← Chapters

ကြောက်မက်ဖွယ် ကျင့်ကြံခွန်အား

Vol. 13 Ch. 193

ကြောက်မက်ဖွယ် ကျင့်ကြံခွန်အား

Vol. 13 Ch. 193

~ပိုင်ရှန်း သူ၏ အစစ်အမှန် ယွမ်စွမ်းအင်ကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ စွမ်းအားများ အရူးအမူး တိုးထွက်လာပြီး… လေထု၌ တရကြမ်း လှိုင်းထသွားတော့၏။

မျက်စိကျိန်းလောက်အောင် စူးရှသော စိမ်းပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။

"ပြိုင်ဘက်ကင်းမြို့" မှ လူများ ကြောက်လန့်တကြား တုန်ရီနေကြပြီး… သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုများ ထင်ဟပ်နေသည်။ ကြောက်မက်ဖွယ် ဖိအားမှာ အလွန် ပြင်းထန်လှရာ… အသက်ပင် ရှူနိုင်ကြတော့ပေ။

“အဲ့ဒီ ကောင်မစုတ်မလေးရဲ့ ခုခံ အတားအဆီး မရှိဘဲနဲ့တော့... ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး...။ သူ့ဒဏ်ရာတွေ မြန်မြန် ပျောက်တယ် ဆိုရင်တောင်... သူ ဝင်မပါခင်... ငါ မင်းကို သတ်နိုင်မှာပဲ”

ပိုင်ရှန်းက ကြမ်းတမ်းစွာ ဆိုလိုက်သည်။ သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါက ဖုန်းဝူချန်ကို ပိတ်လှောင်၍

ပစ်မှတ်ထားလိုက်ပြီး ဖြစ်သည်။

ဖုန်းဝူချန်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့သည်။ စောစောက အနီးကပ် အကွာအဝေးမှ ပေါက်ကွဲထွက်သွားသော ဓားအလင်းတန်းက ပိုင်ရှန်းကို ဒဏ်ရာရစေနိုင်လိမ့်မည်ဟု သူ တွေးထင်ခဲ့မိသည်။ ထိုသို့ဖြင့် ဖုန်းဝူချန်တွင်လည်း အနည်းငယ် ယုံကြည်မှု ရှိခဲ့ပါသေးသည်။ သို့သော်… ကံမကောင်းစွာပင်… လူ့အကြံက… နတ်ဘုရား အကြံကို မမီနိုင်ခဲ့ပေ။

"ဝိညာဉ် ချေမှုန်း" ဓားသိုင်းပညာက ပိုင်ရှန်းကို ဒဏ်ရာရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ရုံသာမက… ဖုန်းဝူချန်အား "ဝိညာဉ် ချေမှုန်း" ဓားသိုင်းပညာ၏ စွမ်းအားကို ကုန်ဆုံးသွားစေခဲ့သည်။ အချို့သော စွမ်းအားအဆင့်သို့ မရောက်ရှိဘဲ သူသည် အစွမ်းထက်သော ဓားသိုင်းပညာကို ရိုးရှင်းစွာ ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။

""ဝိညာဉ် ချေမှုန်း" ဓားသိုင်းပညာကို ငါ နားလည်ထားတာ နည်းလွန်းလို့... ထပ်သုံးလို့ မရတော့ဘူး...။ ခုနကသာ ငါ့ရဲ့ အကောင်းဆုံး အခြေအနေမှာ ရှိနေခဲ့ရင်... ပိုင်ရှန်းကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့လောက်တယ်..."ဖုန်းဝူချန်က လေးနက်စွာ ရေရွတ်လိုက်သည်။ ပိုင်ရှန်းကို စိုက်ကြည့်လိုက်ပြီးနောက်… ဆေးလုံး အနည်းငယ် ထုတ်ယူကာ မျိုချလိုက်သည်။

ထျန်းယွမ်ဘုံ ပညာရှင်များနှင့် တိုက်ပွဲတွင် ဆေးလုံးများ အသုံးပြုခြင်းမှာ… ဂုဏ်သိက္ခာမဲ့သော အပြုအမူဟု လုံးဝ မဆိုနိုင်ပေ။

ထို့အပြင်… အသက်လု တိုက်ပွဲတစ်ခုတွင်… မည်သူက ဂုဏ်သိက္ခာ ရှိခြင်း၊ မရှိခြင်းကို ဂရုစိုက်နေဦးမည်နည်း။

