← Chapters

နတ်ဓားရှင်ဟူသည် ... ။

Vol. 56 Ch. 671

နတ်ဓားရှင်ဟူသည် ... ။

Vol. 56 Ch. 671

“ ဝှစ် ... ။ ”

စကားသံဆုံးသည်နှင့် သူ့ရုပ်သွင်သည် လေထုအလယ် ပျောက်ကွယ်သွားခဲ့တော့သည်။ ထိုမြင်ကွင်းကြောင့် ချွယ်ချန်ဟန်တစ်ယောက် မျက်ဝန်းများမှေးစင်းလျက်၊

“ သတိထား ... ။ ”

-ဟု အော်ဟစ်လိုက်သည်။

ထို့နောက် လက်ဝှေ့ယမ်းလိုက်ရာ သူ့ခြေဖဝါးအောက်ရှိ အဝါရောင်ဘူးသီးကြီး တုန်လှုပ်သွားပြီး အနက်ရောင်မီးခိုးငွေ့များ ထွက်လာကာ သူ့အပေါ်ဖုံးလွှမ်းလျက် ပျောက်ကွယ်သွားစေသည်။

“ ဟမ့် ... ။ ”

ထန်းရွက်ယပ်တောင်ကိုင်ထားသည့် ဟုန်ကျစ်ဝမ်သည်လည်း နတ်ဆိုး(၃၆)ကောင် ဆင့်ခေါ်ပြီး အကာအကွယ်အဖြစ် ဖန်တီး၏။

“ ချပ် ... ချပ် ... ။ ”

တျန်ထိုက်ရီ၏ ဓားသေတ္တာသည် ရုတ်တရက်ပွင့်သွားပြီး ဓားအလင်းများက သူ့ကို သိုင်းခြုံပေးလာ၏။ လက်ထဲရှိ ထင်းရှူးဓားသည် အလင်းများ ဖြာလျက် အသင့်ဖြစ်နေသည်။

“ အသက်ဝင် ... ။ ”

ဖေးယန်ကျစ်သည်လည်း နောက်ကျန်ရစ်မနေချေ။ ပန်းခြင်းတောင်းကြီး ပစ်လွှင့်လျက် အနက်ရောင်ပန်းတစ်ပွင့်ကို ထွက်ပေါ်လာစေလိုက်သည်။

ပွင့်ချပ်များသည် ကျောက်တောင်ကြီး တစ်လုံးကဲ့သို့ထူထဲကာ မထင်မရှားစွမ်းအင်များ စီးဆင်းနေ၏။ တောင်နံရံကြီးလိုပေပင်။

တစ်ချိန်တည်းမှာပင် အခြားသော ဧကရာဇ်များ အားလုံးသည်လည်း ၎င်းတို့၏ ဝှက်ဖဲများကို မဆိုင်းမတွထုတ်ကြ၏။

“ ခရစ် ... ။ ”

ထိုစဉ် လေဟာနယ် အက်ကွဲသံနှင့်အတူ ဓားအလင်းတစ်လက်ထွက်ပေါ်လာ၏။ ယင်းမှာ လရောင်ကဲ့သို့ ဖြူဖျော့ပြီး သန့်ရှင်းချေပြီ။

ထိုဓားဦးတည်ရာသည် ကြက်သွေးရောင် ဝတ်ရုံနှင့် ငှက်မွေးသရဖူကိုဝတ်ဆင်ထားသည့် ဧကရာဇ်အမျိုးသားတစ်ထံဖြစ်၏။

“ ဟမ့် ... ။ ”

ထိုအမျိုးသားက သူ့ကိုယ်သူ ကာကွယ်ထားရန် နောက်ထပ် ရတနာဖြစ်သော ကြေးမှန်တစ်ချပ် ထုတ်ယူလိုက်သည်။

သို့သော် ဓားစွမ်းအင်သည် နဂါးငွေ့တန်းကဲ့သို့ ကျရောက်လာကာ တာအို နိယာမများ၊ အံ့သြဖွယ်ကြေးဝါမှန်နှင့် သူ့ ခန္ဓာကိုယ်ကို ဝါးမြိုသွားခဲ့သည်။

