← Chapters

အန်လင်းအကြွေး၏ တန်ဖိုး

Vol. 10 Ch. 136

အန်လင်းအကြွေး၏ တန်ဖိုး

Vol. 10 Ch. 136

အမြဲစိမ်းနည်းစနစ်အား အောင်မြင်စွာ တတ်မြောက်ပြီးနောက်တွင် အန်လင်း၏ စနစ်တွင် တာဝန်အသစ် ပေါ်လာလေသည်။

ထိုသည်မှာ သတ္တုအမျိုးအစား ကျင့်ကြံခြင်း နည်းစနစ်အောက်တွင် ပေါ်လာခြင်း ဖြစ်သည်။

အဆင့် ၁ နတ်ဘုရားလက်နက် မူလစွမ်းအင် _ လိုအပ်ချက် : လက်နက် စိတ်ဝိညာဉ်အား အောင်မြင်စွာ ပျိုးထောင်ရမည်။

လက်နက်တစ်ခုတွင် စိတ်ဝိညာဉ် ဖြစ်တည်လာစေရန် ပြုလုပ်ခြင်းသည် အလွန်ခက်ခဲသည့် တာဝန်တစ်ခု ဖြစ်သည်။ ခက်ခဲသည်ဟု ဆိုနိုင်သလို လွယ်ကူသည်ဟုလည်း ဆိုနိုင်ပေသည်။

အန်လင်း ပိုင်ဆိုင်ထားသည် မိစ္ဆာရှင်းဓားသည် အင်မော်တယ် တစ်ပိုင်းလက်နက် ဖြစ်သည်။ အရည်အသွေး ပြည့်မီသည့် လက်နက်တစ်ခု ဖြစ်သည်။ သို့သော်လည်း လက်နက်စိတ်ဝိညာဉ် ပျိုးထောင်ခြင်းသည် ကံတရားအပေါ် မူတည်နေပေသည်။

ဥပမာဆိုရလျှင် လက်နက်တစ်ခုသည် သူ၏ပိုင်ရှင်နှင့် အချိန်အတော်ကြာ ရှိနေပြီး နောက်မှသာ စိတ်ဝိညာဉ် ဖြစ်တည်လာနိုင်သည်။

သို့တည်းမဟုတ် စွမ်းအားကြီးသည့် ရန်သူနှင့် ရင်ဆိုင်ရသည့် အခါမျိုးတွင် ရုတ်တရက်ဆိုသလို လက်နက်နှင့် ပိုင်ရှင်အကြား ဆက်သွယ်ချက်တစ်ခု ဖြစ်တည်လာပြီး လက်နက် စိတ်ဝိညာဉ် ပေါ်လာခြင်းမျိုး ဖြစ်သည်။

သို့တည်းမဟုတ် လက်နက်အား သွေးသောက်သုံးစေပြီး သွေးသောက်ဝိညာဉ် တစ်ခု မွေးဖွား လာစေရန်လည်း ပြုလုပ်ပေးနိုင်သည်။

လက်နက် စိတ်ဝိညာဉ်အား ပျိုးထောင်ရန် ထူးခြားသည့် နည်းလမ်းများစွာ ရှိသော်လည်း ယုံကြည်ရသည့် နည်းလမ်းတစ်ခုမျှ မရှိချေ။ ထိုနည်းလမ်း အားလုံးသည် ကံတရား အပေါ်တွင်သာ မူတည်နေခြင်း ဖြစ်သည်။

ထို့ကြောင့် အန်လင်းသည် သူ၏ အာရုံအား လှုပ်ရှားမှုများသို့ ပို့ဆောင်လိုက်သည်။

လှုပ်ရှားမှုများ ကဏ္ဍတွင်လည်း အသစ် ဖြစ်တည်နေလေပြီ။ စစ်ဆင်ရေးနှစ်ခု ပေါ်နေခြင်း ဖြစ်သည်။

အလယ်အလတ်အဆင့် စစ်နတ်ဘုရား အင်မော်တယ်မန္တန် ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင် _ လိုအပ်ချက် : နတ်ဆိုးယုတ် တစကောင်အား သတ်ဖြတ်ပြီး နတ်ဆိုး အဆီအနှစ်အား စုပ်ယူရမည်။

နတ်ဆိုးယုတ် ဟူသည့် စကားလုံးအား မြင်လိုက်သည့်အခါ အန်လင်း၏ နှလုံးသားလေးမှာ ပြိုပျက် လဲကျသွားတော့သည်။