"ဆေးလုံးတွေရဲ့ အစွမ်းက တကယ်ပဲ အရမ်း ပြင်းထန်တယ်...။ ဒါပေမဲ့... မင်းမှာ... နောက်ထပ် အခွင့်အရေး မရှိတော့ဘူး....."ပိုင်ရှန်းက အေးစက်စွာ ဟိန်းဟောက်လိုက်သည်။ လေဟာနယ်ကို ဖြတ်ကျော် လှမ်းလာရင်း… အထင်ကြီးစရာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာသည်။

ရန်သူအပေါ် သနားညှာတာခြင်းသည်… မိမိကိုယ်ကို ရက်စက်ခြင်းပင်။ ပိုင်ရှန်းက ဖုန်းဝူချန်အား ဒဏ်ရာများမှ ပြန်လည် နာလန်ထူခွင့် မည်သို့ ပေးနိုင်မည်နည်း။

ဖုန်းဝူချန်၏ အတွေးများ လှုပ်ရှားသွားသည်။ သူ "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို ထိန်းချုပ်ကာ အောက်သို့ ရိုက်ချလိုက်သည်။ ထိုက်တောင်ကြီး ဖိချလိုက်သည့်အလား… တားဆီးနိုင်စွမ်း မရှိပေ…။

"တစ်ပိုင်း-အင်မော်တယ် လက်နက် တစ်ခုက… ငါ့ကို ဘာလုပ်နိုင်မှာလဲ..."ပိုင်ရှန်း… တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး… အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ မော့ကြည့်လိုက်သည့် ထိုအခိုက်… သူ၏ လက်ဝါးကို အပေါ်သို့ ခံဆောင်လိုက်သည်။

"ဘုန်း.."

"ဝီ ဝီ.."

ကြမ်းတမ်းသော စွမ်းအားက… အောက်သို့ ကျဆင်းလာသော ဧရာမ မျှော်စင်ကြီးကို ပိတ်ဆို့လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ… မျှော်စင်ကြီး ပြင်းထန်စွာ တုန်ခါသွားပြီး… ပိုင်ရှန်း၏ ကျင့်ကြံခွန်အားကို ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။

"ဖုန်းဝူချန်... မင်းရဲ့ ကျင့်ကြံခွန်အား... အများကြီး အားနည်းသွားပြီ..."ပိုင်ရှန်းက ရက်စက်စွာ ပြုံးလိုက်သည်။ သူ့မျက်လုံးများက ဖုန်းဝူချန်ထံသို့ ဝေ့ကြည့်လိုက်ပြီး… သူ၏ လက်စကို ဝှေ့ယမ်းလိုက်ရာ… လှိုင်းထနေသော ချီစွမ်းအင်တစ်ခု… ပျံ့လွင့်ထွက်သွားသည်။

ဖုန်းဝူချန်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး… သူ၏ တောင်ပံများကို သူ့ရှေ့တွင် အလျင်အမြန် ကာဆီးလိုက်သည်။

"ဘုန်း.."

ကြောက်မက်ဖွယ် ချီစွမ်းအင်က ဖုန်းဝူချန်၏ တောင်ပံများကို ထိမှန်သွားပြီး… ချက်ချင်းဆိုသလို ဖုန်းဝူချန်ကို နောက်ပြန် လွင့်စင်သွားစေခဲ့သည်။

"ဝှစ်.."

နောက်တစ်စက္ကန့်တွင်… ပိုင်ရှန်း… မမျှော်လင့်ဘဲ… လျှပ်တစ်ပြက် ပေါ်ထွက်လာသည်။ သူ၏ အရှိန်မှာ ကြောက်မက်ဖွယ်ကောင်းလှပြီး… ဖုန်းဝူချန်ထံသို့ ဦးတည်သော… ရက်စက်သည့် လက်ဝါးချက်တစ်ခု ပစ်လွှတ်လိုက်သည်။

"လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း…"

ဖုန်းဝူချန် တုန်လှုပ်သွားပြီး… ၎င်းကို ရှောင်ရှားရန် "လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း" ကို အသုံးပြုလိုခဲ့သည်။ သို့သော်… နောက်ကျသွားခဲ့ပြီ…။

ပိုင်ရှန်း၏ ကြမ်းတမ်းသော လက်ဝါးချက်… ဖုန်းဝူချန်၏ ရင်ဘတ်ပေါ်သို့ ခိုင်မာစွာ ကျရောက်သွားသည်။ ကြောက်မက်ဖွယ် စွမ်းအားကြောင့်… သူ သွေးအန်ထုတ်လိုက်ရပြီး… သူ၏ ပုံရိပ်… မီတာ ရာပေါင်းများစွာ… နောက်ပြန် လွင့်စင်သွားသည်။

ထို လက်ဝါးချက်ဖြင့်… ဖုန်းဝူချန်၏ ဒဏ်ရာများ ပိုဆိုးသွားပြီး… သူ၏ မျက်နှာအမူအရာမှာ… စက္ကူကဲ့သို့ ဖြူဖျော့သွားသည်။

"အစ်ကိုကြီး ဖုန်း....."

