← Chapters

အချိန်ကိုက်

Vol. 23 Ch. 301

အချိန်ကိုက်

Vol. 23 Ch. 301

အခန်း ၃၀၁ -

"နေကြပါဦး"

ဖန်ရှီ လှုပ်ရှားတော့မည့်ဆဲဆဲတွင် ချင်းဖုန်း ရုတ်တရက် လှမ်းတားလိုက်သည်။

"ဘာဖြစ်ပြန်ပြီလဲ"

ဖန်ရှီ ခေါင်းလှည့်ကာ မေးလိုက်သည်။

"ငါပဲ ကိုင်တွယ်လိုက်မယ်။ သူမဆီကနေ သတင်းအချက်အလက်တချို့ ရချင်ရနိုင်သလို နောက်နောင် လင်မိသားစုကို ရှောင်တိမ်းနိုင်ဖို့ အခြေခံအုတ်မြစ်တချို့ ချထားနိုင်လိမ့်မယ်။ ပြီးတော့... ငါတို့ ကံကောင်းမယ်ဆိုရင် အရင်တစ်ခါက တစ်ယောက်ကိုပါ မျှားခေါ်နိုင်ကောင်း ခေါ်နိုင်လိမ့်မယ်"

ဒါကို ကြားလိုက်ရတဲ့အခါ ဖန်ရှီ့မျက်လုံးတွေ အရောင်တောက်လာပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"မင်းက ဉာဏ်ကောင်းတဲ့ကောင်ပဲ... ကောင်းပြီ၊ မင်းပဲ သွားလိုက်တော့"

သူ့အနောက်က တုံရွှမ်ကို ခေါင်းတစ်ချက်ညိတ်ပြပြီးနောက် ချင်းဖုန်းသည် လင်ယုယန်၏ ရှေ့တည့်တည့်သို့ ခုန်ဆင်းလိုက်သည်။

ဒီအချိန်မှာ လင်ယုယန်သည် အပြည့်အဝ သတိထားနေပြီဖြစ်သည်။

စိတ်ကူးယဉ် အစီအရင်ထဲ ရောက်ရှိနေမှန်း သိလိုက်ရတဲ့ ခဏမှာတင် သူမ ပြဿနာတက်နေပြီဆိုတာ နားလည်လိုက်သည်။

နှလုံးသား ကျင့်စဉ်ကို လည်ပတ်စေရင်း သူမရှေ့ ရုတ်တရက် ပေါ်လာတဲ့ အဝါရောင်ဝတ်ရုံ ဝတ်ဆင်ထားသူကို အာရုံအပြည့် စိုက်ထားလိုက်သည်။

ချင်းဖုန်းက သူမကို လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်လိုက်ပြီး စကားစလိုက်သည်။

"ကျွန်တော်ကတော့ ဒီအစီအရင်ကြီးကို စောင့်ကြပ်ဖို့ တာဝန်ကျနေတဲ့ ကြက်သွေးရောင်နေမင်းဂိုဏ်းက တပည့် ယွီကျင်း ပါ။ မိန်းကလေးကို မတော်တဆ ပြစ်မှားမိသွားပါတယ်... ခွင့်လွှတ်ပေးပါခင်ဗျာ"

သူမရှေ့က ကြက်သွေးရောင်နေမင်းဂိုဏ်း တပည့်က ယဉ်ကျေးသိမ်မွေ့ပုံ ပေါက်နေပေမယ့် လင်ယုယန်ကတော့ သတိထားမှုကို အနည်းငယ်မျှ မလျှော့ချပေ။

ဝိညာဉ်အာရုံကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ရာ အခြားသူ ဘယ်သူမှ မရှိကြောင်း တွေ့လိုက်ရမှ သူမ ပြန်လည် လက်ယှက်လိုက်သည်။

"ကြက်သွေးရောင်နေမင်းဂိုဏ်းက တပည့်တစ်ယောက် ဖြစ်နေတာကိုး။ ကျွန်မဘက်ကလည်း ရိုင်းပျမိသွားရင် တောင်းပန်ပါတယ်။ ဒါနဲ့ ဒီနေရာမှာ ဘာကိစ္စရှိလို့ စိတ်ကူးယဉ် အစီအရင် ခင်းထားတာလဲ ဆိုတာ မေးလို့ရမလား"

"ကျွန်တော်တို့ဂိုဏ်းက ဒီ ငါးလီလျှိုမှာ အရေးကြီးကိစ္စ ဆောင်ရွက်စရာ ရှိနေလို့ ပတ်ဝန်းကျင် တစ်ဝိုက်ကို ပိတ်ဆို့ထားတာပါ။ မိန်းကလေးကို အနှောင့်အယှက် ဖြစ်သွားစေမိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်"

