← Chapters

ရေထဲသို့ ကျလာခြင်း

Vol. 18 Ch. 244

ရေထဲသို့ ကျလာခြင်း

Vol. 18 Ch. 244

တာအိုဘုန်းကြီး ရှစ်ရန်ရဲ့ တိုးဖျော့သော အသံသည် အကျဉ်းထောင်အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ အန္တာရယ်များလှတဲ့ နန်းတော်အတွင်းမှာ ဘယ်လိုပြဿနာမျိုးကိုမှ ရှစ်ရန် မလိုချင်ပါချေ။

“အမ်း ဆရာ ကျွန်တော်ဒီမှာပါ”

ထိုအချိန်မှာပဲ မှောင်မဲတဲ့ အကျဉ်းခန်းထဲကနေ နောက်ထပ်တိုး‌ဖျော့သောအသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုသူက ခြေတွေလက်တွေ ကြိုးထုတ်ခံထားရသော ချီဝူပင်။

ရှစ်ရန် ချက်ချင်းပဲ လျင်မြန်စွာ ရှေ့တိုးသွားလိုက်၏။

ချီဝူရဲ့ ပုံစံက အနည်းငယ် အံ့ဩနေဟန်ပဲ။

“ဆရာ ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ”

သူ့ရဲ့မျက်လုံးထဲမှာ ခံစားချက်တွေ ပြင်းထန်လာခဲ့သည်။ သူ့ရဲ့ အသံက ထိန်းမရနိုင်အောင် တုန်ယင်နေ၏။

တာအိုဘုန်းကြီး ရှစ်ရန်ရဲ့ တပည့်တစ်ယောက် အနေနဲ့ အရှင်မင်းကြီးဆီက အဖမ်းခံရပြီးနောက်မှာ ချီဝူ စိတ်ပိုင်းဖြတ်ထားခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းနိုင်တဲ့ အစီအရင်ကို ခွင့်ပြုချက်မရှိဘဲ ဖန်တီးတဲ့ ကိစ္စက ဖော်ထုတ်ခံလိုက်ရလျှင် ဘယ်သူမှ လွှတ်မြောက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ချီဝူ စိတ်ပိုင်းဖြတ်ထားပြီး အထီးကျန်လှတဲ့ အကျဉ်းထောင် အတွင်းမှာ သေဖို့ရန် စောင့်ဆိုင်းနေခဲ့သည်။ ဒါပေမဲ့ အံ့ဩစွာပဲ ဆရာဖြစ်သူက အသက်စွန့်ပြီး ကယ်တင်လာလေ၏။

“ဒါက ပြောရရင် အရှည်ကြီးပဲ။ ဒီနေရာမှာ စကားပြောလို့ မကောင်းဘူး။ ငါတို့အရင် အပြင်ထွက်ကြမယ်”

ရှစ်ရန်က ချက်ချင်းပဲ အကျဥ်းထောင် အတွင်းသို့ ဝင်ရောက်သွားကာ ချီဝူရဲ့ ခန္ဓာကိုယ်မှ ဖုန်တွေကို ဖယ်ခါပေးလိုက်သည်။ အပြင်ဘက်မှာ များစွာတဲ့ အစောင့်တွေ ရှိနေသေးသည့်အတွက် သူတို့ လျင်မြန်စွာ ထွက်သွားမှ ဖြစ်လိမ့်မည်။ ချီဝူရဲ့ ကြိုးတွေကို ဖယ်‌ပေးပြီးတာနဲ့ နန်းတော်ကနေ ပြန်လည်ဆုတ်ခွာ ခဲ့ကြသည်။

လမ်းတစ်လျှောက်လုံးမှာ သူတို့ နှစ်ယောက်လုံး စကားမပြောကြပေ။ စကားမပြောနိုင် လောက်အောင်ပင် လျင်မြန်လှတဲ့ အရှိန်နဲ့ နန်းတော် အပြင်ကို ထွက်နိုင်ဖို့ ကြိုးစားနေကြ၏။ ဒီလိုနဲ့ အမွှေးတိုင် တစ်ဝက်ခန့် အချိန်မှာပဲ နန်းတော်အပြင်ကို ထွက်နိုင်ခဲ့သည်။

“ နောက်ဆုံးတော့ ရောက်လာပြီ။ တော်ဝင်ဆရာကြီး ရှစ်ရန် ဒီမှာ ခင်ဗျားရဲ့ မြင်းပဲ။ မြို့ပြင်မှာ ကျုပ်တို့ ပြန်တွေ့ကြမယ်”

