← Chapters

သေသည်အထိ အနိုင်ကျင့်ခံရခြင်း (1)

Vol. 31 Ch. 303

သေသည်အထိ အနိုင်ကျင့်ခံရခြင်း (1)

Vol. 31 Ch. 303

[ကျောင်းတွင်းအကြမ်းဖက်သူတွေက ကလေးတွေ‌လို့တောင် ခေါ်ဖို့မတန်ဘူး.. သူတို့က မကြီးပြင်းလာသေးတဲ့ မိစ္ဆာကောင်အုပ်စုပဲ]

[ငါ့ရဲ့ တူနဲ့ တူမလေးကလည်း အနိုင်ကျင့်ခံခဲ့ရဖူးတယ်.. တူမလေးဆို ပါးရိုက်ခံရပြီး ဓာတ်ပုံရိုက်ဖို့ အင်္ကျီတွေကိုလည်း ဆွဲဖြဲခံထားရတာ

တူလေးကတော့ အရွယ်ရောက်စဖြစ်ပြီး နည်းနည်းလောက်ဝတော့ သူက အနိုင်ကျင့်လှောင်ပြောင်တာကိုခံရတယ်.. စိတ်ကျရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီး နှစ်ခါတောင် သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်]

[ဒီတော့ ဒီလူတွေက ဘာလို့ ရွှီရုန်ဟန်ကို အနိုင်ကျင့်ခဲ့ကြတာလဲ]

[……]

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ မှတ်ချက်နေရာက အမြန်ရှင်းလင်းခံနေရပြီး မျိုးစုံသော ဆွေးနွေးမှုများက မျှော်စင် တစ်ထပ်ပြီးတစ်ထပ် တည်ဆောက်လာခဲ့သည်။

ကြည့်ရှုသူအများအပြားက ဒေါသထွက်နေကြပြီး တစ်ချိန်ထဲတွင်ဇဝေဇဝါဖြစ်နေသည်ကို ကုကျစ်စုန့် မြင်လိုက်သည်။

ယုတ္တိကျကျပြောရမည်ဆိုပါလျှင် လူတိုင်းက သူတို့၏ဆယ်ကျော်သက်အရွယ်၊ နှစ်ဆယ်ကျော်အရွယ်လေးသာရှိနေကြသေးအေ၏။

မည်သည့်အမုန်းတရားနှင့် နာကျည်းမှုများက သူတို့ကို ထိုသို့သော ရက်စက်သည့်အရာမျိုး ကျူးလွန်အောင် ဖြစ်စေခဲ့ပါသနည်း။

သူမက မျက်လွှာချကာ ရွှီရုန်ဟန်၏မှတ်ဉာဏ်ထဲတွင် တွေ့ခဲ့ရသော အခြေအနေများနှင့် တွက်ချက်ရရှိခဲ့သော သတင်းအချက်အလက်များကို ပေါင်းစည်းလိုက်ပြီးနောက် ဖြစ်စဉ်၏ အနည်းနှင့်အများ တိကျသည့် အကြောင်းရင်းက ပေါ်ထွက်လာခဲ့သည်။

ရွှီရုန်ဟန်၏မိသားစုမှာ ဆင်းရဲလွန်းလှသည်။ သူက ဆင်းရဲသောအိမ်ထောင်စု ကလေးတစ်ယောက်သာ ဖြစ်ပေ၏။

သူ၏အဖေက ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ပြီး အမေက မသန်စွမ်းဖြစ်သည်။ သူသည်လည်း ကလေးဘဝကတည်းက ရွာထဲတွင် ဖယ်ကျဉ်ခံရသော ကလေးတစ်ယောက်ဖြစ်ခဲ့၏။

မည်သည့် မမျှော်လင့်ထားမှုမျိုးမှ မဖြစ်ခဲ့ပါလျှင် သူ၏ဘဝက တစ်ချက်ကြည့်ရုံဖြင့်ပင် ထွင်းဖောက်မြင်နိုင်ပေသည်။

သူက တခြားသောအပယ်ခံကလေးများနှင့်အတူ လယ်ကွင်းထဲတွင် ‌ရောနှောနေရပေလိမ့်မည်း။ အသက် ၁၆,၁၇ လောက်တွင် ကျောင်းထွက်ပြီး သူ့ကိုယ်သူထောက်ပံ့ရန်နှင့် မိသားစုဝင်ငွေကို မြှင့်တင်ရန် စက်ရုံတွင် အလုပ်လုပ်ရမည်ဖြစ်၏။