"အစ်ကိုကြီးယွီက အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ နားလည်မှု လွဲသွားတာဆိုတော့ ကျွန်မကို အခု ထွက်သွားခွင့် ပြုနိုင်မလား"

ချင်းဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ပြန်ပြောသည်။

"အခုလေးတင် ပြောခဲ့သလိုပဲ ကျွန်တော်တို့ဂိုဏ်းက ဒီနေရာမှာ အရေးကြီးကိစ္စ ဆောင်ရွက်နေတာပါ။ ဒါကြောင့် မိန်းကလေးအနေနဲ့ ထူးခြားဖြစ်စဉ် တစ်စုံတစ်ရာများ တွေ့မိသလား ဆိုတာ မေးပါရစေ"

"ကျွန်မက ငါးလီလျှို အစွန်အဖျားလောက်ပဲ လမ်းလျှောက်ခဲ့တာပါ။ အထဲကို မဝင်ခဲ့သလို အစ်ကိုကြီးယွီကလွဲပြီး တခြား ကြက်သွေးရောင်နေမင်းဂိုဏ်း တပည့်တွေကိုလည်း မတွေ့ခဲ့ပါဘူး"

"ဒါဆိုရင် အထဲမှာ ခဏလောက် ဝင်နားပြီး လက်ဖက်ရည်လေး သောက်ပါဦးလား။ မိန်းကလေးကို အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်တဲ့အနေနဲ့ပေါ့"

ချင်းဖုန်း၏ ပြုံးနေသော မျက်နှာကို ကြည့်ရင်း လင်ယုယန် လက်နှစ်ဖက်ယှက်လိုက်သည်။

"မလိုပါဘူး အစ်ကိုကြီးယွီ။ ကျွန်မ အိမ်မှာ လုပ်စရာကိစ္စတွေ ရှိနေသေးလို့ပါ နောက်နေ့ကျမှပဲ ရှင်တို့ဂိုဏ်းကို သေချာပေါက် လာလည်ပါ့မယ်"

"ဝင်နားလိုက်တာ ပိုကောင်းပါတယ်ဗျာ။ မဟုတ်ရင် ကျွန်တော့်ဆရာက ကျွန်တော့်ကို တခြားသူတွေကို အနိုင်ကျင့်ပြီး ဂိုဏ်းသိက္ခာချတယ်လို့ စွပ်စွဲပါလိမ့်မယ်။ အဲဒီသတင်း ပြန့်သွားရင် နားထောင်လို့ ကောင်းမှာ မဟုတ်ဘူး"

ဒီအချိန်မှာ လင်ယုယန်၏ နောက်တွင် ရပ်နေသော ခုနစ်လေးမှာ ကြောက်လန့်တကြား ချွေးများ ပျံနေပြီဖြစ်သည်။

ယွီကျင်း၏ လေသံက ယဉ်ကျေးသလို ရှိသော်လည်း သူ၏ ဖိတ်ခေါ်မှု ဆိုသည်မှာ ငြင်းဆန်၍ မရသော အရာမှန်း သူ နားလည်လိုက်သည်။

အခြေအနေကို ဝင်ထိန်းပေးချင်သော်လည်း ကျင့်ကြံသူများ၏ ကိစ္စတွင် သူကဲ့သို့ သာမန်လူတစ်ယောက်အတွက် ဝင်ပြောစရာ နေရာမရှိမှန်း သူ သိသည်။

အကယ်၍ ဝင်ပြောမိပါက အခြေအနေ ပိုဆိုးသွားရုံသာ ရှိလိမ့်မည်။

လင်ယုယန်လည်း ဒီနေ့ အလွယ်တကူ ထွက်သွားဖို့ မဖြစ်နိုင်မှန်း ရိပ်မိလိုက်သည်။

ဒါကြောင့် စကားအပိုတွေ ပြောမနေတော့ဘဲ သူမ၏ ခါးချိတ်တံဆိပ်ပြားကို တိုက်ရိုက် ထုတ်ပြလိုက်သည်။

"ကျွန်မက လင်..."

