← Chapters

အခန်း (၁၀၀)

Vol. 9 Ch. 100

အခန်း (၁၀၀)

Vol. 9 Ch. 100

အကုန်သုံးဖို့ မဖြစ်နိုင်ဘူး! တကယ်ကို မဖြစ်နိုင်ဘူး!

ကျန်းယန် ချင်းယွင်ကျိပြောသော တတိယအန္တရာယ်ကို ချက်ချင်းနားလည်သွားခဲ့သည်။

ဂိုဏ်းကြီးကများက သူတို့ကို ရည်ရွယ်ချက်ကောင်းဖြင့် ပြိုင်ပွဲတွင် ပါ၀င်ခိုင်းခဲ့ခြင်းမဟုတ်ပေ။

ထိုမြေခွေးအိုကြီးများက သူ့ကို တိုက်ပွဲကွင်းပြင်ထဲတွင်ရှင်းပစ်ရန် ကြံစည်နေခြင်းဖြစ်ပြီး ထိုထဲတွင်သူသေသွားလျှင်လည်း ချင်းယွင်ကျိ ဘယ်သူ့ကိုမှ အပြစ်သွားတင်နိုင်မည်မဟုတ်ပေ။ အကယ်၍ သူ့ကိုထိုနေရာတွင် မသတ်နိုင်လျှင်တောင်မှ သူ့ချီကံကြမ္မာကို လုယူနိုင်လိုက်လျှင်ကို အဇူရာတိမ်ဂိုဏ်းနောက်မျိုးဆက်၏ ချီကံကြမ္မာကိုရရှိလိုက်ခြင်းဖြစ်သောကြောင့် သူတို့အတွက် ပျော်တာထက်ပင် ပိုနေလိမ့်ဦးမည်။

သို့သော် အကယ်၍ ကျန်းယန်ကမသေသည့်အပြင် အောင်မြင်မှုများနှင့် ပြန်လာခဲ့မည်ဆိုလျှင်တော့…ထိုသူများ ချက်ချင်း သူ့ကိုရန်လိုလာကြတော့မှာ သေချာပေသည်။

ထို့ကြောင့် ကျန်းယန်ကိုအဇူရာတိမ်ဂိုဏ်းဆီဘေးကင်းကင်းပြန်ခေါ်လာနိုင်ဖို့က အဇူရာတိမ်ဂိုဏ်းအတွက် စိန်ခေါ်မှုကြီး တစ်ရပ်ပင် ဖြစ်၏။

အဇူရာတိမ်ဂိုဏ်း၏အင်အားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော ချင်းယွင်ကျိကလည်း မိစ္ဆာများကို ဖိနှိပ်ထားရဦးမည်ဖြစ်သောကြောင့် ဂိုဏ်းမှအကြာကြီးထွက်သွား၍ ရမည် မဟုတ်ပေ။

လင်းယွင်ကျိနှင့်အခြားသူများကလည်း နတ်ဝိညာဉ်အဆင့်သာ ရှိကြသေးသည်။ သူတို့သည် တာအိုပေါင်းစည်းခြင်းအဆင့် ပညာရှင်များအတွက် လုံး၀ ပြိုင်ဘက်မဖြစ်နိုင်ပေ။ သူတို့တွင် ထိပ်တန်းအဆင့်စိတိဝိညာဉ်ရတနာများရှိသလို ထိုထိပ်တန်းဂိုဏ်းတွင်လည်း ရှိနေကြသည်သာ။

ထို့ကြောင့် ဤကိစ္စက ပြဿနာကြီးတစ်ခု ဖြစ်နေခဲ့၏။

ချင်းယွင်ကျိ အမူအရာအေးစက်သွားကာ အေးစက်စက်ပြောလိုက်သည်။

“အဲ့ဒီခွေးကောင်းတွေက ငါတို့အဇူရာတိမ်ဂိုဏ်းကို ဘယ်လိုဖျက်ဆီးပစ်ရမလဲဆိုတာကို နေ့စဉ်နေ့တိုင်း စဉ်းစားနေကြတာ ဒီတစ်ခေါက်တော့ ငါတို့တိကျသေချာတဲ့ အစီအစဉ်တစ်ခုလိုတယ် သူတို့ထောင်ချောက်ထဲ ထပ်ကျသွားလို့မဖြစ်ဘူး”

လင်းယွင်ကျိ လေးလေးနက်နက်ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ၃နှစ်အတွင်း ကျွန်တော်တို့အားလုံး တာအိုပေါင်းစည်းခြင်းအဆင့်ကိုရောက်မှရမယ်!”