နတ်ဆိုးယုတ်ဟူသည် လူသားတစ်ဦး မဟုတ်သလို မျိုးနွယ်စုတစ်ခုလည်း မဟုတ်ချေ။

ယင်းသည် ထိုက်ချူကုန်းမြေကြီး၏ နယ်နိမိတ် အစွန်အဖျား ဒေသများတွင် ပေါ်လာတတ်သည့် သက်ရှိတစ်မျိုး ဖြစ်သည်။ ထိုနတ်ဆိုးများနှင့် တွေ့ဆုံသည့်အခါတွင် ဆိုးဝါးသည့် စိတ်ခံစားမှုများအား မြင့်တက်လာစေသည်။

သာမန်လူသားများ အနေဖြင့် ထိုနတ်ဆိုးများအား ရင်ဆိုင်ရန် မဖြစ်နိုင်ချေ။ ထိုနတ်ဆိုးများ အနီးသို့ ရောက်သည်နှင့် လူသားများသည် စိတ်ရှုပ်ထွေးလာကာ လမ်းလျှောက်နေသည့်  အလောင်းကောင်များ ဘဝသို့ ပြောင်းလဲသွားကြမည် ဖြစ်သည်။

အန်လင်း၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် ထိုက်ချူကုန်းမြေကြီး၏ အပြင်ဘက်သို့ စွန့်စားသွားလာခြင်းသည် သေခြင်းတရားအား ရှာဖွေခြင်းသာလျှင် ဖြစ်သည်။

သို့သော်လည်း ထိုက်ချူကုန်းမြေကြီး အတွင်းတွင် အသူရာချောက်နက်ဟု ခေါ်တွင်သည့် နေရာတစ်ခု ရှိနေလေသည်။ ထိုနေရာတွင် နတ်ဆိုးယုတ် အနည်းငယ် ရှိနေပြီး သူတို့၏ ခွန်အားမှာလည်း အတော်လေး အားနည်းကြသည်။ အသူရာချောက်နက်သည် အန်လင်းအတွက် သူ၏ စစ်ဆင်ရေး ပြီးမြောက်ရန် သင့်တော်သည့် နေရာတစ်ခု ဖြစ်သည်။

သူ၏ စိတ်အာရုံအား ဒုတိယစစ်ဆင်ရေးသို့ ပို့လိုက်သည်။

အလယ်အလတ်အဆင့် စစ်နတ်ဘုရား ဓားနည်းစနစ် စစ်နတ်ဘုရား ခုတ်ချက်၆ချက် ... လိုအပ်ချက် : စိတ်ဝိညာဉ်သားရဲ နှစ်ကောင် ပိုင်ဆိုင်ရမည်။

ဒီဟာက …

အန်လင်းသည် ရှောင်ချိုးအား ကြည့်လိုက်သည့် ထို့နောက်တွင် တပိုင်အား တွေးလိုက်မိသည်။ ချက်ချင်းဆိုသလို ဆုံးဖြတ်ချက် ချက်လိုက်သည်။ ဤစစ်ဆင်ရေးသည် ပြီးမြောက်ဖို့ အခွင့်အရေး များပေသည်။

အလယ်အလတ်အဆင့် စစ်နတ်ဘုရား ဓားနည်းစနစ်သည် အလွန် စွမ်းအားကြီးပေလိမ့်မည်။

အန်လင်းအမြဲလိုလို အသုံးပြုနေသည့် တောင်ခွင်း လက်သီးသည် အခြေခံအဆင့် စစ်နတ်ဘုရား အင်မော်တယ်မန္တန် ဖြစ်သည်။ သို့သော်လည်း တောင်ခွင်းလက်သီးသည် အင်မော်တယ်မန္တန်များ အကြားတွင် ထိပ်တန်းအဆင့်၌ ရှိနေလေသည်။ အလယ်အလတ်အဆင့် ရှိသည့် စစ်နတ်ဘုရား အင်မော်တယ်မန္တန်မှာ သေချာပေါက် ပိုမိုကာ စွမ်းအားကြီးပေလိမ့်မည်။

ထိုသည်ကို စဉ်းစားမိသည့်အခါတွင် အန်လင်းသည် မျှော်လင့်ချက် သန်းလာတော့သည်။

ထိုအရာများသည် စနစ်မှပေးအပ်လာသည့် စစ်ဆင်ရေးအသစ်များ ဖြစ်ကြသည်။ ထို့နောက်တွင် အန်လင်းသည် စနစ်ထံမှ အာရုံလွှဲလိုက်ပြီး ယီစီအား ကြည့်လိုက်သည်။

