← Chapters

မြင့်မြတ်သော နတ်ဆိုး ... ။

Vol. 56 Ch. 667

မြင့်မြတ်သော နတ်ဆိုး ... ။

Vol. 56 Ch. 667

ထိုအချိန်တွင် စာပေသမားအမျိုးသားသည် လေးနက်သောအသွင်ဖြင့် အမျိုးသမီးထံဦးတည် တိုက်ခိုက်နေပြီဖြစ်၏။

“ ဝုန်း ... ။ ”

လက်ထဲရှိ ကောင်းကင်သွေးမီးဖိုကို အသက်သွင်းခဲ့ပြီး အရိုးသံကြိုးအပေါ် ဖြေရှင်း နေခဲ့သည်။ တိုက်ပွဲသည် ကောင်းကင်နှင့် မြေကြီးကို တဟုန်ထိုးတုန်လှုပ်စေ၏။

များမကြာခင်မှာပင် မရဏကမ္ဘာ ငရဲစုန်းမသည်နိမ့်ပါးသည့် အမူအရာ ပြလာ၏။ စာပေသမားသည် အမျိုးသားသည် တစ်ချိန်က အမည်ဆိုးဖြင့် ကျော်ကြားသော နတ်ဆိုး ဧကရာဇ် မုယွင်ချီဖြစ်သည်။

မုယွင်ချီ၊ ဖေးကောင်းတုံနှင့် တျန်ကျိသည် ထိုစဉ်က ရွှမ်ယုအဆင့် အထွတ်အထိပ်တွင် တည်ရှိနေခဲ့ကြ၏။

“ ဟမ့် ... ။ ”

သို့သော် သက်ပြင်းချသံနှင့်အတူ နောက်ထပ်တစ်စုံတစ်ယောက် အမှောင်ထဲမှ လှမ်းထွက်လာတော့သည်။

ဤသည်မှာ သွေးနီရောင်ဘောင်းဘီဖြင့် တစ္ဆေဘုန်းကြီးတစ်ပါးဖြစ်၏။ ခန္ဓာကိုယ်သည် အနက်ရောင်မြူများ ရစ်သိုင်းနေသည်။

“ ဘုန်းကြီးတစ္ဆေ ... ။ ”

ဘုန်းကြီးများ၏ အပြစ်တန်ခိုးမှ ဖြစ်ပေါ်လာသော တစ္ဆေကြီးတစ်ကောင်ပေပင်။ တစ္ဆေဘုန်းကြီးက သွေးနီကြာပန်းစင်ပေါ်တွင် ရပ်လျက် ဦးခေါင်းခွံများဖြင့် ဖန်တီးထားသော ပုတီးတစ်ကုံးကို ရေတွက်နေ၏။

(ပုတီးစိပ်ခြင်း။)

သူ့ပခုံးပေါ်တွင် ပုပ်ပွနေသော ခန္ဓာဖြင့် ကလေးငယ်တစ်ယောက် လိုက်ပါလာနေသည်။ ထိုကလေးမျက်နှာသည် အပြစ်ကင်းစင်ပြီး မျက်လုံးများက နီမြန်းနေချေပြီ။

“ ကလေးတစ္ဆေ။ ”

ငရဲစုန်းမ၊ ဘုန်းကြီးတစ္ဆေနှင့် ကလေးတစ္ဆေတို့သည် မရဏကမ္ဘာအတွက် ထိပ်တန်းအပြစ်၏တန်ခိုးများ ဖြစ်ချေပြီ။ အရိုးမိစ္ဆာထက် အဆင့်မြင့်၏။

“ ဝှစ် ... ။ ”

ဘုန်းကြီးတစ္ဆေက အရိုးပုတီးကို ကိုင်လျက်ဖြင့်လက်အုပ်ချီကာ ဗုဒ္ဓကျမ်းစာများ၊ မန္တန်များ စတင်ရွတ်ဖတ်‌တော့၏။

“ အသက်ဝင် ... ။ ”

စာပေသမားအမျိုးသားခမျာ အပြစ်များပွက်ပွက်ဆူလာပြီး ကျမ်းစာအသံကို ခုခံရန် သွေးမီးဖိုကို ပုတ်လိုက်သည်။

“ သွား ... ။ ”

ကလေးတစ္ဆေက ပုပ်ပွနေသော အတောင်ပံများဖြင့် ငှက်မိစ္ဆာပေါက်ကလေးကို ဆင့်ခေါ်ကာ အမိန့်ပေးလိုက်သည်။

“ ဟမ့် ... ။ ”

