← Chapters

ဥပမာတစ်ခုမှ ကောက်ချက်ဆွဲခြင်း

Vol. 24 Ch. 310

ဥပမာတစ်ခုမှ ကောက်ချက်ဆွဲခြင်း

Vol. 24 Ch. 310

နှစ်လတာ ကာလအတွင်း ကျန်းပေရန်သည် ပြိုင်စံရှားအဆင့် လက်နက် ခြောက်လက်ကို တစ်ပြိုင်နက် ထုလုပ်ခဲ့သည်။

ပထမဆုံး လက်နက်ဖြစ်သော အဖြူရောင်မြူခိုး ဓား ကို လင်ယုယန်အား လက်ဆောင်ပေးလိုက်သည်။

အဖြူရောင်မြူခိုး ဓားကို သစ်သား ဝိညာဉ် စွမ်းအင် လွှမ်းမိုးမှုကြောင့် ပြောင်းလဲခြင်း (သို့မဟုတ်) အဆင့်မြှင့်တင်ခြင်း ခံထားရသော ရှားပါး ကုန်ကြမ်းပစ္စည်းများဖြင့် ထုလုပ်ထားခြင်း ဖြစ်သည်။

ဒီပစ္စည်းများထဲတွင် သစ်သား ဝိညာဉ် စွမ်းအင် အမြောက်အမြား ပါဝင်ပြီးသား ဖြစ်ပြီး ပန်းပဲထုလုပ်စဉ် ထပ်မံ ဖြည့်သွင်းလိုက်သဖြင့် ဒီဓားသည် ကိုယ်ပိုင် ဝိညာဉ် အလွယ်တကူ နိုးထလာနိုင်မည်ဟု ကျန်းပေရန် တွက်ဆထားသည်။

ထင်ထားသည့်အတိုင်း နှစ်ပတ်အကြာတွင် အဖြူရောင်မြူခိုး ဓားသည် ဝိညာဉ် အသိဉာဏ် အောင်မြင်စွာ ဖွံ့ဖြိုးလာပြီး လက်နက်ဝိညာဉ် ပါရှိသော မှော်ရတနာ တစ်ခု ဖြစ်လာခဲ့သည်။

မြန်ဆန်မှုက ယုတ္တိမရှိလောက်အောင်ပင် ဖြစ်လေ၏။

ကံဆိုးသည်မှာ ပြိုင်စံရှားအဆင့် လက်နက်များ ဆိုသည်မှာ မုန်လာဥများလို စိတ်ကြိုက် ထုတ်လုပ်၍ ရသော အရာ မဟုတ်ပေ။

အထူးသဖြင့် အဆင့်မြင့် မှော်ရတနာ ဖြစ်လာစေရန် ရည်ရွယ်ပြီး ထုလုပ်ထားသော လက်နက်များ ဆိုလျှင် ကုန်ကြမ်းပစ္စည်း အမြောက်အမြား ကုန်ကျသည်။

ဒီ ပြိုင်စံရှားအဆင့် လက်နက် ခြောက်လက် ထုလုပ်လိုက်ခြင်းက ကျန်းပေရန်၏ လက်ကျန် ပစ္စည်း အများစုကို ကုန်ဆုံးသွားစေခဲ့သည်။

လက်ကျန် အဖိုးတန်ဆုံး ပစ္စည်း အနည်းငယ်ကိုတော့ မသုံးစွဲခင် သေချာ စဉ်းစားဖို့အတွက် ချန်ထားလိုက်သည်။

ထို့အပြင် ကျန်းပေရန် အားနေဖို့ စိတ်ကူးမရှိပေ။

သစ်သား ဝိညာဉ် စွမ်းအင် ကို အသုံးပြုပြီး လက်နက်တွေ ထုလုပ်ရင် ဝိညာဉ် အသိဉာဏ် အလွယ်တကူ ဖွံ့ဖြိုးလာနိုင်မှန်း တွေ့ရှိထားပြီးဖြစ်သဖြင့် သဘာဝကျကျ သူ ဆက်စပ် တွေးတောလိုက်သည်။

သန့်စင်သော သစ်သား ဝိညာဉ် စွမ်းအင် ပြည့်နှက်နေသော ဟင်းလင်းပြင် တစ်ခုထဲတွင် သန့်စင်လိုက်သော ဝိညာဉ်ဆေးလုံးများ၏ အရည်အသွေးသည် အပြင်ဘက်တွင် ပြုလုပ်သည်ထက် သေချာပေါက် ပိုကောင်းလိမ့်မည်။

ရေးဆွဲလိုက်သော အဆောင်လက်ဖွဲ့ စာရွက်များသည်လည်း ပုံမှန်ထက် စွမ်းအား ပိုကြီးမားသင့်သည်။

