← Chapters

တရှားရဲ့ဘုရင်က အညစ်ညမ်းဆုံး ပုဂ္ဂိုလ်ပဲ

Vol. 18 Ch. 239

တရှားရဲ့ဘုရင်က အညစ်ညမ်းဆုံး ပုဂ္ဂိုလ်ပဲ

Vol. 18 Ch. 239

ခရီးစဉ်တစ်လျှောက်မှာ ကိုယ်လုပ်တော်ကျင်းကို စနောက်ရခြင်းက ရှကျိုးယွီအတွက် အပျင်းပြေသော အလုပ်တစ်ခုလိုမျိုး ဖြစ်လာခဲ့သည်။ ကိုယ်လုပ်တော်ကျင်းရဲ့ ဒေါသနဲ့ ရှက်ရွံ့မှုတို့ ရောနှောနေတဲ့ မျက်နှာကို မြင်လိုက်တိုင်း သူ့ရဲ့နှလုံးသားက ပျော်ရွှင်မှုကို ခံစားရသည်။

"အရှင်မင်းကြီး၊ အရှင်မင်းကြီး ကျွန်တော်မျိုးမကို ဘယ်လောက်ကြာတဲ့အထိ စနောက်နေမှာလဲ"

"ကျွန်တော်မျိုးမက ဝေ့တိုင်းပြည်ရဲ့ မိန်းကလေးတစ်ယောက်ပါ။ ကျွန်တော်မျိုးမက သာမန်သူတစ်ယောက် မဟုတ်ဘူး။ အရှင်မင်းကြီးသာ ဒီလိုမျိုးထပ်လုပ်မယ်ဆိုရင် ကျွန်တော်မျိုးမ..."

ကိုယ်လုပ်တော်ကျင်းက သူမရဲ့ ဖြူဖွေးတဲ့ လက်နှစ်ဖက်နဲ့ မျက်နှာကို အုပ်ကိုင်လိုက်ပြီး နူးညံ့စွာ ငိုကြွေးလေတော့၏။

ဒါပေမဲ့ ရှကျိုးယွီရဲ့ဘေးမှာ ရှိနေတဲ့ သူမရဲ့အသံကို ဘယ်သူကမှ မကြားနိုင်ခဲ့ပေ။

"မင်း ဘာတွေဖြစ်နေတာလဲ"

ရှကျိုးယွီက အနည်းငယ် ပင်ပန်းနေဟန်ပဲ။ သူမကို ဂရုမစိုက်တော့ဘဲ ရေပူစမ်းရဲ့ ကန်ပေါင်မှာ တင်ထားတဲ့ ရွှေရောင်လင်ဗန်းပေါ်က အခါးရေကို ခွက်ထဲထည့်လိုက်ရင်း ချိုမြတဲ့ အခါးရေကို တစ်ငုံသောက်လိုက်သည်။ ထို့နောက်မှာ ကျောက်တုံးနံရံကို မှီလိုက်၏။ အချိန်ကြာသည်အထိ ရှကျိုးယွီ ခဏတာ မျက်စိမှိတ်ကာ အနားယူနေခဲ့သည်။ အချိန်တစ်ခု ကြာပြီးနောက်မှာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ပြန်လည်လန်းဆန်းသွား၏။ နဂါးဝတ်ရုံတော်ကို ပြန်လည်ဝတ်ဆင်လိုက်သည်။ ရှကျိုးယွီ အခန်းပြန်ပြီး အနားယူတော့မယ့် အချိန်မှာပဲ အပြင်ဘက်က ချဥ်းကပ်လာသံ တစ်ခုကို ကြားလိုက်ရ၏။ ဝေ့ကျုံးရှန့် အနားကို ရောက်လာခဲ့တာပင်။

"အရှင်မင်းကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက အရှင်မင်းကြီးကို တွေ့ဖို့ အပြင်မှာ စောင့်နေပါတယ်။ အရှင်မင်းကြီး ဒီနေရာကို ရောက်လာတဲ့သတင်းကို ကြားသွားပုံရတယ်။ ဒါကြောင့် အရှင်မင်းကြီးနဲ့ တွေ့ချင်နေတာပါ"

