← Chapters

ဖမ်းစားခံထားရခြင်း(3)

Vol. 31 Ch. 308

ဖမ်းစားခံထားရခြင်း(3)

Vol. 31 Ch. 308

ရှီကျန်းဝူ၏အတွေးများကို သိနေသည့်အလား ကုကျစ်စုန့်က ‌ရုတ်တရက်ပြောလိုက်သည်။

“ရှင် အရမ်းတွေးလွန်းနေပြီ.. ရှင့်အစီအစဉ်နဲ့ပတ်သက်ပြီး ဘာမှတော့ပြဿနာမရှိဘူး၊ ဒါပေမဲ့ အဲ့အချိန်ရောက်ရင် ပြဿနာအကြီးကြီးတစ်ခု ဖြစ်လိမ့်မယ်”

“ကောလိပ်ဝင်ခွင့်ကျခဲ့တဲ့ အဲဒီနှစ်က စာမေးပွဲခန်းထဲကိုရောက်တော့ ဘယ်လိုခံစားရလဲဆိုတာ မှတ်မိသေးလား”

ကုကျစ်စုန့် ထိုမေးခွန်းကို မေးလာပြီးနောက် ရှီကျန်းဝူ၏တစ်ကိုယ်လုံးက အေးခဲသွားသည်။

သူ မထိန်းချုပ်နိုင်စွာပင် ထိုနှစ်ကို ပြန်တွေးမိသွားသည်။

ဤအဖြစ်က သူ အရှင်းထုတ်ပစ်ချင်ဆုံး အရိပ်မည်းကြီးလည်းဖြစ်သည်။

သူ စာမေးပွဲမတိုင်ခင် မှတ်စုများအများအပြား ပြင်ဆင်ထားခဲ့ကာ ဖော်မြူလာနှင့် မေးခွန်းများကို အလွတ်ကျက်ထားခဲ့သော်လည်း သူ စာမေးပွဲခန်းထဲ ထိုင်သည့်အခါ အလွန်အမင်း စိတ်တုန်လှုပ်လာခဲ့သည်။

သူ မရေးနိုင်ခဲ့ပေ။

သူ့နှလုံးသားမှာ အလွန်စိတ်လှုပ်ရှားနေခဲ့ကာ အရိုင်းဆန်စွာ ခုန်ပေါက်နေခဲ့ပြီး သူ့လက်နှင့် ခြေထောက်များက ပျော့ခွေလာကာ ထိုမေးခွန်းများကို မည်သို့ဖြေရှင်းရမည်ကို မမှတ်မိတော့ပေ။

စာမေးပွဲက နှစ်ရက်နှင့် တစ်ပိုင်းကြာမြင့်သည်။ နောက်ဆုံးစာမေးပွဲအနည်းငယ်တွင် သူက စိတ်နှင့်ကိုယ် ထောင်းထောင်းကြေနေပြီဖြစ်၏။ သူက စိတ်ရှုပ်ထွေးနေခဲ့ပြီး စာမေးပွဲမပြီးမချင်း အားမလျှော့ခဲ့။ သူ သွားပြီဟုလည်း သိနေခဲ့သည်။

ရုတ်တရက်ကြီး အဘယ်ကြောင့်အလွန်အမင်းစိတ်လှုပ်ရှားနေရမှန်း ရှီကျန်းဝူလည်း နားမလည်နိုင်။

စာမေးပွဲရလဒ်ထွက်လာသည့်အချိန်တွင် သူ့အမှတ်များက သူရနေကျအမှတ်ထက် အမှတ် ၁၀၀ လျော့နေသည်ကိုသာ သိတော့သည်။

ထိပ်တန်းတက္ကသိုလ်တက်ရန် မျှော်လင့်ထားခဲ့သည့် မူလအိပ်မက်လေးမှာ ပြိုကွဲခဲ့ရသည်။ ကျောင်းတွင်ပင် ထိုအမှတ်များကို မရခဲ့ဖူးပေ။

ရှီကျန်းဝူမှာ လူအများနဲ့ ဆက်သွယ်ရန်ခက်ခဲသည့်စိ တ်ရောဂါမျိုးရလာကာ အချိန်တစ်ခုထိ စိတ်ဓာတ်ကျနေခဲ့သည်။ စိတ်ရောကါအထူးကုနှင့်တွေ့ပြီးမှသာ သူ ကောက်ချက်တစ်ခုကို ရရှိခဲ့၏။

