မိန်းမရှုပ်သော အဖိုးကြီးစု ... ။
Vol. 56 Ch. 661
“ စုရွှမ်ကြွယ် ပြန်လာရင် ... ငါ့ကို လှည့်စားလိမ့်မယ်လို့ ... သတိပေးထားခဲ့တယ် တာအိုစုက မိန်းမများပြီး နာမည်ပျက်ရှိတယ်တဲ့ သူနဲ့လိုက်သွားရင် ...
... ဒီကမ္ဘာကြီးပေါ်မှာရှိနေတဲ့ အမျိုးသမီးတွေအားလုံးက ငါ့အပေါ် လုံးဝ မုန်းတီးလာလိမ့်မယ်။ ”
“ ဟမ့် ... ရိုင်းလိုက်တာ ... အဲဒီမြေခွေးအိုကြီးက ငါ့အပေါ်ဒီလိုနာမည် ဖျက်ဝံ့သလား။”
“ တာအိုစု ... မင်းမငြင်းပါနဲ့ ... လက်ရှိမရဏကမ္ဘာမှာတောင် မိန်းကလေးရီက မင်းပြန်လာတာကို နှစ်ပေါင်းများစွာ စောင့်နေရတာ လူတိုင်းသိပါတယ်။”
“ ဒါက ... ။ ”
စုရီမှ မျက်ခုံးကုပ်လျက် အဆင်မပြေ ဖြစ်လာတော့သည်။ ဤသဘာဝဝိညာဉ်သည် ရိုးသားပြီး အဖိုးကြီးစွေ့၏ စကားများကို ယုံကြည်နေချေ၏။
“ ကြွေကျနေတဲ့ ပန်းလေးတွေက စမ်းချောင်းလေးအပေါ် ခံစားချက်ရှိနိုင်ပေမယ့် စမ်းချောင်းလေးကတော့ စီးဆင်းဖို့ပဲ ဆန္ဒရှိတယ် ...
... ငါ့အရင်ဘဝတုန်းက တာအိုကိုပဲ အာရုံစိုက်တယ် ... ဒါကြောင့် မိန်းမကလေးတွေ အပေါ် ရှောင်ဖို့ခက်ခဲခဲ့တယ် ... မေ့လိုက်ပါ ငါဒီမှာခဏနေမယ် အဆင်ပြေလား။ ”
“ ငါမင်းကို မတားပါဘူး တာအိုစု။ ”
ဖိုစုံမှ ပြုံးလျက်ပြောသည်။ ထို့နောက် လက်မြှောက်ဝှေ့ယမ်းလိုက်ရာ စားပွဲခုံဝိုင်းနှင့်၊ အစားအသောက်များ ရောက်ရှိလာ၏။
“ တာအိုမိတ်ဆွေ ... ဒီရေနွေးကြမ်းကို ငါကိုယ်တိုင်ချက်လုပ်ထားတာပဲ စွေ့လုံရှင်းရဲ့ ဦးလေးတစ်ယောက် တားမြစ်နယ်မြေကနေ တိမ်မီးတောက်အပ်င်ကို ရလာပြီး လက်ဆောင်ပေးခဲ့တယ် ... ။ ”
စုရီမှ ထိုင်ခုံတွင် တင်ပျဉ်ခွေထိုင်ပြီး၊
“ ကောင်းပြီ ... မင်းအားရင် ရေနွေးကြမ်းငှဲ့ထည့်ပေးလို့ရတယ်။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားသည် မယဉ်ကျေးရုံမျှမက စွေ့လုံရှင်းသာကြားသော် သူ့သင်္ချိုင်းကိုပင် ဖောက်ထွင်းလာနိုင်၏။
နောက်ဆုံးတွင် စွေ့မိသားစုအတွက် ဤအမျိုးသမီးသည် အုပ်စိုးရှင်နတ်ဘုရားနှင့် အလားသဏ္ဍန်တူသည်။
တစ်စုံစတ်ဦးသည် အစေခံကဲ့သို့ ဆက်ဆံနေသည့်အပေါ် ရူးသွပ်မည်မှာ သဘာဝ ပေပင်။ ဖိုစုံပင် အံ့သြဟန်ဖြင့် ပြုံးရယ်လျက်၊