သူ့ထံတွင် ဖြေရှင်းရန် ပြဿနာတစ်ရပ် ရှိနေဆဲ ဖြစ်သည်။

“အကြီးအကဲယီစီခင်ဗျာ ကျွန်တော့်မှာ မေးချင်တာလေး ရှိနေပါသေးတယ်” အန်လင်းသည် မျက်ခုံးထူထူနှင့် ဖက်တီးအား ပြောလိုက်သည်။

“ဘာများလဲ” ယီစီသည် ယခုအခါတွင် အတော်လေး ကောင်းမွန်သည့် စိတ်အခြေအနေ၌ ရှိနေခြင်း ဖြစ်သည်ကြောင့် စကားပြောရာတွင် ပြုံးရွှင်လျက် ရှိပေသည်။

အန်လင်းသည် အနည်းငယ် စိုးရိမ်မိသည်။ “အဆင့်၂ အင်မော်တယ် ဆေးလုံးဖြစ်တဲ့ မူလဖန်ဆင်းခြင်း ဆေးလုံးက စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်အထိ ကုန်ကျနိုင်ပါသလဲ”

ယီစီသည် အန်လင်း၏ အမေးကြောင့် တွေဝေသွားသည်။ “မူလဖန်ဆင်းခြင်း ဆေးလုံး ဟုတ်လား။ မင်းက အဲဒါကို ဘာလုပ်ဖို့တုံး”

“ကျွန်တော်က အဲဒီ အင်မော်တယ် ဆေးလုံးတစ်လုံး အကြွေးတင်နေလို့ပါ။ အဲဒီ ဈေးနှုန်းလေး ပြန်ဆပ်ချင်လို့လေ” အန်လင်းသည် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

“အင်း စိတ်ဝိညာဉ် ကျောက်တုံး တစ်သန်းလောက်ဆို ရတာလား”

သူ၏ သိုလှောင်လက်စွပ် အတွင်းတွင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းနှင့် ညီမျှသည့် ချီကျောက်တုံး တစ်ရာ ရှိနေလေသည်။

ယီစီသည် ပြက်လုံးတစ်ခု ကြားလိုက်ရသလိုမျိုး အော်ဟစ် ရယ်မောလေသည်။ သူ၏ ဝမ်းဗိုက်သည် ရယ်မောမှုကြောင့် တုန်ခါလျက် ရှိနေသည်။ “တစ်သန်း ဟုတ်လား။ အမလေး ဟားဟားဟား နောက်ထပ် သုညတစ်လုံး ထပ်ထည့်လိုက်ရင်တောင် မလုံလောက်သေးဘူးကွ”

အန်လင်းမှာ ပါးစပ် အဟောင်းသား ဖြစ်သွားတော့သည်။

စိတ်ဝိညာဉ် ကျောက်တုံး ၁၀သန်းက မလုံလောက်ဘူးတဲ့လား။ တကယ်ကြီး အဲလောက်တောင် ဈေးကြီးတယ်ပေါ့။

တိုင်ကွန်း အန် အတွက်ပင်လျှင် ထိုပမာဏသည် များပြားလွန်းလှသည်။

အန်လင်း၏ အမူအရာကို မြင်သည့်အခါတွင် ယီစီမှ ရှင်းပြလေသည်။ “စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းဆိုရင် မင်းအများဆုံးရနိုင်မှာက  ဈေးအပေါဆုံး အဆင့် ၃ အင်မော်တယ် ဆေးလုံးပဲ။ မူလဖန်ဆင်းခြင်း ဆေးလုံး ဆိုတာက အဆင့် ၂ အင်မော်တယ် ဆေးလုံးလေ။ အဲဒီအပြင် ဖော်စပ်ဖို့ အခက်ခဲဆုံး အဆင့် ၂ ဆေးလုံးပဲ”

“ဆေးလုံးဖော်စပ်ဖို့ အတွက် ပထမဆုံး လိုအပ်တာက အထွတ်အထိပ် အဆင့်ကို ရောက်နေတဲ့ ဆေးဖော်စပ်သူ ဖြစ်ရမယ်။ ကိုးပြည်ထောင် နိုင်ငံတော်မှာဆိုရင် အဲဒီအဆင့်ကို ရောက်နေတဲ့သူက လက်တစ်ဆုပ်စာပဲ ရှိတယ်။ အဲဒီအပြင် ဆေးဖော်စပ်တဲ့အခါမှာ လိုအပ်တဲ့ ပစ္စည်းတွေက မင်းအိပ်မက်ထဲမှာပဲ မက်နေလို့ရတဲ့ အတော်လေး ရှားပါးပစ္စည်းတွေ ဖြစ်တယ်။ ပြီးတော့ အဲဒီဆေးလုံးမှာ ပါဝင်တဲ့ တချို့ဟာတွေဆို တုန်ရွှာ နန်းတော်မှာတောင် ရှာမတွေ့နိုင်ဘူး။ အဲဒီအပြင်ကွာ မူလဖန်ဆင်းခြင်း ဆေးလုံး ဖော်စပ်ဖို့ဆိုတာ ပတ်ဝန်းကျင်က အထူးကောင်းမွန်ဖို့ လိုအပ်သေးတယ်”

