← Chapters

ရွာထဲမှ ထူးဆန်းသည့် ဖြစ်ရပ်များ (1)

Vol. 32 Ch. 318

ရွာထဲမှ ထူးဆန်းသည့် ဖြစ်ရပ်များ (1)

Vol. 32 Ch. 318

သူမ၏ တွက်ချက်မှုရလဒ်အရ အဘွားရှ၏မြေးအရင်းက ဒီဇိုင်းဘက်တွင် ပါရမီပါသည်။

သူသာ မူလကံကြမ္မာအတိုင်း ရှေ့ဆက်ခဲ့မည်ဆိုလျှင် ကောလိပ်ဝင်ခွင့်ကျရှုံးခြင်းကြောင့် ဒီဇိုင်းဆွဲခြင်းပညာနှင့် ထိတွေ့မိသွားစေရန်အတွက် နိုင်ငံခြားသို့ ထွက်ရမည်ဖြစ်ပြီး သူ နှစ်သက်ဝါသနာပါသည့်နယ်ပယ်ကို ‌ရှာတွေ့နိုင်လိမ့်မည်ဖြစ်၏။

သူက တိုးတက်လာကာ နိုင်ငံရပ်ခြားတွင် အောင်မြင်လာလိမ့်မည်။ ဆယ်နှစ်ကြာပြီးနောက်တွင် သူက ရှားလူမျိုးနှင့် သူကိုယ်တိုင်၏နာမည်ဂုဏ်သတင်းနှင့် သက်ဆိုင်သည့် နာမည်ကြီးဘရန်းတစ်ခုကို စတင်နိုင်မည်ဖြစ်ကာ ချမ်းသာကြွယ်ဝသည့်ဘဝတွင် နေထိုင်နိုင်ပေလိမ့်မည်။

ရှီကျန်းဝူကတော့ ထိပ်တန်းတက္ကသိုလ်တစ်ခုကို ဝင်နိုင်မည်ဖြစ်ပြီး ပညာဆက်လက်လေ့လာကာ အသက်ငယ်ငယ်နှင့် စီးပွားရေးနယ်ပယ်တွင် နာမည်ကြီးတစ်ယောက်ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း အဘွားရှက သူတို့၏ကံကြမ္မာကို ထပ်မံလဲလှယ်လိုက်သောအခါတွင် သူတို့ဘဝများက ထပ်မံ၍ ပြောင်းလဲသွားကာ ရလဒ်အသစ်များထွက်လာတော့၏။

အထက်တန်းကျောင်းတွင် ပျင်းရိနေခဲ့သည့် အဘွားရှ၏မြေးအရင်းက နိုင်ငံခြားတွင် ခက်ခဲပင်ပန်းမှုများကို ကြုံတွေ့ရခြင်းမရှိခဲ့ရတော့ပေ။

အရိုးထဲထိတိုင်စွဲနေခဲ့သည့် သူ့၏အကျင့်ဆိုးများကြောင့် သူ့၏ဘဝကို ပြောင်းလဲမပေးနိုင်ခဲ့တော့။ ထို့အစား ယင်းတို့က သူ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနှင့် ပလွှားမောက်မာမှုတို့ကို ပိုဖြစ်စေခဲ့သည်။

သူက အလွန်ပင်ထူးချွန်ပြီး စာကြည့်စရာမလိုဘဲ ကျောင်းကောင်းတစ်ခုကို ရောက်နိုင်သည်ဟု တွေးလာခဲ့သည်။ သူက သူ့၏မိသားစုမှ စီစဉ်ပေးမှုကို လက်ခံကာ ဘဏ္ဍာရေးမေဂျာကို လျှောက်ခဲ့သည်။

သို့သော်လည်း သူက ထိုနေရာတွင် မထူးချွန်သကဲ့သို့ မကြိုက်နှစ်သက်ကြောင်းကို သိလိုက်ရသည်။

