← Chapters

ကိုးနဂါးမြို့လျှို့ဝှက်မြေ

Vol. 47 Ch. 697

ကိုးနဂါးမြို့လျှို့ဝှက်မြေ

Vol. 47 Ch. 697

ရှဲ့အန်းနှင့်ချောင်အာ တိမ်ပြာနန်းတော်သို့သွားသည်ကလည်း ကောင်းသည့်ကိစ္စဟု လုယန်ခံစားမိလာသည်။

ကူးဖြတ်ခြင်းအဆင့်နှစ်ယောက်ရှိနေလျှင် တစ်ခြားဂိုဏ်းနှစ်ခုက ဒုက္ခပေးမည်ကို စိုးရှိန်စရာမရှိ။ နှစ်ဘက်လုံးအဆင်ပြေသည့် အခြေအနေဖြစ်သည်။

မုန်ကျင်းကျိုး လုယန်ဘေးသို့ အသံတိတ်တိုးသွားသည်။

ချောင်အာ သို့မဟုတ် ချန်ကျောင်းထုတ်လွှတ်သည့် စွမ်းအင်ရောင်က အေးစိမ့်လွန်းသဖြင့် သူ့ရိုးတွင်းခြင်ဆီများပင် ခဲမတတ်ဖြစ်သည်။

"ကူးဖြတ်ခြင်းအဆင့်တွေ ပေါများလွန်းလို့ အပြင်ထွက်တိုင်း အတွဲလိုက်ဆုံနေရတာများလား"

လုယန် ခပ်တိုးတိုးရေရွတ်နေသည်။

မုန်ကျင်းကျိုး ခဏစဉ်းစားနေပြီးနောက် သူတို့နှစ်ယောက်အပြင်ထွက်ချိန်ကြုံရသည့်အဖြစ်ကို အလေးအနက်ပြောပြသည်။

"ငါတို့အပြင်ထွက်တိုင်း ကူးဖြတ်ခြင်းအဆင့်တွေနဲ့ အမြဲကြုံရသလိုပဲနော်"

လုယန် "..."

ဟုတ်သလိုပဲ...

"ဝူကျိ၊ ခွေးအိုကြီး၊ ကလေးတစ်ယောက်လို အရမ်းနုပျိုသလို ဟန်ဆောင်မနေနဲ့တော့"

ချောင်အာက ရှဲ့အန်းကို အော်ဟစ်သည်။ ဝူကျိကျန်းမှန်းသာသိလျှင် ဘာကြောင့်နှစ်ဝက်လောက်ကြာအောင် ဤနေရာတွင် သူဒုက္ခခံနေမည်နည်း။

သူ့ခံစားချက်များ အလဟဿဖြစ်ရသည်။

ရှဲ့အန်းကလည်း အညံ့မခံဘဲ တံတွေးတစ်ချက်ထွေးသည်။

"မင်းကများ ပြောရဲသေးတယ်ပေါ့။ မင်းနောက်ကို ဓားပြတွေလိုက်ဖမ်းတုန်းက 'အကို၊ ကျွန်မကိုကယ်ပါ၊ ကျွန်မမိဘတွေ အစေခံတွေအားလုံးကို ဓားပြတွေသတ်လိုက်ပြီ'လို့ပြောပြီး ပလီပလာသရုပ်ဆောင်ခဲ့တာလေ"

"နင်လည်းဘာထူးလဲ၊ သူတောင်းစားအိုတွေနား တစ်ချိန်လုံး လတ်လျားလတ်ယျားနဲ့ ကျားကစားနေပြီး နတ်ဝိညာဉ်အဆင့်ဂိုဏ်းကိုဝင်ဖို့ သရုပ်ဆောင်ကောင်းကောင်းနဲ့ ကြိုးစားတာလေ။ အရှက်မရှိတဲ့ကောင်"

"အရှက်မရှိတာ မင်းကွ"

ကူးဖြတ်ခြင်းအဆင့်နှစ်ယောက် စကားများကြသည်။ တိုက်ခိုက်ကြတော့မလို စိုက်ကြည့်နေသည်။ လေထုအေးခဲလာသယောင်ရှိသည်။

