← Chapters

ဆိုးရွားထိတ်လန့်ဖွယ် အမှားတစ်ခု(2)

Vol. 32 Ch. 316

ဆိုးရွားထိတ်လန့်ဖွယ် အမှားတစ်ခု(2)

Vol. 32 Ch. 316

ကုကျစ်စုန့်ကတော့ မြေအောက်လောကတွင် အနောက်တိုင်းနတ်ဆိုးအကြောင်းကို အပူတပြင်းဆွေးနွေးနေသည့်အကြောင်းကို မသိခဲ့ပေ။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ထိပ်တိုက်ရင်ဆိုင်မှုကတော့ ဆက်ဖြစ်ပွားနေလေပြီ။

ကုကျစ်စုန့်၏အမေးစကားကို ကြားသည့်အခိုက်တွင် အဘွားရှ အေးခဲသွားသည်။

သူမ ထိုအကြောင်းကို မပြောချင်ပေ၊ ထို့ကြောင့် ရှောင်လွှဲကာ နှာမှုတ်လိုက်သည်။

“ နင် ဘာလို့အခုထိ စကားတွေအရမ်းပြောနေသေးတာလဲ.. ဘယ်လိုပဲဖြစ်ဖြစ် နင် အခု အကုန်သိနေပြီပဲ.. ဒီတော့ ရဲခေါ်ပြီး ငါ့ကိုတိုင်လိုက်လေ!”

“မင်းတို့နှစ်ယောက်လုံး ငါ့ကို မုန်းနေတယ်ဆိုငါသိတယ်.. ဒါပေမဲ့ ငါ့မှာ ရွေးချယ်စရာရှိလာရင်တောင် ဒီလိုပဲလုပ်ဦးမှာပဲ”

“ငါ အယူခံဝင်မယ်! ဒါတွေအားလုံးကို ငါ့ဘာသာ လုပ်ခဲ့တာ”

အဘွားရှက ရှီကျန်းဝူကို ခေါင်းမာသောလေသံ၊ ခေါင်းမာသောအကြည့်ဖြင့် အော်လိုက်သည်။

သူမ မည်သည့်အမှားမျှမလုပ်ခဲ့ဟု အဘွားရှ‌ ထင်နေတုန်းပင်။

ရှီကျန်းဝူမှာ ထုံထိုင်းသယောင်ပင် ဖြစ်လာကာ ခါးသက်စွာ ပြုံးမိလိုက်သည်။

“ခင်ဗျားဆိုလိုတာ ကျွန်တော်က ခင်ဗျားရဲ့မြေးကောင်းလေးဆီကို ဦးတည်ပြီးဘာမှမလုပ်သင့်‌ဘူးပေါ့၊ ဒီအတိုင်း လက်ခံလိုက်ရမယ်ပေါ့?”

“ကျွန်တော့်ရဲ့ပညာအရည်အချင်းတွေလည်း အစားထိုးခံလိုက်ရတယ်၊ ကျွန်တော့်အမေရဲ့ဘဝလဲ အစားထိုးခံလိုက်ရတယ်၊ ကျွန်တော်က ဒါကို ဒီအတိုင်းထားလိုက်ရမယ်ပေါ့‌?”

“သူတို့က ဘာမှသိတာမဟုတ်ဘူး!”

အဘွားရှက တံခါးပေါင်ကို လက်ဝါးဖြင့်ရိုက်ကာ ခက်ထန်စွာပြော၏။

“ပြီးတော့ ဒါက နင့်မိသားစု ငါ့အပေါ်အကြွေးတင်နေတဲ့အရာပဲ.. နင်တို့ သွေးကြွေးနဲ့ ပြန်ဆပ်ရမယ်!”

“ငါလည်း နင့်အမေကို ပျိုးထောင်ပေးခဲ့တာပဲ.. နှစ်ပေါင်းများစွာကြာအောင် ချီးသေး သုတ်ပေးခဲ့ရတာပဲ”

ဤသည်ကိုကြားသည့်အခါ ကုကျစ်စုန့်က မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။

“တော်လိုက်တော့! ရှင်ပြောခဲ့တဲ့အတိုင်းဆို... အဘွားရှ၊ ရှီကျန်းဝူနဲ့ သူ့အမေတို့က ဘာကိုမှမသိခဲ့တာပဲ”

“ရှင်တို့ ဒီကိစ္စ ဆက်ရှင်းချင်တယ်ဆို အချိန်ပြီးမှ ဆက်ရှင်းကြ.. ကျွန်မမှာ အလဟဿဖြစ်သွားဖို့အချိန်မရှိဘူး”

