← Chapters

ချက်ချင်း သတ်ဖြတ်ခြင်း

Vol. 13 Ch. 185

ချက်ချင်း သတ်ဖြတ်ခြင်း

Vol. 13 Ch. 185

~"ကိုးထပ် ချန်ခွန်း မျှော်စင်" ကို "နတ်ဘုရား တောင်ကြား" ထဲတွင် ရရှိခဲ့သည်မှာ အမှန်ပင်။ သို့သော် ဖုန်းဝူချန်က ၎င်းကို လက်လွှဲပေးလိမ့်မည်ဟု တွေးထင်နေခြင်းကတော့ မဖြစ်နိုင်ပေ။

ရွှေယွဲ့အင်ပါယာက ‘ကိုးထပ် ချန်ခွန်း မျှော်စင်’ကို ဖုန်းဝူချန် ..နတ်ဘုရား တောင်ကြားမှ ရရှိခဲ့ကြောင်း အခိုင်အမာ ပြောဆိုနေသောကြောင့်... ဖုန်းဝူချန်ကလည်း သူတို့ထံတွင် မည်သို့သော ရှင်းလင်းချက်မျိုး ရှိနေသည်ကို သိမြင်လိုသေးသည်။

"ကိုးထပ် ချန်ခွန်း မျှော်စင်" အတွက်နှင့်... နိုင်ငံ့ဧကရာဇ်တစ်ပါးက ဤမျှ ဦးနှောက်မရှိသော လှုပ်ရှားမှုမျိုး ပြုလုပ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ခိုင်မာသော သက်သေမရှိဘဲ အခိုင်အမာ ပြောဆိုနေခြင်းက... မည်မျှလောက် မဆင်မခြင်နိုင်လွန်းသနည်း။ ...ဒါက ဧကရာဇ်တစ်ပါး၏ အရှိန်အဝါ ဟုတ်ပါရဲ့လား။

"ဝူချန်... စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး"ဖုန်းချန်ယန်က သတိပေးစကား ဆိုလိုက်သည်။

ဖုန်းဝူချန်သည် ယဲ့ချန်းချုံးနှင့်အတူ နန်းမြို့တော်သို့ ခရီးနှင်ခဲ့လေသည်။

လင်ရှောင်ရှောင်နှင့် ချီဟွမ်တို့မှာမူ... သူတို့ မရှိသည့်အခိုက် နိုင်ငံအသီးသီးမှ ပညာရှင်များ အခွင့်ကောင်းယူ ဝင်ရောက်လာနိုင်ခြင်းကို ကာကွယ်ရန် ဖုန်းမိသားစု စံအိမ်တွင် ကျန်ရစ်ခဲ့ကြ၏။

ဖုန်းကျိန့်ရှုံး ပျောက်ဆုံးနေပြီး ဘယ်ရောက်နေမှန်း မသိရသေးသည့် အခြေအနေတွင်... ဖုန်းဝူချန်က အခြားမည်သူ့ကိုမျှ ထပ်မံ အန္တရာယ်ဖြစ်စေလိုခြင်း မရှိတော့ပေ။

လင်ရှောင်ရှောင်တစ်ယောက် ဖုန်းမိသားစု စံအိမ်တွင် ရှိနေသဖြင့်... ဖုန်းဝူချန် လုံးဝ စိတ်အေးနိုင်လေသည်။ ...အခြားနိုင်ငံများမှ ပညာရှင်များ သေရဲနေသမျှ... သူတို့ ဖုန်းမိသားစု စံအိမ်ကို ဝင်ရောက် ကျူးကျော်ကြည့်နိုင်ပါ၏။

"စစ်သူကြီးချုပ်... ခင်ဗျားမှာ ဘာအစီအစဉ် ရှိလဲ"နန်းမြို့တော်သို့ သွားရာ လမ်းခုလတ်တွင် ယဲ့ချန်းချုံးက မေးလိုက်သည်။

ယဲ့ချန်းချုံးသည် ဖုန်းဝူချန်၏ စိတ်နေသဘောထား အချို့ကို သိရှိထားသည်။ အကယ်၍ ဖုန်းဝူချန်ကို အကျပ်အတည်းထဲသို့ အမှန်တကယ် တွန်းပို့လိုက်မိပါက... သူသည် ဘာမဆို လုပ်နိုင်စွမ်း ရှိသူ ဖြစ်သည်။

"ဘာအစီအစဉ်မှ မရှိဘူး"

ဖုန်းဝူချန်က ခေါင်းခါရင်း အေးစက်စွာ ရယ်မောလိုက်သည်။

"ဟားဟား၊ ကျွန်တော် ဘာမှ မစီစဉ်ခင်... အင်ပါယာသုံးခုက ဘာတွေ စိတ်ကူးထားလဲ ဆိုတာကို အရင် သိချင်သေးတယ်"

ထိုအခါ ယဲ့ချန်းချုံးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

...ကြည့်ရတာ... စစ်သူကြီးချုပ် ဆုံးဖြတ်ချက် တစ်ခု ချပြီးသွားပုံပဲ...

