အစွမ်းကုန် ကြိုးပမ်းခြင်း
Vol. 13 Ch. 192
~လုံးဝ တုန်လှုပ်ခြောက်ခြားသွားသော မျက်နှာဖြင့် ပိုင်ရှန်းသည် လျှပ်တစ်ပြက်အတွင်း လင်ရှောင်ရှောင်ကို မြင်လိုက်ရပြီး... သူ၏ မျက်နှာအမူအရာမှာ နောက်တစ်ကြိမ် သိသိသာသာ ပြောင်းလဲသွားပြန်သည်။
‘ဒီ... ဒီကောင်မလေးရဲ့ ဒဏ်ရာတွေက... ဘာဖြစ်သွားတာလဲ’
ပိုင်ရှန်း၏ နှလုံးသားထဲတွင် အလွန်အမင်း အံ့အားသင့်သွားသည်။
လင်ရှောင်ရှောင် လက်သီး တစ်ချက် အထိုးခံလိုက်ရသည်...။ ဒဏ်ရာရသွားသည်မှာ ရှင်းနေသည်...။ သို့သော်... ယခု သူမ ကြည့်ရသည်မှာ... လုံးဝ ပြန်လည် ကောင်းမွန်သွားပုံ ရလေ၏။
ပိုင်ရှန်း ကိုယ့်မျက်လုံးကိုယ်ပင် မယုံကြည်နိုင်...။ သူ၏ အမူအရာမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားပြီး...အမြင်မှားသွားသည်ဟုပင် ထင်လိုက်မိသည်။
ပိုင်ရှန်း အမြင်မှားသွားခြင်း မဟုတ်...။ အမှန်တကယ်ပင်...။ လင်ရှောင်ရှောင်၏ ဒဏ်ရာများမှာ လုံးဝ ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။ သူမ၏ အံ့အားသင့်ဖွယ် ပြန်လည်ကောင်းမွန်နှုန်းမှာ... သူမ တစ်ခါမှ ဒဏ်ရာရခဲ့ဖူးခြင်း မရှိသကဲ့သို့ပင်...။
"ဝှစ်.."
လင်ရှောင်ရှောင် သူမ၏ ရေခဲဓားကို ဝှေ့ယမ်းလိုက်သည်။ စူးရှသော လေကထု စုတ်ပြဲသံတစ်ချက် ထွက်ပေါ်လာပြီး... ပေသုံးဆယ်နီးပါး ရှည်လျားသော ခရမ်းရောင် ဓားချီတစ်ခု... ဖျက်ဆီးမှု အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာသည်။
လေဟာနယ်တွင် ဧရာမ အပေါက်ကြီးတစ်ခုကို ဆွဲဖြဲလိုက်သည့်အလား တောက်ပနေ၏။
"မမလေး လင်ရဲ့ ဓားသိုင်းပညာက... ဗိမာန်သခင်ထက်တောင်... ပိုအစွမ်းထက်နေပါလား....."
"ဒီ ဓားစိတ်ဆန္ဒ ဖိအားအောက်မှာ... ငါတို့ အသက်ရှု မဝတော့ဘူး..."
"မမလေး လင်ရဲ့... မြေကမ္ဘာအဆင့် သိုင်းပညာက... အရည်အသွေးမြင့် အမျိုးအစားပဲ နေမှာ....."
ချီဟွမ်နှင့် အခြားသူများ တုန်လှုပ်သွားကြသည်။
လင်ရှောင်ရှောင် "ဖရိုဖရဲ ဓားသိုင်းပညာ" ကို ထုတ်သုံးသည်ကို သူတို့အနေနှင့် ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်ပြီး... ဓားစိတ်ဆန္ဒ၏ ကြောက်မက်ဖွယ် ဖိအားမှာ... ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။
မီတာ ရာပေါင်းများစွာ အဝေးသို့ လွင့်စင်သွားခဲ့သော ဖုန်းဝူချန်မှာ... အသက်ကို အမောတကြီး ရှူနေရသည်။ လင်ရှောင်ရှောင်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ခရမ်းရောင် ဓားချီကို... အံ့အားသင့်စွာ စိုက်ကြည့်နေမိ၏။
‘ဒီကောင်မလေး... ဘယ်ကလာတာလဲ။ ... ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ဓားသိုင်းပညာက... မြေကမ္ဘာအဆင့်ရဲ့... အရည်အသွေးမြင့် အမျိုးအစားပဲ ဖြစ်ရမယ်..’
