← Chapters

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 13 Ch. 186

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

Vol. 13 Ch. 186

~ယွမ်တန်ဘုံ နဝမ အလွှာ တစ်ယောက်တောင် သူ့လက်ချက်ကို မခံနိုင်ခဲ့...။ သတ္တမအလွှာ ဆိုတာကတော့ ပြောစရာပင် လိုတော့မည်မထင်။

ဒေါသထွက်နေသော ဖုန်းဝူချန်၏ တိုက်ခိုက်မှုများမှာ ရက်စက်ပြီး ပြင်းထန်လှ၏။ ထျန်းယွမ်ဘုံအောက်တွင် သူကား အနိုင်မခံရသူ ဖြစ်သွားလေပြီ။

တိုက်ပွဲ ပြီးဆုံးသွားသောအခါ... သစ်တောကြီးမှာ တိတ်ဆိတ်ခြင်းဖြင့် လွှမ်းခြုံသွားသည်။ ... တဖြည်းဖြည်း ပျောက်ကွယ်သွားသော အားလှိုင်းလေပွေများသာ ကျန်ရစ်ခဲ့၏။

စိတ်အကြံတစ်ခုဖြင့် ဖုန်းဝူချန်သည် "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို သူ၏ ကိုယ်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။ ... အေးစက်စွာ လှည့်ထွက်သွား၏။ တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့။ တိုက်ပွဲနိုင် ပစ္စည်းများကို ကောက်ယူရန်လည်း စိတ်မဝင်စားတော့ပေ...။

ကိုးထပ် ချန်ခွန်း မျှော်စင်ထဲမှာ ရတနာတွေ ဒီလောက် ပေါပါနေတာ... သူက ဒီလူတွေဆီက ပစ္စည်းလေးတွေကို ဘာကြောင့် တပ်မက်နေရဦးမည်နည်း။

သူ၏ ဒေါသများကို လွှတ်ထုတ်လိုက်ပြီးနောက်... နောက်ဆုံးတော့ စိတ်ထဲ ပိုမို ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ... လူတိုင်းအပေါ် မကျေမနပ် ဖြစ်နေသော ခံစားချက်ကြီးလည်း မရှိတော့...။

"ချီးပဲ...။ နှစ်လလေးပဲ ပျောက်သွားတာ...။ ဖုန်းဝူချန်ရဲ့ အစွမ်းက... ဒီလောက်တောင် ကြောက်ဖို့ကောင်းသွားပြီလား။ ယွမ်တန်ဘုံ နဝမ အလွှာတောင်... သူ့ပြိုင်ဘက် မဟုတ်တော့ဘူး…"

မှောင်ရိပ်ထဲမှ ချောင်းကြည့်နေသော ကာကွယ်စောင့်ရှောက်သူ ရှင်းလန်မှာ... ကြောက်ဒူးတုန်နေပြီး... ဖုန်းဝူချန်ကို မိစ္ဆာတစ်ကောင် တွေ့ရသလိုမျိုး စူးစူးရဲရဲ ကြည့်နေမိသည်။

ဖုန်းဝူချန်၏ ယွမ်တန်ဘုံ နဝမ အလွှာ ပညာရှင်တစ်ဦးအား ချက်ချင်း သတ်ဖြတ်လိုက်သည့် တုန်လှုပ်ဖွယ် မြင်ကွင်းက... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်ကို မှင်သက်သွားစေခဲ့၏။

သူ၏ ကျင့်ကြံအားမှာ ထိုအကြီးအကဲအိုထက် သာလွန်နေသော်လည်း...လွယ်လွယ် ဝင်မလှုပ်ရှားရဲတော့ပေ...။

ကာကွယ်စောင့်ရှောက်သူ ရှင်းလန်၏ စိတ်ထဲတွင်... ဖုန်းဝူချန်သည် အင်ပါယာကြီးများအားလုံးအတွက်... အကြီးဆုံး ခြိမ်းခြောက်မှု ဖြစ်လာလိမ့်မည်ဟု... နိမိတ်မကောင်းသော ခံစားချက်တစ်ခု ဝင်လာသည်။

...သူ့ကို ရှင်းပစ်နိုင်လျှင်သာ။.. မဟုတ်လျှင် ဘယ်တော့မှ သွားမစော်ကားမိစေနှင့်...။

သို့သော်... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်က မလှုပ်ရှားရဲသော်လည်း... အခြားသူများက မလှုပ်ရှားရဲဟု မဆိုလို...။

