တစ်ကွက်တောင်မခံနိုင်သော
Vol. 9 Ch. 97
တာအိုပေါင်းစည်းခြင်းအဆင့်များက အဇူရာတိမ်ဂိုဏ်းကို ခက်ခဲသောပုစ္ဆာတစ်ပုဒ်ပေးပြီးသည့်နောက် ချက်ချင်းဆိုသလို ချင်းယွင်ကျိကသူတို့ကိုပိုခက်သောပုစ္ဆာပြန်ပေးလိုက်ချေပြီ!
ဝိညာဉ်အခြေတည်အဆင့်နှင့်အထက် ဘယ်ကျင့်ကြံသူမှ သူတို့မူလဝိညာဉ်ကိုအခြားသူလက်ထဲထည့်ချင်ကြမည် မဟုတ်ပေ။
ထိုအရာက လူတစ်ယောက်၏သေခြင်းရှင်ခြင်းကိုဆုံးဖြတ်ပေးနိုင်သော အရာဖြစ်လေရာ ဘယ်သူကသေဘာတူချင်ပါမည်နည်း။
“ဒီတာအိုမိတ်ဆွေက အဇူရာတိမ်ဂိုဏ်းချုပ် ချင်းယွင်ကျိပဲဖြစ်ရမယ်” တာအိုပညာရှင်တစ်ယောက်ချင်းယွင်ကျိကိုကြည့်လိုက်ကာ
“တာအိုမိတ်ဆွေရဲ့တောင်းဆိုချက်ကလွန်လွန်းပါတယ် ကျုပ်တို့အနေနဲ့လက်ခံနိုင်စရာမရှိပါဘူး”
ချင်းယွင်ကျိ နှာခေါင်းရှုံ့လိုက်၏။
“မင်းတို့တောင်းဆိုချက်ကရော မလွန်လွန်းလို့လား
မင်းတို့ဘာကိုရည်ရွယ်နေလဲဆိုတာ ငါကောင်းကောင်းသိတယ် မင်းတို့တွေဒီနေရာကို အမတရတနာအတွက်ရောက်လာတာမဟုတ်လား
ကောင်းပြီလေ ငါသဘောတူတယ် အဇူရာတိမ်ဂိုဏ်းကို၀င်ပြီး ငါ့ကိုမင်းတို့မူလဝိညာဉ်ခွဲပေးထားမယ်ဆိုရင် အမတရတနာတွေကို ကိုင်တွယ်ခွင့်ပြုမယ် ဘယ်လိုလဲ
ငါကရက်ရောလွန်းနေတာမဟုတ်ဘူးလား
ဒါမှမဟုတ် မင်းတို့ကငါထွက်မလာခင် ငါ့တပည့်ကို ညှပ်ချဖို့ကြံစည်နေကြတာလား”
အနီရောင်၀တ်စုံ၀တ်တာအိုပညာရှင်တစ်ယောက်အေးစက်စက်ရယ်မောလိုက်ကာ
“ချင်းယွင်ကျိ ငါမင်းကို ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့လေးစားပါတယ် ဒါပေမယ့် အမှန်တော့မင်းကဂျူနီယာတစ်ယောက်သက်သက်ပဲ ငါ့အသက်က နှစ်၁၃၀၀ကျော်သွားပြီ မင်းဆရာကမှငါနဲ့မျိုးဆက်တူ ဒါတောင်မင်းကငါ့ကိုဒီလိုပုံစံနဲ့ဆက်ဆံရဲတယ်လား
ငါ့ကိုရိုးရိုးသားသားပြောစမ်းပါ မင်းဆိုရင်ရော မင်းအသက်ကိုအခြားသူတစ်ယောက်လက်ထဲ ထည့်ထားမှာလား”
ချင်းယွင်ကျိ ဒေါသတကြီးအော်ပြောလိုက်၏။
“မိမစစ်ဖမစစ်အဖိုးကြီး ခင်ဗျားပါးစပ်ကိုပိတ်ထားစမ်း! ခင်ဗျားပါးစပ်က ကျုပ်ဆရာကိုထုတ်ပြောရဲတယ်လား
ခင်ဗျားက နှစ်နည်းနည်းလောက်ပိုနေထားတဲ့အဖိုးကြီးကလွဲလို့ ဘာမှမဟုတ်ဘူး ခင်ဗျားဘ၀မှာ ဘာအောင်မြင်မှုတွေများရှိခဲ့လို့လဲ
ကျုပ်ဆရာကတော့ ကောင်းကင်နဲ့မြေပြင်ကြားမှာ မားမားမတ်မတ်ရပ်နေနိုင်ခဲ့တဲ့သူ သူ့တစ်ဘ၀လုံး မိစ္ဆာတွေကိုဖိနှိပ်ပေးရင်း အချိန်ကုန်ခဲ့ရတာ ခင်ဗျားလိုလူက သူနဲ့နှိုင်းဖို့ တန်လို့လား”
အနီရောင်၀တ်တာအိုပညာရှင် ချင်းယွင်ကျိစကားကြောင့် အရှိုက်ထိသွားခဲ့သည်။
“ဂျူနီယာ မင်းကငါ့ကိုမလေးမစားပြောရဲတယ်ပေါ့!”