ဖုန်းဝူချန်က တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်ခြင်းပါ။ သူ၏ နှုတ်ခမ်းထောင့်များက အန္တရာယ်ရှိသော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားရင်း... ယဲ့ချန်းချုံးအား ပြောလိုက်၏။

"ဗိုလ်ချုပ်ကြီး... ကျုပ် ဧည့်ခံစရာ ဧည့်သည်တချို့ ရှိနေလို့...။ ခင်ဗျား အရင် ပြန်နှင့်တော့ဗျ”

"လူသတ်အရှိန်အဝါ..."

ယဲ့ချန်းချုံးလည်း ထိုအရာကို ခံစားမိလိုက်ပြီး မျက်နှာထား အနည်းငယ် ခက်ထန်သွားသည်။ ထင်ရှားသည်မှာ... ရောက်ရှိလာသူ၏ ကျင့်ကြံခွန်အားက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ခက်ထန်သော မျက်နှာဖြင့် ယဲ့ချန်းချုံးက ဒေါသတကြီး ဆိုသည်။

""ကိုးထပ် ချန်ခွန်း မျှော်စင်" အတွက် ထပ်လာကြပြန်ပြီလား။ တောက်...။ ... ယန်ဟော်အင်ပါယာမှာ ဘယ်သူမှ မရှိဘူးလို့ ဒီလူတွေ တကယ်ထင်နေကြသလား"

"ဗိုလ်ချုပ်ကြီး...ပြေးပါတော့.."

ဖုန်းဝူချန်က လေသံတိုးတိုးဖြင့် သတိပေးလိုက်၏။

မိမိအနေဖြင့် အကူအညီ မပေးနိုင်သည့်အပြင် ဖုန်းဝူချန်အား ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုသည်ကို သိသဖြင့် ယဲ့ချန်းချုံးသည် ကိုယ်‌ဖော့သိုင်းကို အလျင်အမြန် ထုတ်ဖော်ကာ အရှိန်ပြင်းစွာဖြင့် ထွက်ပြေးသွားတော့သည်။

ယဲ့ချန်းချုံးသည် ယခုအခါ ယွမ်တန်ဘုံ ဆဌမ အလွှာတွင် ရှိနေပြီး အစွမ်းထက်သော်လည်း... စစ်မှန်သော ပညာရှင်ကြီးများနှင့် နှိုင်းယှဉ်ပါက... သူ၏ ကျင့်ကြံခွန်အားမှာ ပြောပလောက်အောင် မရှိလှပါ...။

အင်ပါယာအတွင်း ယဲ့ချန်းချုံး၏ ဂုဏ်သတင်းမှာ... တပ်များကို ဦးဆောင်၍ တိုက်ပွဲဝင်နိုင်စွမ်း ရှိခြင်းအပေါ်တွင်သာ တည်မှီနေသည်။

အင်ပါယာကြီး လေးခုလုံး သူ့ကို လျှော့တွက်ရဲသူ မရှိပေ။

"ဝှစ်.. ဝှစ်.. ဝှစ်.."

ယဲ့ချန်းချုံး ထွက်သွားပြီး မကြာမီ... သစ်တောအတွင်းမှ အနက်ရောင် အရိပ်သုံးခုသည် အလွန်တရာ လျင်မြန်သော အရှိန်ဖြင့် ပျံထွက်လာကြသည်။ ... သူတို့ တစ်ဦးချင်းစီထံမှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပျံ့လွင့်နေ၏။

