← Chapters

ပိုင်းခြားပြီး အနိုင်ယူမယ်

Vol. 18 Ch. 246

ပိုင်းခြားပြီး အနိုင်ယူမယ်

Vol. 18 Ch. 246

အရာအားလုံးကို ဦးဆောင်နေတဲ့ ခေါင်းဆောင် တစ်ယောက်ထက် ဘယ်သူကမှ ဉာဏ်ပညာ မထက်မြက်နိုင်ဘူး။ လောကတစ်ခွင်ကို လှည့်လည်သွားလာနေတဲ့ ခရီးသွားတစ်ယောက်ကို ယှဥ်ပြီး ဘယ်သူကမှ ဉာဏ်မများနိုင်ဘူး။ ထိုအတိုင်းပင် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လာလျှင် ဝေ့ကျုံးရှန့်က ရှကျိုးယွီရဲ့ ပြိုင်ဖက်တစ်ယောက် မဟုတ်ခဲ့ပါချေ။

ရှကျိုးယွီရဲ့ မျက်နှာပေါ်က ရှင်းလင်းပြီး ပူပင်နေဟန် ရနေသော ပုံစံက လီယုဟန်ကို လွန်စွာ အံ့အားသင့်သွားစေခဲ့သည်။ သူမက ကောင်းမင်ကို ချက်ချင်းတွေးမိသွား၏။ ကောင်းမင်က သူမကို လာကူညီတဲ့ ထျန်းလင်ဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်သည်။ ကောင်းမင် သေဆုံးသွားမည်ဆိုရင် အပြစ်တင်ခံရမှာ တစ်ခုပဲမဟုတ်ဘူး။ ထျန်းလင်ဂိုဏ်းရဲ့ တရှားတိုင်းပြည် အပေါ် အမြင်လည်း ပြောင်းလဲသွားနိုင်သည်။ အခြေအနေမကောင်းလျှင် သူမတို့နှစ်ဖက်လုံး ရန်သူဖြစ်လာနိုင်သည်။

“ကျွန်မ နားလည်ပြီ။ ဒါပေမဲ့ အရှင်မင်းကြီးလည်း ဂရုစိုက်ပါ။ ဒီလုပ်ကြံတဲ့ ကိစ္စက စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင် အတုနဲ့ ပတ်သက်နေလောက်တယ်”

လီယုဟန်ရဲ့ မျက်ခုံးနှစ်ဖက်က စုကျုံ့နေဆဲပင်။ သူမက ရှကျိုးယွီအတွက် လွန်စွာပူပင်နေဟန်ရှိသည်။ ဘယ်လိုပဲ အပြင်ပန်းအရ ရှကျိုးယွီကို မုန်းတီးနေသည်ဟု အော်ဟစ်နေပါစေ၊ သူမရဲ့ မျက်နှာထားက နူးညံ့တဲ့ နှလုံးသားကို လှစ်ဟပ်ပြသ လိုက်လေရဲ့။

ဒါပေမဲ့ သူမရဲ့ ဂိုဏ်းတူတပည့်ကို အခုလိုမျိုး အရေးကြီး အချိန်မှာ မစွန့်လွှတ်နိုင်သည့်အတွက် ချက်ချင်းပဲ ထွက်ခွာဖို့ ပြင်လိုက်တော့သည်။

“ကောင်းပြီ ငါကိုယ်တော် နားလည်ပြီ။ မင်းစိတ်မပူပါနဲ့”

ရှကျိုးယွီ နှလုံးသားထဲက ရယ်မောချင်စိတ်တွေကို ဖိနှိပ်လိုက်သည်။

တကယ်တော့ ဒီလုပ်ကြံမှုက သူကိုယ်တိုင် စီစဉ်ထားတာပဲ မဟုတ်ဘူးလား။ ဒါတွေအားလုံးက ချီဝူကို ကယ်တင်ဖို့အတွက် သူကိုယ်တိုင် စီစဉ်ထားခဲ့တာပဲ။

“ကောင်းပြီ ဒါဆိုရင် ကျွန်မထွက်သွားပြီနော်”

အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လီယုဟန်က ညအမှောင်ကို အခွင့်ကောင်းယူပြီး ပင်မဆောင်ကနေ ထွက်ပြေးသွားလေ၏။ သူမကမသွားခင်မှာ ရှကျိုးယွီရဲ့ မျက်နှာကို ကောင်းမွန်စွာ ကြည့်ရှု့သွားခဲ့သေးသည်။

