← Chapters

အခန်း (၁၀၆)

Vol. 9 Ch. 106

အခန်း (၁၀၆)

Vol. 9 Ch. 106

ကြင်နာတတ်သောအဖေနှင့်သားပီသသော သား

ကျန်းယန် ရုပ်ဖျက်ကာ တိမ်တောင်အင်ပါယာ၏မြို့တော်သို့ ရောက်ရှိလာခဲ့သည်။

အဇူရာတိမ်ဂိုဏ်းလျှို့ဝှက်နယ်မြေဖွင့်ပြီးကတည်းက ကျန်းယန်ဟူသောအမည်က ကမ္ဘာကျော်နေခဲ့ပြီဖြစ်သောကြောင့် ဒီလိုအခြေအနေတွင် သူ့အနေနှင့်ရုပ်မဖျက်ဘဲသွားခြင်းက အန္တရာယ်များလွန်းလှ၏။

သူ့တွင် သူ့ဆရာပေးလိုက်သောအသက်ကယ်အဆောင်ရှိနေသည်ဆိုလျှင်တောင် မလိုအပ်သော ပြဿနာများကိုရှောင်ရှားခြင်းက အကောင်းဆုံးဖြစ်သည်။ နောက်ဆုံးတွင် သူ့ဆရာကလည်ဂိုဏ်းမှအကြာကြီးထွက်လာ၍ ရသူ မဟုတ်ပေ။

ထို့ကြောင့် သူသာမန်ကျင့်ကြံသူတစ်ယောက်အဖြစ်ရုပ်ဖျက်ပြီးသာ ရောက်လာခဲ့ခြင်း ဖြစ်၏။

အင်ပါယာတစ်ခု၏မြို့တော်ဆိုသည့်အတိုင်းပင် ထိုမြို့ကြီးသည် သူ့အရင်ဘ၀ကတကယ်မြို့ကြီးများနှင့်ယှဉ်မရသော်လည်း အန်းချင်းမြို့လို မြို့ကြီးများထက်တော့ ကြီးမားနေခဲ့သည်။

စည်ကားနေသောလူအုပ်ကြီးနှင့် လှည်းများကို အဆုံးမဲ့အောင်မြင်တွေ့နေခဲ့ရ၏။

ကျန်းယန်သည်ရိုးရှင်းစွာ၀တ်ဆင်ထားသော်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်နေသောကြောင့် ဘယ်သူမှ သူ့ကိုပေါ့ပေါ့တန်တန်မဆက်ဆံရဲကြပေ။

မြို့ဂိတ်စောင့်အရာရှိများပင် သူ့ကိုလေးလေးစားစားဆက်ဆံ၍ မြို့ထဲ၀င်ခွင့်ပေးခဲ့သည်။

“တစ်ဆိတ်လောက် မင်းသား ၃ ရဲ့ စံအိမ်ကိုဘယ်လိုသွားလို့ရမလဲ” ကျန်းယန် အရာရှိတစ်ယောက်ရှေ့တွင်ရပ်ကာ မေးလိုက်၏။

တစ်နှစ်ကြာသွားပြီဖြစ်သောကြောင့် သူ့တပည့် သူသင်ပေးခဲ့သော နိုင်ငံရေးနည်းစနစ်များကိုသုံးပြီး ဘယ်အခြေအနေရှိနေမလဲဆိုတာ ကျန်းယန် တွေ့ချင်နေခဲ့သည်။

“မိတ်ဆွေက မင်းသား၃ လက်အောက်မှာ အမှုထမ်းချင်လို့လား” အရာရှိ ကျန်းယန်ကိုအကဲခတ်လိုက်ကာ

“အရှင်မင်းသားက အခု ကျွန်တော်တို့တိမ်တောင်အင်ပါယာရဲ့ သူတော်စင်မင်းသားဖြစ်လာပြီးတော့ လူအများကြီးက သူ့လက်အောက်မှာ အမှုထမ်းချင်ကြပါတယ် ဒါပေမယ့် မင်းသားကတော့ တစ်ယောက်မှလက်မခံခဲ့ဘူး”

ကျန်းယန်ပြုံးလိုက်ကာ

“ငါက ရွှေအမြုတေအဆင့်တစ်ယောက်ပါ”

