← Chapters

နင်မော့

Vol. 41 Ch. 569

နင်မော့

Vol. 41 Ch. 569

တောင်တန်းများနှင့် တောင်ကုန်းများတလျှောက် ရှိနေကြသော စောင့်ကြည့်နေကြသူများမှာ တောင်ကြားအနီးရှိ တောင်ကုန်းငယ်တစ်ခုပေါ်တွင်ရှိနေသော ပုံရိပ်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေကြသည်။

ထိုပုံရိပ်သည် အလွန်ပင် ရဲတင်းလှပြီး မြင့်မြတ်သောနန်းတော်၏ တပည့်ခေါင်းဆောင်ဖြစ်သူနင်မော့ကိုပင် မထီမဲ့မြင်ပြုစွာ ပြောဆိုဆက်ဆံရဲလေသည်။

တောင်ကြားအတွင်းရှိနေသော ကျင်ကျန်းနှင့် ကန်ရွှမ်းကလန်၏ တပည့်များမှာ ထိုပုံရိပ်အား ကြည့်ရှုကာ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်ကြသည်။ "ဇူယွမ်..."

"တပည့်ခေါင်းဆောင် ဇူယွမ်..."

၎င်းတို့အားလုံးမှာ ယခုကဲ့သို့သော အခြေအနေမျိုးတွင် လာရောက်ကူညီပေးသူမှာ ဇူယွမ်ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားကြပေ။

"တပည့်ခေါင်းဆောင် ဟုတ်လား။"

နင်မော့မှာ အံ့အားသင့်စွာဖြင့် တောင်ကုန်းပေါ်တွင်ရှိနေသော ပုံရိပ်အားကြည့်ရှုကာ စကားဆိုလိုက်သည်။ "မင်းတို့ ကန်ရွှမ်းကလန်က တကယ်ကြီးကို နိမ့်ကျလာတာပဲ။ မူလစဦး သတ္တမအဆင့်လောက်ပဲရှိသေးတဲ့ကောင်က တပည့်ခေါင်းဆောင်တစ်ယောက်ဖြစ်နေတာ ငါတောင်မယုံနိုင်ဘူး။"

"ရှန်ဇူတိုက်ကြီးမှာရှိတဲ့ တခြားကလန်အငယ်လေးတွေမှာတောင် မူလစဦး သတ္တမအဆင့်လောက်နဲ့ တပည့်ခေါင်းဆောင် လုပ်လို့မရဘူး။ မင်းတို့ကလန်ရဲ့ အ​​ခြေအနေက အဲ့လောက်တောင်ပဲ ဆိုးရွားနေတာလား။"

နင်မော့မှာ မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ ဆက်လက်ပြောဆိုလိုက်သည်။ "ကောင်လေး...မင်းအခုငါ့ကို ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင် ငါမင်းကို ခွင့်လွှတ်ပေးလိုက်မယ်။ မင်းရဲ့ မောက်မာလွန်းတဲ့ စကားတွေအတွက် ငါနည်းနည်းပါးပါးပဲ အပြစ်ပေးတော့မယ်လေ။ ဘယ်လိုလဲ....ငါ့ကိုတောင်းပန်မယ်မလား။"

အဝေးမှ စောင့်ကြည့်နေကြသူများမှာလည်း ထိုမြင်ကွင်းအားကြည့်ကာ တီတိုးဝေဖန်နေကြသည်။

"ဒီကောင်လေးက ကန်ရွှမ်းကလန်ရဲ့ တပည့်ခေါင်းဆောင်တစ်ယောက်တဲ့လား။"

"ကန်ရွှမ်းကလန်ရဲ့ တပည့်ခေါင်းဆောင်တစ်ယောက်က ဘယ်လိုလုပ် အဲ့လောက်အားနည်းနေတာလဲ။"

"ဒါပေမယ့် ကျင်ကျန်းကိုယ်တိုင် အဲ့ကောင်လေးကို တပည့်ခေါင်းဆောင်လို့ ခေါ်လိုက်တာလေ။ တကယ် တပည့်ခေါင်းဆောင်တစ်ယောက် ဖြစ်မယ်။"