လုယန်တို့ ထိတ်လန့်သွားသည်။ ထိုနှစ်ယောက် တကယ်တိုက်ခိုက်မည်ကို စိုးရိမ်လာသည်။

တကယ်စတိုက်ခိုက်လျှင် သူတို့သာ ပထမဆုံးဒုက္ခရောက်မည်။

ယာယီဂိုဏ်းချုပ်လုပ်စဉ်က ထိုကူးဖြတ်ခြင်းနှစ်ယောက်အကြောင်း လုယန်လေ့လာဖူးသည်။

ခေတ်ပြိုင်နှစ်ယောက်ဖြစ်သည်။ ငယ်စဉ်ကတည်းက သိကျွမ်းခဲ့သည့် ငယ်သူငယ်ချင်းများဖြစ်သည်။ က‌လေးဘဝကတည်းက စေ့စပ်ထားသည်ဟုပင် ကောလဟာလပြောကြသည်။

ဝူကျိမိသားစု စီးပွားရေးကျဆင်းသွားပြီးနောက် ချန်ကျောင်းမိသားစုက သူတို့လက်ထပ်မည့်ကိစ္စ ဖျက်သိမ်းလိုက်သည်။ ထို့ကြောင့် လက်မထပ်ဖြစ်ခဲ့။

ကောလဟာလသည် မှန်သလား မှားသလားတော့မသိ။ သက်ဆိုင်ရာဂိုဏ်းအသီးသီးသို့တင်ပြီးနောက် ချီအဆင့်မှ ကူးဖြတ်ခြင်းအဆင့်ရောက်သည်ထိ အချင်းချင်း ပြိုင်ဆိုင်ကြရင်း တိုက်တိုက်ဆိုင်ဆိုင် သူတို့ဂိုဏ်းများကို မဟာထိပ်သီးဂိုဏ်းအဆင့်ရောက် မြှင့်တင်မိသလိုဖြစ်ခဲ့သည်။

သူတို့ခေတ်တွင် သူတို့သည် အတောက်ပဆုံးပါရမီရှင်များဖြစ်သည်။ သက်တူရွယ်တူများက သူတို့ပါရမီကို လက်တွေ့မြင်ပြီး အားငယ်ရှက်ရွံ့ခဲ့ကြရသည်။

ဘယ်ခတ်ဘယ်အခါမဆို ကူးဖြတ်ခြင်းအဆင့်ထိ ကျင့်နိုင်သူသည် ပါရမီရှင်ထဲကပါရမီရှင်ဖြစ်သည်။

ကူဖြတ်ခြင်းအဆင့်သို့ရောက်ပြီးနောက် အကြီးအကဲတို့ဟန်ပန်အမူအရာမျိုး ထိန်းသိမ်းရသဖြင့် အရင်ကလောက် မတိုက်ခိုက်ဖြစ်ကြတော့။

ကူးဖြတ်ခြင်းအဆင့်တိုက်ပွဲသည် အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုဖြစ်နိုင်သည်။ တိုက်ပွဲပြီးလျှင် ပြန်ပြုပြင်ရသည့်ဒုက္ခက မသက်သာနိုင်။

သို့သော် လျှို့ဝှက်ပြိုင်ဆိုင်ခဲ့ကြသည့် အကြိမ်ရေကတော့ မနည်းလှ။ ဥပမာ တပည့်များကို လေ့ကျင့်ပေးပြီး အချင်းချင်းတိုက်ခိုက်ခိုင်းသည်။ သို့မဟုတ် သူတို့ကိုယ်တိုင် ဂိုဏ်းတပည့်များအဖြစ်ဟန်ဆောင်ပြီး တိုက်ခိုက်သည်။

လုယန်နှင့်မုန်ကျင်းကျိုး အသံတိတ်နောက်ဆုတ်ကြသည်။ အပြေးနောက်ကျလျှင် စက်ကွင်းမလွတ်မည်ကိုကြောက်သည်။

"နေဦး၊ မသွားနဲ့ဦး၊ ဒီဘုံကျောင်းထဲမှာ လျှို့ဝှက်မြေတစ်ခုရှိပုံပဲ"

နတ်မယ်က လုယန်ကိုတားသည်။

"လျှို့ဝှက်မြေလား၊ ဘယ်နေရာမှာဲ"

