← Chapters

မသေမျိုးဘုံကျောင်း

Vol. 47 Ch. 702

မသေမျိုးဘုံကျောင်း

Vol. 47 Ch. 702

အရာရှိများ၏ဖိအားအောက်တွင် မိသားစုခေါင်းဆောင်နှစ်ယောက် သတ်မှတ်ထားပြီးစ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ရသည်။

ကုကျန်ယဲ့ ပြဿနာမဖြစ်ချင်ခဲ့။

အတင်းအကြပ်လက်ထပ်ပွဲစီစဉ်သည့်ပြစ်မှုသည် တိုင်ချက်မဖွင့်လျှင် လျစ်လျူရှုခံရမည်။ ပါဝင်ပတ်သက်သူက အမှုစွပ်စွဲချက်ကို ပြန်ရုတ်သိမ်းလျှင် နောက်ဆက်တွဲပြဿနားမရှိ။

အရာရှိများထွက်သွားပြီးနောက် ကုကျန်ယဲ့မျက်မှောင်ကျုံ့၍ ပြဿနာတစ်ခုကိုစဉ်းစားနေသည်။

ဤကိစ္စကြောင့် သူ့အဖေထောင်ကျလျှင် သူနန်းတွင်းစာမေးပွဲဖြေမည့်ကိစ္စအပေါ် ရိုက်ခတ်မှုရှိလာလိမ့်မည်။

"ငါ့ဥပဒေပညာအသိက မလုံလောက်သေးတဲ့ပုံပဲ"

ကုကျန်ယဲ့ စိတ်ထဲတွင် ပြန်စဉ်းစားသည်။ ယနေ့ည လအလင်းစွမ်းအား မစုပ်ယူတော့ဘဲ ဥပဒေပညာလေ့လာဖို့ ဆုံးဖြတ်လိုက်သည်။

ရှေးခေတ်မှ နာမည်ကျော်စွမ်းအားရှင်လူဝင်စား ဖြစ်သော်လည်း ယနေ့ခေတ်ပတ်ဝန်းကျင်သည် ရှေးခေတ်ကနှင့်မတူတော့။

ကြိုတင်အသားကျအောင်လုပ်ထားမှ တော်ဝင်လမ်းကို လျှောက်နိုင်မည်။

ထို့ကြောင့်လည်း အတန်းထဲတွင် အာရုံစိုက်နားထောင်ပြီး အတန်းပြီလျှင် ဇွဲကောင်းကောင်းလေ့လာခဲ့ခြင်းဖြစ်သည်။ သူ့ရမှတ်အဆင့်များက ရွယ်တူတန်းတူများထက် များစွာသာလွန်သည်။

နန်းတွင်းစာမေးပွဲတွင် ဒုတိယအဆင့်စာပေပညာရှင်ဖြစ်လာနိုင်သည်ဟု ဆရာများက ယုံကြည်ကြသည်။

"ကျိန်စာဖျက်ဆေးဖော်စပ်ဖို့ ‌ဆေးဆရာတစ်ယောက် မင်းသွားရှာပါလား"

လုယန် မုန်ကျင်းကျိုးကိုပြောသည်။

ကုကျန်ယဲ့သည် အကိုတိုင်လိုချင်သည့်လူမျိုးဖြစ်သည်။ နောက်ထပ် သူ့စာရိတ္တကို အကဲဖြတ်စရာမလိုတော့။

သို့သော် အဓိကအကြောင်းရင်းက ထိုလူငယ်ကိုစောင့်ကြည့်နေရသည်မှာ သူတို့လို 'အရေထူ'သူနှစ်ယောက်အတွက်ပင် ရှက်စရာကောင်းလွန်းသောကြောင့်ဖြစ်သည်။

"ကောင်းပြီလေ"

နတ်မယ်လမ်းညွှန်မှုဖြင့် လုယန်ရေးထားသည့် ဆေးနည်းကို မုန်ကျင်းကျိုး လှမ်းယူသည်။

ဆေးဆရာရှာသည်ကလွယ်ပါသည်။

ကုန်သည်အသင်းက ဆေးစပ်သည့်ဝန်ဆောင်မှုလည်းပေးသည်။ ထိုအသင်း၏ဆေးဆရာများသည် မြို့ထဲတွင် အတော်ဆုံးမဟုတ်သည့်တိုင် အဆင့်ငါးစာရင်းဝင်သည်။

ယခုလို အခြေခံအဆင့်ဆေးမျိုးကို ဖော်စပ်နိုင်ပါသည်။

"ရှဲ့အာ၊ သွားကြစို့"

