← Chapters

ရွာထဲမှ ထူးဆန်းသည့် ဖြစ်ရပ်များ (2)

Vol. 32 Ch. 319

ရွာထဲမှ ထူးဆန်းသည့် ဖြစ်ရပ်များ (2)

Vol. 32 Ch. 319

[တက်တူးထိုးတော့မယ်ဆိုရင် အာရုံစိုက်စရာတွေအများကြီးရှိသေးမှန်း ငါ အခုမှသိလိုက်ရတယ်.. ဒီအပိုင်းကို ကြည့်ပြီးတဲ့နောက် ပခုံးပေါ်မှာ အဆိပ်ရှိတဲ့တက်တူးတစ်ခုကို ဘာရယ်မဟုတ် ဒီတိုင်းထိုးလိုက်တဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း သတိရသွားမိတယ်.. ကြည့်ရတာတော့ မိုက်တယ်ကွ၊ ဒါပေမဲ့ နောက်တော့ သူ အလုပ်လုပ်ရင်း လက်မောင်းက ဒဏ်ရာရပြီး အက်သွားရော]

[ဘုရားရေ.. ငါက နေရာတကာ ဖရဲသီးပတ်စားရတာကို ကြိုက်တဲ့သူလေးပါပဲ.. ဒါပေမဲ့ သွေးသံတရဲရဲမိသားစုအကြောင်းတွေကို နားထောင်ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်ခန်းတွေရဲ့ ပွဲတွေရှိသေးတယ်..

လာမဲ့နှစ်ရက်အတွင်း ညစာစားရင်းကြည့်လို့ရမဲ့ဟာ တစ်ခုခုရှိအုံးမယ်တဲ့.. ဒီစည်းမျဉ်းချပေးတဲ့ အစီအစဉ်အဖွဲ့ကို အများကြီးကျေးဇူးတင်မိတယ်၊ ဒါက တော်တော်မိုက်တယ်]

[ရှီကျန်းဝူရဲ့ အမေ ကျန်းမာဖို့ ငါ မျှော်လင့်တယ်.. သူမ ဒီဘဝမှာ ခံစားခဲ့ရတာ အတော်များနေပြီလေ]

နေ့လည် ၂:၃၀။

‘ဝိညာဉ်ရေးရာ’အစီအစဉ်၏ တရားဝင်တိုက်ရိုက်ထုတ်လွှင့်ခန်းကို ကြိုတင်စောင့်မျှော်နေကြသည့် ကြည့်ရှုသူများက တစ်ချိန်ထဲတွင်ပင် စတင်ကြောင်း သတိပေးချက်ကို ရရှိပြီး အမြန်ဝင်သွားလိုက်ကြသည်။

ကြိုတင်ပြင်ဆင်ထားသည့် တင်ဆက်သူလျို့က မိုက်ခရိုဖုန်းကို ကိုင်ကာ ပုံစံတကျလုပ်ငန်းဝတ်စုံကို ဝတ်၍ ပြုံးနေသည်။

“မင်္ဂလာနေ့လည်ခင်းလေးပါ၊ ပရိသတ်ကြီးတို့.. ကျွန်တော်တို့ မတွေ့ရတာ တစ်ပတ်တောင် ကျော်သွားပြီနော်၊ ပရိသတ်ကြီးကို လွမ်းနေခဲ့တာ”

နောက်ပိုင်း ဒါရိုက်တာအဖွဲ့က တိုးလာသည့်လူအရေအတွက်နှင့် မှတ်ချက်အရေအတွက်ကို ကြည့်လိုက်သည်။ သူတို့က အစပိုင်းတွင် စိတ်လှုပ်ရှားခဲ့သော်လည်း ယခုမူ ကျင့်သားရနေကြပြီဖြစ်သည်။

တင်ဆက်သူလျို့ : “စကားတွေ အများကြီးမပြောတော့ဘူး.. လူတိုင်းက ခင်ဗျားတို့ရဲ့ ယှဉ်ပြိုင်သူတွေကို တွေ့ချင်နေကြပြီဆိုတာ ကျွန်တော်သိပါတယ်

ပြီးခဲ့တဲ့အပတ်တုန်းက ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင် နံပါတ်တစ် ရှင်းယိချင်းက စိတ်မကောင်းစွာနဲ့ပဲ နှုတ်ဆက်သွားခဲ့ပါတယ်..