ပိုင်ရှန်း မျက်မှောင်ကြုတ်ကာ စိတ်ထဲမှ တွေးလိုက်သည်။ လွှမ်းမိုးချုပ်ချယ်နိုင်သော ဓားစိတ်ဆန္ဒနှင့် ဖျက်ဆီးမှု အရှိန်အဟုန်တို့မှတစ်ဆင့်... မြေကမ္ဘာအဆင့် ပညာရပ်၏ အရည်အသွေးမြင့်မားမှုကို သူ ဆုံးဖြတ်လိုက်မိသည်။
သို့တိုင်... ထိုသို့ ဖြစ်နေသည့်တိုင်... ပိုင်ရှန်း၏ မျက်လုံးများတွင်... ကြောက်ရွံ့မှု အရိပ်အယောင် တစ်စက်မျှ မရှိ...။ လင်ရှောင်ရှောင်၏ နောက်ခံ ဇာစ်မြစ်ကို သိချင်စိတ်သာ ရှိနေ၏။
ပိုင်ရှန်း သူ၏ လက်ကို လက်သည်းဟန် ပြုလိုက်သည်။ ... လှိုင်းထနေသော စွမ်းအားများ ဆင့်ခေါ်လိုက်သည်နှင့်... အစိမ်းရောင် အလင်းလုံးတစ်ခု... သူ၏ လက်သည်းထိပ်တွင် ဖွဲ့စည်းလာသည်။ ... လျှပ်စီးမျှင်တန်းများ ဝင်းလက်သွားပြီး... စွမ်းအားမှာ... တဖြည်းဖြည်း ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။
"နက်နဲခြင်းအဆင့်... အရည်အသွေးမြင့် သိုင်းပညာ...။ ... ကောင်းကင် မိုးကြိုး....."
ပိုင်ရှန်း လေသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်သည်။ ... သူ့စကား အဆုံး၌ အစိမ်းရောင် မိုးကြိုးလုံး... ပစ်ထွက်သွား၏။ ... ချက်ချင်းဆိုသလို... ပေ ဒါဇင်ကျော်အထိ ချဲ့ကားသွားသည်။ ... ၎င်း၏ စွမ်းအားမှာ... အလွန် ကြောက်မက်ဖွယ်ကောင်းလှပြီး... လေဟာနယ်ကို တုန်ခါသွားစေသည်။
အလွန် ဖိနှိပ်ချုပ်ချယ်နိုင်သော စွမ်းအားကြောင့်... လူတိုင်း၏ မျက်နှာများ... ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားကြသည်။ ... သွေးများ ဆုတ်ယုတ်သွားပြီး... ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေ၏။
"ဘုန်း ဘုန်း ဘုန်း.."
ကြောက်မက်ဖွယ် စွမ်းအား နှစ်ခု... လေဟာနယ်ကို ဆွဲဖြဲလိုက်သည်။ ... တိုက်မိပြီး... မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံဖြင့်... ပေါက်ကွဲထွက်သွားသည်။ ... "ပြိုင်ဘက်ကင်းမြို့" တစ်ခုလုံးကို ပဲ့တင်ထပ်သွား၏။ ... ဖျက်ဆီးမှု စွမ်းအင် အားလှိုင်းများ တရိပ်ရိပ် တက်လာသည်။ ... လင်ရှောင်ရှောင် သွေး တစ်ပွက် အန်ထုတ်လိုက်ရပြီး... သူမ၏ နူးညံ့သော ကိုယ်လေး... လွင့်စင်သွားသည်။
အရည်အသွေးမြင့် မြေကမ္ဘာအဆင့် သိုင်းပညာကို ထုတ်သုံးခဲ့သည့်တိုင်... ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦး၏ ရှေ့မှောက်တွင်... လင်ရှောင်ရှောင်၏ ကျင့်ကြံခွန်အားမှာ... ယှဉ်ပြိုင်ရန်... မလုံလောက်သေး...။
ဖျက်ဆီးမှု စွမ်းအင် အားလှိုင်းများက... ပိုင်ရှန်းကိုလည်း... မီတာ ဒါဇင်ပေါင်းများစွာ... နောက်ပြန် တွန်းပို့လိုက်သည်။
လင်ရှောင်ရှောင်တစ်ယောက် ထျန်းယွမ်ဘုံ ကျွမ်းကျင်သူ တစ်ဦးကို... နောက်ပြန် တွန်းပို့နိုင်ခဲ့ခြင်းက... သူမ၏ ဓားသိုင်းပညာ၏ ကြောက်မက်ဖွယ် စွမ်းအားကို... လုံလောက်စွာ သက်သေပြနေပါ၏။
နှမြောစရာကောင်းသည်မှာ... ၎င်းက ပိုင်ရှန်းကို... ဒဏ်ရာရရှိအောင်... မစွမ်းဆောင်နိုင်ခဲ့ခြင်းပင်။
“အရည်အသွေးမြင့် မြေကမ္ဘာအဆင့် သိုင်းပညာဆိုတာ... တကယ်ပဲ... သူ့ရဲ့ စွမ်းအားက ကြောက်ဖို့ကောင်းတာပဲ...။ ငါသာ... ဒီ ဓားသိုင်းပညာကို ရနိုင်ခဲ့ရင်... ငါ့ဂိုဏ်းက... အင်ပါယာကြီး လေးခုကို...ခြိမ်းခြောက်နိုင်လိမ့်မယ်”