ချက်လုပ်လိုက်သော ဝိုင် သည်လည်း သေချာပေါက် အာနိသင် ပိုကောင်းလိမ့်မည်။

{ဝိုင်ချက်တာက အချိန် အရမ်းကြာတာ တစ်ခုပဲ}

အချိန်ကြာတာနဲ့ ပတ်သက်ပြီး ပြောရရင် ကျန်းပေရန် ကောင်းကင်မျက်လုံး အစီအရင် ဘက်ကို မကြည့်ဘဲ မနေနိုင်တော့။

ဖန်သားပြင်ပေါ်တွင် အနက်ရောင် သူတော်စင် ၁၃ ပါးသည် တိမ်တိုက်များ အထက်တွင် တိုက်ခိုက်နေကြဆဲ ဖြစ်သည်။

လှုပ်ရှားမှုတိုင်းနှင့်အတူ လေနှင့် တိမ်တိုက်များ ပြောင်းလဲသွားသည်၊ လျှပ်စီးများ လက်ကာ မိုးကြိုးများ ဟိန်းညံနေသည်။

တကယ့် အင်မော်တယ်များ၏ တိုက်ပွဲပင် ဖြစ်လေ၏။

သို့သော် နှစ်ဝက်ကျော်ကြာ တိုက်ခိုက်နေကြသော်လည်း ၁၃ ယောက်ထဲက တစ်ယောက်မှ ပင်ပန်းနွမ်းနယ်ပုံ မပေါက်ကြပေ။

ဒဏ်ရာရဖို့ နေနေသာသာ သူတို့ အဝတ်အစားတွေတောင် တွန့်ကြေမနေဘူး အချိန်အကြာကြီး လက်ဖက်ရည်သောက်ပြီး စကားထိုင်ပြောနေကြသလိုပဲ။

အချိန်အကြာကြီး စောင့်ကြည့်ပြီးနောက် ကျန်းပေရန် တဖြည်းဖြည်း နားလည်လာသည်။အနက်ရောင် သူတော်စင် အဆင့်သို့ တက်လှမ်းနိုင်သူ မည်သူမဆို တိုက်ခိုက်ခြင်းနှင့် ခံစစ် ပြီးပြည့်စုံစွာ မျှတနေသော "ဘက်စုံတော်" ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သူတို့၏ တိုက်စစ် ပိုသန်မာလေ ခံစစ် ပိုကောင်းလေ ဖြစ်သည်။

အဆင့် ၁၈ သူရဲကောင်းတွေ သံချပ်ကာ အပြည့်ဝတ်ပြီး တိုက်နေကြသလိုပဲ။ ဘယ်သူကမှ တစ်ဖက်လူကို ဘာမှ လုပ်လို့မရဘူး။

ဒါ့အပြင် အစပိုင်းတုန်းက အနက်ရောင် သူတော်စင် ၁၃ ယောက်ထက် ပိုရှိခဲ့ပြီး လေးယောက်က တိုက်ပွဲအလယ်မှာ ထွက်ခွာသွားကြသည်။

ဉာဏ်အလင်း တစ်ခုခု ရသွားလို့လား၊ တခြား အကြောင်းရင်းကြောင့်လား ဆိုတာတော့ သူ မသိပေ။

အဲဒီနောက်ပိုင်း ဒီဘိုးတော်ကြီးတွေက တစ်ခါတလေ တိုက်ခိုက်တာ ရပ်ပြီး တစ်ခုခု ဆွေးနွေးနေသလို လုပ်တတ်ကြသည်။

{ဒီဘိုးတော်ကြီးတွေက ဒီတိုက်ပွဲကြီးကို တာအို ဆွေးနွေးပွဲ လို့ သဘောထားနေကြတာတော့ မဟုတ်ပါဘူးနော်}

ကျန်းပေရန် ထွက်သွားဖို့ အလျင်မလိုသော်လည်း မရေရာမှုက သူ့ကို နေမထိထိုင်မသာ ဖြစ်စေသည်။

သူက တစ်ခုခု မလုပ်ခင် အစီအစဉ် ရှိထားတာကို ကြိုက်သူ ဖြစ်သည်။

ကောင်းကင်မျက်လုံး အစီအရင် ဖန်သားပြင်ပေါ်တွင် လင်ရှီယွင်က "ပုံသဏ္ဍာန်မဲ့ အရှင်သခင်" ဟု ခေါ်သော အနက်ရောင် သူတော်စင်သည် ကောင်းကင်မှ ဥက္ကာပျံ ကျောက်တုံးကြီး နှစ်တုံးကို လက်ကွက် တစ်ကွက်တည်းဖြင့် ဆွဲချလိုက်သည်။

ရင်ဘတ် ဗလာကျင်းထားပြီး ဝိညာဉ် ပုံစံငယ်များဖြင့် ဖုံးလွှမ်းထားသော လင်ရှီယွင်က "ဂြိုဟ်ကိုးလုံး ဘုရင်" ဟု ခေါ်သော အနက်ရောင် သူတော်စင်သည် ၎င်းတို့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