"ဘယ်လိုဖြစ်လို့ မူလစဦး သတ္တမအဆင့်ပဲရှိသေးတဲ့ ကောင်လေးက ကန်ရွှမ်းကလန်ရဲ့ တပည့်ခေါင်းဆောင် ဖြစ်နေလဲတော့ မသိဘူး။ ဒါပေမယ့် ဒီကောင်လေးရဲ့ သတ္တိကတော့ သြချလောက်စရာပဲ။ ပြောရမယ်ဆို ရူးရူးမိုက်မိုက်နဲ့ကို သတ္တိရှိတာပေါ့ကွာ..ဟားဟား။ မြင့်မြတ်သောနန်းတော်ရဲ့ တပည့်ခေါင်းဆောင်နင်မော့ကိုများ သူအဆင့်လောက်နဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြောရတယ်လို့။ သူကတော့ ကိုယ့်သေတွင်းသေတူးနေတာပဲ။"

"......"

၎င်းတို့အားလုံး၏ အမြင်တွင်မူ ဇူယွမ်မှာ မူလစဦး သတ္တမအဆင့်သာရှိသေးသည့်အတွက် နင်မော့ထက် အဆပေါင်းများစွာ နိမ့်ကျနေသူ ဖြစ်သည်။

ဇူယွမ်မှာ ထိုအကြည့်များအား လျစ်လျူရှုထားလျက် နင်မော့အား တစ်ချက်မျှကြည့်ရှုလိုက်ပြီးနောက် ကျင်ကျန်းတို့အားကြည့်ကာ စကားဆိုလိုက်သည်။ "အားလုံး အဆင်ပြေကြရဲ့လား။"

ကျင်ကျန်းမှ ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ "ဇူယွမ် မင်းဒီကို တစ်ယောက်ထဲလာတာလား။"

"တခြားသူတွေက ခဏနေရင် ရောက်လာကြလိမ့်မယ်။ ကျွန်တော်က အရင်ထွက်လာခဲ့လိုက်တာ။" ဇူယွမ်မှ ကျင်ကျန်းအားကြည့်ကာ ပြောလိုက်သည်။ သူသည် ကျင်ကျန်းတို့၏ အခြေအနေအား စိုးရိမ်ပူပန်လှသဖြင့် လျင်မြန်စွာ ​ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။

ကျင်ကျန်းမှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ထဲတွင် ရှိနေသော စုတ်တံအား လှုပ်ယမ်းလိုက်သည်။ ထို့နောက် လေထုထဲသို့ ပျံသန်း၍ စိတ်ဝိဉာဉ်စွမ်းအင်အား ထွက်ပေါ်စေကာ ဇူယွမ်အား ကူညီတိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

ဝုန်း....

သို့သော် ထိုအချိန်မှာပင် ကောင်းကင်ထက်မှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ကျဆင်းလာလေသည်။ ကျင်ကျန်း၏လက်ထဲတွင် ဆုပ်ကိုင်ထားသော စုတ်တံမှာ ရောင်ခြည်စက်ဝန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

ဒုန်း....

ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် ရောင်ခြည်စက်ဝန်းမှာ လျင်မြန်စွာပင် ပျက်စီးသွားရသည်။ သို့သော် ကျင်ကျန်းမှာ အချိန်မှီပင် အနောက်သို့ ဆုတ်နိုင်လိုက်၏။ ကျင်ကျန်းမှာ ခက်ထန်နေသော မျက်ဝန်းများဖြင့် ကောင်းကင်ထက်တွင်ရှိနေသော ပုံရိပ်အား ကြည့်ရှုလိုက်သည်။

ထိုပုံရိပ်မှာ တင်းပုတ်အား ဝေ့ယမ်းနေရင်းဖြင့် ကျင်ကျန်းအား ကြည့်ရှုနေလေသည်။

ထိုပုံရိပ်မှာ မြင့်မြတ်သောနန်းတော်၏ တပည့်ခေါင်းဆောင် ဝမ့်ယွမ်ပင် ဖြစ်သည်။

"တောင်ကြားထဲက ထွက်ဖို့မစဉ်းစားနဲ့။" ဝမ့်ယွမ်မှ ကျင်ကျန်းအားကြည့်ကာ ပြောလိုက်သည်။ ထို့နောက် နင်မော့အားကြည့်ကာ စကားဆိုလိုက်၏။ "အချိန်ခဏပဲပေးမယ်။ ဘယ်လိုလဲ လောက်ရဲ့လား။"