ထိုသို့ပြောနေရင်း ယီစီ၏ အမူအရာမှာ စူးစမ်းလိုစိတ်များ ဖြစ်ပေါ်လာသည်။ “မင်းက သေလုမြောပါး ဖြစ်သွားခဲ့တာလား။ မဟုတ်ရင် အဲဒီဆေးကို မလိုပါဘူး။ ဒါပေမဲ့လည်း ငါစိတ်ဝင်စားတာက မင်းကို အဲဒီဆေးလုံး ဘယ်သူက ပေးတာတုံး”

အန်လင်းသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်သာလျှင် ရှိသေးသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ မူလဖန်ဆင်းခြင်း ဆေးလုံးသည် အဆင့် ၂ အင်မော်တယ်ဆေးလုံး ဖြစ်သည့်အပြင် စိတ်ဝိညာဉ် ကျောက်တုံး ၁၀သန်းနှင့်တောင် ဝယ်ယူရန် မဖြစ်နိုင်ချေ။ ဘယ်လိုလူမျိုးတွေက အဲလောက်တောင် ရက်ရောရတာတုံး။ ယီစီမှာ အမှန်တကယ် သိချင်လှသည်။

“ချန်အယ်” အန်လင်းသည် အမှန်တရားအား ဖုံးကွယ်ခြင်း မပြုပေ။ ကျောင်းတော်တွင် ထိုအကြောင်းသည် သာမန် အကြောင်းအရာမျှသာလျှင် ဖြစ်သည်။

ဤတစ်ကြိမ်တွင် တုန်လှုပ်ရသူမှာ ယီစီဖြစ်သည်။ သူ၏ မျက်လုံးများသည် ရှောင်ချိုးထက်ပင် ပြူးကျယ်လာပြီး “ချန်အယ်က မင်းကို တကယ်ကြီး ကူညီလိုက်တာလား။ ကမ္ဘာကြီးက ဘာတွေများ ဖြစ်နေတာလဲ”

ထို့နောက်တွင် သူ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည့်အတွက် “ချန်အယ်ရဲ့ ယောက်ျားက ဘယ်သူလဲ”

အန်လင်း : “ဟမ်”

“မင်းက ချန်အယ်ရဲ့ သားလား”

အန်လင်း : “…”

ယီစီ၏ အတွေးရထားကြီးသည် အတော်လေး လက်ဖျား ခါလောက်ပေသည်။

သူ၏ ထင်မြင်ချက်များအား အန်လင်းသည် ငြင်းပယ်လိုက်သည်။

ချန်အယ်သည် မည်သည့်အတွက် သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံရသည်ကို အန်လင်းမသိပေ။ စုချန်းရန်၏ တောင်းဆိုမှုကြောင့်များလား။

ဟူး။ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် အကြွေးပြန်ဆပ် ရပေမည်။

အန်လင်းသည် လောကထွင်းအပ်အား လက်ဆောင်အဖြစ် ပေးအပ်ကာ ကျေးဇူးတင်ကြောင်း ပြသသင့်သလားဟု တွေးနေမိသည်။

ကောင်းကင်ဧကရာဇ် ကျိဝေနှင့် ကောင်းကင်နတ်မိမယ် ထျန်းယွီတို့ ပေးလိုက်သည့် အင်မော်တယ် ဆေးလုံးများ ထုတ်ယူနိုင်ခွင့် လက်မှတ်အား အသုံးမပြုသေးပေ။

သူလိုအပ်သည့် ဆေးလုံးများအား ဆုံးဖြတ်နိုင်းခြင်း မရှိသေးသည့် အတွက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် နောင်တစ်ချိန်တွင် အသုံးပြုရန် သိမ်းထားခြင်းသည် သာလျှင် အကောင်းဆုံးဖြစ်သည်။

ဆေးလုံးများ မလိုအပ်တော့သည်ကြောင့် အန်လင်းနှင့် ရှောင်ချိုးတို့သည် တုန်ရွှာနန်းတော်မှာ ပြန်လည် ထွက်ခွာလာကြသည်။