“အို ဒါဆိုရင်တော့ မိတ်ဆွေကံကောင်းတာပဲ” အရာရှိအံ့အားသင့်သွားခဲ့၏။

“အရှင်မင်းသားကလည်း အမတလမ်းစဉ်ကိုလျှောက်လှမ်းနေတာ ရွှေအမြုတေအဆင့် အမတအရှင်တစ်ယောက်‌ဆိုရင် သူ့အိမ်တော်မှာ အမှုထမ်းခွင့်ရမှာ သေချာတယ်”

အရာရှိပိုပြီး စိတ်အားထက်သန်လာခဲ့ကာ သူသိသမျှအရာအားလုံးကို ပြောပြခဲ့လေသည်။

ကျန်းယန် မင်းသား ၃ ၏ စံအိမ်တည်နေရာကို သိခဲ့ရရုံသာမက သူ့ဆီက ပြန်သွားပြီး မြို့တော်တွင်မင်းသား၃ ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကိုပါ သိခဲ့ရ၏။

ထို့နောက် ကျန်းယန် မင်းသား ၃ ၏စံအိမ်ဆီ ဦးတည်သွားခဲ့‌လေသည်။

အမတအရှင်တစ်ယောက် သူ့စံအိမ်ဆီရောက်ရှိလာတယ်လို့ ကြားသောအခါ မင်းသား ၃ ထိုအမတအရှင်ကိုကြိုဆိုရန် အိမ်ထဲမှ စိတ်လှုပ်ရှားစွာ အပြေးအလွှားထွက်လာခဲ့၏။

ကျန်းယန်ကိုအိမ်ထဲဖိတ်ခေါ်ခဲ့ပြီးနောက် တတိယမင်းသားပြုံးကာ ယဉ်ကျေးစွာမေးလိုက်သည်။

“တာအိုမိတ်ဆွေက ဘယ်ကလာခဲ့သလဲဆိုတာ သိပါရစေ”

“ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ပါပဲ ဘာမှမှတ်လောက်စရာမရှိပါဘူး” ကျန်းယန် ပြောလိုက်၏။ အခြားသူများရှေ့တွင် သူ့သရုပ်မှန်ကို သူထုတ်မပြလိုခဲ့ပေ။

ထို့နောက် စကားအနည်းငယ်ပြောပြီးသောအခါတွင်မှ စိတ်ဝိညာဉ်ချင်းဆက်သွယ်ပြီး တတိယမင်းသားအား သူ့သရုပ်မှန် ပြောပြလိုက်လေသည်။

တတိယမင်းသား ကြက်သေသေသွားပြီးနောက် ကျန်းယန်ကိုစိတ်လှုပ်ရှားနေဟန်ဖြင် ကြည့်ရှုလိုက်၏။

ကြည့်ရှုပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းထားလိုက်ကာ သူ့ဘေးမှလူများကို ခပ်ကျယ်ကျယ်အော်ပြောလိုက်သည်။

“လူတိုင်း ဆုတ်ကြ ငါဒီနေ့ ဒီတာအိုမိတ်ဆွေနဲ့ တာအိုအကြောင်းဆွေးနွေးရမယ်”

အစောင့်များ သိသိသာသာနောက်ဆုတ်သွားကြသော်လည်း လုံး၀ထွက်ခွာသွားတာတော့ မဟုတ်ပေ။

သူတို့နှစ်ယောက်တည်းကျန်ခဲ့တော့သောအခါမှ မင်းသား ၃ အသံနှိမ့်ကာ ပြောလိုက်၏။

“ဆရာ…ဘာလို့မြို့တော်ကိုရောက်လာတာလဲ”

သူ့နှလုံးသားထဲတွင် ကျန်းယန်အ‌ေပါ်စစ်မှန်သောလေးစားမှုရှိနေသောကြောင့် သူအခုထိဆရာဟုသာ ခေါ်ဆိုခြင်းဖြစ်သည်။