ဒီတိုက်ရိုက်ထုတ်လွှင့်မှုအပြီးမှာတော့ ကျန်ရှိတဲ့ယှဉ်ပြိုင်သူငါးယောက်ထဲက တစ်ယောက်က ထပ်ပြီး နှုတ်ဆက်ထွက်ခွာရမှာဖြစ်သလို နောက်ပိုင်းအစီအစဉ်ယှဉ်ပြိုင်မှုတွေကိုလည်း လက်လွှတ်ရမှာ ဖြစ်ပါတယ်”

“ဒီရာသီရဲ့ ထိပ်ဆုံးလေးယောက်ကို မကြာခင်မှာပဲ တွေ့မြင်ရတော့မှာဖြစ်ပါတယ်ခင်ဗျာ”

ပြီးနောက် ယှဉ်ပြိုင်သူတစ်ဦးစီ၏ ပရိသတ်များက မှတ်ချက်ထဲတွင် သက်ဆိုင်ရာနာမည်များကို လိုက်ကြပြီး သူတို့‌စောင့်ကြည့်နေသည့် ယှဉ်ပြိုင်သူများ၏အမည်ကို ခေါ်ကာ လေးယောက်ထဲပါဝင်အောင် တွန်းပို့နေကြသည်။

မသိမသာကွဲပြားမှုတစ်ခုမှာ ဖြတ်သွားဖြတ်လာနှင့် အခြားယှဉ်ပြိုင်သူများက သံသယဖြစ်စရာမလိုဘဲ ကုကျစ်စုန့်နိုင်မည်ဟု ဆုံးဖြတ်ထားကြခြင်းပင်။

ပိုးစာရွက်နှင့် တခြားသော ပရိသတ်များက အဓိကလူ၏ ဦးဆောင်ခြင်းကို ကြိမ်ပေါင်းများစွာခံရပြီးဖြစ်ရာ ထိုခဏတွင် ကုကျစ်စုန့်၏ နာမည်မှာ ရှာဖွေမှုအနည်းဆုံးဖြစ်နေသည်။

တင်ဆက်သူလျို့၏အသံက ထပ်ထွက်ပေါ်လာသည်။

“အစီအစဉ်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို လူတိုင်းနားလည်သွားကြလောက်ပြီ.. ဝိညာဉ်ရေးရာရဲ့ လက်ရွေးစင်ယှဉ်ပြိုင်မှုက တရားဝင်စတင်ပါပြီ!”

ကင်မရာက ပြောင်းသွားပြီး လမ်းဘေးတွင်ရပ်ထားသည့် ကားဆယ်စီးဘက် ပြောင်းချိန်လိုက်သည်။ တင်ဆက်သူလျို့က ထိုကားများထဲမှ တစ်စီး၏ နောက်ခုံတွင် ထိုင်လိုက်သည်။

ကားစက်နှိုးလိုက်ကြပြီးနောက် ဤအပိုင်းက လမ်းပေါ်တွင် ရိုက်ကူးမည်ဖြစ်ကြောင်းကို ပရိသတ်တို့ သိလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ အဓိက ကင်မရာမှာ ကားပေါ်တွင်ထိုင်နေသည့် တင်ဆက်သူလျိုကိုင်ထားသည့် ကင်မရာပင်ဖြစ်သည်။

