← Chapters

သားကောင်များ ... ။

Vol. 56 Ch. 669

သားကောင်များ ... ။

Vol. 56 Ch. 669

အရှေ့ဘက်တံခါး ပြိုကျသွားပြီးနောက် ကြီးမားသော နတ်ဆိုးတပ်ကြီးသည် ဒီရေကဲ့သို့ မြို့ထဲတိုးဝင်လာသည်။

“ ဖရူး ... ။ ”

နတ်ဆိုးများနှင့်အတူ အမှောင်ထဲမှ ကျီးနက်တစ်ကောင်သည် တိတ်တဆိတ် ပျံဝဲ လိုက်ပါလာ၏။

အတောင်ပံများသည် မဟူရာ အဆင်အသွေးရှိကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး အမှောင်ညကျေးကျွန်ပခုံးပေါ် ဆင်းသက်လိုက်သည်။

“ ထူးဆန်းတယ် ... စွေ့မိသားစုက ခုခံမှုလေးတောင် မပြုလုပ်ဘူးလား မင်းဘယ်လို ထင်လဲ။ ”

ကျီးနက်က သွေးနီရောင်မျက်လုံးများ တောက်ပလျက်မေးသည်။ အမှောင်ည ကျေးကျွန်မှ မြို့တော်ကို ငေးကြည့်ကာ၊

“ ရှုံးနိမ့်မှုကို ရှောင်လွှဲလို့ မရဘူးဆိုတာ သိလျက်နဲ့တော့ ဘယ်လိုလူတွေက အဓိပ္ပါယ်မဲ့ မိုက်မဲချင်နေဦးမှာလဲ။ ”

-ဟု ပြန်ဖြေသည်။

သူသည် အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး မီးခိုးညိုရောင် မျက်ဝန်းတစ်စုံ ကိုသာ ပေါ်လွင်စေ၏။ သူ့တစ်ကိုယ်လုံး ဖရိုဖရဲ ရောင်ဝါများဖြင့် သိမ်းထုပ်ထားသည်။

“ ဝှစ် ... ။ ”

ထို့နောက် လက်ဝှေ့ရမ်းလိုက်ရာ ထူးဆန်းသော တာအိုပုံစံများဖြင့် ဖုံးအုပ်သည့် ကြက်သွေးရောင်တောင်တန်းကြီးသည် တခဏချင်းကျုံ့ဝင်လာပြီး သွေးနီရောင် တံဆိပ်အဖြစ် ပြောင်းလဲလာချေပြီ။

“ ကောင်းပြီ၊ စွေ့မိသားစုရဲ့ လက်ရှိစွမ်းဆောင်ရည်တွေနဲ့ ... လှည့်စားချင် ရင်တောင် ငါတို့ကို မယှဉ်နိုင်သေးပါဘူး သွားရအောင် ဒီတစ်ခါ တရားစီရင်ရေး အပျက်အစီးတွေထဲမှာ ဝှက်ထားတဲ့ ရတနာကို ပြန်ယူရမယ် ... ။ ”

ထို့နောက်တွင် အမှောင်ညကျေးကျွန်နှင့် ကျီးနက်သည် မြို့တော်ထဲ ပြေးဝင်ပျောက်ကွယ် သွားတော့သည်။

တစ်ဆက်တည်းမှာပင် ဘုန်းကြီးတစ္ဆေနှင့် အပြစ်သားကလေးငယ်တို့ သည်လည်း လိုက်ပါ လာခဲ့၏။ သူတို့နောက်တွင် နတ်ဆိုးတပ်ကြီး လိုက်ပါလာသည်။

သူတို့အားလုံး၏ ပစ်မှတ်သည် တရားစီရင်ရေးဌာန၏ အပျက်အစီးများထံ ဖြစ်လေသည်။

***

“ ဟမ့် ... မြို့ရိုးပြိုကျသွားပြီ။ ”

ခရမ်းရောင်မြို့၏ မြောက်ဘက်တံခါး အမှောင်ထုထဲတွင် ရင်ခုန်စိတ်ရှုပ်ရှားနေသံများ ထွက်ပေါ်လာသည်။

