အရိုးမိစ္ဆာ ... ။
Vol. 56 Ch. 666
ထို့နောက်တွင် မကုန်မခန်းနိုင်သော ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ဖြစ်ပေါ် လာသော နတ်ဆိုးများသည် တဖြည်းဖြည်း အားကောင်းလာခဲ့သည်။
မူလက ရွှေကျီးကန်းဖျက်ဆီးခြင်း ဝင်္ကပါစွမ်းအားကြောင့် နတ်ဆိုးစစ်တပ်သည် မြို့တော်နှင့်ပေသုံးထောင်အတွင်း မကပ်နိုင် ခဲ့ချေ။
သို့သော် နာရီဝက်အကြာတွင် နတ်ဆိုးစစ်တပ်သည် ပေနှစ်ထောင်အကွာသို့ ဝင်ရောက်လာနိုင်ခဲ့သည်။
တစ်နာရီကုန်လွန်ပြီးနောက် နတ်ဆိုးစစ်တပ်သည် ပေတစ်ထောင်အတွင်းကို ချည်းကပ်လာနိုင်၏။ ဤဖြစ်စဉ်များသည် စွေ့မိသားစုကို ဖိအားများ ခံစားရစေသည်။
များမကြာခင် နတ်ဆိုးစစ်တပ်သည် မြို့ရိုးနှင့်ပေတစ်ထောင် အတွင်းဖြတ်ကျော်ကာ မြို့ရိုးပေါ်နတ်ရန် ကြိုးစားနေစဉ် အစီရင်မှာ နောက်တစ်ဆင့် ရောက်လာ၏။
မြို့ရိုးတစ်လျှောက် ဖျက်ဆီးခြင်း အငွေ့အသက်များ ပျံ့နှံ့လာကာ နတ်မီးလျှံများ ရုတ်တရက် တောက်လောင်လာသည်။
ထို့နောက်၊ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဘက် လေးမျက်နှာသော မြို့ရိုးများထံမှ ရွှေကျီးကန်းများ ထွက်ပေါ်လာ၏။
“ ကျီး ... ။ ”
ရွှေကျီးကန်းများသည် ရက်စက် ကြမ်းကြုတ်သော အငွေ့အသက်နှင့် ပေပေါင်း ရာဂဏန်းခန့်ရှည်လျားသည့် တောင်ပံများကို ဖြန့်ခင်းပစ်လိုက်သည်။
ခန္ဓာကိုယ်သည် နတ်ရွှေရူရ်များဖြင့် သွန်းလောင်းထားပြီး အဆုံးမရှိ မီးလျှံထဲတွင် ရေချိုးနေကြ၏။
ရွှေကျီးကန်းများသည် ဒဏ္ဍာရီအရ နေနတ်ဘုရားထံမှ မွေးရာပါမီးတာအိုကို အမွေ ရရှိထားသည့် မျိုးဆက်များဖြစ်သည်။
တောင်ပံတစ်ချက် ခတ်လိုက်ရုံဖြင့် တောင်နှင့်မြစ်များကို ပျောက်ကွယ်သွားစေ၏။ သို့သော် ဤရွှေကျီးကန်းလေးကောင်သည် ထိုမျှသော အစွမ်းမျိုးမရှိသေးချေ။ ဝင်္ကပါဖြင့် ဖန်တီးထားသော စွမ်းအားမျှသာဖြစ်၏။
“ ဖရူး ... ။ ”
ခရမ်းရောင်မြို့တော်အထက် လေထုအလယ်တွင် တောင်ပံများခတ်လျက် ရွှေရောင်အလင်းတန်းလေးခု ပျံသန်းနေသည်။ နတ်မီးတောက်များသည် ကောင်းကင်နှင့် မြေကြီးကိုဖုံးအုပ်ကာ ရွှေမိုးများရွာ၏။
မရေမတွက်နိုင်သော နတ်ဆိုးများကို ချက်ခြင်းမီးရှို့ပျက်ပြယ်သွားစေသော ရွှေရောင် အလင်းများ အရပ်ရပ်သို့ ပြန့်ကားလာချေပြီ။