ချင်းယွင်ကျိ အေးစက်စက်ရယ်မောလိုက်ကာ
“ခင်ဗျားလိုလူက ဘယ်နားလေးစားစရာရှိလို့လဲ ခင်ဗျားတို့အားလုံးပဲ
မိစ္ဆာတွေရဲ့ခြိမ်းခြောက်မှုအကြောင်း ခင်ဗျားတို့ကောင်းကောင်းသိတယ်
ဒါပေမယ့် မသိချင်ယောင်ဆောင်နေကြတယ်!
အဆိုးဆုံးကတော့ မကူညီရုံတင်မကဘူး အဇူရာတိမ်ဂိုဏ်းကိုအကောက်ကြံဖို့တောင် ခိုးကြောင်ခိုးဝှက် ကြံစည်နေကြသေးတယ်
ဒီတစ်ကြိမ်ကျုပ်တို့တောင့်မခံနိုင်တော့လို့ ဆုတ်ခွာတော့မယ်ဆိုကာမှ ခင်ဗျားတို့က အရင်းအမြစ်နည်းနည်းလေးယူလာပြီး မိစ္ဆာတွေကိုဖိနှိပ်တဲ့နေရာမှာ ကူညီချင်ပါတယ်တဲ့လား ပြီးတော့ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ ကုသိုလ်လုပ်နေသလို ဟန်ဆောင်နေကြသေးတယ် ဘယ်နားလေးစားစရာကောင်းလို့လဲ
ခင်ဗျားတို့က အဇူရာတိမ်ဂိုဏ်းထဲ၀င်ပြီး မိစ္ဆာတွေကိုဖိနှိပ်ဖို့ကူညီချင်ပါတယ်တဲ့လား
ကျုပ်တို့ဘက်ကလည်း အမတရတနာေတွကိုတောင် ထိန်းချုပ်ခွင့်ပေးနိုင်ပါတယ် ဒါဆို ဘာလို့ မူလဝိညာဉ်ကိုခွဲမပေးချင်ကြတာလဲ
ခင်ဗျားတို့အသက်တွေအတွက်ကတော့…”
ထိုနေရာအရောက်တွင် ချင်းယွင်ကျိ ရက်စက်စွာပြုံးလိုက်ကာ
“တကယ်တော့ ကျုပ်ခင်ဗျားတို့ကိုတကယ်မသတ်ချင်လို့သာပဲ ကျုပ်သာသတ်ချင်ရင် ခင်ဗျားတို့ကိုသတ်ရတာက ကြက်ကလေးငှက်ကလေးသတ်ရသလို လွယ်တယ်!”
အစကတော့ သူနည်းနည်းသာပြောဖို့ ကြံရွယ်ထားသော်လည်း ပြောလေလေဒေါသထွက်လာလေလေ ဖြစ်လာခဲ့သည်။
သူအဇူရာတိမ်ဂိုဏ်းတွင်နေလာခဲ့တာ နှစ်ပေါင်းကိုးရာပင်ကျော်လာခဲ့ချေပြီ။
ထို့ကြောင့် မရေတွက်နိုင်သောစီနီယာများသေဆုံးသွားခဲ့ရပုံ ဂိုဏ်းကျဆင်းလာရပုံနှင့် ထိုထိပ်တန်းဂိုဏ်းဟုခေါ်သော ဂိုဏ်းကြီးများ၏ အရုပ်ဆိုးလှသောမျက်နှာများကိုပါ မြင်တွေ့ခဲ့ရပြီးသားဖြစ်၏။ ထိုမြင်ကွင်းများက သူ့နှလုံးသားထဲတွင်ရေးထွင်းထားသလို စွဲထင်နေခဲ့သည်။
ထို့ကြောင့်လည်း ယခုအခါ အမှန်တကယ်ဒေါသထွက်နေခဲ့ခြင်း ဖြစ်၏။
အနီရောင်၀တ်စုံ၀တ် တာအိုပညာရှင်လည်း နှာခေါင်းရှုံ့လိုက်သည်။
“မင်းပြောပုံအရ မင်းကငါတို့နဲ့တိုက်ခိုက်ချင်တာလား”
“ဟားဟား”
ချင်းယွင်ကျိ အေးစက်စက်ရယ်မောလိုက်၏။ ထို့နောက်တွင်တော့ သူတို့ပတ်၀န်းကျင်တစ်ခုလုံးက ရုတ်တရက်အသွင်ပြောင်းသွားခဲ့လေသည်။ သူတို့ဘေးကလူတိုင်းပျောက်ကွယ်သွားကာ မည်းမှောင်နေသော ဟင်းလင်းပြင်ကြီးတစ်ခုထဲတွင် ရပ်နေရမှန်း လူတိုင်းသိသွားခဲ့ကြ၏။
သူတို့ဘေးတွင် ဘာကမ္ဘာမှရှိမနေသလို ကောင်းကင်နှင့်မြေပြင်နိယာတစ်စွန်းတစ်စမှ ရှိမနေခဲ့ပေ။
တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်များ၏မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။ အလျင်အမြန်ပင် သူတို့တာအိုစွမ်းအားများကိုအသက်သွင်း၍ ဤနေရာမှလွတ်မြောက်ဖို့ ကြိုးစားလိုက်ကြ၏။
သူတို့အားလုံး ချင်းယွင်ကျိ၏တာအိုနယ်မြေထဲ ဆွဲသွင်းခံလိုက်ရပြီဖြစ်မှန်း သူတို့ကောင်းကောင်းကြီးသိနေခဲ့ကြသည်။ တကယ်လို့ မကြာခင်မလွတ်မြောက်နိုင်လျှင် သူတို့အတွက် အန္တရာယ်ရှိလာနိုင်၏။
သို့သော် သူတို့ဘယ်နေရာကို ထွက်ပြေးပြေး ဘယ်အရာကိုမှမတွေ့ခဲ့ရဘဲ အမှောင်ဟင်းလင်းပြင်ကြီးထဲ၀ယ် တစ်ကိုယ်တည်းသာ ဖြစ်နေခဲ့သည်။
ထိုအခိုက်တွင် လူအုပ်ကြီးပိုကြောက်ရွံ့လာခဲ့၏။ ချင်းယွင်ကျိခွန်အားက အခုလောက်အဆင့်ထိရောက်နေလိမ့်မည်ဟု သူတို့လုံး၀မျှော်လင့်မထားခဲ့မိကြပေ။
ရုတ်တရက်ဆိုသလို ကောင်းကင်တစ်ခုလုံး တောက်ပလွန်းသောအရောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။ နေ့အလင်းကို သူတို့နောက်တစ်ကြိမ်ပြန်မြင်လိုက်ရပြီး အဇူရာတိမ်ဂိုဏ်း၏ ခန်းမကြီးထဲ ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။
သို့သော် ချင်းယွင်ကျိလက်က အနီရောင်၀တ်စုံ၀တ်တာအိုပညာရှင်၏ ဂုတ်ပေါ်တွင်ရှိနေခဲ့ကာ လူအုပ်ကြီးကိုစိုက်ကြည့်၍ ပြောလိုက်လေသည်။
“တန်ချိုးရွှေက တတ်နိုင်သေလာက် ငါ့ကိုမတိုက်ခိုက်ကြဖို့ မင်းတို့ကိုမပြောလိုက်ဘူးလား”
ချင်းယွင်ကျိ ထိုသူများကိုအထင်အမြင်သေးစွာ ကြည့်လိုက်ကာ
“လွန်ခဲ့တဲ့ နှစ်လေးငါးဆယ်တုန်းက ငါသူ့ကို ငါနဲ့အကွက်နည်းနည်းလောက်တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခုပေးခဲ့တယ် အဲ့တာနဲ့ပဲ မင်းတို့က ငါ့ကိုတိုက်ခိုက်လို့ရနိုင်တယ်ဆိုပြီး ယုံကြည်မှုတွေရှိသွားကြတာပေါ့”
တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်များ ချင်းယွင်ကျိကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့ကြသည်။ မသိစိတ်ကလည်း သူတို့အကာအကွယ်ရတနာအားလုံးကို အပြည့်အ၀အသက်သွင်းထားပြီး သတိအပြည့်ထားနေခဲ့၏။
လည်ဂုတ်ကိုကိုင်ခံထားရသော အနီရောင်၀တ်စုံ၀တ် တာအိုပညာရှင်ကတော့ အပြင်လောကတွင်ဘာတွေဖြစ်နေလဲ မသိနိုင်ခဲ့ပေ။
“မင်းဘယ်တုန်းက ဒီလောက်သန်မာသွားတာလဲ နှစ်ရာဂဏန်းနည်းနည်းလောက်နဲ့ မင်းတကယ်ကြီး ဒီအဆင့်ထိရောက်သွားတာလား”
ချင်းယွင်ကျိ အေးစက်စက်ရယ်မောလိုက်ကာ
“ဒီရာစုနှစ်တွေအတွင်းမှာ ငါတိုက်ခိုက်နေခဲ့ရတာ ဘယ်သူတွေလို့ထင်လို့လဲ”
လွန်ခဲ့သော နှစ်သုံးရာတုန်းက သူသည် အဇူရာမဟာတိမ်၀င်္ကပါကိုတရား၀င်လက်လွှဲယူခဲ့ကာ မိစ္ဆာများကို စောင့်ကြပ်ခဲ့ရသည်။
