အခြေအနေ ဘယ်လိုရှိလဲ"”
ဆင့်တက်သွားပြီးနောက် လင်ရှောင်ရှောင်က ဖုန်းဝူချန်ကို ကြည့်ရင်း မေးလိုက်သည်။ သူမ၏ ချစ်စဖွယ် မျက်နှာလေးထက်တွင် ချိုမြိန်သော အပြုံး တစ်ခု ပွင့်လန်းလာ၏။
ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးကာ…
“ဓားသိုင်းပညာက အရမ်း နက်နဲလွန်းတယ်...။ တစ်လလုံး ကြိုးစားတာတောင်... ငါ နည်းနည်းလေးပဲ သဘောပေါက်သေးတယ်”
“အင်မော်တယ် ပညာရပ်" တွေရဲ့ စွမ်းအားက ကြီးမားတာကိုး...။ လွယ်လွယ်နဲ့တော့ ရမှာ မဟုတ်ဘူးပေါ့...။ အစ်ကိုကြီးဖုန်း... လောစရာ မလိုပါဘူးရှင့်”
လင်ရှောင်ရှောင်က သာယာနာပျော်ဖွယ် ကောင်းသော အသံလေးဖြင့် ခပ်ဖွဖွ ရယ်မောကာ ဆိုသည်။
“အလျင်လိုလေ... စိတ်မလိုမကျ ဖြစ်ရလေပဲ မဟုတ်လား”
ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
“အစ်ကိုကြီးဖုန်း... ဓားသိုင်းပညာ နားလည်အောင် လုပ်နေတာကို ခဏ ရပ်လိုက်ပြီး... ရှောင်ရှောင်နဲ့အတူ လာကျင့်ကြံပါလား...။ ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအား မပေးပါနဲ့...။ တစ်ခါတလေကျရင်... အနားယူသင့်တယ်လေ...။ ဒါ့အပြင်... ကျင့်ကြံမှု တိုးတက်လာတာနဲ့အမျှ... သွေးမျိုးဆက် နိုးထလာမှုကလည်း ပိုမြန်လာမှာပါ” လင်ရှောင်ရှောင်က ဖုန်းဝူချန်၏ လက်ကို ဆွဲရင်း ပြုံးကာ ပြောလိုက်သည်။
“ကောင်းပြီလေ”
ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
ပြီးခဲ့သော တစ်လတာအတွင်း... နိုင်ငံအသီးသီးမှ အင်အားကြီး အဖွဲ့အစည်းများ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသော်လည်း... ဖုန်းဝူချန်က တံခါးပိတ် ကျင့်ကြံနေပြီး ဖုန်းမိသားစုမှ လက်ရွေးစင်များ တစ်ဦးတစ်ယောက်မျှ ထွက်ပေါ်လာခြင်း မရှိသည့်အတွက်... သူတို့မှာ ဘာမှ လုပ်နိုင်ခြင်း မရှိခဲ့ပေ။
ဖုန်းမိသားစုနှင့် ကောင်းကင်ဗိမာန်တို့ အင်အား တောင့်တင်းလာခြင်းမှာ သတင်းကောင်းတစ်ခု ဖြစ်သည်မှာ သေချာပါ၏။ သို့သော်... ကံမကောင်းသည်မှာ... ဖုန်းကျိန့်ရှုံးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ သတင်း မကြားရသေးခြင်းပင် ဖြစ်သည်။ အင်ပါယာမှ စုံစမ်းရန် လွှတ်လိုက်သူများ၏ အဆိုအရ... အဓိက အင်ပါယာကြီးများအားလုံးက ဤကိစ္စကို မသိရှိကြကြောင်းသာ တပြောတည်း ပြောနေကြသည်။
ဖုန်းကျိန့်ရှုံး ဖမ်းဆီးခံရပြီးနောက် တစ်လခွဲ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း... နောက်ကွယ်မှ ကြိုးကိုင်သူ မည်သူဖြစ်သည်ကို သဲလွန်စ တစ်ခုမျှ မရရှိသေးပေ။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး... မျက်စိတစ်မှိတ်အတွင်း နောက်ထပ် တစ်လ ကုန်လွန်သွားပြန်သည်။
နှစ်လကြာ တံခါးပိတ် ကျင့်ကြံပြီးနောက်... ဖုန်းမိသားစုမှ လက်ရွေးစင်များ၏ အင်အားမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
ဖုန်းချန်ယန်သည် ယွမ်တန်ဘုံ စတုတ္ထလွှာသို့ ဝင်ရောက်သွားခဲ့ပြီး သူ၏ ဆေးပညာအဆင့်မှာလည်း စတုတ္ထ အဆင့်သို့ ချိုးဖျက်ရန် အလွန် နီးစပ်နေလေပြီ။
ရှောင်ချင်းချင်းမှာ ယွမ်တန်ဘုံ တတိယလွှာသို့ ဝင်ရောက်သွားပြီး အလွှာ နှစ်ခု တက်လှမ်းနိုင်ခဲ့သည်။
ဖုန်းမိသားစုမှ အခြား လက်ရွေးစင်များမှာမူ သူတို့၏ ပါရမီများကြောင့် နှစ်လအကြာတွင် ကျင့်ကြံမှုအလွှာ တစ်ခုစာ တိုးတက်ခဲ့ကြသည်။ သို့သော်... ဤမျှလောက်ကပင် သူတို့ကို အလွန်အမင်း ပျော်ရွှင်သွားစေခဲ့ပြီ ဖြစ်သည်။