လီယုဟန် ထွက်သွားချိန်မှသာ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ကို ဘယ်လိုမျိုး တိုးတက်အောင်လုပ်ရမလဲ ရှကျိုးယွီ ကောင်းမွန်စွာ စဉ်းစားနိုင်တော့၏။ တာအိုဘုန်းကြီး ရှစ်ရန်နဲ့ ပြောခဲ့ပုံအရ အခုလက်ရှိ အစီအရင်သည် လုံးဝကို မပြီးပြည့်စုံသေးပေ။ တတ်ရောင်ကမ်း ရှစ်ရန်ရဲ့ လက်တည့် စမ်းထားသော သာမန် အစီအရင် တစ်ခုဟု ဆိုနိုင်၏။

အကယ်လို့ သူ့အနေနဲ့ ဒီအစီအရင်ကို အသုံးပြုပြီး တိုင်းပြည်ရဲ့ ကံကြမ္မာကို တိုက်ခိုက်ချင်ရင် မဖြစ်မနေ ကိစ္စနှစ်ခုကို လုပ်ဆောင်ရမည်။

ပထမ တစ်ခုက ချီစွမ်းအင် စုဆောင်းတဲ့ ကျောက်တုံးကို ရယူနိုင်ဖို့ပဲ။ အဲ့ဒီကျောက်တုံး ရရှိမှ အစီအရင်ကို ဖြည့်စွက်နိုင်လိမ့်မည်။ ဒါပေမဲ့ ထိုကျောက်တုံးကို ဝာာအိုဂိုဏ်းရဲ့ အကြီးအကဲတွေထံမှ ခွင့်ပြုချက်နဲ့သာ ယူဆောင်ခွင့်ရှိသည်။

နောက်တစ်ခုက များစွာတဲ့ ပိုက်ဆံတွေ အသုံးပြုဖို့ပဲ။

ဒါပေမဲ့ လက်ရှိအစီအရင်အတွက် သူတို့တွေ ပိုက်ဆံအများကြီး သုံးထားပြီးပြီ ဖြစ်သည်။ သူတို့ရဲ့ လက်ရှိပန်းတိုင်က ပြီးပြည့်စုံတဲ့ စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်ကို ရရှိဖို့မဟုတ်ဘူး။ တဝက်လောက်သာ အကျိုးထူးနိုင်တဲ့ အစီအရင်ကို ရရှိရင်ကိုကျေနပ်နိုင်နေပြီပင်။

ရှကျိုးယွီ တွေးတောနေရင်း မနေနိုင်စွာ ရေရွတ်လိုက်မိတော့သည်။

“ကျွတ်ကျွတ် ငါ့အနေနဲ့ အနည်းဆုံးတော့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံး နှစ်သောင်းလောက် လိုနေပြီ။ ဒါပေမဲ့ အဲ့လောက်အများကြီးကို ဘယ်လိုလုပ်ရနိုင်မှာလဲ။ အချိန်တိုအတွင်း မရနိုင်လောက်ဘူး”

တစ်ကယ်တော့ အခုလိုမျိုး များပြားလှတဲ့ စွမ်းအင် ကျောက်တုံး ပမာဏသည် ရှကျိုးယွီလိုမျိုး ရှင်ဘုရင် အတွက်တော့ ကိစ္စကြီးတစ်ခု မဟုတ်ပေ။ ဒါပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးယန်နဲ့ တာအိုဘုန်းကြီး ရှစ်ရန်သည် အသက်စွန့်ကာ အစီအရင်ကို ကြိုးစား တည်ဆောက်ထားကြ၏။ သူတို့အနေနဲ့ စွမ်းအင် ကျောက်တုံးတွေ ကျန်သေးရင်တောင်မှ ဘယ်လိုလုပ် အကုန်လုံး စွန့်စားပြီး လွှဲပေးပါ့မလဲ။

ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ ဝေ့ကျုံးရှန့်သည် ရှကျိုးယွီကို နန်းတော်အပေါက်မှ အသင့် ရပ်စောင့်နေ၏။ ဒါပေမဲ့ အစေခံတွေရဲ့ ပြောကြားချက်အရ ရှကျိုးယွီသည် ထပ်မံ ထွက်သွားခဲ့သည်။ ဝေ့ကျုံးရှန့်ရဲ့ ဝတုတ်လှတဲ့ မျက်နှာက ချက်ချင်းပဲ ခါးသက်သွားလေရဲ့။