နန်းတော်အပြင်မှာ အသင့်ရပ်စောင့်နေတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးယန်က ထွက်ပြေးလာတဲ့ လူနှစ်ယောက်ကို မြင်တာနဲ့ သစ်ပင်မှာ ချည်ထားတဲ့ မြင်းကို ချက်ချင်း ကမ်းပေးလိုက်သည်။ ရှစ်ရန်နဲ့ချီဝူ ချက်ချင်းပဲ မြင်းပေါ်သို့ တက်လိုက်၏။

“မြို့ပြင်နားက လယ်ကွင်းတွေဆီကို အမြန်သွားကြမယ်”

သူတို သုံးယောက်လုံး ကောင်းမွန်စွာ နားလည်ပါ၏။ အခုကိစ္စသည် အရှင်မင်းကြီးကို လုပ်ကြံတဲ့ ကိစ္စကြီး တစ်ခုပဲ။ ထို့ကြောင့် ကျိကျီမြို့နယ် တစ်ခုလုံး ပိတ်သိမ်းခံရလိမ့်မည်။ မကြာခင်မှာ ချီဝူ လွတ်မြောက်သွားတဲ့ ကိစ္စကလည်း ဖုံးကွယ်လို့ ရနိုင်မှာ မဟုတ်ပေ။ ထိုကြောင့် အန္တာရယ်အကင်းဆုံး အခြေအနေကို လိုချင်ရင် ချီဝူကို ပုန်းကွယ်ထားတဲ့ တဲအတွင်းသို့ အမြန်ဆုံး ပို့ဆောင်မှ ဖြစ်လိမ့်မည်။ ထိုအချိန်မှသာ နောက်ထပ် အကြံအစည်ကို ဆွေးနွေးလို့ ရနိုင်မည်။

သခင်ဖူမဲ့က သူ့မှာ ကိုယ်ပိုင်လွှတ်မြောက်နိုင်တဲ့ နည်းလမ်းရှိပြီး စိတ်မပူဖို့ ပြောထားခဲ့သည့်အတွက် ဖူမဲ့ကို မစောင့်‌တော့ပဲ သူတို့ သုံးယောက်လုံး ထွက်သွားခဲ့ကြသည်။

ထိုအချိန်တွင် အတွင်းနန်းတော် အတွင်း၌ လီယုဟန် တစ်ယောက် အရှေ့နဲ့ အနောက်ကို မရပ်မနား လျှောက်နေလေရဲ့။

သူမရဲ့ မျက်နှာက တည်ငြိမ်နေခဲ့ပေမဲ့ သူမရဲ့ လုပ်ရပ်တွေက ရင်ထဲက စိတ်လှုပ်ရှားနေမှုကို မီးမောင်းထိုးပြ နေခဲ့သည်။ သူမရဲ့ နှလုံးသားက ရှကျိုးယွီကို လွန်စွာပူပင်နေ၏။

“မဟုတ်သေးဘူး ငါအရင် ပြန်သွားမှ ဖြစ်တော့မယ်။ သူအဆင်ပြေလား သေချာ အတည်ပြုရမယ်”

တစ်ကယ်တော့ သူမက ရှကျိုးယွီ တစ်ယောက်တည်းကို စိတ်ပူနေခဲ့တာ မဟုတ်ပေ။ ဒီလုပ်ကြံတဲ့ ကိစ္စက စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်အတုနဲ့ သက်ဆိုင်နေလောက်သည်။ ဒီကိစ္စသာ ဆက်လက် ဖြစ်ပွားနေမည် ဆိုရင် တရှားတိုင်းပြည်ရဲ့ ကံကြမ္မာကိုပါ သက်ရောက်လာနိုင်၏။ သူမ သေချာ စုံစမ်းမှ ဖြစ်တော့မည်။

လီယုဟန်ရဲ့ စကားကြောင့် ဒဏ်ရာကုစားနေတဲ့ ကောင်းမင်ရဲ့ ဖြူဖွေးတဲ့ မျက်နှာသည် မယုံနိုင်မှုတို့ ပြည့်နှက်သွားခဲ့သည်။ ခန္ဓာကိုယ် အတွင်းက လှိုက်တက်လာတဲ့ နာကျင်မှုကို တောင့်ခံရင်း မျက်ရည်များ စီးကျနေတဲ့ မျက်နှာနဲ့ ပူပင်စွာ ပြောလိုက်သည်။

