← Chapters

ဖမ်းစားခံထားရခြင်း(1)

Vol. 31 Ch. 306

ဖမ်းစားခံထားရခြင်း(1)

Vol. 31 Ch. 306

ရွှီရုန်ဟန်၏ သဲလွန်စကို ရှာတွေ့သွားပြီးဖြစ်သော ရှဲ့ပြန့်က တစ်ဖက်လူကို လက်အောက်သို့ရောက်အောင် ဖမ်းဆီးနိုင်ပြီးဖြစ်သောကြောင့် အားအနည်းငယ်လောက်ကို သုံးပြီး ဝိညာဉ်ဖမ်းကျော့ကွင်းကို မိုင်ထောင်ပေါင်းများစွာက တိုက်ခန်းတစ်ခန်းဆီသို့ လွှတ်ထုတ်လိုက်သည်။

ထိုအချိန်တွင် ဖျာပေါ်တွင် တရားထိုင်နေသော အမျိုးသမီးက တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကာ မျက်လုံးဖွင့်လိုက်လေသည်။

“ အရှင်ပိုင်ဝူချန်.. မတွေ့ရတာ ကြာပါပြီ.. အခု ရုတ်တရက်ရောက်လာတယ်ဆိုတော့ ညွှန်ကြားစရာတစ်ခုခုများ ရှိလို့လား”

ရှဲ့ပြန့်က အေးစက်စွာ နှာမှုတ်လိုက်သည်။

“မင်းက ဒီတစ္ဆေကို သက်ရှိလောကမှာ ရည်ရွယ်ချက်ရှိရှိ နေခွင့်ပေးထားတာပဲ”

ကုကျစ်စုန့်က ပိုင်ဝူချန်၏နောက်မှ လိုက်ပါလာသည့် အငြိုးကြီးတစ္ဆေကို တစ်ချက်ကြည့်ကာ သူ့ကိုဖမ်းထားသည့် ဝိညာဉ်ဖမ်းကျော့ကွင်းကို အြန်ကြည့်လိုက်သည်။

ထိုတစ္ဆေမှာ ရွှီရုန်ဟန်ပင်။

သူမက အနည်းငယ် လှမ်းကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားသကဲ့သို့ အမူအရရာကိုဖော်ပြလာသည်။

“အရှင်ပိုင်ဝူချန်က ဘယ်လိုမျိုး တွေးလိုက်တာလဲ .. ဒီတစ္ဆေရှိနေတဲ့နေရာက ကျွန်မနဲ့ ထောင်ပေါင်းများစွာ ဝေးတယ်လေ.. ပြီးတော့ သူက သူ့ကိုယ်သူ ဖုံးကွယ်ထားတာလဲ တော်တယ်.. သူ့ကို ခြေရာခံဖို့က တကယ်ခက်တယ်”

“အရှင်က ဒီတစ္ဆေကို ဖမ်းမိသွားပြီဆိုမှတော့... ဂုဏ်ပြုပါတယ်”

ရှဲ့ပြန့်က ရှုပ်ထွေးနေသည့်အမူအရာမျိုးရှိနေခဲ့သည်။ သူ့အနေဖြင့် အရှေ့မှ အမျိုးသမီးက အ,ချင်ယောင်ဆောင်နေကြောင်းကို သိပေသည်။

သူ့ရှေ့မှ ကုကျစ်စုန့်မှာ တစ္ဆေတံခါးဝကို သာမန်တံခါးတစ်ချပ်ကဲ့သို့ အသုံးပြုနိုင်ကာ မြေအောက်လောကကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်နိုင်သူပင်။ သူမက ရွှီရုန်ဟန်၏ အကြောင်းရင်းနှင့် အဖြစ်တို့ကိုပင် တွက်ချက်နိုင်သည်။

သို့ဆိုပါက သူမက တစ္ဆေကိုမဖမ်းနိုင်ဆိုသည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။

သူမက မည်သည့်အရာကိုမျှ မသိဟု ဆိုလျှင်ပင် ရွှီရုန်ဟန်မှ အဓိကတရားခံကို လက်စားချေတော့မည့်အချိန်ကတွင်အဘယ်ကြောင့် ရုတ်တရက် သူ့၏ဖြစ်တည်မှုကို သိသာအောင်လုပ်ခဲ့ပြီး ရှဲ့ပြန့်ကိုဖမ်းဆီးစေမည်နည်း။

နောက်ကွယ်မှ လူမှာ ရွှီရုန်ဟန်ရှိသည့်နေရာကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိသာသည်။