"ကြာပလ္လင်နောက်မှာ"

စပ်စုလိုစိတ်ကြောင့် ဘုံကျောင်းပျက်မှ ကြာပလ္လင်နောက်သို့ လုယန်ခိုးကြောင်ခိုးှက်သွားသည်။

ကြာပလ္လင်နောက်တွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေသည်။

ဖုန်များကိုရှင်းလိုက်သည်။ ချိုင့်ခွက်လေးတစ်ခုကိုတွေ့သည်။

"လောင်မုန်၊ ဒီကိုလာခဲ့။ ဒီမှာလျှို့ဝှက်နယ်မြေတစ်ခုရှိတယ်"

လုယန်က ဘုံကျောင်းတံခါးဝတွင်စောင့်နေသည့် မုန်ကျင်းကျိုးကို လှမ်းခေါ်သည်။

မုန်ကျင်းကျိုး ချက်ချင်းရောက်လာသည်။

လျှို့ဝှက်မြေဟုကြားသည်နှင့် ကူးဖြတ်ခြင်းအဆင့်နှစ်ယောက်လည်း ရန်ဖြစ်နေရာမှခဏရပ်သွားသည်။ ချိုင့်ခွက်နေရာကိုလာကြည့်ပြီး အံ့ဩသွားကြသည်။

သူတို့နှစ်ယောက် သေမျိုးအဖြစ်ဟန်ဆောင်၍ ပင်ပန်းဆင်းရဲကြီးစွာနေခဲ့သည်။ သို့သော် အနီးတွင်ရှိနေသည့် လျှို့ဝှက်မြေဝင်ပေါက်ကို သတိမထားမိခဲ့။

"ကိုးနဂါးမြို့ပြင်မှာ လျှို့ဝှက်မြေတစ်ခုရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုရှိတယ်။ အဲဒါပဲဖြစ်မယ်"

လုယန် သုံးသပ်သည်။

"ဒီနေရာမှာလျှို့ဝှက်မြေရှိနေမယ်လို့ ဘယ်သူတွေးမိမှာလဲကွာ"

ရှဲ့အန်း တအံ့တဩပြောသည်။

အနီးအနားသစ်တောထဲတွင် လျှို့ဝှက်မြေတစ်ခု သူတည်ထောင်ပြီးဖြစ်သည်။ တိမ်ပြာနန်းတော်သို့ဝင်ပြီး ဂိုဏ်း၏ခေါင်းဆောင်တပည့်ဖြစ်လာသည့်နေ့ကို စောင့်နေခြင်းသာဖြစ်သည်။ ထို့နောက် အခွင့်အရေးရှာ၍ ထိုနယ်မြေမှ အထောက်အပံ့တစ်ခုရယူမည်။

သူစီစဉ်ထားသည့်အထောက်အပံ့က ကူးဖြတ်ခြင်းအဆင့်ထိ ကျင့်ကြံနိုင်ဖို့လုံလောက်သည်။

"သွေးစက်ချကြည့်ပါလား"

မုန်ကျင်းကျိုး အကြံပြုသည်။

"အင်း"

လုယန် ချိုင့်ခွက်ထဲသို့ သွေးဆက်ချသည်။ ချိုင့်ခွက်ပြည့်သွားသည်။ သို့သော် ဘာမှမထူးခြား။

ရှဲ့အန်းက အလေးအနက်သုံးသပ်သည်။

"ဒီချိုင့်ခွက်မှာဖြည့်ဖို့ တံဆိပ်တစ်မျိုးမျိုး လိုလိမ့်မယ်ထင်တယ်။ ဘာတံဆိပ်မျိုးရယ်တော့ ငါမသိဘူး"

"ဒီချိုင့်ခွက်ပုံစံကို ရင်းနှီးနေသလိုပဲ"

လုယန် တွေးနေသည်။

"အား...ဟိုသူတောင်းစားအို ခင်ဗျားကိုပေးသွားတဲ့ တံဆိပ်နဲ့စမ်းကြည့်ပါလား"

ရှဲ့အန်း တိမ်ပြာဂိုဏ်းတံဆိပ်ကို ချိုင်ခွက်ထဲထည့်လိုက်သည်။ တံဆိပ်က သုံးပုံတစ်ပုံကွက်တိဖြစ်သည်။