“ဂိုဏ်းတူအမ ကျွန်တော်တို့အခု ထွက်မပြေးရင် ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူးနော်။ ဒါကို အဲ့ဒီဘုရင်ကို သွားပြီး စစ်ဆေးအုံးမှာလား”

ဖောက်ခွဲမှုရဲ့ သင်ပြပေးမှုကြောင့် မောက်မာပြီး အထင်ကြီးတဲ့ ကောင်းမင်လည်း အခုအချိန်မှာ အိမ်ပြန်ချင်တဲ့ ကလေးငယ်အသွင် ပြောင်းသွားလေပြီ။ နန်းတော် တစ်ခုလုံးကို များစွာတဲ့ အစောင့်တွေက ပိုက်စစ်တိုက် ရှာဖွေနေ၏။ တစ်ဖက်လူက နန်းတော်အတွင်းက ကျောက်တုံး တစ်တုံးမကျန်အောင် စစ်ဆေးချင်ဟန် ရှိသည်။ သူတို့ အနေနဲ့ အခုသာ ထွက်မပြေးဘူးဆိုရင် ထွက်ပြေးနိုင်ချေ လွန်စွာ နည်းပါး သွားလိမ့်မည်။

“နင် ထွက်ပြေး ချင်ရင် ထွက်ပြေးလိုက်။ ငါအရင်ဦးဆုံး စစ်ဆေးမှရမယ်”

လီယုဟန်ကတော့ ပြတ်သားစွာ ပြောလိုက်လေရဲ့။ သူမရဲ့ မျက်လုံးထဲမှာ စိတ်ပူမှုတို့ ပြည့်နှက်နေခဲ့သည်။

“သူက သန်မာပါတယ်.....သူအဆင်ပြေမှာပါ ဟုတ်တယ်မလား။ ဒါပေမဲ့ သူသန်မာတယ် ဆိုတာကို ငါသိတယ်။ အဲ့လိုပဲ လုပ်ကြံသူကလည်း မသိလောက်ဘူးလား။ မဖြစ်တော့ဘူး လုံးဝမဖြစ်တော့ဘူး ငါသူ့ကို ကူညီမှ ရတော့မယ်”

ဒီလိုနဲ့ပဲ လီယုဟန်သည် ညည်းတွားနေတဲ့ ကောင်းမင်ကို လျစ်လျူရှုခဲ့ပြီး ချက်ချင်းပဲ မြင်းပေါ်သို့ ခုန်တက်လိုက်လေ၏။

“နေအုံး ဂိုဏ်းတူအမ ကျွန်တော်လည်း လိုက်မယ်လေ။ ကျွန်တော့်ကို မခေါ်တော့ဘူးလား…”

ယောင်္ကျားထံမှ စွန့်ပစ်ခံ လိုက်ရတဲ့ မိန်းမငယ် တစ်ယောက်လိုမျိုး သနားစဖွယ် အော်သံသည် လီယုဟန်ရဲ့ မြင်းနောက်မှာ ကျန်ရစ်ခဲ့ တော့သည်။

ကောင်းမင်ရဲ့ နှလုံးသားကတော့ နောင်တတရားတို့ ပြည့်နှက်လာလေရဲ့.. အခြေအနေတွေက ဒီလိုဖြစ်လာပြီ ဆိုမှတော့ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ ထို့ကြောင့် ကောင်းမင် တစ်ယောက်ထဲပဲ ထွက်ပြေးဖို့ ကြိုးစားလိုက်၏။

“ပုန်ကန်သူက ဟိုမှာပဲ။ သူ့ကို လုံးဝ မလွတ်စေနဲ့။ သူက တစ်ကိုယ်လုံး အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားတာ”

“မြှားတွေ ပစ်ကြ မြှားတွေအခုပဲ ပစ်ကြ”

ကောင်းမင် ခေါင်မိုးပေါ်ကို ခုန်တက်လိုက်ချိန်မှာပဲ လေကို ခွင်းလာတဲ့ မြှားပေါင်းများစွာရဲ့ အသံကို ကြားလိုက်ရသည်။

“ဟမ်း လူသားတစ်အုပ်ကများ ငါ့ကို ဘာလုပ်နိုင်မှာ မလို့လဲ”

ဘယ်လိုပဲ ကောင်း‌မင်ရဲ့ အဝတ်က စုတ်ပြဲနေပါစေ၊ သူက ထျန်းလင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်၏။ စစ်သားတွေရဲ့ မြှားအနည်းငယ်လောက်က သူ့ကို ထိခိုက်စေမှာလား..