“သူက ဖိအားဒဏ်တွေကို ခံနိုင်ရည်ရှိလောက်တဲ့ထိ မသန်မာသေးဘူး”

သူ စိတ်လှုပ်ရှားလွန်းသောကြောင့် စာမေးပွဲပင် မအောင်ခဲ့ခြင်းသာ ဖြစ်သည်။

သူ နောက်တစ်နှစ်လည်း ထပ်မတက်လိုပေ။ သို့သော်ငြား အဆုံးတွင်မူ သူ့မိသားစု၏သိမ်းသွင်းမှုကို မခုခံနိုင်ခဲ့ပါချေ။

အတိုချုံးပြောရလျှင် တက္ကသိုလ်အစောပိုင်းနှစ်များဆီက ကောလိပ်ဝင်ခွင့်စာ‌မေးပွဲမှ နာကျင်စိတ်ပျက်ရသည့် ထိုရက်စွဲများကို သူ မမှတ်မိလိုတော့။

သို့သော် ကုကျစ်စုန့်က ပြောသည်။

“စာမေးပွဲခန်းထဲမှာ ဖြစ်ခဲ့တဲ့ စိတ်ထဲမှာ ဗလာဖြစ်သွားပြီး ကျရှုံးသွားတာမျိုးက ဒီတစ်ကြိမ်မှာလည်း ရှင့်အလုပ်မှာ ထပ်ပေါ်လာလိမ့်မယ်”

“ရှင် ဒီအလုပ်ကို အရမ်းကြိုးစားထားပြီး အရမ်းကိုအရည်အချင်းရှိတာမှန်တယ်၊ ဒါပေမဲ့ ရှင် အဲဒီအချိန်ကို ရောက်တဲ့အခါ ဘာကုုမှမမှတ်မိသလို စကားတစ်ခွန်းကိုမှလည်း မပြောနိုင်ဘဲ ဖြစ်နေလိမ့်မယ်”

ကုကျစ်စုန့်က သူ့ကံကြမ္မာမှ ထင်ဟပ်လာသောအခြေအနေကို အခြေခံ၍ အဖြစ်နိုင်ဆုံးသောဟောချက်ကို ထုတ်လိုက်သည်။

ထိုသို့ဖြစ်ခဲ့သည့်အတွက် ရှီကျန်းဝူမှာ ပရောဂျက်နှင့်ပတ်သက်၍ လုံးဝရှုပ်ထွေးသွားတော့သည်။

ယင်းက ခေါင်းဆောင်များနှင့် အထက်လူကြီးများကို အလွန်စိတ်ပျက်စေလိမ့်မည်။ လေလံနယ်ပယ်တွင် သူတို့ကုမ္ပဏီသည်လည်း လှောင်စရာတစ်ခုဖြစ်သွားကာ ကုမ္ပဏီ၏မျက်နှာနှင့် ဂုဏ်သိက္ခာကို ကြီးကြီးမားမားထိခိုက်သွားစေမည်ဖြစ်၏။

အဆုံးတွင်မူ ရှီကျန်းဝူတစ်ယောက် တာဝန်မအောင်မြင်ခဲ့သော်လည်း သည်နှစ်များအတွင်း သူ့လုပ်ဆောင်ချက်များနှင့် အားထုတ်မှုများကို ချင့်ချိန်ပြီးနောက် ရာထူးသာအလျှော့ခံလိုက်ရသည်။

သို့သော်လည်း သူ့ထံတွင် တိုးတက်ဖို့ရာတော့ လမ်းစမရှိတော့ကြောင်း မြင်နိုင်သည်။

ထိုရလဒ်ကို လက်မခံနိုင်သောကြောင့် ရှီကျန်းဝူက လုံးဝကို ဖြေမဆည်နိုင်ဖြစ်ကာ သူက မယှဉ်ပြိုင်နိုင်ဘဲ ရိုက်ခတ်မှုဒဏ်များကိုလည်း ခံနိုင်ရည်မရှိဖြစ်ပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်က အရိပ်မည်းကြောင့်ပါ အလုပာမှ နှုတ်ထွက်ရန်ဆုံးဖြတ်လိုက်သည်။