အကယ်၍ သူတို့သာ ထိုအဆင့်သို့ချိုးဖြတ်နိုင်သွားလျှင် ချင်းယွင်ကျိလည်း လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်‌သွားတော့မည် ဖြစ်သည်။

ချင်းယွင်ကျိ ဂိုဏ်းကြီးများပေးသွားသော သိုလှောင်လက်စွပ်များကိုကြည့်ကာပြောလိုက်၏။

“အချိန်ကိုက်ပဲ…ဒီကောင်တွေကလည်း အရင်းအမြစ်တွေ ယူလာပေးထားတာပဲ ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံး တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ကိုရောက်ရမယ်!”

တခဏရပ်လိုက်ပြီးနောက် သူလေးလေးနက်နက်ဆက်ပြောလိုက်သည်။

“အားလုံးထက်အရေးကြီးတာက တည်ငြိမ်မှုပဲ ငါတို့တွေဂိုဏ်းမှာ ဘယ်လိုပြဿနာကြီးမှထပ်ကြုံလို့မရတော့ဘူး အဇူရာတိမ်ဂိုဏ်းက အဲ့လောက်ပြဿနာကြီးတွေကို ခံနိုင်မှာမဟုတ်တော့ဘူး”

“ဟုတ်ကဲ့ပါ” အားလုံးလည်း ခေါင်းညိတ်ပြလိုက်ကြ၏။

သူတို့သည် မကြာသေးခင်ကမှ နတ်ဝိညာဉ်အဆင့်ကိုရောက်ရှိထားကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် ကျင့်ကြံခြင်းအခြေခံတည်ငြိမ်အောင်ကြိုးစားနေရချိန်တွင် တာအိုပေါင်းစည်းခြင်းအဆင့်ကိုချိုးဖြတ်ဖို့က သူတို့အတွက် အလွန်အမင်းခက်ခဲလှ၏။

သို့သော်လည်း ကျန်းယန်ကတောင် ဂိုဏ်းအတွက် သေခြင်းရှင်ခြင်းကိုဂရုမစိုက်ဘဲ အသက်စွန့်နေလေရာ ဆရာဦးလေးများဖြစ်သောသူတို့က အဘယ်သို့ အားကုန်မထုတ်၍ ရပါတော့မည်နည်း။

ချင်းယွင်ကျိ ကျန်းယန်ကို အားရကျေနပ်စွာပြုံး၍ကြည့်လိုက်ပြီး

“ဒီအရင်းအမြစ်တွေအားလုံးက ဂိုဏ်းကိုမင်းယူလာပေးခဲ့တဲ့အရာတွေပဲ အခုအားလုံးဒီမှာရောက်နေပြီ ငါတို့ဒါတွေကိုဘယ်လိုသုံးသင့်လဲ”

သူသူ့တပည့်အပေါ် အလွန်အမင်းစိတ်ကျေနပ်နေခဲ့၏။

အရေးကြီးကိစ္စများအားလုံးကို‌ဆွေးနွေးပြီးသောအခါ သူတို့အာရုံက အရင်းအမြစ်များဆီ ပြန်ရောက်သွားခဲ့သည်။

လင်းယွင်ကျိရယ်မောကာ ပြောလိုက်၏။

“ကျန်းယန် မင်းကအဇူရာတိမ်ဂိုဏ်းရဲ့ ကံကောင်းခြင်းကြယ်လေးပဲ မင်းနဲ့ယှဉ်ရင် မင်းဆရာရဲ့ အရင်တပည့်နှစ်ယောက်ကတော့…”

“ငါ့မှာတပည့်တစ်ယောက်ပဲရှိတယ်” ချင်းယွင်ကျိ ရုတ်တရက်စကားဖြတ်ပြောလိုက်သည်။

“အော် ဟုတ်သားပဲ မင်ယွဲ့လည်းရှိသေးတယ် အဲ့ဒီမတိုင်ခင် ငါ့မှာတပည့်မရှ်ိဖူးဘူး”

စစ်ထူမင်ယွဲ့အနည်းငယ်တော့ ခံစားသွားခဲ့ရ၏။ သူမသည် သူမအကိုကြီးလောက် မထူးချွန်တာမှန်သော်လည်း သူမလည်း တတ်နိုင်သလောက်တော့ အကောင်းဆုံးကြိုးစားနေသည်သာ။