ရုတ်တရက် ကောင်းကင်မှ ဆင်းသက်လာသော အရိုးဖြူတောင်တန်းကြီးထံ မော့ကြည့်ကာ စာပေသမားအမျိုးသားမှ ချက်ချင်းရှောင်တိမ်းတော့၏။

“ ချိုးဖြတ် ... ။ ”

တစ်ဆက်တည်းမှာပင် ငှက်မိစ္ဆာထံ ကောင်းကင်သွေးမီးဖိုဖြင့် ပစ်ပေါက်ဟန့်တား လိုက်ရသည်။

“ ဖရူး ... ။ ”

“ ဝုန်း ... ။ ”

တစ္ဆေသုံးကောင်၏ တုနှိုင်းမယှဉ်နိုင်သော ရက်စက်ကြမ်းကြုတ်မှုများသည် ပြင်းထန်လွန်း ချေပြီ။

တရားစီရင်ရေးဌာနတွင် နှစ်များစွာ ဖိနှိပ်ခံခဲ့ရသဖြင့် စာပေသမားအမျိုးသားသည် တာအိုအုတ်မြစ် ဆုတ်ယုတ်နေပြီဖြစ်သည်။

ထို့ကြောင့် တစ္ဆေသုံးကောင်ကို ထိပ်တိုက်ရင်ဆိုင်ရန် အစွမ်းမရှိတော့သည်မှာ သဘာဝပေပင်။ စုရီမှ ကောင်းကင်ရှိတိုက်ပွဲထံ တစ်ချက်ကြည့်ကာ ကျန်နှစ်ယောက်ကို ခေါ်ထုတ်လိုက်သည်။

ကြာပန်းမီးအိမ်မှ အလင်းတန်းများ တိုးထွက်လာပြီး တျန်ကျိနှင့် ဖေးကောင်းတုံတို့ ပေါ်လာ၏။ ထို့နောက်တွင် စုရီကို ဦးညွှတ်ကာ ကောင်းကင်ပေါ် ‌မော့ကြည့်လျက် ရိပ်ခနဲ ပျောက်ကွယ်သွား၏။

“ ဒီစုန်းမကို ငါ့ဆီထားခဲ့။ ”

များမကြာခင် တျန်ကျိတစ်ယောက် မရဏကမ္ဘာငရဲစုန်းမအနား ထွက်ပေါ်လာကာ တိုက်ခိုက်တော့သည်။ ဖေးကောင်းတုံက ကလေးတစ္ဆေထံဦးတည်၏။

သူ့အသွင်သည် အမြင့်ပေ တစ်ထောင်ခန့်ရှိသောသားရဲအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကာ ကလေးတစ္ဆေကို ပါးရိုက်ချလိုက်သည်။

လက်တစ်ဖက်သည် တောင်ကြီးတစ်လုံးကဲ့သို့ အပြစ်သားကလေး တစ္ဆေထံ ဝင်ရောက်သွား၏။

“ ဘုန်းကြီးလေး ဒီကိုလာ ... ။ ”

ထိုမြင်ကွင်းကြောင့် စာပေသမား အမျိုးသားသည် ကောင်းကင် သွေးမီးဖိုကိုဖွင့်ပြီး ဘုန်းကြီးတစ္ဆေထံ ဦးတည်လိုက်‌တော့သည်။

ကောင်းကင်ကြီးတစ်ခုလုံး ကမောက်ကမဖြစ်လာ၏။ ထွက်ပေါ်လာသော ဖျက်ဆီးခြင်းစွမ်းအင်သည် ကြီးမားလွန်းသဖြင့် တောင်နှင့်မြစ်များ ပျက်သုန်းကုန်သည်။

မြို့တော်ရှိ အကာအကွယ်ဝင်္ကပါသည် တစ်ချိန်လုံး အသက်ဝင်လျက် ထိုစွမ်းအင်ကို ချေဖျက်ပေးနေရ၏။

မြေပြင်တွင် နတ်ဆိုးစစ်တပ်သည်လည်း မြို့ရိုးအပေါ်ထိုးဖောက်ရန် ချည်းကပ်လာသည်။ သို့သော် ၎င်းတို့အားလုံးနီးပါးသည် ‌ရွှေကျီးကန်း လေးကောင်ကြောင့် ပျက်သုဉ်းနေဆဲဖြစ်၏။

အချိန်များတရွေ့ရွေ့ကုန်လွန်လာသည်။ အမှောင်ထဲမှ ငရဲကျီးကန်းမှာ ထွက်ပေါ်လာခြင်း မရှိသေးသောကြောင့် စုရီတစ်ယောက် ပျင်းရိလာတော့၏။