ဖုန်းဝူချန် သစ်တောထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင်... အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက် လှိုင်းများက... လေထုထဲသို့ နောက်တစ်ကြိမ် ရိုက်ခတ်လာပြန်သည်။

"ဟက်...။ သေမလို့ ထပ်လာကြပြန်ပြီလား..."ဖုန်းဝူချန်က မျက်မှောင်ကြုတ်လိုက်ပြီး တင်းမာစွာ ရေရွတ်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အန္တရာယ်ရှိသော အပြုံး တစ်ခု ချိတ်ဆွဲထား၏။

"ကိုးထပ် ချန်ခွန်း မျှော်စင်" အတွက်... ဤလူများက သူတို့၏ အသက်ကိုပင် စတေးရန် ဝန်မလေးကြကြောင်း... နားလည်လိုက်ရသည်။

"ဖုန်းဝူချန်...။ မင်းအသက်ကို ထားခဲ့"

သစ်တောထဲတွင် ဒေါသတကြီး ဟိန်းဟောက်သံတစ်ချက် ပေါ်ထွက်လာသည်။

"ဝှစ်..ဝှစ်"

ထိုအသံနှင့်အတူ ပုံရိပ် ငါးခု၊ ခြောက်ခု... လျှပ်တစ်ပြက် လှုပ်ရှားလာပြီးနောက် ဖုန်းဝူချန်ကို ဝိုင်းထားလိုက်၏။ ... သူတို့နောက်မှ နောက်ထပ် တပည့် ဒါဇင်ပေါင်းများစွာ... ပြေးဝင်လာကြသည်။

“ထိုက်ရွှမ်ဂိုဏ်း... ဟုတ်လား”

သူတို့၏ ဝတ်စုံနှင့် ရင်ဘတ်မှ "ထိုက်" ဟူသော တံဆိပ်အား မြင်လိုက်ရသဖြင့်... ဒီလူတွေ ထိုက်ရွှမ်ဂိုဏ်းမှ လူများ ဖြစ်ကြောင်း သူ ခန့်မှန်းလိုက်မိသည်။

"ဖုန်းဝူချန်... မင်း ငါတို့ ထိုက်ရွှမ်ဂိုဏ်းက ထိပ်တန်း ပညာရှင် ခြောက်ယောက်ကို သတ်ခဲ့တယ်။ ... ဒီနေ့ မင်း ဒီနေရာက အရှင် ထွက်သွားဖို့ စိတ်မကူးနဲ့ ၊ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ထုတ်မပေးဘူး ဆိုရင်ပေါ့လေ"ခေါင်းဆောင် ဖြစ်သူ ယွမ်တန်ဘုံ သတ္တမ အလွှာမှ လူက ဒေါသတကြီး လှောင်ပြောင်လိုက်သည်။

""ကိုးထပ် ချန်ခွန်း မျှော်စင်" ကို လိုချင်တယ်လို့ပဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ"ဖုန်းဝူချန်က မထီမဲ့မြင် ပြုံးလိုက်သည်။ ထိုက်ရွှမ်ဂိုဏ်း တပည့် ဒါဇင်ပေါင်းများစွာကို အေးစက်စွာ ဝေ့ကြည့်လိုက်ရင်း... နှာမှုတ်လိုက်သည်။

"မင်းတို့လို အမှိုက်တွေက... တကယ်ကြီး... ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား

“အခင်းအကျင်း ဖွဲ့”ဟု ခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။ တပည့် ဒါဇင်ပေါင်းများစွာသည် သူတို့၏ အစစ်အမှန် ယွမ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ကြ၏။

လျင်မြန်သော လှုပ်ရှားမှုများဖြင့်... သက်ဆိုင်ရာ နေရာများသို့ ဝင်ရောက်လိုက်ကြပြီး... ကြောက်မက်ဖွယ် အနေအထားတစ်ခုကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ကြသည်။

"ဖုန်းဝူချန်...။ ဒီနေ့ မင်းမှာ တောင်ပံတွေ ရှိနေရင်တောင်... ထွက်မပြေးနိုင်ဘူး။ ... "ထိုက်ရွှမ် ကောင်းကင် တိုက်ပွဲ အခင်းအကျင်း" ရဲ့ စွမ်းအားကို မြည်းကြည့်စမ်း"ခေါင်းဆောင်က အန္တရာယ်ရှိစွာ ကြေညာလိုက်သည်။

