← Chapters

သန်မာသူတို့စိတ်ဓာတ်

Vol. 47 Ch. 700

သန်မာသူတို့စိတ်ဓာတ်

Vol. 47 Ch. 700

အံကြိတ်နေသည့်မုန်ကျင်းကျိုး ချက်ချင်းစိတ်ငြိမ်သွားသည်။ အတွန့်အကြေမရှိသည့် အင်္ကျီကော်လာကို ဆွဲဆန့်သည်။

"တော်စမ်းပါကွာ၊ ငါကဘာလို့မနာလိုဖြစ်ရမှာလဲ။ ချစ်ရေးချစ်ရာကိစ္စမှာ သူ့ကံကြမ္မာက ပြင်းထန်လွန်းလို့ သူဒုက္ခရောက်မှာ စိုးရိမ်လို့ပါ။ ဒါပါပဲ"

ပေါက်တတ်ကရအပြောကို ယုံကြည်သလိုဟန်ဆောင်၍ လုယန်ခေါင်းငြိမ့်သည်။

"ဒါပေမယ့် ခုနက သူကျိန်စာသင့်ထားတယ်လို့ မင်းပြောတယ်။ အဲဒါဘယ်လိုဟာမျိုးလဲ"

မုန်ကျင်းကျိုးလည်း တန်ပြန်ကျိန်စာသင့်၍ အရိုင်းပြည်နယ်သို့သွားပြီး ကုသဆေးရှာရဖူးသည်။ ထို့ကြောင့် ကျိန်စာသင့်လျှင် ဘယ်လောက်ဒုက္ခရောက်ကြောင်း ကောင်းကောင်းသိသည်။

လုယန် နတ်မယ်ကို ပြန်မေးရသည်။

"အသေးစိတ်ရှင်းပြနိုင်မလားနတ်မယ်"

"အတော်ရိုးရှင်းတဲ့ ကျိန်စာလေးပါ။ ကျင့်ကြံသူတစ်ယောက်အပေါ်တောင် မသက်ရောက်နိုင်လောက်ဘူး။ သူထိတွေ့တဲ့ မိန်းကလေးတွေပဲ ရင်ခုန်နှုန်းမြန်စေတာ။ အချိန်ကြာလာရင် နှလုံးရောဂါဖြစ်လာနိုင်တယ်။

အခုလောလောဆယ် ဒီပြဿနာက အဲလောက်မပြင်းထန်သေးဘူး။ ရောဂါဖြစ်လောက်တဲ့အဆင့်မရောက်သေးဘူး။ ဒါပေမယ့် အချိန်တစ်ခုရောက်ရင်တော့ သေချာပေါက် ဒုက္ခဖြစ်လာလိမ့်မယ်"

"ဘယ်သူလုပ်သလဲဆိုတာသိလား"

"မသိဘူး"

"ဒီကျိန်စာကိုဖျက်ဖို့ နည်းလမ်းရှိလား"

"ဒါကတော့ လွယ်ပါတယ်။ နင့်ကျောက်စိမ်းတံဆိပ်ထဲမှာ ဆပွားမြေဆီ၊ သစ်သားဝိညာဉ်နဲ့ ပုံရိပ်တစ်ရာဝါး..အဲဒါတွေရှိတယ်မဟုတ်လား။

ဒါတွေကို မှန်ကန်တဲ့အချိုးအစားအတိုင်း ဆေးဖော်လိုက်ရင် ကျိန်စာပြယ်သွားမှာပါ"

အသေးအဖွဲကျိန်စာသာဖြစ်သည်။ ထိုကျိန်စာမျိုး ရှေးဟောင်းခေတ်တွင် အကြိမ်များစွာကြုံဖူးသည်။ သက်တောင့်သက်သာ ဖြေရှင်းနိုင်သည်။

"ဆေးဖော်ဖို့ဆိုရင် ဆေးဆရာရှာဖို့လိုမယ်ထင်တယ်"

လုယန်နှင့်မုန်ကျင်းကျိုးတို့နှစ်ယောက်လုံး ဆေးမဖော်တတ်ကြ။

ကျိန်စာကိုပျက်သွားလျှင် ကျိန်စာတိုက်သူလည်း တစ်ခုခုမူမမှန်ကြောင်း သတိထားမိပြီး အလိုလိုပေါ်လာမည်။