မိုးလင်းရန် နှစ်နာရီမျှ အလိုတွင် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေများကို သည်းမခံနိုင်တော့ဟန်ဖြင့် အခြားသော အရိပ်ကြီးတစ်ရိပ် ထွက်ပေါ်လာသည်။

“ မကောင်းဆိုးရွားဘုရင် ... ။ ”

ဤသည်မှာ အရိုးချပ်ဝတ်ဖြင့် ထောင်ပေါင်းများစွာမြင့်သော အမှောင်ဘုရင် ဖြစ်သည်။

သူ့ဦးခေါင်းသည် အိမ်တစ်လုံး အရွယ်အစားရှိပြီး လက်ထဲတောင်ကြီးတစ်လုံး ကဲ့သို့ အရိုးလှံကို ကိုင်ဆောင်ထားသည်။

ခြေလှမ်းတိုင်းတွင် မရေမတွက်နိုင်သော အပြစ်များ ပါရှိနေသည်။ သရဲတစ္ဆေများသည် ခုန်ပျံထွက်ခွာလိုခဲ့သော်လည်း မည်သူမျှ မလွတ်မြောက်နိုင်ခဲ့ချေ။

ယင်းသည် ကောင်းကင်နှင့် မြေကြီးကြားတွင်ရွေ့လျားနေသော သက်ရှိ အပြစ်သန့်စင်ခြင်းကမ္ဘာနှင့်တူသည်။

ခွန်အားသည် ရွှမ်ယုအဆင့်နှင့် ယှဉ်နိုင်ချေ၏။ ဘုန်းကြီးတစ္ဆေ၊ ငရဲစုန်းမနှင့် ကလေးတစ္ဆေတို့ထက် သာလွန်သော အဆင့်တွင် ဖြစ်သည်။

“ ဒီမကောင်းဆိုးရွားမှာ ... သန့်စင်ခြင်းတာအိုနဲ့ ပတ်သတ်တဲ့ ပဏာမ စွမ်းအင် ရှိတယ်။ ”

စုရီက စိတ်ဝင်စားသွားသည်။ မရေမတွက်နိုင်သော ဒေါသနှင့် သရဲတစ္ဆေများ ပေါင်းစပ်ကြကာ အမှောင်ဘုရင်အဖြစ် ပေါင်းစည်းလာခြင်းပေပင်။

“ တွားသွားကောင် ... အဲဒီကောင်ကို သွားနှိပ်လာခဲ့။ ”

စုရီက ချက်ချင်း အမိန့်ပေးသည်။ ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်အတွင်း ပိန်ပိန်ပါးပါးပုံသဏ္ဍာန် ထွက်ပေါ်လာ၏။

အသွင်သဏ္ဍန်အရ ထူးထူးခြားခြား မဟုတ်သော်လည်း သူထွက်လာသောအခါတွင် ပြင်းထန်သောရောင်ဝါသည် ကောင်းကင်ကို လွင့်စင်သွားစေ၏။

“ မြင့်မြတ်သောနတ်ဆိုးရောင်ဝါ ... ။ ” 

တျန်ကျိတို့သုံးဦးမှ သက်ပြင်းချလိုက်တော့သည်။ အမှောင်ဘုရင် ထွက်ပေါ်လာခြင်းသည် သူတို့သုံးဦးကို မသက်မသာဖြစ်‌စေ၏။ 

ယခုမူ ထိုအဖိုးကြီးထွက်လာပြီ ဖြစ်သောကြောင့် တိုက်ပွဲအပေါ်သာ သုံးဦးစလုံး အာရုံနိုင်ခဲ့သည်။ ဤအဖိုးအိုသည် နှစ်ပေါင်း ကိုးသောင်းတိုင်အောင် ကောင်းကင်တောင်၏ သန့်စင်ခြင်းအောက်၌ ရှင်သန်နိုင်၏။

သူနှင့်ခေတ်ပြိုင်ဖြစ်သော နတ်ဆိုးများအားလုံး အကျဉ်းထောင်အတွင်း သေဆုံးကုန်ပြီဖြစ်သည်။

“ မင်းတို့သုံးယောက်စလုံး နောက်ပြန်ဆုတ်ကြ။ ”

အဘိုးအိုက ကောင်းကင်၌ ရိပ်ခနဲပေါ်လာကာ အမိန့်ပေးလိုက်ပြီးနောက် သူ့လက်ကိုလှမ်းဆွဲ၏။

“ ဟမ့် ... ။ ” 

တျန်ကျိနှင့် တိုက်ခိုက်နေသော ငရဲစုန်းမသည် သွေးနီရောင်အကြေးခွံများဖြင့် လက်ကြီးတစ်ဖက်မှ ဖမ်းယူခြင်းခံလိုက်ရ၏။ ထိုမြင်ကွင်းသည် ကြက်ကလေးတစ်ကောင် ကဲ့သို့ ငရဲစုန်းမကို ထင်မှားစေသည်။