ရှကျိုးယွီသည် အများကြီး မစဥ်းစားခဲ့ပေ။ သူ့အနေနဲ့ ခန့်မှန်းလို့ရပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးယန်က ဒီနေရာကို အကြောင်းရှိလို့ ရောက်လာတာပဲ ဖြစ်ရမည်။

ရှကျိုးယွီ ချက်ချင်းပဲ သူ့ရဲ့နဖူးကို အပြစ်တင်စွာ ရိုက်လိုက်၏။ ချီဝူကို အခုမှ မှတ်မိသွားခဲ့သည်။ ဒါပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးလိုမျိုး သေးငယ်တဲ့ အရာရှိတစ်ယောက်က သူ့ကိုတွေ့ဖို့ မထိုက်တန်ဘူး။ ထို့ကြောင့် လက်တစ်ဖက်သာ ယမ်းပြလိုက်သည်။

"ဒီအချိန်ကြီးကျမှ ငါနဲ့ လာတွေ့တယ်တဲ့လား။ ငါကိုယ်တော် အနားယူမှာကို သူ မသိဘူးလား။ သူ့ကို ချက်ချင်းပဲ နှင်ထုတ်လိုက်ကြ။ အဲ့ဒီလူကို နန်းတွင်းထဲဝင်ဖို့ ခွင့်မပြုဘူး"

ဝေ့ကျုံးရှန့်ရဲ့ မျက်နှာက ချက်ချင်းပဲ အေးခဲသွား၏။ အနောက်ဘက် ဝန်းကျင်မှာရှိတဲ့ ခြံဝင်းကို လှည့်ကြည့်လိုက်သည်။ အစက အရမ်းမနောက်ကျသေးသည့်အတွက် အရှင်မင်းကြီးအနေနဲ့ တိုင်းပြည်ရေးတစ်ချို့ကို ဆွေးနွေးချင်မည်ဟု ဝေ့ကျုံးရှန့် ထင်မှတ်ခဲ့သည်။ ဒါပေမဲ့ အရှင်မင်းကြီးဘက်က ငြင်းဆိုချက် ထုတ်လာ၏။ အရှင်မင်းကြီးရဲ့ ပုံစံက အနှောင့်အယှက် မလိုချင်တော့ဟန်ရှိသည်။

ထို့ကြောင့် ဝေ့ကျုံးရှန့် ခေါင်းညိတ်ပြပြီး လေးစားစွာဖြင့် နောက်ဆုတ်လိုက်တော့သည်။ ရှကျိုးယွီလည်း သူ့ရဲ့ အိပ်ခန်းရှိရာသို့ ပြန်လည်ထွက်ခွာသွားလိုက်၏။

နောက်တစ်နေ့ မနက်အစောမှာ ပုံမှန်အဝတ်အစားကို ဝတ်ဆင်ပြီး ရှကျိုးယွီ နန်းတော်ကနေ ထွက်ခွာသွားခဲ့သည်။ မကြာခင်မှာဘဲ မြို့ရဲ့ လယ်ကွင်းနေရာသို့ ရောက်ရှိလာ၏။ ဒီလိုနဲ့ပဲ မနေ့က ရောက်ရှိခဲ့တဲ့ ဖုံးကွယ်ထားသော တဲအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

တဲအတွင်းကို ဝင်ရောက်လိုက်တာနဲ့ ထိုင်ခုံမှာ ထိုင်နေတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးယန်ကို တွေ့လိုက်ရသည်။ ထိုသူရဲ့ ပုံစံက အတွေးလွန်နေဟန်ပဲ။ သူ့ရဲ့မျက်နှာတစ်ခုလုံး ဗလာဖြစ်နေခဲ့သည်။

"မြို့နယ်အုပ်ချုပ်ရေးမှူးယန်"