သူက လက်ထပ်ပြီး ကလေးများရလာသည့်အချိန်တွင်လည်း သည်ဆင်းရဲသောဘဝတွင်သာ ကျင်လည်ရပေမည်။

သို့သော်လည်း ရွှီရုန်ဟန်က ဤသည်ကို လက်မခံနိုင်။

သူ့ကြမ္မာကို ပြောင်းလဲနိုင်အတွက် သူ စာကြိုးစားခဲ့ကာ သူကိုယ်တိုင်နှင့် သူမိသားစု၏ ကံကြမ္မာကို ပြောင်းလဲရန် တစ်ခုတည်းသော ဘဝမြှင့်တင်နိုင်မည့်အခွင့်အရေးဖြစ်သည့် ကောလိပ်ဝင်ခွင့်ကို ဖြတ်ကျော်နိုင်ချင်ခဲ့သည်။

အဆုံးတွင်တော့ သူက ရွာကျောင်းတွင် သိပ်ပြီး မဆိုးလှသည့် ပညာရေးအရင်းအမြစ်များကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ကာ နိုင်ငံရှိ အဓိကကျောင်းကို ဝင်နိုင်ရန် ကြိုးစားနိုင်ခဲ့သည်။

သို့သော် သူ့တွင် အုတ်မြစ်ကောင်းကောင်းမရှိသည့်အတွက် နာမည်ကြီးတရုတ်ဂန္တဝင်စာပေ စာအုပ်များနှင့် နိုင်ငံခြားစာအုပ်များကို မဖတ်ရှုနိုင်ခဲ့ပေ။

ထို့ကြောင့် လှပသည့်စကားလုံးအသုံးအနှုန်းများလည်း မရှိသကဲ့သို့ နိုင်ငံခြားဘာသာစကားတွင် နားထောင်နိုင်စွမ်းက မကောင်းဘဲ အသံထွက်ပုံကလည်း ဆိုးရွားခဲ့သည်။

အထက်တန်း ပထမနှစ်နှစ်တွင် သူက ထိုကွာဟချက်ကို ဖြည့်နိုင်ရန် အကောင်းဆုံးကြိုးစားခဲ့ပြီး သူ့၏အဆင့်များကလည်း မြင့်တက်လာခဲ့ကာ အမှတ်ကောင်းကောင်းဖြင့် နေရာကို တည်ငြိမ်စွာ ရပ်နိုင်ခဲ့သည်။

တစ်စုံတစ်ရာသာ ဖြစ်မလာပါက သူ ပိုကောင်းသည့်နေရာသို့ ရောက်နိုင်ပေတော့မည်။

ရွှီရုန်ဟန်အတွက် ‌၁၆ နှစ်တာကာလ၏ မှတ်ဉာဏ်များက ခက်ခဲခဲ့သော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက်ရှိနေခဲ့သေးသည်။

ထို့အတွက်ကြောင့် ကုကျစ်စုန့်အနေဖြင့် မှတ်ဉာဏ်အပိုင်းအစများနှင့် ချိတ်ဆက်လိုက်သောအချိန် သူ၏ခံစားမှုများက အတော်လေး အေးဆေးတည်ငြိမ်ကြောင်းကို သိလိုက်ရသည်။

ကံကြမ္မာ၏အလှည့်အပြောင်းက ရွှီရုန်ဟန်၏ အထက်တန် ဒုတိယနှစ်၏ ဒုတိယနှစ်ဝက်တွင် ဖြစ်ခဲ့ခြင်းပင်။

သူ့အဖေက ဆောက်လုပ်ရေးလုပ်ငန်းခွင်‌တွင် အလုပ်လုပ်နေရင်း မတော်တဆ ခြေထောက်ကျိုးသွားခဲ့သည်။ အခြေအနေက ပြင်းထန်ပြီး ဖြတ်တောက်ဖို့ လိုအပ်ခဲ့သည်။

အဖေဖြစ်သူကုုဆေးရုံသို့ ပို့ပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းခွင်က သူတို့မိသားစုကို လျော်ကြေးအဖြစ် ယွမ် (၁၅၀,၀၀၀) ပေးလာသည်။

မလောက်ငှသည့် မသန်စွမ်း ထောက်ပံ့စရိတ်ကို ရရှိခဲ့သော်လည်း တစ်ဘဝစာလုံး ရိုးသားစွာ နေလာခဲ့သော အမေရွှီနှင့် အဖေရွှီတို့အတွက်မူ ထို ယွမ် ၁၅၀,၀၀၀ ပမာဏက မိုးလောက်ကြီးသော ပမာဏပင်။