သူ့၏အနာဂတ်ကလည်း ဤအတွက်နှင့် ပြောင်းလဲသွားရသည်။ တောက်ပသည့် အနာဂတ်ရှိရမည့် ကြယ်ပွင့်တစ်ပွင့်အဖြစ်မှ မြို့ငယ်လေးတစ်ခုမှ သူရဲဘောကြောင်ပြီး ယုံကြည်ချက်ပျောက်ဆုံးနေသည့် အလုပ်သမားတစ်ယောက် ဖြစ်လာခဲ့သည်။

သို့သော်လည်း အမှန်တကယ်တွင်မူ ရှီကျန်းဝူတွင် စိတ်ဖိအားဒဏ်ခံနိုင်မှုနည်းပါးသောကြောင့် မဟုတ်ခဲ့ဘဲ တစ်စုံတစ်ယောက်က စက်ဆုပ်စရာနည်းလမ်းတချို့ဖြင့် သူ့ဘဝကို ခိုးယူခဲ့သောကြောင့် ဖြစ်သည်။

ကုကျစ်စုန့်က အေးစက်စွာ ဆိုလာသည်။

“ရှင် ပျက်စီးသွားရတဲ့ အကြောင်းရင်း နောက်တစ်ခုက ရှင် စတိတ်ပေါ်ရောက်သွားပြီးတာနဲ့ ရှင့်ဦးနှောက်က ဗလာဖြစ်သွားပြီး မရေမတွက်နိုင်တဲ့ ညလုံးပေါက်လုပ်ထားခဲ့တဲ့ အစီအစဉ်တွေက ဒီအတိုင်း ပျောက်ကွယ်သွားတာကြောင့်ပဲ”

“ဒါပေမဲ့ တခြားကုမ္ပဏီက မန်နေဂျာတစ်ယောက်က ရှင်နဲ့ ရှင့်ကုမ္ပဏီရဲ့ အစီအစဉ်နဲ့အ ရမ်းတူတဲ့ အရာတစ်ခုကို ထုတ်ပြလာတာကို တွေ့ရလိမ့်မယ်.. ရှင်က ဒီဇိုင်းနဲ့ လုံးဝတိုက်ချခံလိုက်ရတာ”

တခြားတစ်ဖက်က ထိုအစီအစဉ်ဖြင့် အချီကြီးအောင်မြင်သွားကာ ထိုနယ်ပယ်တွင် အလွန်ပင်နာမည်ကြီးလာခဲ့သည်။

ရှီကျန်းဝူ တစ်ခုခုများမှားနေသလောဆိုသည်ကို သံသယဖြစ်နေ၏။ နှစ်ဖွဲ့လုံး၏ အစီအစဉ်မှာ အလွန်တူနေသောကြောင့် သူတို့အဖွဲ့မှ သတင်းအချက်အလက်များ ပေါက်ကြားခဲ့လေသလော၊ သူ ဂရုစိုက်ထားခဲ့သည့် အနုစိတ်လှသောအသေးစိတ်အချက်များသည်ပင် တူညီနေလေသည်။

သို့သော် ထိုအချိန်တွင် သူက ကုမ္ပဏီနှင့် ထုတ်လုပ်ရေးတွင် လှောင်စရာတစ်ခုဖြစ်လာနေနှင့်ခဲ့ပြီးသား ဖြစ်နေပေပြီ။

သူ့၏ ခန့်မှန်းချက်များကို ပြောခဲ့လျှင်ပင် သူ မနာလိုသောကြောင့်ဖြစ်သည်ဟု လူတိုင်းက တွေးကြမည်သာ။

ရှီကျန်းဝူ၏အသံက အနည်းငယ်တုန်ယင်လာသည်။

“ခင်ဗျားဆိုလိုတာ.. ကျွန်တော် အသိစိတ်မဲ့သွားတယ်ဆိုတာက ကျွန်တော်ကိုယ်တိုင်ကြောင့် မဟုတ်ဘဲ...”

-တစ်ဖက်လူက ရှင့်အစီအစဉ်ကို ခိုးယူပြီး ရှင့်ဘဝကို ယူသွားတာကြောင့်ပဲ ..