သူ့ ဝိညာဉ် ပုံစံငယ်များ အားလုံး လင်းလက်လာပြီး ကမ္ဘာပျက်မတတ် အင်အား ပါဝင်သော ဥက္ကာပျံ နှစ်တုံးကို လက်သီးတစ်ချက်တည်းဖြင့် အမှုန်အမွှားများ အဖြစ် ချက်ချင်း ဖြိုခွင်းပစ်လိုက်ကာ ကောင်းကင်ယံတွင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားစေသည်။

{ယုတ္တိ မရှိလိုက်တာ}

အံ့သြစွာ ခေါင်းခါလိုက်ရင်း ကျန်းပေရန် သူ့အစီအစဉ်ဆီ ပြန်လှည့်လာသည်။

ဝိုင်ချက်တာ အချိန်ကြာပေမယ့် သူ စလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ဒီဘိုးတော်ကြီးတွေ ဘယ်လောက်ကြာကြာ ဆက်တိုက်နေကြဦးမလဲ ဘယ်သူသိမှာလဲ။ နောက်တစ်နှစ်လောက် ထပ်တိုက်နေရင် သူ စောစော မစခဲ့မိလို့ နောင်တရနေရလိမ့်မယ်။

ဒါ့အပြင် ဝိုင်မကျက်ခင် သူတို့ ပြီးသွားရင်တောင် ဒီမှာချက်တဲ့ ဝိညာဉ်ဝိုင် အာနိသင်က အပြင်ကဟာတွေထက် သေချာပေါက် သာလွန်နေမှာပဲ။

ဒါကြောင့် ဆုံးရှုံးစရာ မရှိတဲ့အတွက် ကျန်းပေရန်မှာ ရွေးချယ်စရာ တစ်ခုတည်းသာ ရှိသည်။

{ဝိုင်ချက်လိုက်တော့မယ်ကွာ}

သစ်သား ဝိညာဉ် စွမ်းအင် ကြောင့် ရင့်မှည့်ပြီး အဆင့်မြင့်လာသော ဝိညာဉ်သစ်သီး တစ်သောင်း ကို ချေမှုန်းလိုက်သည်။

အနံ့ တစ်ခုတည်းနဲ့တင် ကျန်းပေရန် လန်းဆန်းတက်ကြွသွားပြီး ထူးဆန်းသော အင်အားတစ်ခု သူ့ခန္ဓာကိုယ်ထဲ ပြည့်လျှံလာသည်။

{ဒီလို ဝိညာဉ်သစ်သီးတွေ သုံးပြီး ဝိုင်ချက်ရင်... အင်မော်တယ် ဝိုင် ရလာနိုင်တယ်}

နောက်ပိုင်း သန့်စင်မယ့် ဝိညာဉ်ဆေးလုံးတွေ အကြောင်း တွေးမိတော့ ဓာတ်ကြီးငါးပါး ဝိညာဉ်သွေးကြောတွေရဲ့ စွမ်းအားကို ကျန်းပေရန် ထပ်မံ အံ့သြမိပြန်သည်။

တိုက်ကြီးပေါ်က အစွမ်းအထက်ဆုံး ကျင့်ကြံသူတွေ ဒီနေရာမှာ စုပြီး လုနေကြတာ မဆန်းပါဘူး။

သူ့အရင်ကမ္ဘာမှာသာ ဆိုရင် ဒါက ရေနံမြေထက်တောင် ပိုတန်ဖိုးရှိဦးမယ်။

တစ်ဖက်တွင်မူ ကျန်းပေရန် ဝိုင်ချက်ဖို့ ပြင်ဆင်နေတာကို ကြည့်ရင်း လင်ရှီယွင် မအံ့သြတော့ပေ။

ဘာပဲပြောပြော လမ်းတစ်လျှောက် သူ့ကျွမ်းကျင်မှုတွေကို သူမ အများကြီး မြင်ခဲ့ရပြီးပြီ။

ကမ္ဘာပေါ်မှာ သူ မလုပ်တတ်တာ ဘာမှ မရှိသလိုပဲ။

နှစ်ဝက်ကျော်ကြာ နေ့ရောညပါ အတူကုန်ဆုံးပြီးနောက် လင်ရှီယွင် အရင်လို ထိန်းချုပ်မနေတော့ပေ။

ကနဦး စိမ်းသက်မှု၊ နောက်ပိုင်း ကြောက်ရွံ့မှုတွေ မရှိတော့ဘဲ လေးစားအားကျမှုတွေသာ တိုးပွားလာသည်။

"ဆရာ... အရင်တုန်းက..."