"ဒါဆို မဟာဂိုဏ်းသုံးခုက တံဆိပ်တွေလိုမယ့်သဘောပေါ့။ တစ်ခြားဂိုဏ်းနှစ်ခုကတံဆိပ်တွေ သွားတောင်းရမှာလား"

"အဲလောက်ဒုက္ခခံစရာမလိုပါဘူး"

ချောင်အာက ချိုင်ခွက်ထဲ လက်ဖြင့်ဖိ၍ ညင်သာစွာဆွဲယူလိုက်သည်။ လေဟာနယ်လမ်းကြောင်းတစ်ခုပွင့်သွားသည်။

"အခုဝင်လို့ရပြီလေ"

လုယန် "...."

လေးယောက်လုံး လျှို့ဝှက်မြေထဲဘာရှိသည်ကို စပ်စုလိုသဖြင့် ချက်ချင်းခုန်ဝင်ကြသည်။

လျှို့ဝှက်မြေက မကြီးလှ။ အဓိကထူးခြားချက်က အဆင့်မြင့်နန်းတော်ကြီးတစ်ခုရှိနေသည်။

နန်းတော်ထဲသို့ ဝင်သွားကြသည်။ ပူဇော်ခံရုပ်ထုတစ်ခုရှိသည်။

နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်မှုကင်းဝေးခဲ့သဖြင့် ရုပ်ထုက နွမ်းပါးပျက်စီးနေသလိုရှိသည်။

လျှို့ဝှက်မြေပွင့်၍ လူများဝင်လာသည်ကို အာရုံခံမိဟန်တူသည်။ ရုပ်ထုအနည်းငယ်တုန်ခါသွားပြီး မုတ်ဆိတ်ဖြူအဘိုးအိုတစ်ယောက် ပေါ်လာသည်။

အဘိုးအိုက လူလေးယောက်ကို ကျေနပ်ဟန်ဖြင့်ကြည့်သည်။

"နိမိတ်ဟောကိန်းအရ တံဆိပ်သုံးခုကိုစုစည်းပြီ လျှို့ဝှက်မြေကိုဖွင့်မယ့်လေးယောက်ဆိုတာ မင်းတို့ပဲဖြစ်မယ်။ အခုမင်းတို့မြင်နေရတာက ငါချန်ထားခဲ့တဲ့ သိစိတ်ဝိညာဉ်ပါ။

မင်းတို့မေးစရာတွေ အများကြီးရှိမှာပေါ့။ အလျင်မလိုပါနဲ့။ ငါဖြေးဖြေးချင်းရှင်းပြပါ့မယ်။

ငါ့နာမည်ကို မင်းတို့ကြားဖူးမလားတော့မသိဘူး။ ငါက ကျန်းထောင်ပါ။ တစ်ချိန်တုန်းက ကိုးနဂါးမြို့တော်မှာ စွမ်းအားအကြီးဆုံးဖြစ်ခဲ့တယ်။ ဝိညာဉ်ပြောင်းထိပ်ဆုံးအဆင့်ပေါ့။

ဒါကြောင့် မြို့တော်သခင်တောင် ငါ့ကိုလေးစားရတယ်။ ကံဆိုးတာက ငါ့ဘဝအပူပင်ကင်းပေမယ့် နောက်ဆုံးကျတော့လည်း 'သက်တမ်း'ပြဿနာကို ရင်ဆိုင်ရတယ်။

စွမ်းအားကြီးတိုင်း သက်တမ်းအကန့်အသတ်မရှိတာမဟုတ်ဘူး။ အဲဒီ့အချိန်မှာ လေဟာနယ်သန့်စင်အဆင့်ကိုရောက်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ ငါ့အဆုံးသတ်က တဖြေးဖြေးနီးလာတယ်။

သေရမှာကို ငါမကြောက်ပါဘူး။ ဒါပေမယ့် ဘက်စုံတော်တဲ့တပည့်သုံးယောက် ငါ့မှာရှိတယ်။ သူတို့က သူတို့အချင်းချင်း ပဋိပက္ခဖြစ်ပြီး ကိုယ်ပိုင်ဂိုဏ်းတွေထောင်ကြတယ်။ မဟာဂိုဏ်းသုံးဂိုဏ်းပေါ်လာတယ်။