လင်ရှောင်ရှောင် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ သို့သော် သူမ၏ ဒဏ်ရာများမှာ အပြည့်အဝ မပျောက်ကင်းသေးဘဲ… ဖုန်းဝူချန်ကို မကူညီနိုင်ခဲ့ပါ…။ သူမ သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်နေပေလိမ့်မည်။

လင်ရှောင်ရှောင်၏ ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားသည့်တိုင်… "ကိုးထပ် ချန်ခွန်း မျှော်စင်" ၏ ဖိနှိပ်မှု စွမ်းအားအောက်တွင်… သူမ ယွမ်တန်ဘုံ နဝမ အလွှာ၏ အထွတ်အထိပ် ကျင့်ကြံခွန်အားကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

အကယ်၍ သူတို့ ပိုင်ရှန်းကို ဖိနှိပ်ရန် "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို အသုံးမပြုခဲ့ပါက… သူ၏ ကျင့်ကြံခွန်အားမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။

"ချန်အာ....."

"ဗိမာန်သခင်....."

ရှောင်ချင်းချင်း၊ ချီဟွမ်နှင့် အခြားသူများ… ကြည့်ရင်း ပို၍ပင် ထိတ်လန့်လာကြသည်။ သူတို့၏ လက်ဖဝါးများ ချွေးစေးများဖြင့် ပြည့်နှက်နေ၏။

ဖုန်းဝူချန်၏ ပါးစပ်မှ သွေးစီးများ အဆက်မပြတ် စီးကျနေသည်။ သူ အသက်ကို ပြင်းပြင်း ရှူနေရပြီး… သူ၏ ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုက… သူ့ကို အသက်ရှူရ ခက်ခဲစေသည်။

ဆေးလုံးများ မျိုချခဲ့သည့်တိုင်… သူ၏ ဒဏ်ရာများ ပိုဆိုးလာသည့်နှုန်းမှာ… ၎င်းတို့ ပျောက်ကင်းသည့်နှုန်းထက်… များစွာ ပိုမြန်နေသည်။

ပြင်းထန်စွာ ဒဏ်ရာရနေသော ဖုန်းဝူချန်မှာ… ပိုင်ရှန်းနှင့် ယှဉ်ပြိုင်ရန် အင်အား မရှိတော့ပေ။

ဖုန်းဝူချန်၏ အရှိန်အဝါ အားနည်းသွားသည်နှင့်အမျှ… "ကိုးထပ် ချန်ခွန်း မျှော်စင်" မှ ထုတ်လွှတ်သော အရှိန်အဝါမှာလည်း… သိသိသာသာ လျော့ကျသွားသည်။ … ကနဦး လွှမ်းမိုးချုပ်ချယ်နိုင်သော သဘောထားနှင့်… အစွမ်းထက်သော စွမ်းအား… မရှိတော့…။

ဖိနှိပ်မှု စွမ်းအားမှာလည်း… အတော်လေး အားနည်းသွားပြီး… ပိုင်ရှန်း… သူ၏ ကျင့်ကြံခွန်အား… တည်ငြိမ်စွာ တိုးတက်လာသည်ကို… ရှင်းလင်းစွာ ခံစားမိလိုက်ရသည်။

"မင်း ခုထိ ခံနိုင်ရည် ရှိနေသေးတာ… အထင်ကြီးစရာပဲ…။ မင်းရဲ့ ကျင့်ကြံခွန်အားကို… ငါ လေးစားတယ်..."ပိုင်ရှန်းက လှောင်ပြောင်စွာ ဆိုလိုက်သည်။ သူ၏ အေးစက်သော ရယ်မောသံ ပဲ့တင်ထပ်သွား၏။ အခြေအနေမှာ ဆုံးဖြတ်ပြီးသား ဖြစ်နေဟန်တူသဖြင့်… သူ၏ အောင်ပွဲအတွက် ယုံကြည်မှု ရှိနေသည်။