သူမ စကားစလိုက်သည်။

"မမေးနဲ့ မေးရင် ဖြေမှာ မဟုတ်ဘူး"

ကျန်းပေရန် ခေါင်းမမော့ဘဲ ပြောလိုက်သည်။

"ဟူး"

လင်ရှီယွင် သက်ပြင်းဖွဖွ ချလိုက်သည်။

သူတို့ ရင်းနှီးနေပြီလို့ သူမ ထင်ခဲ့ပေမယ့် သူ့အကြောင်း ပိုသိရအောင် ကြိုးစားတိုင်း သူ့သဘောထားက တောင့်တင်းခိုင်မာတဲ့ တံတိုင်းကြီးလို သူမကို လုံးဝ ပိတ်ဆို့ထားသည်။

သူမ ဘာမှ မတတ်နိုင်တော့။

စကားလမ်းကြောင်း လွှဲဖို့ စဉ်းစားနေတုန်းမှာပဲ နောက်ကျောဘက်က ဓားလေတိုးသံ ခံစားလိုက်ရသဖြင့် လန့်ဖျပ်ပြီး ရှေ့သို့ ရှောင်တိမ်းလိုက်ရသည်။

လှည့်ကြည့်လိုက်တော့ အဖြူရောင်မြူခိုး ဓား ကို ကိုင်ဆောင်ထားပြီး ပြုံးနေသော လင်ယုယန်ကို တွေ့လိုက်ရသည်။

"တောင်းပန်ပါတယ် ဒေါ်လေး နေရာက ကျဉ်းတော့ ဓားက မတော်တဆ ဒေါ်လေးဘက် ရောက်သွားတာပါ"

လင်ရှီယွင် စကားမပြောနိုင်ခင်မှာပင် ကျန်းပေရန် ပြောလိုက်သည်။

"မင်း စည်းဝိုင်း အပြင် ထွက်သွားတယ်"

"တောင်းပန်ပါတယ် အစ်ကိုကြီး သတိမထားမိလိုက်လို့ပါ"

လင်ယုယန် လိမ္မာစွာ ပြန်ဖြေပြီး စည်းဝိုင်းထဲ ပြန်ဝင်လိုက်သည်။

ဒါပေမဲ့ သူမမျက်လုံးတွေက လင်ရှီယွင်ကို စိုက်ကြည့်နေဆဲပင် ဖြစ်သည်။

အသက်ပြင်းပြင်း ရှူလိုက်ပြီး လင်ရှီယွင် လင်ယုယန် ဆီသို့ ရုတ်တရက် လျှောက်သွားလိုက်သည်။

"တူမလေး မင်းရဲ့ ဓားသိုင်းက သာမန်ပဲ ရှိသေးတယ် ဒေါ်လေးက တိုက်ကွက် တချို့ သင်ပေးရင် ကောင်းမလား"

လင်ယုယန်၏ ကျဉ်းမြောင်းနေသော မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

"ဒေါ်လေး အတည်ပြောနေတာလား"

လင်ရှီယွင် အကြည့်မလွှဲဘဲ ပြန်ကြည့်လိုက်သည်။

"ကိုယ့်တူမအရင်းကို သင်ပေးမှာပဲ အတည်ပေါ့"

လင်ယုယန် ပြုံးလိုက်သည်။

"ဒါဆိုရင် ဒေါ်လေး ကျွန်မလည်း အတည် လုပ်ရတော့မှာပေါ့"

"ဒါပေါ့ အတည်မလုပ်ရင် ဘယ်တတ်ပါ့မလဲ"

ခဏတာအတွင်း အနက်ရောင် ဘုရင်အဆင့် အတွင်းအား နှင့် လူသတ်ငွေ့များ လေထဲတွင် ထိပ်တိုက်တွေ့ဆုံသွားသော်လည်း ကျန်းပေရန်၏ အမိန့်တစ်ခွန်းကြောင့် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

"ပေါက်ကရတွေ မလုပ်ကြနဲ့"

ဂူထောင့်တစ်နေရာတွင် လင်ရှီယွင် ပါးပြင်များ ပူနွေးလာသည်ကို ခံစားလိုက်ရသည်။

{ငါ ဘာလုပ်လိုက်တာလဲ... ကိုယ့်တူမအရင်းကို အနိုင်ကျင့်နေတာလား ဒါပေမဲ့... ဒါပေမဲ့ သူ့အပြစ်လည်း ပါတာပဲ ငါ့ကို ဓားနဲ့ တကယ် ထိုးဖို့ လုပ်တာလေ}

{ငါသာ သေချာ မဆုံးမရင် နောက်ကျ ဘာပြဿနာတွေ ရှာဦးမလဲ ဘယ်သူသိမှာလဲ ဟုတ်တယ် ငါက အစ်ကိုကြီး အစား သူ့ကို ထိန်းကျောင်းပေးနေတာ}

{တခြား ဘာမှ မဟုတ်ဘူး}

သုံးလ ကြာပြီးနောက်...ကျန်းပေရန် ကျောက်စိမ်းတုံး တစ်တုံးကို အာရုံစိုက် လေ့လာနေသည်။