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့၏ အမြန်နှုန်းမှာ အတုန်လှုပ်ဆုံး ဖြစ်သည်။ သူတို့သည် ယခုအခါ ယွမ်တန်ဘုံ စတုတ္ထလွှာသို့ ရောက်ရှိနေကြပြီဖြစ်ပြီး... သူတို့နှစ်ဦးပေါင်း၏ ကျင့်ကြံခွန်အားမှာ ယွမ်တန်ဘုံ ဆဌမ အလွှာမှ တစ်စုံတစ်ယောက်နှင့်ပင် ယှဉ်ပြိုင်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဖုန်းမိသားစုမှ အစောင့်များမှာ... တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား ကြောက်လွန်း၍ ချွေးတောင် ပြန်သွားကြသည်။
ဤအဖြစ်ကြောင့်... လျိုချင်းယန်တစ်ယောက် ကောင်းကင်ကိုးလွှာပေါ် ရောက်နေသကဲ့သို့ ပျော်ရွှင်နေတော့သည်။
ဖုန်းယွမ်နှင့် ဖုန်းကျန့်တို့မှာ ယွမ်တန်ဘုံ ဒုတိယလွှာသို့ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ကြပြီး သူတို့၏ ကျင့်ကြံနှုန်းမှာလည်း တဟုန်ထိုး တက်လာခဲ့သည်။ ချီဟွမ်နှင့် အခြားသူများ၏ လေ့ကျင့်ပေးမှုအပြီးတွင်... ဖုန်းကျန့်နှင့် ဖုန်းယွမ်တို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သိသိသာသာ မြင့်တက်လာခဲ့သည်။
ချီဟွမ်နှင့် ကျန်လူများအတွက်မူ ပြောစရာပင် မလိုတော့။ သူတို့ ရှစ်ဦးလုံး ကျင့်ကြံမှု အလွှာ နှစ်ခုစာ တက်လှမ်းနိုင်ခဲ့ကြပြီး သူတို့၏ အင်အားမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
ရှစ်ဦးထဲတွင်... အသန်မာဆုံးမှာ ချီဟွမ် ဖြစ်ပြီး... သူ၏ အဆင့်မှာ ယွမ်တန်ဘုံ ဆဌမ အလွှာသို့ ရောက်ရှိနေလေပြီ။
ဤကဲ့သို့ ကြောက်မက်ဖွယ် တိုးတက်မှုနှုန်းကိုသာ ဟွမ်ယန်နှင့် ယဲ့ချန်းချုံးတို့ သိရှိသွားပါက... သူတို့၏ မေးရိုးများ ပြုတ်ကျသွားသည်အထိ တုန်လှုပ် အံ့အားသင့်သွားကြမည်မှာ သေချာပါ၏။
နှစ်လတာ အချိန်အတွင်း... ဖုန်းမိသားစုနှင့် ကောင်းကင်ဗိမာန်တို့သည် ပိုမို အင်အားကြီးမားလာခဲ့ကြသည်မှာ လေးစားမှုတရားကို တောင်းဆိုနေသည့် အမှန်တရားတစ်ခု ဖြစ်လေသည်။
ဖုန်းဝူချန်အတွက်မူ... ထပ်ပြောစရာ မလိုတော့။ စွမ်းအင်ခန္ဓာများ၏ သန့်စင်သော စွမ်းအင်များနှင့် "နတ်ဆိုးသွေး ဖီးနစ် သစ်သီး" တို့ကို တစ်လကြာ စုပ်ယူပြီးနောက်... သူသည် ယွမ်တန်ဘုံ သတ္တမလွှာသို့ လွယ်ကူစွာ တက်လှမ်းနိုင်ခဲ့သည်။
"ဂုဏ်ယူပါတယ် အစ်ကိုကြီးဖုန်း...။ ယွမ်တန်ဘုံ သတ္တမအလွှာကို ရောက်သွားပြီပေါ့"သူ၏ ဘေးတွင် ရပ်နေသော လင်ရှောင်ရှောင်က သူ အဆင့်တက်သွားသည့် ထိုအခိုက်မှာပင် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဂုဏ်ပြုလိုက်သည်။
ဖုန်းဝူချန်က သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ကိုယ်အတွင်းမှ လှိုင်းထနေသော အရိုင်းဆန်သည့် စွမ်းအားများကို ခံစားလိုက်မိသည်။ ထို့နောက် ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်ကာ...
ပြောလိုက်၏။
“ခုချိန်မှာသာ ကာကွယ်စောင့်ရှောက်သူ ရှင်းလန်နဲ့ ပြန်တွေ့ရင်... အဲ့လူကြီး အသက် ထွက်ပြီပဲ”
ယွမ်တန်ဘုံ ဆဌမ အလွှာရှိ ဖုန်းဝူချန်သည် ထျန်းယွမ် အဆင့်အောက်တွင် ပြိုင်ဘက်ကင်းရန် ခက်ခဲနေသေးသည်။
ယခု... ဖုန်းဝူချန်သည် ယွမ်တန်ဘုံ သတ္တမ အလွှာသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်ရာ... သူ၏ တိုက်ခိုက်ရေး စွမ်းရည်မှာလည်း တဟုန်ထိုး တိုးတက်သွားခဲ့ချေပြီ။
သူသည် ထျန်းယွမ်ဘုံအောက်တွင် သံသယရှိစရာ မလိုလောက်အောင်ပင် အနိုင်မခံရသူ... ဖြစ်သွားခဲ့
လေတော့သည်။