ပိုင်ရှန်း "ကိုးထပ် ချန်ခွန်း မျှော်စင်" အထက်သို့ လျှပ်တစ်ပြက် ရောက်ရှိသွားပြီး… ပြင်းထန်သော လက်ဝါးချက်ဖြင့်…ဆယ်ကျန်း မြင့်သော "ချန်ခွန်း မျှော်စင်" ကို မြေပြင်ထဲသို့ ရိုက်ချလိုက်သည်။ ဧရာမ တွင်းကြီး တစ်ခု မြေကြီးထဲတွင် ပေါက်ကွဲ

ထွက်သွား၏။

ဖုန်းဝူချန်၏ ကျင့်ကြံခွန်အား မပါဘဲ… "ကိုးထပ် ချန်ခွန်း မျှော်စင်" မှာ… သာမန် မျှော်စင်တစ်ဆူထက်… မပိုတော့…။

မျှော်စင်၏ အခင်းအကျင်း ပျောက်ကွယ်သွားသည်နှင့်… ပိုင်ရှန်း… ယွမ်တန်ဘုံ ပထမလွှာ၏ အရှိန်အဝါကို… ချက်ချင်း ပြန်လည် ရရှိသွားသည်။ … "မြေအောက်ဘုရင်" ဆွဲသီးနှင့် ပေါင်းစပ်လိုက်သည့်အခါ… သူ၏ လက်ရှိ ကျင့်ကြံခွန်အားမှာ… ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။

"ပိုင်ရှန်း... သူ့အစွမ်းတွေ ပြန်ရသွားပြီ....."

"ငါတို့... အခု ဘယ်လိုလုပ်ကြမလဲ။ ... ဗိမာန်သခင်... ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတာ...။ အဲ့ဒီ အဘိုးကြီးကို... ရိုးရိုးရှင်းရှင်းပဲ... မနိုင်နိုင်ဘူး....."

"ဗိမာန်သခင်ရဲ့ အရှိန်အဝါက... တဖြည်းဖြည်း အားနည်းလာနေပြီ...။ သူ... ကြာကြာ ခံနိုင်မှာ မဟုတ်တော့ဘူး....."

ချီဟွမ်နှင့် အခြားသူများ… အလွန် စိုးရိမ်တကြီး ဖြစ်သွားကြပြီး… လုံးဝ ထိတ်လန့်နေသည့် အရိပ်အယောင်များ ပြသလာကြသည်။

"အစ်ကိုကြီး ဖုန်း....."စိုးရိမ်တကြီး ဖြစ်နေသော လင်ရှောင်ရှောင်… သူမ၏ ကိုယ်ပိုင် ဒဏ်ရာများ… အပြည့်အဝ မပျောက်ကင်းသေးသည်ကို လျစ်လျူရှုကာ… သူမ၏ ပျံသန်းခြင်း သိုင်းပညာနှင့် "လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း" ကို အသုံးပြု၍… ရုတ်ချည်း ထွက်ပေါ်လာသည်။

" ကောင်မစုတ်မလေး....."

ပိုင်ရှန်းက အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ၏ ဝတ်ရုံ လက်စကို ဝှေ့ယမ်းလိုက်ရာ… ကြောက်မက်ဖွယ် ချီစွမ်းအင်တစ်ခု… အောက်သို့ ဖိစီးသွားပြီး… လင်ရှောင်ရှောင်ကို မြေပြင်ပေါ်သို့… ရိုက်ချလိုက်လေသည်။

"ရှောင်ရှောင်....."

မရှုမလှ ဒဏ်ရာများနှင့် ဖုန်းဝူချန်… ဒေါသတကြီးဖြင့် မျက်နှာ ရှုံ့မဲ့သွားသည်။

ဖုန်းဝူချန် ပိုင်ရှန်းကို သတ်ချင်ခဲ့သည်။ သို့သော် သူ၏ လက်ရှိ အခြေအနေတွင်… ၎င်းမှာ ရိုးရှင်းစွာပင် မဖြစ်နိုင်တော့…။

"ဘုန်း.."

သူ၏ စွမ်းအား ပြန်လည် ရရှိပြီးနောက်… ပိုင်ရှန်းသည်… ကောင်းကင်သို့ ရှည်လျားစွာ ဟိန်းဟောက်လိုက်ချင်စိတ် ပေါက်သွားသည်။ ထို့နောက်… မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံနှင့်အတူ… သူ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့်… လွင့်မျောသွားသည်။

ပိုင်ရှန်းက ချက်ချင်းပင် ရောက်ရှိလာသည်ပင်။ သူ၏ ကြောက်မက်ဖွယ် အမြန်နှုန်းက ဖုန်းဝူချန်ကို လုံးဝ အငိုက်မိသွားစေခဲ့သည်။

"ဘုန်း.. ဘုန်း.. ဘုန်း.."