လေးနှစ်လောက် ပေတေလေလွင့်နေပြီးနောက်တွင် ခက်ခက်ခဲခဲနှင့် ဘွဲ့ရခဲ့သည်။ သူက ဘွဲ့မြင့်မြင့်ရထားသဖြင့် ကုမ္ပဏီကို အောင်မြင်စွာဝင်ရောက်နိုင်ခဲ့သည်။

သို့သော် ခိုင်မာသည့်အုတ်မြစ်မရှိသော အဆောက်အအုံတစ်ခုကဲ့သို့ပင် လုပာငန်းခွင်က သူ့အတွက် အလွန်ခက်ခဲလှ၏။

ရှီကျန်းဝူကတော့ သာမန်ဒုတိယအဆင့်တက္ကသိုလ်တစ်ခုမှသာဘွဲ့ကို ရခဲ့ပြီး ကန့်သတ်ခံလိုက်ရသည်။

ကုကျစ်စုန့်က စကားပြောပြီးနောက် ခဲတံကို သုံးကာ စားပွဲပေါ်မှစာရွက်တွင် သစ်ပင်ကဲ့သို့ အကိုင်းအခက်များဆွဲလိုက်သည်။ ယင်းက မိသားစုနှစ်ခုနှင့် ကလေးနှစ်ယောက်၏ မရေမတွက်နိုင်သည့် ဖြစ်နိုင်ချေများကို ကိုယ်စားပြုသည်။

သူမက ခဲတံကို ချကာ ခေါင်းမော့၍ အလေးအနက် ပြောလိုက်သည်။

“အဘွားရှ ရှင်က တော်တော်လေး လောဘကြီးလာတယ်.. ရှင်က အရာအားလုံးကိုလိုချင်ပြီး လူတိုင်းရဲ့ဘဝတွေကို ကျွမ်းထိုမှောက်ခုံဖြစ်စေချင်နေခဲ့တာပဲ”

“ရှင်ကတော့ ရှင့်ရဲ့မြေးကောင်းစားဖို့လုပ်တယ်လို့ တွေးနေတာ၊ ဒါပေမဲ့ အဲဒါတွေက ရှင့်မြေးကို မောက်မာမှုတွေ ဖြစ်စေပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမြင့်တာကို တိုးလာစေတယ်၊နောက်ပြီး သူ့ရဲ့ကျဆုံးခန်းကို ဖြစ်စေတော့တာပဲ”

“မဟုတ်ဘူး... မဖြစ်နိုင်ဘူး.. နင် စွပ်စွဲနေတာ”

အဘွားရှမှာ ခေါင်းခါရမ်းလာခဲ့သည်။ သူမ၏မျက်နှာမှာတော့ ဖြူဖျော့နေခဲ့လေ၏။

ကိစ္စတွေက ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။

သူမ၏ မြေးလေးက အဘယ့်ကြောင့် သူမ၏လုပ်ရပ်ကြောင့် ပိုပိုဆိုးလာပြီး ကျဆုံးသည်အထိ ဖြစ်ရပါမည်နည်း။

ကုကျစ်စုန့်က တည်ငြိမ်စွာပြောလာသည်။

“ရှင့်မွေးစားသမီးရဲ့ နန်းတော် ဆယ့်နှစ်ခွင်အရ သူမရဲ့မိဘရင်းတွေက ကျန်းမာရေးမကောင်းကြဘူး.. ဆေးပြုတ်ရည်တွေကိုလည်း နှစ်ပေါင်းများစွာ သောက်နေရပြီး နာကျင်ခံစားနေရတယ်

သူတို့အဲ့လိုဖြစ်နေတယ်ဆိုတာက ရှင်တွေးထားသလို အပြစ်ကျူးလွန်ခဲ့လို့မဟုတ်ဘူး.. သူတို့ ပြန်ပေးဆပ်တာမျိုး မဟုတ်သေးဘူး”