"ဒီလူတွေ... ရူးနေတာလား။ ... ဒီတပည့်တွေက ပါရမီရှိတဲ့ လူတွေချည်းပဲ...။ ဒီအတိုင်း အသေလာခံခိုင်းတာ...။ ထိုက်ရွှမ်ဂိုဏ်းက ဒီလောက်တော့ မမိုက်မဲနိုင်ဘူး...။"

ဖုန်းဝူချန်က စိတ်ထဲမှ တွေးလိုက်သည်။ တပည့် ဒါဇင်ပေါင်းများစွာထဲတွင်... ကျင့်ကြံမှု မနိမ့်သောသူ ဆယ်ယောက်ထက်မနည်း ပါဝင်ပြီး... ယွမ်တန်ဘုံ ပဉ္စမလွှာမှ တစ်ဦးပင် ပါဝင်သေးသည်။

ဤမျှလောက် ကျင့်ကြံခွန်အားဖြင့်... သူတို့သည် ထိုက်ရွှမ်ဂိုဏ်း၏ ပါရမီရှင် တပည့်များ ဖြစ်ကြရမည်။

ထိုက်ရွှမ်ဂိုဏ်းအနေဖြင့် သူတို့၏ ပါရမီရှင် တပည့်များကို အသေလာခံရန် စေလွှတ်ခြင်းမှာ မဖြစ်နိုင်ပေ။

"ဟိုက်ယား"

တပည့် ဒါဇင်ပေါင်းများစွာ အစစ်အမှန်ယွမ်များအား အစွမ်းကုန် စုစည်းလိုက်ကြသည်။ ... ခေါင်းဆောင်အဖြစ် ယွမ်တန်ဘုံ သတ္တမအလွှာမှ လူက... ရှေ့ဆုံးမှ ဦးဆောင်၏။ ကြီးမားသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး... တောက်ပသော အပြာရောင် အလင်းတန်းများ လက်ဖြာသွားသည်။

ကြီးမားသော အပြာရောင် စွမ်းအင် လုံးတစ်ခုက... သူတို့အားလုံးကို လွှမ်းခြုံသွား၏။ ... အလွန်အမင်း အစွမ်းထက်သော ချီစွမ်းအားများ စီးဝင်လာပြီး... သစ်တော တစ်ခုလုံးအား ပြင်းထန်စွာ တုန်ခါသွားစေသည်။ ထက်ရှသည့် ချီစွမ်းအားများမှာ... လေဓားသွားများသဖွယ် ဖြစ်နေ၏။

တပည့် ဒါဇင်ပေါင်းများစွာနှင့် ထိပ်တန်း ပညာရှင် ငါးဦးတို့၏ စုပေါင်း စွမ်းအားများမှာ... ယွမ်တန်ဘုံ နဝမ အလွှာနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။ "ထိုက်ရွှမ် ကောင်းကင် တိုက်ပွဲ အခင်းအကျင်း" ၏ စွမ်းအားကို... လျှော့တွက်၍ မရနိုင်ပေ။

လှိုင်းထနေသော စွမ်းအင်လှိုင်းများကို ခံစားမိရင်း... ဖုန်းဝူချန်လည်း အနည်းငယ် အံ့အားသင့်သွားပြီး တွေးလိုက်သည်။

"အင်း... ဒီအခင်းအကျင်းရဲ့ စွမ်းအားက မရိုးရှင်းဘူး...။ ဒီစွမ်းအင်က... ယွမ်တန်ဘုံ နဝမ အလွှာထက်တောင် ပိုပြင်းထန်သလို ခံစားရတယ်...။ ... မဆန်းပါဘူး...။ သူတို့ ဒီလောက် ယုံကြည်မှု ရှိနေတာကိုး..."