ပိုင်ရှန်းက ရုတ်ချည်းပင် ရုတ်တရက် ကြမ်းတမ်းပြီး ရက်စက်သော တိုက်ခိုက်မှု တစ်ခုကို ထုတ်ဖော်လိုက်သည်။

ကြောက်မက်ဖွယ် စွမ်းအားဖြင့်… ဖုန်းဝူချန်၏ ကိုယ်ပေါ်သို့… လက်သီးချက်များ တစ်ချက်ပြီးတစ်ချက်… ထုရိုက်ချလိုက်၏။

"ဖျတ်.. ဖျတ်.. ဖျတ်.."

ဖုန်းဝူချန်… ပြင်းထန်စွာ ဒဏ်ရာရနေပြီး… တန်ပြန် တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ…။

ချီလင်ချပ်ဝတ် ဝတ်ဆင်ထား

သည့်တိုင်… ပိုင်ရှန်း၏ အရှိန်ပြင်းသည့် လက်သီးချက်များကို… ကြံ့ကြံ့ခံနိုင်စွမ်း မရှိတော့ဘဲ… သွေးများ အဆက်မပြတ် အော့အန်နေရသည်။ သူ၏ ဒဏ်ရာများ တဖြည်းဖြည်း ပို၍ ပို၍ ပြင်းထန်လာပြီး… ဖုန်းဝူချန် သတိလစ်သွားတော့သည်။

ဖုန်းဝူချန် ဤကဲ့သို့ ပိုင်ရှန်း၏ ရက်စက်စွာ ရိုက်နှက်ခြင်းကို ခံနေရသည်ကို မြင်သောအခါ… ဖုန်းမိသားစုနှင့် ချီဟွမ်တို့… ဒေါသတကြီး ဖြစ်သွားကြပြီး… ပိုင်ရှန်းကို အမှုန့်ကြိတ်ကာ… အရေခွံ ဆုတ်ပစ်လိုက်ချင်စိတ်များ ပေါက်နေကြသည်။

သို့သော်… သူတို့တွင် ထိုသို့ ပြုလုပ်ရန် အင်အား မရှိကြပါ…။

သူတို့၌ ပျံသန်းနိုင်စွမ်း မရှိဘဲ ဖုန်းဝူချန် ရက်စက်စွာ ရိုက်နှက်ခံနေရသည်ကို… ကူကယ်ရာမဲ့စွာ ကြည့်နေရုံသာ… တတ်နိုင်ကြသည်။

"အုန်း.."

သူ၏ နောက်ဆုံး ထိုးနှက်ချက်ဖြင့်… ပိုင်ရှန်း… ဖုန်းဝူချန်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ ဖုန်းဝူချန်၏ ပုံရိပ်… အနက်ရောင် မျဉ်းတစ်ကြောင်းအဖြစ်… တည့်တည့် အောက်သို့ ပစ်ထွက်သွားသည်။

ဂျုန်းခနဲ မြည်သံကြီးနှင့်အတူ… ၎င်းက "ပြိုင်ဘက်ကင်းမြို့" အပြင်ဘက်တွင်… ကြီးမားသော တွင်းကြီး တစ်ခု ဖန်တီးလိုက်ပြီး… ဖုန်မှုန့်များ ကောင်းကင်သို့ လွင့်တက်သွားစေသည်။

ပိုင်ရှန်း၏ လက်သီးချက်မှာ… အလွန် ရက်စက်လှသည်။ ဖုန်းဝူချန်… သူ၏ မာကျောသော ရုပ်ခန္ဓာ ရှိနေသည့်တိုင်… ပြင်းထန်သော အတွင်းဒဏ်ရာများ… ရရှိသွားဖွယ် ရှိ၏။

"ချန်အာ....."

"အစ်ကိုကြီး ဖုန်း....."

"ဗိမာန်သခင်....."

လူတိုင်း ထိတ်လန့်တကြား ဖြစ်သွားကြပြီး… သူတို့၏ လုံခြုံရေးကို လျစ်လျူရှုကာ… ပြေးဝင်သွားကြသည်။ … ရှောင်ချင်းချင်းနှင့် အခြားသူများ… ကြောက်လန့်လွန်း၍ သူတို့၏ နှလုံးသားများ… ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်သွားကြသည်။

ဖုန်းဝူချန်သည်… ဖုန်းမိသားစု၏ အဓိက ကျားကန်ထားသူ ဖြစ်သည်။ အကယ်၍ သူ သေဆုံးသွားပါက… ဖုန်းမိသားစုမှာလည်း… ဤမကောင်းဆိုးဝါး အင်အားစုများ၏ လက်ချက်ဖြင့်… လုံးဝ ချေမှုန်းခံရဖွယ် ရှိသည်။

"ဖုန်းဝူချန်...။ မင်းကို သတ်လိုက်တာနဲ့... "ကိုးထပ် ချန်ခွန်း မျှော်စင်" က... ငါ့ဥစ္စာပဲ..."