တစ်ကယ်တော့ ရှကျိုးယွီက ပေါ့ပါးတဲ့ ဝတ်စုံကို လှဲလယ် ဝတ်ဆင်ပြီး မနက် အစောကတည်းက ထွက်သွားခဲ့တာပင်။

အရှင်မင်းကြီးကို လုပ်ကြံထားတဲ့ အမှုကြောင့် ကျိကျီမြို့နယ် တစ်ခုလုံးကို ကန့်သတ် အမိန့်ချမှတ်ထားသည်။ မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ လယ်သမားတွေသာမက ကုန်သည်တိုင်းပင် အဝင်အထွက် တင်းကျပ်စွာ စစ်ဆေးခံကြရ၏။ ရှကျိုးယွီ ပေါ်လာတာနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးယန်က ချက်ချင်းပဲ လှမ်းခေါ်လိုက်သည်။

“သခင်ဖူမဲ့… သခင်ဖူမဲ့ မင်းရဲ့ လုပ်ရပ်ကို ကျုပ်တစ်ကယ် အံ့ဩသွားတယ်ကွာ။ မင်းက အားလုံးသိပြီး အင်အားကြီး ရုံတင်သာမကဘူး တော်တော်လည်း အကွက်ကျအောင် စီစဉ်နိုင်တာပဲ”

သူ့ကို မြင်တာနဲ့ အလောတကြီး ပြေးလာခဲ့သော မြို့နယ် အူပ်ချုပ်ရေးမှူးယန်တစ်ယောက် ခေါင်းပေါ်က အရာရှိ ဦးထုပ်ကိုပင် တည့်မတ်စွာ မ‌ဆောင်းနိုင်တော့ပေ။ သူ့ရဲ့ ကပ်ဖားယပ်ဖား ပုံစံက ဝေ့ကျုံးရှန့်ကိုပင် အမှတ်ရစေ၏။

“သခင်ဖူမဲ့၊ ငါတို့ရဲ့ အသက်ကို ကယ်ပေးတဲ့ အတွက် တစ်ကယ်ပဲ ကျေးဇူတင်ပါတယ်။ ဒါ့အပြင် ငါ့တပည့်ရဲ့ ကိုယ်စား အထူး ကျေးဇူးတင်မိတယ်”

မုတ်ဆိတ်မွှေး ဖြူများကို ပိုင်ဆိုင်ထားတဲ့ တာအိုဘုန်းကြီး ရှစ်ရန်က ပြောဆိုလိုက်တာပင်။ သူ့ရဲ့ မျက်လုံးတွေက ရှကျိုးယွီအပေါ်မှာ လေးစားမှုတို့ ရှိနေခဲ့သည်။ နန်းတော်အတွင်းက ထွက်လာတာနဲ့ သူ‌တို့တွေ ချီဝူကို ဖွက်ထားခဲ့ကြ၏။ စစ်ဆေးမှု လျော့ပါးသွားချိန်မှာသာ ချီဝူကို ထုတ်လာပြီး တစ်ခြားနေရာသို့ ပြောင်းရွေ့ရန် စီစဉ်ထားခဲ့သည်။

“ဒါက ကိစ္စသေး တစ်ခုပါ။ ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး”

ထိုနှစ်ယောက်ရဲ့ တက်ကြွလှသော အမူအရာကို ရင်ဆိုင်နေချိန်မှာ ရှကျိုးယွီ လက်တစ်ဖက်သာ ယမ်းပြပြီး တည်ငြိမ်မှုကို သယ်ဆောင်ထား၏။ ထို့ကြောင့်ပင် မြို့နယ်အုပ်ချုပ်ရေးမှူး ယန်သာမက တာအိုဘုန်းကြီး ရှစ်ရန်လည်း မနေနိုင်စွာ အံ့ဩသွားခဲ့ရသည်။ သူတို့ရဲ့ မျက်နှာက ချက်ချင်းပဲ မယုံကြည်နိုင်မှုတို့ ပြည့်နှက်လာ၏။