ကုကျစ်စုန့်က သေချာနေဟန် ပြောသည်။

ရှီကျန်းဝူတွင် ရှိနေသော ပုံမှန်မဟုတ်သည့်စွမ်းအားများကို သူမ မြင်ခဲ့သည်။ ဤသည်က ရှားနိုင်ငံ၏ ‘ကံလွှဲပြောင်းမှုရောင်ခြည်’နှင့်တူသော်လည်း အနည်းငယ်ကွာခြားသည်။

ထိုနည်းစနစ်က လူနှစ်ယောက်၏ မှတ်ဉာဏ်များ၊ စွမ်းရည်များ၊ ကံ စသည်တို့ကို အချိန်တစ်ခုတွင် တိုက်ရိုက်အလဲအလှယ်လုပ်ခြင်းဖြစ်သည်။

ရှီကျန်းဝူ၏ ဦးနှောက်ထဲရှိ အစီအစဉ်အပြည့်နှင့် အလုပ်များက တစ်ဖက်လူအတွက် နေရာကောင်းတွင် ပြသနိုင်ရန် အချက်အလက်များဖြစ်သွားသည်။ သို့သော် ရှီကျန်းဝူကိုယ်တိုင်တွင်မူ ‘ဗလာဦးနှောက်’ဖြင့်သာ အဆုံးသတ်သွားသည်။

“အိုး.. စကားမစပ် လွန်ခဲ့တဲ့ ကိုးနှစ် ရှင် ကောလိပ်ဝင်ခွင့်ဖြေတုန်းက ရှင့်ရဲ့ကံကို ပြောင်းတဲ့ မန္တန်မှုတ်တာ ခံရဖူးတယ်”

ကုကျစ်စုန့်က ပြောလာ၏။

“ရှင် စာမေးပွဲကျခဲ့တာက သတ္တိကြောင်တဲ့ တခြားလူက ရှင့်ရဲ့အသိပညာတွေ၊ အပြုအမူတွေနဲ့ ကံတွေကို ရသွားလို့ပဲ.. အဲဒီနှစ်က သူက စာမေးပွဲကို ကောင်းကောင်းကြီး ဖြေနိုင်ပြီး ရှင့်အစား အရမ်းကောင်းတဲ့တက္ကသိုလ်တစ်ခုကို တက်ခွင့်ရသွားတယ်”

“ပိုပြီး စိတ်ဝင်စားစရာကောင်းတာက လွန်ခဲ့တဲ့ကိုးနှစ် ကောလိပ်ဝင်ခွင့်မှာ ရှင့်ကံကောင်းမှုတွေကို ခိုးခဲ့တဲ့သူနဲ့ လာမဲ့ရက်အနည်းငယ်အတွင်း ရှင့်အစီအစဉ်ကို ခိုးမဲ့သူနဲ့က တစ်ယောက်တည်းပဲ”

ဤသည်ကို ပြောပြီးနောက် ရှီကျန်းဝူက သူ့ဦးနှောက်မှာ တင်းကျပ်သွားပြီး နှုတ်ခမ်းများလည်း ဖျော့တော့သွားသည်။

သူ့လက်သီးဆုပ်များက တုန်ရီနေလျက်ပင်

“အဲဒီတော့.... ဒါက ဒီလိုဖြစ်သွားခဲ့တာပေါ့”

“အဲဒီသူတောင်းစားက ဘယ်သူလဲ”

နှစ်များစွာ ရုန်းကန်လာခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်မှု၊ ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်မှုတို့က အရှက်မရှိသော ထိုသူခိုးကြောင့်ပင် ဖြစ်နေခဲ့သည်။

ရှီကျန်းဝူက စိတ်မငြိမ်နိုင်သေးပေ။ သူ့မျက်လုံးနှင့် နှာခေါင်းများမှာ ချဉ်စူးစူးဖြစ်လာပြီး ဖောင်းလာသည်။

သူ အလွန်ဒေါသထွက်နေပြီး မှားယွင်းသည်ဟု ခံစားနေရ၏။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိသတ်များကလည်း ထိုအကြောင်းကို ကြားသည့်အခါ မခံမရပ်နိုင်ဖြစ်လာကြသည်။

[ရွံဖို့ကောင်းလိုက်တာ.. တကယ်လို့ အဲဒီလူသာ သာမန်လူတစ်ယောက်ရဲ့ဘတကို ပျက်စီးစေခဲ့တာဆိုရင် ခံရတဲ့လူက ဘဝကို ဆုံးရှုံးသွားရမှာ..