“ ဘောင်း ... ဘောင်း ... ။ ”

သွေးများပန်းထွက်လျက် အပိုင်းအစများသည် မိုးအဖြစ်ရွာချလာသည်။ တခဏအတွင်းမှာပင် ချွယ်မိသားစုဝင် ဧကရာဇ် တစ်ပါးသည် အကာအကွယ် ရတနာများနှင့် အတူ ချေမွှခြင်းခံလိုက်ရချေပြီ။

“ မလုပ်နဲ့ ... ။ ”

ထိုဓားအလင်းသည် ၎င်း၌ ရပ်တန့်ခြင်း မရှိသဖြင့် အဖိုးအိုတစ်ဦးမှ ထိတ်လန့်တကြား ထွက်ပြေးရန်ပြင်လိုက်သည်။

“ ဘန်း ... ။ ”

သို့သော် ဓားစွမ်းအင်သည် သူ့လည်ပင်း၊ ရင်ဘတ်နှင့် ခြေထောက်များမှ ပေါက်ထွက်ကာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြန်သည်။

“ ဝုန်း ... ။ ”

သည့်နောက် ရှေးဟောင်း ကြေးနက် ခေါင်းလောင်းကြီးသည် သည်းမခံနိုင်တော့ဘဲ ရုတ်တရက် အပိုင်းပိုင်းကွဲသွားသည်။

ထိုအနက်ရောင် ကြေးခေါင်းလောင်းဖြင့် ကာကွယ်ပေးထားသော အမျိုးသားတစ်ဦးသည် ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားကာ ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။ အော်ဟစ်ချိန်ပင် မရလိုက်ချေ။

“ မဟုတ်ဘူး ... ။ ”

အမျိုးသမီးတစ်ဦးသည်လည်း အော်သံမဆုံးခင် ဦးခေါင်းမှာ လေထဲမြင့်တက် သွားပြီးနောက် ထက်ခြမ်းကွဲသွားသည်။

ယင်းသည် အဆုံးမဟုတ်သေးချေ။ အုံ့ဆိုင်းနေသော ဓားစွမ်းအင်ဖြင့် ဖုံးအုပ်ခံရကာ ချက်ချင်းပင် အမှုန့်ဖြစ်သွားတော့၏။ သူမ၏ ဝိညာဉ်ပင် မကျန်ချေ။

ထို့နောက်တွင် နဂါးငွေ့တန်းကြီးသွားရာ လမ်းတစ်လျှောက် အပျက်အစီးများ လွင့်ပျံကာ အမှုန့်ဖြစ်ကုန်တော့သည်။

အဖိုးတန်ဆုံး ရတနာများဟု သတ်မှတ်ခံရသော မရေမတွက်နိုင်သည့် ခုခံ ကာကွယ်ရေး ရတနာများအားလုံး လွင့်ထွက်ပေါက်ကွဲသွားသည်။

“ အဟွတ် ... အဟွတ် ... ။ ”

အချို့သော ဧကရာဇ်များသည် ထိုဓားစွမ်းအင်ကို တားဆီးနိုင်ခဲ့သော်လည်း ထိုးနှက်ချက်ကြောင့် သွေးချောင်းဆိုးကာ နာကျင်စွာဆုတ်ခွာလိုက်ကြသည်။

ဤဖြစ်ရပ်တွင် ဧကရာဇ်ခုနစ်ပါး၏ သွေးထွက်သံယိုမြင်ကွင်းများ တပြိုင်နက်တည်း ဖြစ်ပွားလာခြင်းပေပင်။

ရွှမ်ယုအဆင့် ဧကရာဇ်လေးပါးသာလျှင် ရှင်ကျန်ရစ်သည်။ ဓားတစ်ချက်ဖြင့် သတ်ခြင်း။ ဤအရာသည် မည်မျှ ကြောက်စရာနည်း။