သူတို့က လောဘလည်း မကြီးရဲသကဲ့သို့ ချမ်းသာပြီး အာဏာရှိသည့် သူဌေးကြီးများကိုလည်း ကြောက်သည့်အတွက် ထိုငွေကြေးကိုသာ လက်ခံလိုက်ကြသည်။

သိပ်မကြာခင်တွင် အဖေရွှီ၏အနာတွင် ကူးစက်ရောဂါပိုး ဝင်သွားလိမ့်မည်ဟု မည်သူက သိပါမည်နည်း။ ဆရာဝန်များ၏ ပြောစကားအရ အဖေရွှီ၏ ခုခံအားမကောင်းမှုက ရောင်ရမ်းခြင်းနှင့် ရောဂါသစ်ထပ်တိုးစေခဲ့သည်။

ပြောရလျှင် အဖေရွှီ၏ အခြေအနေက ယိုယွင်းလာခဲ့ကာ အသက်အန္တရာယ်ရှိသည်အထိ ဆိုးရွားလာခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းမှ ပေးသော လျော်ကြေးငွေကလည်း တစ်လပင် မပြည့်ခင် ကုန်ဆုံးသွားခဲ့သည်။ အမေရွှီက ရွှီရုန်ဟန်ကို ထိုအကြောင်းများကို ပြောပြလာခဲ့သည်။

အထက်တန်း တတိယနှစ်စာ‌မေးပွဲအတွက် ကြိုးစားနေရပြီး ကောလိပ်ဝင်ခွင့်အတွက် ကြိုးပမ်းနေရသည့် ရွှီရုန်ဟန်တစ်ယောက် ကူကယ်ရာမဲ့ကာ စိုးရိမ်ပူပန်နေခဲ့ရပြီး ကျောင်းတွင်ဆက်နေရမည့်ရက်များကို ရေတွက်နေခဲ့ရသည်။

သူက လုပ်ငန်း၏ သူဌေးနှင့် စကားပြောရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းကို ထပ်သွားခဲ့သည်။

တစ်ဖက်လူက သူ့အဖေကို ကူညီနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် သွားခဲ့ခြင်းပင်။

သို့သော်လည်း အဖေရွှီနှင့် အမေရွှီတို့၏ ဥပဒေအကြောင်းကို မသိနားမလည်မှုကြောင့် ထိုအချိန်က လျော်ကြေးငွေကို လက်ခံခဲ့ခြင်းဖြစ်သည်။ ယခုတွင်တော့ ထိုသူဌေးက သူတို့ကို ပိုက်ဆံထပ်မပေးချင်တော့ပေ။

အကြွေးပြန်ယူရန်အတွက် ရောက်လာသော ရွှီရုန်ဟန်ကို သူက လိမ်ညာပါသည်ဟုပြောကာ တစ်စုံတစ်ယောက်ကို ငှားရမ်း၍ သူ့ကို ရိုက်ခိုင်းခဲ့သည်။

ရွှီရုန်ဟန်မှာ ရွေးချယ်စရာမရှိတော့ဘဲ ထိုရက်များအတွင်း ကျောင်းတက်ရင်းဖြင့် နေ့လည်ပိုင်းတွင် အလုပ်သွားရသည်။ ညနေခင်းကိုယ်ပိုင်စာကြည့်ချိန်များကိုလည်း မသွားနိုင်ဘဲ ဆေးရုံစရိတ်ရရန် အလုပ်လုပ်ခဲ့ရသည်။

အဆုံးတွင်မူ အဖေရွှီက သူအထက်တန်းစီနီယာနှစ်တွင်ပင် ဆုံးပါးသွားခဲ့လေသည်။

သူနှင့် သူ့၏ အမေတို့မှာ ဖြေမဆည်နိုင်အောင်ဝမ်းနည်းခဲ့ရသည်။ ထိုနှစ်က သူတို့၏ အချိန်နှင့် စွမ်းအင်များကို များစွာ သုံးခဲ့ရခြင်းကြောင့် ရွှီရုန်ဟန်သည်လည်း ကောလိပ်ဝင်ခွင့် ကျရှုံးခဲ့ရလေ၏။

သူ့အဖေ မဆုံးခင်က သူ့၏ လက်ကို တင်းတင်းကျပ်ကျပ်ကိုင်၍ စိတ်ကူးယဉ်မဆန်ရန်နှင့် သူတို့ကဲ့သို့ ဆင်းရဲသော ကလေးများအတွက် ငွေကြေးနှင့် စီမံခန့်ခွဲမှုတို့ကဲ့သို့ လက်တွေ့မကျသောအရာများကို မသင်ယူတော့ရန် ပြောခဲ့သည်။