ဒါပေမဲ့ အကူအညီတောင်းတဲ့သူက စိတ်ဓာတ်ပြင်းထန်ပြီး သူ ရှင်သန်ခဲ့ရတဲ့ကြမ်းတမ်းမှုတွေဆီကို မတွန်းပို့ခံရအောင် အလုပ်ကြိုးစားခဲ့လို့‌သာပေါ့]

[အဲဒီလူကရဲ့လုပ်ရပ်က အရမ်းလွန်လွန်းနေပြီမဟုတ်ဘူးလား.. သူ ငယ်ငယ်တုန်းက အကူအညီတောင်းတဲ့သူရဲ့ ပညာရေးကို ခိုးယူခဲ့တယ်၊

ကြီးလာတော့လည်း သူ့အလုပ်အကိုင်ကို ခိုးပြန်တယ်.. ရှီကျန်းဝူကို သွေးမကုန်မချင်း ဂုတ်သွေးစုတ်ဖို့ ရပ်မှာမဟုတ်ဘူး]

[ငါလဲပဲ စက်ရုံကြီးတစ်ခုက အလုပ်သမားတစ်ယောက်ပါ.. သူ့ရဲ့မျက်နှာကို မြင်လိုက်တော့ သူက အဲဒီပရောဂျက်မန်နေဂျာဆိုတာ မှတ်မိလိုက်တယ်

ဒါပေမဲ့ သူ့ရဲ့ပထမဘွဲ့က ဒုတိယအဆင့်တက္ကသိုလ်ကဆိုတာ ငါ အခုမှသိတာ..သူက အလုပ်ကြိုးစားပြီး စွမ်းဆောင်ရည်ကောင်းတဲ့ အထက်လူကြီးတစ်ယောက်ပဲ]

[စက်ရုံကြီးတစ်ခုရဲ့ပြိုင်ဆိုင်မှုတွေဆိုတာက အရမ်းပြင်းထန်တာ.. သူ့ရဲ့ရာထူးမြဲဖို့ သူက အတန်းဖော်တွေထက် ပိုကောင်းနေဖို့လိုအပ်တယ်.. ရလဒ်အနေနဲ့ကတော့ သူ့အနာဂတ်က ဒီလိုဆိုးရွားတဲ့အရာအတွက်နဲ့ ပျက်စီးသွားရတာပဲ.. ငါတွေးလိုက်တာနဲ့ မသက်မသာခံစားရတယ်]

[ဒီမကောင်းတဲ့လူနဲ့ ကောလိပ်ဝင်ခွင့်ကို အစားထိုးလိုက်တဲ့လူကြားမှာ ဘာကွာခြားနေတာလဲ.. မဟုတ်သေးဘူး.. ဒီတစ်ယောက်က ပိုပြီးတော့တောင် ရက်စက်ပြီးရွံစရာကောင်းသေးတယ်]

[အဲဒီတိရစ္ဆာန်ကောင်ကို ထုတ်ဖော်ပြီး လူတိုင်းရဲ့အရွံရှာခံတဲ့ဘဝကို ကောင်းကောင်းမြည်းကြည့်ခိုင်းစေချင်တယ်]

[အရင်တုန်းက စိတ်ဝိညာဉ်ဌာနအကြောင်း ဆွေးနွေးချက်တစ်ခုကို နားထောင်ဖူးတယ်.. ဒီလိုရုပ်လွန်ပညာအဖွဲ့တွေက တကယ့်စုံစမ်းစစ်ဆေးရေးဌာနလို့ သတ်မှတ်လို့မရဘူးတဲ့

အခုတော့ သာမန်လူတွေက မကောင်းတဲ့လူတွေရဲ့ ရုပ်လွန်ပညာတွေနဲ့ တိုက်ခိုက်တာခံနေရပြီ.. ပြန်တိုက်ခိုက်ဖို့လဲ အစွမ်းအစ မရှိဘူး..သူတို့ဘဝက ဘယ်လိုဖြစ်နေမလဲဆိုတာတောင် မသိနိုင်ကြဘူး.. ငါ့အမြင်ကတော့ အစိုးရက သေချာစိစစ်ပြီး ထိန်းချုပ်သင့်တယ်လို့ထင်တယ်]

*

All Chapters