“ဒါတွေကို ပြောဖို့က နောက်ကျလွန်းနေပြီ.. ပြီးတော့ အပြန်အလှန်ဆက်သွယ်မှုလည်း ဒီမှာတင် ရပ်လို့ရပြီ”

သူမက ရှီကျန်းဝူကို ပြောလိုက်သည်။

“ကျွန်မ ရှင့်ရဲ့အမေဆီက နတ်ဆိုးကို ဖယ်ရှားဖို့ တောက်ကျန့်တစ်ယောက် ရှာပေးမယ်.. တိုက်ရိုက်ထုတ်လွှင့်မှုပြီးသွားရင် ရှင့်ကို တစ်ယောက်ယောက် ဆက်သွယ်လာပါလိမ့်မယ်.. ရှင့်ရဲ့မိသားစုနှစ်ခုကြားက ရန်ငြိုးတွေအတွက်ကတော့ ကိုယ့်ဘာသာပဲ ဖြေရှင်းရလိမ့်မယ်”

ရှီကျန်းဝူတစ်ယောက် အိပ်ရာဘေးထိုင်ချလိုက်ကာ သူ့အမေလက်ကို ကိုင်လိုက်သည်။ သူ့က ဖုန်းကိုလည်း ကျေးဇူးတင်စွာဖြင့် ကိုင်ထားခဲ့၏။

“ ကျေးဇူးအများကြီးထင်ပါတယ် ကုတောက်ကျန့်.. ခင်ဗျားက ကျွန်တော်နဲ့ ကျွန်တော့်အမေကို ကယ်တင်ခဲ့တာပဲ.. အရာအားလုံးကို ဖြေရှင်းပြီး ကုသပြီးသွားလို့ တကယ်လို့ ကျွန်တော့်အမေက လုံခြုံဘေးကင်းနေဦးမယ်ဆိုရင် ခင်ဗျားကို ကျေးဇူးတင်ဖို့အတွက် သူမကို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ ခေါ်လာခဲ့ပါ့မယ်”

ရှီကျန်းဝူ ထို‌သို့ပြောလိုက်လျှင် အဘွားရှက ကြေကွဲနေရာမှ အသိပြန်ဝင်လာသည်။

သူမက အမြန်ပြေးသွားပြီး လူငယ်၏လက်မောင်းကို တင်းကြပ်စွာ ဆွဲလိုက်သည်။

သူမမှာ လဲကျတော့မည့်ပုံရသည်။

ရှီကျန်းဝူ ထိတ်လန့်သွားရ၏။

“ခင်ဗျား ဘာလုပ်နေတာလဲ..အမြန်ထစမ်းပါ”

အဘွားရှက ငိုယိုကာ ရှီကျန်းဝူကို ဆက်ခေါ်နေခဲ့သည်။“ငါ မှားသွားမှန်း သိပါပြီ.. နင်နဲ့နင့်အမေအတွက်လည်း ငါ တောင်းပန်ပါတယ်။ ဒါပေမဲ့ ငါတို့လင်မယားလည်း ဘဝတစ်ဝက်လောက်ခက်ခဲခဲ့ပြီး အများကြီးခံစားခဲ့ရတယ်ဆိုတာ မြင်တာပဲလေ.. ကျေးဇူးပြုပြီး ငါတို့ကို နားလည်ပေးပါ.. ကလေးကို မနှောင့်ယှက်ပါနဲ့..”

“သူ မပါခဲ့ဘူး.. သူတို့က ငါရှိမှန်းတောင် သိကြတာမဟုတ်ဘူး.. ငါ ကိုယ့်ဘာသာ လုပ်ခဲ့တာ”

ရှီကျန်းဝူ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ အံကြိတ်လိုက်သည်။

“ခင်ဗျားနဲ့ အဘိုးရဲ့ အတိတ်ကို စာနာနားလည်ပြီး ခင်ဗျားရဲ့အမုန်းတွေကို နားလည်တဲ့အတွက် ကျွန်တော် ခင်ဗျားကို အဘွားလို့ခေါ်တာ ဒီတစ်ခါ နောက်ဆုံးတစ်ကြိမ်ဖြစ်လိမ့်မယ်.. တကယ်လို့ ကျွန်တော်သာဆိုရင်လည်း မုန်းမိမှာပဲ”