“မောက်မာနေတဲ့ ငမိုက်သား ငါမင်းကို အခုပဲ သင်ခန်းစာပေးမယ်”

ထိုအချိန်မှာပဲ ကောင်းမင်ရဲ့ မြင်ကွင်းထဲသို့ ခပ်ဝဝ ပုံရိပ်တစ်ခုက တစ္ဆေတစ်ကောင်လို လျင်မြန်မှုနဲ့ ဝင်ရောက်လာလေ၏။ ရိုက်ချက်တစ်ခု ပြီးတဲ့နောက်မှာ ကောင်းမင် သတိမေ့ သွားတော့သည်။

“ဘယ်လိုတောင် ပုပ်သိုးဆွေးမြေ့ နေတဲ့ကောင်လဲ။ အရှင်မင်းကြီး ရှိတဲ့ ဒီနန်းတော်ထဲမှာ မောက်မောက်မာမာ ပြောဆိုရဲတယ်”

ဝေ့ကျုံးရှန့်ရဲ့ မျက်နှာက လွန်စွာ ရွံရှာနေဟန် ရှိသည်။ ထိုသူက အရှင်မင်းကြီး ရှိနေတဲ့ နန်းတော်အတွင်းမှာ မောက်မာစွာ ပြောဆိုခဲ့၏။

ဝေ့ကျုံးရှန့် ပုံမှန်လိုပဲ ကောင်းမင်ရဲ့ မေ့‌မြောနေသော ခန္ဓာကိုယ်ကို မြေပြင်ပေါ် ပစ်ချလိုက်၏။ ခေါင်မိုးအောက်မှာ အသင့်စောင့်နေတဲ့ တပ်သားတွေ အားလုံး လျင်မြန်စွာ ပြေးလာပြီး ကောင်းမင်ကို အထူးပြုလုပ်ထားသော ချိန်းကြိုးများနဲ့ ချုပ်နှောင်ကြလိုက်သည်။

“ပုန်ကန်သူ သူခိုးကောင်ကို ဖမ်းမိခဲ့ပြီ။ သူ့ကို ချက်ချင်းပဲ အရှင်မင်းကြီးဆီ ခေါ်ဆောင်ခဲ့ကြ”

ဒီလိုနဲ့ပဲ များစွာတဲ့ တပ်သားတွေကို ဦးဆောင်ရင်း ဝေ့ကျုံးရှန့် တစ်ယောက် ပင်မဆောင်သို့ ဦးတည်လာလေ၏။

ထိုအချိန်တွင် လီယုဟန်လည်း တိတ်ဆိတ်စွာဖြင့် ပင်မဆောင်ရှိရာသို့ ချဉ်းကပ်နေခဲ့သည်။ မထင်ထားစွာပဲ ပေါက်ကွဲမှုက ခေါင်မိုးပေါ်က သွပ်ပြားတွေကို မတည်မငြိမ် ဖြစ်စေခဲ့သည်။ လီယုဟန် သတိမထားမိလိုက်ချိန်မှာပဲ အောက်သို့ ပြုတ်ကျသွား၏။ ပြုတ်ကျနေရင်း တစ်ဝက်မှာ ရေပူစမ်း အတွင်း၌ရေစိမ်နေခဲ့သော ရှကျိုးယွီရဲ့ ပုံရိပ်ကို လီယုဟန် ချက်ချင်းပဲ ဖမ်းမိသွားခဲ့သည်။ သူမရဲ့မျက်နှာ တစ်ခုလုံး ပူနွေးသွား၏။ ကိုယ့်ကိုယ် ထိန်းညှိဖို့ရန် အသုံးပြုလိုက်တဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေလည်း နေရာမှာတင် ရပ်တန့်သွားလေ၏။ လီယုဟန် တစ်ယောက် ရေပူစမ်း အတွင်းသို့ တိုက်ရိုက် ပြုတ်ကျသွားခဲ့သည်။