တာအိုဂိုဏ်းရဲ့ ဂုဏ်သိက္ခာ မြင့်မားသော တာအိုဘုန်းကြီး တစ်ယောက်အနေနဲ့ ရှစ်ရန်က အလွန်အမင်း အောက်ကျို့ မခံခဲ့ပေ။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူး ယန်ကတော့ မတူညီလေဘူး။ သူက သားရဲ တစ်ကောင်လိုမျိုး ရှကျိုးယွီ ရှိရာသို့ အပြေးအလွှား ရောက်သွားပြီး အမြှီးတနှံ့နှံ့နှင့် ဖိနပ်လျပ်လေတော့၏။

“ဒါနဲ့ ကျွန်တော့်မှာ စွမ်းအင် စုဆောင်းနိုင်တဲ့ အစီအရင်အတွက် အကြံအသစ် တစ်ခုရှိတယ် ခင်ဗျားတို့ နားထောင်ချင်ကြလား”

ရှကျိုးယွီရဲ့ စကားကြောင့် ထိုနှစ်ယောက် ချက်ချင်းပင် ခေါင်းထောင်လာလေရဲ့။

မနေ့က အဖြစ်အပျက် အပြီးမှာ မြို့နယ် အုပ်ချုပ်ရေးမှူးယန် သာမက တာအိုဘုန်းကြီး ရှစ်ရန်လည်း ရှကျိုးယွီရဲ့ နည်းလမ်းတွေကို နားလည်သွားသည်။ ရှကျိုးယွီလိုမျိုး အဆက်အသွယ် ကောင်းတွေရှိပြီး လုပ်ရဲကိုင်ရဲ ရှိသူတစ်ယောက်က သူတို့ရဲ့ အကြံအစည်ကို သေချာပေါက် အောင်မြင်အောင် ပြုလုပ်ပေးနိုင်လိမ့်မည်။ ဒါ့အပြင် သူတို့နှစ်ယောက်လုံးကလည်း အခုလိုမျိုး ငွေအကုန်ခံ အင်အား အကုန်ခံပြီး လူသူကင်းမဲ့တဲ့ နေရာမှာ အစီအရင် ခိုးတည်ဆောက်ခဲ့ခြင်းက အစီအရင်ကနေ အမြတ်ထုတ်ချင်လို့ပဲ မဟုတ်ဘူးလား။

“သခင်ဖူမဲ့ အချိန်ဆွဲပြီး ကျုပ်တို့ကို အံ့ဩရအောင် လုပ်မနေပါနဲ့။ ကျုပ်တို့ အားလုံးက မဟာမိတ်တွေပဲလေ”

မြို့နယ် အုပ်ချုပ်ရေးမှူးယန်က ပြုတ်ကျခါနီး ဖြစ်နေသော သူ့ရဲ့ အရာရှိ ဦးထုပ်ကို ထိန်းမတ်လိုက်ရင်း ဟန်ကိုယ့်ကာ ပြောလိုက်သည်။ သူ့ရဲ့ မျက်လုံးတွေကတော့ လွန်စွာ မျှော်လင့် စောင့်စားနေ၏။

ဘေးမှာ ရှိနေတဲ့ တာအိုဘုန်းကြီး ရှစ်ရန်လည်း ဖူမဲ့ကို အံ့အားသင့်စွာဖြင့် စိတ်ဝင်တစား စိုက်ကြည့်နေခဲ့သည်။ ဒါပေမဲ့ ဖူမဲ့ ထံကနေ အစီအရင် ဖန်တီးနိုင်တဲ့ အကြံဉာဏ်မျိုး ရလာလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့မိဘူး။ ဘယ်လိုပဲဆိုဆို စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အစီအရင်က ရှားပါးပြီး နက်နဲတဲ့ အစီအရင် တစ်ခုပဲ။ သူ့လိုမျိုး တတ်ကျွမ်းတဲ့ ပညာရှင်တစ်ယောက်တောင်မှ စည်းမျဉ်းအတိုင်းပဲ လိုက်နာစွာ ပြုလုပ်နိုင်၏။ ဒါ့အပြင် သူတို့အားလုံးမှာ ချီစွမ်းအင် စုဆောင်းတဲ့ ကျောက်တုံးကိုလည်း မပိုင်ဆိုင်ထားဘူး။ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးကလည်း ထပ်မံ ထောက်ပံ့ဖို့ရာ မလောက်ငှသေးဘူး။ ထို့ကြောင့် သူတို့ရဲ့ အစီအရင်က လုံးဝကို ပြစ်ချက်များနေ၏။ အဆင့်လေး ကျင့်ကြံသူတစ်ယောက်က ဘာများ လုပ်နိုင်မှာ မို့လို့လဲ။

