← Chapters

သေသည်အထိ အနိုင်ကျင့်ခံရခြင်း(3)

Vol. 31 Ch. 305

သေသည်အထိ အနိုင်ကျင့်ခံရခြင်း(3)

Vol. 31 Ch. 305

ကုကျစ်စုန့်က ရွှီရုန်ဟန် သေဆုံးရသည့်အကြောင်းရင်းနှင့် ရက်စက်စွာ သေဆုံးခဲ့ရပုံကို ပြောပြီးသည့်နောက် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကြည့်ရှုသူများမှာ ကရုဏာသက်မိကြပြီး ဒေါသထွက်လာခဲ့ကြသည်။

သူတို့က ထိုကောင်လေး၏လက်စားချေမှုနှင့် နာကျည်းချက်များကို နားလည်ခဲ့ကြသည်။

ဂျက်စမင်သည်လည်း စိတ်ရှုပ်ထွေးနေရပြီး တစ်ဖက်တွင်တော့ နာကျင်နေရသည်။ သူမက ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး

ငိုနေခဲ့လေ၏။

“တောက်ကျန်း .. ကျွန်မရဲ့ခင်ပွန်းရော သေတော့မှာလား.. ကျွန်မတို့ မကောင်းတာလုပ်ခဲ့ပြီး အဲဒီကလေးကို အေးစက်စေခဲ့တယ်ဆိုတာ သိပါတယ်.. ကျွန်မတို့ အခုပဲ ရဲစခန်းသွားပြီး ထပ်တိုင်ရင်ရော .. ကျွန်မတို့ ပြောင်းလဲသွားနိုင်မယ်မလားဟင်”

ကုကျစ်စုန့်က သက်ပြင်းချကာ ပြောလိုက်သည်။

“အရမ်းကြီးစိတ်မပူပါနဲ့.. ဒီအမှုထဲမှာ ပါဝင်တဲ့သူတွေက ဘယ်လိုအမိန့်ချခံရလဲဆို‌တာတော့ ကျွန်မ မသိဘူး.. ဒါပေမဲ့ ရှင့်ရဲ့အမျိုးသားက သေဆုံးမှုမှာ အပြစ်မရှိပါဘူး

မြေအောက်လောကရဲ့ စည်းမျဉ်းအတိုင်းဆိုရင်လဲ အပြစ်မရှိပါဘူး”

“ကျွန်မ သူ့ကို ကယ်တင်ပေးမယ်.. ထုတ်လွှင့်မှု ပြီးသွားတဲ့အချိန်မှာ တစ်ယောက်ယောက်က ရှင့်ကို ဆက်သွယ်ပြီး ဘာလုပ်ရမလဲဆိုတာ ပြောလာလိမ့်မယ်”

သူမက ဂျက်စမင်၏အမျိုးသားကိုသာ ကယ်ချင်သည်မဟုတ်ဘဲ ရွှီရုန်ဟန်တစ္ဆေကိုပါ ထည့်သွင်းစဉ်းစားခဲ့ခြင်းပင်။

သူက ပြင်းထန်သောနာကျည်းမှုဖြင့် သက်ရောက်ခံနေရသည်။ သူသာ ဂျက်စမင်၏အမျိုးသားကို သတ်လိုက်ပါက မိစ္ဆာစွမ်းအားကူးစက်ခြင်းကို ခံရတော့မည်ဖြစ်ကာ ပြန်လည်ပြင်ဆင်ခွင့်ပင် မရတော့ဘဲ မြေအောက်လောက၏သတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်သည်။

ကုကျစ်စုန့်က တစ်ခဏမျှတွေးပြီးနောက် ပြောသည်။

“ဒါပြီးရင် သစ်နံကိုင်းတချို့နဲ့ မိုးမခကိုင်းတချို့ကို ဝယ်ပြီး အိမ်မှာထားပါ.. အမွှေးတိုင်ဆိုင်ကြီးတွေဆီသွားပြီး အဲဒါကို မေးကြည့်လို့ရတယ်.. သူတို့မှာ ရှိတယ်.. ပြီးတော့ ဘုရားကျောင်း၊ ဒါမှမဟုတ် တောက်ဓမ္မဘုန်းကြီးကျောင်းကို သွားပြီး ရှင်တို့မိသားစု သိမ်းထားလို့ရမဲ့ အဆောင်နည်းနည်းလောက် တောင်းလိုက်”