နင်မော့မှာ ပြုံးလိုက်ပြီးနောက် ဇူယွမ်အား တစ်ချက်မျှကြည့်ကာ ပြောလိုက်သည်။ "အဟက်...ခဏလောက်ဆိုရင်ကို လောက်နေပါပြီကွာ။ ငါသူ့ရဲ့ ခြေထောက်တွေကို ရိုက်ချိုးပြီးတော့ ဒီနေရာမှာ တသက်လုံး ဒူးထောက်ခိုင်းထားမယ်။ မြင့်မြတ်သောနန်းတော်ရဲ့ တပည့်ခေါင်းဆောင်ကို စော်ကားရင် ဘယ်လိုဖြစ်မလဲဆိုတာ တခြားသူတွေလည်း သိသွားရတာပေါ့။"

ဝုန်း...

နင်မော့ထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ထွက်ပေါ်လှသော ချီစွမ်းအင်များမှာ သွေးနီရောင်များ ရောယှက်နေပြီး အလွန်ပင် ပူပြင်းလှပေသည်။ အဝေးမှကြည့်လျှင် အလျှံညီးညီး မီးတောက်ကြီးတစ်ခု အဆက်မပြတ် တောက်လောင်နေသည့်အလား ရှိသည်။

ဝုန်း....

နင်မော့၏မျက်ဝန်းများကပါ သွေးနီရောင်များ ယှက်သန်းလာသည်။ ထို့နောက် ချီစွမ်းအင်များမှာ သွေးနီရောင်ကြာပွတ်နှစ်ခုအသွင်သို့ ပြောင်းလဲသွား၏။ နင်မော့မှာ ကြာပွတ်များအားဆုပ်ကိုင်ထားကာ ပြင်းထန်လှသောအရှိန်ဖြင့် ဇူယွမ်အား လွှဲရိုက်ချလိုက်သည်။

ဝုန်း....

ကြာပွတ်များမှ ထွ​က်ပေါ်နေသည့် ပြင်းထန်လှသော အပူရှိန်များကြောင့် လေထုသည်ပင် လောင်ကျွမ်းကုန်ရသည်။

ဇူယွမ်မှာ ကျဆင်းလာသော ကြာပွတ်များအား ကြည့်ရှုလိုက်ပြီးနောက် ခန္ဓာကိုယ်မှာ ဒြပ်မဲ့သဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွား၏။

ဝုန်း....

ကြာပွတ်များမှာ ဇူယွမ်အား လွဲချော်သွားပြီးနောက် မြေပြင်နှင့် ရိုက်ခတ်မိသွားသည်။ ဇူယွမ်၏ပုံရိပ်မှာ လျင်မြန်စွာပင် ရွေ့လျားသွားလေသည်။

နင်မော့မှာ ခပ်ဖွဖွပြုံးရယ်လိုက်ပြီးနောက် ကြာပွတ်အား ဦးတည်ရာပြောင်းလိုက်သည်။ ဇူယွမ်၏ပုံရိပ် မည်မျှပင် ရွေ့လျားနေပါစေ ကြာပွတ်များမှ အရိပ်ကဲ့သို့ နောက်မှလိုက်ပါနေ၏။ သို့သော် ဇူယွမ်အား ရိုက်ခတ်မိခြင်း မရှိသေးပဲ ကျောက်တုံးကျောက်ဆောင်များကိုသာ ရိုက်ခတ်နေမိလေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်တွင်ရှိနေသော တောင်ကုန်းများအားလုံး ပြိုကျပျက်စီးကုန်ရသည်။

ဤသို့ဖြင့် ဇူယွမ်မှပြေးလိုက် ကျင်ကျန်းမှ လိုက်ရိုက်လိုက်ဖြင့် ကြောင်နှင့်ကြွက်ကစားနေသကဲ့သို့ ဖြစ်နေလေသည်။

ဝမ့်ယွမ်မှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းမှ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "နင်မော့ မင်းအချိန်ဆွဲမနေနဲ့တော့။"