သူမ ခေါင်းကိုက်လာသည်။ လူ့စိတ်နှင့် လူ့သဘာဝတို့မှာ ကမ္ဘာပေါ်တွင် ခန့်မှန်းမရနိုင်ဆုံးသော အရာများဖြစ်ကြပြီး အခြားသော ရှုပ်ထွေးသည့်စဉ်းစားစရာများ၊ ခံစားချက်များနှင့် ရောထွေးနေသေးသည်။

အဘွားရှ၏ ရှုထောင့်မှကြည့်လျှင် သူမက လက်စားချေသင့်သည်ဟု ထင်နေရုံသာမက ရှီကျန်းဝူ၏အမေကို ဒုက္ခမပေးသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကြင်နာလွန်းလှပြီဟုပင် ထင်နေသေးသည်။

သို့သော်လည်း ရှီကျန်းဝူဘက်မှကြည့်လျှင် သူ့မိသားစုခံစားရမှုများသည် သူတို့ကိုယ်တိုင်ကြောင့် မဟုတ်သည့်ဘေးဒုက္ခများပင်။

ကုကျစ်စုန့်ကတော့ ဇာတ်လမ်းတစ်ခုလုံးကို ထုတ်ဖော်ချင်ရုံသာ။

မည်သူ့ဘက်မှ မှန်ခြင်းမှားခြင်းနှင့် အပြစ်ပေးခြင်းတို့အတွက်မူ သူတို့ကိုယ်သူတို့သာ ငြင်းခုန်ကြပါစေတော့။

သူမက အေးစက်စွာ မေးသည်။

“ကျွန်မရှင့်ကို တစ်ခွန်းပဲမေးမယ်၊ အဘွားရှ .. ရှင် လက်စားချေဖို့တစ်ခုပဲလိုချင်ခဲ့တာလား။ ဒီနှစ်တွေထဲမှာ ရှင်လောဘတက်မိတာမျိုး မရှိဘူးလား”

သူမက လွန်ခဲ့သည့် နှစ် ၂၀ က မိသားစုပုံလေးကို ပထမတစ်ခါကြည့်စဉ်က အပြည့်အဝပုံမ‌ပေါ်သေးသည့် အနောက်တိုင်းမကောင်းဆိုးဝါးမှာ အဘွားရှနှင့် သက်ဆိုင်နေကြောင်း တွေ့လိုက်ရသည်။

အလယ်တွင်ရပ်နေသော သွေးမတော်သားမစပ်သည့်အမျိုးသမီးနှစ်ဦးမှာ အမည်းရောင်ဖျော့ဖျော့လေထုက ရစ်နှောင်ထားသည်။

ထို့ကြောင့် အစပထမတွင် ကုကျစ်စုန့်က တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိသတ်များအတိုင်း ရှီကျန်းဝူခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာကဲ့သို့ပင် ထိုနတ်ဆိုးကို အဘွားရှ တမင်ဖန်တီးထားခြင်းဖြစ်ရမည်ဟု တွေးခဲ့သည်။

နတ်ဆိုးကို ရှီကျန်းဝူ၏အမေထံတွင် ထားလိုက်ရခြင်းမှာ သူမကို နှိပ်စက်ရန်ဖြစ်သည်ဟု တွေးလိုက်၏။

သို့သော် အဘွားရှနှင့် ရှီကျန်းဝူ၏အမေတို့ကို တွေ့သောအခါ သူမ၏ မတိုင်ခင်ခန့်မှန်းချက်က မှားသွားကြောင်း ကုကျစ်စုန့်သိလိုက်သည်။

အဘွားရှမှာ သူမ ရန်သူ၏သမီးအပေါ် ချစ်ခင်မှုတစ်စွန်းတစ်စရှိနေခဲ့က အမုန်းတစ်ဝက်နှင့် အပြစ်ရှိစိတ်တစ်ဝက်လည်း ရှိနေခဲ့သည်။

နတ်ဆိုးခြောက်လှန့်ခြင်းခံရမည့်သူမှာ ရှီကျန်းဝူ၏အမေ မဟုတ်ဘဲ အဘွားရှကိုယ်တိုင်ပင်ဖြစ်၏။

လွန်ခဲ့သည့် ၄၈ နှစ်က အသက်သုံးဆယ်ဝန်းကျင်ရှိသည့် အားနည်းသော အမျိုးသမီးတစ်ယောက်မှာ သူမလက်ထဲတွင် ငိုနေသောကလေးကို ပွေ့ထားပြီး ဆေးရုံမှထွက်လာခဲ့သည်။