ထို့အပြင် ရွှီရုန်ဟန်၏ ဝိညာဉ်စွမ်းအားနှင့် သူ့ဝိညာဉ်ကိုယ်ကို သက်ရောက်စေသည့် ‘စာနာနားလည်’နည်းစနစ်ကို သုံးနိုင်သူမှာ ကုကျစ်စုန့်မှလွဲ၍ အခြားသူမည်သူကိုမျှ ရှဲ့ပြန့် စဉ်းစားမရပါချေ။

သူမဘက်မှ ဝန်မခံသည့်အတွက် ရှဲ့ပြန့်လည်း ကြာကြာမနေတော့ပေ။

နက်မှောင်သော တစ္ဆေတံခါးဝက လေထုပါးပါးလေးထဲမှ ပေါ်ထွက်လာသည်။ ရွှီရုန်ဟန်က ဝိညာဉ်ဖမ်းကျော့ကွင်းနှင့် ဆွဲခေါ်ခံရကာ မြေအောက်လောကကို ခြေချတော့မည့်အချိန်တွင် ကုကျစ်စုန့်ကို လှည့်ကြည့်လိုက်သည်။

ထို့နောက် သူက လေးနက်စွာ ခေါင်းငြိမ့်ပြကာ နေရာမှာတင် ပျောက်ကွယ်သွားခဲ့လေ၏။

ဤသည်တို့ကား နောက်ပိုင်းအဖြစ်များသာဖြစ်လေ၏။

လက်ရှိအချိန်တွင် အစီအစဉ်ရိုက်ကူး‌ရေးနေရာတွင် ကျန်းရူယွီနှင့် ဖုန်းပြောနေသော ကုကျစ်စုန့်က ကျန်းရူယွီပြောပြသော စိတ်ဝိညာဉ်အဖွဲ့ဌာန၏ ရှာဖွေစုံစမ်းမှုများအကြောင်းကို နားထောင်နေခဲ့သည်။

ကျန်းရူယွီက ပြောသည်။

“ရှန်းစီရင်စုက နတ်ဘုရားမ‌ရေကန်ထဲက ထုတ်လာတဲ့ ဝိညာဉ်စားသုံးသံမှိုက ရုံးချုပ်ကို ပြန်ပို့လိုက်ပြီ.. နန်စီရင်စုက ရှောင်ရှီရွာမှာ တွေ့ခဲ့တဲ့ ကျောက်တုံးရုပ်ထုကနေပြီးတော့ မြူခိုးမည်းတွေကို ထုတ်ယူပြီး အစမ်းထုတ်ကြည့်လိုက်တယ်”

သယ်ပို့ကြသည့် တာဝန်အကြောင်း ပြောလျှင်တော့ ယင်းက အတော်လေးအန္တရာယ်များသည်။

သယ်ယူပို့ဆောင်ရေးအဖွဲ့က လမ်းတွင် အမည်မသိ တောက်ကျန့်တစ်ယောက်၏ တိုက်ခိုက်မှုကို ကြုံခဲ့ရသည်။

သူတို့အနေဖြင့် ကြိုတင်ပြင်ဆင်ထားမှုမရှိခဲ့မိလျှင်၊ အဆင့်မြင့်အဖွဲ့ဝင်များက အနီးအနားမှ အကူညီပေးမည့်လူများကို မတွေ့ခဲ့လျှင်၊ ကုကျစ်စုန့် မထွက်သွားခင် သူတို့အတွက် ရေးဆွဲပေးခဲ့သည့် အဆောင်စာရွက်များသာ မယူလာခဲ့လျှင် သူတို့ ဒုက္ခရောက်ပြီးသား ဖြစ်လိမ့်မည်။

သို့သော် ဤခက်ခဲသော သယ်ပို့ရေးက ထိုက်တန်ပေသည်။ သူတို့ မယုံနိုင်ဖွယ်အရာအချို့ကို တွေ့ရှိခဲ့ကြ၏။

ကျန်းရူယွီက ဆက်ပြောသည်။

“တစ်ချိန်ထဲမှာပဲ လွန်ခဲ့တဲ့သုံးလလောက်က လျို့မိုရှင်းရဲ့အလောင်းကို ‌ကိုင်တွယ်ပြီး ကန်ထဲမှာ ပရမ်းပတာဖြစ်စေခဲ့တဲ့ တောက်ကျန့်ရဲ့ အထောက်အထားကိုလည်း ကျွန်မတို့တွေ့ခဲ့တယ်