သို့သော် ကျန်းယန် ထိုဂိုဏ်းကြီးများဆီက အရင်းအမြစ်များကို ဘယ်လိုညှစ်ထုတ်ခဲ့သလဲဆိုတာ တွေးမိသောအခါ သူမ ထိုကိစ္စအပေါ် မငြင်းနိုင်တော့ပေ။

ကျန်းယန် သိုလှောင်လက်စွပ် ၈ ကွင်းကိုကြည့်ပြီး သူ့မျက်လုံးထဲ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာခဲ့သည်။ ဒီလောက်ပမာဏနှင့်ဆိုလျှင် အဇူရာတိမ်ဂိုဏ်းက အချိန်အတန်ကြာတဲ့ထိ ရန်ပုံငွေကင်းမဲ့နေတော့မည် မဟုတ်ပေ။

“နတ်ဝိညာဉ်အဆင့်နဲ့အထက်အဆင့်ဆေးလုံးတွေကိုတော့ ဆရာနဲ့ဆရာဦးလေးတို့ဆီပေးရမယ်ဆိုတာ သံသယရှိစရာ‌ေတာင်မလိုဘူး” ကျန်းယန် ချင်းယွင်ကျိကိုကြည့်လိုက်ကာ ပြောလိုက်သည်။

“အထူးသဖြင့်တော့ ဆရာ့ဆီပေါ့ သူက ဂိုဏ်းချုပ်ပဲလေ ဒါနဲ့ဆရာ ကျွန်တော်တို့ကို ဆရာ့ကျင့်ကြံခြင်းအဆင့်ကဘယ်လောက်လဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြထားပါဦး ကျွန်တော်အားလုံးမစီစဉ်ခင် ဆရာ့ကျင့်ကြံခြင်းအကြောင်း ရှင်းရှင်းလင်းလင်းသိထားဖို့လိုတယ်”

ချင်းယွင်ကျိတခဏတိတ်ဆိတ်သွားခဲ့ပြီး အေးအေးဆေးဆေးပြောလိုက်၏။

“တာအိုပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့် ဒါပေမယ့် အခြေအနေတစ်ခု‌ေကြာင့် ကပ်ဘေးဖြတ်ကျော်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတွေနဲ့ယှဉ်ပြီး တိုက်ခိုက်နိုင်တယ်”

လူတိုင်းမျက်လုံးများ တုန်လှုပ်မှုကြောင့် ပြူးကျယ်ကုန်ကြသည်။

သူတို့ဂိုဏ်းချုပ်သည် တကယ်ကြီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုပါ ယှဉ်တိုက်နိုင်ခြင်းပေလော။

ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များသည် ဤကမ္ဘာကြီး၏ ထိပ်ဆုံးတွင်ရှိနေကြသူများဖြစ်ပြီး ထိုအဆင့်သို့ရောက်သည်နှင့် သူတို့စွမ်းအားက စိတ်ကူး၍မရနိုင်လောက်အောင် ကြီးမားသွားကြ၏။

ကျန်းယန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ

“ဆရာ့ခွန်အားက တကယ်ကြောက်ဖို့ကောင်းတာပဲ ဒါပေမယ့် ကျွန်တော်တို့ကအခုဆရာ့ကိုတာအိုပေါင်းစည်းခြင်းအဆင့်လို့ပဲ တွက်ထားရဦးမယ် ဒီသုံးနှစ်အတွင်း ဆရာသာအဆင့်တက်နိုင်ခဲ့ရင် ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းက ဒီကမ္ဘာပေါ်မှာ ဘယ်အရာကိုမှ ကြောက်စရာလိုမှာမဟုတ်တော့ဘူး”

တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်နှင့်ပင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုယှဉ်တိုက်နိုင်သူသာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သို့ရောက်ရှိသွားလျှင် သူ့ခွန်အားက မည်မျှကြောက်ဖို့ကောင်းသွားပါမည်နည်း။