သို့သော် စကားမဆုံးသေးခင်မှာပင် ယွီကျင်းသည် ရုတ်တရက် သူမဘေးနား ရောက်လာပြီး သူမလက်ထဲမှ တံဆိပ်ပြားကို လုယူလိုက်သည်။

မြန်လိုက်တာ

အဲဒီအခိုက်အတန့်မှာတင် ဒီလူကို သူမ ယှဉ်နိုင်မှာ မဟုတ်မှန်း လင်ယုယန် သိလိုက်သည်။

သူမသည် ဖခင် ပေးထားသော ကာကွယ်ရေး မှော်ရတနာကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်။

ခါးချိတ်တံဆိပ်ပြားကို ယူကြည့်ပြီးနောက် ချင်းဖုန်းက လက်နှစ်ဖက်ယှက်လိုက်သည်။

"မိန်းကလေးက လင်မိသားစုက သခင်မလေး ဖြစ်နေတာကိုး။ ကျွန်တော့်ရှေ့မှာ ထိုက်တောင် ရှိနေတာတောင် မမှတ်မိခဲ့ပါဘူး... တောင်းပန်ပါတယ်"

"ဒါက ငါ့လင်မိသားစုရဲ့ တံဆိပ်ပြားမှန်း သိပြီဆိုရင် ပြန်ပေးလို့ ရမလား"

"ရတာပေါ့... ဒါပေမဲ့ အထဲမှာ ခဏဝင်နားပြီး လက်ဖက်ရည်လေး သောက် ပြီးတော့ ကျွန်တော့်ဆရာဆီ သတင်းပို့ခွင့်ပြုပါဦး ပြီးတာနဲ့ ကျွန်တော် ပြန်ပေးပါ့မယ်"

ဒီအချိန်မှာတော့ ဒေါ်လေး ပျောက်ဆုံးနေတာက ကြက်သွေးရောင်နေမင်းဂိုဏ်းနဲ့ ပတ်သက်နေကြောင်း လင်ယုယန် သေချာသွားပြီဖြစ်သည်။

အကယ်၍ သူတို့သာ ဒေါ်လေးနဲ့ ထိပ်တိုက်တွေ့ပြီး ပဋိပက္ခ မဖြစ်ခဲ့ဘူးဆိုရင် သူက သူမရဲ့ တံဆိပ်ပြားကို ရုတ်တရက် လုယူမှာ မဟုတ်သလို သူမက လင်မိသားစုဝင်မှန်း သိပြီးတာတောင် ဒီလောက်ထိ "ဇွတ်အတင်း" လုပ်နေမှာ မဟုတ်ဘူး။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ယွီကျင်းရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်မားပေမယ့် လောလောဆယ် သူတစ်ယောက်တည်း ဖြစ်နေတာကို လင်ယုယန် တွေ့လိုက်ရသည်။

အထဲကိုဝင်ပြီး "လက်ဖက်ရည်" သောက်တာထက်စာရင် ဒီနေရာကနေ ထွက်ပြေး လွတ်မြောက်နိုင်ခြေက ပိုများသည်။

လင်ယုယန် စကားမပြောတော့ဘဲ ပတ်ဝန်းကျင်ကို အကဲခတ်နေသည်ကို မြင်သောအခါ ချင်းဖုန်းသည် လူကြီးလူကောင်း ဟန်ဆောင်မှုကို စွန့်လွှတ်လိုက်သည်။

အနက်ရောင် ဘုရင်အဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး သူ ပြောလိုက်သည်။

"မိန်းကလေးလင်... ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်။ အလကားနေရင်း ခုခံမနေပါနဲ့။ မဟုတ်ရင် ကျွန်တော့် လက်သီးတွေ ခြေထောက်တွေကြောင့် မိန်းကလေးရဲ့ လှပတဲ့ မျက်နှာလေး ထိခိုက်သွားရင် နှမြောစရာကြီး ဖြစ်နေပါ့မယ်"

သူ စကားဆုံးတာနဲ့ လင်ယုယန်သည် ကျောက်စိမ်းနက် တစ်တုံးကို ထုတ်ပြီး သူ့ဆီ ပစ်ပေါက်လိုက်ကာ ခုနစ်လေးကို ဆွဲပြီး ထွက်ပြေးတော့သည်။

ချင်းဖုန်း လိုက်ဖမ်းဖို့ ပြင်လိုက်ချိန်မှာပဲ ကျောက်စိမ်းနက်သည် အနက်ရောင် လှောင်အိမ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ကို ပိတ်လှောင်ထားလိုက်သည်။

အနက်ရောင်အဆင့် မှော်ရတနာ ဟုတ်လား... မျိုးနွယ်စုကြီးက သခင်မလေး ဖြစ်ရတာ တကယ် မိုက်တာပဲ။