အဲဒီလူက လွန်ခဲ့တဲ့နှစ် ၂၀ က တောက်ဓမ္မဂိုဏ်းကနေ ထုတ်ပယ်ခံထားရတာ.. သူက မိစ္ဆာကျင့်စဉ်တွေကျင့်ပြီး ငယ်သားတပည့်တွေကို သတ်ခဲ့တယ်.. အဲဒီတုန်းက အဲလိုအန္တရာယ်ရှိတဲ့လူကို လက်မခံခဲ့ဘူးလေ.. ဒါကြောင့် အဲဒီအချိန်ကတည်းက သူ ပျောက်ကွယ်သွားတာ”

ထိုလူ၏မျိုးရိုးအမည်မှာ ဟူ ဖြစ်ပြီး နာမည်က ဝမ် ဖြစ်သည်။

သူ ငယ်စဉ်က တောက်ဓမ္မဂိုဏ်းထဲတွင် နာမည်ကျော်ထူးချွန်သူတစ်ဦးဖြစ်ခဲ့သည်။

အဆုံးတွင်တော့ သူက သူ့ တောက်ဓမ္မလမ်းစဉ်ကို မြှင့်တင်ခြင်းအပေါ် အရူးအမူးဖြစ်လာခဲ့ပြီး သူ့၏ငယ်သားတပည့်များ၏ ရှင်သန်မှုကို စုတ်ယူကာ သူတို့ကို သေစေခဲ့သည်။

ထိုသို့ မိစ္ဆာဆန်လွန်းခြင်းက တောက်ကျန့်များ၏ ကျင့်ဝတ်စည်းကမ်းနှင့် သဘာဝကျစွာပင် ကိုက်ညီမနေခဲ့။ သူက တောက်ဓမ္မမိသားစုသုံးစု၏ သွေးကြောပိတ်ခြင်းနှင့် သုတ်သင်ခြင်းခံရတော့မည့်အချိန်တွင် ထွက်ပြေးလွတ်မြောက်သွားကာ တောက်ဓမ္မဂိုဏ်း၏ အလိုရှိဝရမ်းပြေးဖြစ်လာခဲ့သည်။

ဝိဉာဉ်ဆိုင်ရာ အထူးဌာနချုပ်အဖွဲ့၏ အကြီးအကဲများက လျှို့ဝှက်အမှုကို ဖြေရှင်းခဲ့သည်။ ထိုသူက ရှတိုင်းပြည်နယ်နမိတ်အတွင်းသာ လှည့်ပတ်သွားလာနေပြီး သူ့တည်ရှိရာနေရာက ထူးဆန်းကာ မည်သည့်အခါမျှ ရှာတွေ့ခဲ့ခြင်းမရှိခဲ့ပေ။

ကျန်းရူယွီက အလေးအနက်ပြောသည်။

“လွန်ခဲ့တဲ့ အနှစ် ၂၀ က တတိယမြောက်ရုပ်လွန်ပညာရပ်အဖွဲ့က ရှားတိုင်းပြည်နယ်နမိတ်ထဲမှာ ပေါ်ထွက်လာတာကို သံသယဖြစ်မိတယ်.. အဲဒီမှာ မြူမည်းတွေလို ရင်းမြစ်ရှိတဲ့အတွက် ဟူဝမ်တို့လို ရုပ်လွန်ဆရာသခင်တွေ စုစည်းလေ့ရှိတဲ့ပုံပဲ”

“သူတို့ ဘယ်မှာစုတယ်၊ ဘယ်မှာလှုပ်ရှားတယ်ဆိုတဲ့‌နေရာတွေကို ရှာဖွေပြီးပြီ.. နန်စီရင်စုရော၊ ရှန်းစီရင်စုရော အပါအဝင်ပဲ”

“ပြီးတော့ သံသယဖြစ်ဖို့အကောင်းဆုံးနေရာကတော့ ယွီစီရင်စုပဲ”

ကုကျစ်စုန့် ထိုစကားကိုကြားလျှင် နေရာတစ်ခုက သူမစိတ်ထဲ ပေါ်လာခဲ့သည်။

“တစ္ဆေမြို့တော် ပါးကျီပျဲ့တု”

(99.2.2)

ကျန်းရူယွီတစ်ယောက် အစပိုင်းတွင် ကြောင်အသွားသော်လည်း နောက်ပိုင်းတွင် ထိုနာမည်မှာ နှစ်ထောင်ချီကြာက ရုပ်လွန်ပညာစာအုပ်များထဲမှ နာမည်ဖြစ်ကြောင်း မှတ်မိသွားသည်။

သူမက အနည်းငယ်ထူးဆန်းစွာ ပြောမိသည်။

“ဟုတ်သားပဲ၊ အခုတော့ အဲဒီနေရာကို ဖုန်းချန်လို့ ခေါ်နေကြပြီ.. ပြောကြတာကတော့ ဖုန်းချန်ရဲ့အောက်မှာ ဖုန်းတုဧကရာဇ်ကြီးစိုးတဲ့ မြေအောက်လောကရှိတယ်တဲ့..