ပိုင်ရှန်း မျက်မှောင်ကြုတ်ကာ မိမိကိုယ်ကို ရေရွတ်လိုက်သည်။ သူ၏ အိုမင်းသော မျက်လုံးများတွင်... ပြင်းထန်သော တပ်မက်မှုများ... တောက်လောင်နေ၏။
"ရှောင်ရှောင်....."ဖုန်းဝူချန် စိုးရိမ်တကြီး ပြေးဝင်လာပြီး... လင်ရှောင်ရှောင်ကို ဖမ်းထိန်းလိုက်သည်။ ... သူ၏ ကြီးမားသော တောင်ပံများက... ။သူတို့ရှေ့တွင်... အကာအကွယ် လွှာတစ်ခုအဖြစ် ကာဆီးလိုက်သည်။
"ချီလင်ချပ်ဝတ်"... ၎င်း၏ အလွန်အမင်း အစွမ်းထက်သော ခုခံစွမ်းရည်ဖြင့်... ထိုစွမ်းအားကို ခံနိုင်ရည်ရှိရန်... ရုန်းကန်နေရဆဲ ဖြစ်သည်။ ... ဖုန်းဝူချန်... လင်ရှောင်ရှောင်ကို ပွေ့ဖက်ထားရင်း... နှစ်ဦးလုံး... အတူတကွ လွင့်စင်သွားကြသည်။
ပြင်းထန်သော ထိခိုက်မှုအပြီးတွင်... လင်ရှောင်ရှောင်၏ ဒဏ်ရာများမှာ... အလွန် ပြင်းထန်လှသည်။ သူမ၏ မျက်နှာ... ဖြူဖျော့နေ၏။ ... ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦးကို ရင်ဆိုင်ရင်း... အသက်ရှင် ကျန်ရစ်နိုင်ခဲ့ခြင်းကပင်... သူမအတွက်... အတော်လေး ကောင်းမွန်သော အောင်မြင်မှုတစ်ခု ဖြစ်နေလေပြီ။
ဖုန်းဝူချန်က "လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း" အား ထုတ်ဖော်၍ လျင်မြန်စွာ အောက်သို့
ဆင်းသက်သွားသည်။ ပြင်းထန်စွာ ဒဏ်ရာရနေသော လင်ရှောင်ရှောင်ကို ရှောင်ချင်းချင်းထံ လွှဲအပ်လိုက်သည်။
" မေမေ... ရှောင်ရှောင်ကို... သေချာ ဂရုစိုက်ပေးပါ"
ထိုသို့ ဖုန်းဝူချန်က မှာကြားလိုက်ပြီးနောက်... ကောင်းကင်သို့ ခုန်တက်သွားသည်။ သူ့ပတ်ပတ်လည်၌ သတ်ဖြတ်လိုစိတ်များ... ပြင်းထန်စွာ လှိုင်းထနေ၏။
"ရှောင်ရှောင်..."လင်ရှောင်ရှောင်၏ ဖြူဖျော့ပြီး အားအင်မဲ့နေသော မျက်နှာကို မြင်လိုက်ရသောအခါ... ရှောင်ချင်းချင်း... နှလုံးသားထဲမှ နက်ရှိုင်းစွာ နာကျင်မှုကို ခံစားလိုက်ရသည်။
"ဒဏ်ရာတွေက... အရမ်း ပြင်းထန်နေတာ.."
ဖုန်းချန်ယန် စိုးရိမ်စွာ ကြည့်လိုက်ပြီး... လင်ရှောင်ရှောင် မျိုချရန်... ကုသ ဆေးလုံးတစ်လုံးကို... အလျင်အမြန် ထုတ်ယူလိုက်သည်။ သူမ၏ ဒဏ်ရာများကို ကုသရန် အစစ်အမှန် ယွမ်စွမ်းအင်ကို လည်ပတ်စေ
လိုက်သည်။
မြင့်မားသော ကောင်းကင်ယံတွင်... ဖုန်းဝူချန်... ဒေါသတကြီး ဖြစ်နေသည်။ သူ၏ မျက်လုံးများတွင်... သွေးကြောမျှင်များဖြင့်... ပြည့်နှက်နေ၏။
လင်ရှောင်ရှောင်၏ ပြင်းထန်သော ဒဏ်ရာများက ဖုန်းဝူချန်၏ ဒေါသကို နောက်တစ်ကြိမ် မီးထိုး လှုံ့ဆော်လိုက်ပြန်လေ၏။
"အရည်အသွေးမြင့် မြေကမ္ဘာအဆင့် သိုင်းပညာတောင်... ငါ့ကို ဒုက္ခမပေးနိုင်ဘူး၊ အဲ့ဒီ ကောင်မလေး မပါဘဲ... ဖုန်းဝူချန်... မင်း တစ်ယောက်တည်းနဲ့တော့... ငါ မင်းကို... ဘယ်အချိန်မဆို... ကြေမွသွားအောင်... ချေမှုန်းပစ်နိုင်တယ်ကွ..."ပိုင်ရှန်းက အေးစက်စွာ ဆိုလိုက်သည်။ ... သူ၏ မျက်လုံးများတွင် မထီမဲ့မြင်နှင့်... အထင်သေးမှုများ ပါဝင်နေ၏။
ထျန်းယွမ်ဘုံ ကျင့်ကြံသူ တစ်ဦးကား... အမြဲတစေ... ဤမျှ မောက်မာလှသည်။
"အဲ့ဒီလိုလား..."