သူသည် အတိတ်တုန်းက သူ့ညီအစ်ကိုများအား ပလ္လင်ပြိုင်ပွဲတွင် ခွက်ခွက်လန်အောင်ရှုံးနိမ့်ခဲ့ရသော်လည်း ကျန်းယန်ပေးလိုက်သော အကြံဉာဏ်များဖြင့်ကစားလိုက်သောအခါ ယခုအခါ သူသည် ဧကရာဇ်၏မျက်နှာသာအပေးခံရဆုံး သူတစ်ယောက်ဖြစ်နေပြီ ဖြစ်၏။ ဧကရာဇ်သည် သူ့သားခံစားချက်များကို နာကျင်အောင်ပြုလုပ်မိခဲ့သောကြောင့် အပြစ်ရှိစိတ်ကိုပင် ခံစားနေခဲ့ရသေးသည်။ တတိယမင်းသားကလည်း ကျန်းယန်၏ညွှန်ကြားချက်အတိုင်းပင် သူ့အတွက် ဘာဆိုဘာမှမတောင်းဆိုခဲ့ပေ။ အာဏာကိုလိုချင်ကြောင်းလည်း တစ်ခွန်းမှ မဟခဲ့ပေ။

ထိုအပြုအမူများကြောင့် ဧကရာဇ်က သူ့ကိုအလွန်သဘောကျသွားခဲ့ပြီး သူလိုချင်သမျှအားလုံးကို ပြောလိုက်ရုံဖြင့် ဖြည့်ဆည်းပေးနေခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် သူသည် ဧကရာဇ်၏ အယုံကြည်ဆုံးနှင့်အချစ်ဆုံးသားဖြစ်လာခဲ့၏။

ထို့အပြင် သူသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့သောကြောင့် ယခင်က သူ့ကိုခြိမ်းခြောက်မှုအဖြစ်ရှုမြင်ခဲ့သော ညီအစ်ကိုများက ယခုအခါ သူ့အပေါ် ရန်လိုမှုမရှိကြတော့ပေ။

မင်းသား ၃ သည် ဧကရာဇ်၏ချစ်ခင်မှုကိုရရှိနေပြီး နဂါးပျံအစောင့်တပ်ကိုအုပ်ချုပ်ခွင့်ရနေတာတောင် သူတို့ မင်းသား ၃ ကို ရန်သူအဖြစ် မမြင်ကြတော့ပေ။ သူ့ကို သိမ်းသွင်းဖို့သာ စတင်ကြိုးစားလာခဲ့ကြသည်။ သူတို့လျှို့ဝှက်ချက်များအားလုံးကိုပင် မင်းသား၃ကို ပြောပြခဲ့ကြ၏။

သို့သော် မင်းသား ၃ ကတော့ နန်းတွင်းရေးရာများကို စိတ်၀င်စားဟန်မရဘဲ သူတို့ကိုပင် ညီအစ်ကိုအချင်းချင်း ချစ်ခင်ကြဖို့ အကြံပေးနေခဲ့သေးသည်။ သို့သော် သူတို့နှလုံးသားထဲတွင် ထိုအရာကို အတည်မမှတ်ယူကြပေ။ မင်းသား ၃ ကို‌‌တွေ့သည့်အချိန်တိုင်း အကြီးမားဆုံး လေးစားမှုမျိုးဖြင့် ဆက်ဆံနေခဲ့ကြ၏။

ပိုပြီးအရေးကြီးသည်မှာ နန်းတွင်းထဲ အာဏာပဋိပက္ခများဖြင့် ကြုံတွေ့နေရသောကြောင့် တရားရေးအရာရှိများ အလွန်အန္တရာယ်ရှိနေရသည်။ သူတို့ ဘက်မှားရွေးလိုက်လျှင် သူတို့တစ်ဘ၀လုံးပျက်ဆီးရုံသာမက သူတို့တစ်မိသားစုလုံးပင် ပျက်ဆီးသွားနိုင်၏။

သို့သော်လည်း ၀န်ကြီးတိုင်းအတွက် ထောက်ခံဖို့ မင်းသားတစ်ပါးပါးကိုရွေးဖို့ကလည်း လိုနေသေးပြန်သည်။