ဒါပေမဲ့ ဒါတွေက ယုံတမ်းဒဏ္ဍာရီဟောင်းတွေဆိုရင်တောင် ကျွန်မတို့တွေ့ခဲ့တဲ့ သဲလွန်းတွေနဲ့ ထူးဆန်းတဲ့အရာတွေကတော့ ဖုန်းချန်မှာပဲ ဖြစ်တာပဲ”

“လောလောဆယ် ရှာဖွေစုံစမ်းဖို့ အဖွဲ့သားတွေကို ပို့ဖို့စီစဉ်နေတယ်”

ကုကျစ်စုန့်: “အင်း”

သူမ ထပ်ပေါင်းထည့်လိုက်သည်။

“ဂရုစိုက်ဦး”

မိနစ်နှစ်ဆယ်မျှ ဖုန်းပြောပြီးနောက် သူမက တိုက်ရိုက်ထုတ်လွှင့်မှုကို ပြန်ဖွင့်ပြီး ပြောလိုက်သည်။

“ကျွန်မ ပြန်ရောက်ပြီ.. အချိန်ကလည်း ရှိသေးတယ်ဆိုတော့ နောက်ထပ် တိုက်ရိုက်ထုတ်လွှင့်ဖို့ အပြန်အလှန်ဆက်သွယ်မဲ့သူကို ရွေးလိုက်ပါ့မယ်.. စာရင်းပေးဖို့ မလိုပါဘူး..

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ မျက်စိကျစရာ ပရိသတ်တစ်ယောက်ကို ကျွန်မတွေ့ထားတယ်.. ကျွန်မထင်တာတော့ သူ့ရဲ့အကူအညီတောင်းပုံက နည်းနည်းတော့စိတ်ဝင်စားဖို့ ကောင်းတယ်”

“ရှီကျန်းဝူဆိုတဲ့ နာမည်နဲ့ ပရိသတ် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ရှိလား.. ကျွန်မ ရှင့်ကို နောက်ထပ်အပြန်အလှန်ဆက်သွယ်သူအနေနဲ့ ရွေးမယ်ဆိုရင် ရှင် လက်ခံမှာလား”

ကုကျစ်စုန့်၏ စကားများကို ကြားလိုက်ရလျှင် ကြည့်ရှုသူအများစုက မှတ်ချက်နေရာကို ပြန်ကြည့်ကြကာ ပရိသတ်၏အွန်လိုင်းနာမည်ကို ရှာကြည့်ပြီး ဆယ်မိနစ်ကျော်အကြာက သူ တင်ခဲ့သည့်အကူအညီတောင်းပုံကို တွေ့သွားကြသည်။

ရှီကျန်းဝူ :[ကုတောက်ကျန့်၊ မင်္ဂလာပါ.. ကျွန်တော်က ခင်ဗျားအစီအစဉ်ရဲ့ အပိုင်းရေတော်တော်များများ ကြည့်ဖူးပါတယ်.. ခင်ဗျားက စွမ်းအားကြီးဆရာသခင်ပဲလို့ ကျွန်တော်ထင်ပါတယ်..

ကျွန်တော် ခင်ဗျားကို အကူအညီတစ်ခုတောင်းချင်လို့ပါ၊ ကြည့်ပေးနိုင်မလားတော့ မသိဘူး.. ကျွန်တော့်ရဲ့မိသားစုဝင်တစ်ယောက်က နတ်ဆိုးဝင်ပူး‌ခံနေရတယ်လို့ သံသယရှိတယ်

ဒါက နှစ်ပေါင်းများစွာကြာတာတောင် မပျောက်ပျက်သွားဘူး.. ကျွန်တော့်မှာလည်း တခြားနည်းလမ်းမရှိတော့ဘူး]