"ဘုန်း"

ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ရွှေရောင် အလင်းတန်းအား ပစ်လွှတ်လိုက်၏။ ... အပြာရောင် စွမ်းအင်လုံးအား ထိမှန်သွားသည်။ ... ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာ၏။ ... ဖုန်းဝူချန်၏ စွမ်းအားအားလုံး... အပြင်ဘက်တွင် လုံးဝ ပိတ်ဆို့ခံလိုက်ရပြီး... စွမ်းအင် လုံးကို တုန်ခါအောင်ပင် မစွမ်းနိုင်ခဲ့။

"ဟင်...။"ဖုန်းဝူချန်တစ်ယောက်... စွမ်းအင် လုံးကို လုံးဝ မထိခိုက်နိုင်သည့်အတွက်... နောက်တစ်ကြိမ် အံ့အားသင့်သွားပြန်သည်။

"ဝုန်း"

ဖုန်းဝူချန်က မြေပြင်ကို ရုတ်တရက် ဆောင့်နင်းလိုက်သည့်အခါ အပေါ်သို့ ပျံဝဲသွား၏။ ... လက်သီးတွင် အရိုင်းဆန်သော စွမ်းအားများ စုစည်းလိုက်ပြီး... ပင့်ထိုးချလိုက်သည်။ ... သူ၏ လက်သီးလေပြင်းမှာ အလွန် ပြင်းထန်ပြီး... ယွမ်တန်ဘုံ အဌမ အလွှာ ပညာရှင်တစ်ဦးကိုပင် ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိ၏။

“ဝရော..”

လက်သီးဖြင့် ထိုးလိုက်ရာ... ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ မြေကြီး တုန်ခါသွား၏။ ... ဖုန်းဝူချန်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ ... မယုံနိုင်လောက်အောင် ပြင်းထန်သော စွမ်းအားတစ်ခုက... သူ့ကို နောက်ပြန် လွင့်စင်သွားစေခဲ့သည်။

"တော်တော်... မာကျောတဲ့ ခုခံစွမ်းအားပဲ...။"

သူ မယုံနိုင်သလို ဖြစ်သွားသည်။

ဤသည်ကို မြင်သောအခါ... ခေါင်းဆောင်၏ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်ထွက်လာပြီး... အေးစက်စွာ ရယ်မောလိုက်သည်။

"ဖုန်းဝူချန်... အသုံးမဝင်ဘူး...။ မင်း ဘယ်လောက်ပဲ သန်မာနေပါစေ...။ ယွမ်တန်ဘုံ နဝမ အလွှာကိုတောင် သတ်နိုင်ခဲ့ရင်တောင်... "ထိုက်ရွှမ် ကောင်းကင် တိုက်ပွဲ အခင်းအကျင်း" ကိုတော့... မင်း ဖောက်ထွက်လို့ မရဘူး"

"လူတိုင်းရဲ့ အစစ်အမှန် ယွမ်စွမ်းအင်ကို စုစည်းထားတာ... တကယ်ကို အထင်ကြီးစရာပဲ..."ဖုန်းဝူချန်က စိတ်အနှောင့်အယှက်မဖြစ်ဘဲ... အေးစက်စွာ ပြုံးရင်း တုံ့ပြန်လိုက်သည်။

ခေါင်းဆောင်က... အဆင့်မြင့် ရတနာတစ်ခုကို ထုတ်ယူကာ... အသက်သွင်းလိုက်ခြင်းဖြင့်

"ထိုက်ရွှမ် ကောင်းကင် တိုက်ပွဲ အခင်းအကျင်း" ၏ စွမ်းအားကို... ပိုမို သိပ်သည်းစေလိုက်ပြီး... ဂုဏ်ယူစွာ မထီမဲ့မြင် ပြုံးလိုက်သည်။

"ဖုန်းဝူချန်... "ထိုက်ရွှမ် ကောင်းကင် တိုက်ပွဲ အခင်းအကျင်း" က... မင်းကို စိတ်မပျက်စေလောက်ဘူးလို့... ငါ မျှော်လင့်ပါတယ်"

"ထိုလူက ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ …

“နက်နဲခြင်းအဆင့်... အမြင့်တန်း သိုင်းပညာ...။ ... ချင်းယွမ် ကိုးနန်း လက်ဝါး”

လက်ပုံစံများ ဖွဲ့စည်းလိုက်ပြီး... ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်ကာ... ရက်စက်စွာ ရိုက်ချလိုက်သည်။

"ဝူး…"

ပေ သုံးဆယ်ခန့် ဧရာမ အပြာရောင် လက်ဝါးပုံရိပ်ကြီး... ပစ်ထွက်လာသည်။ အရှိန်အဝါက ခံ့ညားလှကာ လေပွေများ ပတ်ပတ်လည် တိုက်ခတ်သွားသည်။ ... ၎င်း ဖြတ်သန်းသွားရာ နေရာတိုင်းတွင်... မြေကြီးများ အဆက်မပြတ် ပေါက်ကွဲထွက်ကာ... လူကြီး လက်မောင်းလုံးခန့် အက်ကွဲကြောင်းများ ဟလာသည်။

