← Chapters

ဆိုးရွားထိတ်လန့်ဖွယ် အမှားတစ်ခု (3)

Vol. 32 Ch. 317

ဆိုးရွားထိတ်လန့်ဖွယ် အမှားတစ်ခု (3)

Vol. 32 Ch. 317

အဘွားရှ၏ အားနည်းချက်က ရှီကျန်းဝူ၏အမေဖြစ်ကြောင်းကို နတ်ဆိုးက သိခဲ့သည်။

နတ်ဆိုးက ရှီကျန်းဝူ၏အမေကို စတင်ထိန်းချုပ်ပြီး ရူးသွပ်သွားစေချိန်တွင် အဘွားရှ၏နှလုံးသားထဲရှိ ကွယ်ဝှက်ထားသောအတွေးများကို ဖော်ပြရန် ထိုမျက်နှာကို အသုံးပြုခဲ့သည်။

‘မင်း ဘာတွေဟန်ဆောင်နေတာလဲ အဘွားကြီး.. ဝန်ခံလိုက်စမ်းပါ.. မင်းက ဒီမိန်းမကို ဘဝကောင်းကောင်းမှာ မနေစေချင်ဘူးလေ.. မင်း သူမကို မုန်းတယ်.. ပြီးတော့ သူမကို ဘဝတစ်လျှောက်လုံး ခံစားရစေချင်တယ်’

‘ဘယ်လိုတောင် သတ္တိကြောင်တဲ့အဘွားကြီးပါလိမ့် ..အဓိပ္ပာယ်မရှိတဲ့ဘုရားစာတွေဆိုနေတာ ရပ်လိုက်စမ်းပါ၊ ဘုရားသခင်က မင်းအပြစ်တွေကို ခွင့်လွှတ်ပေးမှာမှမဟုတ်တာ’

‘မင်းက သူတို့မိသားစုပုံရိပ် ပျံ့နှံ့သွားပြီး သူမရဲ့သွေးရင်းအဖေနဲ့ ရုပ်ချင်း‌တူနေတာကို လူတွေမြင်သွားမှာကြောက်လို့ မင်း မွေးစားသမီးရဲ့မိသားစုကို ဖျက်ဆီးခဲ့တာမလား

မင်းက မင်းရဲ့သမီးအရင်းထိန်းချုပ်ခံရမှာကြောက်တယ်လေး ဒါကြောင့် မင်းက မွေးစားသမီးကိုထိန်းချုပ်ပြီး အနီးကပ်စောင့်ကြည့်နေခဲ့တာ

‘မင်းက ပုဆိုးခြုံထဲက လက်သီးပြနေ‌တဲ့သူလို ကြမ်းကြုတ်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့သူပဲ’

(T/N : နောက်ကွယ်ကပဲ လုပ်ကိုင်ရဲတဲ့သူ)

နတ်တိုး၏တီးတိုးစကားများနှင့် ပြစ်တင်သံများက အဘွားရှကို ယိုင်လဲစေခဲ့၏။

သူမ၏ မသင့်လျော်မှုများကို ဝန်မခံလိုဘဲ နတ်ဆိုး၏သွင်ပြင်မှာ သူမအပြစ်များကြောင့်ဖြစ်တည်လာသည်ကိုလည်း မယုံရဲဖြစ်နေခဲ့သည်။

ထို့ကြောင့် ရှီကျန်းဝူ၏အမေသာလျှင် ရူးသွပ်သွားရ၏။

ထိုစကားပြောခြင်းမှာ အတုအယောင်မျှသာဖြစ်ပြီး အလေးအနက်မှတ်ယူ၍မရပေ။

မွေးစားသမီး၏ စိတ်ရောဂါကို ကုသပေးပြီးသည်နှင့် သူမက အဓိပ္ပာယ်မရှိသည့်စကားများကို ထပ်ပြောမည်မဟုတ်တော့ပေ။

အဘွားရှက ရှီကျန်းဝူ၏အမေကို ဆယ်နှစ်တာမျှ ပြုစုစောင့်ရှောက်ခဲ့ပြီး ဤသည်ပင်လျှင် သူမက ပြစ်မှုကျူးလွန်သူမဟုတ်ကြောင်း သက်သေပြနိုင်နေသည့်နှယ်။