ချင်းယွင်ကျိတိတ်ဆိတ်သွားကာ ဘာမှပြန်မပြောခဲ့ပေ။

ကျန်းယန် ဆက်ပြောလိုက်၏။

“ကျွန်တော့်ရည်မှန်းချက်ကတော့ ကျွန်တော်နဲ့ဂျူနီယာညီမလေး ဒီသုံးနှစ်အတွင်း ဝိညာဉ်အခြေတည်အဆင့်ကိုရောက်ဖို့ပဲ အထူးသဖြင့် ဂျူနီယာညီမလေးပေါ့ သူအားကုန်ထုတ်ပြီး ချိုးဖြတ်နိုင်ဖို့ ကြိုးစားရလိမ့်မယ် အခုကျွန်တော်တို့မှာအရင်းအမြစ်တွေလည်းရှိနေပြီ လူတိုင်းဒီအရင်းအမြစ်တွေကို စိတ်ရှိသလိုသုံးနိုင်တယ် တကယ်လို့ ကျွန်တော်တို့အရင်းအမြစ်တစ်ခုတည်းကိုပဲအားကိုးပြီး ကျင့်ကြံရမယ်ဆိုရင်တောင် လူတိုင်း အနည်းဆုံး အဆင့်ကြီးတစ်ခုတော့ တက်ကြမှဖြစ်မယ်”

သူ့ရွှေအမြုတေထဲတွင် တာအိုသန္ဓေသားအရိပ်အယောင်ပင်ပေါ်မလာသေးလေရာ ကျန်းယန် သူ့အတွက်တော့ သုံးနှစ်အတွင်း ဝိညာဉ်အခြေတည်အဆင့်ကိုရောက်ဖို့ ယုံကြည်မှုမရှိပေ။

“စီနီယာအစ်ကိုကြီး စိတ်ချပါ!” စစ်ထူမင်ယွဲ့ လေးလေးနက်နက်ပြောလိုက်၏။

“ညီမလေးရွှေအမြုတေအဆင့်ကိုရောက်နေတာ နှစ်အတော်ကြာသွားပြီ ညီမလေးအတွက် ဝိညာဉ်အခြေတည်အဆင့်လောက်ကိုချိုးဖြတ်ဖို့က ပြဿနာမဟုတ်သင့်တော့ဘူး”

အခွင့်အရေးကရှေ့တွင်ရောက်နေပြီဖြစ်လေရာ သူတို့ မလွတ်တမ်းဖမ်းဆုပ်ထားဖို့ လိုနေခဲ့ချေပြီ။

ကျန်းယန် အဇူရာတိမ်ခန်းမအပြင်ဘက်ကိုကြည့်လိုက်ပြီး ပြောလိုက်‌လေသည်။

“တပည့်တွေအတွက်ကတော့ သူတို့ကိုပိုအားစိုက်ပြီးတွန်းရမယ် သုံးနှစ်အတွင်း သူတို့အားလုံးရွှေအမြုတေအဆင့်ကို ရောက်နေသင့်တယ် အဇူရာတိမ်ဂိုဏ်းမှာသာ ရွှေအမြုတေအဆင့် ဒါဇင်နဲ့ချီပြီးရှိနေရင် အခြေအနေအားလုံးက ပြောင်းလဲသွားလိမ့်မယ်”

“ကျွန်တော်ဆရာဦးလေးတွေအပြင်ဆရာ့ကိုပါ သူတို့ကို သင်ခန်းစာတွေလာပို့ချပေးဖို့ တောင်းဆိုချင်ပါတယ်

ပြဿနာတွေဖြစ်လာမှာကိုလည်း စိတ်မပူပါနဲ့ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားလာရေးအတွက် ကျွန်တော်တာ၀န်ယူပါတယ် သူတို့က အနာဂတ်မှာ အတွင်းရောအပြင်ရောပါ အဇူရာတိမ်ဂိုဏ်းရဲ့ အရောင်ပဲဖြစ်နေရစေမယ်လို့ ကျွန်တော်အာမခံပါတယ်”

ချင်းယွင်ကျိ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ ငါတို့ကျန်းယန်ပြောတဲ့အတိုင်းပဲလုပ်ကြတာပေါ့ ဘာပဲဖြစ်ဖြစ် သူတို့ကိုသင်ပေးဖို့လည်း အချိန်အများကြီးလိုတာမှ မဟုတ်ဘဲ”

လင်းယွင်ကျိတို့လည်း တိတ်တဆိတ်ခေါင်းညိတ်ပြလိုက်ကြ၏။ သို့သော် သူတို့စိတ်ထဲတွင်တော့ အတော်လေးဖိအားဖြစ်နေခဲ့ကြသည်။ သူတို့သည် တာအိုပေါင်းစည်းခြင်းအဆင့်ကိုချိုးဖြတ်ဖို့ ကြိုးစားရုံသာမက တပည့်များကိုလည်း သင်ကြားပေးရပေဦးမည်။