သူက ပြတင်းပေါက်အပြင်မှ ရှုခင်းကို ရိုက်ကူးရန် ကားပြတင်းဘက်သို့ ကင်မရာချိန်လိုက်ပြီး တိုးတိုးလေးပြောလာသည်။

“လူတိုင်းက နည်းနည်းတော့ ဇဝေဇဝါဖြစ်နေမှာပဲ.. ကျွန်တော်တို့ရဲ့ ပထမဆုံးအကူအညီတောင်းသူက စတောင်စနေပါပြီ.. ကျွန်တော်တို့က အခု ရှားနိုင်ငံမြောက်ဘက်ဆုံးက ချီလင်တောင်ခြေမှာ ရောက်နေတာပါ

ဒီတစ်ခါ အကူအညီတောင်းတဲ့သူက တောင်ခြေမှာရှိတဲ့ ဝါးထော်လို့ ခေါ်တဲ့ရွာက ရွာသားတစ်ယောက်ပါ “

တင်ဆက်သူလျို့ ပြောပြီးလျှင် ပြီးချင်း တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကင်မရာက ရှုခင်းကို တာဝန်ယူထားရသည့် ဝန်ထမ်း၏ ဖြတ်တောက်ခြင်း ခံလိုက်ရသည်။ ထို့နောက် ကြိုတင်ပြင်ဆင်ထားသည့် ဗီဒီယိုအတိုလေးကို ထည့်သွင်းလိုက်သည်။

နောက်ခံစကားပြောက မိတ်ဆက်လာခဲ့၏။

“ဒီလရဲ့ ၁၂ ရက်မြောက်နေ့မှာ ဇာတ်ညွှန်းဖွဲ့စည်းရေးနဲ့ အကူအညီတောင်းသတင်းအချက်အလက်တွေကို ပြန်လည်တင်ပြရတဲ့ အစီအစဉ်အဖွဲ့ရဲ့ ဝန်ထမ်းတွေက အလုပ်ဆင်းခါနီးမှာ အကူအညီတောင်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပါတယ်..

အကူအညီတောင်းတဲ့သူက ရှားနိုင်ငံရဲ့ ‌အနောက်ဘက်ဆုံးနယ်စပ်က ရွာသားတစ်ဦးဖြစ်ပြီး အသက် ၁၆ နှစ်သာ ရှိပါသေးတယ်”

“ဒီလိုထူးခြားတဲ့ဖုန်းခေါ်ဆိုမှုက ဝန်ထမ်းတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး သိချင်စိတ်ဖြစ်ပေါ်စေခဲ့တယ်”

ထို့နောက် ဗီဒီယိုမှန်သားပြင်က မည်းနက်သွားပြီး ခပ်ဖျော့ဖျော့တီးလုံးတစ်ခုသာ ကြားနိုင်လေသည်။ယင်းမှာ ကြိုတင်အသံသွင်းထားခြင်းဖြစ်သည်။

ထိုအသံသွင်းမှုက အကူအညီတောင်းသူ ပြောပြသည့် သတင်းဖြစ်၏။

မရင့်ကျက်သေးသော စိတ်လှုပ်ရှားနေသည့် ကောင်လေးတစ်ယောက်က မန်ဒရင်းသံခပ်ဝဲဝဲဖြင့် ပြောလာသည်။

“ဟဲလို ခင်ဗျားတို့က သရဲခြောက်တဲ့အရာတွေကို ရှာဖွေ‌ဖြေရှင်းပေးနေတဲ့ အစီအစဉ်အဖွဲ့လား”

ဝန်ထမ်းတစ်ဦး၏ အတည်ပြုချက်ရပြီးနောက် ဆယ်ကျော်သက်ကောင်လေးက သူ့ဇာတိမြို့မှာ အကူအညီလိုအပ်နေကြောင်း ပြောလာသည်။