သခင်မုက ပြောသည်။

ကုကျန်ယဲ့ ထိုမျှနှလုံးသားမဲ့မည်ဟု မုရှီထင်မထားခဲ့။ သူ့ကိုလက်မထပ်ရဖို့ အရာရှိများကိုပင် တိုင်ကြားခဲ့သည်။

"ကျန်ယဲ့၊ ဒီကိစ္စအတွက် နင်နောင်တရလိမ့်မယ်။ နင့်ကံကြမ္မာမှာ အမှားအယွင်းတစ်ခုရှိသွားပြီ။ အဲဒါကို ငါတစ်ယောက်ပဲ ပြုပြင်နိုင်တယ်။

ငါကလွဲလို့ နင်ဂရုစိုက်တဲ့လူတွေအားလုံး နင့်ကြောင့် ဒုက္ခရောက်လိမ့်မယ်"

ကုကျန်ယဲ့ အရေးမစိုက်။

ကံကို သူမယုံကြည်။ ယုံကြည်ခဲ့လျှင် ကောင်းကင်ကိုဆန့်ကျင်ပြီး မသေမျိုးဖြစ်ဖို့ ကြိုးစားခဲ့မည်မဟုတ်။

ကျင့်စဉ်လမ်းသည် ကောင်းကင်ကိုဆန့်ကျင့်ရခြင်းဖြစ်သည်။

"ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲရှိတယ်။ ကောင်းကင်ကသတ်မှတ်တာမဟုတ်ဘူး"

နတ်မယ်က လုယန်ကို သတိပေးသည်။

"အဲလိုအတွေးမျိုးတွေ နင်ရှိလို့မဖြစ်ဘူးနော်။ ယင်ထန်က အထူးသဖြင့် အဲလိုတွေးတဲ့လူတွေအပေါ် ပိုပြီးကြမ်းကြမ်းတမ်းတမ်းဆက်ဆံတယ်"

လုယန် ခေါင်းအထပ်ထပ်ငြိမ့်သည်။

ယင်ထန်မသေမျိုးသည် ကောင်းကင်ဆန္ဒနှင့် မွေးလာသူဟု ကြွေးကြော်ခဲ့သည်။ ကံကြမ္မာသည် ကောင်းကင်ဆန္ဒမဟုတ်ဟု ကြေညာခြင်းသည် ယင်ထန်မသေမျိုးကို တိုက်ရိုက်ဆန့်ကျင်ခြင်းဖြစ်သည်။

ထိုအတွေးမျိုးရှိလျှင်ပင် ထုတ်မပြောသင့်။

...

ရွှေစီးပွားကုန်သည်အသင်းတွင် မုန်ကျင်းကျိုး သူ့နောက်ခံကိုထုတ်ပြောသည်။ တာဝန်ခံကိုယ်တိုင် ဖော်ရွေပျူငှာသည့်မျက်နှာဖြင့် ရောက်လာသည်။

မုန်သခင်လေး ဆေးဖော်ချင်သည်ဟုကြားသည်နှင့် ကုန်သည်အသင်း၏ဆေးဆရာကို ချက်ချင်းဆင့်ခေါ်ပေးသည်။

ပုံမှန်ဆိုလျှင် ဆယ်နှစ်လောက်အတွေ့အကြုံရှိသည့် လက်သင်တစ်ယောက်ပင် ထိုဆေးမျိုးကို ဖော်စပ်ပေးနိုင်သည်။

သို့သော် မုန်သခင်လေးကို အလေးထားရာရောက်မည်မဟုတ်။

အမှန်တော့ မုန်မိသားစုနောက်ခံမရှိသည့်တိုင် တာအိုလမ်းစဉ်ဂိုဏ်းမှ နတ်ဝိညာဉ်အဆင့်တပည့်ဟုပြောရုံဖြင့် ထိုသို့အလေးထားခံရဖို့ လုံလောက်သည်။

ထိုနောက်ခံသည် ဝိညာဉ်ပြောင်းအဆင့်နှင့်တန်းတူရှိသည်။ မြို့ထဲတွင် စွမ်းအားအကြီးဆုံးလူက နတ်ဝိညာဉ်အဆင့်သာဖြစ်သည်။

"မမေ့နဲ့နော်။ ဆေးက ရေထဲမှာပျော်ဝင်နိုင်ရမယ်။ အရောင်အနံ့မရှိရဘူး"

ကုကျန်ယဲ့မသိအောင် ဆေးကိုတိုက်ဖို့ ရည်ရွယ်ထားသဖြင့် မုန်ကျင်းကျိုး သတိပေးသည်။

"အာ...သခင်လေး၊ အဆိပ်ခတ်တာက ပြစ်မှုနော်"