ဖုန်းဝူချန်က ရေခဲတမျှ အေးစက်စွာ တုံ့ပြန်လိုက်သည်။ ... ထို့နောက်... သူ၏ လက်ကို ဆန့်တန်းလိုက်ရာ... "ပြိုင်ဘက်ကင်းမြို့" အထက်တွင်... ဝဲပျံနေသော... ဧရာမ "ကိုးထပ် ချန်ခွန်း မျှော်စင်"က ... သူ့ထံသို့ တန်းတန်းမတ်မတ် ပျံထွက်လာသည်။ ...
အလွန် ပြင်းထန်သော စွမ်းအားကို... သယ်ဆောင်လာ၏။
""ကိုးထပ် ချန်ခွန်း မျှော်စင်"....."
ပိုင်ရှန်း၏ မျက်နှာ... အနည်းငယ် ရှုံ့မဲ့သွားကာ သူ့ထံ လျင်မြန်စွာ တိုးဝင်လာသော... ကြီးမားသော ရတနာ မျှော်စင်ကြီးအား စူးစူးရဲရဲ ကြည့်လိုက်သည်။
"ဘုန်း.."
ဧရာမ "ကိုးထပ် ချန်ခွန်း မျှော်စင်" ... ကြမ်းတမ်းစွာ ရိုက်ချလာသည်။ ... ပိုင်ရှန်းက လက်ဝါး နှစ်ဖက်လုံးဖြင့်... ပုတ်ထုတ်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မျှော်စင်နှင့် ပြင်းထန်စွာ တိုက်မိသွားကြသည်။
ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာပြီး... လေဟာနယ်က နောက်တစ်ကြိမ် တုန်ခါသွား၏။
ပြင်းထန်သော ထိတိုက်မိမှုဖြင့် ပိုင်ရှန်း... "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏... တွန်းထုတ်ခြင်းကို... အမှန်တကယ်ပင် ခံလိုက်ရလေသည်။
"ဒါ... ဒါ ..တကယ်ပဲ... ဝိညာဉ်လက်နက်... ဟုတ်ရဲ့လား..."ပိုင်ရှန်း... အလွန် အံ့အားသင့်သွားသည်။ ... ကြီးမားသော ကျင့်ကြံခွန်အား ပိုင်ဆိုင်ရုံသာမက... ကြောက်မက်ဖွယ် ခုခံစွမ်းအားပါ ရှိသော... ဤမျှ အစွမ်းထက်သည့် ဝိညာဉ်လက်နက်မျိုးကို... သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ပိုင်ရှန်း တွန်းထုတ်ခံလိုက်ရသည့် အကြောင်းရင်းမှာ "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ခုခံစွမ်းအားက လုံးဝ ပြန်ကန်ထွက်ပြီး... သူ့ကို
တွန်းထုတ်လိုက်ခြင်းကြောင့် ဖြစ်သည်။
ဟုတ်ပါတယ်...။ ၎င်းတွင်... ဖုန်းဝူချန်၏ စွမ်းအားလည်း... ပါဝင်နေသည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်" ... ပိုင်ရှန်းကို တွန်းထုတ်လိုက်ခြင်းက... "ပြိုင်ဘက်ကင်းမြို့" မှ လူတိုင်းကို... လုံးဝ တုန်လှုပ်သွားစေသည်။
ထိုစဉ် ဖုန်းဝူချန် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ... မျှော်စင်... မြင့်မားသော ကောင်းကင်ယံသို့ တက်သွား၏။ ... ကြီးမားသော ရွှေရောင် အခင်းအကျင်းတစ်ခု... အထက်မှ လွှမ်းခြုံလာစဉ်... ခံ့ညားထည်ဝါပြီး လွှမ်းမိုးချုပ်ချယ်နိုင်သော ဖိနှိပ်မှု စွမ်းအားတစ်ခု ကျဆင်းလာသည်။
ပိုင်ရှန်း၏ မျက်နှာ... နောက်တစ်ကြိမ် သိသိသာသာ ပြောင်းလဲသွားသည်။ ...
