← Chapters

ပြန်လာခဲ့ ... ။

Vol. 56 Ch. 668

ပြန်လာခဲ့ ... ။

Vol. 56 Ch. 668

သွေးနီရောင်နဂါးကြီး ပေါ်လာသည်နှင့် ပြိုင်ဆိုင်မှုကင်းသော ရက်စက်ကြမ်းကြုတ်ခြင်း အငွေ့အသက်များ ပတ်ဝန်းကျင်အပေါ် ဖုံးလွှမ်းလာသည်။

“ ဇွိ ... ။ ”

“ ဝူး ... ။ ”

လက်သည်းတစ်ချက် ကုပ်ဆွဲလိုက်ရုံဖြင့် အမှောင်ဘုရင်ကို ခြေလှမ်းပေါင်းများစွာ ပြန်၍ ဆုတ်သွားစေသည်။

ထို့နောက် အမှောင်ဘုရင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့လှံကိုထုတ်ကာ ရှေ့သို့ အားသွင်းလာ၏။

ပေတစ်ထောင်မြင့်မားသည့် သူ့ခန္ဓာကိုယ်သည် ရွေ့လျားနေသော မီးတောင် တစ်လုံးအလား ရောင်ဝါများ တဟုန်းဟုန်း တောက်လောင်လာသည်။

“ ဝူး ... ။ ”

သွေးနဂါးသည် ခြေသည်းများ တောက်ပြောင်စေလျက် ပြင်းထန်သော တိုက်ပွဲကို တုန့်ပြန်ဆင်နွှဲတော့၏။

“ ဝုန်း ... ။ ”

ဧရိယာကို လွှမ်းခြုံသွားသော မငြိမ်မသက်မှုများ၊ အပျက်သဘောဆောင်သည့် လှိုင်းလုံးများ စသည်တို့သည် ပေါက်ကွဲ ပြန့်ကားသွား၏။

အမှောင်ဘုရင်သည် အလယ်အလတ် ရွှမ်ယုအဆင့်ကျင့်ကြံသူကဲ့သို့ အစွမ်းထက်၏။ သန့်စင်ခြင်းနှင့်ဆိုင်သော ပဏာမစွမ်းအားကို ကိုင်စွဲလျက် သတ်ပစ်ခြင်း ရည်ရွယ်ချက်မှာ လွှမ်းမိုးနေသည်။

တစ်ဖက်တွင် သွေးနဂါးသည် ပို၍ပင် အားကောင်းသည်။ ၎င်းခြေသည်းလှုပ်တိုင်း ကောင်းကင်ကိုခုတ်ထစ်နေသော ဓားနှင့်တူပြီး အမှောင်ဘုရင်ကို ဒဏ်ရာပေးနိုင်၏။

“ ဝူး ... ။ ”

နောက်ဆုံးတွင် ရှည်လျားသော ဟောက်သံနှင့်အတူ သွေးနဂါးက ပါးစပ်ဖွင့်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိနေသောပြိုင်ဘက်ကို မျိုချလိုက်လေသည်။

“ ဝှစ် ... ။ ”

ထိုမြင်ကွင်းသည် အလွန် ကြောက်စရာကောင်းပြီး တုန်လှုပ်စေ၏။ နောက်အခိုက်အတန့်တွင် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက် စုရီအနား ပြန်လည် ရောက်ရှိလာသည်။

တစ်ဆက်တည်းမှာပင် ပါးစပ်ဖွင့်ကာ တံဆိပ်ခတ်ထားသည့် ကြက်သွေးရောင်အလင်း ဘောလုံးကို ထွေးထုတ်လိုက်၏။

“ လက်ခံပါ သခင်စု။ ”

ထို့နောက် အဘိုးအိုသည် ကြက်သွေးရောင်အလင်းဘောလုံးကို လက်နှစ်ဖက်ဖြင့် ပေးအပ်သည်။

စုရီသည် အမှောင်ဘုရင်ကို နှိမ်နှင်းရန်သာ စေခိုင်းသဖြင့် မသတ်ဝံ့တော့သည်မှာ သဘာဝ ပေပင်။ စုရီက ကြက်သွေးရောင် အလင်းလုံးကို ယူလျက် အဝေးသို့မော့ကြည့်လိုက်၏။

ထိုအရပ်တွင် အေးစက်ပြီး အုံ့မှိုင်းနေသောအသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

“ နဂါးမိစ္ဆာကြီး ... ဟိုတုန်းက မင်းဟာ နတ်ဘုရားနဲ့ ဗုဒ္ဓကိုတောင် မထီမဲ့မြင်ပြုဝံ့တယ် အခုတော့ မင်းဟာ အရိုးမဲ့ပိုးမွှားတစ်ကောင်လို တကယ်စိတ်ပျက်စရာ ကောင်းတာပဲ။