ပိုင်ရှန်းက အောင်ပွဲခံသည့် မထီမဲ့မြင် အပြုံးဖြင့် ဆိုလိုက်သည်။ ဖုန်းဝူချန်ကို သတ်ပြီး… တစ်ပိုင်း အင်မော်တယ် လက်နက်ကို ရယူရန်… သူ၏ နှလုံးသားထဲတွင်… စိတ်လှုပ်ရှားမှုများဖြင့် ပေါက်ကွဲထွက်နေသည်။

ဖုန်းဝူချန်၏ စွမ်းအားနှင့် လုံးဝ အဆက်အသွယ် ပြတ်တောက်သွားသဖြင့်… "ကိုးထပ် ချန်ခွန်း မျှော်စင်" မှာ… သူ၏ မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီး… လှပသော မျှော်စင်လေးအဖြစ်သို့… ပြန်လည် ပြောင်းလဲသွားသည်။

ပိုင်ရှန်း၏ လက်ဟန်ပြမှုဖြင့်… "ကိုးထပ် ချန်ခွန်း မျှော်စင်" က ကောင်းကင်သို့ ပျံတက်သွားပြီး… သူ၏ လက်ထဲသို့ ကျရောက်လာသည်။

“ "ကိုးထပ် ချန်ခွန်း မျှော်စင်"...။ ဟားဟား....”

ပိုင်ရှန်းက "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို စိုက်ကြည့်လိုက်ရင်း… ပို၍ စိတ်လှုပ်ရှားလာပြီး… သူ၏ အိုမင်းသော မျက်နှာပေါ်တွင်… တောက်ပပြီး မောက်မာသော အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။

တွင်းကြီးထဲတွင်… ဖုန်းဝူချန်… အသက်ရှင်နေသေးသော်လည်း… ချည်မျှင်တစ်မျှင်ပေါ်တွင်သာ… တွဲလောင်းခိုနေသည်။ … လှုပ်ရှားမှု မရှိ… သွေးများဖြင့် ဖုံးလွှမ်းလျက်… မြေကြီးကို… ကတ္တီပါနီရောင်… ဆိုးသွားစေသည်။

ပြင်းထန်စွာ ဒဏ်ရာရနေသော ဖုန်းဝူချန်မှာ… သတိလစ်သွားခဲ့ပြီ ဖြစ်သည်။

"ဖုန်းဝူချန်... မင်းရဲ့ လက်ဆောင်အတွက်... ကျေးဇူးတင်ရမယ်...။ အခု... ကျေးဇူး ပြန်ဆပ်တဲ့အနေနဲ့... မင်းကို... လမ်းဆုံးထိ ပို့ပေးလိုက်မယ်....."ပိုင်ရှန်းက အေးစက်စွာ မထီမဲ့မြင် ပြုံးလိုက်ပြီး… လျင်မြန်စွာ အောက်သို့ ထိုးဆင်းသွားသည်။

လင်ရှောင်ရှောင်နှင့် အခြားသူများ… ဖုန်းဝူချန်၏ ဘေးသို့ မရောက်ရှိနိုင်ခင်မှာပင်… ပိုင်ရှန်း… ပေါ်ထွက်လာခဲ့ပြီး ဖြစ်သည်။ … သူတို့ထက် များစွာ ပို၍ လျင်မြန်စွာ လှုပ်ရှားလိုက်၏။

"ဖုန်းဝူချန်...။ သေဖို့ ပြင်ဆင်ထားလိုက်....."ပိုင်ရှန်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သက်ညှာမှု မရှိဘဲ… သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ဤ လက်ဝါးချက်သာ သူ့ကို ထိမှန်သွားပါက… ဖုန်းဝူချန်… သံသယရှိစရာ မလိုဘဲ… သေဆုံးသွားပေလိမ့်မည်။

"ရပ်လိုက်...။..ရှင် အစ်ကိုကြီး ဖုန်းကို... သတ်ရဲရင်...ရှင့်ရဲ့ ကျီးရှင်းဂိုဏ်းကို.. ချေမှုန်းပစ်မယ်လို့... ကျွန်မ ကျိန်ဆိုတယ်....."လင်ရှောင်ရှောင် စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