လုပ်ကြံမှုကြောင့် နန်းတော်အတွင်းက အသက်ဝင်လှတဲ့ ပွဲတော်ကြီးလည်း ရပ်တန့်သွားခဲ့သည်။ ရှကျိုးယွီက ချီဝူကို ကယ်တင်ချင်သည့် သူ့ရဲ့ပန်းတိုင် အောင်မြင်သွားသည့် အတွက် ဘာမှမဖြစ်ခဲ့သလိုမျိုး ရေပူစမ်း အတွင်းမှာ ဇိမ်ခံဖို့ သွားရောက်ခဲ့၏။ သူက ကိုယ်လုပ်တော်ကျင်းကို ရေပူစမ်း အတွင်းသို့ ဆင့်ခေါ်စေပြီး ကစားကွက်တစ်ချို့ ထုတ်သုံးဖို့ စဉ်းစား နေခဲ့တာပင်။ ထိုအချိန်မှာပဲ အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး.....

အမ်း..

ရေပူစမ်း အတွင်းက ရေတွေ အပြင်ကို လျှံထွက်သွားခဲ့သည်။ ရုတ်တရက် ကောင်းကင်ပေါ်ကနေ သူ့ရဲ့ လက်မောင်းကြားထဲသို့ တိုက်ရိုက် ပြုတ်ကျလာတဲ့ လီယုဟန်ကို ရှကျိုးယွီ အံ့ဩစွာ ကြည့်လိုက်၏။ နောက်တစ်စက္ကန့်မှာပဲ သူ့ရဲ့ မျက်နှာထက်မှာ ထူးဆန်းတဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ဟမ်း ဒါက ငါကိုယ်တော်ရဲ့ အားကိုးရတဲ့ စစ်သူကြီးမှတ်လား”

လီယုဟန် ရှက်ရွံ့နေတဲ့ မျက်နှာနဲ့ပဲ ရှကျိုးယွီရဲ့ ပွေ့ဖက်မှုကို ရုန်းထွက်ဖို့ ကြိုးစားလိုက်သည်။ ဒါပေမဲ့ အလွန် တောင့်တင်းခိုင်မာတဲ့ သံချပ်ကာ ကြားမှာ ပိတ်မိနေသလိုမျိုး သူမရဲ့ သန်မာမှုတွေက အသုံးမဝင်တော့ပေ။ အချိန်တစ်ခဏ ကြာသည်အထိ သူမဘာလုပ်ရမလဲ မသိတော့ပေ။

“ကျွန်မ......ကျွန်မ.....ကျွန်မကို လွှတ်ပေးတော့”

သူမရဲ့ လှပတဲ့ မျက်လုံးအတွင်းမှာ ခုခံမှုနဲ့ ရှက်ရွံ့မှုတို့ ရောနှောနေလေ၏။

သူမရဲ့ စကားကြောင့် ရှကျိုးယွီရဲ့ နှုတ်ခမ်းက ချက်ချင်းပဲ အပေါ်ကို တက်သွား ခဲ့သည်။ အချိန်နှင့်အမျှ သူရဲ့ အပြုံးက ကြီးမားလာ၏။

“ကောင်းပြီလေ”

ရှကျိုးယွီ ချက်ချင်းပဲ ပွေ့ဖက်ထားတာကို ဖြေလျော့လိုက်သည်။

လီယုဟန်တစ်ယောက် ရေပူစမ်း အတွင်းသို့ ပြုတ်ကျသွားလေ၏။ နဂိုက တစ်ပိုင်းတစ်စသာ စိုနေခဲ့တဲ့ အဝတ်တွေအားလုံး စိုရွဲသွားလေပြီ။

“အဟွတ် အဟွတ်”

အသိမပေးပဲ ရေပူစမ်းအတွင်းသို့ ပြုတ်ကျသွားသည့်အတွက် လီယုဟန်အတွက် တုံ့ပြန်ချိန် မရရှိခဲ့ပေ။ ပူနွေးနေတဲ့ ရေအလုံးအရင်းက သူမရဲ့ ပါးစပ်ထဲကို ဝင်ရောက်လာ၏။ သူမရေအောက်မှာ အသည်းအသန် ရုန်းကန်နေချိန်မှာပဲ ပူနွေးတဲ့ လက်ကိုင်တစ်ခုလို အရာကို ရုတ်ရက် ထိမိသွားခဲ့သည်။ ထိုအရာကို အားထောက်ရင်း ရေထဲမှ ပြန်ထလိုက်၏။ ထိုအချိန်မှာပဲ အနည်းငယ် ထူးဆန်းနေတဲ့ ရှကျိုးယွီရဲ့ မျက်နှာကို မြင်လိုက်ရသည်။ လီယုဟန် ချက်ချင်းပဲ သူမကိုင်ထားတဲ့ လက်ကိုင်ကို ငုံ့ကြည့်လိုက်သည်။ သူမရဲ့ မျက်နှာက ခရမ်းချဉ်သီး နီလိုမျိုး နီရဲသွားလေရဲ့။

“မဟုတ်ဘူး......ကျွန်မ....... ကျွန်မတောင်းပန်ပါတယ်.....”