ထို့ထက်ပို၍ ကြောက်စရာ အကောင်းဆုံးသည် ဧကရာဇ်နတ်အာရုံဖြင့်ပင် ရန်သူကိုဖမ်းမမိခြင်းဖြစ်၏။

“ အရမ်းမိုက်တယ်။ ”

ကြီးစိုးပြီး သွေးထွက်သံယို မြင်ကွင်းမှာ လူတိုင်းကို ချက်ချင်းတုန်လှုပ်သွားစေခဲ့သည်။ ရွယ်ဟုန်နင် အပါအဝင် စွေ့မိသားစုဝင်များ အားလုံး မျှော်လင့်ချက်အလင်းရောင်များ တောက်ပလာသည်။

ဧကရာဇ်များသည် ဓားချက် တစ်ချက်တည်းဖြင့် ကြက်များ၊ ငှက်များကဲ့သို့ ချက်ချင်း အသတ်ခံခြင်းပေပင်။

“ ဘယ်သူလဲ ... ။ ”

အမှောင်ညကျေးကျွန်၏ မီးခိုးရောင် မျက်ဝန်းများသည် ကျယ်လာကာ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။

ဤမျှကြီးစိုးသောဓားကို ထုတ်လွှတ်ရန် လိုအပ်သည့်ကျင့်ကြံမှုသည် ကြောက်စရာ ကောင်းချေ၏။

ဤအခိုက်အတန့်တွင် စုရီ၏ အသွင်အပြင်သည် စွေ့မိသားစုအိမ်တော်နှင့် မဝေးသောအရပ်၌ ပေါ်လာခဲ့သည်။

ကျောက်စိမ်းရောင်ဝတ်ရုံသည် လေထုအလယ် တဖျပ်ဖျပ်ခတ်နေပြီး သူ့အသွင် ဝိုးတဝါးဖြစ်နေသည်။ လရိပ်ဓားရောင်ဝါသည် သိုင်းခြုံလျက် သာလွန်ဆန်၏။

“ အတူတူ တိုက်ရအောင်။ ”

ချွယ်ချန်ဟန်က အော်ဟစ်လိုက်သည်။ သူသတိပေးစရာ မလိုအောင်ပင် ဧကရာဇ်များ အားလုံး အတူတကွ လှုပ်ရှားလိုက်ကြ၏။

“ သတ် ... ။ ”

ကောင်းကင်နှင့် မြေကြီးတုန်ခါကုန်ကာ လေဟာနယ်ပျက်ယွင်းလျက် ပြိုကျသွားသည်။ ဝင်္ကပါအတွင်းရှိ စွေ့မိသားစု အိမ်တော်မှတပါး အဆောက်အဦးတိုင်း အမှုန့်ဖြစ်ကုန်၏။

“ ခရစ် ... ။ ”

ထိုစဉ် စုရီသည် ပြောင်းပြန် ကြယ်မြစ်ဓားချက်ကို ပြောင်းလဲပစ်လိုက်သည်။ ကောင်းကင်ကြီး ပွင့်လာကာ သန့်ရှင်းသော လရောင်များ မြစ်တစ်စင်းအလား ဆင်းသက်လာ၏။

ဤသည်မှာ ယခင်ဘဝ အထွတ်အထိပ် ခွန်အား၏ ဆယ်ပုံတစ်ပုံမျှသာဖြစ်သော်လည်း ရွှမ်ယုအဆင့် ဧကရာဇ်များအတွက် မျှော်လင့်ချက် မရှိနိုင်ချေ။

“ ကောင်းကင်နဲ့ မြေကြီးကို ... မှောက်လှန်ပစ်ပြီး သေမျိုးကမ္ဘာကိုသုတ်သင်ဖို့ အတွက် ... နဂါးငွေ့တန်းနဲ့တူတဲ့ဓားတစ်လက် ငါ့မှာရှိတယ်။ ”