တကယ်တော့ ထိုအချိန်မတိုင်ခင် လွန်ခဲ့သောနှစ်ရာချီကတည်းက သူထိုတာ၀န်တစ်စိတ်တစ်ပိုင်းကို ယူနေခဲ့ရပြီးသား ဖြစ်၏။
ချိတ်ပိတ်ထားသောမိစ္ဆာများဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကတော့ ဒီလောက်ထိ ကျဆင်းသွားသောအဇူရာတိမ်ဂိုဏ်းကိုကြည့်ပြီး သိနိုင်ပေသည်။
တစ်နည်းအားဖြင့်ဆိုသော် ချင်းယွင်ကျိသည် ဤနှစ်ရာချီအတွင်း မိစ္ဆာများကို ဖိနှိပ်ရင်း ထိုကောင်ကြီးများနှင့် တိုက်လည်းတိုက်ခိုက်ခဲ့ရ၏။
ထိုအခြေအနေအောက်တွင် မိစ္ဆာများ၏ဖိအားကြောင့် ချင်းယွင်ကျိက ပိုပိုပြီး တိုးတက်မှုနှုန်း မြန်လာခဲ့သည်။
ထိုဖိအားကြောင့်လည်း ချင်းယွင်ကျိ ဆိုတာဖြစ်လာခဲ့ခြင်း ဖြစ်၏။
“လစ်လိုက်တော့!”
ချင်းယွင်ကျိ အနီရောင်၀တ်တာအိုပညာရှင်ကို လွှင့်ပစ်ကာ ပြောလိုက်သည်။
“အဇူရာတိမ်ဂိုဏ်းက ခင်ဗျားတို့ ကုသိုလ်ကြီးတွေကိုလက်မခံဘူး ကိုယ့်ပစ္စည်းကိုယ်ပြန်ယူသွားပြီး လစ်လိုက်တော့ အခုကစပြီး သုံးလအကြာမှာ မိစ္ဆာတွေကိုခင်ဗျားတို့ကိုယ်တိုင်တိုက်ခိုက်ရလိမ့်မယ် ပြင်ဆင်ထားကြ …အို့ သုံးလမဟုတ်ဘူး နှစ်လပဲကျန်တော့တာပဲ”
“နေပါဦး” ဘုန်းကြီး စိတ်ညစ်နေဟန်ဖြင့် အော်ပြောလိုက်၏။
“တာအိုမိတ်ဆွေချင်းယွင်ကျိ စိတ်လိုက်မာန်ပါမလုပ်လိုက်ပါနဲ့”
“ဟုတ်တယ် ဟုတ်တယ် ဒကာကြီးစိတ်လိုက်မာန်ပါလုပ်လိုက်လို့ လုံး၀မဖြစ်ဘူးနော် ကိုယ်တော်တို့ အရာရာကို အေးအေးဆေးဆေးဆွေးနွေးသွားလို့ရပါတယ်”
ချင်းယွင်ကျိခွန်အားကဘယ်လောက်ကြောက်စရာကောင်းမှန်း သိသွားပြီးနောက် သူတို့အမူအရာများချက်ချင်းပြောင်းလဲကုန်ကြသည်။
ပထမအချက်အနေနဲ့ သူတို့အားလုံးပေါင်းတိုက်တောင် ချင်းယွင်ကျိကိုမနိုင်နိုင်သောကြောင့် သူတို့ပထမအစီအစဉ်က ကျရှုံးသွားပြီဟု ပြော၍ ရ၏။ ချင်းယွင်ကျိကို အနိုင်ယူဖို့အတွက် သူတို့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဘိုးဘေးများကို ဖိတ်ခေါ်မှသာ ဖြစ်နိုင်ပေတော့မည်။
သို့သော် သူတို့တကယ်ကြီးတိုက်ခိုက်ကြလို့ မိစ္ဆာများလွတ်သွားခဲ့လျှင်…
ထိုကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များက ဂိုဏ်းကြီးများ၏ အနက်ရှိုင်းဆုံးအုတ်မြစ်ကြီးများ ဖြစ်ကြပေသည်။ တကယ်လို့ သူတို့သာထိခိုက်သွားခဲ့လျှင် ဂိုဏ်းကအောက်သို့ ထိုးကျသွားရပေလိမ့်မည်။
ဒုတိယအချက်အနေနှင့် ချင်းယွင်ကျိလိုလူတောင် ခက်ခက်ခဲခဲဖိနှိပ်နေရသည်ဆိုလျှင် ထိုမိစ္ဆာများကဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေပါသနည်း။
တကယ်လို့ ထိုမိစ္ဆာကြီးများသာ အများအပြားလွတ်လာမည်ဆိုလျှင်….