သမိုင်းတစ်လျှောက်လုံးတွင် စွေ့မိသားစုသည် ခရမ်းရောင်မြို့၏ အုပ်စိုးရှင် ဖြစ်ကာ ဘေးဥပဒ်များမှ ကျော်လွှားနိုင်ခဲ့သည်။

ယနေ့တွင် ထိုအစဉ်အလာကို ဆုံးရှုံးသွားပြီဖြစ်၏။

“ ဒီညရဲ့ နတ်ဆိုးဒီရေတွေက ကြောက်စရာကောင်းတယ် တစ်သုတ်ပြီး တစ်သုတ် အလုံးအရင်းနဲ့ ရောက်လာနေတယ်... ဒီလိုစွမ်းအားမျိုးက အရင်က မြင်ဖူးသမျှထက် ကျော်လွန်နေတယ်။ ”

“ မှန်တယ် စွေ့လုံရှင်း အသက်ရှင် နေသေးရင်တောင် သူဒီလိုတိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ သံသယ ဖြစ်မိတယ်။ ”

“ အခု စွေ့လုံရှင်းမရှိချိန်မှာ ငရဲကျီးကန်း ပြန်ပေါ်လာတယ် ဒါကမြို့ပျက်စီးခြင်းရဲ့နိမိတ်ပဲ မဟုတ်လား။ ”

“ သွားရအောင် ... ရန်ကြွေးတွေ ရှင်းရမယ့်အချိန်ကျပြီ။ ”

ထို့နောက် အလင်းတန်းများအလား တစ်ယောက်ပြီးတစ်ယောက် ပျံသန်းသွားသည်။

ဤသည်မှာ ပညာရှင်ပုံစံအဘိုးအိုတစ်ဦး၊ ဓားသေတ္တာ လွယ်ထားသော အမျိုးသားတစ်ဦး၊ အရပ်ပုပုအဖိုးအိုတစ်ဦးနှင့် ပန်းတောင်းကိုင် အမျိုးသမီးတစ်ဦး စသည်တို့ဖြစ်၏။

ဤလူများသည် မတူညီသော အသွင်အပြင်ရှိနေသော်လည်း ရောင်ဝါသည် တူညီသောဧကရာဇ်အဆင့်ကိုပြသနေသည်။

သူတို့သည် ရှေးကျသော ချွယ်၊ ဟုန်၊ထိုက်တျန်မျိုးနွယ်စုများမှ ဘိုးဘေးအဆင့် အကြီးအကဲများဖြစ်ချေ၏။

သူတို့ကိုယ်သူတို့ ပုန်းကွယ်လျက် ခရမ်းရောင်မြို့ ကံကြမ္မာကို တိတ်တဆိတ် စောင့်မျှော်နေကြခြင်းပေပင်။

နတ်ဆိုးတပ်သည် မြို့‌တော်၏ အရှေ့ဘက်တံခါးကို ချိုးဖြတ်နိုင်သည့်အပေါ် မြင်ပြီးနောက် ယနေ့ညသည် စွေ့မျိုးနွယ်ကို ဖြုတ်ချရန် အကောင်းဆုံးဖြစ်ကြောင်း နားလည်လိုက်ကြ၏။

***

မြို့အတွင်း လှိုင်းလုံးကြီးကဲ့သို့ နတ်ဆိုးများသည် ထူထပ်စွာစီးဝင်လာနေပြီး လမ်းမများနှင့် လမ်းသွယ်များကြား ပြည့်နှက် လွှမ်းခြုံသွား၏။

ကံကောင်းစေသည်မှာ မြို့တော်သည် လူအများစွန့်ခွာထားပြီးဖြစ်သဖြင့် တစ္ဆေမြို့ ဖြစ်နေခြင်းပေပင်။

ထို့ကြောင့် နတ်ဆိုးများ ဖြတ်ကျော်သွားသည့် နေရာများတွင် တိုက်ပွဲ သို့မဟုတ် သွေးထွက်သံယို မတွေ့ခဲ့ရချေ။

“ မြို့ကျသွားပြီလား ... ဒါက ဘယ်လိုဖြစ်သွားတာလဲ။ ”

“ မျိုးနွယ်စုခေါင်းဆောင်က ငါတို့ကိုမျိုးနွယ်စုနယ်မြေကို စောင့်ရှောက်ဖို့ ပြောထားတယ် ...

