← Chapters

အပြာရောင်ဝတ်စုံနဲ့ အဘိုးကြီး

Vol. 18 Ch. 251

အပြာရောင်ဝတ်စုံနဲ့ အဘိုးကြီး

Vol. 18 Ch. 251

"အရှင်မင်းကြီးက တစ်ကယ်ကို

ဉာဏ်ပညာစူးရှလှပါတယ်"

လီချွမ် အလွန်ပျော်သွားခဲ့သည်။ သူ့အနေနဲ့ ဒီနေ့အသက်ရှင်လျက် အရေခွံဆုတ်ခံရတော့မည်ဟု ထင်မှတ်ထားခဲ့၏။ ဒါပေမဲ့ မထင်ထားစွာပဲ အရှင်မင်းကြီးက အပြစ်မတင်သည့်အပြင် ချီးကျူးသွားခဲ့သေးသည်။

ဒီလိုနဲ့ ရှကျိုးယွီရဲ့နဂါးမြင်းလှည်းက လမ်းမတစ်လျှောက်မှာ ခပ်ဖြည်းဖြည်းဖြတ်သန်းသွား၏။

အုပ်ချုပ်ရေးမှူး လီချွမ်တစ်ယောက်သာ လမ်းမအလယ်မှာရပ်နေရင်း အပြစ်တင်စိတ်ကို ခံစားနေရသည်။

"ငါဘယ်လိုလုပ်များ အဲဒီသေးငယ်လှတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ထံကနေ ပိုက်ဆံယူမိပြီး ပြည်သူတွေကို အဝေးလွှတ်လိုက်ရတာလဲ။ အရှင်မင်းကြီးက ပြည်သူတွေအပေါ် ဒီလောက်တောင်စိတ်နှစ်ထားခဲ့တာ၊ အခုလိုဖြစ်တာတောင်မှ ငါ့ကို ဘာမေးခွန်းမှမထုတ်ခဲ့ဘူး၊ ဒါပေမဲ့ လက်တွေ့ကျတော့ အရှင်မင်းကြီးကိုနှုတ်ဆက်မဲ့ ပြည်သူတစ်ယောက်တောင်မရှိပါလား… ဒါကိုတောင်မှ အရှင်မင်းကြီးက ပြည်သူတွေအတွက်တောင် ဆုမွန်ကောင်း တောင်းပေးသွားသေးတယ်"

လီချွမ် ချက်ချင်းပဲ အဝေးကကောင်းမွန်လှပလှတဲ့ စိမ်းစိုစိုရှုခင်းကို ငေးမျှော်ကြည့်လိုက်တော့သည်။ သူလည်းပဲ အခုလိုမျိုး လှပတဲ့နွေဦးကာလမှာ အရာရှိစာမေးပွဲကိုအောင်မြင်ပြီး အရာရှိငယ်တစ်ယောက်ဖြစ်လာခဲ့တာပင်။ ထိုအချိန်တုန်းက လီချွမ်သည် အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး ပြည်သူတွေအတွက် ရိုးသားကြိုးစားတဲ့အရာရှိကောင်းတစ်ယောက်ဖြစ်လာမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။ ဒါပေမဲ့ အတက်အကျများလှသော အရာရှိဘဝအတွင်းမှာ နှစ်များစွာကုန်ဆုံးလာတာနဲ့ သူ့ရဲ့ဖြူစင်မှုတို့လည်း ငွေကြောင့်အရောင်ဆိုးခံလိုက်ရပြီ။

ချက်ချင်းပဲ လီချွမ်ရဲ့ပါးနှစ်ဖက်သို့ ပူနွေးတဲ့မျက်ရည်စီးကြောင်းများ စီးကျလာ၏။

"အရှင်မင်းကြီးကို ကျွန်တော်မျိုးနှုတ်ဆက်ပါတယ်"

လူသူကင်းမဲ့လှသော လမ်းမအလယ်မှာ အဆင့်လေးအရာရှိဝတ်စုံကို ဝတ်ဆင်ထားတဲ့လူတစ်ယောက်က အသည်းအသန် ငိုကျွေးရင်း အော်ဟစ်လိုက်လေ၏။

အရှင်မင်းကြီးလိုပုဂ္ဂိုလ်ကို ရှင်ဘုရင်အဖြစ်ရရှိထားတာ သူတို့ပြည်သူတွေအတွက် ကောင်းချီးတစ်ခုဟု လီချွမ် ခံစားနေရသည်။ လီချွမ် ခပ်ဖြည်းဖြည်းမတ်တပ်ရပ်လိုက်ရင်း အင်္ကျီလက်နှစ်ဖက်နဲ့ မျက်ရည်စကို သုတ်လိုက်သည်။