သူတို့နှစ်ယောက် ကုကျန်ယဲ့အိမ်သို့ နောက်ယောင်ခံလိုက်သွားသည်။

ကုမိသားစုသည် ထိုနယ်တွင် နာမည်ကြီးသည့် ရွှေသန္ဓေမျိုးဆက်ဖြစ်သည်။ မိသားစုခေါင်းဆောင်၏ ဒုတိယသားဖြစ်သည့် ကုကျန်ယဲ့သည် သူ့ကိုယ်ပိုင် အိမ်ဝင်းရှိသည်။

အိမ်သို့ပြန်ရောက်ပြီးနောက် ထုံးစံအတိုင်း ကျောင်းမှအိမ်စာများလုပ်သည်။

ထို့နောက် ညအချိန်ရောက်လာသည်။

ခြံဝင်းထဲတွင်ရပ်လျက် လက်နှစ်ဘက်ကို ဖြန့်ကားပြီး မျက်လုံးကို ဖြေးညှင်းစွာမှိတ်၍ လရောင်ကိုခံစားသည်။

အတော်ကြာပြီးနောက် မျက်လုံးပွင့်လာသည်။ ကောင်းကင်မှ ငွေရောင်လမင်းကို ငေးစိုက်ကြည့်သည်။ အတိတ်အကြောင်းများ တွေးမိဟန်ရှိသည်။ အတိတ်ကာလက တစ်ယောက်ယောက်ကို သတိရနေဟန်ရှိသည်။

သူအကြည့်လွှဲပြီး သက်ပြင်းတစ်ချက်ချသည်။

"အခု လအလင်းစွမ်းအား‌တောင် အတော်ရှားပါးနေပြီ။ ငါ့ကျင့်စဉ်စွမ်းအား ပြန်ရမယ့်နေ့က မရေမတွက်နိုင်လောက်အောင် ဝေးနေသေးတဲ့ပုံပဲ။

ဘယ်အချိန်မှ ကျင့်စဉ်စွမ်းအားပြန်ရမှာလဲ။ အခု ငါရောက်နေတာ ဆုတ်ကပ်ခေတ်ကာလများလား။ လောကထဲလွတ်လွတ်လပ်လပ် လှည့်ပတ်သွားခဲ့ရတဲ့နေ့တွေကို သတိရလိုက်တာ..

ဒီလောကထဲကလူတွေ 'နိယာမသခင်'ဆိုတဲ့နာမည်ကို မှတ်မိတဲ့လူများ ရှိဦးမလား...အင်း...မေ့သွားကြလောက်ပါပြီလေ။

ရှေးဟောင်းခေတ်ကလူတွေ မရှိတော့ဘူး။ အတိတ်ကို ပြန်သွားလို့မရတော့ဘူး"

သူ့ညာဘက်မျက်လုံးတွင် စူးရှသည့်နာကျင့်မှုကို ခံစားရသဖြင့် လက်ဖြင့်အမြန်အုပ်ပြီး ရှုံ့မဲ့၍ပြောသည်။

"ကောင်းကင်မျို၊ ငါ့ကိုသိတာ မင်းတစ်ယောက်ပဲ ရှိတော့တယ်ထင်တယ်"

"သခင်လေး၊ ညစာအဆင်သင့်ဖြစ်ပါပြီ"

အိမ်ထိန်းက လေးလေးစားစား တံခါးဝမှခေါ်သည်။

အတိတ်ခံစားချက်များကို ကုကျန်ယဲ့ ဘေးဖယ်ထားလိုက်သည်။

"အခုငါက အစာမစားဘဲတောင် မနေနိုင်တော့ပါလား။ ဓားသခင်ရွှမ်ယွမ်နဲ့ မသေမျိုးသူတော်သာ ငါ့အဖြစ်ကိုသိရင် သေမတတ်ရယ်နေကြလောက်တယ်"

"သခင်လေးအကြိုက် ဘဲသားဂျင်ဆင်းစွပ်ပြုတ်လုပ်ထားပါတယ်"

"သိပြီ၊ လာခဲ့မယ်"

မိသားစုနှင့်အတူ ညစာစားပြီးနောက် ကုကျန်ယဲ့ သူ့အခန်းသူပြန်လာသည်။ စုတ်တံ၊ မင်ရည်၊ စက္ကူနှင့်၊ မင်သွေးကျောက်ကို ထုတ်သည်။ အင်္ကျီလက်ကိုသိမ်း၍ မင်ကြိတ်ပြီး ပုံဆွဲသည်။