“ငါလည်း သခင်ဖူမဲ့ ထံကနေ ဘယ်လို အမြင်ကျယ်စေတဲ့ အကြံဉာဏ်မျိုး ရလာမလဲ မျှော်လင့်နေမိပြီ”

တာအိုဘုန်းကြီး ရှစ်ရန်က မျက်ခုံး တစ်ဖက်ပင့်ကာ သံသယမျက်လုံးများနှင့် ကြည့်ရင်း ပြောလိုက်လေ၏။ ထိုပုဂ္ဂိုလ် ဘယ်လိုလှည့်ကွက်တွေ ထုတ်သုံးလာမလဲ သိချင်မိလှသည်။

“အခုလက်ရှိမှာ ကျွန်တော်တို့ ချီစွမ်းအင် စုဆောင်းတဲ့ ကျောက်တုံးလည်း မရှိသေးသလို အစီအရင်ကို တိုးမြှင့်ဖို့ စိတ်ဝိညာဉ် စွမ်းအင် ကျောက်တုံးလည်း မရှိသေးဘူး။ ဒါကြောင့် လက်ရှိ ကျွန်တော်တို့ ဘာမှလုပ်လို့ မရသေးဘူး”

ရှကျိုးယွီ ချက်ချင်းပဲ လက်ရှိပြဿနာကို ထောက်ပြလိုက်သည်။

မြို့နယ် အုပ်ချုပ်ရေးမှူးယန် သဘောတူစွာဖြင့် ခေါင်း တဆတ်ဆတ် ငြိမ့်လိုက်၏။ ဒါပေမဲ့ တာအိုဘုန်းကြီး ရှစ်ရန်ကတော့ ပေါ့ပါးတဲ့ အင်းတစ်ချက်သာ အသံထုတ်ပေးခဲ့သည်။

ထိုအချိန်မှာပဲ ရှကျိုးယွီက အင်္ကျီအတွင်းက လက်သီးဆုပ် အရွယ်ခန့်ရှိသော စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်သည်။

“ကျွန်တော်တို့ရဲ့ ပန်းတိုင်က စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေကို ရှာဖွေဖို့ပဲ။ ဒါပေမဲ့ ခင်ဗျားတို့ အရင်လုပ်ထားတဲ့ နည်းလမ်းအတိုင်း ရှာဖွေဖို့ မလိုအပ်ဘူး။ အဲ့ဒီအစား တစ်နေ့ကို စွမ်းအင်ကျောက်တုံး တစ်ရာလောက် နီးနီး ပေးကြမယ်”

ရှကျိုးယွီရဲ့ ထိုစကားကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးယန်သာမက တာအိုဘုန်းကြီး ရှစ်ရန်လည်း အနည်းငယ် ရှက်ရွံ့သွားဟန် ရှိသည်။ သူတို့ ဒီလောက်အထိ အခြေအနေ ဆိုးသွားမယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။

တာအိုဘုန်းကြီး ရှစ်ရန်က အရှက်ရမှုကို သက်သာစေရန် ချောင်းဟန့်လိုက်၏။ ဒီအစီအရင်နဲ့ ပတ်သက်ရင် သူကပိုပြီး တာဝန်ရှိသူပဲလေ။

“သခင်ဖူမဲ့ ဒီကိစ္စတွေ အားလုံးကို အကုန်လုံး သိပြီးသားပါ။ ဒါ့ကြောင့် ချက်ကျလက်ကျကြီး ပြောနေဖို့ မလိုပါဘူး။ မင်းရဲ့အမြင်ကိုသာ ပြောပြလိုက်ပါ”

ရှကျိုးယွီ ခပ်ဖွဖွ ပြုံးလိုက်ကာ အကုန်လုံး အံ့အား သင့်သွားမဲ့ ကိစ္စတစ်ခုကို လုပ်လိုက်၏။ အချိန်တခဏ အတွင်းမှာပဲ လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးက ကျောက်တုံးနှစ်တုံး အဖြစ် ပြောင်းလဲသွားခဲ့သည်။

“ကျွန်တော်တို့ လုပ်ဖို့ လိုတာက ပိုင်းခြားမယ် ပြီးရင် အနိုင်ယူမယ်”

All Chapters