“ကျွန်တော်တို့ရွာက သရဲခြောက်ခံနေရတယ်.. ပြီးခဲ့တဲ့အပတ်က ကျွန်တော်အိမ်မပြန်ဘူး.. ကျွန်တော့်အမေက မပြန်ခိုင်းတာ.. အဲဒီနောက် တစ်ရွာတည်းသား ကျွန်တော့်အတန်းဖော်တစ်ယောက်က သရဲနဲ့ကြုံခဲ့တော့တာပဲ”

စိတ်ရှည်ရှည်နှင့် မေးမြန်းပြီးနောက် ဆယ်ကျော်သက်လေးပြောသည့် သရဲခြောက်နေသည့်ရွာ၏ ပုံရိပ်တစ်ခုလုံး၏ အပိုင်းအစများကို စုစည်းနိုင်လိုက်သည်။

ကောင်လေး၏ရွာမှာ ဝါးထော်ဖြစ်ပြီး ရှားနိုင်ငံတွင် ဆင်းရဲသည့်မထင်မရှားရွာလေးဖြစ်သည်။ ရွာမှဒေသခံအများစုက နယ်ခံလူမျိုးစုလေးများဖြစ်ကြ၏။

ရွာတွင် လူဦးရေများသည်၊ သို့သော် ချောင်ကျလွန်းသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုက အစီအစဉ်မကျပေ။

လမ်းပြန်ကြားရေးကလည်း လည်ပတ်မနေဘဲ နှစ်စဉ်မြို့ဝင်ငွေကလည်း အလွန်နိမ့်သည်။

ရွာထဲမှ လူငယ်လူကြီးများက တစ်နှစ်ပတ်လုံး အနီးနားမှမြို့များသို့သွားကာ အလုပ်လုပ်ကြရသည်။

အမျိုးသမီးများက ကလေးများ၊ လူကြီးသူမများကို စောင့်ရှောက်ရန်၊ မျှစ်တူးရန်၊ အနီးနားကတောင်များတွင် မှိုအခြောက်ခံရန် သို့မဟုတ် ကြက်ဝက်မွေးမြူရန်

ရွာတွင်သာနေကြသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ အချို့ကြည့်ရှုသူများအတွက်မူ ယနေ့ခေတ်လူမှုရေးအသိုင်းအဝိုင်းတွင်ပင် အင်တာနက်နှင့် ကင်မရာများ မရောက်ရှိနိုင်သည့် ထိုသို့သော ဒေသများမှ လူများရှိသေးကြောင်း တွေးပင်မတွေးဖူးခဲ့ကြပေ။

သူတို့ဘဝများမှာ ဆင်းရဲနွမ်းပါးကာ ပျင်းစရာကောင်းလှ၏။

ဝါးထော်ရွာတွင် မူလတန်းကျောင်းတစ်ကျောင်းရှိသော်လည်း ကောင်းမွန်စွာ လည်ပတ်ခြင်းမျိုးမဟုတ်ဘဲ ကျောင်းသားအနည်းငယ်သာ စာလုပ်ရန်စိတ်ရှည်ကြ၏။

‘ဝိညာဉ်ရေးရာ’ကို ဆက်သွယ်လာသည့် ကောင်လေးမှာ မြို့မှအထက်တန်းကျောင်းတွင် ပညာဆည်းပူနေသည့် ကလေးအနည်းစုထဲမှ တစ်ဦးဖြစ်သည်။ သူ့မျိုးရိုးက ပိုင် ဖြစ်ပြီး နာမည်က ရှီကု ဖြစ်သည်။

သူ မြို့တွင်တက်သည့် အထက်တန်းကျောင်းက ရွာနှင့်ဝေးလွန်းသောကြောင့် တစ်နေရာမှ တစ်နေရာကို စက်ဘီးစီးသွားလျှင် နှစ်နာရီနီးပါး ကြာမြင့်သည်။