မိစ္ဆာစိတ်ဝိညာဉ်က မိသားစုကို ထိခိုက်နေပြီဖြစ်သည်။ ဂျက်စမင်၏သမီးမှာ ကျောင်းပြင်သို့ မထွက်သော်လည်း အနည်းနှင့်အများတော့ သက်ရောက်ခံရမည်ဖြစ်ကာ အမြန်ဆုံးဖယ်ရှားရန် လိုအပ်သည်။

သစ်နံကိုင်းနှင့် မိုးမခကိုင်းတို့၏ လုပ်ငန်းမှာ မိစ္ဆာစိတ်ဝိညာဉ်များကို မောင်းထုတ်ရန်ဖြစ်သည်။ ထိုသစ်ကိုင်းများ ပိုထိရောက်နိုင်ရန်အတွက် အထူးပုဂ္ဂိုလ်တစ်ယောက်ယောက်က မန်းမှုတ်ပေးရမည်ဖြစ်သည်။

ပထမတစ်ခုကို မီးရှို့လိုက်လျှင် မီးခိုးများက အိမ်ထောင့်များတွင် ရှိနေသော မိစ္ဆာစိတ်ဝိညာဉ်ကို နှစ်ရက်သုံးရက်လောက် ဖယ်ရှားပေးလိမ့်မည်။

ဒုတိယတစ်ခုက အိမ်ကိုကာကွယ်နိုင်ပြီး ကံကောင်းမှုနိမ့်ကျနေစဉ်အတွင်း အခြားသော တစ္ဆေများမှ အခွင့်ကောင်းယူသည်ကို ကာကွယ်နိုင်ရန်ဖြစ်သည်။

ဂျက်စမင်က စိတ်ထဲတွင် သေချာမှတ်သားကာ မျက်ရည်များဖြင့် ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ် တောက်ကျန့်.. ရှင်က ကျွန်မတို့မိသားစုရဲ့ ကယ်တင်ရှင်ပါပဲ”

သူမ၏သားက ဘဝတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည့်နောက် သူမအမျိုးသားကပါ အသက်ဆုံးရှုံးရမည်ဆိုသည်ကို သူမ တွေးပင်မတွေးရဲပါချေ။ သူမသည်ရော အသက်ရှင်ပါတော့မည်လော။

တိုက်ရိုက်ထုတ်လွှင့်မှုကို ပယ်ဖျက်လိုက်ပြီးနောက် သူမက ကုကျစ်စုန့်ကို စိတ်ကျေနပ်မှုအမှတ် ၁၀၀% ပေးလိုက်သည်။

ပြီးနောက် ဆိုင်ထဲမှ အရှုပ်အထွေးများကို ကြည့်လိုက်ကာ ခင်ပွန်းသည်ကို ပြန်ကြည့်ပြီး ပြောလိုက်သည်။

“သွားရအောင်၊ မြန်မြန်ထုပ်ပိုးပြီး ရဲစခန်းကို သွားဝန်ခံကြမယ်.. ကျွန်မ ရှင့်အတွက် အမွှေးတိုင်ထွန်းပေးမယ်.. နောင်ကျရင်လဲ ကလေးတွေကိုလည်း တောင်းပန်ခိုင်းရမယ်”

“စကားမစပ် အဲဒီကလေးရဲ့အမေကိုလည်း ကောင်းကောင်းဂရုစိုက်ပေးကြမယ်.. ကုသိုလ်ကောင်းမှုလုပ်တာပေါ့”

*

တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသည့်နောက်တွင် ပရိသတ်များကလည်း အမှတ်များပေးလာသည်။

ပြီးခဲ့သည့်အခေါက်ကကဲ့သို့ သရဲဖမ်းသည့် ဖြစ်စဉ်ကို သူတို့မတွေ့လိုက်ရ၍ဖြစ်ပေမည်၊ ဤတစ်ခေါက်အတွက် ပေးမှတ်များက ယခင်တစ်ခေါက်ထက် အနည်းငယ်လျော့သည်။

သို့သော်လည်း ယှဉ်ပြိုင်သူများကြား အလွန်မြင့်သည့်အမှတ်ဖြစ်နေဆဲပင်။

၁၁ နာရီက မထိုးသေးပေ။ ကုကျစ်စုန့်တစ်ယေက် အလုပာမသိမ်းနိုင်သေး၍ အသစ်များ ဆက်တိုက်ဖြစ်နေသော မှတ်ချက်များကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏အကြည့်များက ထိုအထဲမှ တစ်ခုပေါ်သို့ကျရောက်သွားပြီး ပြောလိုက်လေသည်။