သူမ အစော်ကားခံရပြီး သူမကြောင့်ဖြစ်လာသည့် နတ်ဆိုး၏ သွေးဆောင်မှုကို ခံရချိန်တိုင်း မျက်လုံးများပိတ်ကာ ဘုရားသခင်ထံ တိတ်တဆိတ်ဆုတောင်းသည်။

အတိုင်းအတာတစ်ခုထိ ကုကျစ်စုန့်က သူမကို အတော်လေး လေးစားသည်။

အဘယ်ကြောင့်ဆိုသော် ရှီကျန်းဝူ၏အမေ ခံစားနေရသမျှက ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများသာဖြစ်သော်လည်း သူမက သတိမကပ်နိုင်ဘဲ အချိန်အများစုတွင် အိပ်ပျော်နိုင်သောကြောင့်ပင်။

အဘွားရှက နတ်ဆိုး၏တည်ရှိမှုကို လက်မခံသော်လည်း ထိုနတ်ဆိုးနှင့် အတူရှိနေခဲ့သည်မှာ ဆယ်နှစ်‌ပင်ကျော်ခဲ့ပြီ။

မည်သူက အမှန်တကယ်ခံစားရသူဖြစ်ကြောင်းကိုပြောရန် အမှန်ပင် ခက်ခဲလှသည်။

ကုကျစ်စုန့်က အေးစက်စွာ ပြော၏။

“ရှင်က ရှီကျန်းဝူရဲ့ သွေးရင်း အဘိုးကို အမုန်းဆုံးပဲ၊ ပြီးတော့ သူက သူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် ရှင်နဲ့ ရှင့်ခင်ပွန်းကို ဒုက္ခပေးခဲ့တယ်လို့ ရှင်တွေးတယ်..

ဒါပေမဲ့ နတ်ဆိုး ရောက်လာတဲ့အချိန်မှာ ရှင်က နတ်ဆိုးနဲ့အပေးအယူလုပ်ခဲ့တဲ့အကြောင်းကို ဘာလို့ဝန်မခံနိုင်ရတာလဲ”

ရှီကျန်းဝူနှင့် အဘွားရှ၏မြေးတို့က ကောလိပ်ဝင်ခွင့်ကို တစ်ချိန်ထဲမှာပင် ရင်ဆိုင်ခဲ့ရပြီး သူ့၏မြေးကို အာရုံစိုက်နေသောအဘွားရှက ထိုကလေးမှာ ပုန်ကန်ထကြွပြီး သူ့အမေအတိုင်း အဆင့်မကောင်းကြောင်း သိခဲ့သည်။

သူ့၏အနာဂတ်ကံကြမ္မာသည် ရွှေမှုန်ကြဲသဘော*ဖြင့် နိုင်ငံခြားသို့သွားကာ လက်ဗလာဖြင့်ပင် ပြန်လာရလိမ့်မည်။

(T/N : ဟန်ပြသဘောမျိုး)

အဘွားရှမှာ စိတ်တုန်လှုပ်လာရသည်။ ထိုခဏတွင် မွေးစားသမီးခန္ဓာကိုယ်ထဲ ဝင်နေသည့် နတ်ဆိုးက ထပ်ထွက်လာပြန်သည်။

သူက သူမ၏မြေးကို ကယ်တင်နိုင်လိမ့်မည်ဖြစ်သော်လည်း တန်ရာတန်ကြေးတော့ရှိမည်ဖြစ်ကြောင်း အဘွားရှကို ပြောခဲ့သည်။

ရလဒ်မှာတော့ သိသာထင်ရှား၏။ အဘွားရှက သူမ၏ ဝိညာဉ်ကို ရောင်းစားသည့်စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။

ကုကျစ်စုန့် : “ရှင့်ရဲ့ဒေါသတွေကိုပြေလျော့စေဖို့ ရှီကျန်းဝူရဲ့ပညာရေးကို လဲလှယ်ခဲ့ပြီး သူ့ရဲ့ဘဝတစ်ဝက်လောက်ကြိုးစားမှုကို ယူသွားရရုံနဲ့တင် မလုံလောက်သေးဘူးလား

သူ့ရဲ့ဘဝနောက်ပိုင်းကိုပါ ပျက်စီးစေချင်နေသေးတာလား.. မလုံလောက်ဘူးဆိုရင် ရှီကျန်းဝူကရော ဒီဝဋ်ကြွေးတွေ ဆပ်ဖို့လိုတယ်လို့ထင်လို့လား”