‘ဒီစွမ်းအားက... ကာကွယ်စောင့်ရှောက်သူ ရှင်းလန်နဲ့ ယှဉ်ပြိုင်နိုင်လောက်တယ်။ ... ထိုက်ရွှမ်ဂိုဏ်းအတွက်တော့... ဒီအခင်းအကျင်းက သေချာပေါက် သန်မာတယ်...။ ... ဒါပေမဲ့... ငါ့အတွက်တော့... ဘာ ခြိမ်းခြောက်မှုမှ မရှိဘူး…’

ဖုန်းဝူချန်က တွေးတောရင်း မထီတရီ ပြုံးလိုက်သည်။

စကားဆုံးသည်နှင့်... ဖုန်းဝူချန်က သူ၏ အစစ်အမှန် ယွမ်စွမ်းအင်ကို အပြည့်အဝ နှိုးဆွလိုက်ရာ... ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာသည်။ ... သူ၏ ထိန်းမနိုင်သိမ်းမရသော စွမ်းအားများက... ရေလွှမ်းမိုးသကဲ့သို့ တိုးထွက်လာ၏။ ... အရှိန်အဝါမှာ အံ့အားသင့်ဖွယ် ကောင်းလှသည်။

"မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာ...။ ... နတ်-သတ်... ဝိညာဉ်-ဖြတ်... လက်ညှိုး"

တိုက်ပွဲ ခေါ်သံနှင့်အတူ ဖုန်းဝူချန်က သူ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်ကာ သူ့ထံ တိုးဝင်လာသော ဧရာမ လက်ဝါးပုံရိပ်ကြီးဆီသို့ လက်ညှိုး ညွှန်ပြလိုက်၏။... လေသံတိုးတိုးဖြင့် ဟိန်းဟောက်ကာ... တိုက်ခိုက်မှု ပစ်လွှတ်လိုက်သည်။

"ဝှစ်"

"ဘုန်း”

လက်မောင်းလုံးခန့် ရွှေရောင် အလင်းတန်းတစ်ခုက လေထုကို ပုံပျက်သွားစေ၏။ ပေါက်ကွဲသံက စူးရှလှ၏။ ... ရွှေရောင်အလင်းတန်းက... လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး... တွန်းလှန်နိုင်စွမ်းမရှိသော ဖိနှိပ်မှု အငွေ့အသက်ကို သယ်ဆောင်လာသည်။

မျက်တောင်တစ်ခတ်အတွင်း... ရွှေရောင် အလင်းတန်းက လက်ဝါးပုံရိပ်နှင့် တိုက်မိသွားသည်။ ... ထိမှန်သည့်နေရာတွင် ပေါက်ကွဲထွက်သွား၏။ ... နားအူလှသည့် ပေါက်ကွဲသံကြီးက... သစ်တော တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။ တောတောင် တစ်ခုလုံး တုန်ခါသွား၏။

အလွန် ပြင်းထန်သော စွမ်းအင် အားလှိုင်းများက... မူလပုံစံ ပျက်နေပြီဖြစ်သော သစ်တော မြေပြင်ကို... ရက်စက်စွာ လင်းချင်းသွားစေသည်။

အလွန်အမင်း ပြင်းထန်သော စွမ်းအားကြောင့်... စွမ်းအင်လုံးကြီးမှာ ပြင်းထန်စွာ တုန်ခါသွားသည်။ ... မည်သည့်အချိန်မဆို ပြိုကျသွားနိုင်သကဲ့သို့...။ ... တပည့်များ ထိတ်လန့်သွားကြသည်။

"ထိန်းထားကြ"ခေါင်းဆောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

တပည့် ဒါဇင်ပေါင်းများစွာ... သူတို့၏ အစွမ်းရှိသမျှဖြင့် အခင်းအကျင်းကို ထောက်ပံ့ရန် ကြိုးစားကြသည်။ ... သူတို့၏ စွမ်းအားအားလုံး... ၎င်းထဲသို့ သွန်ချလိုက်၏။ ... အခင်းအကျင်းသာ ပြိုကျသွားပါက... သူတို့ သေရမည်မှာ သေချာနေသည်။