သူ မစိုးရိမ်ပေ။

သူမ ထွက်ပြေးသွားကတည်းက သူမသည် အနက်ရောင် သခင်အဆင့်သာ ရှိသေးကြောင်း သူ သိလိုက်သည်။

သူမအနေဖြင့် တုံရွှမ် နှင့် ဖန်ရှီ တို့လက်က လွတ်မြောက်နိုင်မှာ မဟုတ်သလို ဒီ စိတ်ရှုပ်ထွေးခြင်း အစီအရင်ထဲကတောင် ထွက်နိုင်မှာ မဟုတ်ပါဘူး။

သို့သော် နောက်ထပ် လင်မိသားစု သခင်မလေး တစ်ယောက်ကို ဖမ်းမိလိုက်သည့်အတွက် ဝမ်းသာရမည့်အစား ဖိအားများက သူ့အပေါ် လွှမ်းမိုးလာသည်။

ခဏကြာတော့ သူ စိတ်တည်ငြိမ်သွားသည်။

တစ်ယောက်ကို ပြစ်မှားတာနဲ့ နှစ်ယောက်ကို ပြစ်မှားတာ အတူတူပါပဲ... လက်ရှိ ကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းတာ ပိုကောင်းပါတယ်။

တစ်ဖက်တွင်မူ ခုနစ်လေးကို သယ်ဆောင်ပြီး ထွက်ပြေးလာသော လင်ယုယန်သည် လမ်းတစ်ဝက်လောက်မှာပင် ကောင်းကင်မှ ပုံရိပ်နှစ်ခု ဆင်းသက်လာပြီး သူမ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

နောက်ထပ် အနက်ရောင် ဘုရင် နှစ်ပါး

မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကို သိလိုက်တဲ့ လင်ယုယန် ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။

"ရှင်တို့ဂိုဏ်းက တကယ်ပဲ ငါ့လင်မိသားစုနဲ့ ရန်ဘက်ပြုဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ"

တုံရွှမ်က ချိုသာစွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။

"ဘယ်ဟုတ်ပါ့မလဲ။ ချီတိုင်းပြည်မှာ လင်မိသားစုက လက်တစ်ဖက်တည်းနဲ့ ကောင်းကင်ကို ဖုံးအုပ်ထားနိုင်တယ်ဆိုတာ လူတိုင်း သိကြတာပဲ။ ကျွန်မတို့လို ကြက်သွေးရောင်နေမင်းဂိုဏ်း သေးသေးလေးက ဘယ်ယှဉ်ရဲပါ့မလဲ။ ကျွန်မတို့က မိန်းကလေးကို ကျွန်မတို့ရဲ့ အခက်အခဲလေးကို နားလည်ပေးစေချင်ရုံပါ။ လက်ဖက်ရည်ပူပူလေး သောက်ရင်း အေးအေးဆေးဆေး စကားပြောကြရအောင်လေ... ဒါမှ ကျွန်မတို့လည်း အခက်မတွေ့မှာပေါ့"

"ငါ ငြင်းရင်ကော"

"ဒါဆိုရင်တော့ ကျွန်မတို့ ရိုင်းပျမိပြီဆိုပြီး အပြစ်မတင်ပါနဲ့"

တုံရွှမ်က ဖန်ရှီ့ကို လှမ်းကြည့်လိုက်သည်။

"လုပ်လိုက်တော့"

"ဒီစကားကို စောင့်နေတာ ကြာပြီ"

ဖန်ရှီ ချက်ချင်း လှုပ်ရှားလိုက်ပြီး လင်ယုယန် ရှေ့သို့ ရောက်လာသည်။

သို့သော် သူ လက်လှမ်းပြီး သူမကို ဖမ်းဖို့ပြင်လိုက်ချိန်မှာပဲ တုံရွှမ် ရုတ်တရက် အော်လိုက်သည်။

"သတိထား"

တစ်ချိန်တည်းမှာပင် သူ့ကျောပြင်၌ စူးရှသော နာကျင်မှုတစ်ခု ခံစားလိုက်ရသည်။

"အား"

ဖန်ရှီ အော်ဟစ်လိုက်ပြီး ကျောက်သား ခန္ဓာကိုယ် နည်းစနစ် ကို အသက်သွင်းကာ ကြွက်သားများကို မာကျောစေလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လှည့်ပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သည်။

"မင်း ဖြစ်နေတာကိုး"

တိုက်ခိုက်သူကို မြင်လိုက်ရတဲ့အခါ ဖန်ရှီ ပထမတော့ ကြောင်သွားပြီး နောက်တော့ ဝမ်းသာအားရ ပြုံးလိုက်သည်။