“ရှင့်ရဲ့မွေးစားသမီး ခံစားရတာတွေက ရှင့်ကြောင့်ဖြစ်ခဲ့တာပဲဆိုတာကို ရှင် ကောင်းကောင်းသိပါတယ်.. အဲဒါက အမုန်းကြောင့်လား၊ တစ်ကိုယ်ကောင်းဆန်မှုကြောင့်လား.. အဘွားရှ ရှင် သဘောပေါက်ရဲ့လား”

တံခါးဘောင်ကို ကိုင်ထားသည့် အဘွားရှမှာ သူမ၏မေးခွန်းကြောင့် ခြေထောက်များအားနည်းလာခဲ့သည်။

စကားလုံးများတွင် စွမ်းအားမရှိပေ။ သို့သော် သူမ၏အပြစ်ရှိစိတ်နှင့် နောင်တတို့က သူမ၏ခုခံမှုအားလုံးကို ကျိုးပျက်သွားစေ၏။

သူမ ပါးစပ်ဖွင့်ကာ ကိုယ့်ကိုယ်ကိုယ်အတွက် ငြင်းလိုက်ချင်သည်။

သို့သော် ပို၍ နိုးနိုးကြားကြားရှိလာသော ရှီကျန်းဝူ၏အမေက ရုတ်တရက် ဆူညံသံတစ်ခုကို ပြုလိုက်သည်။

သူမက မသိလိုက်စွာနှင့် ကြည့်မိသွားပြီး မွေးစားသမီး၏ ပိန်ပါးလွန်းသည့် မျက်နှာနှင့် ချောင်ကျနေသော မျက်တွင်းတို့က အသိတရားပြန်ရလာဟန်ဖြစ်နေကာ မျက်ရည်တို့ရစ်သိုင်းနေခဲ့သည်။ထိုခဏတွင် မည်သို့‌ပြောခြင်းကမှ အကူအညီမဖြစ်နိုင်ကြောင်း အဘွားရှသိလိုက်၏။

[ကျစ် ကျစ်... ငါက အစတုန်းက သူမကို သနားနေတာ.. သူမရဲ့လက်စားချေမှုကလည်း ဘာမှတောင် မှားမနေဘူးလို့ တွေးခဲ့သေးတယ်]

[သူမက ရှီကျန်းဝူရဲ့အမေနဲ့ အဘွားကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက သေအောင် နှောင့်ယှက်ခဲ့တယ်.. ပြီးတော့ အပြစ်မရှိတဲ့ပုံမျိုးနဲ့ မတ်မတ်ရပ်နိုင်နေသေးတယ်

ဒါပေမဲ့ အခုကျတော့ သူမက ရှီကျန်းဝူရဲ့ ပညာရေးကို တစ်ကိုယ်‌ကောင်းဆန်တဲ့ဆန္ဒ‌ကြောင့် သူမမြေးအတွက် လဲပေးလိုက်တယ်.. လူတွေရဲ့စိတ်နှလုံးသားက အခက်အခဲအတားအဆီးတွေကို ခုခံနိုင်စွမ်းမရှိကြဘူးပဲ]

[နဂါးမုဆိုးကိုယ်တိုင်က နဂါးဖြစ်လာခဲ့တာပဲ.. အထင်နဲ့အမြင်ကတော့ တခြားစီ!]

[ကလေးလဲရုံတင် အားမရလို့ ကံကိုပါ လဲခဲ့တယ်..လွန်လွန်းနေပြီမဟုတ်ဘူးလား]

[ဒီအပြုအမူက တကယ်ကို အတ္တကြီးတယ်.. ပြီးတော့ တစ်ယောက်ကောင်းစားဖို့ နောက်တစ်ယောက်ကို ဒုက္ခဖြစ်စေတယ်၊ သူတို့မိသားစုကို ဒုက္ခပေးခဲ့တဲ့ အဘိုးအဘွားမိသားစုအတိုင်းပဲ

အဘွားရှက နတ်တိုးတည်ရှိမှုကို ငြင်းဆန်ပြီး ရှီကျန်းဝူအမေ ပေါက်ကရတွေလျှောက်ပြောနေတာလို့ ပြောနေရတဲ့အကြောင်းရင်းက သူမက လုံးလုံးလျားလျားနစ်နာသူမဟုတ်ဘူးဆိုတဲ့အကြောင်းကို ဝန်ခံချင်စိတ်မရှိလို့ဖြစ်မယ်]

[သိပ်ပြီး မရက်စက်ပေမဲ့၊ သိပ်ပြီးမကြင်နာခဲ့တာမျိုး..]