ရုတ်တရက်ဆိုသလို ရှောင်ချိုးသည် အန်လင်း၏ပခုံးပေါ်မှ ခုန်ဆင်းပေါ်ပြီး ကြာကန်နံဘေးသို့ သွားကာ မူလပုံစံ ပြန်ပြောင်းလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ငါအဆင့်တက်တော့မှာ”

အန်လင်း၏ မျက်နှာတွင် ပျော်ရွှင်မှုများ ဖြစ်ပေါ်လာပြီးနောက် ရှောင်ချိုး၏ အစောင့်အရှောက် အနေဖြင့် ထမ်းဆောင်လိုက်သည်။

ရှောင်ချိုးသည် အန်လင်းပေးထားသည့် လျှို့ဝှက်အင်မော်တယ် သွေးသစ်သီးအား ထုတ်ယူကာ စားသုံးလိုက်သည်။

ထို့နောက်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီးနော် စတင် ကျင့်ကြံတော့သည်။

ဘုန်း ...

ကောင်းကင်နှင့် မြေပြင်မှ ချီစွမ်းအင်များ စုပြုံလာကြီးပြီး ရှောင်ချိုး၏ ခန္ဓာကိုယ် ပတ်လည်တွင် ချီစွမ်းအင် ဝဲတစ်ခု ပေါ်လာသည်။

လေပြင်းထန်စွာ တိုက်ခတ်နေသည့် အပြင် မိုးကြိုးပစ်သံများကိုပင် ကြားနေရသည်။

စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ ချိုးဖြတ် ဝင်ရောက်ခြင်းသည် အတော်လေး ကြီးကျယ်လှပေသည်။

ချီစွမ်းအင် လှုပ်ရှားမှုသည် ပိုမိုပြင်းထန်လာပြီး အနက်ရောင် မီးတောက်များသည် ရှောင်ချိုး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ထိုမီးတောက်များသည် ခန္ဓာကိုယ် တစ်ခုလုံးအား ဖုံးလွှမ်းသွားပြီး နောက်တွင် အရာအားလုံးကို ဝါးမျိုမည့်ဟန် ရှိနေလေသည်။ ထိုမီးတောက်များသည် စိတ်အာရုံကိုပင် စုပ်ယူမည့်အသွင် ရှိနေသည်။ ရှောင်ချိုး၏ ပတ်လည်ရှိ မြေပြင်သည် လောင်ကျွမ်း မည်းနက်လာပြီး အပင်များမှာ သေဆုံး သွားကြလေသည်။

အန်လင်းသည် ထိုမြင်ကွင်းအား သတိအနေအထားဖြင့် ကြည့်နေသည်။ ရှောင်ချိုး၏ ခန္ဓာကိုယ်မှ မည်သည့်အတွက်ကြောင့် မီးတောက်များ ထွက်ပေါ် လာရခြင်းအား နားမလည်နိုင်ပဲ ရှိနေလေသည်။

ရုတ်တရက် ဆိုသလိုပင် ရှောင်ချိုးသည် မျက်လုံးများ ဖွင့်လိုက်ပြီးနောက် ရွှေရောင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများသည် အနက်ရောင် မီးတောက်များအား နေရောင်ခြည်ကဲ့သို့ ထိုးဖောက်သွားလေသည်။

ပတ်ဝန်းကျင်တွင် ဆန်းကြယ်သည့် အော်ရာများ ရစ်ဝဲနေပြီး ကြာကန်အတွင်းမှ ကြာပန်းဖြူများသည် အန်ကရောင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

အန်လင်း ကြည့်နေရင်းမှာပင် ကန်အတွင်းရှိ ကြာပန်းများ အားလုံးသည် မည်းနက်သွားကြသည်။ ရက်စက် သွေးအေးသည့်ပုံစံ ရှိနေသော်လည်း တစ်ချိန်တည်းမှာပင် ကြီးကျယ် ခမ်းနားလှသည်။

အနက်ရောင် မီးတောက်များ ပျောက်ကွယ်သွားသည့် အခါတွင် ရှောင်ချိုးမျက်လုံးများ အတွင်းမှ အလင်းတန်းများသည် မှိန်ဖျော့လာလေသည်။

မတ်တတ်ရပ်ကာဖြင့် ခေါင်းကုတ်လိုက်သည်။ သူ၏ အော်ရာသည် စွမ်းအားကြီးပြီး များပြားလှသည်။

“အောင်မြင်ပြီ”

***

All Chapters