ထိုသုံးဦးမှာ... အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ။

အားလုံး အသက် လေးဆယ်အရွယ်ခန့် ။

ကြောက်မက်ဖွယ် အရှိန်အဝါတို့ ထုတ်လွှတ်နေကြသည်။

အမျိုးသမီးမှာ ယွမ်တန်ဘုံ ဆဌမ အလွှာတွင် ရှိပြီး... အမျိုးသား နှစ်ယောက်မှာမူ ယွမ်တန်ဘုံ သတ္တမအလွှာတွင် ရှိရာ... သုံးဦးလုံး ကြီးမားသော ကျင့်ကြံခွန်အားများကို ပိုင်ဆိုင်ထားကြသည်။

"ဖုန်းဝူချန်... မင်း နောက်ဆုံးတော့ ပေါ်လာခဲ့ပြီပေါ့"အမျိုးသား တစ်ဦးက အေးစက်စွာ ဆိုသည်။

"ဟက်... ဆိုတော့... မင်းတို့က ငါ့မျှော်စင်အတွက် ထပ်လာကြပြန်ပြီပေါ့လေ။ ဘယ်သူတွေလဲ. ပြောစမ်း.."ဖုန်းဝူချန်က မခိုးမခန့် ရယ်မောရင်း မေးလိုက်သည်။

သူ၏ နှလုံးသားထဲမှ ဒေါသများမှာ မပျယ်သေးခင်မှာပင်... ဤလူများက သူတို့သဘောနှင့်သူတို့ သေမင်းတမန်ထံ လာရောက် ရှာဖွေနေကြသည်လား။

ဖုန်းဝူချန်မှာ သူ၏ အတွင်းမှ ဒေါသများကို ထုတ်လွှတ်ရန် နေရာတစ်ခု လိုအပ်နေခဲ့သည်။

""ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ထုတ်ပေး"အမျိုးသမီးက အေးစက်စွာ တောင်းဆိုလိုက်သည်။

"ငါက မိန်းမတွေကို မသတ်တတ်ဘူး။ ... မင်း အခုချက်ချင်း ထွက်သွားတာ ပိုကောင်းလိမ့်မယ်...။ မင်းကို သတ်ရအောင်အထိ ငါ့ကို အတင်း မတိုက်တွန်းနဲ့"ဖုန်းဝူချန်က ထိုအမျိုးသမီးကို မထီမဲ့မြင်ဖြင့် အပေါ်စီးမှ ကြည့်လိုက်သည်။

ဖုန်းဝူချန်သည် ကာကွယ်စောင့်ရှောက်သူ ရှင်းလန်ကိုပင် အရေးတယူ သဘောမထားလေခဲ့ပါ...။

ဤသုံးယောက်ကိုကား ပြောစရာပင် လိုမည် မဟုတ်ပေ။

"နင်... သေချင်နေတာလား"ဖုန်းဝူချန်၏ မထီမဲ့မြင် ပြုမှုကြောင့် ဒေါသထွက်သွားသော အမျိုးသမီးထံမှ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး... သူမ၏ စွမ်းအားအားလုံးကို နှိုးဆွလိုက်သည်။

"မင်းတို့က "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ဒီလောက်တောင် လိုချင်နေကြမှတော့... ငါ ပေးလိုက်မယ်လေ"ဖုန်းဝူချန်၏ မျက်နှာမှာ ချက်ချင်းပင် ကြမ်းတမ်းသွားပြီး... သူ၏ သတ်ဖြတ်လိုစိတ်က ကောင်းကင်သို့ တိုင်အောင် မြင့်တက်သွားတော့သည်။

""ကိုးထပ် ချန်ခွန်း မျှော်စင်" ..."ဖုန်းဝူချန်က ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ဒေါသများ ထစ်ချုန်းလာသည်။ ယွမ်တန်ဘုံ သတ္တမအလွှာ၏ အစစ်အမှန် ယွမ်စွမ်းအင်များ လှုံ့ဆော်ခံလိုက်ရပြီး... အရိုင်းဆန်ကာ ဖိနှိပ်ချုပ်ချယ်နိုင်လွန်းလှသည်။

ရှူးရှူးရှားရှား ဒေါသထွက်နေသော ဖုန်းဝူချန်သည်... လှုပ်ရှားလိုက်သည့် ထိုအခိုက်မှာပင်... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ထုတ်ယူလိုက်သည်။ ၎င်းက ထိုအချိန်တွင် သူ၏ သတ်ဖြတ်လိုစိတ် မည်မျှ ပြင်းထန်နေသည်ကို လုံလောက်စွာ ပြသနေပါ၏။

နိုင်ငံအသီးသီးမှ အဓိက အင်အားစုများက သူ၏ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လုယက်လိုကြသည် ဟုတ်လား။

သူက ရက်စက် ကြမ်းကြုတ်သော နည်းလမ်းများဖြင့် တုံ့ပြန်မည်။ သူတို့ နောက်တစ်ကြိမ် "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လုယက်ရန် စိတ်ကူးပင် မမွေးရဲတော့သည်အထိ အသက်တွေ ချွေပစ်မည်။

“ယွမ်တန်ဘုံ... သတ္တမအလွှာ.....”