သူတို့ အသည်းအသန် လိုက်ရှာနေရတဲ့ နောက်ထပ် လင်မိသားစု သခင်မလေး ဖြစ်နေတာကိုး။

"ဟားဟားဟား ကောင်းကင်ဘုံကို သွားတဲ့လမ်း ရှိရက်သားနဲ့ မလျှောက်ဘဲ ငရဲတံခါးကို တိုးဝင်လာတာပဲ ငါတို့ မင်းကို နေရာအနှံ့ လိုက်ရှာနေတာကွ မိန်းမယုတ်ရဲ့"

ဓားကို ကိုင်ထားရင်း လင်ရှီယွင် မောဟိုက်နေသည်။

"ငါသာ ဒဏ်ရာရမနေဘူးဆိုရင် အဲဒီတစ်ချက်တည်းနဲ့တင် မင်းအသက် ပါသွားလောက်ပြီ"

"ဟားဟားဟား သတိပေးတဲ့အတွက် ကျေးဇူးပါပဲ... ငါ မင်းကို နောက်ထပ် အခွင့်အရေး ပေးတော့မှာ မဟုတ်ဘူး"

ဖန်ရှီ လေချွန်လိုက်သည်နှင့် အရပ်မျက်နှာ အသီးသီးမှ ပုံရိပ် ဆယ်ခုကျော် ထွက်ပေါ်လာပြီး ဝိုင်းရံလိုက်ကြသည်။

အားလုံးက အနက်ရောင် ဘုရင်အဆင့်တွေ ချည်းပင် ဖြစ်သည်။

လင်ရှီယွင် နောက်ဆုတ်လိုက်ပြီး လင်ယုယန်ကို ကာကွယ်လိုက်သည်။

"ကောင်မလေး မိုက်မဲလိုက်တာ... ဘာလို့ တစ်ယောက်တည်း လာရတာလဲ"

"ဒေါ်လေး ပျောက်သွားတာ ထူးဆန်းတယ်လို့ ထင်လို့ လိုက်ရှာတာပါ"

"မင်းအဖေကို ပြောခဲ့လား"

"ပြောခဲ့ပါတယ်... ဒါပေမဲ့ အဖေက..."

"ဆက်ပြောစရာ မလိုပါဘူး ဒေါ်လေး နားလည်ပါတယ်"

လင်ယုယန်၏ ဆံပင်ကို ပွတ်သပ်ပေးရင်း လင်ရှီယွင် သက်ပြင်းချလိုက်သည်။

"မင်း လာရှာမယ်လို့ ဒေါ်လေး မထင်ထားမိဘူး။ ဒါပေမဲ့ မင်းအဖေကို အပြစ်မတင်ပါနဲ့... လင်မိသားစု ဆိုတာ ဒီလိုပါပဲ"

"လူတိုင်းမှာ ကိုယ်ပိုင် စမ်းသပ်မှုတွေ ရှိကြတယ်။ ဒီလမ်းကို ရွေးခဲ့ကတည်းက သူတို့ လာကယ်မယ်လို့ ဒေါ်လေး တစ်ခါမှ မမျှော်လင့်ခဲ့ဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့... ဒေါ်လေး မင်းကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးပါ့မယ်။ တိုက်ခိုက်တာ စတာနဲ့ တောင်ဘက်ကို အစွမ်းကုန် ပြေးတော့... ကြားလား"

"ဒေါ်လေး..."

လင်ယုယန် စကားဆက်မပြောနိုင်ခင်မှာပင် လွတ်မြောက်လာသော ချင်းဖုန်း လျှောက်လာသည်။

"မိန်းကလေးလင်... ခင်ဗျားက ကျွန်တော်တို့ကို တော်တော်လေး ရှာခိုင်းတာပဲ။ ဒီမှာ ရှိနေသေးတယ် ဆိုတာ သိရတော့မှပဲ စိတ်အေးသွားတော့တယ်... ကျွန်တော်တို့ ခင်ဗျားကို ကောင်းကောင်းမွန်မွန် ဧည့်မခံရသေးဘူးလေ"

လင်ယုယန်ကို နောက်သို့ ဆွဲပို့လိုက်ရင်း လင်ရှီယွင် ပြောလိုက်သည်။

"ဟန်ဆောင်မနေနဲ့... နင်တို့ ငါ့ကို နိုင်မယ် ထင်နေလား"

ဒဏ်ရာရထားသော ဖန်ရှီ့ထံ ကျောက်စိမ်းပုလင်းတစ်လုံး ပစ်ပေးလိုက်ရင်း ချင်းဖုန်းက လင်ရှီယွင်ဘက် ပြန်လှည့်လာသည်။