အသင်းတာဝန်ခံက သတိပးသည်။ ဆေးညွှန်း၏ ရည်ရွယ်ချက်ကိုမသိသဖြင့် ခင်မင်မှုအရ စေတနာဖြင့်ပြောခြင်းဖြစ်သည်။

မုန်ကျင်းကျိုး မျက်နှာတင်းသွားသည်။

"အဲဒါကျုပ်သိပါတယ်"

မကြာမီ မီးခိုးရောင်ဆေးတစ်လုံးတင်ထားသည့် ဗန်းတစ်ခုပေါ်လာသည်။

မုန်ကျင်းကျိုး နည်းနည်းစိတ်ပျက်သွားသည်။ ဆေးအိုးတောင်ထိပ်မှ တပည့်တစ်ယောက်ယောက်ဖော်စပ်လျှင်ပင် အနည်းဆုံးတော့ ဆေးလုံးပေါ်တွင် ဆေးစွမ်းအင်ရောင်တစ်ခုခုရှိလောက်သည်။

သို့သော် သူအရေးမစိုက်တော့။ ဆေးအိုးတောင်မှလူကိုလည်း လောလောဆယ် သွားရှာ၍မရနိုင်။

ကျိန်စာပျက်လျှင် ကိစ္စပြီးသည်။

ဆေးကိုယူ၍ ကုမိသားစုအိမ်သို့ ပြန်လာသည်။

"စောင့်ကြည့်တာ ဘယ်လိုနေလဲ"

"လမ်းလျှောက်ရလွန်းလို့ ငါ့ဖိနပ်တွေတောင်ပါးတော့မယ်"

မုန်ကျင်းကျိုးက ဆေးကိုထုတ်ပြသည်။ နတ်မယ်တစ်ချက်ကြည့်သည်။ သူပြောသည့်ဆေးမျိုးဖြစ်ကြောင်း အတည်ပြုသည်။ မုန်ကျင်းကျိုးက ကုမိသားစု၏ ဘဲသားစွတ်ပြုတ်ညစာထဲသို့ ဆေးကိုဖျော်ထည့်သည်။

ညစာချိန်တွင် ကုကျန်ယဲ့က ဘဲသားစွတ်ပြုတ်ကိုသောက်ပြီးနောက် ပါးစပ်သုတ်သည်။ ဘာထူးခြားချက်မှပေါ်မလာ။

"ဘာလက္ခဏာမှမပြဘူးလား"

နတ်မယ်က မျက်စောင်းထိုးသည်။

"ဘာလက္ခဏာပြစေချင်လို့လဲ။ ဒီကောင်လေးကို ကျိန်စာတိုက်ထားပေးမယ့် ကျိန်စာအာနိသင်က သူ့ဘေးပတ်လည်ကလူတွေအပေါ်မှာပဲ သက်ရောက်တာလေ။

ကျိန်စာပျက်သွားတာကို သူက ဘာထူးထူးခြားခြားခံစားရမှာလဲ"

"မုမိသားစုကို သွားကြည့်ရအောင်"

လုယန် မုန်ကျင်းကျိုးကိုခေါလိုက်သည်။ လက်ထပ်ပွဲပျက်သွားသည့်ကိစ္စအတွက် မုရှီက မူမမှန်သည့်တုံ့ပြန်မှုမျိုး ပြခဲ့သည်။

သူတို့နှစ်ယောက် ညအကာအကွယ်ဖြင့် မုအိမ်တော်ထဲခိုးဝင်ပြီး မုရှီ၏ခန်းဆောင်ကို ချောင်းကြည့်ကြသည်။

ခန်းဆောင်ထဲတွင် မုရှီ အံတင်းတင်းကျိတ်၍ စက္ကူနီအရုပ်တစ်ခုကို ဆွဲဆိတ်နေသည်။ ကုကျန်ယဲ့၏မွေးနေ့ကို ထိုအရုပ်နောက်ဘက်တွင် ရေးထားသည်။

"ကုကျန်ယဲ့၊ နင်နောင်တရစေရမယ်"

ထိုအရုပ်သည် မြို့ပြင်ဘုံကျောင်းမှ သူရခဲ့သည့် ရတနာဖြစ်သည်။ ကုကျန်ယဲ့အနားတွင်နေသူအားလုံး အချိန်ကြာလာသည်နှင့် နှလုံးရောဂါဖြစ်လာအောင် လုပ်နိုင်သည်။