ရှကျိုးယွီရဲ့ ရုတ်တရက် အသံကြောင့် ထိုသူ ထိတ်လန့်သွားသည်။ ဒေါသတကြီး အော်ဟစ်တော့မယ့် အချိန်မှာပဲ ရှကျိုးယွီကို အမှတ်ရသွားသည့်အတွက် သူ့ရဲ့ဒေါသတွေကို ထိန်းသိမ်းလိုက်၏။ ထို့ကြောင့် မတတ်နိုင်စွာဖြင့် မျက်နှာထက်မှာ အနေခက်တဲ့ အပြုံးတစ်ခုကို တပ်ဆင်လိုက်သည်။ ထို့နောက်မှာ ရှကျိုးယွီကို လှည့်ကြည့်လာကာ ပြောလိုက်သည်။

"သခင်ဖူမဲ့က အစောကြီး ရောက်လာတာပဲ။ ကျုပ်တို့ရဲ့ တာအိုပညာရှင် ရှစ်ရန်တောင်မှ မရောက်သေးဘူး။ ဒါကြောင့် သခင်ဖူမဲ့ ခဏလောက် စောင့်ပါလား။ တာအိုပညာရှင် ရှစ်ရန် ရောက်လာမှ ဒီနေ့အတွက် အစီအစဉ်ကို စဥ်းစားကြမယ်လေ"

အစီအရင်နဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးယန် နားမလည်ပေ။ ထို့ကြောင့် ငွေကြေး ထောက်ပံ့ရုံကလွဲပြီး သူ့အနေနဲ့ ဘာမှ မလုပ်ပေးနိုင်ဘူး။

"တာအိုပညာရှင် ရှစ်ရန်က အခုထိ မရောက်သေးဘူးလား။ ပြဿနာ တစ်ခုခု တက်နေတာတော့ မဟုတ်ဘူးမလား"

ရှကျိုးယွီ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။

မြို့နယ်အုပ်ချုပ်ရေးမှူးယန် ခေါင်းယမ်းပြလိုက်သည်။

"အဲ့ဒါက… တစ်ကယ်တော့ ကိစ္စကြီးတစ်ခုမဟုတ်ပါဘူး။ တာအိုပညာရှင် ရှစ်ရန်ရဲ့ တပည့်တစ်ယောက်ကို အရှင်မင်းကြီးရဲ့ လူတွေက ထိန်းသိမ်းထားခဲ့တယ်။ ကျုပ် မနေ့က သွားပြီးတော့ လွှတ်ပေးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ သိတဲ့အတိုင်းပဲ တရှားရဲ့ဘုရင်က ပြဿနာရှာတာအပြင် မလုပ်တတ်ဘူးလေ"

မြို့နယ်အုပ်ချုပ်ရေးမှူးယန် စိတ်ဆိုးစွာဖြင့် ဘယ်နေရာက မှားသွားခဲ့တာလဲဟု ပြန်လည် စဥ်းစားနေခဲ့သည်။ သူ့အနေနဲ့ လက်သည်တရားခံကို ရှာမတွေ့နိုင်ဘူး။

ရှကျိုးယွီကတော့ အခုလိုမျိုး ချီးကျူးစကားကို လက်ခံရရှိလိုက်တဲ့အတွက် ပျော်ရွှင်သွားခဲ့ပြီး စိတ်လိုအားရဖြင့် ပြန်လည် ပြောဆိုလိုက်၏။

"အမှန်ပဲဗျာ အဲ့ဒီတရှားရဲ့ဘုရင်က သူ့ရဲ့ ဇိမ်ကျတဲ့ ထိုင်ခုံပေါ်မှာပဲ တစ်ချိန်လုံး ထိုင်နေခဲ့တာ။ ကျွန်တော်တို့ သာမန်ပြည်သူတွေ ဘယ်လို ခံစားရလဲဆိုတာကို သူသိမှာလား။ ဒီလိုမျိုး ပြည်သူတွေရဲ့ ဘဝက ခံစားနေရတာကို ကျွန်တော် ဆက်မကြည့်နိုင်တော့ဘူး။ ကျွန်တော် ဖူမဲ့က ပထမဦးဆုံး လူတစ်ယောက်အနေနဲ့ ပုန်ကန်ဖို့ စတင်မယ်"