သုံးယောက်လုံး၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားပြီး... တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။

..ဒီကောင်စုတ်လေး... တကယ်ကြီး အဆင့် ထပ်တက်သွားပြန်ပြီ..

မှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော ကာကွယ်စောင့်ရှောက်သူ ရှင်းလန်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး... ကြောက်လွန်း၍ မျက်လုံးများပင် ပြူးထွက်မတတ် ဖြစ်သွားသည်။

"အမြန် သတင်း ပို့လိုက်... ဖုန်းဝူချန်... ယွမ်တန်ဘုံ သတ္တမအလွှာကို ချိုးဖျက် သွားပြီလို့"

ဟု အခြား ပုန်းကွယ်နေသော နေရာတစ်ခုတွင်... လူတစ်ယောက်က တုန်လှုပ်စွာ အမိန့်ပေးလိုက်သည်။

နောက်ထပ် လျှို့ဝှက်သော နေရာတစ်ခုတွင်... အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးလည်း ကြောက်လွန်း၍ သတိလစ်မတတ် ဖြစ်သွားရသည်။

“ယွမ်တန်... ယွမ်တန်ဘုံ... ခု... သတ္တမအလွှာ...။ ... ဖုန်းဝူချန်က... ဘာကောင်ကြီးလဲ... လူ... ဒါမှမဟုတ်... တစ္ဆေလား”

သုံးယောက်သား ရင်ထိတ်နေစဉ်မှာပင်... ဖုန်းဝူချန်က "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ထုတ်ယူလိုက်ပြီ ဖြစ်သည်။

လေပြင်းများ ဒလဟော တိုက်ခတ်လာပြီး... အင်အားကြီးမားသော သစ်ပင်ကြီးများ တစ်ပင်ပြီးတစ်ပင် လေပြင်းဒဏ်ကို မခံနိုင်ဘဲ အဆက်မပြတ် လဲကျကုန်သည်။

သစ်တောတစ်ခုလုံး ယိမ်းခါသွား၏။ သစ်ရွက်များ နေရာအနှံ့ လွင့်ပျံနေပြီး... ကြီးမားသော ဝဲဂယက်ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။

ပေပေါင်း ဒါဇင်များစွာ ကြီးမားသော ဧရာမ ရွှေရောင် မျှော်စင်ကြီးက သစ်တော၏ အမိုးအကာများဆီသို့ ငြားငြားစွင့်စွင့် တိုးထွက်လာသည်။ ... မျက်စိကျိန်းလောက်အောင် တောက်ပလျက်... ကြီးမားသော ရွှေရောင် အခင်းအကျင်းတစ်ခုက အထက်မှ အရိပ်မိုးထားပြီး... ခံ့ညားထည်ဝါသော အရှိန်အဝါများ ပျံ့လွင့်နေ၏။

အလွန် ကြီးစိုးသည့် စွမ်းအားတစ်ခုက အောက်သို့ ဖိချလိုက်ရာ... ထိုသုံးဦး၏ မျက်နှာများမှာ ကြောက်ရွံ့မှုကြောင့် တွန့်လိမ်သွားကြသည်။ ထိုဖိနှိပ်မှု စွမ်းအားကို သူတို့ မခုခံနိုင်ဘဲ... ၎င်းက သူတို့၏ ကျင့်ကြံမှုကို အဆင့်တစ်ဆင့်စာ ဖိနှိပ်လိုက်သည်ပင်။

"ငါ... ဒီနေ့... တော်တော် စိတ်မကြည်နေတာ...။ ... မင်းတို့က... သေမင်းကို လာပြီး ပရောပရည် လုပ်ရဲကြသေးသလား..."