"မိန်းကလေးလင်... အရင်က ဖြစ်ခဲ့တာတွေ အကုန်လုံးက နားလည်မှုလွဲတာပါ။ ဘာလို့ ကျွန်တော်တို့ ထိုင်ပြီး စကားမပြောကြတာလဲ။ ဒီနားလည်မှုလွဲတာကို ဖြေရှင်းလိုက်ရင် နှစ်ဖက်စလုံးအတွက် အကျိုးရှိမှာပါ"

ဝိုင်းရံထားသော အနက်ရောင် ဘုရင်များကို ဝေ့ဝဲကြည့်ရင်း လင်ယုယန် မေးလိုက်သည်။

"ဘယ်လို စကားပြောမှာလဲ"

"လက်ဖက်ရည်သောက်ရင်း အေးအေး ဆေးဆေးပေါ့ဗျာ။ ရှေ့နားလေးမှာ ကြည်လင်နေတဲ့ ရေကန်လေး ရှိတယ်လေ... အဲဒီမှာ..."

လင်ရှီယွင်၏ အာရုံက ချင်းဖုန်းဆီ ရောက်နေချိန်မှာပဲ သူမ အနောက်ဘက်ရှိ အနက်ရောင် ဘုရင် လေးယောက်က ရုတ်တရက် တိုက်ခိုက်လိုက်ကြသည်။

သင့်မြတ်ဖို့ မဖြစ်နိုင်မှန်း သူတို့ သိသလို ချင်းဖုန်းက အာရုံလွှဲထားမှန်းလည်း သူတို့ သိကြသည်။

အချိန်ကောင်းကို မြင်သည်နှင့် သူတို့ တပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။ သူမ နောက်ထပ် မှော်ရတနာတစ်ခု သုံးပြီး ထွက်ပြေးမှာကို တားဆီးချင်ကြသည်။

အနောက်ဘက်မှ လူသတ်ငွေ့ကို ခံစားလိုက်ရသည်နှင့် လင်ရှီယွင် အသက်ပြင်းပြင်း ရှူလိုက်ပြီး လင်ယုယန်နှင့် လူငယ်လေးကို ဘေးသို့ တွန်းထုတ်လိုက်ကာ အော်ဟစ်လိုက်သည်။

"လင်မိသားစုရဲ့ အင်အားကို ပြရသေးတာပေါ့"

သူမသည် ခရမ်းရောင် ဝိညာဉ်ဆေးလုံး တစ်လုံးကို နှုတ်ခမ်းနားသို့ ယူလာလိုက်သည်။

သို့သော် ပါးစပ်ထဲ မထည့်ရသေးခင်မှာပင် လက်တစ်ဖက်က သူမလက်ကို ဆွဲကိုင်လိုက်ပြီး ဆေးလုံးကို လုယူသွားသည်။

လန့်ဖျပ်သွားပြီး သူမ၏ "အနက်ရောင် ယင် ဆေးလုံး" ကို ပြန်လုယူရန် ပြင်လိုက်ချိန်မှာပင် ဆေးလုံးကို ယူသွားသော လူငယ်လေးက လှည့်ထွက်သွားပြီး တိုက်ခိုက်လာသော အနက်ရောင် ဘုရင် လေးယောက်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ရာ လေးယောက်စလုံး လွင့်စဉ်သွားကြသည်ကို တွေ့လိုက်ရသည်။

"အစ်ကိုကြီး" "အစ်ကိုကြီးဝမ်"

လင်ယုယန် နှင့် ခုနစ်လေးတို့ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

သူကား အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့သော ကျန်းပေရန်ပင် ဖြစ်သည်။

လင်ယုယန် ပြဿနာ မတက်ခင် ကတည်းက ကျန်းပေရန်သည် စနစ်၏ အသိပေးချက်ကို ရရှိထားပြီးဖြစ်ကာ တိတ်တဆိတ် နောက်ယောင်ခံ လိုက်ပါလာရင်း လှုပ်ရှားရန် အချိန်ကောင်းကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

လင်ရှီယွင် ဆေးလုံးကို သောက်တော့မည့်အချိန်တွင် စနစ် ရွေးချယ်စရာများ ပေါ်လာခဲ့သည်။

[ရွေးချယ်မှု ၁ - အခွင့်ကောင်းကို ဆက်လက် စောင့်ဆိုင်းပါ။

ဆုလာဘ် - ကောင်းကင်နဂါး ဆန်းကြယ်ပုံကားချပ် (မြေကမ္ဘာအဆင့်၊ အဆင့်နိမ့်)]

[ရွေးချယ်မှု ၂ - လင်ရှီယွင် ထံမှ အနက်ရောင် ယင် ဆေးလုံးကို လုယူပါ။

ဆုလာဘ် - ကျပန်း အခြေခံ အရည်အချင်း အမှတ် +၁]