ထို ဖိနှိပ်မှု စွမ်းအားမှာ... ထျန်းယွမ်ဘုံ ကျင့်ကြံသူဖြစ်သော... သူပင်လျှင်... မခုခံနိုင်သော... အရာတစ်ခု ဖြစ်နေသည်။
ထျန်းယွမ်ဘုံ၏ ကြောက်မက်ဖွယ် အရှိန်အဝါ... ချက်ချင်းဆိုသလို သိသိသာသာ အားနည်းသွားသည်။ ... ရှင်းလင်းစွာပင်... ယွမ်တန်ဘုံ ပထမလွှာ၏ အဆင့်သို့ပင်... မရောက်ရှိတော့ပေ...။
"အခုရော...ကျုပ်ကို ဘယ်အချိန်မဆို... ကြေမွသွားအောင် ချေမှုန်းပစ်နိုင်တယ်လို့... ပြောရဲသေးလား..."ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။
သူ၏ အစစ်အမှန် ယွမ်စွမ်းအင်... "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ဖိနှိပ်ခံလိုက်ရသဖြင့်... ပိုင်ရှန်း၏ အရှိန်အဝါ... အားနည်းသွားသည်။ ... ဖုန်းဝူချန်... ပိုင်ရှန်းကို... မည်သို့ ကြောက်ရွံ့နေဦးမည်နည်း။
…သာမန် ဝိညာဉ်လက်နက် တစ်ခုက... ဒီလောက် ကြောက်ဖို့ကောင်းတဲ့ စွမ်းအားကို... ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး...။ ... ဒါ... အင်မော်တယ် လက်နက်... မဟုတ်ရင်ပေါ့လေ...
ပိုင်ရှန်း၏ နှလုံးသား ထိတ်ပြာသွား
သည်။ သူ စဉ်းစားလေလေ၊ ၎င်းက ပို၍ ဖြစ်နိုင်ခြေ ရှိလာလေလေပင်။ ၎င်းက သူ့ကို အတော်လေး ကြောက်လန့်
သွားစေသည်။
ထျန်းယွမ်ဘုံ ကျင့်ကြံသူ တစ်ဦးအနေဖြင့်... ပိုင်ရှန်းသည်... ဝိညာဉ်လက်နက် တစ်ခု၏ စွမ်းအား အတိုင်းအတာကို... သဘာဝကျကျ ရှင်းလင်းစွာ သိရှိထားပေသည်။ ... "ကိုးထပ် ချန်ခွန်း မျှော်စင်" ကဲ့သို့ ထိတ်လန့်ဖွယ်ရာ တစ်ခုကို... သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ထို့ကြောင့်... ပိုင်ရှန်း... "ကိုးထပ် ချန်ခွန်း မျှော်စင်" သည်... "အင်မော်တယ် လက်နက်" တစ်ခု ဖြစ်ကြောင်း... ကောက်ချက်ချနိုင်ခဲ့သည်။
ဒဏ္ဍာရီလာ... "အင်မော်တယ် လက်နက်"...။
ကြောက်မက်ဖွယ် ဖိနှိပ်မှု စွမ်းအားက... ပိုင်ရှန်း၏ မျက်နှာတွင်... ရုန်းကန်မှု အရိပ်အယောင်တစ်ခု... ပေါ်ထွက်လာစေသည်။ သူသည် ထိတ်လန့်သော အကြည့်ဖြင့်... ဖုန်းဝူချန်ထံသို့ ကြည့်လိုက်ပြီး…
"ဖုန်းဝူချန်...။ "ကိုးထပ် ချန်ခွန်း မျှော်စင်" က... အင်မော်တယ် လက်နက်... ဟုတ်တယ်မလား....."
“ဟင်…အင်မော်တယ် လက်နက်တဲ့လား”
ပိုင်ရှန်း၏ ထိတ်လန့်တကြား အသံကို ကြားသောအခါ... "ပြိုင်ဘက်ကင်းမြို့"မှ လူအုပ်ကြီး... အလွန် တုန်လှုပ်သွားကြပြီး
ဂယက်ထသွား၏။
“ "ကိုးထပ် ချန်ခွန်း မျှော်စင်" က... အင်မော်တယ် လက်နက်... ဟုတ်လား…”
ချီဟွမ်နှင့် အခြားသူများ... ကြောက်ရွံ့မှုကြောင့် တုန်ရီသွားကြသည်။ သူတို့၏ အံ့အားသင့်သော အကြည့်များ... အလိုအလျောက်ပင်... ကြီးမားသော မျှော်စင်ကြီးထံသို့ လှည့်သွားကြသည်။
သတ်ဖြတ်လိုစိတ် အပြည့်ပါသော အေးစက်သည့် စိုက်ကြည့်မှုဖြင့်... ဖုန်းဝူချန်က... စိတ်ခံစားချက် ကင်းမဲ့စွာ ထုတ်ဖော်ပြောလိုက်သည်။
"တစ်ပိုင်း အင်မော်တယ် လက်နက်....."
…တစ်ပိုင်း အင်မော်တယ် လက်နက်တဲ့လား…
ပိုင်ရှန်း... အနည်းငယ် တုန်လှုပ်သွားသည်။
... ဒါ တကယ်ပဲ... အင်မော်တယ် လက်နက်... ဖြစ်နေတာပဲ...။ ... မဆန်းပါဘူး...။ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာ...။ ထျန်းယွမ်ဘုံတောင်... ခုခံနိုင်စွမ်း မရှိဘူး...။
""ကိုးထပ် ချန်ခွန်း မျှော်စင်" က... တကယ်ပဲ... အင်မော်တယ် လက်နက်... ဖြစ်နေတာပဲ....."