နောက်ဆုံးတိုက်ရိုက်ထုတ်လွှင့်မှုပြီးသွားသည့်အချိန်က သူမ ဤမှတ်ချက်ကို မြင်ခဲ့ခြင်းဖြစ်ပြီး အနည်းငယ်ချမ်းစိမ့်စိမ့် ခံစားလိုက်ရသည်။

ဆိုလိုသည်မှာ ထိုမှတ်ချက်ရေးသည့်သူက သဘာဝလွန်အကြောင်းအရာအချို့နှင့် ဆက်စပ်နေပြီး သူမကို သိချင်စိတ် ဖြစ်သွားစေသည်။

ကြည့်ရှုသူအများက ထိုမှတ်ချက်ကို အမြန်အဆန် like ပေးကြပြီး အောက်ပါမှတ်ချက်များကို ချန်ထားကြသည်။

[နတ်ဆိုး? ဒီနာမည်က အရမ်းအနောက်တိုင်းဆန်တာပဲ.. ရှားတိုင်းပြည်မှာ တစ္ဆေတွေပဲ ရှိတာမဟုတ်ဘူးလား..တစ္ဆေနဲ့ မကောင်းဆိုးဝါးတွေက ကမ္ဘာအနှံ့ ခရီးထွက်လို့ရတာလား]

[ညီအစ်ကို၊ မင်း တံခါးမှားဝင်လာပြီဖြစ်မယ်.. နတ်ဆိုးဆိုတာက ငါတို့ကြီးမြတ်သောရှားတိုင်းပြည်ကြီးရဲ့ ထွက်ကုန်မဟုတ်ဘူးကွ.. ဘေးအခန်းက နော်ဝေးစုန်းမဖြစ်တဲ့ ဒေစီက ဒီလိုနေရာမှာ ပိုကောင်းမယ်ထင်တယ်နော်]

[ဒီလောက်နှစ်တွေ အများကြီးကြာတာတောင် တစ်ယောက်ယောက်ကို စစ်ဆေးပေးဖို့ မတောင်းဆိုခဲ့ဖူးဘူးလား၊ ဒါ‌မှမဟုတ် တစ်ယောက်ကိုမှ ရှာမတွေ့ခဲ့တာလား၊ အဲလိုဆိုရင်တော့ သူ စုန့်စုန့်ကိုပဲ အကူအညီတောင်းရတော့မှာပဲ]

ကုကျစ်စုန့်ပြောပြီး ဆယ်စက္ကန့်မျှကြာသော် ရှီကျန်းဝူ ထွက်ပေါ်လာသည်။

[ရှိပါတယ် ကုတောက်ကျန့် ၊ ကျွန်တော် ဆက်သွယ်နိုင်ပါတယ်]

ရှီကျန်းဝူက သူ့အနေဖြင့် လောလောဆယ် အိမ်မှအလုပ်လုပ်နေရသည်ဖြစ်၍ အချိန်နှင့် နေရာအတွက် အခက်အခဲမရှိဟု ဆိုလာကာ ဗီဒီယိုဖြင့် တိုက်ရိုက်ဆက်သွယ်နိုင်ပြောင်း ပြောခဲ်သည်။

ထို့ကြောင့် ကုကျစ်စုန့်က သူ့ကို ဖိတ်ခေါ်ချက်ပို့ပေးလိုက်သည်။နှစ်ဖက်လုံးက ဗီဒီယိုဖြင့် ဆက်သွယ်ပြီးနောက် လူငယ်တစ်ယောက်၏မျက်နှာက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ စခရင်ပေါ်တွင် ပေါ်လာသည်။

သူက အသက်သုံးဆယ်အရွယ်လောက်ရှိပြီး ခပ်လတ်လတ်အသားအရည်နှင့် သာမန်ရုပ်ရည်ရှိသည်။

သူက အင်္ကျီဖြူဝတ်ထားပြီး အလုပ်စားပွဲတွင် ထိုင်နေခြင်းဖြစ်ပေသည်။

သူက လက်ကိုမြှောက်လိုက်ကာ ကင်မရာနောက်မှ ပရိသတ်များနှင့် ကုကျစ်စုန့်ကို နှုတ်ဆက်လိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ..တကယ်လို့ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်ကများ ဒီရှိုးကို ကြည့်နေတယ်ဆိုရင် မရယ်ကြနဲ့.. ကျွန်တော် အလုပ်ပြီးခါနီးနေပါပြီ.. ပျင်းနေတာလည်း မဟုတ်ဘူးနော်.. ကုတောက်ကျန့်ကို တကယ် မေးစရာတစ်ခုရှိလို့ပါ”

*

All Chapters