သေးငယ်၍ပြောင်ရှင်းနေသောအခန်းလေးသို့ ပြန်ရောက်သောအခိုက်တွင် နံရံပေါ်တွင်ချိတ်ထားသည့် သူမခင်ပွန်း၏အဖြူအမည်းဓာတ်ပုံလေးကို ကြည့်ပြီး ငိုလိုက်ရယ်လိုက်ဖြစ်နေခဲ့ရသည်။

သူမတို့၏ကလေးက ထိုသူတို့မိသားစုကို ပြစ်ဒဏ်ဖြစ်စေကာ ဘဝကောင်းတစ်ခု‌တွင်နေရလိမ့်မည်ဟု ပြောခဲ့သည်။

မျက်ရည်များကို သုတ်ပစ်လိုက်ပြီးနောက် အမျိုးသမီးက အိပ်ရာပေါ်မှကလေးကို ကြည့်ပြီး သူမ၏စိတ်ထဲတွင် မရေမတွက်နိုင်သည့် အကြံဆိုးများက ဝင်ရောက်လာခဲ့သည်။

ဥပမာ ကလေးကို ရည်ရွယ်ချက်ရှိရှိ အစာငတ်ထားခြင်း၊ ငယ်ငယ်ရွယ်ရွယ်နှင့် မတော်တဆသေဆုံးစေခြင်း၊ သို့မဟုတ် လက်စားချေရန်အခြားသောနည်းလမ်းများပင်။ရှင်းရှင်းပြောရလျှင်တော့ ကလေးကိုသတ်ကာ အဆုံးသတ်ပစ်ရန်ဖြစ်၏။

သို့သော်လည်း ပိန်ပါးလှသည့် ထိုကလေးက ဆာလောင်မှုကြောင့် ငိုကြီးချက်မဖြစ်လာသည့်အခါတွင်တော့ သူမ ဆက်မကြည့်နိုင်တော့။

အဆုံးတွင်‌မူ သူမ အင်္ကျီကြယ်စေ့ဖြုတ်ကာ ရန်သူ၏ကလေးကို နို့တိုက်ကျွေးခဲ့လေသည်။

သို့သော် ညတိုင်း သူမက ကိုယ့်ကိုယ်ကိုယ် စိတ်ပျော့လွန်းသည့်အတွက် အပြစ်တင်နေခဲ့ပြီး လက်စားချေသည့်အနေဖြင့် အိပ်ပျော်နေသည့်ကလေးကို ငိုအောင်လုပ်သည်။

သူမ နှစ်ပေါင်းများစွာကြာအောင် တုံ့ဆိုင်းရုန်းကန်နေခဲ့ရကာ ကွယ်ဝှက်ထားသည့် စိတ်ရောဂါက ပို၍ပို၍ ဆိုးရွားလာသည်။

ရှမိသားစု၏မုဆိုးမမှာ စိတ်အပြောင်းအလဲမြန်မှုကြောင့် အိမ်နီးချင်းများကြားတွင် နာမည်ကြီးလာခဲ့၏။

အပြင်လူများ၏အမြင်တွင်တော့ အဘွားရှ၏သမီးသည် ကိုယ်ကျင့်တရားကောင်းမွန်ပြီး ချစ်စဖွယ်ကောင်းနေသော်လည်း အဘွားရှက မိထွေးအတိုင်း သူမကို အော်ဟစ်ကာ အေးတိအေးစက်ဆက်ဆံသည်။

သို့သော်လည်း နှစ်များစွာအတွင်း အဘွားရှ၏နှလုံးသားထဲမှ နာကျင်မှုများကို မည်သူမျှ မမြင်နိုင်ခဲ့ပေ။

လူဆိုသည်မှာလည်း အသွေးနှင့်အသားနှင့် တည်ဆောက်ထားခြင်းပင်။

သူမ၏နောက်ကို တကောက်ကောက်လိုက်ကာ ‘အမေ’ဟု ခေါ်နေသော ကလေးကြောင့် ရန်သူ၏သမီးကို သူမ၏သမီးအဖြစ် သတ်မှတ်လာခဲ့သည်။

တစ်ခါတရံတွင် တိတ်တိတ်လေးအိပ်ပျော်နေသော ကလေးမလေး၏မျက်နှာကို ကြည့်၍ သူမအာရုံပျံ့လွင့်ရသည်။

‘ထပ်ပြီးမနာကျည်းပါနဲ့တော့’