ထိုအချိန်တွင် တစ်ဖက်၌ မင်းသား ၃ က နိုင်ငံရေးပဋိပက္ခများကိုရှောင်ဖယ်ကာ အမတလမ်းစဉ်ကို လျှောက်လှမ်းနေသောကြောင့် နန်းတွင်းပဋိပက္ခများဖြင့် ကင်းဝေးလိုသော အရာရှိများ ၀န်ကြီးများက မင်းသား ၃ လက်အောက်တွင်သာ ခိုလှုံလာကြ၏။

ဧကရာဇ်အောက်တွင် မင်းသား ၃ က အာဏာအရှိဆုံးလူဖြစ်လာသည် ဟူ၍တောင် ပြော၍ရပေသည်။

ထိုအဖြစ်အပျက်များအားလုံးက ကျန်းယန်ထံတွင် တစ်လကြာ ပညာဆည်းပူးပြီးနောက် ဖြစ်လာခဲ့ခြင်း ဖြစ်၏။

ထိုအခြေအနေတွင် မင်းသား ၃ ကျန်းယန်ကို နက်နက်ရှိုင်းရှိုင်း မလေးစားဘဲ ဘယ်နေနိုင်ပါတော့မည်နည်း။

အကယ်၍ တိမ်တောင်အင်ပါယာနှင့် အဇူရာတိမ်ဂိုဏ်းကြား ပဋိပက္ခများသာရှိမနေလျှင် သူအရင်ကတည်းက အဇူရာတိမ်ဂိုဏ်းဆီသွားကာ လူသိရှင်ကြား ဂါရ၀ပြုပြီး ဖြစ်နေပေလိမ့်မည်။

အခု‌ေတာ့ ကျန်းယန်ကိုယ်တိုင် သူ့ဆီအလည်ရောက်ရှိလာသောအခါ သူအလွန်ပျော်ရွှင်နေခဲ့၏။

“ဆရာ အခု ကျွန်တော့်မှာ အာဏာအကြီးကြီးရှိနေပြီ” မင်းသား ၃ လေးလေးနက်နက်ပြောလိုက်သည်။

“ခမည်းတော်နတ်ရွာစံသွားရင် ကျွန်တော်က ဧကရာဇ်ဖြစ်လာနိုင်တယ်လို့တောင် ပြောလို့ရနေပြီ

အဲ့တာကြောင့် ကျွန်တော်မေးပါရစေဆရာ ကျွန်တော့်ရဲ့ နောက်ထပ်ခြေလှမ်းက ဘာဖြစ်သင့်လဲ”

“ဒီတိုင်းလေးပဲဆက်သွား” ကျန်းယန် သာမန်အတိုင်းဖြေလိုက်၏။

မင်းသား ၃ ဒုက္ခရောက်နေဟန်ဖြင့် ကြည့်လိုက်ကာ

“ဆရာ ဆရာမသိဘူးနော် ကျွန်တော်အမတလမ်းစဉ်ပေါ် စလျှောက်လှမ်းကတည်းက အဖေက ကျွန်တော့်ကို ဆေးပင်တွေ စိတ်ဝိညာဉ်ကျောက်တုံးတွေအများကြီးထောက်ပံ့ခဲ့တာ

အခုဆို သု့အကူအညီနဲ့ ကျွန်တော်က ခန္ဓာသန့်စင်ခြင်းအဆင့်ကို‌ေရာက်ဖို့ နီးကပ်လာပြီ

ပြီးရင် စိတ်ဝိညာဉ်ပင်လယ်ကိုဖွင့်ရတော့မှာ

အဖေမသေခင် ကျွန်တော်ရွှေအမြုတေအဆင့်ကိုရောက်သွားမှာ စိုးရိမ်မိတယ်”

ကျန်းယန် သူ့ကိုကြည့်ကာ တွေးလိုက်မိသည်။

မင်းက မင်းအဖေအတွက် ဘယ်လိုသားကောင်းရတနာမျိုးလဲဟ…

သူအေးအေးဆေးဆေးမေးလိုက်၏။

“အမတလမ်းစဉ်ကို ကျင့်ကြံရတာ အဲ့လောက်လွယ်မယ်လို့ မင်းတကယ်ထင်လား မင်းက အသက်၂၀ကျော်နေပြီ စပြီးကျင့်ကြံတာကလည်း မကြာ‌ေသးဘူး အရင်းအမြစ်တွေအများကြီးသုံးရင်တောင် မင်းအနေနဲ့ ခန္ဓာသန့်စင်ခြင်းအဆင့်ကို ရောက်နိုင်ဦးမှာမဟုတ်ဘူး ပြီးတော့ ဝိညာဉ်ပင်လယ်ဖွင့်လှစ်ရတာကရော အဲ့လောက်ရိုးရှင်းတယ် ထင်လို့လား