ထို့နောက်မှာ ပေါ့ပါးစွာဖြင့် အရာရှိရုံးတော်သို့ ပြန်သွားလိုက်၏။ စိတ်သက်သာစွာနဲ့ သူ့ကိုဖြတ်တိုက်လာတဲ့ လေပြေနုများကိုပင် ပျော်ရွှင်စွာခံစားနေခဲ့သေးသည်။

ထိုအချိန်တွင် လှပလှတဲ့ရှုခင်းကို ရေကန်အနီးမှာရပ်ကြည့်နေတဲ့ ရှကျိုးယွီတစ်ယောက် ဘာကိုမှသတိမထားမိခဲ့ပေ။ သူ့ရဲ့မထင်မှတ်ဘဲပြုမူလိုက်တဲ့ အပြုအမူတစ်ခုက နှစ်ပေါင်းများစွာလာဘ်စားပြီး ပြည်သူတွေထံကနေ အမြတ်ထုတ်နေတဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့စိတ်ဓာတ်ကို လုံးဝပြောင်းလဲနိုင်ခဲ့မှန်း သိခဲ့ပါလေစ။

"အရှင်မင်းကြီး ဒီကြည်လင်ပြီးပြာတောက်နေတဲ့ ရေကန်ကိုကြည့်ပါဦး၊ ဒီရေကန်က မြို့ထဲက မြစ်ငယ်တွေအားလုံးလာစုဝေးတဲ့နေရာလေ၊ ကန်ထဲကကြာပွင့်တွေကလည်း ဘုန်းတန်ခိုးကြီးလှတဲ့ အရှင်မင်းကြီးရောက်ရှိလာမှုကြောင့် ပွင့်လန်းလာတာဖြစ်ရမယ်၊ အရှင်မင်းကြီးရဲ့မျက်နှာကို မော်ဖူးခွင့်ရဖို့ အသည်းအသန်ပွင့်အာနေတာ လှပလိုက်တဲ့မြင်ကွင်းပဲ"

ဝေ့ကျုံးရှန့်ရဲ့ အလွန်အမင်းမြှောက်ပင့်စကားက ရှကျိုးယွီကို အနည်းငယ်ရွံရှာစေခဲ့သည်။ ရှကျိုးယွီ ပုံမှန်လိုပဲ လက်တစ်ဖက်ယမ်းပြလိုက်ပြီး မြင်းလှည်းရပ်ဖို့ရန် အချက်ပြလိုက်၏။ ထို့နောက်မှာ မြေပြင်ပေါ်သို့ဆင်းကာ ကြာပွင့်များနဲ့ပြည့်နှက်နေသော ရေကန်ကိုကြည့်ရှုလိုက်သည်။

"ကောင်းကင်ကိုမျှော်ကြည့်ရင်း ပွင့်လန်းလာတဲ့ ကြာရွက်က အစွမ်းကုန်စိမ်းလန်းလျက်ပင်၊ ကြာပွင့်အလှလေးများ ခြံရံရင်း နေရောင်ကိုသောက်သုံးတဲ့ ဤကြာရွက်က ဘယ်လောက်အထိအလှတရားကို ဖြာထွက်စေမှာလဲ"

မျက်စိရှေ့ကလှပတဲ့မြင်ကွင်းကြောင့် ရှကျိုးယွီ ငယ်စဉ်ကသင်ခဲ့ရသော ကဗျာတစ်ပုဒ်ကို မနေနိုင်စွာ ရေရွတ်မိသွားသည်။

ရှကျိုးယွီအနောက်က လိုက်လာသော ကိုယ်လုပ်တော်ကျင်းသည် ထိုအချိန်က ကြာကန်အလယ်က ကြာပွင့်နှစ်ပွင့်ကို ဘယ်လိုခူးယူရမလဲစဉ်းစားနေခဲ့တာပင်။ ဒါပေမဲ့ ရှကျိုးယွီရဲ့ကဗျာရွတ်သံကြောင့် အံ့ဩမှင်သက် သွားလေ၏။