အဆုံးတွင်မူ သူမ၏မိသားစုကို ဒုက္ခပေးခဲ့သူမှာ ထိုကလေးလေးမဟုတ်ချေ။ သူမ၏ သမီးရင်းသည်လည်း ဤကလေးမလေးနှင့် လဲလှယ်ခဲ့ပြီးဖြစ်၏။ သူမ ကလေးတစ်ယောက်ကို ထပ်ပြီးစိတ်ဆိုးရန် မသင့်တော့ပါချေ။

အသိဉာဏ်ရှိရှိဖြင့် သူမက ကျေးဇူးနှင့်ရန်ငြိုးကို ခွဲခြားလိုခဲ့သည်။

သို့သည့်တိုင် ခံစားချက်က ခွင့်မပြုခဲ့ပေ။

ရှီကျန်းဝူ၏အမေ ကြီးပြင်းလာပြီးနောက် သူမ၏မျက်နှာက မွေးမိဘများ၏ရုပ်- အထူးသဖြင့် သူမ၏အဖေနှင့် ဆင်တူလာခဲ့၏။

ထိုသွင်ပြင်များက မသိသာသော်လည်း ရန်သူ၏မျက်နှာကို ကောင်းစွာမှတ်မိနေသော အဘွားရှအတွက်တော့ မျက်စိထဲတွင် ထင်ရှားစွာ မြင်သာနေခဲ့၏။

သူမ စိတ်ရောဂါဖြစ်တည်လာသည်ကိုပင် မသိခဲ့ပေ။

သူမက အချိန်အတော်ကြာ နေမကောင်းဖြစ်နေခဲ့ပြီး သူမ၏အခြေအနေကလည်း ဆိုးရွားသည်။

လူကောင်းပကတိဖြစ်နေပြီး တွေးခေါ်နိုင်ချိန်တွင် သူမက ကလေးမလေးအတွက် စကတ်လှလှလေးများဝယ်ပေးလိမ့်မည်။ သူမကို ကျောင်းပို့၍ ကလေးမလေး၏စာများကိုလည်း ကူလုပ်ပေးလိမ့်မည်။

သို့သော် စိတ်ကျရောဂါပြန်ပေါ်လာလျှင်တော့ သူမ ကိုယ့်ကိုယ်ကိုယ် လက်မခံနိုင်ဖြစ်ကာ ရန်သူ၏သမီးကို ကောင်းပေးနေသည့်အတွက် ကိုယ့်ကိုယ်ကိုယ်ရွံရှာလိမ့်မည်။

သွားလေသူခင်ပွန်းအတွက် သူမက မည်သို့များ ထိုက်တန်ပါလိမ့်မည်နည်းဟု တွေးလာသည်။

ထို့ကြောင့် “ကောင်းပေးသည်”ဆိုခြင်းများ၏နောက်ကွယ်၌ ဖိနှိပ်ထားရမှုများနှင့် ငြင်းဆန်ခြင်းတို့က ပိုများနေခဲ့သည်။

ထိုသို့ကြီးပြင်းမှု ပုံမှန်မဟုတ်သော ပတ်ဝန်းကျင်တွင်ပင် ရှီကျန်းဝူ၏အမေက လူတော်တစ်ယောက်ဖြစ်လာခဲ့၏။ သူမက စန္ဒရားတီးတတ်သည်၊ ကောင်းမွန်စွာပြောဆိုတတ်သည်၊ ရည်မွန်ကြည့်ကောင်းသောအင်္ကျီများကိုလည်း ဝတ်တတ်သည်။

အလွန်အမင်းသိမ်ငယ်နေခြင်း၊ မေတ္တာနှင့်ချစ်ခြင်းချို့တဲ့ခြင်းတို့မှတစ်ပါး သူမမှာ အလွန်ထူးချွန်၏။

ထို့ကြောင့် ရှီကျန်းဝူ၏အဖေနှင့်တွေ့ပြီး မိသားစုငယ်လေးတစ်ခုကို ထူထောင်ချိန်တွင် သူမ၏ ပျော်ရွှင်သောအပြုံးမှာ အဘွားရှကို မျက်စိကျိန်းစေခဲ့သည်။

နှစ်များစွာအတွင်း အဘွားရှက သွေးရင်းသမီး၏အခြေအနေကို စုံစမ်းနေခဲ့ကာ တိတ်တိတ်လေး အာရုံစိုက်ထားခဲ့၏။

သူမ ကလေးနှစ်ယောက်ကို လဲလိုက်လျှင် သူမသမီးမှာ ပိုကောင်းသည့်ဘဝကို နေရလိမ့်မည်ဟု သူမ တွေးခဲ့သည်။