"မင်းတို့... ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မှာလဲ..."ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ အေးစက်စွာ မထီမဲ့မြင် ပြုံးလိုက်သည်။ သူ၏ လက်ညှိုးထိပ်တွင်... ကြောက်မက်ဖွယ် စွမ်းအားများ... နောက်တစ်ကြိမ် စုစည်းလာပြန်သည်။ ... ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာ၏။

ယခင် တိုက်ခိုက်မှုမှ... ဖုန်းဝူချန်မှာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့...။ ... စွမ်းအင် အားလှိုင်းများက... သူ့ကို လုံးဝ မထိခိုက်နိုင်ခဲ့ပေ။

ဖုန်းဝူချန်၏ လက်ညှိုးထိပ်တွင် စုစည်းနေသော ကြောက်မက်ဖွယ် စွမ်းအားကို မြင်လိုက်ရသောအခါ... ခေါင်းဆောင်၏ မျက်နှာထားမှာ အလွန်အမင်း အုံ့မှိုင်းသွားပြီး... သူ၏ နှလုံးသားထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်လာသည်။

"ထိုက်ရွှမ် ကောင်းကင် တိုက်ပွဲ အခင်းအကျင်း" သည်... ကြီးမားသော ကျင့်ကြံခွန်အား ရှိနေသော်လည်း... ဖုန်းဝူချန်ကို တုန်ခါအောင် မစွမ်းနိုင်ခဲ့ပေ။

ခဏအကြာ... စွမ်းအင် အားလှိုင်းများ ပျောက်ကွယ်သွားသည့်အခါ... ပေတစ်ဆယ်ခန့် ကျယ်သော ဧရာမ တွင်းကြီးတစ်ခု... သစ်တောထဲတွင် ပေါ်ထွက်လာသည်။ ... ၎င်း၏ ဖျက်ဆီးစွမ်းအားမှာ အလွန် အသည်းထိတ်စရာ ကောင်းလှ၏။

သစ်တောကြီး တည်ရှိခဲ့ရာ နေရာတွင်... ယခုအခါ... လ၏ မျက်နှာပြင်ကဲ့သို့... ကန္တာရဆန်သော မြေပြင်တစ်ခုသာ ကျန်ရစ်တော့သည်။

""ထိုက်ရွှမ် ကောင်းကင် တိုက်ပွဲ အခင်းအကျင်း" ဆိုတာ... ဒီလောက်ပါပဲ..."ဖုန်းဝူချန်က အေးစက်စွာ မထီမဲ့မြင် ပြောလိုက်သည်။

"ဖုန်းဝူချန်...။ သိပ်ပြီး မာနမကြီးနဲ့"ခေါင်းဆောင်က ဒေါသတကြီး သွားကြိတ်လိုက်သည်။ သူ၏ မျက်နှာမှာ ကြမ်းတမ်းစွာ တွန့်လိမ်သွား၏။

"မင်းတို့ကို ပြောဖို့ တစ်ခု မေ့နေတယ်...။ ... ငါ... ခုနက... အစွမ်းကုန်တောင် မထုတ်သုံးရသေးဘူး"ရက်စက်ပြီး အေးစက်သော အပြုံး တစ်ခု... ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် တွဲခိုသွားသည်။

ထိုအခိုက်အတန့်၌ သူ၏ သွေးမျိုးဆက် စွမ်းအားကို နှိုးဆွလိုက်ရာ ရုတ်ချည်းပင် အရှိန်အဝါ မြင့်တက်သွားသည်။ ...

အလွန် ကြောက်မက်ဖွယ်ကောင်းပြီး အရိုင်းဆန်သော အငွေ့အသက်များ... ပေါက်ကွဲထွက်လာ၏။ စွမ်းအားများ ခွဲဖြာထွက်သွားပြီး... မြေကြီးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။

သွေးမျိုးဆက် စွမ်းအား အသက်ဝင်လာသည်နှင့်... ဖုန်းဝူချန်၏ လက်ညှိုးထိပ်တွင် စုစည်းနေသော စွမ်းအားကလည်း... ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။ ... ဤ ခြိမ်းခြောက်မှု အပြည့်ပါသော စွမ်းအား၏ တည်ရှိမှုကပင်... လူတစ်ဦး၏ နှလုံးသားကို ထိတ်လန့် တုန်ခါသွားစေရန် လုံလောက်လှသည်။

"မ... မကောင်းတော့ဘူး။ ... ဖုန်းဝူချန်ရဲ့ စွမ်းအား... တက်လာပြန်ပြီ"