[နောက်ဆုံးကောက်ချက်ဆွဲရရင် အဘွားရှက သာမန်ငြိတွယ်နေတဲ့လူတစ်ယောက်ပဲ.. သူမမှာ သနားစရာအတွေ့အကြုံတွေရှိခဲ့တယ် ဒါပေမဲ့ ကိုယ်ကျိုးစွန့်သူတော်စင်လည်း မဟုတ်ဘူး

သူမက နတ်ဆိုးနဲ့ ချိတ်ဆက်သွားတာအကြောင်း မပြောနဲ့ဦး မင်း ဘာပဲပြောပြော.. ငါကလည်း သူမကို တိုက်ခိုက်နေတာမဟုတ်ဘူး.. ဘာလို့လည်းတော့ဆို ငါသာဆိုရင်လည်း ဒီလမ်းပဲရွေးခဲ့မှာပဲ]

ကုကျစ်စုန့်က ရှေးခေတ်အကြွေစေ့များကို လက်ချောင်းထိပ်၌ ညှပ်ထားကာ မျက်လွှာချလိုက်သည်။

“နောင်လာနောက်သားတွေရဲ့ အပြစ်က ပြင်းထန်တဲ့အဆင့်အထိ ဆင့်ပွားသွားလိမ့်မယ်.. တကယ်လို့ နောက်မျိုးဆက်တွေက သူတို့ဘိုးဘေးတွေရဲ့ အပြစ်ကြောင့်ရလာတဲ့ ကြွယ်ဝမှုနဲ့ ကံကြမ္မာတွေကို မွေ့လျော်နေကြမယ်ဆိုရင် သူတို့က မိစ္တာစွမ်းအားနဲ့ ပိုစွန်းထင်းခံရမှာပဲ”

“ရှီကျန်းဝူရဲ့အမေလိုပေါ့..သူမကို မွေးတုန်းက ဆင်းရဲတဲ့မိသားစုဆီ လဲခံလိုက်ရပြီး အများကြီးခံစားခဲ့ရတယ်.. ဒါဆိုလုံလောက်ပြီပဲ၊ သူမ ရဲ့သားမှာ အပြစ်မရှိဘူး”

“အဘွားရှ.. တကယ်လို့ ရှင်သာ သူ့ကို ကောင်းကောင်းဆက်ဆံရင်၊ သူမရဲ့အိမ်ထောင်ရေးနဲ့ပျော်ရွှင်မှုကို ‌မနှောင့်ယှက်ခဲ့ရင်၊ ရှင့်ရဲ့ သမီးနဲ့မြေးကို ချစ်တဲ့အတွက် ရှီကျန်းဝူရဲ့ပညာရေးကို မလဲလှယ်ခဲ့ရင်.. ရှင့်ရဲ့သမီးနှစ်ယောက်လုံးက အနာဂတ်မှာ ကံကောင်းလာမှာပဲ”

ကုကျစ်စုန့်က စိတ်မကောင်းဖြစ်လျက် သက်ပြင်းချသည်။

လူတို့၏ကံကြမ္မာက အချိန်တိုင်းပြောင်းလဲနေ၏။ ဆုံးဖြတ်ချက်အသေးလေးတစ်ခုသည်ပင်လျှင် ကွဲပြားသော ဖြစ်နိုင်ချေများအထိ သူတို့ဘဝကို ပြောင်းလဲနိုင်စွမ်းရှိသည်။

သူတို့၏ဘဝကို တိုက်ရိုက်သက်ရောက်ခြင်းကိုမူ ‌ထည့်ပြောရန်ပင် မလိုတော့။

ဤအမျိုးသမီးနှစ်ဦး၏ ကံကြမ္မာလမ်းကြောင်းအရ သူတို့တွင် လုံးဝကွဲပြားသောအကျင့်စရိုက်မျိုးရှိကြသည်။