“ မင်းလူဝင်စားပြီး ပြန်လာပေမယ့် မင်းရဲ့စိတ်နေစိတ်ထားက အရင်အတိုင်းပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
သို့တိုင် သူမသည် စားပွဲတွင်ထိုင်ကာ ရေနွေးကြမ်းတစ်ခွက် လောင်းငှဲ့ပေးလိုက်သည်။ ထို့နောက် တာအိုသစ်ပင်အညွှန့်များကို ခတ်ကာ ‘တိမ်မီးတောက်အပ်’ပါရှိသော ကျောက်စိမ်း သေတ္တာကိုဖွင့်ပြီး ဖျော်ပေးလိုက်၏။
ထိုသို့ပြုလုပ်ခြင်းသည် သူမအတွက် နှိမ့်ချနေပုံပေါ်နေမည်ကို စိုးရိမ်ပုံမပြချေ။ စုရီက ရေနွေးကြမ်းတစ်ငုံသောက်လျက်၊
“ ငါတရားထိုင်နေတုန်း ငါ့ကို မနှောက်ယှက်ပါနဲ့။ ”
ဟု မှာကြားလိုက်သည်။
စကားဆုံးသည်နှင့် မျက်လုံးများကို မှိတ်ထားပြီး ကျင့်ကြံမှုအပေါ် စတင်ဖြန့်ကျက် တော့၏။ အော်မြည်သံ အနည်းငယ်နှင့်အတူ တာအိုတစ်သောင်းသစ်ပင် ယိမ်းယိုင်လျက် တာအိုအလင်းများ ဖြာကျလာသည်။
လက်ဖက်ရည်သောက်ဖျော်ပြီးနောက် လုပ်စရာမရှိတော့သဖြင့် ဖိုစုံက စားပွဲပေါ်တွင် မေးတင်အိပ်လျက် စုရီထံကြည့်နေသည်။
ကြည်လင်နက်နဲသော မျက်လုံးများတွင် ထူးခြားသော အလင်းတန်းတစ်ခု အရိပ်အမြွက် လင်းလက်လာခဲ့သည်။ လွန်ခဲ့သော နှစ်ငါးရာက ဤလူငယ် သေဆုံးသည့်သတင်းကို သူမ မယုံခဲ့ချေ။
ယခုမူ သူမ ယူဆထားသည့်အတိုင်း ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက် အဖြစ် ထူးခြားသောအားမာန်ကို ပြသနေ၏။
“ ဆယ့်ရှစ်နှစ်သားအရွယ်နဲ့ ... နှစ်ပေါင်းတစ်သိန်းရှစ်သောင်း အတွေ့အကြုံနဲ့ အတွေးအမြင်တွေကို ပိုင်ဆိုင်ထားတယ်ဆိုရင် သူ့ပြိုင်ဘက်တွေက ယုံပါ့မလား။ ”
ဖူစုံတစ်ယောက် အတွေးများ ပေါ်လာပြီး ပြုံးလိုက်တော့သည်။ သို့သော် တစ်စုံတစ်ရာကို ချက်ချင်း သတိရသွား၏။
တစ်ဖက်လူသည် လွန်ခဲ့သော နှစ်ပေါင်းငါးရာတွင် လူဝင်စားရန် ရွေးချယ်ထား သဖြင့် အသက်သည် (၅၀၀)ရှိသင့်သည်။
လူဝင်စားခြင်းသံသရာတွင် နှစ်(၅၀၀)ကို ကုန်ဆုံးစေသည်လော။ တစ်ဖက်လူသည်သာ သူ့အထောက်အထားကို ဖုံးကွယ်လိုသော် အရင်းနှီးဆုံးလူများပင် မှတ်မိရန် မလွယ်တော့ချေ။
နောက်ဆုံးတွင် အသက်အရွယ်သည် ကွာခြားချက်က ကြီးမားလွန်းနေသည်။ စုရီနှင့် မျက်မမြင်အဘိုးအိုတို့သည် တာအိုသစ်ပင်တွင် ငြိမ်သက်စွာ တာအိုကို ဆင်ခြင်နေတော့၏။