ထိုအသံထွက်ပေါ်လာချိန်၌ ဘုန်းကြီးတစ္ဆေနှင့် အပြစ်သားကလေးငယ်သည် မလှုပ်မယှက် ငြိမ်သက်သွားတော့၏။

တစ်ချိန်က ရုန်းရင်းဆန်ခတ်နှင့် ဖရိုဖရဲဖြစ်နေသော စစ်မြေပြင်သည်လည်း အမှောင်ထုနှင့် သွေးမြူခိုးများရစ်သိုင်းလျက် တိတ်ဆိတ်သွားလေသည်။

အဘိုးအိုက အံ့သြသွားပြီး ရွှေရောင် ဖျော့ဖျော့မျက်လုံးများဖြင့် အဝေးသို့ ပြန်မော့ ကြည့်လိုက်၏။

“ ငါ့ကို လှောင်ပြောင်ဝံ့တဲ့ ... မင်းကဘယ်သူလဲ။ ”

“ မင်းသူ့ကို မမှတ်မိဘူးလား ... ငရဲကျီးကန်းလေးတစ်ကောင်ပါ။ ”

စုရီက ပြုံးလျက် ဖြေကြားပေးသည်။ အဖိုအိုတစ်ယောက် မျက်လုံးများ သိသိသာသာ ကျဉ်းမြောင်းသွားတော့၏။

“ ဒါဆို ဒီကျီးနက်က ပရမ်းပတာနဲ့ ဘေးဥပဒ်ရဲ့စွမ်းအားကို ... ထိန်းချုပ်ထားနိုင်တဲ့ ငှက်ဆိုးကြီးပေါ့။ ”

“ မင်း ... ကြောက်လား။ ”

စုရီက မေးသည်။ အဘိုးအိုက ခေါင်းညိတ်လိုက်၏။

“ မရဏကမ္ဘာမှာ ဒီလိုမျိုးယုတ်မာတဲ့ ငှက်ဆိုးကို ဘယ်သူမဆို ကြောက်တတ်ကြတာ သဘာဝပါပဲ။ ”

ဤအခိုက်အတန့်တွင် ကြီးမား၍ မြင့်မားသော သွေးနီရောင်တောင်တန်းကြီး ကောင်းကင်၌ပေါ်လာ၏။

ထိုတောင်တန်းပေါ်လာသည်နှင့် မရေတွက်နိုင်သော နတ်ဆိုးများအပါအဝင် ဘုန်းကြီးတစ္ဆေနှင့် အပြစ်သား ကလေးငယ် တို့သည် ဦးညွှတ်လျက်ဆုတ်ခွာကုန်သည်။

သွေးနီရောင်တောင်တန်းသည် ပေတစ်ထောင်မြင့်မားပြီး ထူးဆန်းသော တာအိုရူရ်များဖြင့် ဖုံးလွှမ်းနေ၏။

တောင်တန်းတဝိုက်အလင်းများ ရေတံခွန်လိုဖြာကျနေသည်။ ၎င်းသည် သွေးနှင့် အပြစ်များ၏ လွှမ်းမိုးကြီးစိုးလိုသော ရောင်ဝါများဖြစ်ချေ၏။

သွေးနီရောင် တောင်တန်း၏ တောင်ထိပ်ပေါ်တွင် အနက်ရောင် ၀တ်စုံဝတ် လူတစ်ယောက်ရပ်နေသည်။

ထိုလူအသွင်သည် မရဏကမ္ဘာ၏ ဒဏ္ဍာရီလာနတ်ဘုရားနှင့်တူပြီး ဆန်းကြယ် လျှို့ဝှက်သော အလင်းရောင်များဖြင့် ဝန်းရံထား၏။

“ ဒီလူ ဘယ်သူလဲ ... ။ ”

တျန်ကျိ၊ စာပေသမားအမျိုးသားနှင့် ဖေးကောင်တုံသည် ဦးရေပြားများ နာကျင် ကိုက်ခဲမှုကို ခံစားလိုက်ရသည်။

တစ်ဆက်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော ခြိမ်းခြောက်မှုတစ်ခု လေထုထဲ ပြန့်လွင့်ကျရောက်လာ၏။

“ အရမ်းအစွမ်းထက်တယ် ... ။ ”

စွေ့မိသားစုသည် ရှေးခေတ်တည်းက မီးပုံးပွဲတော်တွင် ဘေးဆိုးများစွာကို ကျော်လွှား ထားဖူးသည်။ သို့သော် ဤမျှကြောက်မက်ဖွယ် ကောင်းသောသတ္တဝါမျိုးကို ယခုအကြိမ် ပထမဆုံးကြုံတွေ့လာရခြင်းဖြစ်၏။

“ အမှောင်ည ကျေးကျွန် ... ။ ”