“ ဟမ့် ... ။ ”
ရုတ်တရက် အေးစက်သော နှာခေါင်းရှုံ့သံနှင့်အတူ အမှောင်ထဲမှ အရိပ်များ ရွေ့လျားလာ၏။ ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ အိပ်နေသော စုရီက ပြုံးလျက် မျက်လုံးဖွင့် လိုက်တော့သည်။
“ အဲဒီကျီးကန်းလေး တကယ် ရောက်လာပြီ။ ”
“ ဘယ်ကျီးကန်းလဲ ဦးလေးစု။ ”
“ ငရဲကျီးကန်း ... ။ ”
စွေ့ချောင်အာမှ မျက်ခုံးပင့်လိုက်၏။ ရုတ်တရက် အမှောင်ထဲမှ အရိုးမိစ္ဆာတစ်ကောင် ထွက်ပေါ်လာချေပြီ။
အရိုးမိစ္ဆာ၏အရိုးများသည် မဟူရာကျောက်မျက်ကဲ့သို့ သန့်ရှင်းတောက်ပ နေပြီး ၎င်း၏မျက်လုံးများသည် မြကဲ့သို့ မီးတောက်များ လောင်မြိုက်နေသည်။
သူ့လက်ထဲတွင် အနက်ရောင်အရိုးလှံကို ကိုင်ဆောင်လျက် ရက်စက်ကြမ်းကြုတ်လှသော အငွေ့အသက်သည် သတ်ဖြတ်နေသည့် မြင်ကွင်းကြီးအဖြစ် ပြသနေ၏။
“ ဝူး ... ။ ”
အရိုးမိစ္ဆာက အနက်ရောင်လျှပ်စီးအလား ပျံတက်လာကာ ရွှေကျီးကန်းတစ်ကောင်ကို စတင်တိုက်ခိုက်တော့သည်။
“ ဝုန်း ... ။ ”
“ ကျီး ... ။ ”
များမကြာခင် ကြောက်မက်ဖွယ် ထိပ်တိုက်ရင်ဆိုင်များကြောင့် ရွှေကျီးကန်း၏ ခန္ဓာကိုယ်အက်ကွဲလျက် ရွှေမှုန်များအဖြစ် ပြောင်းလဲလွင့်ဝဲကုန်သည်။
အဖျက်စွမ်းအားများက ပြန့်ကားပြီး မြို့ရိုးများကိုရိုက်ခတ်သောအခါ နံရံများပေါ်ရှိ အစီရင်သည် ပြင်းစွာတုန်ခါသွား၏။
“ ရွှမ်ကျောက် ပြီးပြည့်စုံခြင်းအဆင့် နတ်ဆိုးဝိညာဉ်။ ”
စွေ့ချောင်အာ၏ မျက်ဝန်းများ မှေးစင်းသွားသည်။ ယခင်မီးပုံးပွဲတော်များတွင် ဤအဆင့် နတ်ဆိုးဝိညာဉ်များသည် နောက်ဆုံး အချိန်၌သာ ပေါ်လာလေ့ရှိ၏။ ယခုမူ သိသိသာသာ ကွဲပြားနေသည်။
“ ဒါ ... မြောက်များစွာသော အပြစ်နဲ့ မကောင်းမှုတွေကနေ ပေါင်းစည်းထားတဲ့ ယင် ဝိညာဉ်တစ်ကောင်ပဲ။ ”
စုရီက မှတ်ချက်ပေးသည်။ အပြစ်နှင့် ကံတရားစွမ်းအားသည် အပြစ်မြစ်အတွင်း၌ နက်ရှိုင်းစွာတည်ရှိပြီး မရဏကမ္ဘာတွင် အဆိုးဆုံးသော စွမ်းအားတစ်ခုဖြစ်သည်။
ထိုစွမ်းအား ထိမှန်သော် ကျင့်ကြံသူသည် အုတ်မြစ်များ ချက်ခြင်း ပျက်စီးသွားမည်ဖြစ်ပြီး သူတို့၏ ဝိညာဉ်ပြန့်ကျဲသွားပေမည်။
“ ဒီလိုစွမ်းအားမျိုးက အလဟဿမဖြစ်ပါဘူး။ ”