လွန်ခဲ့တဲ့ သုံးလအတွင်း သူ ဝိုင်ချက်ပြီးပြီ၊ ဆေးလုံးတွေ သန့်စင်ပြီးပြီ၊ အဆောင်လက်ဖွဲ့တွေ ရေးဆွဲပြီးပြီ။

အခု ကျောက်စိမ်းပြား လုပ်ငန်းကို ကိုင်တွယ်ဖို့ အဆင်သင့် ဖြစ်နေပြီ။

ရှေးခေတ်တုန်းက ကျောက်စိမ်းပြားတွေက ကျင့်ကြံသူတွေရဲ့ စာအုပ်တွေ ဖြစ်ခဲ့သည်။

စာသားနဲ့ အသံတင်မကဘူး ဝိညာဉ်အာရုံကိုပါ သိမ်းဆည်းထားနိုင်တယ်။

ဒါပေမဲ့ ကျောက်စိမ်းပြားတွေက ကုန်ကျစရိတ် အရမ်းများလွန်းတယ် ပြီးတော့ စာသား (သို့မဟုတ်) အသံ မှတ်တမ်းတင်ဖို့က ကျွမ်းကျင်မှု အများကြီး လိုအပ်တယ်။

ကျင့်ကြံသူ အများစုက ဆက်သွယ်ဖို့ ဝါးပြားတွေ (သို့မဟုတ်) စာလိပ်တွေကိုပဲ သုံးကြတုန်း။

လူတိုင်းသုံးနိုင်တဲ့ ပစ္စည်း မဖြစ်နိုင်မှန်း သိသွားတဲ့အခါ ကျောက်စိမ်းပြားတွေက အဆင့်မြင့် အသုံးပြုမှုဘက်ကို ဦးတည်သွားပြီး အောင်မြင်မှု တစ်ခု ရရှိခဲ့သည်။

"စစ်မှန်သော ရည်ရွယ်ချက် ကျောက်စိမ်းပြား"

သာမန် ကျောက်စိမ်းပြားတွေရဲ့ လုပ်ဆောင်ချက် အားလုံး ပါဝင်တဲ့အပြင် အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်ရဲ့ ဝိညာဉ်အာရုံနဲ့ ဝိညာဉ်ဖိအားကိုပါ သိမ်းဆည်းထားနိုင်သည်။

ဥပမာ အနက်ရောင် ဧကရာဇ် တစ်ပါးရဲ့ ဝိညာဉ်ဖိအားကို သိမ်းဆည်းထားတဲ့ ကျောက်စိမ်းပြား တစ်ခုကို ထုတ်လွှတ်လိုက်ရင် အနက်ရောင် ဘိုးဘေး တစ်ယောက်ကိုတောင် ယာယီ ဟန့်တားနိုင်တယ်။

သေချာတာပေါ့ အနက်ရောင် ဧကရာဇ် အဆင့် ဖိအားကို သိမ်းဆည်းနိုင်တဲ့ ကျောက်စိမ်းပြားတွေက အလွန် ရှားပါးတဲ့ ပစ္စည်းတွေနဲ့ တိကျသေချာတဲ့ လက်မှုပညာ လိုအပ်တယ်။ သာမန်လူတွေ ဘယ်တော့မှ မပိုင်ဆိုင်နိုင်ဘူး။

ဉာဏ်ကောင်းတဲ့ ကျင့်ကြံသူတွေအတွက် ဆက်စပ်တွေးခေါ်တာက ဒုတိယ သဘာဝပါပဲ။

ကျောက်စိမ်းပြားတွေက ဝိညာဉ်အာရုံနဲ့ ဝိညာဉ်ဖိအားတွေ ထင်ရှားစေနိုင်တဲ့ အရာတွေကို သိမ်းဆည်းနိုင်တယ်ဆိုရင် သိုင်းနည်းစနစ်တွေနဲ့ တိုက်ကွက်တွေကိုလည်း သိမ်းဆည်းထားလို့ ရတာပေါ့။

ကြာရှည်စွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ကျောက်စိမ်းပြားထဲမှာ နည်းစနစ်တွေ သိမ်းဆည်းတဲ့ နည်းပညာ ပြီးပြည့်စုံလာခဲ့သည်။

ဒီလိုနဲ့ ကျောက်စိမ်း သန့်စင်ခြင်း က ပန်းပဲထုလုပ်ခြင်း ကနေ ခွဲထွက်သွားပြီး လျှို့ဝှက်တံခါးရဲ့ အတတ်ပညာ ဆယ့်ခြောက်ပါး ထဲမှာ သီးခြား အတတ်ပညာ တစ်ခု ဖြစ်လာခဲ့သည်။

ကျောက်စိမ်းပြားအတွက် အခြေခံပစ္စည်းက ဝိညာဉ်ကျောက်တုံး ဖြစ်ပြီး ကျောက်တုံး အရည်အသွေးက ကျောက်စိမ်းပြားရဲ့ ခံနိုင်ရည်ကို ဆုံးဖြတ်ပေးသည်။