ထိုသို့လုပ်ထားသဖြင့် ကုကျန်ယဲ့သည် သူမှလွဲ၍ တစ်ခြားလူကို လက်ထပ်နိုင်မည်မဟုတ်။

ရုတ်တရက် စက္ကူရုပ်က သူ့ဘာသာမီးထတောက်သည်။ သူ့လက်ချောင်းများအပူလောင်သွားသဖြင့် ဝေဒနာကြောင့် သူအော်လိုက်သည်။

သူ့လက်မှ ဝေဒနာသာမဟုတ်။ သူနှလုံးအိမ်တွင်လည်း နာကျင်လာသည်။

"အားးး...ဘာလို့ ဒီအရုပ်က မီးလောင်သွားတာလဲ"

ထိုအရုပ်၏စွမ်းအားကို ထိန်းထားနိုင်ဖို့ နေ့တိုင်း အရုပ်ပေါ်သို့ သွေးတစ်စက်ချရသည်။ စက္ကူဖြူရုပ်ကို အနီရောင်ပြောင်းရသည်။

ထိုအရုပ်သည် အသက်နှောင်မှော်ရတနာဖန်တီးသည့် နည်းလမ်းတစ်မျိုးဖြစ်သည်။ ယခု အရုပ်မီးလောင်သွားသဖြင့် သူလည်း တန်ပြန်သက်ရောက်မှု ခံစားရသည်။

သူ့နှလုံးအိမ် နာကျင်နေရသည်မှာ ထိုသက်ရောက်မှု၏ လက္ခဏာဖြစ်သည်။

"ဘုံကျောင်းကို သွားမှဖြစ်မယ်"

တစ်ခုခု ဆိုးဆိုးဝါးဝါးဖြစ်တော့မည်ဟု ခံစားရသဖြင့် သူထိတ်လန့်လာသည်။ မြို့ပြင်ဘုံကျောင်းသို့ပြေးသည်။

"သူ့နောက်ကလိုက်စို့"

လုယန် သိစိတ်အသံလှိုင်းမှ မုန်ကျင်းကျိုးကိုပြောသည်။

လင်းထန်မြို့သို့ရောက်သည်မှာ နှစ်ရက်ပင်မပြည့်သေး။ ဘယ်ဘုံကျောင်းမှ သူတို့မသိ။

...

ထိုဘုံကျောင်းတည်ဆောက်ထားသည်ကို ဘယ်သူမှမသိ။ နေ့ချင်းညချင်းပေါ်လာသလိုပင်ဖြစ်သည်။

ဘုံကျောင်းတည်နေရာကလည်း လျှို့ဝှက်သည်။ သိသူနည်းသည်။

မုရှီလည်း အမှတ်မထင်သိခြင်းဖြစ်သည်။ စာမေးပွဲမဖြေမီ ထိုဘုံကျောင်းတွင် ဆုတောင်းလျှင် အမှတ်ကောင်းသည်ဟု အတန်းဖော်တစ်ယောက်က ပြောခဲ့သည်။

ဘုံ‌ကျောင်းတွင် အစောင့်လည်းမရှိ။ ပူဇော်ပစ္စည်းမျာလးည်းမရှိ။ ကရုဏာလွှမ်းနေဟန်ရှိသည့် သက်ကြီးပိုင်းတစ်ယောက်၏ မြေသားရုပ်ထုတစ်ခုသာရှိသည်။

ဘုံကျောင်းက ထူးဆန်းသည့်နတ်မင်းများ ကာကွယ်ထားသကဲ့သို့ အသစ်ပမာသန့်ရှင်းနေသည်။

"မသေမျိုးအရှင်၊ ကျွန်မရဲ့စက္ကူရုပ် မီးလောင်သွားပြီ"

ဘုံကျောင်းထဲတွင် အသံတစ်ခု ပဲ့တင်ထပ်၍ပေါ်လာသည်။

"တစ်ယောက်ယောက်က ကျိန်စာကိုဖျက်လိုက်လို့ တန်ပြန်သက်ရောက်မှုကို မင်းခံစားရတာ။ ပြီးတော့ ကျိန်စာဖျက်တဲ့လူကလည်း မင်းနောက်ကနေ နောက်ယောင်ခံပြီး လိုက်လာပြီ"

လုယန် ထိတ်လန့်သွားသည်။ သူတို့အကြောင်းကို သိနေသည်ဆိုလျှင် တစ်ဘက်လူ၏ကျင့်စဉ်အဆင့်က သူတို့နှစ်ယောက်ထက် မြင့်သည့်သဘောဖြစ်သည်။