ထို့နောက် စုရီက ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ် ထုတ်ယူလိုက်သည်။ မီးအိမ်မှ အလင်းရောင်ဝေ့ဝဲလာကာ စာပေပညာရှင် အမျိုးသားထွက်ပေါ်လာ၏။
“ စာပေသမားနတ်ဆိုးလေး ဒီရတနာကို ယူသွားပြီး အဲဒီအရိုးစုကိုသိမ်းလာခဲ့ပါ။ ”
ထို့နောက် စုရီက လက်သီးအရွယ် သွေးနီရောင်ဆေးကြိုအိုးတစ်လုံး ပစ်ပေးသည်။ ဤသည်မှာ ကောင်းကင်သွေးမီးဖိုဖြစ်၏။
ဤမီးဖိုသည် ကောင်းကင်ဘုံ အပေါင်ဆိုင်မှရရှိသော နတ်ဆိုးရတနာပေပင်။ အရိုင်းမြေကိုးပါးရှိ ထိပ်တန်းနတ်ဆိုး အင်အားစု အနီရောင် မြူမိစ္ဆာတောင်တန်းကြီးထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
၎င်း၏ ရက်စက်ကြမ်းကြုတ်မှုသည် လွှမ်းမိုးကာ တောင်နှင့်မြစ်များကို အလွယ်တကူ ဆေးကြောသန့်စင်နိုင်ပြီး ဝိညာဉ်များအပေါ် အရည်ပျော်စေနိုင်သည်။
“ မင်းရဲ့ယုံကြည်မှုကို သေချာပေါက် ပျက်စီးစေမှာမဟုတ်ပါဘူး။ ”
စာပေပညာရှင် အမျိုးသားက အဝတ်အစားများကို သပ်ရပ်သွာအောင် ပြုပြင် လုပ်ဆောင်ကာ ကောင်းကင်သွေးမီးဖိုကို လက်နှစ်ဘက်ဖြင့်ယူလျက် အဝေးသို့ မော့ကြည့်လိုက်တော့၏။
“ ကျီး ... ။ ”
လေထုအလယ် ရွှေကျီးကန်းသည် ပျက်ပြယ်သွားသော်လည်း ခဏချင်း ပြန်လည် ပုံဖော်လာခဲ့သည်။
အရိုးမိစ္ဆာက အရိုးလှံဖြင့် ကောင်းကင်ကိုဖြတ်သန်းကာ ရွှေကျီးကန်းကို သတ်ရန် ထပ်မံကြံရွယ်တော့သည်။
တစ်ဖက်တွင် ၎င်းဦးဆောင်မှုဖြင့် နတ်ဆိုးစစ်တပ်သည် မြို့တော်၏ပေတစ်ထောင် ခံစစ်စည်းကိုဖြတ်ကျော်ကာ မြို့တံခါးထံ ဦးတည်နေပြီဖြစ်၏။
“ ဝုန်း ... ။ ”
ကောင်းကင်နှင့်မြေကြီး တုန်လှုပ်သွားပြီး ရက်စက်ကြမ်းကြုတ်သော စွမ်းအားများ ပြိုကျ လာခဲ့သည်။
“ ကောင်လေး၊ မောက်မာလွန်းတဲ့ အပြုအမူတွေနဲ့ ဘယ်လိုသတ္တိရှိလဲ မင်းကိုယ်မင်း လွန်ကဲနေတယ် မထင်ဘူးလား။”
ရုတ်တရက် ရယ်မောလိုသော အသံဖြင့် အမျိုးသားတစ်ယောက် လေထဲပေါ်လာခဲ့သည်။ တစ်ဆက်တည်းမှာပင် လက်ထဲရှိ သွေးနီရောင် ဆေးကြိုအိုးသည် ကြီးမားလာ၏။
ဆေးကြိုအိုး ပတ်ဝန်းကျင်သည် မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးများ၊ မကောင်းဆိုးရွားဝိညာဉ်များနှင့် သားရဲကြီးများ ရစ်သိုင်းပျံဝဲနေသည်။
ထိုဖြစ်စဉ်များသည် ခမ်းနားထည်ဝါသော အသွင်အပြင်များဖြင့် ရှေးဟောင်းနတ်ဆိုးဒိုမိန်း တစ်ခုနှင့် တူနေ၏။