“ကျွန်မ ကိစ္စတစ်ခုစီစဉ်စရာလေးရှိလို့ မိနစ်နှစ်ဆယ်လောက် ရပ်ထားမယ်”

သူမ ပြောပြီးသည်နှင့် ကြည့်ရှုသူအများအပြားက စောဒကတက်လာကြသည်။

[တစ်ယောက်ယောက်က ထပ်ပြီး ထွက်ပြေးဖို့ကြိုးစားနေတာလား.. ငါတို့ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုက အတော်လေး သနားစရာကောင်းနေပြီ]

[ရှယ်ပဲ.. ဒီအမျိုးသမီးက အဖြစ်အပျက်တွေကို မြန်မြန်နဲ့မှန်မှန် ဖြေရှင်းနိုင်လိုက်တယ်.. သူမ ပျင်းရိနေတယ်ဆိုရင်တောင် တခြားသူတွေကို နိုင်နေတုန်းပဲ]

ကုကျစ်စုန့်က ရယ်ရမလား၊ ငိုရမလားတောင် မသိတော့ပေ။ သူမ မကြာခင် ပြန်လာပါမည်ဟု ထပ်ကာထပ်ကာ ကတိပေးကာ ပရိသတ်၏ခံစားချက်များ ခဏတာ ငြိမ်သက်‌စေရန် အခြားတိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။

သူမ တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်လိုက်ပြီးနောက် ကျန်းရူယွီကို ဖုန်းခေါ်ကာ ဂျက်စမင်တို့မိသားစုလေးယောက်လုံးကို အကာအကွယ်ရှိနိုင်ရန်အတွက် ဂျက်စမင်၏အိမ်ကိုဝိဉာဉ်ဆိုင်ရာ အထူးဌာနချုပ်မှာအဖွဲ့ခွဲများကို စေလွတ်ရန် တောင်းဆိုလိုက်သည်။

ကျန်းရူယွီက ပြောလာသည်။

“စိတ်မပူပါနဲ့ ကုတောက်ကျန့်.. အဲဒီက လုပ်ဖော်ကိုင်ဖက်တွေက ရှင့်ရဲ့အစီအစဉ်ကို ကြည့်ပြီးကတည်းက လှုပ်ရှားဖို့ ပြင်နေပြီ.. ဝိဉာဉ်ဆိုင်ရာ အထူးဌာနချုပ်အဖွဲ့တင် မကဘူး၊

ရဲစခန်းက ရဲဘော်တွေလည်း ဂျက်စမင်ရဲ့သားတက်နေတဲ့ ကျောင်းနားက ဟိုတယ်ကို တပ်ဖွဲ့ဖြန့်ခင်းဖို့ ပြင်နေကြပြီ.. သူတို့က လူတွေကို တိတ်တိတ်လေး ဗီဒီယိုရိုက်နေတဲ့ကောင်ကို ဖမ်းဖို့ အသင့်လုပ်နေကြတယ်”

လတ်တလောကပင် ကောလိပ် ကျောင်းသားများ၊ ဟိုတယ်ငှားရမ်းသူများ၊ ဖြတ်သွားဖြတ်လာများ၏ ဗီဒီယိုများက အင်တာနက်ပေါ်တွင် ပျံ့နှံ့နေပြီးဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် ထိုဗီဒီယိုများကို အထူးဝက်ဘ်ဆိုက်များတွင်သာ တင်ထားခဲ့သေးသည်။

ကြည့်ရှုသူ အများစုက နိုင်ငံတွင် မရှိကြသည့်အတွက် နစ်နာသူများကို ထိခိုက်စေခြင်းမရှိခဲ့ပေ။

အင်တာနက်ရဲတပ်ဖွဲ့နှင့် ရဲအရာရှိများက ထိုဗီဒီယိုရိုက်ကူးသူကို ဖမ်းမိရန်အတွက် ခက်ခဲလွန်းနေခဲ့သဖြင့် ဒုက္ခရောက်ခဲ့ရသည်။

ယခု ကုကျစ်စုန့်၏ ဗီဒီယိုကိုမြင်ပြီးနောက်တွင်တော့ သူတို့က ဟိုတယ်ကို အပြေးသွားကာ ရှာဖွေကြတော့သည်။