“ ခုချိန် ငါလှုပ်ရှားရင် အနိုင်ယူနိုင်မလား။ ”
သို့သော် ချက်ချင်းပြုံးကာ ခေါင်းခါလိုက်သည်။ ယင်းသည် ကလေးဆန် နေပေမည်။ ထိုစဉ် စုရီထံမှ ပြောင်းလဲလာသော အငွေ့အသက်များကြောင့် ပြန်ကြည့်မိ၏။
“ ကမ္ဘာဦးတာအို ... ။ ”
မဟာတာအို ရောင်ဝါ သုံးမျိုး ထွက်ပေါ်လာ၏။ တစ်ခုသည် ဆည်းဆာကဲ့သို့ တောက်ပပြီး ကြီးကျယ်ခမ်းနားကာ ရှေးဦး ပဏာမရောင်ဝါများ ထွက်ပေါ်နေသည်။
“ စကြာဝဠာပျက်ပြယ်ခြင်းတာအို ... ။ ”
ဒုတိယရောင်ဝါသည် ကောင်းကင်ကဲ့သို့ ကျယ်ပြောပြီး အရုဏ်ဦးကဲ့သို့ ပြိုးပြိုးပြက်ပြက် အလင်းများ ဖြာထွက်နေသည်။
“ အဓိပတိနန်းတော် ... ။ ”
တတိယရောင်ဝါသည် အာကာသ အတားအဆီးများအပေါ် ဖြတ်ကျော်နိုင်နေသည့် ကြယ်ရောင်စုံနဂါးငွေ့တန်းကြီးအလား အကန့်အသတ်မဲ့နေ၏။
ဖိုစုံအတွက်အတွက်မူ ကမ္ဘာဦးတာအိုကိုသာ နားလည်သည်။ ကျန်နှစ်ပါးသည် မရင်းနှီးသော အငွေ့အသက်ဖြစ်ကာ တုန်လှုပ်စေသည်။
ကမ္ဘာဦးတာအိုသည် ဒြပ်စင်ငါးပါး၊ လေနှင့်မိုးကြိုး၊ ယင်နှင့်ယန်စသည့်တာအိုသုံးပါး ပေါင်းစပ်ထားခြင်းဖြစ်၏။
သူမဟူသည် အနန္တတာအိုသစ်ပင်၏ ဝိညာဉ်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ မဟာ တာအိုများကို နားလည်သဘောပေါက်ထား၏။ ဧကရာဇ်များပင် သူမထံ တာအိုဉာဏ်အလင်း တောင်းခံရသည်။
“ ဒါ ... ပြိုင်ဘက်ကင်းတာအို အသစ်လား ... သူ ... ။ ”
ထိုသို့သော သူမသည်ပင် စုရီ၏ တာအိုနှစ်ပါးကိုမမြင်ဖူးချေ။ ယင်းသည် သူမကို မျက်လုံးပြူးစေ၏။ ထိုစဉ် နားမလည်နိုင်သော တာအိုတေးသံများ ပဲ့တင်ထပ်လာသည်။
ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး မိုးခြိမ်းသံများကျယ်လောင်လာပြီး အနန္တတာအို သစ်ပင်ကြီးမှာ ပြင်းပြင်းထန်ထန်တုန်ခါလျက် ယိမ်းထိုးလာ၏။
ဖုစုံမှ ရုတ်တရက် ထရပ်ပြီး ကြယ်ရောင်စုံတောက်ပသော မျက်ဝန်းများနှင့် မော့ကြည့်လိုက်သည်။
“ ဒါ ... ။ ”
မဟာတာအိုသုံးပါးသည် တဖြည်းဖြည်း ပေါင်းစပ်လျက် အချိန်များ ဖရိုဖရဲပျက်ပြယ်လာ ချေပြီ။ ယင်းသည် ပရမ်းပတာပေါက်ကွဲသွား သကဲ့သို့ လေဟာနယ်ပျက်ပြယ်လာ၏။
“ ဂျိန်း ... ။ ”
တစ်ဆက်တည်းမှာပင် ကမ္ဘာပြုမိုးကြီး ရွာသွန်းနေသကဲ့သို့ လျှပ်စီးများ တဟုန်းဟုန်း တောက်လောင်ကာ မိုးကြိုးများ ပွက်ပွက်ဆူနေတော့သည်။