... ဒါကြောင့် သူအောင်ပွဲခံဖို့ ... သေချာတယ်လို့ထင်ခဲ့တာ ဒါပေမယ့် ဒီလိုမျိုး အဆုံးသတ်ရလိမ့်မယ်လို့ ဘယ်သူများ ထင်နိုင်မှာလဲ။ ”

မျိုးနွယ်စုအကြီးအကဲများသည် အကာအကွယ် ဝင်္ကပါအောက်တွင် အသံများ ကျယ်လောင်စွာဖြင့် ဆွေးနွေးနေကြ၏။

အရှေ့ဘက်တံခါး ပြိုကျမှုနှင့်အတူ စွေ့မိသားစု၏အရေးပါသော ဤပုဂ္ဂိုလ်များမှာ တုန်လှုပ်ကုန်သည်။

အကာအကွယ် ဝင်္ကပါအခင်းအကျင်း၏ စွမ်းအားကို ထိန်းချုပ်နေရသော ရွယ်ဟုန်နင်က မျက်မှောင်ကြုတ်လျက်၊

“ ဘာလို့ထိတ်လန့်နေတာလဲ ... မင်းတို့ထင်သလောက် မပြင်းထန်သေးပါဘူး။ ”

-ဟု ပြန်လည် ပြောကြားလိုက်သည်။

တစ်ချိန်က မန်ပိုနန်းတော်၏ မြစ်သံတမန်အဖြစ် အမှုထမ်းခဲ့ဖူးသောကြောင့် ဤအခင်းအကျင်းတွင် များစွာတည်ငြိမ်၏။

လူတိုင်းတိတ်ဆိတ်နေပြီး သူတို့၏အမူအရာများ မသေချာမရေရာ ဖြစ်လာ ကုန်တော့သည်။။

မြို့တော်အတွင်း ကောင်းကင်အပြည့် လွှမ်းခြုံထားသောနတ်ဆိုးများကို မြင်နေရခြင်း တစ်ခုတည်းဖြင့်ပင် စိတ်ပျက်အားငယ် သွားနိုင်စေ၏။

“ ဟမ့် ... ။ ”

ထိုစဉ် နတ်ဆိုးများစွာသည် စွေ့အိမ်တော်ထံ ဦးတည်လာနေသောကြောင့် အကာအကွယ်ကို အသက်သွင်းလိုက်ရ၏။

ဘုံဗိမာန်များနှင့် အဆောက်အဦများ အထက်တွင် မြင့်မြတ်သော ရောင်ဝါတစ်ခုဖြင့် ဖုံးလွှမ်းသွားသည်။ ထို့နောက်တွင် ၎င်းမှ ငွေရောင်အလင်းများ ပြေးထွက်လာကာ ထိုနတ်ဆိုးများကို ပြာအဖြစ် ပြောင်းလဲလိုက်ချေပြီ။

သို့တိုင် နတ်ဆိုးများသည် ထတ်လန့်ခြင်းမရှိဘဲ ပို၍ပင်များပြားစွာ ပျံသန်း လာနေတော့ခဲ့၏။ ၎င်းတို့အတွင်း အစီရင်ကို ဖြိုခွင်းရန်ကြိုးပမ်းနေသော သန်မာသူ အချို့လည်း ပါရှိလာသည်။

ဤမြင်ကွင်းသည် စွေ့မိသားစု၏ အကြီးအကဲများကို မျက်နှာများပျက်ယွင်းလျက် စိုးရိမ်စိတ်များ ပြည့်နှက်လာစေ၏။

“ ဘာတွေ စိတ်ပူနေတာလဲ ... ဒီမှာငါတို့ကလွဲရင် အားလုံး လျှို့ဝှက်နယ်မြေထဲ ဆုတ်ခွာသွားခဲ့ပြီမဟုတ်လား ...