ထိုမြင်ကွင်းကြောင့် အဘိုးအို၏ ရွှေရောင်ဖျော့ဖျော့မျက်လုံးများ တဖျပ်ဖျပ် ခတ်လာကာ ထိတ်လန့်သွားလေသည်။

အမှောင်ညကျေးကျွန်များဟူသည် ရှေးခေတ်ဒဏ္ဍာရီများတွင် မရဏကမ္ဘာဘုရင်၏ အစောင့်များဖြစ်ကြပြီး ဘေးဆိုး၊ အပြစ်နှင့် ပရမ်းပတာကဲ့သို့ တန်ခိုးများ ကိုင်စွဲထား၏။

သေလွန်သူများအတွက် ထင်ရှားပြသမှုများကို ဖော်ညွှန်းပေးနိုင်သည်။ ယခုခေတ်လူငယ်များအတွက် ဤသည်မှာ ဒဏ္ဍာရီများသာဖြစ်ကြပြီး မမြင်ဖူးကြချေ။

“ ဒီကျီးကန်းလေးက ကောင်းကင်ဒုက္ခ ချောက်ကမ်းပါးထဲက အမှောင်ညကျေးကျွန်ကို တကယ်ခေါ်လာတာပဲ ... ဒီညသူ့ရဲ့ ရည်ရွယ်ချက်က ဘာများလဲ။”

ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေလျက်ဖြင့် စုရီကမေးစေ့ပွတ်ကာ စိတ်ဝင်စားမှုအချို့ ပြသလာသည်။

ယခင်ဘဝတွင် မှားယွင်းစွာ သေဆုံးခြင်းမြို့တော် အတွင်းဝင်ရောက်ပြီး အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေများအနက် တစ်ခုဖြစ်သည့် ကောင်းကင်ဒုက္ခ ချောက်ကမ်းပါးထဲ ဝင်ရောက်ခဲ့ဖူးသည်။

ရှေးခေတ်တည်းက တည်ရှိခဲ့သော မှောင်မိုက်ညကျေးကျွန်များသည် ထိုနေရာ၌ ရှင်သန်နေထိုင်ကြောင်း သိထား၏။

ကံမကောင်းစွာဖြင့် ထိုနယ်မြေသည် ကျယ်ပြောပြီး အမှောင်ညကျေးကျွန်များကို ဖမ်းမိခြင်းမရှိခဲ့ချေ။

ယခုမူကျီးကန်းသည် ထိုကျေးကျွန်များကို သူနှင့်အတူ ယူဆောင်လာနိုင်ခဲ့၏။ အခါအခွင့် သင့်ချေပြီ။

“ မကောင်းဆိုးဝါးနဂါး ... မင်းကို အခွင့်အရေးပေးမယ် အခုထွက်သွားပါ မင်းရဲ့ အသက်ကို ငါနှမြောမယ် ... မဟုတ်ရင် ငါ့ကို မယဉ်ကျေးတာ အပြစ်မတင်နဲ့။ ”

အမှောင်ထုအတွင်း အေးစက်ပြီး အုံ့မှိုင်းနေသောအသံ ထွက်ပေါ်လာပြန်၏။ နဂါးအဘိုးအိုက၊

“ ငရဲကျီးကန်း ... ငါ့မှာလည်း မင်းအတွက် အကြံဉာဏ်တစ်ခုရှိတယ် ... ဒီနတ်ဆိုးတွေကို မြန်မြန်ခေါ်သွားလိုက်ရင် မင်းအသက်ကို ကယ်နိုင်ပါသေးတယ် ...

... မဟုတ်ရင် မင်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ မင်းရဲ့ဝိညာဉ်တောင်မှ ပျောက်ကွယ်သွားရလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်သည်။

ဤသည်မှာ အမှန်ပေပင်။ ဤငရဲကျီးကန်းအပေါ် သူသည် ကြောက်ရွံ့မှု အပြည့်ရှိသည်။

သို့သော် သူ့ဘေးနားရှိ ပျင်းရိစွာ လှဲလျောင်းနေသော လူငယ်လေးသည် မည်မျှ ကြောက်စရာကောင်းသည်ကို ပိုသိ၏။

ထို့ကြောင့် အခြားမည်သည့် အကြံအစည်ကိုမျှ မတွေးဝံ့ဘဲ ဤလူငယ်သည် သူ့ကိုချက်ချင်း သတ်ပစ်နိုင်သည်ဟူ၍ သံသယကင်းစွာသိနေခဲ့သည်။

“ ဟမ့် ... သေပြီးတဲ့နောက် ... မင်းရဲ့မာနတွေ ပျောက်သွားပြီလား ဟား ဟား ဟား ... နဂါးကြီး ... ငါမင်းကို တကယ် စိတ်ပျက်သွားပြီ။ ”

အဝေးရှိ အမှောင်ထုထဲတွင် ငရဲကျီးကန်း၏ ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ်လာ၏။