“အရှင်မင်းကြီးလိုမျိုး အနိုင်ကျင့်စိုးမိုးတတ်တဲ့လူတစ်ယောက်က ဒီလို ကဗျာလှလှလေးတွေ ရွတ်တတ်တဲ့အရည်အချင်းကို ပိုင်ဆိုင်ထားမယ်လို့ထင်မထားဘူး၊ အရည်အချင်းအတွက် နှမြောစရာပဲ…”

ကိုယ်လုပ်တော်ကျင်းတစ်ယောက် စိတ်ထဲရှိတဲ့အတိုင်းပဲ ရှကျိုးယွီမကြားရအောင် ခပ်တိုးတိုးပြောလိုက်သည်။

"ဟက်ချိုး"

အော်သံကြောင့် ရှကျိုးယွီ မထင်မှတ်ထားစွာ လှည့်ကြည့်လာခဲ့သည်။ သူမကလည်း ကြောင်တောင်တောင်ပြန်ကြည့်လာ၏။ သူမရဲ့နက်ရှိုင်းတဲ့မျက်ဝန်းက ကောင်းကင်ထက်ကကြယ်လေးလိုမျိုး တလက်လက်တောက်ပနေခဲ့သည်။

"ဘာလဲ"

ကိုယ်လုပ်တော်ကျင်းက အစောပိုင်းကအဖြစ်အပျက်ကို စိတ်ဆိုးနေဟန်ပဲ။ သူမရဲ့လှပတဲ့မျက်နှာဝိုင်းလေးက ချက်ချင်းပဲစူပုပ်ကာ မဲ့ရွဲ့သွားလေ၏။

"ကန်ထဲမှာလှေစီးကြရအောင်၊ ဝေ့ကျုံးရှန့် အခုပဲလှေပြင်လိုက်"

လှပတဲ့ရှုခင်းနဲ့ လှပတဲ့မိန်းကလေးကြောင့် ရှကျိုးယွီ အခုမှသာ ခရီးထွက်အနားယူရသလို ခံစားရသည်။ ဝေ့ကျုံးရှန့်ကို လှေပြင်ခိုင်းလိုက်ပြီး ကိုယ်လုပ်တော်ကျင်းနဲ့အတူ ရေကန်အလယ်သွားရောက်ကာ သေချာအနားယူဖို့ တွေးတောလိုက်သည်။ ဒီလိုနဲ့ပဲ စိတ်ဆိုးနေဟန်ရသော ကိုယ်လုပ်တော်ကျင်းနဲ့ အူမြူးနေသော ရှကျိုးယွီတို့ လှေစီးရင်းခရီးဆက်ကြလေ၏။

……..

ကျိကျီမြို့ဝင်ပေါက်တွင် အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ အဘိုးအိုတစ်ယောက်သည် မြို့ထဲအား အနည်းငယ်ရှုပ်ထွေးနေတဲ့မျက်နှာနဲ့ ကြည့်နေခဲ့သည်။

"ထူးဆန်းတယ်၊ ကျိကျီက မြို့ကြီးတစ်ခုပါ၊ ဘာလို့အခုလောက်ထိ ခြောက်ကပ်နေရတာလဲ"

ထိုအဘိုးအိုခင်ဗျာ မြို့ထဲဝင်လာလေ ပိုပြီးအံ့ဩလာလေ ဖြစ်လာပုံရသည်။ မြို့တစ်ခုလုံးက တစ္ဆေခြောက်နေသလိုမျိုး လူသူကင်းမဲ့နေ၏။ နောက်ဆုံးလယ်ကွင်းတစ်ခုအနားကိုရောက်တဲ့အချိန်မှာသာ အလုပ်လုပ်နေတဲ့ လယ်သမားတစ်ယောက်ကို တွေ့လိုက်ရသည်။

"တစ်ဆိတ်လောက်ပါ၊ မြို့ထဲကလူတွေအားလုံး ဘယ်ရောက်သွားတာလဲ"

အသက်ကြီးကြီးလယ်သမားအိုက ချက်ချင်းပဲလှည့်ကြည့်လာခဲ့သည်။ အမာရွတ်များပြည့်နှက်နေတဲ့ သူ့ရဲ့လက်နဲ့ လည်ပင်းပေါ်မှာတင်ထားသော လက်ကိုင်ပဝါကိုယူလိုက်ပြီး နဖူးထက်ကချွေးတစ်စကို သုတ်လိုက်၏။

"ခင်ဗျားက လူသစ်လား"

အပြာရောင်အဘိုးကြီး ခပ်ဖြည်းဖြည်းခေါင်းငြိမ့်ပြလိုက်သည်။ လေပြေတချို့က သူ့ကိုဖြတ်တိုက်သွား၏။