“ကျွန်တော့်ရဲ့ ဆွေမျိုးတွေကိုလည်း အသိအမှတ်ပြုမှာမဟုတ်ဘူး.. ဘာလို့ဆိုတော့ ကျွန်တော့်ရဲ့ သွေးရင်းအဘိုးအဘွားတွေ လုပ်ခဲ့တဲ့အရာကို ကျွန်တော်ရှက်လို့.. သူတို့‌ရဲ့မိသားစုနောက်ခံကောင်း‌ကိုလည် ကျွန်တော်ဂရုမစိုက်ဘူး”

“ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ရဲ့အမေကို ဒီလိုလုပ်ခဲ့တယ်.. ကျွန်တော် ခင်ဗျားကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး”

အဘွားရှ၏ ငိုယိုမြည်တမ်း‌နေမှုများကြားတွင် ရှီကျန်းဝူက တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်လိုက်သည်။

အင်တာနက်အသုံးပြုသူများက သက်ပြင်းချလိုက်ကြကာ အဘွားရှတစ်ယောက် လောဘကြောင့် မျက်ကန်းဖြစ်သွားပြီး သူမ မုန်းခဲ့ဖူးသည့် အပြစ်ကျူးလွန်သူကဲ့သို့ သူမကိုယ်တိုင်ဖြစ်သွားသည်ကို စိတ်မကောင်းဖြစ်ကြရ၏။

ရှီကျန်းဝူက သူ့၏နောက်ခံကို မရှာဖွေဟု ကတိပြုခဲ့သော်လည်း ထုတ်လွှင်မှုကို ကြည့်နေသည့် ကြည့်ရှုသူအများအပြားကတော့ မနေနိုင်ခဲ့ကြပေ။

သူတို့က အဘွားရှ၏မြေးရင်း၊ သမီးရင်းနှင့် သူ့အဘိုးအဘွားမိသားစုတို့ကို အမြန်ဖော်ထုတ်လိုက်ကြသည်။

ကုမ္ပဏီတွင် မြေးအရင်း၏ စွမ်းဆောင်ရည်မှာ မထူးချွန်လှပေ။ သူက ပညာရေးကောင်းကောင်းနှင့် နောက်ခံကောင်းကောင်းတွင်သာ မှီခိုနေရသည်။

အတုအယောင်ဟု

သိလိုက်သည်နှင့် အင်တာနက်သုံးစွဲသူအများအပြားက သူက သူခိုးတစ်ယောက်ဖြစ်ပြီး ထိုရာထူးနှင့်မထိုက်တန်ကြောင်း ဝေဖန်ပြစ်တင်လာကြသည်။

သူသည်လည်း တုန်လှုပ်ချောက်ချားလာ၏။

သူ မည်သို့သော မကောင်းမှုမျိုးကိုမှ မလုပ်ခဲ့သော်လည်း သူ နိုးလာသည့်အချိန်တွင် ပညာရေးစွမ်းဆောင်မှုများနှင့် အလုပ်အကိုင်ကို အတုလုပ်ခဲ့သော လမ်းဘေးကြွက်တစ်ကောင်ဖြစ်လာသည်။

လွန်ခဲ့သည့် ၁၀ နှစ်က အလယ်တန်းကျောင်းမှ သူငယ်ချင်းများသည်ပင် ရှာဖွေခံနေရကာ ဝေဖန်ခံနေရသည်။

သူ ပို့စ် များစွာတင်ခဲ့သည်။ သူသည်က အဘွားရှကိုလည်း မသိသကဲ့သို့ သူ့ကံကို ပြောင်းလဲခဲ့သည့် ထိုအဘွား၏ အပြုအမူလည်း နားမလည်ခဲ့ပေ။