စုရီအသံက လူတိုင်းနားထဲ ပဲ့တင်ထပ်လာသည်။ ထိုအခိုက်အတန့်တွင် လူတိုင်း၏ အမြင်အာရုံများ ဖြူဖွေးသွားကာ အဆုံးမရှိသော ဓားရည်ရွယ်ချက်များ လုံးလုံးလျားလျား လွှမ်းမိုးသွား၏။

“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”

ဧကရာဇ်များ၏ စုပေါင်းတိုက်ခိုက်မှုသည် ထိုဓားအောက်၌ စက္ကူကဲ့သို့ ပြိုကျသွားခဲ့ချေပြီ။ များပြားလှသော ဓားရည်ရွယ်ချက်သည် ကြယ်တာရာများအလား လွင့်မျောလျက် လုံးဝပျက်စီးခြင်းကို ပေးစွမ်းသည်။

ကြောက်လန့်တကြား အော်ဟစ်သံများစွာသည် တဟုန်းဟုန်း တောက်လောင်နေသော ဓားလှိုင်းများကြား လွင့်ပါးပျောက်ကွယ်ကုန်၏။

ဓားအလင်းများ ပြေသွားသောအခါ ရွှမ်ယုဧကရာဇ်လေးပါးသည်သာ ယောင်ချာချာ ကျန်ရစ်ခဲ့လေသည်။

အခြားသူများသည် ကမ္ဘာမြေကြီးမှ ဖယ်ရှားလိုက်သကဲ့သို့ သဲလွန်စမရှိပျောက်ကွယ် သွားကြတော့၏။

“ အဟွတ် အဟွတ် ... ။ ”

ကျန်ရစ်ခဲ့သော ဧကရာဇ်များပင် အကောင်အတိုင်းမဟုတ်ချေ။ ဟုန်ကျစ်ဝမ်က သွေးများ ထပ်ခါထပ်ခါ ထွေးထုတ်လျက် အရိုး မြင်ရသည်အထိ ဓားဒဏ်ရာရရှိထားသည်။

တျန်ထိုက်ရီမှာ အဆိုးဆုံးပေပင်။ တာအိုခန္ဓာပျက်စီးပြီး စိတ်ဝိညာဉ်သည်သာ လွတ်မြောက်ခဲ့ချေပြီ။

တစ်ဖက်တွင် ချွယ်ချန်ဟန်သည် ခန္ဓာကိုယ်ထက်ပိုင်း ပြတ်လုနီးပါးဖြစ်နေကာ ဖေးယန်ကျိ၌ ဒဏ်ရာကင်းနေ၏။

သို့တိုင် သူမမျက်နှာသည် သေလောက်အောင် ဖြူဖျော့နေပြီး တိုက်ပွဲဝင် ဆန္ဒများပြိုကျကုန်သည်။

ယနေ့ညတွင် စွေ့သားစုကို အမှုန့်ချေရန် စိတ်ကူးများသည် တံခါးဝ၌ပင် လွင့်ပါးရချေပြီ။ ဓားတစ်ချက်သည် ဧကရာဇ် (၇)ပါးကို အမှုန့် ဖြစ်စေသည်။

ဒုတိယဓားချက်သည် ရွှမ်ယုအဆင့် သူတို့လေးယောက်ကိုပင် ဘဝတစ်ဝက်အထိ ယူသွားခဲ့သည်။

ဤကဲ့သို့သော ဓားပညာကို မည်သို့သော လူသည် ကျွမ်းကျင်နိုင်သနည်း။ ထိတ်လန့်မှုနှင့် စိတ်ပျက်အားငယ်မှုများမှာ လှိုင်းထန်နေသည်။

ထိုမျှကြောက်စရာ ကောင်းသူသည် မရဏကမ္ဘာ၌ မည်သို့တိတ်တဆိတ် ထွက်ပေါ် လာနိုင်သနည်း။

“ ချွင် ... ။ ”

လူတိုင်း ထိတ်လန့် တုန်လှုပ်ခြင်းမှ မနိုးထနိုင်ခင် ဓားမြည်သံ ထပ်မံထွက်ပေါ်လာ ပြန်သည်။