ချီဟွမ်နှင့် အခြားသူများ... နောက်တစ်ကြိမ် ထပ်မံ တုန်လှုပ်သွားကြပြန်သည်။ လူတိုင်း၏ မျက်နှာများ... တင်းမာသွားကြပြီး... ဖုန်းဝူချန်ကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။
"တစ်ပိုင်း အင်မော်တယ် လက်နက်...။ ... ချန်အာက... အင်မော်တယ် လက်နက်ကို သန့်စင်နိုင်ခဲ့တာလား..."
ရှောင်ချင်းချင်း... အလွန်အမင်း တုန်လှုပ်သွားသည်။
"ကိုးထပ် ချန်ခွန်း မျှော်စင်" ကို... ဖုန်းဝူချန် ဖန်တီးခဲ့သည်ဟု မှားယွင်းစွာ ထင်လိုက်မိသည်။
"အင်မော်တယ် လက်နက်..."
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့... မှင်တက်သွားကြသည်။ ယုံကြည်ရန် ခက်ခဲနေမိ၏။
ဖုန်းဝူချန်... တကယ်ပဲ... အင်မော်တယ် လက်နက်တစ်ခုကို... ပိုင်ဆိုင်ထားသည်တဲ့။
"ကိုးထပ် ချန်ခွန်း မျှော်စင်" သည်... အမှန်တကယ်ပင် "အင်မော်တယ် လက်နက်" တစ်ခု ဖြစ်သည်။
သို့သော်... ၎င်း ပျက်စီးနေခဲ့ပြီး... "ဝိညာဉ်လက်နက်" နှင့် "အင်မော်တယ် လက်နက်" ကြားမှ အခြေအနေ တစ်ခုတွင်... တည်ရှိနေသည်။
"ဝိညာဉ်လက်နက်" ထက်... အစွမ်းထက်သော်လည်း... "အင်မော်တယ် လက်နက်" တစ်ခု၏ စစ်မှန်သော စွမ်းအား... ကင်းမဲ့နေသည်။ ... ထို့ကြောင့်... ဖုန်းဝူချန်က ၎င်းကို... "တစ်ပိုင်း အင်မော်တယ် လက်နက်" ဟု... ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။
“ဘာဖြစ်လဲ။ ... ကြောက်သွားပြီလား”
ပိုင်ရှန်း၏ တုန်လှုပ်နေသော မျက်နှာကို ကြည့်ရင်း... ဖုန်းဝူချန်က အေးစက်စွာ ပြုံးလိုက်သည်။ တူညီသော အခိုက်အတန့်၌ သူ၏ သွေးမျိုးဆက် စွမ်းအား... အပြည့်အဝ လှိုင်းထလာသည်။ ... "အထွတ်အထိပ် နဂါးနတ်ဘုရားဓား" ကို ကိုင်ဆောင်လျက်... သူ ပိုင်ရှန်းထံသို့... အရှိန်ဖြင့် တိုးဝင်သွားသည်။ ... လျှပ်တစ်ပြက်အတွင်း ပေါ်လာလောက်အောင်... လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး... ပိုင်ရှန်း၏ လည်ပင်းကို... ချိန်ရွယ်ကာ... ခုတ်ပိုင်းလိုက်သည်။
"ချွင်.."
ပိုင်ရှန်း... အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ... အစွမ်းထက်သော စွမ်းအားတစ်ခုကို... သူ၏ လက်မောင်းတွင် စုစည်းလိုက်ပြီး... သူ့ရှေ့တွင်... ပိတ်ဆို့လိုက်သည်။ ... "ချွင်" ဟူသော အသံနှင့်အတူ... သူ ဖုန်းဝူချန်၏ တိုက်ခိုက်မှုကို... ပုတ်ထုတ်လိုက်သည်။ ... အစွမ်းထက်သော စွမ်းအားများ... ဝေ့ဝဲသွားပြီး... လေဟာနယ်ကို... တုန်ခါသွားစေသည်။
ဖိနှိပ်ခံထားရသည့်တိုင်... ပိုင်ရှန်း၏ ကျင့်ကြံခွန်အားမှာ... ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်သည်။
"မင်း... ထျန်းယွမ် နယ်ပယ်ကို... ခြေမချရသေးသရွေ့... ငါ... ဂိုဏ်းချုပ်က... မင်းကို... ကြောက်ရမှာလား..."ပိုင်ရှန်းက ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်သည်။
"ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ....."ဖုန်းဝူချန်က ဟိန်းဟောက်လိုက်သည်။ ... "အထွတ်အထိပ် နဂါးနတ်ဘုရားဓား"... ရုတ်တရက်... အလွန် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခု... ထုတ်လွှတ်လိုက်သည်။ ... စွမ်းအားမှာ... ကြီးမားပြီး လှိုင်းထနေ၏။
"ဒါက...။ ... အစစ်အမှန် ယွမ်... အကာအကွယ်....."ပိုင်ရှန်း၏ အမူအရာ... မသိမသာ ပြောင်းလဲသွားသည်။ ... ဓားအလင်းတန်း၏ စွမ်းအားက... သူ့ကို ခြိမ်းခြောက်မှု ပေးနေသည်။ ... ထို့ကြောင့်... သူ သူ၏ လက်များကို... ချက်ချင်း ပူးယှက်လိုက်ပြီး... အကာအကွယ် အတားအဆီးတစ်ခုအတွက်... စွမ်းအင် စုစည်းလိုက်သည်။
"ဘုန်း.."