ဖုန်းဝူချန်က ရက်စက်စွာ ဆိုလိုက်သည်။ ထိုသို့ ပြောဆိုနေစဉ် ချမ်းစိမ့်ဖွယ် သတ်ဖြတ်လိုစိတ်က ထိုသုံးဦးကို ပိတ်ဆို့၍

ပစ်မှတ်ထားလိုက်၏။

ဖုန်းဝူချန်က သူ၏ လက်များကို ပူးယှက်လိုက်ပြီး... ဟိန်းဟောက်လိုက်သည်။

"သေစမ်း"

သတ်ဖြတ်လိုစိတ်များ ရုန်းကြွလာ၏။

"ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ အောက်ခြေမှ... မယုံနိုင်လောက်အောင် အသည်းထိတ်ဖွယ် စုပ်ယူအားတစ်ခု ခွဲဖြာ ထွက်ပေါ်လာသည်။

ထိုသုံးဦး ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း... နောက်ပြန် အစုပ်ခံလိုက်ရပြီး... ကြောက်လွန်း၍ သူတို့၏ ဝိညာဉ်များပင် လွင့်ထွက်သွားရတော့မည်။

ဖုန်းဝူချန် ယွမ်တန်ဘုံ သတ္တမအလွှာသို့ ခြေချလိုက်ပြီမှန်း သူတို့ တစ်ခါမှ မသိခဲ့ကြပါ။ ... ထိုကဲ့သို့ မိစ္ဆာဆန်သော ကျင့်ကြံနှုန်းမျိုးကို အိပ်မက်ထဲ၌ပင် ထည့်မတွေးနိုင်ခဲ့ကြပေ။

"အကြီးအကဲ....."

မျှော်လင့်ချက် ကင်းမဲ့မှုတို့ဖြင့်... သူတို့ထဲမှ တစ်ယောက်က သွေးရူးသွေးတန်း အားကိုးရှာလိုက်သည်။

ထိုအခါ

"ကြယ်ခုနစ်လုံး ကောင်းကင် ပိတ်လှောင်ခြင်း"

အိုမင်းပြီး ခွန်အားပြည့်ဝသော ဟိန်းဟောက်သံ တစ်ခု...

ဖိနှိပ်နိုင်သော အရှိန်အဝါနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာသည်။

"ဝှစ်.. ဝှစ်.. ဝှစ်.."

စိမ်းပြာရောင် စွမ်းအင် သံကြိုးသုံးချောင်း... စူးရှသော လေတိုးသံများနှင့်အတူ ပစ်လွှတ်လာပြီး... ထိုသုံးဦးကို ရစ်ပတ်ကာ... အတင်းအဓမ္မ ဆွဲထုတ်သွားသည်။

"ယွမ်တန်ဘုံ... နဝမ အလွှာလား... ဟက်"ဖုန်းဝူချန်က ရက်စက်စွာ နှာမှုတ်လိုက်သည်။ သူ၏ ညာလက်က အောက်သို့ ပြင်းထန်စွာ ဆွဲချလိုက်ရာ... ဧရာမ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကြီးက ဝုန်းခနဲ တိုက်ချလိုက်တော့သည်။

"ဘုန်း.."

"ကိုးထပ် ချန်ခွန်း မျှော်စင်" ကြီးက ရက်စက်စွာ ပစ်ချလိုက်သည်။ ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီးနှင့်အတူ... မြေကြီး တုန်ခါကာ ပြိုကျသွား၏။

မရေမတွက်နိုင်သော အက်ကွဲကြောင်းများက လက်သည်းများကဲ့သို့ တိုးဝှေ့သွားပြီး... ဖုန်မှုန့်များ လှိုင်းထသွားစေသည်။ ... ပေပေါင်း ဒါဇင်များစွာ ပတ်လည်မှ သစ်ပင်များမှာ... မူလ ပုံစံပင် မမှတ်မိနိုင်တော့ပေ။

လူသုံးဦး၏ မျက်နှာများမှာ ဖြူဖျော့လျက်... ကြီးမားသော အကြောက်တရားဖြင့် ပြည့်နှက်နေသည်။ သူတို့၏ ကိုယ်များမှာ ထိန်းချုပ်မရနိုင်ဘဲ တုန်ခါနေကြ၏။ "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ အောက်တွင် ကြေမွ သေဆုံးရန်... လက်မတင်လေး ကပ်လွတ်သွားခဲ့သည်ပင်။

“ဖုန်းဝူချန်... နှစ်လလုံးလုံး မျက်နှာမပြတာ... တံခါးပိတ် ကျင့်ကြံနေခဲ့တာပဲ ဖြစ်ရမယ်...။ သူ့ရဲ့ ကျင့်ကြံနှုန်းက... တကယ်ကို စိတ်ကူးလို့တောင် မရနိုင်ဘူး”