မျက်လုံးက စုတ်တံဖျားကို အပြည့်အဝအာရုံစိုက်ပြီး အသက်အောင့်ထားသည်။

တစ်နာရီအကြာတွင် 'နိယာမသခင်'၏ ရုပ်ပုံ စက္ကူပေါ်တွင် ပေါ်လာသည်။ အတိတ်ဘဝဇာတ်ကြောင်းများကို စာမျက်နှာအလွတ်များတွင် ရေးချသည်။

ဆယ့်ခြောက်နှစ်တွင် ကျင့်စဉ်လမ်းသို့ဝင်သည်။ ဆယ့်ခုနစ်နှစ်တွင် အခြေတည်ဆောက်သည်။ ဆယ့်ရှစ်နှစ်တွင် ရွှေသန္ဓေ၊ ဆယ့်ကိုးနှစ်တွင် နတ်ဝိညာဉ် တည်ဆောက်ခဲ့သည်။

ကျင့်စဉ်တိုးတက်နှုန်းအမြန်ဆုံးအဖြစ် စံချိန်ချိုးသည်။ အသက်အငယ်ဆုံး နတ်ဝိညာဉ်ကျင့်ကြံသူဖြစ်လာသည်။ သက်ကြီးပိုင်းနတ်ဝိညာဉ်အဆင့်များစွာ သူ့ကို တအံ့တဩဖြစ်ခဲ့သည်။ တာအိုမိတ်ဆွေဟု သုံးစွဲခေါ်ဝေါ်ကြသည်။

ကုကျန်ယဲ့ စုတ်တံကိုချလိုက်သည်။ ပန်းချီပုံကို ကျေနပ်သွားသည်။

အတိတ်ဘဝတွင် သူ့ကို 'ပန်းချီသူတော်'ဟု အများသိကြသည်။ အတိတ်စွမ်းအားများစွာ ဆုံးရှုံးသွားသော်လည်း ဤပန်ချီလောက်တော့ သက်တောင့်သက်သာဆွဲနိုင်သည်။

ပစ္စည်းအားလုံးသိမ်းပြီးနောက် ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်သွားသည်။

ခေါင်မိုးပေါ်တွင်ပုန်းနေသည့် လုယန်နှင့်မုန်ကျင်းကျိုးတို့ ကြောင်တက်တက်ဖြင့် အကြည့်ချင်းဖလှယ်ကြသည်။ ကုကျန်ယဲ့ကို ဘယ်သူမှ ဆက်ပြီးစောင့်မကြည့်ချင်ကြတော့။

"လောင်လု၊ ဒီကောင်လေးကို စောင့်ကြည့်ထား။ ငါအပြင်ခဏသွားဦးမယ်"

သို့သော် ထွက်ပြေးရန်ပြင်နေသည့် မုန်ကျင်းကျိုးကို လုယန်က ဆွဲထားသည်။

"ထွက်ပြေးဖို့မစဉ်းစားနဲ့။ ငါတို့ညီအကိုစဖြစ်တုန်းက ကျိန်ဆိုထားတာမေ့နေပြီလား။ ကောင်းအတူဆိုးအတူ ဖြတ်သန်းမယ်ဆိုတာလေ"

မုန်ကျင်းကျိုးက ဒေါသတကြီးပြန်ပြောသည်။

"ပေါက်ကရတွေကွာ။ ငါမင်းနဲ့ ဘယ်တုန်းကမှ သွေးသောက်ညီအကိုမဖွဲ့ဖူးပါဘူး"

"ဒီကောင်လေးက ကျင့်ကြံဖို့ အတော်သင့်တော်တဲ့လူပဲ"

နတ်မယ်က အတော်ကြာအောင် စောင့်ကြည့်နေပြီးနောက် မှတ်ချက်ပေးသည်။

"ဘာဖြစ်လို့လဲ"

လုယန် နားမလည်။

"ယင်ထန်မသေမျိုးတို့က သန်မာသူတွေရဲ့စိတ်ထားဟာ အဲလိုပဲလို့ ပြောလေ့ရှိတယ်။ ငါ့ကို ဒီစိတ်ဓာတ်မျိုးထားဖို့ တိုက်တွန်းကြတယ်။

သူတို့အတွေးအခေါ်ကို ငါသိပ်နားမလည်ပေမယ့် ကျင့်ကြံမှုကို အထောက်အကူပြုတဲ့ အရည်အသွေးတစ်ခုခုတော့ ရှိလို့ဖြစ်မှာပါ"

လုယန် "..."