ထို့နောက် အဖိုးအိုက သူမကိုမြှောက်ကာ ပါးစပ်ဟပြီးကိုက်ဝါးလိုက်တော့သည်။ အရိုးများ ကျိုးကြေလျက် အပြစ်များသည် အခိုးအငွေ့ ကဲ့သို့ အဖိုးအိုပါးစပ်အတွင်းမှ ပျံထွက်နေ၏။

ယင်းသည် အသားကင်ပူပူကို ကိုက်ဝါးနေသည်နှင့်တူသည်။ ထိုအခိုက်အတန့် အတွင်း အဘိုးအိုသည် အရသာခံစားလိုက်ရ သကဲ့သို့ နှုတ်ခမ်းများကို သပ်လိုက်တော့၏။

ငရဲစုန်းမကို တစ်ချက်တည်းဖြင့် ဝါးစားလိုက်သော မြင်ကွင်းက စွေ့ချောင်းအာ နှလုံးသားကို တုန်လှုပ်သွးစေသည်။

နဂါးဘုရင်သည် အစွမ်းထက်ကြောင်း သိခဲ့သော်လည်း ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။

စုရီသာလျှင်တည်ငြိမ်နေ၏။ ဤတွားသွားသတ္တဝါအိုကြီးသည် အမှောင် နဂါးသွေးမှ မွေးဖွားလာသော ဝိညာဉ်သားရဲဖြစ်သည်။

၎င်းကို နှိမ်နင်းရန် ထိပ်တန်း မျိုးနွယ်စုများစွာက ပေါင်းစပ်ကြိုးပမ်းမှု ပြုခဲ့ရသည်။

စွေ့လုံရှင်းသည်သာ ဤသတ္တဝါကို မနှိမ်နင်းခဲ့ပါက ဧကရာဇ်နယ်ပယ်အပေါ် ဖြတ်ကျော်ဝင်ရောက်ရန် အခွင့်အရေး ရနိုင်ပေမည်။

နှစ်ပေါင်း ကိုးသောင်းကြာ ဖိနှိပ်ခံရပြီးသည့်တိုင် ထိုသို့သောကြောက်စရာ ကောင်းသည့်သတ္တဝါသည် သာမန် ဧကရာဇ်များထက် အဆပေါင်းများစွာ ရက်စက်ကြမ်းကြုတ်နေဆဲဖြစ်၏။

တျန်ကျိ၊ဖေးကောင်တုံနှင့် စာပေသမား အမျိုးသားတို့သည် မြို့ရိုးအထက်သို့ပြန်လည် ဆုတ်ခွာလိုက်ကြသည်။

တစ်ဆက်တည်းမှာပင် အပြစ်သားကလေးငယ်နှင့် ဘုန်းကြီးတစ္ဆေ တို့သည်လည်း လွတ်ရာသို့ ချက်ချင်း ဆုတ်ခွာသွားကုန်၏။

“ ဝှစ် ... ။ ”

ထိုစဉ် အမှောင်ဘုရင်က အဖိုးအိုထံ လှံဖြင့်ထိုးချလိုက်လေသည်။ လှံဖြတ်သန်းရာ လမ်းတလျှောက် လေဟာနယ်အက်ကွဲလာ၏။

“ ဟမ့် ... ။ ”

အဘိုးအို၏ မျက်ဝန်းများက ရွှေရောင် အလင်းဖျော့ဖျော့များ လင်းလက်လာပြီး လှံကို ပုတ်ထုတ်လိုက်သည်။ သွေးနီရောင် အကြေးခွံများနှင့် လက်သည်းတစ်ဖက် လှံထံဦးတည်သွားတော့၏။

“ ဘန်း ... ။ ”

လှံနှင့် လက်သည်းကြီးထိမှန်ကာ အသီးသီးနောက်ဆုတ်လိုက်ရသည်။ အဘိုးအိုက လေထဲပျောက်ကွယ်သွားကာ အသွင်ပြောင်း လိုက်တော့သည်။

နောက်အခိုက်အတန့်တွင် ပေတစ်ထောင်ရှည်လျားသော သွေးနီရောင် နဂါးကြီး ကောင်းကင်၌ ထွက်ပေါ်လာ၏။

ခန္ဓာကိုယ်ပေါ်တွင် သွေးနီရောင် အကြေးခွံများဖုံးအုပ်ထားပြီး တောင်တန်းကြီး တစ်ခုကဲ့သို့ ကြီးမားနေချေပြီ။

***

All Chapters