ထိုလေပြေက ပင်ပန်းစွာအလုပ်လုပ်နေသော လယ်သမားတွေကိုပင် လန်းဆန်းသွားစေဟန်ရှိသည်။ လယ်သမားအိုရဲ့ ရွတ်တွတဲ့မျက်နှာက အနည်းငယ်ပျော့ပျောင်းသွား၏။

"မြို့ထဲကလူတွေအားလုံးက ပိုက်ဆံရှာနေကြတယ်၊ မင်းရှာဖို့လွယ်မှာမဟုတ်ဘူး"

အပြာရောင်အဘိုးအို ချက်ချင်းပဲအံ့ဩသွား၏။ သူ့ရဲ့မျက်လုံးထဲမှာ သံသယများဝင်ရောက်လာခဲ့သည်။

"ပိုက်ဆံရှာမယ်။ ဘယ်လိုပိုက်ဆံရှာနေတာလဲ"

"ကျေးဇူးပြုပြီး အသေးစိတ်ရှင်းပြပေးလို့ရမလား"

လယ်သမားအိုကြီးက ရိုးရှင်းစွာပဲ ခပ်ဖွဖွပြုံးပြလိုက်သည်။

ဘယ်သူကများ ဒီလိုကောင်းမွန်တဲ့အလုပ်ရထားတဲ့ကိစ္စကို သူစိမ်းတစ်ယောက်ကိုပြောပြမှာလဲ။ ဒါပေမဲ့ အသက်တူရွယ်တူ အဘိုးအိုတစ်ယောက်ကြောင့် လယ်သမားအိုကြီးလည်း အနည်းငယ်စိတ်ပျော့သွားခဲ့ပြီး ရှင်းပြပေးလိုက်သည်။

"အဲဒီနေရာက ရှာဖို့မခဲယဉ်းပါဘူး၊ ဒီနေရာကနေ မိုင်အနည်းငယ်ခရီးဆက်သွားလိုက်ရင် ခင်ဗျား နေရာတစ်ခုကို တွေ့လိမ့်မယ်၊ အဲဒီနေရာမှာ လုပ်သားခေါ်ယူနေတာ၊ တစ်ရက်ကို ငွေဒင်္ဂါးပြားတစ်ရာတောင်ပေးတယ်၊ အကယ်လို့ ကျုပ်မှာသာ ဂရုစိုက်စရာဒီလယ်ကွင်းတွေမရှိနေဘူးဆိုရင် ကျုပ်လည်းသွားနေတာကြာပြီ"

ပြောပြီးတာနဲ့ လယ်သမားအိုကြီးက လယ်ကွင်းအလယ်ကိုလျှောက်သွားကာ စားပွဲပေါ်ကရေနွေးအိုးကို ယူပြီး အလုအယက်မော့သောက်လိုက်လေ၏။ ဒါပေမဲ့ အစောပိုင်းကခံစားခဲ့ရတဲ့ အေးမြသက်သာမှုတို့ကို မခံစားရတော့ပေ။ ဘာလို့များ လယ်ကွင်းထဲရောက်လာတာနဲ့ ပူနေသလိုခံစားရပါလိမ့်…

လယ်သမားအိုကြီး အနောက်လှည့်လိုက်ချိန်မှာ အပြာရောင်ဝတ်ရုံနဲ့ အဘိုးအိုက ပျောက်ကွယ်သွားခဲ့သည်။

"ဘယ်လိုတောင်ထူးဆန်းတဲ့ပုဂ္ဂိုလ်လဲ။ မဟုတ်သေးဘူး နေပါဦး၊ ဘာလို့သူ့ရဲ့ဆံပင်က အမည်းရောင်ဖြစ်နေရတာလဲ"

လယ်သမားအိုကြီး ချက်ချင်းပဲရှုပ်ထွေးသွားခဲ့သည်။ အစောပိုင်းကလူရဲ့ပုံရိပ်ကို ပြန်လည်စဉ်းစားလိုက်၏။ ထိုသူရဲ့ပုံစံက သေချာပေါက် ပါးရေတွေတွန့်နေပြီး အဘိုးကြီးတစ်ယောက်ပုံပေါက်သည်။ ဒါပေမဲ့ ထိုသူရဲ့ဆံပင်များက ရေတံခွန်လိုမျိုးဖြောင့်စင်းကာ မည်းနက်နေ၏။