ကျန်းယန် အတွေးနွံနစ်သွားကာ တခဏရပ်တန့်သွားခဲ့၏။ ထို့နောက် သူ့မျက်လုံးထဲ ရူးသွပ်သွား‌ေသာ အလင်းရောင်တစ်ချက်ဖြတ်ပြေးသွားကာ သူ့ဆရာကိုကြည့်၍ ပြေလိုက်သည်။

“ဆရာ ကျွန်တော်အကြီးကြီးတစ်ခုစီစဉ်ထားတယ် ဆရာခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်”

ချင်းယွင်ကျိ တောင့်တင်းသွားခဲ့၏။

“ဒီတစ်ကြိမ်ရော ဘာတွေစီစဉ်ပြန်ပြီလဲ”

ကျန်းယန်အမူအရာကိုမြင်သောအခါ သူ့နှလုံးသားတင်းကြပ်သွားခဲ့သည်။

ဒီခွေးကောင်လေး ဒီတစ်ကြိမ်ရော ဘာပြဿနာတွေမွှေဖို့ ကြံနေပါသနည်း။

ကျန်းယန် သိုလှောင်လက်စွပ်များကို လက်ညှိုးထိုးပြလိုက်ကာ

“အဲ့ဒီအရင်းအမြစ်တွေ…ကျွန်တော်တို့ လက်ရှိဂိုဏ်းသားအရေအတွက်နဲ့ဆို အဲ့တာတွေကို အချိန်တိုအတွင်းလုံး၀ကုန်အောင်သုံးနိုင်မှာမဟုတ်ဘူး ပြီးတော့ အခုအဇူရာတိမ်ဂိုဏ်းက အချိန်အကန့်အသတ်ကြီးနှစ်ခုနဲ့ရင်ဆိုင်နေရတယ် တစ်ခုက ၃ နှစ်အချိန်အကန့်အသတ် တစ်ခုက ၁၀နှစ်အချိန်အကန့်အသတ်”

“‌ကျွန်တော်အာမခံနိုင်တယ် ကျွန်တော်တို့ ၃နှစ်အချိန်အကန့်အသတ်ကို ဖြတ်ကျော်နိုင်ရင်တောင် အဲ့ဒီဂိုဏ်းကြီးတွေက ကျွန်တော်တို့ကို ၁၀နှစ်အကန့်အသတ်ကိုတော့ လုံး၀ဖြတ်ကျော်ခွင့်ပေးမှာမဟုတ်ဘူး

သူတို့က လုံး၀ ဒုတိယအကြိမ်ငွေထပ်ညှစ်ခံမှာမဟုတ်တော့ဘူး”

“ဆယ်နှစ်ကိုသဘောတူခဲ့တယ်ဆိုတာလည်း သူတို့မှာ ကျွန်ဝောာ်တို့ကို ၁၀နှစ်အတွင်း ရှင်းပစ်ဖို့ ယုံကြည်ချက်ရှိနေလို့ပဲ”

“ဒီလိုဆိုမှတော့ အရင်းအမြစ်တွေကို သိမ်းထားရင်လည်း အသုံးမ၀င်ဖြစ်ကုန်လိမ့်မယ်”

“အဲ့‌ေတာ့ ကျွန်တော်တို့မှာ ဒီအရင်းအမြစ်တွေနဲ့ပတ်သက်ပြီး လုပ်စရာကတစ်ခုပဲရှ်တော့တယ် အဲ့တာက ဒီဆေးလုံးတိုင်း စိတ်ဝိညာဉ်ကျောက်တုံးတိုင်း သတ္တုတိုင်းကို ဆယ်နှစ်မတိုင်ခင် အကုန်သုံးပစ်ဖို့ပဲ”

“အကုန်သုံးပစ်ဖို့ မဖြစ်နိုင်ဘူး” စစ်ထူမင်ယွဲ့ သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

“ဘယ်လိုမှ အကုန်သုံးပစ်နိုင်မှာမဟုတ်ဘူး”

ဤလူတစ်ရာကျော်လေးနှင့် သူတို့ထိုအရင်းအမြစ်များအားလုံးကို ဆယ်နှစ်အတွင်း မည်သို့အကုန်သုံးနိုင်ပါမည်နည်း။