ထို့ကြောင့် ကျောင်းက လိုက်လျောမှုများ ပြုလုပ်ပေးထားသည်။ ရွာများမှ ကျောင်းလာတက်ရသည့် သူ့ကဲ့သို့ ကျောင်းသားများမှာ တစ်ပတ်၊ နှစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် တစ်လတစ်ကြိမ် အိမ်ပြန်ခွင့်ရှိသည်။

ပိုင်ရှီကုက တစ်ပတ်တစ်ခါ အိမ်ပြန်သည့် ကျောင်းသားမျိုးပင်။

သူက ပြီးခဲ့သည့်အပတ်က အတန်းတွင် ဆရာမ၏ ခေါ်ခြင်းခံရကာ အစီအစဉ်အဖွဲ့ကို အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။

ဆရာမက သူ့ကို ဖုန်းပေးလိုက်သောအခါ သူ့အမေ၏ ညီးတွားသံကို ကြားလိုက်ရ၏။

ဖုန်း၏တခြားတစ်ဖက်မှ သူ့အမေက သူ့အဖေသည် တောင်ပေါ်သွားရင်း ဒဏ်ရာရခဲ့သည်ဟု ပြောသည်။ သူက အသက်ရှင်နေဆဲဖြစ်သော်လည်း ခြေထောက်တစ်ဖက်မှာ ဝံပုလွေရိုင်းကိုက်ခြင်းကို ခံခဲ့ရသည်။

သူ့အဖော်များက သယ်လာပေးခဲ့ပြီး သူကတော့ နာကျင်မှုကြောင့် သတိလစ်သွားခဲ့၏။

ပိုင်ရှီကုက ထိတ်လန့်ပူပန်သွားကာ သူ့အဖေဆီသွားရန် ဆရာမကို ချက်ချင်းခွင့်တိုင်ချင်ခဲ့သည်။

သို့သော် ဖုန်း၏အခြားတစ်ဖက်မှ သူ့‌အမေက အလွန်ပင် အလေးအနက်ဖြစ်နေလေ၏။

သူမက ငိုနေလျက်မှပင် လေသံမာမာဖြင့် ပြောသည်။

“ပြန်မလာနဲ့.. မင်းအဖေက သေမှာမဟုတ်ဘူး.. ဒီတော့ ဒီအပတ် ‌ရွာပြန်မလာနဲ့.. အဲဒီကျောင်းမှာပဲ နည်းနည်းလောက်နေလိုက်.. မင်းဆရာမနဲ့ ငါနဲ့လဲ တိုင်ပင်ပြီးပြီ.. သူမက မင်းကို စားသောက်ဖို့ ပိုက်ဆံချေးပေးလိမ့်မယ်

မိသားစုက လုံခြုံသွားရင် ဆရာမကို ဖုန်းခေါ်လိုက်မယ်.. အဲဒီကျမှ ပြန်လာခဲ့.. ကြားလား”

ပိုင်ရှီကုက တွေဝေသွားခဲ့ကာ တစ်ချိန်ထဲတွင်ပင် ထူးဆန်းသလိုခံစားခဲ့ရသည်။

တောင်များတွင် ဝံပုလွေများရှိသည်က အမှန်ပင်ဖြစ်၏၊ သို့သော်လည်း ထိုဝံပုလွေများက တောင်အနက်ကြီးထဲတွင်သာနေကာ ရွာနားပတ်လေ့မရှိပေ။

သူ့အဖေကလည်း ထင်းအတိုအထွာလေးများ ကောက်ရန်နှင့် ယုန်ဖမ်းရန်သာ တောင်သို့ သွားခြင်းဖြစ်သည်။ ဝံပုလွေက သူ့ခြေထောက်ကို မည်သို့မည်ပုံကိုက်သွားပါနည်း။

သူ့အမေ၏ ဝေဝါးကြောက်လန့်နေသော စကားလုံးများကလည်း သူ့ကို တုန်လှုပ်စေသည်။ တစ်ခုခုကတော့ အိမ်မှာဖြစ်နေပြီဟု သူခံစားနေရ၏။