စနစ်က အဖြေပေးပြီးသားဖြစ်သဖြင့် ကျန်းပေရန်သည် ဒုတိယ ရွေးချယ်မှုကို သဘာဝကျကျ ရွေးချယ်လိုက်ပြီး လင်ရှီယွင် အနားသို့ ချက်ချင်း ရောက်သွားခဲ့ခြင်း ဖြစ်သည်။

[ရွေးချယ်မှု တာဝန် ပြီးဆုံးပါပြီ။

ဆုလာဘ် - အာရုံစူးစိုက်မှု +၁]

စနစ် အသိပေးချက် ပြီးနောက် ကျန်းပေရန်သည် အနက်ရောင် ယင် ဆေးလုံးကို သိုလှောင်လက်စွပ်ထဲသို့ ပေါ့ပါးစွာ ထည့်လိုက်သည်။

ကောင်းကင်ဘုံ မြင်း အဖွဲ့မှ လူ ၁၄ ယောက်မှာ ကြောင်အ နေကြသည်။

တိုက်ခိုက်မှု တစ်ချက်တည်းနှင့် အနက်ရောင် ဘုရင် လေးယောက်ကို လွင့်စဉ်သွားအောင် လုပ်နိုင်ခဲ့သည်... ပြီးတော့ သူ့ဆီကနေ ဘာအတွင်းအားမှလည်း မခံစားရဘူး။

"ဂလု..."

လန်ဟဲ တံတွေးမြိုချလိုက်ပြီး ချင်းဖုန်းကို မေးလိုက်သည်။

"သူ... ခုနတုန်းက အတွင်းအား မသုံးလိုက်ဘူး မဟုတ်လား"

တုန်လှုပ်နေဆဲဖြစ်သော ချင်းဖုန်း ခေါင်းညိတ်လိုက်သည်။

"ငါ မသိဘူး... ဒါပေမဲ့ သူ့ဆီကနေ ဘာအတွင်းအားမှ ငါ မခံစားရဘူး"

"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟွေယွီ တို့ကို ခန္ဓာကိုယ် သက်သက်နဲ့တင် တိုက်ထုတ်လိုက်တာလား"

မောဟိုက်နေသော ချင်းဖုန်း ခေါင်းခါလိုက်သည်။

"ငါ မသိဘူး... လင်မိသားစုရဲ့ လျှို့ဝှက်ပညာ တစ်ခုခုများလား..."

အဲဒီအခိုက်အတန့်မှာ ကောင်းကင်ဘုံ မြင်း အဖွဲ့သားတိုင်းက ကျန်းပေရန်ကို လင်မိသားစုမှ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးဟု ထင်မှတ်သွားကြသည်။

ထိုအချိန်တွင် လင်ယုယန်သည် ကြောင်နေသော သူမ၏ ဒေါ်လေးကို ဘေးသို့ အမြန်ဆွဲခေါ်သွားပြီး အခြေအနေကို ရှင်းပြလိုက်သည်။

"အစ်ကိုကြီး ဟုတ်လား... သူက မင်းရဲ့ အစ်ကိုကြီးလား။ ရှန့်တိုင်းပြည်က စိတ်နှလုံးပြန်ဂိုဏ်း ကလေ"

လင်ရှီယွင် အံ့သြသွားသည်။

လင်ယုယန်က အရမ်းငယ်သေးတယ်... သူမရဲ့ အစ်ကိုကြီးဆိုတာ အသက် ၂၀ ကျော်လောက်ပဲ ရှိဦးမှာ။

ရှန့်တိုင်းပြည်လို နိုင်ငံသေးသေးလေးမှာ အနက်ရောင် ဝိညာဉ်အဆင့် ဖြစ်ရင်တောင် ပြိုင်ဘက်ကင်း ပါရမီရှင်လို့ သတ်မှတ်လို့ ရနေပြီ။

ဒါပေမဲ့ ဒီ "အစ်ကိုကြီး" က အနက်ရောင် ဘုရင် လေးယောက်ကို တစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် လုပ်လိုက်တာလေ။

အကယ်၍ လင်ယုယန်က သူ့ကို စိတ်နှလုံးပြန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါလို့ ပြောရင်တောင် လင်ရှီယွင် ယုံမိဦးမည်။

လင်ရှီယွင် အံ့သြနေဆဲမှာပင် ကျန်းပေရန်သည် အဖြူရောင် ကျောက်သလင်းပုလင်း တစ်လုံးကို ထုတ်ပြီး လင်ယုယန်ထံ ပစ်ပေးလိုက်သည်။