အကြီးအကဲက လေးနက်စွာ မှတ်ချက်ချသည်။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်များမှာ ဖြူဖွေးနေပြီး... မျက်နှာမှာလည်း အရေးအကြောင်းများဖြင့် ပြည့်နှက်နေ၏။

"အကြီးအကဲ... ကျွန်..ကျွန်မတို့ ဘယ်လိုလုပ်ရမလဲရှင်"အမျိုးသမီးက ထိတ်လန့်တကြား မေးလိုက်သည်။ သူမ၏ ကိုယ်မှာ မရပ်မနား တုန်ခါနေပြီး... နောက်ဆုတ်ရန် စိတ်ကူး ဝင်နေလေပြီ။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦးကို ရင်ဆိုင်ရသည်မှာ... ယမမင်းအား သွား၍ စနောက်နေရသလို ခံစားလိုက်ရသည်။

ဖုန်းဝူချန်၏ ယွမ်တန်ဘုံ သတ္တမအလွှာသို့ ချိုးဖျက် တက်လှမ်းမှုက... သူတို့၏ မျှော်လင့်ထားမှုများကို ကျော်လွန်သွားခဲ့သည်။

"ပြေးကြတော့"

အကြီးအကဲက တွေဝေမနေဘဲ အမိန့်ပေးလိုက်သည်။

ယခု မပြေးလျှင်... ဘယ်အချိန် ပြေးရတော့မည်နည်း။

"ထွက်ပြေးမယ် ကြံနေတာလား။ ဟီးဟီး ... မင်းတို့ အသက်တွေကို ထားခဲ့ရမယ်

ဒေါသတကြီး မာန်မဲလိုက်ကာ ဖုန်းဝူချန်၏ သတ်ဖြတ်လိုစိတ်များ ကောင်းကင်သို့ တိုင်အောင် မြင့်တက်သွား၏။

ဒေါသထွက်နေသော သူက သူတို့ကို ထွက်ပြေးခွင့် ပေးမည် မဟုတ်ပေ။

ဖုန်းဝူချန်၏ ထက်ရှသော ဟိန်းဟောက်သံနှင့်အတူ... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကြီးက လေထဲမှ လျင်မြန်စွာ ထိုးဆင်း ကျရောက်လာ နေ၏ ... ရှေးဟောင်း သစ်ပင်ကြီးများမှာ ကြောက်မက်ဖွယ် စွမ်းအားကြောင့် အမှုန့်အဖြစ်သို့ ဘဝကူးသွားသည်အထိ... အရိုင်းဆန်စွာ တိုးဝင်သွား၏။

"ဟင်....."

အကြီးအကဲ၏ မျက်နှာမှာ လေးနက်ပြီး တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

သူက ယွမ်တန်ဘုံ နဝမ အလွှာ၏ စွမ်းအားအားလုံးကို ထုတ်ဖော်လိုက်ရာ... ဖိနှိပ်နိုင်ပြီး ခွန်အားကြီးမားလှသည်။

သို့သော်... "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ဖိနှိပ်မှုအောက်တွင်... ယွမ်တန်ဘုံ နဝမ အလွှာသည်... ယွမ်တန်ဘုံ အဌမ အလွှာ၏ ကျင့်ကြံခွန်အားကိုသာ ပိုင်ဆိုင်တော့သည်။

"မင်းတို့ ပြေးကြတော့"

အကြီးအကဲက အမောတကော အော်ဟစ်လိုက်သည်။

"ချန်ခွန်း မျှော်စင်" နီးကပ်လာလေလေ... သူ ထို အလွန်အမင်း အစွမ်းထက်သော စွမ်းအားကို ပို၍ ခံစားလာရလေလေ ဖြစ်သည်။

"နက်နဲခြင်းအဆင့်... အမြင့်တန်း သိုင်းပညာ...။ ... ရေဝိညာဉ် သားရဲ"

အကြီးအကဲက ဟိန်းဟောက်လိုက်သည်။ မျှော်စင်၏ ဖိနှိပ်မှု စွမ်းအားကို ဂရုမစိုက်ဘဲ... သူ၏ အစွမ်းရှိသမျှဖြင့် လှုပ်ရှားလိုက်တော့သည်။

ကြောက်မက်ဖွယ် ရေဓာတ် အစစ်အမှန် ယွမ်စွမ်းအင်များက... ပေတစ်ဆယ် မြင့်သော သားရဲတစ်ကောင်အဖြစ် စုစည်းသွားသည်။ သားရဲကြီးက အကြီးအကဲ၏ လက်ဟန်များကို လိုက်နာလျက်..ကြီးမားသော ပါးစပ်ကြီးကို ဖွင့်ကာ မျှော်စင်ဆီသို့ တိုးဝင်သွားသည်။

"ကိုယ့်ခွန်အား ကိုယ်မသိ"

ဟု ဖုန်းဝူချန်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

တဆက်တည်း၌ သူ၏ ညာလက်အား နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ... "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ စွမ်းအားက မြင့်တက်လာသည်။

"ဘုန်း.."