ပိုင်ရှန်းကမူ… စိတ်မလှုပ်ရှားခဲ့ပေ…။

လင်ရှောင်ရှောင်၏ ခြိမ်းခြောက်မှုကို… ဖုန်းဝူချန်၏ ခြိမ်းခြောက်မှုထက် များစွာ အရေးပါမှု နည်းပါးသည်ဟု သူ ယူဆလိုက်သည်။

"ပိုင်ရှန်း...ရပ်လိုက်စမ်း"

လင်ရှောင်ရှောင်နှင့် အခြားသူများ… ပိုင်ရှန်းကို တားဆီးရန်… နောက်ကျသွားခဲ့သည့် ထိုအခိုက်တွင်… ရုတ်တရက်… ဒေါသတကြီး အော်ဟစ်သော အိုမင်းသည့် အသံ နှစ်သံ… ထွက်ပေါ်လာခြင်း ဖြစ်၏။

သူတို့၏ တည်ရှိမှုမှာ… ခံ့ညားထည်ဝါပြီး… သူတို့၏ သတ်ဖြတ်လိုစိတ်မှာ… လေးလံလှသည်။

"နန်းတွင်း အကြံပေးနဲ့... မင်းသားကြီး....."

ချီဟွမ်နှင့် အခြားသူများ… သူတို့၏ မျက်နှာများ… တုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ကြသည်။ … သူတို့၏ နှလုံးသားထဲတွင် မျှော်လင့်ချက်များ… မီးထတောက်လာသည်။

ချီဟွမ်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

"နန်းတွင်း အကြံပေး... ဒီအဘိုးကြီးက "ကိုးထပ် ချန်ခွန်း မျှော်စင်" ကို... ခိုးသွားပါတယ်....."

ထိုသို့ ကြားလိုက်ရသော် စစ်ထူကျန့်ထျန်းက

"ပိုင်ရှန်း...။ မင်း... တော်တော် သတ္တိရှိတာပဲ...။ အင်ပါယာရဲ့ စစ်သူကြီးချုပ် အသက်ကို... ရန်ရှာရဲတယ်...။ ပြီးတော့... သူ့ရတနာကိုပါ... ခိုးယူရဲတယ် ပေါ့.....”

ဟု ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

မဆိုင်းမတွပင်

အနက်ရောင် အရိပ် နှစ်ခု... အံ့အားသင့်ဖွယ် အရှိန်ဖြင့် လှုပ်ရှားလာကြသည်။ ... မျက်စိတစ်မှိတ်အတွင်း... ဖုန်းဝူချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာကြပြီး... တစ်ချိန်တည်းမှာပင်... ပိုင်ရှန်းထံသို့... လက်ဝါးချက် တစ်ခု ပစ်လွှတ်လိုက်ကြသည်။ ... သူတို့၏ စွမ်းအားမှာ... အလွန် မြင့်မားလှသည်။

တိုက်ခိုက်မှုကို အာရုံခံမိလိုက်သော ပိုင်ရှန်း... အဘိုးအို နှစ်ယောက်၏ ကြောက်မက်ဖွယ် စွမ်းအားကို ရင်ဆိုင်ရင်း... သူတို့ကို လျှော့မတွက်ရဲဘဲ... ပြတ်သားစွာ တန်ပြန် တိုက်ခိုက်လိုက်သည်။

သတိလစ်နေသော ဖုန်းဝူချန်ကို... ခေတ္တ သက်ညှာပေးလိုက်၏။

"ဘုန်း.. ဘုန်း.."

"ဝှစ်.. ဝှစ်.."

ပိုင်ရှန်း... အဘိုးအို နှစ်ယောက်နှင့် ရင်ဆိုင်ရင်း... သူတို့၏ အပြည့်အဝ စွမ်းအားကို... ပိတ်ဆို့နိုင်ခဲ့သည်။

စွမ်းအားလှိုင်းများ... ကြမ်းတမ်းစွာ ရိုက်ခတ်ပြီးနောက်... မြေကြီးကို... လက်မောင်းလုံးခန့် အက်ကွဲကြောင်းများဖြင့်... ခွဲခြမ်းသွားစေသည်။

"ယန်ထျန်းရှန်... စစ်ထူကျန့်ထျန်း...။ မင်းတို့... ဖုန်းဝူချန်ကို... ကယ်နိုင်မယ်လို့... ထင်နေတာလား။ ... သွမ့်ထျန်းဟွမ်တောင်... ငါ့ကို မတားနိုင်ဘူး..."ပိုင်ရှန်းက အေးစက်စွာ ဆိုလိုက်သည်။ အဘိုးအို နှစ်ယောက်၏ မည်သူမည်ဝါ ဖြစ်သည်ကို သိရှိသွားပြီးနောက်မှာပင်... သူ မကြောက်ရွံ့တော့ပေ...။

ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦးအနေဖြင့်... လော့ယွမ်အင်ပါယာ၏ ကျောထောက်နောက်ခံ ရှိနေသဖြင့်... ပိုင်ရှန်းသည်... ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့ကို... ထည့်မတွက်ပါ...။

ယန်ထျန်းရှန်၏ မျက်နှာမှာ ကြမ်းတမ်းလှပြီး... သူ ဟိန်းဟောက်လိုက်သည်။

""ကိုးထပ် ချန်ခွန်း မျှော်စင်" ကို... ထုတ်ပေး....."

ထိုအချိန်တွင်... သံခွာသံပေါင်းများစွာ... ချဉ်းကပ်လာသည့် အသံ ထွက်ပေါ်လာသည်။

"ကောင်းကင် အရိပ်တပ်" နှင့် "အလံနက် တပ်ဖွဲ့" လည်း... "ပြိုင်ဘက်ကင်းမြို့" သို့... ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

"ကောင်းတယ်...။ မင်းတို့အားလုံးကို... ငါ ရှင်းပစ်လိုက်တာ ပိုကောင်းမယ်...။ ... ပျောက်ကွယ်သွားကြစမ်း....."

ပိုင်ရှန်းက ရက်စက်စွာ မာန်မဲကာ ဟိန်းဟောက်သံနှင့်အတူ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။

အဘိုးအို နှစ်ယောက်၏ မျက်နှာများ... ဖြူဖျော့သွားကြသည်။ ... သူတို့၏ ကျင့်ကြံခွန်အားဖြင့်... ပိုင်ရှန်း၏ ပြိုင်ဘက် မဟုတ်ကြ...။ ကြောက်မက်ဖွယ် စွမ်းအားကို ရင်ဆိုင်ရင်း... အဘိုးအို နှစ်ယောက်လုံး... သွေးအန်ထုတ်လိုက်ရပြီး... နောက်ပြန် လွင့်စင်သွားကြသည်။

အင်ပါယာ၏ နန်းတွင်း အကြံပေးနှင့် မင်းသားကြီး... ကယ်တင်ရန် ရောက်ရှိလာသည်နှင့်... ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြသည်။

"နန်းတွင်း အကြံပေး...။ မင်းသားကြီး....."ဟွမ်ယန်နှင့် အခြား ထိပ်တန်း စစ်သည်တော်များ... အလွန် ထိတ်လန့်သွားကြပြီး... မြင်းပေါ်မှ ဆင်းကာ... "လျှပ်တပြက် နေရာ ရွှေ့ပြောင်းခြင်း" ကို အသုံးပြု၍... ပေါ်ထွက်လာကြသည်။

အင်ပါယာ၏ အတော်ဆုံး စစ်သည်တော် ရာပေါင်းများစွာ... ပိုင်ရှန်းကို ဝန်းရံလိုက်ကြသည်။

"စစ်သူကြီးချုပ်....."

တွင်းကြီးထဲမှ... ဆိုးရွားစွာ ဒဏ်ရာရပြီး သတိလစ်နေသော ဖုန်းဝူချန်ကို မြင်လိုက်ရသောအခါ... စစ်သည်တော်များ... ပို၍ပင် ထိတ်လန့်သွားကြသည်။

"မင်းတို့... သေမလို့... ဒီကို လာကြတာလား..."

ပိုင်ရှန်းက အင်ပါယာ၏ အတော်ဆုံး စစ်သည်တော်များကို... မထီမဲ့မြင် ကြည့်လိုက်သည်။

သို့သော်... ပိုင်ရှန်း စကားဆုံးသည်နှင့်... တွင်းကြီးအတွင်းမှ... သတိလစ်နေသော ဖုန်းဝူချန်၏ ကိုယ်မှ... ထူးဆန်းစွာ... သွေးစွမ်းအင် မျှင်တန်းများ... ထုတ်လွှတ်လာသည်။ ... မှိန်ဖျော့သော သွေးရောင် အလင်းတန်းတစ်ခု... ပေါ်ထွက်လာပြီး...ကြီးစိုးသော အရှိန်အဝါတစ်ခု... နဂါးနတ်ဘုရားတစ်ပါး နိုးထလာသည့်အလား... ရုန်းကြွလာ လေသည်။

All Chapters