သူက ဒုတိယအဆင့် စက်မှုလက်မှုကျောင်းများကိုသာ သင်ကြားရန် တိုက်တွန်းခဲ့သည်။

သူ့၏ အမှတ်များက တက္ကသိုလ်ကောင်းတစ်ခုကို မသွားနိုင်ကြောင်း သိသွားခဲ့ပြီးနောက် ရွှီရုန်ဟန်လည်း ကောင်းကျိုးဆိုးပြစ်များ ဆင်ခြင်ပြီး အတန်သင့်ကောင်းမွန်သည့် နယ်ခံအသက်မွေးမှုနှင့်နည်းပညာကျောင်းတစ်ခုသို့ လျှောက်ခဲ့သည်။

ထိုကျောင်းတွင်ဆိုပါက သူ့၏ မိသားစုအခြေအနေကြောင့် ကျူရှင်မတက်နိုင်လျှင်ပင် အဆင်ပြေနိုင်သည်။

သို့သော် သူ မည်သည့်အချိန်ကမျှ မတွေးမိခဲ့သည်မှာ ထိုကျောင်းသို့ ဝင်လိုက်ခြင်းက အနိုင်ကျင့်ခံရခြင်းနှင့် သေသည်အထိ အရိုက်ခံရခြင်းများ၏ အစဆိုသည်ကိုပင်။

ရွှီရုန်ဟန်မှာ ငယ်စဉ်ကတည်းက ယောကျာ်းလေးများကြားတွင် ရုပ်ရည်သန့်ပြန့်ပြီး ကြည့်ကောင်းသည်။ အထက်‌တန်းကျောင်းတွင်လည်း မိန်းကလေးအများစုက သူ့ကို နှစ်သက်ခဲ့ကြလေ၏။ အသက်မွေးမှုနှင့်နည်းပညာကျောင်းသို့ ပြောင်းပြီးနောက် ပို၍ပင် များလာခဲ့သည်။ သို့သော်လည်း သူက ယဉ်ကျေးစွာ ငြင်းပယ်မြဲပင်။

သူ့အနေဖြင်် ကြောင်သူတော်လည်း မလုပ်ချင်ခဲ့ပါချေ။ ဘွဲ့တစ်ခု ရလိုခဲ့ခြင်းကြောင့်သာ အသက်မွေးမှုနှင့်နည်းပညာ ကျောင်းကို တက်ခဲ့ခြင်းဖြစ်ပေသည်။

သူ့အနေဖြင့် နေ့တိုင်း စာကြည့်တိုက်ထဲတွင်သာ အချိန်ကုန်ဆုံးပြီး စာအုပ်များကို ကျက်မှတ်နေခဲ့သည်။ သူ၏ဘဝမှာ အလွန်ပင်ပင်ပန်းလွန်းရသောကြောင့် ချစ်မိသွားချိန်ဟူ၍ မရှိခဲ့ပါချေ။

သူ၏ ချောမောသော ရုပ်ရည်၊ ရင့်ကျက်သော စိတ်ဓာတ်နှင့် အခက်အခဲများကို ကြုံပြီးနောက် ရင့်သန်လာသော ရည်မှန်းချက်များကြောင့် ကျောင်းတွင်ရှိနေသော မိန်းကလေးများက ပို၍ပင် ကြိုက်နှစ်သက်လာခဲ့ကြ၏။

သို့သော် ထိုသို့သော “ထူးခြား”သည့်အပြုအမူက မရင့်ကျက်သေးဘဲ ပညာမပြည့်ဝသေးသည့် ကျောင်းသား ကောင်လေးများ၏ အမြင်တွင်တော့ ဟန်ဆောင်နေသည့်အမူအရာများသာ ဖြစ်နေခဲ့သည်။

ကောင်လေးအများစုက သူ့ကို မကြိုက်နှစ်သက်ကြပေ။ သူက ဆင်းရဲသည့် ကျောင်းသားဖြစ်ပြီး အလှကြိုက်သည့် ယောကျာ်းလေးတစ်ယောက်ဖြစ်ကြောင်း ပြောခဲ့ကြသည်။

သူက အသက်မွေးမှုနှင့်နည်းပညာကျောင်းသို့လာပြီး အဆင့်အတန်းမြင့်သကဲ့သို့ ဟန်ဆောင်ကာ စာကြိုးစားယောင်ဆောင်သည်ဟု ပြောခဲ့ကြသည်။

သူက ယောကျာ်းလေးများကြားတွင် လက်ဖက်စိမ်းသဖွယ် ဖြစ်နေခဲ့သည်။

တစ်နည်းအားဖြင့် ထိုကောင်မလေးများကလည်း ဟန်ဆောင်ထားသောသူ့ပုံစံကြောင့်သာ အရူးအမူးဖြစ်နေကြခြင်းသာဖြစ်သည်ဟူ၏။