သူတို့သည် မရဏကမ္ဘာ၌ အထွတ်အထိပ် တည်ရှိမှုများဖြစ်သည့် ရွှမ်ယုဧကရာဇ်များဖြစ် သော်လည်း ယခုအချိန်၌ သားသတ်ဓားအသံ ကြားလိုက်ရသော သိုးသငယ်များကဲ့သို့ တုန်ယင်လာကြသည်။

ဤသည်မှာ နောက်ဆုံးအသိပေပင်။ ဓားသံဆိတ်သုဉ်းသွားချိန် မျက်ဝန်းများမှိတ်ပြီး စောင့်ဆိုင်းနေသော ဖေးယန်ကျိသည်သာ ကျန်ရစ်ခဲ့လေသည်။

“ ဒါ ... ။ ”

အသက်တရှိုက်စာအတွင်း သူ့အဖော်သုံးယောက်ကို ဤကမ္ဘာကြီးအတွင်းမှ လုံးဝမရှိခဲ့သည့်အလား ပျောက်ကွယ် သွားချေပြီ။

အစမှအဆုံးတိုင် ဓားချက်(၃)ချက်သာ မြင်လိုက်ရသည်။ လက်ဖျစ်သုံးတွတ်စာ အချိန် ဖြစ်ချေ၏။ ဤမြင်ကွင်းသည် ကြီးစိုးပြီး ပြင်းထန်ချေပြီ။

ကမ္ဘာပေါ်တွင် နတ်ဘုရားများသာ အမှန်တကယ်ရှိခဲ့သော် ထိုနတ်ဘုရားများကို သတ်နိုင်သည့်အရာသည် ဤဓားသည်သာ ဖြစ်ပေမည်။

ဖေးကောင်းတုံက တုန့်လှုပ်စွာဖြင့် မှင်သပ်နေခဲ့သည်။ သူ့တူမကို သတိပေးရန် နည်းလမ်းရှာဖွေနေစဉ် တိုက်ပွဲပြီးဆုံးသွား၏။

ကံကောင်းထောက်မစွာဖြင့် ဖေးယန်ကျိတစ်ယောက် အသတ်မခံခဲ့ရချေ။ အတွေးဖြင့် ပြန်မော့ကြည့်လိုက်ရာ စုရီသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီဖြစ်၏။

“ ဘုန်း ... ဘုန်း ... ။ ”

အမှောင်ည ကျေးကျွန်သည် တာအိုတံဆိပ်ကို အသက်သွင်းပြီး ခန်းဆောင် တံခါးထံ အဆက်မပြတ် ရိုက်ချိုးနေသည်။

“ မကောင်းဘူး၊ ငါတို့ ပြန်ဆုတ်ရမယ်။ ”

ငရဲကျီးကန်းက တောင်ပံများ တဖျပ်ဖျပ်ထခတ်ကာ အန္တရာယ်ကိုခံစားမိပြီး အော်ဟစ်လိုက်သည်။

“ ဟမ့် ဒီအခွင့်အရေးရဖို့ ... ငါ နှစ်တွေအကြာကြီးစောင့်ခဲ့တယ် ဒီတစ်ခါတော့ ငါ လက်မလျှော့နိုင်ဘူး။ ”

“ ဘုန်း ... ဘုန်း ... ။ ”

အမှောင်ညကျေးကျွန်က ဂရုမစိုက်ဘဲ ပြန်ဖြေသည်။ ဤမစ်ရှင်အတွက် အသက်နှင့် သေခြင်းကိုပင် သူ ပေးအပ်ထားခဲ့၏။

“ ဟမ့် ... ပြီးသွားပြီလား။ ”

ငရဲကျီးက တစ်ခုခုပြောလိုသော်လည်း ရုတ်ချည်းငြိမ်သက်သွားသော တိုက်ပွဲများထံသို့ မျှော်ကြည့်ကာ အံ့အားသင့်သွားတော့သည်။

“ ဘာလို့ ဒီလောက်မြန်နေရတာလဲ။ ”

***

All Chapters