မနက်စောစောတွင် ကုကျန်ယဲ့ မျက်နှာသစ်သည်။ သူ့ကိုသူသပ်ရပ်အောင် ပြုပြင်သည်။ ကျောင်းသို့ပြေးသည်။

"မဟာကပ်က နီးလာပြီ။ ငါက ကျင့်ကြံတဲ့အရွယ်မရောက်သေးပေမယ့် ကြိုတင်ပြင်ဆင်ထားမှဖြစ်မယ်။ အပြေးလေ့ကျင့်တာဟာ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေတယ်"

သူသုံးသပ်သည်။ ခန္ဓာကိုယ်အရှိန်ယူသည်။ ခိုင်မာပြတ်သားသည့်မျက်လုံးဖြင့် ကျောင်းဆီသို့ အမြန်ပြေးသည်။

လမ်းပေါ်တွင် အသွားအလာနည်းသည့် မနက်စောစော အပြေးလေ့ကျင့်ရသည်ကို သူသဘောကျသည်။ တစ်ယောက်ယောက်နှင့် တိုက်မိမည်ကို မစိုးရိမ်ရ။

လမ်းကွေ့တစ်ခု ချိုးလိုက်ချိန်တွင် လူတစ်ယောက် တစ်ဘက်မှ ရုတ်ချည်းထွက်လာသည်။ သနားကမားရုပ်ရည်ရှိသည့် မုရှီဖြစ်သည်။

ကုကျန်ယဲ့ အပြေးလေ့ကျင့်ရင်း ကျောင်းတက်တဲ့သည့်အကျင့်ကို လူသိများသည်။ ထို့ကြောင့် ကုကျန်ယဲ့နှင့်တိုက်မိရန် မုရှီကြိုစောင့်နေခြင်းဖြစ်သည်။

သူ့အကြံအောင်မြင်သည်။

ကုကျန်ယဲ့ တဖြေးဖြေးနီးလာပြီး မရပ်နိုင်တော့သည်ကိုကြည့်၍ သူပျော်သွားသည်။

ထိတ်လန့်ချင်ယောင်ဆောင်ပြီး အော်ဟစ်သည်။ လက်နှစ်ဘက် လေထဲသို့မြှောက်လိုက်သည်။ ကုကျန်ယဲ့ သူ့ကိုဖမ်းထိန်းလျှင် ပိုအဆင်ပြေစေဖို့ဖြစ်သည်။

သို့သော် သူနောက်ထပ်မရယ်နိုင်တော့။ ကုကျန်ယဲ့ကြောင့် နှစ်မီတာအဝေးသို့ သူလွင့်သွားသည်။ မြေပေါ်သို့ ဝမ်းလျားမှောက်ကျသည်။

"ညီမမုရှီ၊ အဆင်ပြေရဲ့လား"

ကုကျန်ယဲ့ သူ့ကို သတိဖြင့်စောင့်ကြည့်သည်။ ထိုမိန်းကလေးတွင် ညှို့ဓာတ်မသေမျိုးခန္ဓာရှိနိုင်ကြောင်း နိယာမသခင်မျက်လုံးက ရိပ်မိသည်။ နောက်တစ်ချိန် ထိုမိန်းကလေးကြောင့် နိုင်ငံပျက်နိုင်သည်။ မကြာခဏထိတွေ့ဆက်ဆံ၍ မဖြစ်။

"ပြေ ပြေပါတယ်"

ကုကျန်ယဲ့ တိုက်လိုက်စဉ်က မြင်းရထားတစ်စီးတိုက်ခံရသလို သူထင်မိသည်။ ယခု သူ့ဦးခေါင်းထဲ မူးဝေနေသည်။

နောင်တစ်ချိန် နိုင်ငံကိုဒုက္ခပေးနိုင်ခြေရှိသူဖြစ်သော်လည်း တိုက်မိသည့်တွက် ကုကျန်ယဲ့ အပြစ်မကင်းသလို ခံစားရသည်။ ထို့ကြောင့် ဆွဲထူပေးသည်။