ငါ့ရဲ့တွက်ချက်မှုအရဆို မင်းအနည်းဆုံးတော့ သုံးလေးနှစ်လိုလိမ့်မယ် ဒါတောင်ကံကောင်းပြီး ကျင့်ကြံခြင်းအထောက်အပံ့တွေအများကြီး ရှိ‌ဦးမှ

ဒါပေမယ့် အခက်ခဲဆုံးအပိုင်းက အဲ့တာတွေမဟုတ်ဘူး တာအိုမျိုးစေ့ပဲ

မင်းရဲ့ နှလုံးသားက ဧကရာဇ်ပလ္လင်ပေါ်မှာပဲ ရှိနေတာ မင်းမှာကျင့်ကြံသူတစ်‌ယောက်ရဲ့အခြေခံစိတ်ထားမျိုးတောင်မရှိဘူး မင်းမှာ ကျင့်ကြံခြင်းအတွက်လိုအပ်တဲ့ တာအိုနှလုံးသားကင်းမဲ့နေတယ်

အဲ့ဒီအခြေအနေမှာ တာအိုမျိုးစေ့ ဖွဲ့တည်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ

အဲ့တာကြောင့် မင်းလောနေစရာမလိုဘူး

ငါအရင်ကပြောခဲ့သလိုပဲ အာဏာကစားပွဲမှာ တည်ငြိမ်မှုက အရေးကြီးတယ်

မင်းကအခုကမ္ဘာပေါ်က အာဏာဟုန်တွေအားလုံးနီးပါးကို စုစည်းမိနေပြီ အချိန်ကျလာတဲ့အခါ မင်းဧကရာဇ်မလုပ်ချင်ပါဘူးဆိုရင်တောင် သူတို့က မင်းကို ဧကရာဇ်လုပ်ပေးဖို့တောင်းဆိုကြလိမ့်မယ်

အဲ့တာက အာဏာရဲ့အမြင့်ဆုံးပုံစံပဲ”

ကျန်းယန်စကားကိုကြားသောအခါ တတိယမင်းသား၏ ခံစားချက်များ ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။ သူလေးလေးစားစားဦးညွတ်လိုက်ပြီး

“အဲ့တာတွေအကုန်လုံးက ဆရာ့ရဲ့ လမ်းပြပေးမှုတွေကြောင့်ပါပဲ”

ထို့နောက် သူမေးလိုက်၏။

“ဆရာ ဒီတစ်ခေါက်လာခဲ့တာ ကျွန်တော့်ဆီကတစ်ခုခုလိုချင်လို့များလား”

ကျန်းယန်ပြုံးလိုက်သည်။

“ဒီတစ်ခေါက်မြို့တော်မှာ ကိစ္စတစ်ခုလုပ်စရာရှိနေလို့ပါ မင်းဆီကိုကတော့ လမ်းကြုံလာစစ်ဆေးကြည့်တာ”

“ကျွန်တော်ကူညီနိုင်တာ တစ်ခုခုများ ရှိမလား” မင်းသား ၃ အမြန်မေးလိုက်၏။

ကျန်းယန်‌တခဏတွေးလိုက်ပြီးနောက် ပြောလိုက်လေသည်။

“မင်းကူညီလို့တော့ရတယ် တကယ်တော့ ဒီကိစ္စက မင်းအဖေဧကရာဇ်နဲ့ပတ်သက်နေတယ် ငါဧကရာဇ်နဲ့တွေ့ဖို့ စီစဉ်နေတာ သူနဲ့တွေ့ပြီးတဲ့အခါမှသာ ငါဘာလုပ်ရမလဲဆိုတာ သိနိုင်မယ်”

စာစဉ်ပြီး၏

All Chapters