သို့သော်လည်း တကယ်တမ်းတွင်မူ

သူမ၏သမီးရင်းက သူမ တွေးထားသလောက် ကောင်းကောင်းမနေရပေ။

သူမ သမီးအရင်း၏ ပုန်ကန်ထကြွသည့်အကျင့်စရိုက်နှင့် ဒုတိယမျိုးဆက်သူဌေးသမီးဖြစ်သောကြောင့် သူမ ကျောင်းပြီးသွားသည့်အချိန်တိင် ကောလိပ်မတက်နိုင်ခဲ့ဘဲ တက္ကသိုလ်အတုတစ်ခုတွင် ရွှေတံဆိပ်ရရန်အတွက် နိုင်ငံခြားသို့သာ သွားခဲ့ရသည်။

လက်ထပ်ပြီး ကလေးများရလာသည့်အချိန်တွင်လည်း သူမနှင့် သူမအမျိုးသားတို့၏ အကျင့်စရိုက်ကြားရှိ ပဋိပက္ခများကြောင့် ဇနီးမောင်နှံကြားကဆက်ဆံရေးမှာ သိပ်ပြီးမလိုက်ဖက်ဘဲ မြေးလေးသည်လည်း ငယ်ငယ်ရွယ်ရွယ်နှင့်ပင် မိသားစုစောင့်ရှောက်မှုချို့တဲ့ခဲ့ကာ ပလွှားမောက်မာတတ်လာသည်။

အဘွားရှမှာ နာကျင်နေရ၏။

သူ၏ ရန်သူများက သူမသမီးရင်းအပေါ် မကောင်းပေးကြပေ။ ထိုသို့နှိုင်းယှဉ်ခံစားကြည့်သည့်အခိုက်တွင် သူမက အဘယ်ကြောင့်များ ရှီကျန်းဝူ၏အမေ ပြုံးနေသေးသည်ကို မြင်နိုင်ပါဦးမည်နည်း။

ထိုအချိန်တွင် အဘွားရှ၏ နှစ်ခွဖြစ်နေသောစိတ်ဝိညာဉ်က ရှနိုင်ငံနယ်နိမိတ်အတွင်း လှည့်လည်နေသည့် နတ်ဆိုးတစ်ကောင်ကို ဆွဲဆောင်မိသွားကာ အမြတ်ထုတ်ခံလိုက်ရသည်။

အကြမ်းဖျင်းပြောရလျှင် တစ်နေရာစီတွင် ရှိနေသည့် နတ်ဘုရားများနှင့် သရဲတစ္ဆေများက မတူညီသည့်ကိုးကွယ်ယုံကြည်သူများကြောင့် မတူညီသည့်သွင်ပြင်များရှိကြသည်ပင်။ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်သည့် အဘွားရှနှင့် ရှနိုင်ငံအတွင်းမှ အခြားသောဘာသာဝင်များ ရှိသည့်အတွက် မိမိနိုင်ငံမှမဟုတ်သည့် သဘာဝအတိုင်းမဟုတ်သော အရာများက ဤမြေပေါ်တွင် ဖြစ်တည်လာကြသည်။

အဘွားရှ၏ဘေးတွင် ပေါ်လာခဲ့သည့် နတ်ဆိုးကလည်း ထိုသို့ဖြစ်တည်မှုမျိုးပင်။

အနောက်တိုင်းယဉ်ကျေးမှုတွင် နတ်ဆိုးဆိုသည်မှာ လူသားများကို သူတို့၏ ဝိညာဉ်များရောင်းစားအောင် သွေးထိုးလှုံ့ဆော်ပြီး အမှောင်တွင်းထဲကျစေသည့် ပြယုဂ်တစ်ခုဖြစ်၏။

သူတို့က ယေရှုနှင့် ဒဏ္ဍာရီလာနတ်ဘုရားများကို မုန်းသည်။

နတ်ဆိုးတိုင်း၏ အန္တိမပန်းတိုင်မှာ ဘာသာတရားကိုင်းရှိုင်းသည့် ခရစ်ယာန်ဘာသာဝင်များကို သစ္စာဖောက်လာစေရန်နှင့် ကျဆုံးကာ သူတို့ဝိညာဉ်များကို ရရှိရေးပင်ဖြစ်သည်။

ရှားနိုင်ငံမှ တစ္ဆေများနှင့် အကြီးမားဆုံးကွာခြားချက်က အနောက်တိုင်းနတ်ဆိုးများမှာ နှလုံးသားကို တိုက်ခိုက်ရသည်ကို ပိုကြိုက်ခြင်းပင်။

*

All Chapters