သို့သော် သူ့အမေ၏ တစ်ချက်လွှတ်အမိန့်နှင့် သားအမိကြားမှ ခြိမ်းခြောက်ထားသောဆက်ဆံရေးကြောင့် ကောင်လေးမှာ သူ့စိုးရိမ်မှုများနှင့် မလွယ်ကူသည့်ခံစားချက်များကို ချိုးနှိမ်ကာ အိမ်သို့ မပြန်ခဲ့တော့ပေ။

ကျောင်းမှ သူ့ထက်အသက်တစ်နှစ်ကြီးသည့် ကောင်လေးကလည်း တစ်ရွာတည်းသားချင်းဖြစ်၏။

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေတွင် သူတို့က ရွာသို့ ပြန်ခဲ့ကြသည်။ နောက်နေ့ သူ့အမေဖုန်းဆက်သည့်အချိန်တွင် ထိုအစ်ကိုကြီးမှာ အိမ်ကို

စက်ဘီးစီးပြန်သွားရန်လုပ်နေပေပြီ။

ပိုင်ရှီကုက စိတ်တုန်လှုပ်နေပြီး ထိုသူ့ကို အိမ်မပြန်သေးရန် ပြောသည်။ထိုအချိန်တွင် သူပြောလာသည်မှာ သူ့မိသားစုကလည်း ဆရာမကို ‌ဖုန်းဆက်ကာ မက်ဆေ့ပို့ထားပြီး အိမ်ပြန်လမ်းတွင် မလုံခြုံသည့်အတွက် သူ့ကို သည်အပတ်အိမ်ပြန်မလာရန် ပြောထားသည်ဟု ဆိုသည်။

သို့သော် ထိုကောင်လေးက အလေးအနက်မထားခဲ့ပေ။

၂ နှစ်တာမျှဖြတ်သန်းနေကျဖြစ်သည့်လမ်းက အဘယ့်ကြောင့် မလုံခြုံဖြစ်ရပါမည်နည်း။

ထိုကောင်လေးက ပိုင်ရှီကုကို သတ္တိကြောင်သည့် အမေ့ချစ်သားလေးဟူ၍ပင် လှောင်ခဲ့သေးသည်။

ပိုင်ရှီကုက သူ့ကို မသိမ်းသွင်းနိုင်သည့်အတွက် ဘာမှမပြောတော့ပေ။ သို့သော် အရေးကြီးကိစ္စမဟုတ်လျှင် သူ့အမေက သူ့ကို တားမှာမဟုတ်ကြောင်း သိသဖြင့် စိတ်ပူနေခဲ့၏။ အထူးသဖြင့် သူ့‌အဖေ ခြေထောက်ကျိုးနေသည့်အချိန်တွင်ဖြစ်သည်။

တနင်္ဂနွေနေ့တွင် ထိုကောင်လေးက ကျောင်းကို ပြန်မလာခဲ့ချေ။ နောက်တစ်နေ့တွင် ပိုင်ရှီကုက သူ့ကိုရှာရန် အတန်းသို့သွားကာ ရွာပြန်ပြီးနောက် သူ့မိသားစုအခြေအနေကို မေးရန် ကောင်လေးဆီသွားခဲ့သည်။

ရလဒ်အနေဖြင့် ထိုကောင်လေး၏အတန်းဖော်က သူ တစ်မနက်ခင်းလုံး မလာကြောင်း ပြော၏။ မနက်ပိုင်းတွင် ဆရာမကပင် လာမေးသွားသည်ဟု ဆိုသည်။

ဆိုလိုသည်မှာ တစ်ရွာတည်းသားကောင်လေးက ဆရာမကို ခွင့်မတိုင်သွားဘဲ ပျောက်သွားခဲ့ခြင်းသာဖြစ်ပေသည်။

*

All Chapters