ရှီကျန်းဝူ၏အမေက ပို၍ သိုသိုသိပ်သိပ်နေတတ်ကာ နူးညံ့သိမ်မွေ့သည်။ အဘွားရှ၏သမီးကတော့ တက်တက်ကြွကြွရှိကာ ခေါင်းမာတတ်သည်။

အကယ်၍အဘွားရှက သူမ၏ကလေးကို မလဲခဲ့လျှင် သူမ၏မူလကိုယ်ရည်ကိုယ်သွေးနှင့် ကြမ္မာအရ ပုန်ကန်ထကြွတတ်သည့်သွေးရင်းသမီးမှာ အဘွားရှ၏ စည်းကမ်းတင်းကျပ်မှုအောက်တွင် ခေါင်းမာတတ်သည့် စိတ်ကို ထိန်းချုပ်နိုင်မည်ဖြစ်ကာ အလိုလိုက်ခံရမည့်အစား သူမ၏ကျောင်းစာများတွင် ကူညီပေးနိုင်ပေလိမ့်မည်။

အဘွားရှ၏သမီးရင်းက ရှီကျန်းဝူ၏အဖေကို လက်ထပ်ဖြစ်နိုင်၏။

ထိုလူက အနည်းငယ်မဆုံးဖြတ်တတ်ဖြစ်သော်လည်း အဘွားရှ၏သမီးအရင်းတွင်ရှိသော အကျင့်ဆိုးများကို သည်းခံပေးနိုင်သည်အထိ စိတ်ရှည်ပေလိမ့်မည်။

ဤသည်ကို ကောင်းကင်ဘုံမှ လက်ဆောင်တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး အပြစ်မဲ့သူများအတွက် အလျော်အစားတစ်ခုလည်းဖြစ်သည်။

သို့သော် အဘွားရှက ကလေးကို လဲခဲ့ပြီးသည့်နောက် ကလေးနှစ်ယောက်၏ ကံကြမ္မာမှာ ပြောင်းလဲခဲ့ရတော့သည်။

အဘွားရှ သမီးရင်း၏ အကျင့်စရိုက်ကို ရှီကျန်းဝူ၏ သွေးရင်းအဘိုးအဘွားတို့ မထိန်းချုပ်နိုင်ခဲ့ပေ။ ယင်းက သူမကို ပလွှားမောက်မာစေပြီး အလိုလိုက်ခံ၍ ပျက်စီးလာကာ ကျောင်းစာများတွင် လျစ်လျူရှုခံရသည်။

ထို့ပြင် သွေးရင်းသမီးနှင့် မွေးစားသမီးတို့၏ အိမ်ထောင်ရေးမှာလည်း သူတို့၏ မူလကံကြမ္မာမဟုတ်ပေ။

အဘွားရှ၏သမီးအရင်းနှင့် လက်ရှိအမျိုးသားတို့က စိတ်ဓာတ်ခိုင်မာပြီး ဒေါသကြီးသူများဖြစ်ကြ၏။ နှစ်ယောက်လုံးက အမျိုးမျိုးအထွေထွေသော ပြဿနာတို့ဖြင့် စကားများကြပြီး စောစီးစွာ ကွာရှင်းခဲ့ကြသည်။

ရှီကျန်းဝူ၏အဖေကမူ အားနည်းသည့်အကျင့်ရှိပြီး နှလုံးသားနူးညံ့သည်။ သူက နှစ်ဖက်မှ လူကြီးမိဘများ၏ ဖိနှိပ်မှုအောက်တွင် သူ့၏ဇနီးကို မကာကွယ်နိုင်ခဲ့ချေ။

ကုကျစ်စုန့်က မျက်လုံးကို အသာစောင်းကြည့်ကာ ပြောသည်။“ဒီလိုဆိုရင်တောင် အဆင်ပြေနေသေးတယ်.. ဒါပေမဲ့ ရှင်က မြေးနှစ်ယောက်ရဲ့ဘဝတွေကိုပါ ရှင့်ရဲ့အတ္တစွဲတွေကြောင့် ပြောင်းလဲပစ်ခဲ့တယ်..

ကံကြမ္မာကို တစ်ခါပြောင်းလဲလိုက်ပြီးတာနဲ့ မိသားစုနှစ်ခုရဲ့ဘဝတွေပါ ပြောင်းလဲသွားရတယ်”

*

All Chapters