ပြင်းထန်သည့်အားလှိုင်းတစ်ခု သူတို့ဆီဝင်လာသည်။

လုယန် ချင်ဖုန်းဓားကိုအမြန်ထုတ်၍ကာကွယ်သည်။ မုန်ကျင်းကျိုးလည်း အော်ဟစ်မာန်သွင်း၍ ကြွက်သားများကိုတောင့်ထားပြီး ခန္ဓာကိုယ်ဖြင့်ခုခံသည်။

အဆင့်ချင်းများစွာကွာလွန်းသည်။ သူတိုနှစ်ယောက် ဘုံကျောင်းအပြင်သို့ လွင့်ထွက်သွားပြီး သစ်ပင်များနှင့် တိုက်မိသည်။

ကြီးမားသည့်မြေသားရုပ်က အသက်ဝင်လာသကဲ့သို့ မျက်လုံးဖွင့်ပြီး ပလ္လင်ပေါ်မှ ဆင်းလာသည်။

တံခါးကိုလက်ထောက်၍ ခါးကုန်းပြီး ဘုံကျောင်းအပြင်သို့ထွက်လာသည်။

သုံးမီတာမြင့်သည့် မြေရုပ်က သူတို့ကို အေးစက်စက်ငုံ့ကြည့်သည်။

"နတ်မယ် အဲဒါဘာကြီးလဲ"

"ပူဇော်မှုစွမ်းအားမျိုးပါ။ သူ့မူလခန္ဓာကိုယ်က အကြောင်းတစ်ခုခုကြောင့် ဆက်မသုံးနိုင်တော့ဘူး။ ဝိညာဉ်ပဲကျန်တာ။

ရုပ်ခန္ဓာတစ်ခုရဖို့ ဒီဘုံကျောင်းကို သူတည်ဆောက်ထားတာ။ ယုံကြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး ယုံကြည်မှုစွမ်းအင်စုဆောင်းတာ"

"ဒီယုံကြည်မှုစွမ်းအားသုံးတယ်ဆိုတာ မဟာချန်ခေတ်ကနည်းလမ်းပဲ"

လုယန် အံတင်းတင်းကြိတ်လိုက်သည်။

မဟာယုခေတ်ထူးခြားချက်က နိုင်ငံ့ဆရာစနစ်ဖြစ်သည်။ မဟာချန်ခေတ်၏ထူးခြားချက်က ယုံကြည်မှုစွမ်းအင်ဖြစ်သည်။

"ဘာအဆင့်လဲ"

"စုစည်းခြင်းအဆင့်"

မြေရုပ်က သူတို့စိုက်ကြည့်ရင်း လူသားကဲ့သို့ အေးစက်စက်ပြုံးသည်။

"မသိနားမလည်တဲ့ကောင်လေးနှစ်ယောက်၊ မင်းတို့က ထိပ်တန်းဂိုဏ်းတစ်ခုခုက ပါရမီရှင်တွေဖြစ်လိမ့်မယ်။ မလိုအပ်ဘဲနဲ့သတ်ဖြတ်တာမျိုး ငါမလုပ်ချင်ခဲ့ဘူး။

ဒါပေမယ့် မင်းတို့ ငါ့အကြောင်းကိုသိသွားပြီဆိုတော့ အသက်ရှင်ခွင့်မပေးနိုင်တော့ဘူး"

စုစည်းခြင်းအဆင့်စွမ်းအင်ဖိအားက သူတို့အပေါ်ကျလာသည်။ လုံးဝမလှုပ်နိုင်ကြတော့။

ထိုစဉ် ကောင်းကင်မှ နဂါးဟိန်းသံနှင့်တူသည့် အော်ဟစ်သံတစ်ခု ပေါ်လာသည်။

တစ်ကိုယ်လုံးဆွတ်ဆွတ်ဖြူနေသည့် မြင်းတစ်ကောင် ကောင်းကင်မှဆင်းလာပြီး မြေသားရုပ်ကို ခွာတစ်ဘက်ဖြင့် ကန်ချလိုက်သည်။ သူ့အကြည့်က ဝင့်ကြွားသည်။ မာနရိပ်သန်းနေသည်။

မြင်းဖြူနဖူးရှိ နဂါးကြေးခွံတစ်ချို့မှ အလင်းရောင်တစ်ခု ညအပေါ်ထဲတွင် တောက်ပနေသည်။

"မဟာနတ်ဆိုးဘုရင်လား"

ဘာကြောင့် ဤနေရာတွင် မဟာနတ်ဆိုးအဆင့် မြင်းနဂါးဘုရင်တစ်ကောင် ပေါ်လာသနည်း။

**********************************

All Chapters