"ဟားဟား.....ဟုတ်ပါပြီကွာ။" နင်မော့မှ ရယ်မောကာ ပြောလိုက်ပြီးနောက် သူ၏ပုံရိပ်မှာ ရုတ်ချည်းဆိုသလိုပင် တောင်ကုန်းတစ်ခုပေါ်သို့ ရောက်ရှိသွားသည်။

"ငါမင်းကိုမိပြီ ကြွက်စုတ်လေး။"

နင်မော့မှာ ဇူယွမ်၏ပုံရိပ်ရှေ့သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ သူသည် သွေးနီရောင်ချီစွမ်းအင်များအား ရောင်​ခြည်စက်ဝန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီးနောက် ဇူယွမ်ထံသို့ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။

"ငါ့ကိုဒူးထောက်တောင်းပန်စမ်း ကြွက်စုတ်လေး။" နင်မော့မှ မထီမဲ့မြင်ပြုစွာ စကားဆိုလိုက်သည်။

ဝုန်း....ဝုန်း....

သွေးနီရောင် ရောင်ခြည်စက်ဝန်းကြီးမှာ ပြင်းထန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ရောက်ရှိလာသည်။

စောင့်ကြည့်နေကြသော ကလန်အသီးသီးမှ တပည့်များမှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် ခေါင်းအားခါယမ်းလိုက်ကြသည်။ နင်မော့၏ ပြင်းထန်လှသော တိုက်ခိုက်မှုမှ ဇူယွမ်မည်သို့မှ လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပေ။

နင်မော့မှာ ကျေနပ်အားရနေသောဟန်ပန်ဖြင့် မထီမဲ့မြင်ပြုစွာ ရယ်မောလိုက်သည်။ "ကောင်စုတ်လေး နောက်တစ်ခါ သူရဲကောင်းလုပ်ချင်ရင် အခြေအနေကို အရင်လေ့လာပေါ့ကွာ။"

"အဲ့လိုလား။"

တည်ငြိမ်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

နင်မော့၏မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားရ၏။

ထို့နောက် နင်မော့မှ မည်သည့်စကားမှ မဆိုနိုင်သေးခင်မှာပင် သွေးနီရောင် ရောင်ခြည်စက်ဝန်းကြီးအကြားမှ ကျောက်စိမ်းရောင်များ တောက်ပနေသော လက်သီးတစ်လုံး ထွက်ပေါ်လာလေသည်။ ထိုလက်သီးထံမှ ရွှေရောင်ချီစွမ်းအင်များ ထွက်ပေါ်နေလျက်ရှိကာ ပြင်းထန်လှသောအရှိန်ဖြင့် နင်မော့၏ခေါင်းအား ချိန်ရွယ်ထိုးချလိုက်သည်။

နင်မော့မှာ ရုတ်တရက်ထိတ်လန့်သွားပြီးနောက် လျင်မြန်စွာပင် ဦးခေါင်းအား တစ်ဖက်သို့ စောင်းချလိုက်သည်။

ဝုန်း....

ထိုလက်သီးမှာ နင်မော့၏ ဦးခေါင်းနှင့် လွဲချော်သွားကာ ပခုံးအား ထိုးမိသွား၏။

ခရက်....

ချက်ချင်းဆိုသလိုပင် အရိုးကွဲအက်သံများ ထွက်ပေါ်လာလေသည်။

ဝုန်း....

ပြင်းထန်လှသော နာကျင်မှုကြောင့် နင်မော့မှာ ခြေထောက်များပင် မခိုင်တော့ပဲ ဒူးထောက်ချလိုက်ရ၏။

အား.....

သူသည် ပါးစပ်အပြည့် သွေးတစ်လုတ်ကို နာကျင်စွာ အန်ထုတ်လိုက်ရသည်။

စောင့်ကြည့်နေကြသူများမှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် မျက်ဝန်းများပင် ပြူးကျယ်သွားကုန်ရ၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ ဒူးထောက်နေသော နင်မော့အား ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "မင်းငါ့ကို ဒူးထောက်စေချင်တယ်ဆိုတာ အခုမင်းထောက်နေတဲ့ပုံစံနဲ့လား။"

All Chapters