အခုတော့ ကောင်းကင်ဘုံအဆင့်၊ မြေကမ္ဘာအဆင့်၊ အနက်ရောင်အဆင့် နဲ့ အဝါရောင်အဆင့် ဝိညာဉ်ကျောက်တုံးတွေ အကုန်ရှိနေပြီမို့လို့ ကျန်းပေရန် စိတ်ကြိုက် လုပ်လို့ ရနေပြီ။

အဆင့်နိမ့် နဲ့ အလယ်အလတ် အဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ အိုးကြီးဆီ လျှောက်သွားပြီး ကျောက်စိမ်းပြား လုပ်ဖို့ ဘယ်နေရာကို ဖြတ်ယူရမလဲ စဉ်းစားနေလိုက်သည်။

နှစ်ဝက် ကြာပြီးနောက် အိုးထဲမှာ သစ်သား ဝိညာဉ် စွမ်းအင်တွေ ပြည့်နေပြီး အိုးလုပ်ထားတဲ့ ဝိညာဉ်ကျောက်တုံးတွေတောင် အဆင့်မြင့်တက်လာကြသည်။

ကျောက်စိမ်းပြား လုပ်ဖို့ဆိုရင် လုံလောက်သည်ထက် ပိုနေပြီ။

ဒါပေမဲ့ အိုးကို ဖျက်ဆီးလိုက်ရင် သိုလှောင်နိုင်စွမ်း လျော့ကျသွားလိမ့်မယ်။

{ထားလိုက်တော့}

{ဒီထဲမှာ သိုလှောင်ထားတဲ့ သစ်သား ဝိညာဉ် စွမ်းအင်တွေက ပြန်ထုတ်လိုက်ရင် ဘာပဲဖြစ်ဖြစ် သန့်စင်တော့မှာ မဟုတ်ဘူး}

{ပိုအသုံးဝင်တာ တစ်ခုခု လုပ်တာ ပိုကောင်းတယ်}

ဆုံးဖြတ်ချက် ချပြီးနောက် ကျန်းပေရန် ကျောက်စိမ်းအိုးကို နှစ်ခြမ်း ခွဲလိုက်ပြီး အပေါ်ပိုင်းကို ကျောက်စိမ်းပြား လုပ်ဖို့ စီစဉ်လိုက်သည်။

"ဆရာ ကျောက်စိမ်းပြား လုပ်မလို့လား"

လင်ရှီယွင် လျှောက်လာပြီး မေးလိုက်သည်။

"အင်း"

ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

"အကူအညီ လိုမလား ကျွန်မ ကျောက်စိမ်းပြား လုပ်တဲ့နေရာမှာ အတွေ့အကြုံ ရှိတယ်"

"မလိုဘူး"

ဝိညာဉ်ကျောက်တုံးကို ဖြတ်တောက်ရင်း ကျန်းပေရန် ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ"

စိတ်ပျက်လက်ပျက် လှည့်ထွက်လာရင်း လင်ရှီယွင် အဖြူရောင်မြူခိုး ဓား ကို တိုက်ချွတ်ဆေးကြောနေတဲ့ လင်ယုယန်ကို လှမ်းကြည့်လိုက်သည်။

ကျန်းပေရန်ဆီက လက်ဆောင်ရပြီးကတည်းက လင်ယုယန် ဒီဓားကို သိုလှောင်လက်စွပ်ထဲ တစ်ခါမှ မထည့်တော့ပေ။

နေ့တိုင်း ဓားသိုင်း မလေ့ကျင့်တဲ့အချိန်ဆိုရင် ရင်ခွင်ထဲ ပိုက်ထားတာ ဒါမှမဟုတ် ဓားသွားကို မြတ်မြတ်နိုးနိုး တိုက်ချွတ်ဆေးကြောနေတတ်သည်။

သူမ ဒီလိုလုပ်နေတာ မြင်ရတိုင်း လင်ရှီယွင် ထူးဆန်းတဲ့ မနာလိုစိတ် တစ်ခု ခံစားရလေ့ရှိသည်။

လင်ရှီယွင်ရဲ့ အကြည့်ကို သတိထားမိတဲ့ လင်ယုယန် ပြန်ပြုံးပြလိုက်သည်။

"စိတ်မပူပါနဲ့ ဒေါ်လေး တစ်နေ့ကျရင် ဒီ အဖြူရောင်မြူခိုးဓားရဲ့ အစွမ်းကို ဒေါ်လေး တကယ် ခံစားခွင့် ပေးပါ့မယ်"

"ဟုတ်လား မျှော်လင့်နေပါ့မယ် ငါနဲ့ ယှဉ်ပြိုင်ဖို့ မင်း ဘယ်တော့ အရည်အချင်း ပြည့်မီမလဲ ဆိုတာ သိချင်နေတာ ဒါနဲ့ ငါ မနေ့က စတုတ္ထအဆင့်အနက်ရောင် ဘုရင် ဖြစ်သွားပြီ"