ဖူမဲ့ရဲ့ စကားကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။

"အဓိပ္ပါယ်မရှိတဲ့ စကားတွေ မပြောနဲ့ သခင်ဖူမဲ့။ ဒီသတင်းသာ လူတွေကြားမှာ ပျံ့နှံ့သွားရင် မင်း ခေါင်းဖြတ်ခံရလိမ့်မယ်"

မြို့နယ်အုပ်ချုပ်ရေးမှူးယန်က လက်နှစ်ဖက်ကို အကြမ်းပတမ်း ခါယမ်းလိုက်ရင်း ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားစွာဖြင့် စစ်ဆေးလိုက်၏။ တဲအတွင်းမှာ ရှိနေတဲ့ တာအိုပညာရှင် ရှစ်ရန်ရဲ့ တပည့်နှစ်ယောက်ကို တွေ့ရှိလိုက်သည်။ ထို့ကြောင့် ရှည်လျားတဲ့ သက်ပြင်းရှည်ကြီးကို ချလိုက်တော့၏။

"သခင်ဖူမဲ့၊ တရှားရဲ့ဘုရင်က ငါတို့တိုင်းပြည်ရဲ့ ဘုရင်တစ်ယောက် ဖြစ်နေဆဲပဲ။ ဒီလိုမျိုး စိတ်ဝိညာဥ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ကို ဖန်တီးဖို့ အစီအစဉ်ကလည်း သူကိုယ်တိုင် စတင်ခဲ့တဲ့ အစီအစဉ်တစ်ခုပဲ။ ဒါ့အပြင် ငါတို့ တရှားရဲ့နယ်စပ်မှာ ပထမအဆင့် မဟာတံတိုင်းကြီးကိုလည်း တည်ဆောက်နေသေးတယ်။ ပြီးတော့ သူ့ရဲ့လက်အောက်မှာ ဥာဏ်ပညာရှိ အမတ်တွေလည်း ရှိထားသေးတယ်။ ဥပမာ ကျူးကော့လုံနဲ့ လီလင်ပုပဲ။ သူတို့နှစ်ယောက်က စစ်မှန်တဲ့ အမတ်နှစ်ယောက်ပဲ။ သူတို့တွေက ပြည်သူတွေကို တကယ် ဂရုစိုက်ကြတာ"

ရှကျိုးယွီရဲ့ မျက်နှာက အနည်းငယ် ပျက်ယွင်းလာခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးယန်အနေနဲ့ ရှကျိုးယွီရဲ့ မုန်းတီးမှုကို ချက်ချင်းပဲ သတိထားမိသွား၏။

ဒီလူက မနာလိုတတ်တဲ့သူ တစ်ယောက်ပဲ။ ဒီလိုလူမျိုးတွေက အဆင့်မြင့် ဂိုဏ်းကြီးတွေမှာ မကြာခဏ တွေ့ရတတ်တယ်။ ကမ္ဘာကြီးကို ကြည့်ဖို့အတွက် အခုမှ တောင်အောက်ဆင်းလာတဲ့ အဆင့်မြင့်ဂိုဏ်းတစ်ခုရဲ့ တပည့်တစ်ယောက် ဖြစ်ရမယ်။ ငါသာ နည်းလမ်းတချို့ သုံးပြီးတော့ သူ့ကို ဆွဲဆောင်ထားနိုင်မယ်ဆိုရင် သူက ငါတို့အတွက် အကူအညီပေးနိုင်တဲ့ သူတစ်ယောက် ဖြစ်လာလိမ့်မယ်..