ဧရာမ မျှော်စင်ကြီးက သားရဲနှင့် တိုက်မိသွားသည်။ ... ပေါက်ကွဲမှုနှင့်အတူ... ရေဓာတ် သားရဲကြီးမှာ ချက်ချင်းဆိုသလို ပြိုကွဲသွားပြီး... အကြီးအကဲမှာလည်း သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။

တစ်ချက်တည်းသော တိုက်ခိုက်မှုက... သူ့ကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့သည်။

"ဂလု..."

မှောင်ရိပ်ထဲတွင် စောင့်ကြည့်နေကြသော အင်အားကြီး အဖွဲ့အစည်း အသီးသီးမှ သခင်များ... ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည့်အခါ... ကြောက်လွန်း၍ စကားပင် မပြောနိုင်တော့ဘဲ... သူတို့၏ မျက်နှာများမှာ စက္ကူကဲ့သို့ ဖြူဖျော့သွားကြသည်။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းမွန်မှုက... သူတို့၏ စိတ်ကူးထားသည်ထက် နောက်တစ်ကြိမ် ထပ်မံ ကျော်လွန်သွားပြန်ပြီ။

ထို မိစ္ဆာဆန်သော လူငယ်လေးက... သူတို့ကို လေးလေးနက်နက် ခြိမ်းခြောက်လိုက်ပြီ ဖြစ်ပြီး... သူ၏ ကြောက်မက်ဖွယ် ခံ့ညားမှုမှာ... မည်သူမျှ စော်ကား၍ မရနိုင်တော့ပေ။

“သေစမ်း”

ဖုန်းဝူချန်က နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်သည်။ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကြီးက... ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် အကြီးအကဲထံသို့ တိုးဝင်သွားသည်။

"မကောင်းတော့ဘူး"အကြီးအကဲ၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး... ကြီးမားသော ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။

"အကြီးအကဲ....."

ထွက်ပြေးနေသော သုံးဦးက ကြောက်ရွံ့တကြီး စိုးရိမ်စွာ အော်ဟစ်လိုက်ကြသည်။ သို့သော်... မည်သူမျှ ရှေ့တိုး၍ ကူညီရန် သတ္တိ မရှိကြ...။

"အစစ်အမှန် ယွမ်... အကာအကွယ်"အကြီးအကဲက ဟိန်းဟောက်လိုက်သည်။ သူ၏ အစစ်အမှန် ယွမ်စွမ်းအင်များက စွမ်းအင် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာစေသည်။

"ဘုန်း.."

ဧရာမ မျှော်စင်ကြီးက ပေါက်ကွဲ တိုးဝင်လာသည်။ ... ပေါက်ကွဲသံနှင့်အတူ... အကြီးအကဲ၏ စွမ်းအင် အကာအကွယ်မှာ တိုက်မိသည့် နေရာတွင်ပင် ချက်ချင်း ကွဲကြေသွားသည်။ ... သူ သွေးတစ်ပွက် ထပ်မံ အန်ထုတ်လိုက်ရပြီး... အမြောက်ဆံတစ်တောင့်ကဲ့သို့ မျှော်စင်ကြီး၏ လွင့်စင်သွားအောင် ပစ်လွှတ်ခြင်းကို ခံလိုက်ရသည်။ ... သူ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်မှ ရှေးဟောင်း သစ်ပင်ကြီးများ ကျိုးပဲ့သွား၏။

"အကြီးအကဲ....."သုံးယောက်သား ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး... ကြောက်လွန်း၍ မျက်ရည်များပင် ထွက်ကျလာသည်။

ယွမ်တန်ဘုံ နဝမ အလွှာ အကြီးအကဲသည်... လက်ရှိ ဖုန်းဝူချန်နှင့် ရင်ဆိုင်ရသည့်အခါ... လုံးဝ အင်အားမဲ့နေခဲ့သည်လော။

"ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုဖြင့်... အကြီးအကဲမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဖုန်းဝူချန်သည် သူ၏ မြင့်မားသော စွမ်းအားဖြင့်... ယွမ်တန်ဘုံ နဝမ အလွှာကို လုံးဝ အနိုင်ယူလိုက်သည်။

"ယွမ်.. ယွမ်တန်ဘုံ နဝမ အလွှာကို... ဖုန်းဝူချန်က... ချက်ချင်း သတ်ဖြတ်လိုက်နိုင်တယ်"ပုန်းကွယ်နေသော ပညာရှင်များမှာ... သူတို့၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုများကို ဖော်ပြရန် စကားလုံးပင် ရှာမတွေ့နိုင်တော့ချေ...။

သူ၏ သွေးမျိုးဆက် စွမ်းအားကိုပင် မဆင့်ခေါ်ဘဲ... ယွမ်တန်ဘုံ သတ္တမအလွှာရှိ ဖုန်းဝူချန်သည်... မျှော်စင်၏ ဖိနှိပ်မှု စွမ်းအားကိုသာ အသုံးပြုလျက်... ယွမ်တန်ဘုံ နဝမ အလွှာ ပညာရှင်တစ်ဦးကို ချက်ချင်း သတ်ဖြတ်နိုင်ခဲ့လေသည်။

ကြမ်းတမ်းပြီး ပြင်းထန်သော အကြည့်တစ်ချက်က... ကျန်ရှိနေသော သုံးဦးထံသို့ ကျရောက်သွားသည်။ ဖုန်းဝူချန်က သွားကြားထှိ ထွက်သော လေသံဖြင့် ချမ်းစိမ့်စွာ ဆိုလိုက်၏။

"အခု... မင်းတို့ အလှည့်ပဲ"

"ပြေး... မြန်မြန်ပြေး"

အမျိုးသား တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ... လုံးဝ ကြောက်လန့်သွားပြီး... သူ၏ စိတ်မှာ ဆောက်တည်ရာ မရ ဖြစ်သွား၏။ ... ဤနေရာမှ အမြန်ဆုံး ထွက်ပြေးရန်သာ တွေးနေတော့သည်။ ... ထျန်းကျိုးသို့ ဘယ်တော့မှ ခြေချတော့မည် မဟုတ်ကြောင်း ရင်တွင်း သစ္စာဆိုလိုက်သည်။

နှမြောစရာကောင်းသည်မှာ... သူတို့ထံတွင် အခွင့်အရေး မရှိတော့ခြင်းပင်။

ဖုန်းဝူချန်ကို ဒေါသထွက်အောင် လုပ်ပြီးနောက်... မည်သူက အသက်ရှင်ရန် လမ်းကြောင်း တစ်ခု မျှော်လင့်နိုင်ဦးမည်နည်း။

ကိုယ်ဖော့သိုင်း ထုတ်ဖော်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် အရှိန်က သူ့ကို အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။ ... မျက်တောင်တစ်ခတ်အတွင်း သူတို့ထံ ရောက်ရှိသွားပြီး... တစ်ယောက်လျှင် လက်သီးတစ်ချက် ကျွေးလိုက်၏။ လူသုံးဦးလုံး လမ်းကြောင်း သုံးခုဆီသို့ အဟုန်ပြင်းစွာ ပစ်လွင့်သွားကြသည်။

အမျိုးသမီးပင်လျှင်... ဖုန်းဝူချန်၏ သက်ညှာမှုကို မရရှိခဲ့ပေ။

သူ၏ လက်သီးချက်တိုင်းက... သူတို့၏ နှလုံးသားများကို ထိမှန်ခဲ့ပြီး နှလုံးသား နေရာတွင် တုန်လှုပ်ဖွယ်ရာ ချိုင့်ဝင်နေသော လက်သီးရာတစ်ခု ကျန်ရစ်ခဲ့သည်။ သုံးဦးသား... ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် လက်သီးဒဏ်ကို မခံနိုင်ဘဲ... ဆိုးရွားစွာ သေဆုံးသွားကြရသည်။

ဤသို့လျှင်၊ စွမ်းအားရှင် လေးဦး... ဖုန်းဝူချန်၏ ဒေါသအောက်တွင်... အားလုံး တမုဟုတ်ချင်း သတ်ဖြတ်ခံလိုက်ရတော့သည်။

All Chapters