အသစ်သစ်သော ကျက်သရေများ ဖြာဆင်းလျက် ကွဲပြားသော စွမ်းအားများစွာတို့ ရောယှက်လာပြီး မယုံနိုင်စရာဖြစ်စဉ်များ ပေါ်ပေါက်လာခဲ့သည်။
အပြာရောင်ကောင်းကင်ကြီး ပြိုကျကာ အဆုံးမဲ့ကြယ်မြစ်များ လိုက်ပါလျက် တောင်နှင့် မြစ်များအဖြစ် ပြောင်းလဲနေသော ဒြပ်ငါးပါးကို မြင်နိုင်ချေ၏။
ယင်နှင့်ယန်သည် ကောင်းကင်နှင့် မြေကြီးဖြစ်လာကာ လေနှင့်မိုးကြိုးများသည် အရာခပ်သိမ်း မွေးဖွားပေး၏။
ကမ္ဘာတစ်သောင်း သစ်ပင်သည် မုန်တိုင်းအတွင်းစုပ်ယူခံနေရသကဲ့သို့ ယိမ်းထိုး မျောပါချင်နေသည်။ အလင်းတန်းများက စုရီထံ တဟုန်ထိုး စီးဝင်နေ၏။
ထိုမြင်ကွင်းသည် ကမ္ဘာသစ်တစ်ခု မွေးဖွားလာသည်နှင့် တူနေသည်။ ယင်းသည် သာမန်ဒိုမိန်းတစ်ခုမဟုတ်ခဲ့ဘဲ အနည်းငယ် ဆန်းပြားနေ၏။ သာမန်မိန်းများသည် ထိုမျှ တာအိုစွမ်းအင်ကို မလိုချေ။
မျက်မမြင်အဖိုးအိုကို အလင်းဖြင့် ထုပ်ပိုးထားသောကြောင့် ဤကမ္ဘာပြုမုန်တိုင်း အတွင်းမှ လွတ်မြောက်နေခြင်းဖြစ်၏။
မဟုတ်သော် ထိုသူသည်လည်း တာအိုမုန်တိုင်းကြောင့် လန့်နိုးပေလိမ့်မည်။ ဖိုစုံတစ်ယောက် စိတ်ဝင်စားလာသည်။
“ ဝိညာဉ်တာအိုနယ်ပယ်နဲ့ ... ဘယ်လိုတောင် ဆန်းကြယ်လိုက်တဲ့ တာအိုလဲ မယုံနိုင်စရာကောင်းနေပြီ။ ”
လက်ရှိဖြစ်စဉ်သည် တာအိုသုံးပါး ပေါင်းစပ်နေသည်နှင့်မတူပဲ အထွတ်အထိပ် ကမ္ဘာကြီးတစ်ခု မွေးဖွားနေသလိုပေပင်။
တာအိုသစ်ပင်သည်ပင် မူလပဏာမ စွမ်းအင်များကို အဆက်မပြတ်ထုတ်လွှတ်ကာ စိတ်လှုပ်ရှားနေ၏။
ယင်းသည် တစ်ဖက်လူကို တာအိုဖြင့် လမ်းပြခြင်းမျိုးမဟုတ်ဘဲ တစ်ဖက်လူတာအို၌ လိုက်ပါခွင့်ရသဖြင့် ပျော်ရွှင်နေပုံမျိုးပေပင်။
“ ဒါ ... သူအရင်ဘဝက လိုချင်နေတဲ့ တာအိုလား ... ဘယ်လောက်တောင် ဆန်းပြား နေလိုက်လဲ။ ”
ဖိုစုံမှ ညည်းညူလိုက်သည်။ အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်လွန်နေကာ ကမ္ဘာပြု မိုးကြီးသည် ဆက်၍ရွာသွန်းနေဆဲဖြစ်၏။
“ ဂျိန်း ... ။ ”
ထိုဖြစ်စဉ်အလယ်တွင် စုရီတစ်ယောက် တောက်ပစွာ ငြိမ်သက်နေသည်။ ကြည့်နေသော ဖိုစုံသည်ပင် သိချင်စိတ်များ ရုန်းကြွလာ၏။
“ ဒါ ... ဘယ်လိုတာအိုများ ဖြစ်နိုင်မလဲ။ ”
***