သန့်စင်သော သစ်သား ဝိညာဉ် စွမ်းအင် ထဲမှာ ရေချိုးနေရသလို ဖြစ်နေသဖြင့် လင်ရှီယွင်၏ ကျင့်ကြံခြင်း အဆင့် လျင်မြန်စွာ တိုးတက်လာခဲ့သည်။တစ်နှစ်တည်းနဲ့ လေးဆင့် တက်လာတာက အနက်ရောင် ဘုရင် အဆင့်အတွက် အလွန် မြန်ဆန်သော နှုန်းဖြစ်သည်။

"ဟီးဟီး ဒေါ်လေးက အံ့သြဖို့ ကောင်းလိုက်တာ အဲဒီလိုပဲ ဆက်ပြီး ဂုဏ်ယူနေပေးပါ"

ပြီးတော့ လင်ယုယန် ဓားကို ရုတ်တရက် လွှတ်လိုက်သည်။

နောက်တစ်စက္ကန့်မှာ အဖြူရောင်မြူခိုး ဓား သည် လင်ရှီယွင် ဆီသို့ လျှပ်စီးတစ်စင်းလို ပြေးဝင်သွားသည်။

အန္တရာယ်ကို အာရုံခံမိလိုက်တဲ့ လင်ရှီယွင် ရှောင်တိမ်းလိုက်ပေမယ့် လင်ယုယန်ရဲ့ ညံ့ဖျင်းတဲ့ စွမ်းရည်ကို လှောင်ပြောင်ဖို့ မပြင်လိုက်ရခင်မှာပဲ အဖြူရောင်မြူခိုးဓားက လေထဲမှာ ကွေ့ဝိုက်ပြီး သူမဆီ ပြန်လှည့်လာသည်။

"ချွင်"

အချိန်မီ မရှောင်နိုင်တော့သဖြင့် လင်ရှီယွင် ဓားကို ဆွဲထုတ်ပြီး ကာကွယ်လိုက်ရသည်။

{ဒါက အနက်ရောင် သခင် အဆင့် တစ်ယောက် ထိန်းချုပ်နိုင်တဲ့ စွမ်းအား ဟုတ်ရဲ့လား}

ဝိညာဉ်စွမ်းအင် မစုပ်ယူနိုင်သဖြင့် လွန်ခဲ့တဲ့နှစ်ဝက်အတွင်း လင်ယုယန်၏ ကျင့်ကြံခြင်း အများကြီး မတိုးတက်ခဲ့ပေမယ့် သူမ နှလုံးသားနဲ့ ဝိညာဉ်ကို အဖြူရောင်မြူခိုး ဓား အပေါ် ပုံအောထားခဲ့သည်။

ပြိုင်စံရှား ပစ္စည်းတွေနဲ့ ထုလုပ်ထားပြီး သစ်သား ဝိညာဉ် စွမ်းအင် နဲ့ အချိန်အကြာကြီး ပြုစုပျိုးထောင်ထားတာကြောင့် အဆင့်နိမ့်အနက်ရောင်အဆင့် မှော်ရတနာ တစ်ခု ဖြစ်နေပြီ။

ဒါကြောင့် အနက်ရောင် ဘုရင် တစ်ပါး ဖြစ်တဲ့ လင်ရှီယွင်တောင်မှ ဒီတိုက်ကွက်ကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားလိုက်ရသည်။

အဖြူရောင်မြူခိုး ဓား ကို ပုတ်ထုတ်လိုက်ပြီး လင်ရှီယွင် လင်ယုယန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

မှော်ရတနာတွေက ကိုင်ဆောင်သူရဲ့ အင်အားကို မြှင့်တင်ပေးနိုင်တယ်။ ဒါပေမဲ့ ကိုင်ဆောင်သူက ထိန်းချုပ်နိုင်မှသာ ဖြစ်သည်။

အနက်ရောင် ဘုရင်တစ်ပါးနဲ့ ယှဉ်တိုက်နိုင်လောက်တဲ့ ဓားတစ်လက်က သေချာပေါက် သူ့သခင်ကို ပြန်ဝါးမြိုဖို့ အခွင့်အရေး ချောင်းနေသင့်တာ။

ဒါပေမဲ့ ဒီဓားကတော့ နေ့တိုင်းလင်ယုယန် ရင်ခွင်ထဲမှာ လိမ္မာစွာ ခိုအောင်းနေပြီး ပုန်ကန်မယ့် အရိပ်အယောင် လုံးဝ မပြဘူး။

လင်ရှီယွင် အံ့သြစွာ ကြည့်နေစဉ် အဖြူရောင်မြူခိုး ဓား သည် သူမပတ်လည်တွင် လျင်မြန်စွာ လှည့်ပတ်လာပြီး အဖြူရောင် မြူခိုးလှိုင်းလုံးများ ထုတ်လွှတ်လိုက်သည်။