ထို့နောက် သွေးနီရောင်တောင်တန်းသည် ရွေ့လျားလာပြီး အမှောင်ညကျေးကျွန်သည် မြို့တံခါးဆီသို့ ချဉ်းကပ်လာခဲ့သည်။

ထိုတောင်တန်း၏ ရောင်ဝါဖြင့်ပင် ကောင်းကင်ဘုံနတ်ဆိုးဧကရီတျန်ကျိနှင့် အခြား သူများကို မျက်နှာပျက်ယွင်းစေ၏။

“ လူတိုင်း ပြန်လာခဲ့ ... ။ ”

ထိုစဉ် စုရီ၏တည်ငြိမ်သောအသံ ထွက်ပေါ်လာသည်။ တျန်ကျိနှင့်အဖွဲ့အပါအဝင် အခြားသူများသည်လည်း သက်ပြင်းချလျက် မြို့အတွင်းသို့ ချက်ချင်းဆုတ်ခွာကုန်၏။

သူတို့သည် ကောင်းကင်အမိန့်တော် ကြာပန်းမီးပုံး၏ တန်ခိုးဖြင့် ချုပ်ကိုင်ထားခံရပြီး စုရီ၏အမိန့်ကို နာခံနေရသည်။

ထို့ကြောင့် အမှောင်ညကျေးကျွန်ကဲ့သို့ ရက်စက်ကြမ်းကြုတ်လွန်းသော သတ္တဝါလက်၌ အသေခံခိုင်းမည်ကို စိုးရွံ့နေခဲ့၏။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် စုရီသည် သူ့ကြိမ်ကုလားထိုင်မှ ထရပ်ကာ မြို့တံခါးကို စောင့်ကြပ်နေသော နဂါးသားတော်နှင့် နတ်ဆိတ်အပေါ် ရုတ်သိမ်းလိုက်သည်။

တရွေ့ရွေ့ နီးကပ်လာသော အမှောင်ညကျေးကျွန်ထံ မော့ကြည့်လျက်၊

“ ဦးလေးစု၊ ဒါက အရမ်းမြန်ပုံမပေါ်ဘူးလား။ ”

-ဟု စွေ့ချောင်အာမှဆိုသည်။

တိုက်ပွဲအတွင်း ပြင်းပြင်းထန်ထန် ခုခံနေသည့်အသွင်အပြင်ပင်မပြဘဲ ချက်ချင်း ဖွင့်ပေးလိုက်ခြင်းဖြစ်နေ၏။

“ သူတို့က မြို့ကိုတိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ် ... ဒါဆိုငါတို့ကဘယ်လိုများ ထိန်းထားနိုင်မှာလဲ ဒါပဲလေ။ ”

စုရီက ပေါ့ပေါ့ပါးပါး ပြောကြားလာသည်။ စကားဝိုင်းကိုနားထောင်နေသော အဘိုးအိုနှင့် အဖော်များသည် အကြည့်ချင်းဖလှယ်လျက် တိတ်ဆိတ်ကုန်၏။

ဘီလူးစုတစ်ခုခု ကြံစည်နေချေပြီ။ ထိုအချင်းအရာသည် သူ့ပြိုင်ဘက်များအတွက် ကောင်းသောအရာ မဟုတ်ကြောင်း ပြောနိုင်၏။

“ ဘုန်း ... ။ ”

ထိုစဉ်ကြက်သွေးရောင် တောင်တန်းကြီးသည် မြို့တံခါးကို ပြင်းစွာ ရိုက်ခတ်ပြီး တစ်မြို့လုံးကို တုန်လှုပ်သွားစေ၏။

စုရီနှင့် သူ့အဖွဲ့၏ ခုခံမှုမရှိသော် ရွှေကျီးကန်းဖျက်ဆီးခြင်းဝင်္ကပါ တစ်ခုတည်းနှင့် ထိုနတ်ဆိုးစစ်တပ်၏ ထိုးစစ်ကို ခံနိုင်ရည် မရှိလောက်အောင် ဖြစ်လာခဲ့သည်။

“ ဝုန်း ...။ ”

ခဏအကြာတွင် အရှေ့တံခါး ကျိုးကျသွားပြီးနောက် မရေမတွက်နိုင်သော နတ်ဆိုးများသည် ဒီရေကဲ့သို့တိုးဝင်လာ၏။

“ မြို့တံခါး ကျိုးပြီ ... ။ ”

သို့သော် မြို့တံခါးမဖောက်ဖျက်မီ ဘေးနှစ်ဖက်၌စောင့်ကြပ်နေသော နတ်ဆိတ်နှင့် နဂါးသားတော်ရုပ်တုများ ပျောက်ကွယ်နေ သည်ကို မည်သူမျှ သတိမထားမိကြချေ။

***

All Chapters