မြို့နယ်အုပ်ချုပ်ရေးမှူးယန် စဥ်းစားနေခဲ့သည်။

မကြာခင်မှာဘဲ တာအိုပညာရှင် ရှစ်ရန်လည်း အထဲကို ရောက်လာ၏။ ထိုသူရဲ့ ပုံစံက ဖုန်မှုန့်များ ပေနေပြီး မောပန်းနေဟန်ရှိသည်။ ပတ်ပတ်လည်ကို လှည့်ပတ်စစ်ဆေးလိုက်ပေမဲ့ သူ့ရဲ့ သဘောကျလှတဲ့ တပည့်က အခုထိ ပြန်မရောက်သေးပေ။ ထို့ကြောင့် တာအိုပညာရှင် ရှစ်ရန်ရဲ့ မျက်နှာထားက ထိန်းမရနိုင်အောင် မည်းမှောင်သွားခဲ့သည်။

"မြို့နယ်အုပ်ချုပ်ရေးမှူးယန် မနေ့က ငါ့ကို ကတိပေးထားတယ် မဟုတ်ဘူးလား။ ငါ့ တပည့်ကို ပြန်ခေါ်လာပေးမယ်ဆို.. ဘာလို့ အခုထိ မရောက်သေးတာလဲ"

တာအိုပညာရှင် ရှစ်ရန်ရဲ့ အစီအရင်အပေါ် နားလည်မှုက မြို့နယ်အုပ်ချုပ်ရေးမှူးယန်ထက် ပိုများသည်။ ဒီတရားမဝင်တဲ့ အစီအရင် ဖန်တီးမှုကိုသာ ဖော်ထုတ်ခံလိုက်ရမယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးယန် ခေါင်းဖြတ်ခံရလိမ့်မည်။ ထိုအချက်ကို တာအိုပညာရှင် ရှစ်ရန် ကောင်းမွန်စွာ နားလည်ထား၏။ မြို့နယ်အုပ်ချုပ်ရေးမှူးယန်တင် သာမကဘူး။ သူတို့အထိပါ ဆက်နွှယ်လာလိမ့်မည်။ အကယ်၍ ချီဝူသာ မလွတ်သေးဘူးဆိုရင် အမှန်တရားက အချိန်မရွေး ပေါ်ပေါက်သွားနိုင်၏။ ဒါဆိုရင် သူတို့တွေရဲ့ ပျက်စီးကိန်း ကြုံလာရနိုင်သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးယန်က တာအိုပညာရှင် ရှစ်ရန်ရဲ့ အကြည့်ကို အပြစ်ရှိစွာဖြင့် ရှောင်ရှားနေခဲ့သည်။ သူ့ရဲ့နှာခေါင်းကို ထိလိုက်ပြီး မချင့်မရဲ လေသံနဲ့ ပြောလိုက်၏။

"ငါတို့အနေနဲ့ ဘာမှလုပ်လို့ မရဘူးလေ။ အရှင်မင်းကြီးက လွှတ်မှလွှတ်မပေးတာကို ကျုပ် ဘာလုပ်လို့ရမှာလဲ”

မြို့နယ်အုပ်ချုပ်ရေးမှူးယန်က ပြောပြီးတာနဲ့ စိတ်တိုစွာ မတ်တတ်ထရပ်လိုက်ပြီး သက်ပြင်းချလိုက်၏။

ဒီကျင့်ကြံသူတွေကို ကျေနပ်အောင် လုပ်ပေးရတာ မလွယ်ကူလိုက်တာ။ ငါ့မှာသာ အရာရှိဆိုတဲ့ နောက်ခံမရှိနေဘူးဆိုရင် ငါ့ကို ဘယ်လောက်တောင်များ အော်ဟစ်ပြီး ဗိုလ်ကျနေလောက်မလဲ။ ငါကလည်း စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးအတွက်သာ မဟုတ်ဘူးဆိုရင် မင်းတို့ကို အီးနဲ့တောင် လှည့်မပေါက်ဘူးကွ..