... အဆိုးဆုံးဖြစ်ရင်တောင် ငါတို့တွေ အတူတူဆုတ်ခွာပြီး အနန္တတာအိုသစ်ပင်ရဲ့ စွမ်းအားနဲ့ ထွက်နိုင်ပါသေးတယ်။ ”

ရွယ်ဟုန်နင်က နှစ်သိမ့်လိုက်သည်။ သို့တိုင်အောင်ပင် အကြီးအကဲများမှာ ရှုပ်ထွေး နေသေး၏။ ဤသို့ဆိုသော် အဘယ်ကြောင့် မဆုတ်ခွာဘဲနေသနည်း။

လက်ရှိခွန်အားဖြင့် နတ်ဆိုးဒီရေကို တွန်းလှန်ရန် မဖြစ်နိုင်တော့ချေ။ ဤညကို ဖြတ်ကျော်ရန် ခက်ခဲသွားပြီဖြစ်၏။

ယနေ့ည ပေါ်ထွက်လာခဲ့သော မကောင်းဆိုးရွားစွမ်းအင်သည် ရှေးယခင် အကြိမ်ထက် ကြောက်မက်ဖွယ် ပိုကောင်း၏။

မိသားစုခေါင်းဆောင်၏ တောင်းဆိုထားမှုကြောင့်သာ မဟုတ်သော် လွန်ခဲ့သည့်အချိန်တည်းကပင် မြို့တော်မှ ထွက်ခွာပြီးဖြစ်ပေမည်။

“ ငါပြောနေတာတွေက အဆိုးဆုံး အခြေအနေတွေပါ မထင်မှတ်ထားတဲ့ အလှည့် အပြောင်းတွေဖြစ်လာရင် ... ငါတို့တွေက အဲဒီ လူယုတ်မာတွေကို သတ်ပစ်နိုင်ပါလိမ့်မယ်။ ”

ဤတစ်ကြိမ်၌ လူအုပ်ကြီးသည် သက်ပြင်းချလျက် ခေါင်းကိုတိတ်တဆိတ် ခါယမ်းလိုက်ကြသည်။

အရှေ့တံခါးပြိုကျကာ စွေ့ချောင်အာပင် ထွက်ပေါ်လာခြင်း မရှိချေ။ ဤနတ်ဆိုးများကို မည်သို့တွန်းလှန်နိုင်မည်နည်း။ ထိုစဉ် ရန်သူများ ဝင်ရောက်လာသော် အဆိုးဆုံးဖြစ်နိုင်၏။

“ ဟမ့် ... သူတို့ရောက်ပြီ။ ”

ရုတ်တရက် ရွယ်ဟုန်နင်က နတ်ဆိုးဒီရေနောက်တွင် လိုက်ပါလာသော ရောင်ဝါများကို သတိထားမိသွားသည်။

ဤသည်မှာ မိသားစုလေးခု၏ ဧကရာဇ်ဆယ်ပါးဖြစ်၏။ ထို(၁၀)ဦးလုံးသည် ဝင်္ကပါအပြင်တွင်ရပ်လျက် စွေ့အိမ်တော်ထံ စိုက်ကြည့်နေသည်။

လေထုအလယ် ရပ်နေရုံမျှဖြင့် သူတို့ခန္ဓာကိုယ်မှထွက်လာသော ရောင်ဝါသည် နတ်ဆိုးများထက် များစွာပြင်းထန်ကြောင်း မြင်သာစေသည်။

“ ရွှမ်ယုဧကရာဇ်ဆယ်ပါး။ ”

အထူးသဖြင့် ခေါင်းဆောင် လေးယောက်စလုံးသည် ရွှမ်ယုအဆင့်တွင် ရှိချေ၏။ ရွယ်ဟုန်နင်ပင် ထိုသူများ၏ အသွင် အပြင်ကြောင့် သက်ပြင်းချလိုက်မိသည်။

“ စွေ့ချောင်အာ မင်းရှုံးသွားပြီ ... ခုခံမှုကိုစွန့်လွှတ်ဖို့ ငါအကြံပေးတယ် မဟုတ်ရင် ငါတို့ကို မယဉ်ကျေးဘူးလို့ အပြစ်မတင်ပါနဲ့။ ”