ငါအသက်ရှင်နေတုန်းတော့ သူတို့ကိုဖိနှိပ်ထားနိုင်တာပေါ့။ ဒါပေမယ့် ငါသေသွားရင် သူတို့အချင်းချင်း တိုက်ခိုက်ကြမှာပဲ။

ဒါကြောင့် ငါသေခါနီးမှာ နိမိတ်စကားတစ်ခုထားခဲ့တယ်။ 'ဂိုဏ်းသုံးဂိုဏ်းစုစည်းချိန်၊ တံဆိပ်သုံးခုပူးပေါင်း၊ ဗုဒ္ဓဝါဒအောက်မှာ ကူးဖြတ်ခြင်းရှိတယ်'လို့လေ။

ကူးဖြတ်ခြင်းအဆင့်ရောက်နိုင်မယ့် ကျင့်စဉ်ပညာတစ်ခု ငါချန်ထားခဲ့တယ်။ ဒီပညာကိုရချင်ရင် ငါ့တပည့်သုံးယောက်ရဲ့ ကိုယ်ပိုင်တံဆိပ်သုံးခုကို စုစည်းနိုင်ရမယ်။

မင်းတို့က တံဆိပ်သုံးခုကိုစုစည်းနိုင်ခဲ့တာပဲ။ ဒါဆို သူတို့လည်း စည်းလုံးသွားပြီဆိုတဲ့သဘောဖြစ်မယ်။ အရမ်းကျေးဇူးတင်ပါတယ်။

နိမိတ်စကားရဲ့နောက်ဆုံးဝါကျက ဒီနေရာကိုညွှန်းတယ်လို့သိတာဟာ မင်းတို့ဉာဏ်ပညာကို သက်သေခံနေတာပဲ"

အဘိုးအိုက သေတ္တာငယ်တစ်ခုကိုဖွင့်လိုက်သည်။ အထဲတွင် ကြိုးချည်ထားသည့် ကျင့်စဉ်ကျမ်းတစ်ခုရှိသည်။

"ဒါ ငါငယ်ငယ်က ဝူကျိဂိုဏ်းကနေရခဲ့တဲ့ ကျင့်စဉ်ပညာပါ။ အပြည့်အစုံတော့မဟုတ်ဘူး။ ပထမတစ်ပိုင်းပဲပါတယ်။ ဒါပေမယ့် မင်းတို့ကျင့်ကြံမှုကို ဝိညာဉ်ပြောင်းအဆင့်ထိ သေချာပေါက်ပို့ပေးနိုင်ပါတယ်။

ဒီကျင့်စဉ်နဲ့ပဲ ဝိညာဉ်ပြောင်းထိပ်ဆုံးအဆင့်ကို ငါရောက်ခဲ့တာ။ ကျင့်စဉ်နောက်တစ်ပိုင်းရဖို့တော့ ဝူကျိဂိုဏ်းကိုဝင်နိုင်ဖို့ ကိုယ့်ဘာသာနည်းလမ်းရှာကြပေါ့"

ရှဲ့အန်းက လက်နှစ်ဘက်နောက်ပစ်ထားပြီး အဘိုးအိုကို ခပ်တင်းတင်းမေးသည်။

"ငါဘယ်သူလဲမင်းသိလား"

"ဘယ်သူလဲ"

ရှဲ့အန်း မူလရုပ်သွင်သို့ ပြောင်းလိုက်သည်။ အဘိုးအိုကို အေးစက်စက်စိုက်ကြည့်သည်။

"ငါ့ကို ဘိုးဘေးအရှင်လို့ ခေါ်ကြတယ်။ မင်းလည်းငါ့ကို အရှင်ဝူကျိလို့ခေါ်လို့ရပါတယ်"

အဘိုးအို နှစ်စက္ကန့်မျှ အသံတိတ်သွားသည်။ ထို့နောက် ဒူးထောက်သည်။

"တောင်းပန်ပါတယ် ဘိုးဘေးအရှင်။ ကျင့်စဉ်ကျမ်းကို ကျုပ်မခိုးခဲ့သင့်ပါဘူး"

**********************************

All Chapters