မကြာခင်တွင်ပင် သတင်းကောင်း ထွက်လာခဲ့သည်။

သူတို့က ဗီဒီယိုရိုက်ကူးရေးပစ္စည်းအချို့ကို ဟိုတယ်၏တချို့အခန်းများတွင် ရှာဖွေတွေ့ရှိခဲ့ပြီး ကောလိပ်ကျောင်းသူ၊ ကျောင်းသားတချို့တို့ အတူနေသည့်ပုံများကို ရိုက်ကူးရန် ရည်ရွယ်ချက်ရှိရှိ ထောင်ချောက်ပြုလုပ်ထားသည်ကိုလည်း တွေ့ရှိခဲ့သည်။

ထိုနေ့က စစ်ဆေးပြီးသည့်နောက် အခြားရဲအရာရှိများက အခန်းထဲတွင် ထိုင်ကြည့်နေခဲ့ကြသည်။

မကြာခင် သန့်သန့်ပြန့်ပြန့်ဝတ်စားပြီး မထင်ပေါ်သည့်ရုပ်ရည်ဖြင့် လူတစ်ဦးက တိတ်တဆိတ်ဝင်လာခဲ့သည်။ သူက အသက်ငါးဆယ်အရွယ်‌ခန့်ရှိပြီး ရိုးသားပုံပေါ်သည်။

သို့သော် ထိုသူမှာ ရေချိုးခန်း၊ အိပ်ခန်းများမှ တိုက်ရိုက် ဗီဒီယိုရိုက်ပစ္စည်းများ ထားသည့် ရွံစရာကောင်းသည့် တဏှာရူးပင်ဖြစ်ပေ၏။

သူကင်မရာများကို နှစ်ခု သုံးခုမျှ ဆက်တိုက်ထားပြီးနောက်တွင်တော့ တိုက်ရိုက်ပင် အဖမ်းခံလိုက်ရတော့သည်။

ထိုနေ့က ရဲများ၏စစ်ဆေးမေးမြန်းမှုအောက်တွင် ဗီဒီယိုများကို ဝယ်ယူရန် သူ့ကိုဆက်သွယ်ခဲ့သည့် ဝယ်သူများကို ထုတ်ဖော်မိခဲ့သည်။

တချို့သော လုပ်ဖော်ကိုင်ဖက်များ၊ အလွန်တရာပင်ညစ်ညမ်းသောဂရုချက်များပင် ပါဝင်သည်။

ကနဦးသတင်းအချက်အလက်ကို အခြေခံ၍ အင်တာနက်ရဲတပ်ဖွဲ့က မြန်မြန်ဆန်ဆန်ပင် အဓိကလက်သည်များကို ဖမ်းဆီးခဲ့ပြီး အင်တာနက်ပေါ်မှ တိတ်တဆိတ်ရိုက်ကူးထားသော ဗီဒီယိုများကို ဖျက်ဆီးခဲ့သည်။

အဆုံးတွင်တော့ ထိုတဏှာရူးများကို အမိန့်ချမှတ်လိုက်ပြီး သူတို့၏ အထောက်အထားများကို ပြည်သူ့ရှေ့တွင် ထုတ်ပြခဲ့ပြီး အင်တာနက်တစ်ခုလုံးက သူတို့ကို ကျိန်ဆဲပြစ်တင်ခဲ့ကြသည်။

သူတို့မိသားစုဝင်တချို့က လက်မခံနိုင်ကြဘဲ သူတို့ပါ ငြိစွန်းမည်ကို ကြောက်လန့်လာကြသည်။

ထို့ကြောင့် သူတို့က ၎င်းတို့နှင့် ကွာရှင်းကာ ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ကြတော့၏။

ထိုအချိန်တွင်းတွင် ဂျက်စမင်တို့မြို့တွင်ရှိသော နယ်ခံ စိတ်ဝိဉာဉ်ဆိုင်ရာ အထူးဌာနချုပ်က သူတို့ကို ကာကွယ်ပေးထားခဲ့သည်။

သို့သော် သူတို့ကို ပဟေဠိဖြစ်စေသည်မှာ ရွှီရုန်ဟန်ကို ကန်ကျောက်ထိုးနှက်ခဲ့သည့် ပြစ်မှုကျူးလွန်သူများ၏မိသားစုများက ကောင်းစွာ မနေရခြင်းကိုပင်။