သူက အဘွားအို၏ကြင်နာမှုအတွက် ကျေးဇူးတင်သည်။ သို့သော် သူမက သူ့အတွက် ယခုကဲ့သို့ အဆုံးမရှိသော အလှောင်ပြောင်ခံရမှုများ၊ နာကျင်မှုများနှင့် ပြဿနာများကိုသာဖြစ်စေခဲ့၏။

သူ ထိုနှစ်က ကောလိပ်ဝင်ခွင့် စာမေးပွဲကိုသာ ကျရှုံးခဲ့ချင်သည်။

တစ်ချိန်ထဲတွင်ပင် ရှီကျန်းဝူ၏အဘိုးအရင်းက အဆိုပြုချက်တစ်ခုကို ထုတ်ဖော်လာသည်။

အဘိုးအိုမှာ အလွန်အမင်းကို နာမကျန်းဖြစ်နေခဲ့လေပြီ။

သူ့တွင် အသည်းကြွပ်ရောဂါစွဲနေပြီး ဝမ်းဗိုက်အရည်တည်ခြင်းတို့ဖြစ်နေကာ သူ့၏ စကားပြောပုံမှာလည်း အနည်းငယ်လုံးထွေးနေသည်။

ထိုအဖြစ်အပျက် ပေါ်ထွက်လာသည်နှင့် သူနှင့် သူဇနီးတို့က တောင်းပန်ကြောင်း ဗီဒီယိုကို ရိုက်ကူးခဲ့ကာ ထိုဗီဒီယိုအောက်တွင်လည်း စော်ကားကျိန်ဆဲထားခြင်းများ ရှိနေခဲ့သည်။

အတိုချုံးပြောရလျှင် ဤကိစ္စ၏နောက်ဆက်တွဲရလဒ်များက ရက်သတ္တပတ်၏တစ်ဝက်လောက်ကြာအောင် ရှာဖွေမှုအများဆုံးစာရင်းသို့ ဝင်ခဲ့သည်။

နတ်ဆိုးကို အပနှင်သည့် တာဝန်ရထားသည့် အထူးစိတ်ဝိညာဉ်အဖွဲ့သားများက ရှီကျန်းဝူ၏အမေတွင်ရှိနေသည့် နတ်ဆိုးက အလွန်စွမ်းအားမကြီးကြောင်း ပြောလာသည်။

သူတို့၏ အပနှင်ခြင်းက အောင်မြင်ခဲ့ပြီး အနာဂတ်တွင် သူမ ကောင်းကောင်းအနားယူလိုက်ပါက ပြန်ကောင်းလာနိုင်ပေသည်။

အဘွားရှက မွေးစားသမီးကို ဆုံးရှုံးကာ သွေးရင်းသမီးနဲ့ မြေးအရင်းတို့ကလည်း သူမကို လက်မခံကြပေ။

သူမက အိမ်ထဲတွင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ရန် ကြံစည်ခဲ့သည်ဟု ပြောကြသည်၊ သို့သော်လည်း အချိန်မီ သူမအိမ်နီးချင်းများ၏ရှာဖွေကယ်တင်ခြင်းကို ခံခဲ့ရသည်။

ဝမ်းနည်းစရာအဖြစ်အပျက်က တစ်ကိုယ်ကောင်းဆန်မှုဖြင့် စတင်ခဲ့ပြီး အတ္တစွဲများဖြင့် အဆုံးသတ်ရသည်။ ယင်းက မိသားစုနှစ်ခု၏ မျိုးဆက်သုံးခု၏ဘဝကို ဖျက်ဆီးခဲ့၏။

ဤအဖြစ်အားလုံးက အနာဂတ်တွင်ဖြစ်မည့်အရာများပင်။ ရှီကျန်းဝူ၏ တိုက်ရိုက်ထုတ်လွှင့်မှု ရပ်ဆိုင်းသွားသည့်အခါ မွန်းတည့်ချိန်ပင် ရောက်နေလေပြီ။