ခေါင်းဆောင်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ တိုးပွားလာသည်။

"ဒီကောင်စုတ်... လူမဟုတ်ဘူး... မိစ္ဆာ...။ ... မိစ္ဆာကောင်ပဲ"အခြား ထိုက်ရွှမ်ဂိုဏ်းမှ ပညာရှင် လေးဦးလည်း ပျာယာခတ်သွားရ၏။

သူ၏ အလွန်အမင်း အစွမ်းထက်သော စွမ်းအားကြောင့်... သူတို့၏ မျှော်လင့်ချက် ကင်းမဲ့သော ခံစားချက်မှာ ပိုမို ပြင်းထန်လာသည်။

"နတ်-သတ်... ဝိညာဉ်-ဖြတ်... လက်ညှိုး"

ဖုန်းဝူချန်က နောက်တစ်ကြိမ် တိုက်ကွက် ဆင့်ခေါ်လိုက်သည်။ ရုတ်တရက် ထူထဲသော ရွှေရောင် အလင်းတန်း တစ်ခု... ကောင်းကင်ကို ထပ်မံ ဆွဲဖြဲသွား၏။

သူ ထိုတိုက်ကွက်ကို နောက်တစ်ကြိမ် ထပ်မံ ထုတ်လွှတ်လိုက်သည်။ ... သို့သော်... ဤတစ်ကြိမ်တွင်... စွမ်းအားက ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။ ... အရှိန်အဝါက ပိုမို ပြင်းထန်၏။ ၎င်း၏ ခြိမ်းခြောက်မှုက... ကောင်းကင်နှင့် မြေကြီးကိုပင် ထိုးဖောက်

သွားနိုင်သကဲ့သို့ပင်။

"ဂလု..."

ရွှေရောင် အလင်းတိုင်ကြီး ပစ်ထွက်လာသည်ကို ကြည့်ရင်း... အပြာရောင် စွမ်းအင် အကာအကွယ် လွှာအတွင်းမှ တပည့် ဒါဇင်ပေါင်းများစွာအားလုံး... ထိတ်လန့်သော အမူအရာများ ပြသလာကြသည်။ ... တစ်ဦးချင်းစီ... တံတွေးကို မသိမသာ မျိုချလိုက်မိကြသည်။

"ဘုန်း"

"ခလောင်း"

"ဖျတ်"

ရွှေရောင် အလင်းတိုင်က... လျှပ်စီးကဲ့သို့ မြန်ဆန်သည်။ ... မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာ၏။ ... စွမ်းအင်လုံးအား ထိမှန်သွားသည်။ ၎င်းက ပေါက်ကွဲသံ မြည်ဟည်း၍... ချက်ချင်း ကွဲကြေသွားသည်။ တပည့် ဒါဇင်ပေါင်းများစွာ... တစ်ချိန်တည်း သွေးအန်ထွက်ကုန်ကြသည်။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"ခေါင်းဆောင်မှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ ... ရွှေရောင် အလင်းတန်း၏ ကြောက်မက်ဖွယ် စွမ်းအားက... သူ ထင်ထားသည်ထက် ပိုမို ဆိုးရွားလှသည်။

ရွှေရောင် အလင်းတိုင်က... ပေါ်လာသလို လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ... ၎င်း ထိုးဖောက်သွားသော တပည့်များ... နေရာတွင်ပင် သေဆုံးသွား၏။ ... ကျန် တပည့်များအားလုံး... ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။

ထိုက်ရွှမ် ကောင်းကင် တိုက်ပွဲ အခင်းအကျင်း လွယ်ကူစွာပင်... ကွဲကြေသွားခဲ့ပြီ။

တပည့်များမှာ သူတို့၏ စွမ်းအားများကို ကြီးမားသော တုန်ခါမှုထဲသို့ သွန်ထည့်ထားခဲ့ကြသည်။ ... တုန်ခါမှု ကျိုးပျက်သွားသည်နှင့်... သူတို့ ကြီးမားသော ပျက်စီးမှုကို ခံစားလိုက်ကြရပြီး... အသက်ပင် ဆုံးရှုံးသွားကြရသည်။

""ထိုက်ရွှမ် ကောင်းကင် တိုက်ပွဲ အခင်းအကျင်း" ဆိုတာ... ဟာသတစ်ခုထက် မပိုဘူးပဲ"