ဆေးကြိုအိုပေါ်လာသည်နှင့် ပေသုံးထောင်ပတ်လည်အတွင်း ချည်းကပ်သည့် မကောင်းဆိုးရွားများ မီးခိုးငွေ့များအဖြစ်သို့ ပြောင်းလဲသွားသည်။
“ ဝူး ... ။ ”
အန္တရာယ်ကို အာရုံခံနိုင်ပုံရသော အရိုးမိစ္ဆာသည် ၎င်း၏အရိုးလှံဖြင့် လှမ်းထိုး လိုက်တော့၏။
“ ကလန် ... ။ ”
စူးရှသော တိုက်မိသံဖြစ်ပေါ်လာပြီး ကောင်းကင်သွေးမီးဖိုမှာ ပိတ်ဆို့ခံလိုက်ရသည်။ သို့သော် ထိုအချိန်တွင် စာပေသမားသည် သူ့အနား ရုတ်ချည်းပေါ်လာ၏။
“ ရထားလုံးကိုရပ်တန့်ဖို့ ကြိုးစားနေတဲ့ နှံကောင်။ ”
စကားဆုံးသည်နှင့် အရိုးမိစ္ဆာကို ပုတ်လိုက်သည်။ အရိုးမိစ္ဆာခမျာ တုံ့ဆိုင်းလျက် အရိုးလှံနှင့်အတူ ကောင်းကင်သွေးမီးဖိုထဲ လွင့်စင်သွားတော့၏။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
စာပေပညာရှင်အမျိုးသားက အပြုံးဖြင့် သွေးမီးဖိုကို သိမ်းဆည်းနေစဉ် ငွေအရိုးကြိုး တစ်ချောင်း သူ့ခါးကိုလာရောက်ထိမှန်၏။
“ ဟမ့် ... ။ ”
ယိမ်းထိုးလျက် နာကျင်မှုကြောင့် ရှုံ့တွသွားကာ သွေးထွက်သံယိုများ ဒဏ်ရာများ ကျန်ရစ်ခဲ့လေသည်။
စာပေသမား အမျိုးသားက အမူအရာ သိသိသာသာပြောင်းလဲသွားပြီး တိုက်ခိုက်လာ သူထံ ပြန်မော့ကြည့်လိုက်၏။
သွေးစွန်းနေသော ၀တ်ရုံဝတ် အမျိုးသမီးတစ်ဦးသည် ငွေရောင်အရိုးသံကြိုး ကိုင်ဆောင်လျက် အမှောင်ထုအတွင်းမှ လှမ်းထွက်လာသည်။
အရိုးသံကြိုးသည် လက်သီးအရွယ် ဦးခေါင်းခွံဆယ်လုံးကျော် ပါရှိ၏။ အရိုးသံကြိုး တဝိုက် ရက်စက်ကြမ်းကြုတ်သော အလင်းများ ရစ်သိုင်းနေသည်။
ထိုလက်နက်ဖြင့် လိုက်ဖက်စွာပင် အမျိုးသမီးမျက်နှာမှာ ဖြူဖျော့လျက် ဗလာ ကျင်းနေသော မျက်ဝန်အိမ်များသာရှိ၏။
ထိုဗလာကျင်းနေသော မျက်ဝန်းနှစ်ပေါက်အတွင်း သတ်ဖြတ်ခြင်းနှင့် သွေးထွက်သံယိုမြင်ကွင်းများ ထင်ဟပ်နေ၏။
“ မရဏကမ္ဘာ ငရဲစုန်းမ ... ။ ”
စွေ့ချောင်အာတစ်ယောက် မျက်နှာပျက်ယွင်းသွား၏။ ဤအမျိုးသမီးသည် လွန်ခဲ့သော နှစ်ပေါင်း လေးသောင်းငါးထောင်က မီးပုံးပွဲတော်ညတွင် စွေ့မိသားစုဧကရာဇ်များကို သတ်ဖြတ်သွားသည်။
ယခု ပြန်ပေါ်လာပြီဖြစ်၏။ စုရီသည်လည်း ထိုအမျိုးသမီးထံ မော့ကြည့်သည်။ ဤသည်မှာ ဧကရာဇ်များ၏ နာကြည်းမှုကြောင့် ဖြစ်ပေါ် လာသည့် နာကြည်းခြင်းတစ္ဆေပေပင်။
***