ခရမ်းရောင်၀တ်စုံနှင့် မုတ်ဆိတ်ဖြူဖြူ အမျိုးသားတစ်ဦးက ကြီးမားလှသောအဝါရောင် ဗူးသီးခြောက်ပေါ်တွင်ရပ်နေကာ လက်နှစ်ဖက် နောက်ပို့လျက်ပြောကြားလာ၏။

ချွယ်မိသားစု၏ မဟာအကြီးအကဲ ချွယ်ချန်ဟန်ပေပင်။ ရွှမ်ယုအစောပိုင်းအဆင့် ပြီးပြည့်စုံမှုကို ပိုင်ဆိုင်ထားချေ၏။

မရဏကမ္ဘာမှ ကာလအတန်ကြာ ပျောက်ကွယ်နေသော ရှေးဟောင်း မြေခွေးကြီး ဖြစ်သည်။

သူ့ဘေးတွင် အရပ်ပုပုနှင့် မျက်ဝန်းများ၌ မီးလျှံများတောက်ပလျက် ထန်းရွက်ယပ်တောင် ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦး ရပ်နေ၏။

ဟုန်ကျစ်ဝမ်ဟု အမည်ရသော ဟုန်မျိုးနွယ်၏ ရှေးဟောင်းဘီလူးတစ်ကောင် ပေပင်။ ပြီးပြည့်စုံသော ကနဦးရွှမ်ယု အဆင့်ပင်ဖြစ်၏။

ထိုသူဘေးတွင် ဓားသေတ္တာကို ကိုင်ဆောင်ထားသော မိုးမခမုတ်ဆိတ်မွေးနှင့် အမျိုးသားတစ်ဦးက နူးညံ့သိမ်မွေ့သော အမူအရာဖြင့်ရပ်နေသည်။

တျန်ထိုက်မျိုးနွယ်မှ ပြီးပြည့်စုံသော ကနဦးရွှမ်ဟဲ ဧကရာဇ် ပေပင်။ ထိုသူဘေးတွင်  ပန်းတောင်းကို ပွေ့ထားသော အမျိုးသမီး ရပ်နေ၏။

ဆံပင်များ မြင့်မြင့်ချည်နှောင်လျက် ချောမောသော အသွင်အပြင်နှင့် မလိုက်ဖက်စွာ လူသတ်ချင်စိတ်များ ပြည့်နှက်နေချေပြီ။ သူမ အမည်မှာ ဖေးယန်ကျစ်ဖြစ်သည်။ နတ်ဆိုးဟွေ မျိုးရိုး၏ ရှေးဟောင်းအကျွင်းအကျံပေပင်။

သူတို့လေးယောက်နောက်တွင် အသီးသီးသော ဧကရာဇ်များ လိုက်ပါလာသည်။ ယင်းက စွေ့မိသားစုဝင်များ၏ ကျောရိုးများကို အေးစက်လာစေ၏။ ရွယ်ဟုန်နင်သာလျှင် စိတ်လှုပ်ရှားနေပြီး၊

“ အချိန်ကျပြီ ... ။”

-ဟု ရေရွတ်လိုက်တော့သည်။

ထိုအချိန်တွင် မဏ္ဍပ်အတွင်း စုရီက ဝိုင်အိုးကိုထုတ်ယူကာ တစ်ခွက်ငှဲ့သောက်လျက် ကောင်းကင်ပေါ် မော့ကြည့်လိုက်၏။

“ ဖေးကောင်တုံ ... မင်း မြင်တယ်မဟုတ်လား ... မင်းရဲ့နတ်ဆိုးဟွေ မျိုးနွယ်တွေလည်း ရောက်လာပြီ ...

... ငါမင်းကို အခွင့်အရေးပေးမယ် သူတို့ကိုထွက်သွားခိုင်းပါ မဟုတ်ရင် သူတို့ကို မင်းကိုယ်တိုင် သတ်ရလိမ့်မယ်။ ”

“ ဟုတ်ကဲ့ပါ သခင်စု ... ။ ”

ရုတ်တရက် ဖေကောင်တုံတစ်ယောက် အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ချက်ချင်းပျောက်ကွယ်သွားတော့သည်။

***

All Chapters