“ငါတို့မှာ တကယ်ပဲဘာရည်ရွယ်ချက်မှမရှိပါဘူး ငါတို့က ဒီနှစ်တွေအတွင်းဆုံးရှုံးခဲ့ရတဲ့ အဇူရာတိမ်ဂိုဏ်းအဖြစ်ကို ကိုယ်ချင်းစာမိလို့ပါ” လန်ကျားအထွတ်အမြတ်မြေမှ တာအိုပေါင်းစည်းခြင်းအဆင့် အားတင်း၍ ပြုံးလိုက်ကာ ပြောလိုက်သည်။
“တာအိုမိတ်ဆွေချင်းယွင်ကျိ ကျေးဇူးပြုပြီး စိတ်အေးအေးထားပေးပါ ဘာကိစ္စပဲဖြစ်နေနေ ငါတို့အေးအေးဆေးဆေးဆွေးနွေးလို့ရပါတယ်”
ချင်းယွင်ကျိ နှာခေါင်းရှုံ့လိုက်၏။
“အစကနေအဆုံးထိ ငါတို့ဘက်က ဘာအရင်းအမြစ်အကြောင်းကိုမှ မပြောခဲ့ဘူး မင်းတို့ကိုယ်တိုင်ပဲကမ်းလှမ်းခဲ့တာ အဲ့ဒီအခြေအနေကို နားလည်အောင်အရင်လုပ်ပါ”
“ဒါပေါ့ ဒါပေါ့ ဟုတ်တာပေါ့”
လူအုပ်ကြီး ပြုံးကာ ခေါင်းတဆတ်ဆတ်ညိတ်နေခဲ့ကြသော်လည်း စိတ်ထဲတွင်တော့ ကြိတ်၍ ကျိန်ဆဲနေခဲ့ကြ၏။
ငွေလာညှစ်နေတယ်ဆိုတာ ဒီလောက်ရှင်းနေတာကြီးကို ထိုကောင်က သူတို့ကပေးချင်လွန်းလို့ ကမ်းလှမ်းနေသည့်ပုံစံဖမ်းနေခဲ့သည်။
သို့သော်လည်း သူတို့ငြင်း၍လည်းမရပေ။ အဇူရာတိမ်ဂိုဏ်းကတကယ်လည်း ဘာမှတောင်းဆိုခဲ့ခြင်းမရှိပေ။
ထိုအရာက အမှန်တရားသာဖြစ်၏။
ချင်းယွင်ကျိ အေးအေးဆေးဆေးပြောလိုက်လေသည်။
“ငါမိစ္ဆာတွေကိုဖိနှိပ်ရင်း အလုပ်ရှုပ်နေတယ် အခုဂိုဏ်းကိစ္စမှန်သမျှကို ငါ့တပည့်လက်ထဲအပ်ထားတယ် မင်းတို့ဆွေးနွေးစရာတစ်ခုခုရှိရင် သူနဲ့ပြောလိုက် ဒါပေမယ့် တစ်ယောက်ယောက်က ငါ့တပည့်ကိုအနိုင်ကျင့်ဖို့ကြံရင်တော့ ငါ့အဆိုးမဆိုနဲ့”
ပြောပြီးသည်နှင့် သူထွက်ခွာသွားခဲ့၏။
သူထွက်သွားမှသာ တာအိုပညာရှင်များလည်း သက်ပြင်းချနိုင်တော့လေသည်။
ချင်းယွင်ကျိကိုရင်ဆိုင်ရတာက ဖိအားများလွန်းလှ၏။
ကျန်းယန်နှင့်စကားပြောရခြင်းက အများကြီးပိုပြီး လွယ်ကူပေသည်။