ကြောက်မက်ဖွယ် ဓားအလင်းတန်း... အနီးကပ် အကွာအဝေးမှ... ပေါက်ကွဲထွက်လာကာ ကျယ်လောင်စွာ ပေါက်ကွဲထွက်သွား၏။ စူးရှသော စွမ်းအင် အားလှိုင်းများက လူနှစ်ဦးလုံးကို အမြစ်ပြတ်နေသော သစ်ပင်အိုများလို လွင့်စင်သွားစေသည်။ လေဟာနယ် တုန်ခါသွားပြီး လှိုင်းလုံးများ လိမ့်တက်လာသည်။
…ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ...
ပိုင်ရှန်း မျက်မှောင်ကို နက်ရှိုင်းစွာ ကြုတ်လိုက်သည်။ သူ အလွန် သတိထားမိသွားပြီး... တွေးလိုက်သည်။
..ခုနက ဓားအလင်းတန်းက... အဲ့ဒီ ကောင်မလေးရဲ့ မြေကမ္ဘာအဆင့် အမြင့်တန်း သိုင်းပညာထက်... ပိုပြင်းထန်တယ်...။ ... ဒီကောင်စုတ်လေး... နောက်ထပ် ဘယ်လောက်များများ... လျှို့ဝှက် ကတ်ပြားတွေ... ရှိနေသေးတာလဲ..
ကံကောင်းသည်မှာ... ပိုင်ရှန်း... သူ၏ အစစ်အမှန် ယွမ်စွမ်းအင်ကို... အကာအကွယ်အတွက်... အချိန်မီ စုစည်းနိုင်ခဲ့ခြင်းပင်။ မဟုတ်ပါက... သူ သေချာပေါက် ဒဏ်ရာရရှိသွားမည် ဖြစ်သည်။ သူ ဖွဲ့စည်းခဲ့သော အကာအကွယ် အတားအဆီးမှာ... ယခုအခါ... အက်ကွဲကြောင်းများဖြင့်... ဖုံးလွှမ်းနေလေပြီ။
"ဟူး.."
ဖုန်းဝူချန် သူ၏ ရပ်တည်မှုကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး... အသက်ကို ပြင်းပြင်း ရှူထုတ်လိုက်ကာ... တွေးလိုက်မိသည်။
..တကယ်ပဲ... စွမ်းအားက ကြောက်ဖို့ကောင်းတယ်...။ ... ဒါပေမဲ့... ဒီအဘိုးကြီးကို ဒဏ်ရာ မရစေခဲ့တာတော့... နှမြောစရာပဲ..
သို့သော် သူ၊ "ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ" ကို ထုတ်သုံးပြီးနောက်... ထက်ရှသည့် ဓားစိတ်ဆန္ဒမှာ... ပျောက်ကွယ်သွားခဲ့ပြီး... ဘာမှ မကျန်ရစ်တော့ချေ...။
ထိုအခိုက်အတန့်တွင်
လင်ရှောင်ရှောင်က စိုးရိမ်သော မျက်နှာဖြင့် ရေရွတ်လိုက်သည်။
"အစ်ကိုကြီး ဖုန်းရဲ့... "ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ" က... နည်းနည်းလေးပဲ... နားလည် သဘောပေါက်သေးတာ...။ ... စွမ်းအားကုန်ဆုံးသွားပြီ..."