ကုကျစ်စုန့်က သူမ၏ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ.. တိုက်ရိုက်အပြန်အလှန်ဆက်သွယ်မှုအပိုင်းက ဒီမှာပဲ ပြီးဆုံးသွာားပါပြီ”

အကူအညီသုံးခုပေးပြီးနောက် တစ်ခုချင်းစီတွင် အကူအညီကို အကောင်းဆုံးပေးနိုင်မှုအတွက် အမှတ်မြင့်မားစွာရခဲ့သည်။ လက်ရှိတွင် ညာဘက်အောက်ထောင့်နားရှိ အမှတ်ပေးတန်းလေးမှာ ၂၉၂.၁ မှတ်ရှိနေပြီဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်များသည်ကား ထွက်ခွာဖို့ကိုပင် တုံ့ဆိုင်းနေကြသည်။မှန်သားပြင်က လုံးဝနက်မှောင်သွားပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းက ပိတ်သွားပြီးနောက်မှသာ လူတိုင်းက ထွက်ခွာလိုက်ကြပြီး နေ့လည်ခင်းအဖွဲ့လိုက်ယှဉ်ပြိုင်မှု၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ လှည့်ဝင်လိုက်ကြသည်။

သူတို့က နောက်ပိုင်း စတော့မည့်အစီအစဉ်ကို စောင့်နေကြပြီး အပြေး သွားကြည့်ကြသည်။

‘ဝိညာဉ်ရေးရာ’၏ အပိုင်း (၇) ထဲမှ သီးသန့်တိုက်ရိုက်ထုတ်လွှင့်ခန်းက ယှဉ်ပြိုင်သူတစ်ယောက်စီ၏ တစ်ဦးတည်းတိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ အင်တာနက်အသုံးပြုသူအရေအတွက်ကို မှတ်တမ်းယူလိုက်သည်။

ယှဉ်ပြိုင်သူတစ်ယောက်ချင်းစီ၏အပြန်အလှန်ဆက်သွယ်မှုအရေအတွက် တိုးလာခြင်းကြောင့် တစ်မနက်ထဲနှင့် ဖြေရှင်းလိုက်သည့် ရုပ်လွန်ပညာရပ်ဆိုင်ရာ အဖြစ်အပျက်များက ယခင်အစီအစဉ်နှင့်စာလျှင် နှစ်ဆဖြစ်လာသည်။

သွေးသံရဲရဲ သို့မဟုတ် စိတ်နှလုံးနွေးထွေးစရာ အဖြစ်အပျက်များကလည်း ပေါ်ထွက်လာခဲ့ကာ ရှိုး၏ အဓိကအကြောင်းအရာကို အတော်လေးမြင့်တက်သွားစေခဲ့သည်။

ပလက်ဖောင်း၏ ရှာဖွေမှုအများဆုံးထဲတွင် လွှမ်းမိုးနေသည့် တစ်ဒါဇင်ကျော်ကျော်မှာ ‘ဝိညာဉ်ရေးရာ’နှင့် ဆက်စပ်နေပြီး ရှာဖွေမှုအများဆုံးစာရင်း၏ တစ်ဝက်ခန့်က အမျိုးမျိုးသော အဖြစ်အပျက်များနှင့် ယှဉ်ပြိုင်သူများအကြောင်းဖြစ်နေသည်။

လူပြောအများဆုံးနှင့် ရေပန်းအစားဆုံးက ကုကျစ်စုန့်၏တိုက်ရိုက်ခန်းထဲမှ အကြောင်းအရာများပင်။

အထူးသဖြင့် နောက်ဆုံးအဖြစ်နှစ်ခုက အင်တာနက်အသုံးပြုသူများကို အပူတပြင်းဆွေးနွေးမှုများနှင့် အချေအတင်ပွဲများကို ဖြစ်သွားစေသည်။

All Chapters