ထိုသို့သောလူမျိုးက အဘယ်ကြောင့် ကျောင်းအိုင်ဒေါလ်ဖြစ်နေကြောင်းကို သူတို့ကျောင်းသားများက နားမလည်ခဲ့ကြချေ။

သူတို့က သူ့ကို မနှစ်မြို့ခဲ့ကြသောကြောင့် တချို့ကောင်လေးများက သူ့ကို အမြဲတစေ လှောင်ပြောင်ကြပြီး သူ့ကို စော်ကားရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် စကားကြမ်းများ ပြောကြသည်။

အကြိမ်ကြိမ်ဖွပ်လျှော်ထားသောကြောင့် ဖြူနေသော အင်္ကျီများနှင့် နွမ်းလျသော အစားအစာများကို ကြည့်ပြီး လှောင်ပြောင်ကြကာ ရှက်ရွံ့အောင် လုပ်ကြပြီး တစ်ဖက်မှ အသနားခံလာစေရန် ကြိုးစားခဲ့ကြသည်။

ရွှီရုန်ဟန်က သူတို့ကို အရေးမစိုက်လေလေ သူတို့က ရွှီရုန်ဟန်ကို သတ္တိကြောင်ကာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု ထင်လေလေဖြစ်ကာ သူတို့ကို အထင်သေးဟန်ဆောင်နေသည်ဟု ထင်လာလေလေပင်။

ထို့ကြောင့်ပင် အနိုင်ကျင့်မှုများက ပိုပြင်းထန်လာကြသည်။တွန်းထိုးခြင်း၊ လှောင်ရယ်ခြင်း၊ စော်ကားသော စကားများ၊ အိပ်ဆောင်တွင်း အနိုင်ကျင့်မှုများနှင့် ဖယ်ကြဉ်မှုများ...

“မနှစ်သက်ခြင်း”နှင့် “စနောက်ခြင်း”ဆိုသည့် ခေါင်းစဉ်အောက်တွင် ကျောင်းတွင်းအနိုင်ကျင့်မှုက ရွှီရုန်ဟန်၏ ဘဝတွင် ပါဝင်လာခဲ့သည်။

သူ မည်သည့်အမှားကိုလုပ်မိကြောင်း သူကိုယ်တိုင်ပင် မသိခဲ့ချေ။

သူက ထိုသို့ကလေးဆန်လွန်းသော အပြုအမူများနှင့် ပြဿနာမဖြစ်လိုခြင်းသာ ဖြစ်ပြီး ပိုက်ဆံချမ်းသာပြီး အပူအပင်ကင်းသော ပျော်ရွှင်သောမိသားစုမှလာသည့် ထိုကလေးများနှင့် အချိန်မဖြုန်းချင်ရုံတင်။

သူက ကောလိပ်ကို သွားချင်ပြီး သူ့ကံကြမ္မာကို ပြောင်းလဲချင်ရုံသာဖြစ်သည်...

မည်သည့်အရာကများ မှားယွင်းနေပါသနည်း။

ထို့နောက်တော့ အကြောင်းအရာတစ်စုံတစ်ခုက ခေါင်းဆောင်ကောင်လေးများကို စိတ်တိုသွားစေခဲ့ပြီး ရွှီရုန်ဟန်ကို သေသည်အထိ ရိုက်နှက်ရန် အကြောင်းဖန်လာခဲ့သည်။

ထိုအုပ်စုထဲမှ အလွန်ချမ်းသားသည့် ဒုတိယမျိုးဆက်သူဌေးသားတစ်ဦးက မေဂျာတစ်ခုတည်းမှ ချောမောသော မိန်းကလေးကို သဘောကျသွားခဲ့သည်။

ထိုသူဌေးသားက သူ့တွင် ကောင်းမွန်သောအခြေအနေရှိသည်၊ အိမ်ရှိသည်၊ ပိုက်ဆံရှိသည်ဖြစ်၍ မိန်းကလေးများကို လိုက်ရန်လွယ်ကူမည်ဟု တွေးခဲ့သည်။

ရလဒ်အနေဖြင့် ထိုမိန်းကလေးက ရွှီရုန်ဟန်ကို သဘောကျနေကြောင်းကို အခြားသူများထံမှ ကြားလိုက်ရတော့သည်။

အဖွဲ့ထဲမှ တခြားကောင်လေးတစ်ဦးတွင်လည်း တူညီသောအဖြစ်မျိုးဖြစ်နေခဲ့သည်။

*

All Chapters