"ကျေးဇူးပါ၊ အကိုကျန်ယဲ့"

ကုကျန်ယဲ့ မျက်မှောင်ကျုံ့သွားပြီး စကားပြင်ပေးသည်။

"ယောက်ျားနဲ့မိန်းမကြားမှာ ခြားနားချက်တွေရှိတယ်။ ငါတို့က သိပ်မရင်းနှီးပါဘူး။ ဒီတော့ငါ့ကို ဒီလောက်ရင်းနှီးတဲ့အသုံးအနှုန်းနဲ့ မခေါ်ပါနဲ့။

ပြီးတော့ စာပေလေ့လာမှုလည်း မင်းအားနည်းတယ်။ စာညံ့တဲ့လူတွေနဲ့ သိပ်အရောမဝင်ဖို့ ငါ့အမေက အမြဲပြောတယ်"

မုရှီ "..."

အပြစ်သိစိတ်ဖြင့် ကုကျန်ယဲ့ မုရှီကို ကျောင်းသို့ခေါ်သွားပေးသည်။

မုရှီမျက်နှာ နီရဲနေသည်။ ကျောင်းထဲမှ ကျောင်းသားများက သူတို့နှစ်ယောက်ကို မနာလိုသည့်အကြည့်ဖြင့် ကြည့်ကြသည်။ ကျောင်းသူများလည်း ထိုသို့ပင်ဖြစ်သည်။

သို့သော် တစ်ချို့အတန်းဖော်များက သူတို့ကို လိုက်ဖက်သည့်စုံတွဲဟု တွေးသည်။

မုရှီ ကုကျန်ယဲ့ကို ခိုးကြည့်သည်။ သူ့အကြည့်ကို ရိပ်မိသဖြင့် ကုကျန်ယဲ့ မျက်မှောင်ကျုံ့သွားသည်။

သူ့မျက်လုံးထဲတွင် ချိတ်ပိတ်ထားသည့် ကောင်းကင်မျိုသားရဲကို မုရှီမြင်သွားသလားဟု တွေးနေသည်။

ဆရာက စင်မြင့်ပေါ်သို့ သံပေတံတစ်ချောင်းနှင့် စာအုပ်ကိုင်၍ တက်လာပြီး သင်ခန်းစာစတင်သည်။

ထိုကျောင်းသည် စာအုပ်စာပေသာလေ့လာသည်မဟုတ်။ ရုပ်ခန္ဓာစွမ်းအားလည်း လေ့ကျင့်ပေးသည်။

တစ်နာရီခန့်စာသင်ပြီးနောက် ဆရာက အတန်းသားများကို ကျောင်းဝင်းထဲ ပတ်ပြေးခိုင်းသည်။

အပြေးလေ့ကျင့်ပြီးချိန်တွင် မုရှီ ရုတ်တရက် မျက်နှာပျက်သွားသည်။

"ညီမမုရှီ ဘာဖြစ်တာလဲ"

"ငါ့အဖေပေးတဲ့ ကျောက်စိမ်းလက်ကောက် ပျောက်သွားပြီ။ အပြေးမလေ့ကျင့်ခင် ငါ့စာအုပ်ကြားထဲမှာ ညှပ်ထားခဲ့တာ။ အခု ရှာမတွေ့တော့ဘူး"

"ဘယ်လို၊ ဒါတော့ မကောင်းတော့ဘူး"

အတန်းဖော်များ နည်းနည်းဂဏာမငြိမ်ဖြစ်လာသည်။ မုရှီ၏ ကျောက်စိမ်းလက်ကောက် ဘယ်လောက်တန်ဖိုးကြီးကြောင်း အားလုံးသိသည်။

"ရှာကြစို့။ ဒီအခန်းထဲမှာ ဝှက်ထားတာပဲဖြစ်မယ်"

"ဟုတ်တယ်၊ ဒီထဲမှာပဲရှိရမယ်"

တစ်ယောက်က အကြံပေးသည်နှင့် အတန်းဖော်များ စိတ်အားတက်ကြွစွာ ထောက်ခံသည်။

မကြာမီ ကျောက်စိမ်းလက်ကောက်ကို တွေ့သည်။

"မုယီ၊ ဒါကိုခိုးထားတာ နင်ပေါ့"

**********************************

All Chapters