လီယုဟန် ဘယ်လို ရှင်းပြရမလဲမသိ.. အသည်းအသန် ရုန်းကန်နေချိန်မှာပဲ ဝေ့ကျုံးရှန့်ရဲ့ အသံကို အပြင်ကနေ ကြားလိုက်ရသည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ပုန်ကန်သူကို ဖမ်းမိခဲ့ပါပြီ”

ရေပူးစမ်းအတွင်းမှာ အလှလေးနဲ့ ပျော်ပါးနေခဲ့သော ရှကျိုးယွီရဲ့ မျက်မှာက ချက်ချင်းပဲ သံသယများနှင့် ပြည့်နှက်သွား၏။ သူ ချက်ချင်းတွေးလိုက်သည်။

တော်ဝင်ဆရာကြီး ရှစ်ရန် လွှတ်မြောက်သွားပြီ မဟုတ်ဘူးလား။ ဝေ့ကျုံးရှန့် ဘယ်သူ့ကို ဖမ်းလာခဲ့တာလဲ…

ရုတ်တရက် အပြင်ကနေ အသံကြားလိုက်ရတဲ့ အတွက် လီယုဟန် ရှကျိုးယွီ အနောက်ကို ဝင်ပုန်းဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာပဲ ကြီးမားတဲ့ လက်နှစ်ခုက သူမကို အတင်းအကြပ် ရေထဲသို့ တွန်းလိုက်လေ၏။

“ဟုတ်ပြီ ငါကိုယ်တော် နားလည်ပြီ”

ရှကျိုးယွီ ပုံမှန်လိုပဲ ဖြေကြားလိုက်သည်။

လီယုဟန်ရေပေါ်ကို ပြန်တက်နိုင်ချိန်မှာ ကန်အတွင်းမှ ထွက်ခွာသွားတဲ့ အနက်ရောင် ပုံရိပ်ကို ဖျတ်ခနဲသာ မြင်တွေ့လိုက်ရ၏။

ရှကျိုးယွီ အဝတ်လဲပြီးတာနဲ့ ပင်မ ဆောင်သို့ သွားလိုက်၏။ ထိုအချိန်မှာပဲ မြေပေါ်မှာ ဒူးထောက်နေတဲ့ ဝေ့ကျုံးရှန့်ကို မြင်လိုက်ရ၏။

“အရှင်မင်းကြီး ကျွန်တော်မျိုး ပုန်ကန်သူကို ဖမ်းနိုင်ခဲ့ပါပြီ”

ထိုအချိန်တွင် ရှကျိုးယွီက ပုံမှန် အနက်ရောင် နဂါးဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ထား၏။ ပုန်ကန်သူ ဆိုသူကို လှည့်ကြည့်လိုက်ချိန်မှာ မျက်နှာမှာ ရွှံ့များပေကျံနေပြီး အဝတ်စုတ်ကို ဝတ်ဆင်ထားတဲ့ ကောင်းမင်ကိုသာ မြင်တွေ့လိုက်ရသည်။

ချိန်းကြိုးများနဲ့ တုတ်နှောင်ခံထားရပြီး တပ်သားတွေရဲ့ ဒူးထောက် စေခိုင်းခြင်းကို ခံထားရတဲ့ ကောင်းမင်က ကျယ်လောင်စွာ အော်ဟစ်လာလေ၏။

“အရှက်မရှိတဲ့ ဘုရင် ငါ့ရဲ့ ဂိုဏ်းတူအမကို လွှတ်ပေးလိုက်။ ငါ့ကို သတ်ချင်ရင်သတ်၊ နှိပ်စက်ချင်ရင်လည်း နှိပ်စက်။ ငါဂရုမစိုက်ဘူး ငါ့ရဲ့ ဂိုဏ်းတူအမကိုပဲ လွှတ်ပေး”

All Chapters