စိတ်ဝိညာဉ်ဆေးလုံးများသည် မြိိုချရုံသက်သက်ဖြင့်ပြီးသွားသောအရာများ မဟုတ်ကြပေ။ ထိုအရာများကို ခန္ဓာကိုယ်က ပြန်သန့်စင်ဖို့ အချိန်လိုသေးသည်။

စိတ်ဝိညာဉ်ကျောက်တုံးက စိတ်ဝိညာဉ်စွမ်းအင်များကိုစုပ်ယူဖို့ကလည်း အချိန်လိုပြန်၏။

သတ္တုများကို လက်နက်များအဖြစ် ထုလုပ်ဖို့ကတော့ ပိုပြီးပင် အချိန်လိုသေးသည်။

ထိုအရာများအားလုံးကို ၁၀နှစ်အတွင်းသုံးပစ်ဖို့က မဖြစ်နိုင်ပေ။

“အတိအကျပဲ ကျွန်တော်တို့ချည်းပဲဆိုရင် မဖြစ်နိုင်ဘူး!” ကျန်းယန် သူ့အသံကိုမြှင့်လိုက်ကာ

“အဲ့တာကြောင့် ကျွန်တော်က ကျမ်းစာတိုက်ထဲက သာမန်အဆန်ဆုံးနဲ့ အလွယ်ဆုံး အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်စဉ် သုံးမျိုးကနေ ငါးမျိုးအထိရွေးပြီး မိတ္တူတွေကို ဒီအနီးအနားက မြို့ရွာတွေမှာ ဖြန့်ဖို့စီစဉ်ထားတယ် …ဒီလိုနဲ့ ကျင့်ကြံနိုင်တဲ့လူတိုင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့ ကြိုးစားနုိင်သွားလိမ့်မယ်”

“သူတို့အုတ်မြစ်ကိုအောင်အောင်မြင်မြင်တည်ဆောက်နိုင်သွားတဲ့ လူတိုင်းကတော့ အဇူရာတိမ်ဂိုဏ်းဆီလာပြီး ဂိုဏ်းသားအဖြစ် စာရင်းသွင်း အရင်းအမြစ်တွေလက်ခံပြီး ရွှေအမြုတေအဆင့်တစ်ယောက်အဖြစ် လေ့ကျင့်ပေးခံရမယ်”

“ဒါဆို သုံးနှစ်အတွင်း ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းမှာ ရွှေအမြုတေအဆင့်တွေအများကြီးရှိလာလိမ့်မယ်”

“ဆရာတို့ နဂါးပျံအစောင့်တပ်ကိုမှတ်မိကြသေးလား”

“အမှိုက်ပါရမီနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်တွေကတောင် အယောက်သုံးထောင်လုံးလုံးပေါင်းလိုက်ရင် ကြောက်စရာစွမ်းအားထွက်လာတယ်”

“ကျွန်တော်တို့ခန့်အပ်လိုက်တဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်တွေဆိုရင် ပိုတောင် အစွမ်းထက်နိုင်သေးတယ်”

“ဒါဆို သုံးနှစ်အတွင်း အဇူရာတိမ်ဂိုဏ်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ၁၀၀၀၀ မကတဲ့ စစ်တပ်ကြီးရှိလာလိမ့်မယ်

ဆယ်နှစ်အတွင်းဆိုရင်တော့ ကျွန်တော်တို့မှာ ရွှေအမြုတေအဆင့်ကျင့်ကြံသူ တစ်သိန်းမကတဲ့တပ်ကြီး ရှ်ိလာလိမ့်မယ်!”

“တွေးကြည့်စမ်းပါ အဲ့တာက ဘာကိုဆိုလိုနေတာဖြစ်မလဲ!”

“တကယ်လို့ အယောက်တစ်သိန်းမကတဲ့ ရွှေအမြုတေအဆင့်စစ်တပ်ကြီးသာ အတူတူတိုက်ခိုက်ကြရင်….တစ်ယောက်ကို မိုးကြိုးဂါထာ တစ်ချက်ပဲသုံးရင်တောင် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ချက်ချင်း‌ပျောက်ကွယ်သွားရလိမ့်မယ်!”

“မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ပေါက်ရင်တောင်ပြိုသေးတာပဲ။ အဲ ဇီးစေ့လုံလုံလောက်လောက်ရှိဖို့ရယ် ပေါက်နိုင်ဖို့အားရှိဖို့ရယ်တော့ လိုတာပေါ့”

All Chapters