ရှစ်ရန် မျက်မှောင်ကြုတ်သွားခဲ့သည်။

"မြို့နယ်အုပ်ချုပ်ရေးမှူးယန် ဒီကိစ္စက ကြာသွားတာနဲ့ ငါအတွက် အန္တရာယ် ရှိလာနိုင်တယ်နော်။ ချီဝူသာ မနက်ဖြန် ပြန်မရောက်လာဘူးဆိုရင် ငါချက်ချင်းပဲ ထွက်သွားမယ်။ တရှားတိုင်းပြည် တစ်ခုလုံးမှာ စိတ်ဝိညာဉ် စွမ်းအင်တွေ ပေါများနေတယ်။ ဘယ်နေရာမှာဖြစ်ဖြစ် ငါအစီအရင် တည်ဆောက်လို့ရတယ်။ ဒီနေရာမှာမှ မဟုတ်ဘူး။ အဲ့ဒီ စိတ်ဝိညာဥ်စွမ်းအင် ကျောက်တုံးတွေကို ဖန်တီးနိုင်ဖို့ထက်စာရင် ငါ့ရဲ့အသက်နဲ့ ပိုင်ဆိုင်မှုက ပိုပြီးတန်ဖိုးရှိတယ်"

ရှစ်ရန်ရဲ့ ပြတ်သားစွာ ပြောဆိုလာမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးယန် ထိတ်လန့်သွားခဲ့သည်။

"မဟုတ်ဘူး သခင်ကြီး ခဏလောက် စောင့်ပေးပါ။ တစ်ရက်ပဲ… ကျုပ် သေချာပေါက် အဆက်အသွယ်တွေကို အသုံးပြုပြီး ချီဝူကို ခေါ်ထုတ်ပေးမယ်။ မင်း မသွားနဲ့"

ထိုအချိန်မှာပဲ ရှကျိုးယွီ ဝင်ပြောလာခဲ့သည်။

"နေဦး ခင်ဗျားတို့နှစ်ယောက်လုံး စိတ်ရှည်ရှည်ထားကြပါ။ အကယ်လို့ ကျွန်တော့်မှာ ချီဝူကို ကယ်တင်နိုင်မယ့် နည်းလမ်းရှိတယ်လို့ ပြောရင် သဘောတူမှာလား။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ကိစ္စ ဖော်ထုတ်ခံရမှာကိုလည်း စိတ်ပူဖို့ မလိုတော့ဘူး"

ရှစ်ရန် ချက်ချင်းပဲ ရှည်လျားတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားတဲ့ ရှကျိုးယွီကို သံသယမျက်လုံးများနဲ့ စိုက်ကြည့်လာခဲ့သည်။ သူ့ရဲ့ပုံစံက အနည်းငယ် တွန့်ဆုတ်နေဟန်ပဲ။

"သခင်ဖူမဲ့မှာ ဖြေရှင်းချက် ရှိလို့လား။ မင်း သိထားသင့်တယ်။ တရှားရဲ့ဘုရင်က သာမန်သူ တစ်ယောက် မဟုတ်ဘူး။ သူက အရမ်းကို ဥာဏ်နီဥာဏ်နက်များတဲ့သူ တစ်ယောက်ပဲ။ ဒါ့အပြင် ရုံးတော်ဆိုတာ ငါတို့ တာအိုဂိုဏ်းလိုမျိုး ရိုးရှင်းပြီး လွယ်ကူတဲ့ နေရာတစ်ခု မဟုတ်ဘူး။ ကမ္ဘာပေါ်က အညစ်ညမ်းဆုံး နေရာတစ်ခုပဲ။ ဒါ့အပြင် တရှားရဲ့ဘုရင်က အညစ်ညမ်းဆုံး ပုဂ္ဂိုလ်ပဲ။ ဒီလိုမျိုး ခက်ခဲလှတဲ့ ရုံးတော်ကို ပိုင်နိုင်အောင် ချုပ်ကိုင်ထားနိုင်ပုံ ကြည့်လိုက်တာနဲ့ သူက သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာ သိနိုင်တယ်"

ထိုစကားတွေကြောင့် ရှကျိုးယွီရဲ့ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာ၏။

"ခင်ဗျားတို့နှစ်ယောက် ကျွန်တော် ပြောတာကို အရင်နားထောင်ဗျာ"

All Chapters