"မင်းဒေါ်လေးကို နှစ်လုံး တိုက်လိုက်ပါ... အဆိပ်ပြေသွားလိမ့်မယ်"

လင်ယုယန်က လက်နှစ်ဖက်ဖြင့် ဖမ်းယူလိုက်ပြီး ရင်ထဲ နွေးထွေးသွားသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"

သူမသည် ဆေးနှစ်လုံးကို ထုတ်ပြီး ဒေါ်လေးကို တိုက်လိုက်သည်။ အစ်ကိုကြီးကြောင့် ကြောက်ရွံ့နေကြသော အနက်ရောင် ဘုရင်များကို ဝေ့ဝဲကြည့်ရင်း သူမ ရင်ထဲတွင် ပျော်ရွှင်မှုများ ပြည့်လျှံလာသည်။

သူမ၏ မျက်လုံးထဲတွင် သူ၏ ပုံရိပ်သည် အထပ်ပေါင်းများစွာ မြင့်တက်သွားသည်။

သူ အစွမ်းအစကို ဖုံးကွယ်ထားမှန်း သူမ သိသော်လည်း ဒီလောက်အထိ ဖုံးကွယ်ထားလိမ့်မည်ဟု ထင်မထားခဲ့မိပေ - အနက်ရောင် ဘုရင်တွေက သူ့ရှေ့မှာ ဘာမှ မဟုတ်ပါလား။

ငါ သဘောကျတဲ့ ယောက်ျား ပီသပါပေတယ်... လျှို့ဝှက်ဆန်းကြယ်ပြီး သန်မာလိုက်တာ။

ဟီးဟီး…..

ဆေးလုံးများကို မျိုချပြီးနောက် လင်ရှီယွင်သည် အဆိပ်ထုတ်ရန် ချီကို မလည်ပတ်ရသေးခင်မှာပင် ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော အဆိပ်များ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

စွမ်းလိုက်တဲ့ ဆေးပါလား

ဝိညာဉ်ကျောက်တုံး ဟင်းလင်းပြင်ထဲ ပုန်းအောင်းနေစဉ်က သူမ အဆိပ်ထုတ်ဖို့ ကြိုးစားခဲ့သော်လည်း ဖြေဆေးမျိုးစုံ သောက်ပြီးသည့်တိုင် အဆိပ်က ပိုပြင်းထန်လာခဲ့သည်။

သူမရဲ့ အတွင်းအားနဲ့ အမြဲတမ်း ပဋိပက္ခဖြစ်နေပြီး အနာကျက်ဖို့ တားဆီးနေခဲ့သည်။

ဒါကြောင့် ဒီလောက်ကြာအောင် ပုန်းနေပြီးတာတောင် ဒဏ်ရာက ပြင်းထန်နေဆဲ ဖြစ်သည်။

ဒါပေမဲ့ အခုတော့... ဒီနာမည်မသိ ဆေးနှစ်လုံးနဲ့တင် သူမ အရင်က သောက်ဖူးတဲ့ သတ္တမအဆင့် ဝိညာဉ်ဆေးလုံးတွေထက်တောင် အာနိသင် ပိုထိရောက်နေသည်။

တူမဖြစ်သူ၏ အစ်ကိုကြီးက တကယ်တမ်း ဘယ်သူလဲဆိုတာ သူမ ပိုပြီး စိတ်ဝင်စားသွားသည်။

လူတိုင်း အံ့သြနေဆဲ အချိန်တွင် ကျန်းပေရန်သည် အနက်ရောင် ဘုရင် ၁၄ ယောက်ကို ဝေ့ဝဲကြည့်လိုက်သည်။

"မင်းတို့က ဒီလောက်ပဲလား"

ချင်းဖုန်း ခဏတာ ကြောင်သွားပြီးနောက် သဘောပေါက်သွားသည်။

ပြေလည်ဖို့ လမ်းမရှိမှန်း သိလိုက်သဖြင့် သူ ရှေ့တိုးလိုက်သည်။

"ကျွန်တော်တို့က ကြက်သွေးရောင်နေမင်းဂိုဏ်းရဲ့ 'ယန်' သံတမန်တွေ ပါ။ ဂိုဏ်းချုပ်က မလာပါဘူး"

ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

"အော်... ကောင်းတယ်။ ဒါဆို မင်းတို့အားလုံးကို သတ်ပြီးရင် ငါ ကြက်သွေးရောင်နေမင်းဂိုဏ်းကို သွားလည်လိုက်ဦးမယ်"

All Chapters