အစပထမတွင် သူတို့၏ အထောက်အထားများကို လုပ်နိုင်စွမ်းရှိသည့် အင်တာနက်အသုံးပြုသူများက ဆွဲထုတ်လိုက်ကြပြီး ဆဲဆိုသည့်စကားများ သန်းနှင့်ချီအောင် ရရှိခဲ့သည်။

ကျူးလွန်သူအများစု၏ မိဘများနှင့် ဆွေမျိုးများက သူတို့အလုပ်နှင့် လူမှုဘဝတွင်ပါ ထိခိုက်လာပြီး မည်သူကမျှလည်း ထိုသို့သော လူမှုရေးလွှမ်းမိုးမှုတွင် ဝင်မပါလိုကြပေ။

ဤအချိန်အတွင်းတွင် ပြင်းထန်စွာ ထိခိုက်ခံရသည့် ကျောင်းသားများ၏အခြေအနေကို လက်ပိုက်ကြည့်နေခဲ့သော ကျောင်းအုပ်ကလည်း ရွှီရုန်ဟန်၏သတ်ခြင်းကို ခံခဲ့ရကာ သေဆုံးသွားခဲ့သည်။

တခြားသော ကြံရာပါ တချို့သည်လည်း ပို၍ပင် ထိခိုက်ထားကြသည်။

ကုကျစ်စုန့်တွင်လည်း သူ့ကို ဖမ်းဖို့ရည်ရွယ်ချက် ရှိမနေခဲ့ချေ။

နှစ်ရက်ကြာပြီးနောက် အစီအစဉ်၏ တည်းဖြတ်ပြီးသားအပိုင်းကို ထုတ်လွှင့်ပြသလာခဲ့သည်။

အင်တာနက်တစ်ခုလုံးက အစီအစဉ်ကို လိုက်ပါကြည့်ရှုပြီးဆွေးနွေးနေချိန်တွင် မျက်တွင်းကျနေပြီး ပင်ပန်းနေပုံပေါ်သည့် လူငယ်တစ်ယောက်မှာ လူနာဆောင်ထဲတွင် တစ်ဝက်လှဲနေသည့်အနေအထားရှိနေပြီး အဆောင်စာရွက်များလည်း တစ်ပုံတစ်ပင် ကပ်ထားသည်။

သူက ပိန်ညောင်နေသော လက်များကို ဝှေ့ယမ်းလိုက်သည်။

“မင်းကို နာကျင်အောင် လုပ်ခဲ့တဲ့သူက ငါ မဟုတ်ဘူး... ငါ မဟုတ်ဘူး..”

ယင်စွမ်းအင်တန်းများက ပြတင်းပေါက်မှ လူနာဆောင်ထဲသို့ စိမ့်ဝင်လာကာ အခန်း၏အပူချိန်ကို လျော့ကျသွားစေသည်။

အေးစက်နေသော မျက်ဝန်းတစ်စုံက ထိုထူငယ်ကို စိုက်ကြည့်နေပြီး ခုန်အုပ်တော့မည့်အချိန်တွင် ဝိညာဉ်ဖမ်းကျော့ကွင်းတစ်ခုက တိုက်ရိုက်ပစ်လွှတ်လာခဲ့သည်။

ထို့နောက် ဖြူဖွေးသောအသားအရည်ရှိပြီး အရပ်ရှည်လျားကာ ဝတ်ရုံဖြူဝတ်ထားပြီး ဦးထုပ်ဆောင်းထားသော ရှဲ့ပြန့်က လေးနက်သကဲ့သို့ တချိန်တည်းတွင် အေးစက်နေသည့်လေသံဖြင့် ပြောလာသည်။

“တော်လောက်ပြီ ရွှီရုန်ဟန်.. မင်းက မြေအောက်လောကရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လူသားတွေကို အနှောင့်အယှက်ပေးဖို့ လူ့လောကမှာ ဆက်နေခဲ့တယ်..

အခု အဓိကတရားခံတွေကလည်း အသတ်ခံလိုက်ရပြီ.. ဒီထက်ရှေ့ဆက်တိုးပြီး ဒီလိုလူတွေအတွက်နဲ့ မင်းကိုယ်မင်း မိစ္ဆာစွမ်းအားတွေနဲ့ အဖုံးခံတော့မလို့လား”

“မြေအောက်လောကကို သွားဖို့ ငါ့နဲ့လိုက်ခဲ့”

*

All Chapters