ဤမျှ အစွမ်းထက်သော ဓားသိုင်းပညာကပင်... ပိုင်ရှန်းကို ဒဏ်ရာ မရစေနိုင်ခဲ့လျှင်... အစ်ကိုကြီးဖုန်း၏ အခြား သိုင်းပညာများအတွက်... ပြောစရာပင်... ပို၍ နည်းပါးသွားမည်ကို... သူမ သိနေသည်။
""ကိုးထပ် ချန်ခွန်း မျှော်စင်" ရဲ့ ဖိနှိပ်ခြင်းကို ခံထားရတာတောင်... ပိုင်ရှန်းရဲ့ ကျင့်ကြံခွန်အားက... ဝူချန်ထက်...မနိမ့်ကျသေးဘူး..." ဟု ဖုန်းချန်ယန်က လေးနက်စွာ ဆိုသည်။
ပိုင်ရှန်း... တစ်ခုခု မူပျက်နေသည်ကို... အာရုံခံမိလိုက်ပြီး...အနည်းငယ် စိတ်အေးသွားရသည်။ ... ဘာဖြစ်နေသည်ကို... သူ နားမလည်သည့်တိုင်... ဖုန်းဝူချန်၏ အရှိန်အဝါမှာ... သိသိသာသာ အားနည်းသွားခဲ့ခြင်းပင်။
အကယ်၍ သူ ဖုန်းဝူချန်ကို... အခုချက်ချင်း မသတ်ပစ်နိုင်ခဲ့လျှင်... နောက်တစ်ကြိမ်... ဤမျှ ပြီးပြည့်စုံသော အခွင့်အရေးမျိုး.. ဘယ်တော့မှ ရရှိတော့မည် မဟုတ်ပေ။
"ဖုန်းဝူချန်...။ ... ဒီမှာပဲ... အဆုံးသတ်ပြီ..."ပိုင်ရှန်းက အေးစက်စွာ ကြုံးဝါးလိုက်သည်။ ... ထူထဲသော သတ်ဖြတ်လိုစိတ်များ... သူ့ပတ်လည်မှ လေထုကို... ဖုံးလွှမ်းသွားသည်။ ... သူ၏ လက်များကို ပူးယှက်လိုက်သည်နှင့်... သူ၏ အရှိန်အဝါ... တဟုန်ထိုး တက်လာသည်။
"မြေအောက်ဘုရင်... ပြုတ်ကျခြင်း....."ပိုင်ရှန်း လေသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်သည်။ ... အပြာရောင် တောက်ပနေသော ကျောက်စိမ်း ဆွဲသီးတစ်ခု... သူ၏ ကိုယ်အတွင်းမှ... ပျံဝဲ ထွက်ပေါ်လာသည်။ …
အလယ်အလတ်တန်းစား... ဝိညာဉ်လက်နက်...။
"မြေအောက်ဘုရင် ဆွဲသီး" မှာ... ပိုင်ရှန်း၏... အသက်နှင့် ဆက်နွယ်နေသော ရတနာ ဖြစ်သည်။ ... ဆွဲသီးကို ဆင့်ခေါ်လိုက်သည်နှင့်... ပိုင်ရှန်း၏ အရှိန်အဝါ... နောက်တစ်ကြိမ် မြင့်တက်လာပြီး... ပို၍ပင်... ကြောက်မက်ဖွယ် ကောင်းလာသည်။
"အလယ်အလတ်တန်းစား... ဝိညာဉ်လက်နက်....."ဖုန်းချန်ယန်၏ အိုမင်းသော မျက်နှာ... ညှိုးငယ်သွားသည်။ ... ပိုင်ရှန်း၏ ကြောက်မက်ဖွယ် ကျင့်ကြံခွန်အားကို... လေးလေးနက်နက် သတိထားမိသွား၏။
"ဒီ အဘိုးကြီး... တကယ်ပဲ... အရန် အစွမ်းအင်တွေ... သိမ်းထားခဲ့တာပဲ...။ ... ဗိမာန်သခင်... အစွမ်းကုန် ထုတ်သုံးခဲ့တာတောင် အဘိုးကြီးကို... ဘာမှ လုပ်လို့ မရသေးဘူး..."လိန်မူချန်... စိုးရိမ်လာသည်။
"မြေအောက်ဘုရင် ဆွဲသီး" ကို ဆင့်ခေါ်လိုက်သည်နှင့်... ပိုင်ရှန်း၏ အရှိန်အဝါ... ထျန်းယွမ် နယ်ပယ်၏ အဆင့်သို့... ချဉ်းကပ်သွားသည်။ ... "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ဖိနှိပ်မှုကြောင့်... နောက်တဖန်... ထိခိုက်ခြင်း မရှိတော့သလိုပင်...။
ဖုန်းဝူချန်.. အစွမ်းရှိသမျှ... ထုတ်သုံးခဲ့ပြီး ဖြစ်သည်။ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကိုပင်... ဆင့်ခေါ်ခဲ့သည်။ သူ ယခုလေးတင်မှ... နားလည် သဘောပေါက်ခဲ့သော "ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ"က ပိုင်ရှန်းကို... ဒဏ်ရာ ရရှိအောင်... မစွမ်းဆောင်နိုင်ခဲ့ပေ...။
ယခု... ပိုင်ရှန်း... "မြေအောက်ဘုရင် ဆွဲသီး" ကို... ထုတ်ဖော်လိုက်သည့်အခါ... ပိုင်ရှန်း၏ ကျင့်ကြံခွန်အားမှာ... ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာသည်။ …
လျှို့ဝှက် ကတ်ပြား အားလုံးကို... အသုံးပြုပြီး ဖြစ်သော... ဖုန်းဝူချန်... သူ့ကို... မည်သို့... ယှဉ်ပြိုင်နိုင်ဦးမည်နည်း။