ဖုန်းဝူချန်က ရက်စက်စွာ မထီမဲ့မြင် ပြုံးလိုက်ကာ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာ၏။ ... ချမ်းစိမ့်ဖွယ် သတ်ဖြတ်လိုစိတ်များ... သူ့ပတ်လည်တွင် လွှမ်းခြုံလာသည်။

"ဆရာဦးလေး မြန်မြန် ပြေးကြစို့"

"ဖုန်း... ဖုန်းဝူချန်က... အရမ်း ကြောက်ဖို့ ကောင်းတယ်...ဆရာ ဦးလေး... မပြေးရင်... သေကုန်တော့မယ်"

"ဆရာ ဦးလေး... မြန်မြန် ထွက်ပြေးကြစို့"

ဖုန်းဝူချန် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ... တပည့် ဒါဇင်ပေါင်းများစွာ... မျှော်လင့်ချက် ကင်းမဲ့သွားကြ၏။ သူတို့၏ နှလုံးသားများ... ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပြီး... ချက်ချင်း ထွက်ပြေးရန်မှ လွဲ၍... ဘာမှ မတွေးနိုင်ကြတော့ပေ...။

မျက်နှာ ဖြူဖျော့နေသော ပညာရှင်ကြီးများက လေသံတိုးတိုးဖြင့် အော်ဟစ်လိုက်သည်။

"မင်းတို့ အရင် သွားကြ...။ မြန်မြန်"

ဤသည်ကို ကြားသောအခါ... ထိတ်လန့်နေသော တပည့် ဒါဇင်ပေါင်းများစွာ... ယိုင်နဲ့နဲ့ ထရပ်လိုက်ကြပြီး... အသက်လု၍ ထွက်ပြေးကြတော့သည်။ ... သူတို့၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ... ပြန်လည် ရှင်သန်လာခဲ့သည်။

"မင်းတို့ထဲက တစ်ယောက်မှ... လွတ်ဖို့ စိတ်မကူးနဲ့"ဖုန်းဝူချန်က ရက်စက်စွာ ကြုံးဝါးလိုက်ပြီး တချိန်တည်း၌ "အထွတ်အထိပ် နတ်ဘုရားဓား" ကို ဆွဲထုတ်လိုက်၏။ ထို့နောက် သူ၏ ပုံရိပ်မှာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားသည်။

ထိုအခါ ပညာရှင်ကြီးများ၏ မျက်နှာများမှ သွေးများ ဆုတ်ယုတ်သွားသည်။ ... သူတို့ ဒဏ်ရာပြင်းထန်စွာ ရနေသော်လည်း... ပြေးဝင်လာကြသည်။

“အမြန် တားကြ”

"ဝှစ်... ဝှစ်... ဝှစ်"

ရက်စက် ကြမ်းကြုတ်လှသော မြင်ကွင်းတစ်ခု... စတင် ဖြစ်ပေါ်လာသည်။ ... "အထွတ်အထိပ် နဂါးနတ်ဘုရားဓား" ကို ကိုင်ဆောင်လျက်... ဖုန်းဝူချန်သည်... အရူးအမူး သတ်ဖြတ်ပွဲကို စတင်လိုက်၏။ ... ချက်ချင်း လှုပ်ရှားသည်... ချက်ချင်း တိုက်ခိုက်သည်...။ ... သူ၏ ပုံရိပ်မှာ.. အကြိမ်ကြိမ် ပျောက်ကွယ်သွားလိုက်... ပေါ်လာလိုက်ပင်...။ နီစွေးသော သွေးများ ပန်းထွက်လာသည်။ ... တပည့် ဒါဇင်ပေါင်းများစွာ... ခြွင်းချက်မရှိ... လဲကျသွားကြလေ၏။

ဒဏ်ရာပြင်းထန်စွာ ရနေသော ပညာရှင်ကြီးများအားလုံးလည်း... ဖုန်းဝူချန်၏ ဓားချက်အောက်တွင်... အသက်ပျောက်သွားကြရသည်။

ထိုက်ရွှမ်ဂိုဏ်းအတွက်... ဒါက... လုံးဝ ပြီးပြည့်စုံသော ကပ်ဘေး တစ်ခု... ဖြစ်တော့သည်။

သူတို့၏ လူများရော... ဂုဏ်သိက္ခာပါ... ဆုံးရှုံးသွားခဲ့လေပြီ။

All Chapters