"ငါ အသက်ရှင်နေတဲ့နတ်ဘုရားတစ်ပါးနဲ့ တွေ့ခဲ့တာမျာလား”

လယ်သမားအိုကြီးက ကံကောင်းပြီး နတ်ဘုရားတစ်ပါးနဲ့တွေ့ဆုံခဲ့သည်ဟုသာ ထင်မှတ်ခဲ့ပြီး အများကြီးမစဉ်းစားခဲ့ပေ။ သက်ပြင်းတစ်ချက်သာချလိုက်ပြီး လယ်ကွင်းအတွင်းပြန်သွားကာ ပေါက်တူးကိုင်ပြီး ဆက်လက်အလုပ်လုပ်လေ၏။

အပြာရောင်ဝတ်စုံနှင့်အဘိုးအိုသည် ကျန်းဖူရှန်မှလွဲ၍ တစ်ခြားမဖြစ်နိုင်ပါချေ။ ထိုသူက တရှားတိုင်းပြည်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့ အစီအရင်ကို အစဦးတည်ဆောက်ပေးခဲ့တဲ့လူပဲ။

ကျန်းဖူရှန်က ကျန်းနန်မြို့မှာ စိတ်ဝိညာဉ်စွမ်းအင်စုဆောင်းတဲ့အစီအရင်ကို ဖန်တီးဖို့ရန်ရောက်ရှိနေခဲ့သည်။ ထိုအချိန်မှာပဲ ထူးဆန်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းတစ်ချို့ကို ခံစားမိလိုက်၏။ ထိုလှိုင်းရဲ့တည်နေရာအတိုင်း လိုက်လာခဲ့ချိန်မှာ ဒီကျိကျီမြို့အထိရောက်လာခဲ့တာပဲ။

"တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ ငါ့အစီအစဉ်ရဲ့နေရာတွေက မှန်ကန်ရဲ့သားနဲ့ ဘာကြောင့် အစီအရင်ကနှောင့်ယှက်ခံနေရတာလဲ"

အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ ကျန်းဖူရှန် အလွန်ရှုပ်ထွေးနေခဲ့သည်။ ထို့ကြောင့်ပဲ အခုလိုကိုယ်တိုင်အဖြေထုတ်ရန် စဉ်းစားလိုက်တာပင်။

"ဘယ်သူလဲ”

ကျန်းဖူရှန် တစ်ယောက် သူ့နောက်ကိုလိုက်လာတဲ့ တစ်စုံတစ်ယောက်ကို အာရုံခံမိတာနဲ့ ချက်ချင်းပဲအော်ဟစ်လိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်ကနေ စိတ်ဝိညာဉ်စွမ်းအင်များက တောင်တစ်ခုလိုမျိုး ပြင်းထန်စွာ ကျရောက်လာ၏။

"ဆရာကြီး ကျေးဇူးပြုပြီး သနားညှာတာပေးပါ၊ ကျွန်မက လီယုဟန်ပါ၊ ထျန်းလင်ဂိုဏ်းခွဲက ဂိုဏ်းခွဲခေါင်းဆောင် လီပဟန်ရဲ့ တိုက်ရိုက်တပည့် လီယုဟန်ပါ"

ကျန်းဖူရှန် အနောက်လှည့်ကြည့်လိုက်ချိန်မှာ အမည်းရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

သူ့ရဲ့ခန္ဓာကိုယ်ကနေ စိတ်ဝိညာဉ်စွမ်းအင်တွေကို ပြန်လည်ရုတ်သိမ်းလိုက်၏။ ဒါပေမဲ့ ကျန်းဖူရှန်ရဲ့မျက်နှာပေါ်မှာ သံသယများရှိနေဆဲပင်။

အစောပိုင်းကမှ ပထမအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါကို အာရုံခံမိလိုက်သည်။ ဒါပေမဲ့ ထိုမိန်းကလေးကိုကြည့်ရှုလိုက်ချိန်မှာ အဆင့်ငါးကျင့်ကြံသူတစ်ယောက်အဖြစ်သာ မြင်တွေ့ရ၏။ ကျန်းဖူရှန် အနီးကပ်စစ်ဆေးလိုက်တော့သည်။ ထိုအချိန်မှသာ မျက်စိရှေ့က အနက်ရောင်မိန်းကလေးက များစွာသော အကာအကွယ်များကို အသုံးပြုထားမှန်း သိလိုက်ရ၏။

All Chapters