{သူ့သဘောနဲ့သူ တိုက်ခိုက်နေတာလား}

လင်ရှီယွင် ပိုပြီး အံ့သြသွားသည်။

လင်ယုယန်ရဲ့ လက်ရှိ ကျင့်ကြံခြင်း အဆင့်နဲ့ ဓားတစ်လက်ကို အဝေးကနေ ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူး။

ထင်ရှားတာက အဖြူရောင်မြူခိုး ဓား က သူ့ဆန္ဒနဲ့သူ တိုက်ခိုက်နေတာပဲ။

{ဒီ လက်နက်ဝိညာဉ် က တတိယအဆင့် ရောက်နေလောက်ပြီ}

လက်နက်ဝိညာဉ်တွေက အင်အား ကွာခြားကြပြီး ကောင်းကောင်း ပြုစုပျိုးထောင်လေ အဆင့်မြင့်လေ ဖြစ်သည်။

ဒါပေမဲ့ လက်နက်ဝိညာဉ် တစ်ခုကို အဆင့်မြှင့်တင်တာက ကျင့်ကြံသူ တစ်ယောက် အဆင့်တက်တာထက် ပိုခက်ခဲသည်။

နိုးထကာစ အဆင့်ကနေ နှစ်ဝက်အတွင်း တတိယအဆင့် ရောက်သွားတာက သူမ လေးဆင့် တက်သွားတာထက်တောင် ပိုပြီး ယုတ္တိမရှိ ဖြစ်နေသေးသည်။

သူမ တွေးတောနေစဉ် အဖြူရောင် မြူခိုးများက သူမကို လုံးဝ လွှမ်းခြုံသွားသည်။

ဒါက သာမန် မြူခိုး မဟုတ်မှန်း သူမ ချက်ချင်း သိလိုက်သည်။ သူမရဲ့ အမြင်အာရုံတင်မကဘူး တခြား အာရုံခံစားမှု လေးခုလုံးကိုပါ ထိခိုက်စေသည်။

"ချွင်"

နောက်ထပ် ကြည်လင်ပြတ်သားသော သတ္တုချင်း ရိုက်ခတ်သံ တစ်ခု ထွက်ပေါ်လာပြီး လင်ရှီယွင် အလစ်ဝင် တိုက်ခိုက်မှုကို သီသီလေး ကာကွယ်လိုက်ရသည်။

"ကျား မဟိန်းလို့ ကြောင်နာလေး ထင်နေလား"

သူမ အစွမ်းကုန် ထုတ်ပြီး အဖြူရောင်မြူခိုး ဓား ကို သေချာ ပညာပေးဖို့ ပြင်လိုက်ချိန်မှာပဲ "တော်တော့" ဆိုတဲ့ တိုးညင်းတဲ့ အသံကို ကြားလိုက်ရသည်။

နောက်တစ်စက္ကန့်မှာ မြူခိုးများ ပျောက်ကွယ်သွားပြီး အဖြူရောင်မြူခိုး ဓား က ကျန်းပေရန် ဆီ ပျံသန်းသွားကာ သူ့ကို ချစ်ခင်စွာ ပွတ်သပ်နေသည်။

ဆိုရိုးစကား ရှိတယ်မလား….. "သခင်နဲ့ တပည့် တူတယ်" တဲ့။

အဖြူရောင်မြူခိုး ဓား ကို ကျန်းပေရန် ထုလုပ်ပေးခဲ့ပြီး လင်ယုယန်ရဲ့ ခံစားချက်တွေနဲ့ အချိန်အကြာကြီး ပြုစုပျိုးထောင်ခဲ့တာဆိုတော့ ကျန်းပေရန်ကို သဘောကျတာ သဘာဝပါပဲ။

တိမ်တိုက် ကျောက်စိမ်းရိုင်း နဲ့ ထုလုပ်ထားတဲ့ အဖြူရောင်မြူခိုး ဓား ကို ကြည့်ရင်း ကျန်းပေရန် ပြုံးပြီး ဓားသွားကို ပွတ်သပ်ပေးလိုက်သည်။

"အာ"

အဝေးကနေ လင်ယုယန် ရုတ်တရက် ညည်းသံ သဲ့သဲ့လေး ပြုလိုက်ပြီး ပါးပြင်များ ရဲတက်လာသည်။

အချိန်အကြာကြီး အတူနေလာပြီးနောက် အဖြူရောင်မြူခိုး ဓား ကို သူမရဲ့ အစိတ်အပိုင်း တစ်ခုလို သဘောထားခဲ့တာ ကြာပြီ။

အခု သူမရဲ့ "အခြားခန္ဓာကိုယ်" ပွတ်သပ်ခံနေရတော့ သူမလည်း ခံစားလိုက်ရသည်။

{အစ်ကိုကြီး ပိုပြင်းပြင်းလေး ဖိပေးပါ}

{ယန်အာ ကြိုက်တယ်}

All Chapters