← Chapters

အခန်း (၁၀၁)

Vol. 9 Ch. 101

အခန်း (၁၀၁)

Vol. 9 Ch. 101

ရူးသွပ်သွားသော အဇူရာတိမ်ဂိုဏ်း

ရူးသွပ်မှု!

အဇူရာတိမ်ဂိုဏ်းကလူတိုင်း အလွန်စိတ်လှုပ်ရှားနေသော ကျန်းယန်ကိုကြည့်ကာ ဒီကောင်တော့ လုံး၀ ရူးသွားပြီဟု ခံစားနေခဲ့ကြရသည်။

သူသည် အဇူရာတိမ်ဂိုဏ်း၏ကျင့်စဉ်များကို အပြင်လူများဆီပေးချင်နေသည့်အပြင် အရင်းအမြစ်များကို ထုတ်ပေးချင်နေသေး၏။ ထိုအရာကမှ ရူးသွပ်တာမဟုတ်လျှင် ဘယ်အရာက ရူးသွပ်တာဖြစ်ပါဦးမည်နည်း။

“ကျန်းယန်”

ချင်းယွင်ကျိ ရှုပ်ထွေးနေသောအမူအရာဖြင့် ပြောလိုက်သည်။

“ရွှေအမြုတေအဆင့်တွေအများကြီးရှိနေတာက အသုံး၀င်မှာမဟုတ်ဘူး

တာအိုပေါင်းစည်းခြင်းအဆင့်ကို မေ့ထားဦး မင်းဆရာဦးလေးတွေအတွက်ဆိုရင်တောင် သူတို့သာ သေချာပြင်ဆင်ထားရင် ရွှေအမြုတေအဆင့်တွေအများကြီးက သူတို့အတွက်ဘာမှဟုတ်မှာမဟုတ်ဘူး

သူတို့ဆီကသာမန်‌ေမှာ်သိုင်းကွက်လေးတစ်ခုကတောင် ရွှေအမြုတေအဆင့်တစ်ယောက်ကိုယ်ပေါ်ကျသွားရင် အဲ့ဒီရွှေအမြုတေအဆင့် ချက်ချင်းပြာဖြစ်သွားရလိမ့်မယ်

ပြီးတော့ တာအိုပေါင်းစည်းခြင်းအဆင့် တကယ်လို့ အဲ့ဒီတာအိုပေါင်းစည်းခြင်းအဆင့်ကသာ မင်းပြောသလို မပြေးနိုင်ဘဲ ရွှေအမြုတေအဆင့်တွေလုပ်သမျှခံနေရင်တော့ ဟုတ်တယ် သူရှုံးလိမ့်မယ်

ဒါပေမယ့် တာအိုပေါင်းစည်းခြင်းအဆင့်တွေက ဘယ်လိုပြေးရမလဲသိတယ်လေ

ဆိုတော့ မင်းအစီအစဉ်က အလုပ်ဖြစ်မှာမဟုတ်ဘူး”

ထို့ကြောင့်လည်း ဂိုဏ်းကြီးများက ရွှေအမြုတေအဆင့်များ အများကြီးပျိုးထောင်ပေးဖို့ စိတ်မ၀င်စားကြခြင်း ဖြစ်သည်။

အလွန်ပါရမီရှိသောတပည့်များမဟုတ်လျှင် ဂိုဏ်းကြီးများသည် သာမန်တပည့်များအတွက် အရင်းအမြစ်များများစားစား မသုံးတတ်ကြပေ။

သို့သော် ကျန်းယန်ကတော့ လက်မလျှော့ခဲ့ပေ။

သူပိုပြီးပင် စိတ်လှုပ်ရှားလာခဲ့၏။

“ဆရာ ကျွန်တော်တို့ကအခု တာအိုပေါင်းစည်းခြင်းအဆင့်တွေကိုလိုက်ဖမ်းမှာမဟုတ်ဘူးလေ ကျွန်တော်တို့က ခုခံဖို့ ကြိုးစားနေတာ

တကယ်လို့ ‌ရွှေအမြုတေအဆင့်တစ်အုပ်ကသာ တာအိုပေါင်းစည်းခြင်းအဆင့်နဲ့ရင်ဆိုင်ရရင် တာအိုပေါင်းစည်းခြင်းအဆင့်က အဲ့ဒီရွှေအမြုတေအဆင့်တစ်အုပ်ကို အလွယ်တကူပဲ ကန်ထုတ်ပစ်လိုက်လိမ့်မယ်

ဒါပေမယ့် အဲ့တာက သူတို့တိုက်ခိုက်နေမှသာ ဖြစ်မယ့်အရာပဲ

အခု ကျွန်တော်တို့ရည်ရွယ်ချက်က တိုက်ခိုက်ဖို့မဟုတ်ဘူး ကာကွယ်ဖို့သက်သက်ပဲ

ပြီးတော့ အဲ့ဒီတာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်တွေပြေးနိုင်ရင်တောင် ကျွန်တော်တို့က သူတို့ဂိုဏ်းကိုတိုက်ခိုက်လို့ရသေးတယ်လေ

ဂိုဏ်းတစ်ခုကတော့ ထွက်မပြေးနိုင်ဘူး‌ဘူးမလား

အဲ့တာကလည်း တစ်ဖွဲ့လုံးကရွှေအမြုတေအဆင့်ဖြစ်နေဦးမှပါ

တကယ်လို့ ရွှေအမြုတေအဆင့်တွေကသာ ဝိညာဉ်အခြေတည်အဆင့်ကိုတက်သွားကြရင်ရော”

ချင်းယွင်ကျိ ဆွံ့အသွားခဲ့၏။

အခြားဂိုဏ်းကိုတိုက်ခိုက်ဖို့လား!

ဂိုဏ်းတိုင်းမှာ ဂိုဏ်းကာအစီအရင်တွေရှိတယ်ကွ!

အဇူရာတိမ်ဂိုဏ်းအတွက်ဆိုရင်တောင် သူတို့သည် ကျဆင်းချိန်ရောက်ရှိနေပါသော်လည်း သူတို့သာ အဇူရာမဟာတိမ်၀င်္ကပါကို အပြည့်အ၀အသက်သွင်းလိုက်လျှင် ရွှေအမြုတေအဆင့် တစ်သိန်းလောက်က သူတို့ဂိုဏ်းထဲဖောက်၀င်နိုင်ပါဦးမည်လော။

“ဆရာ ကျွန်တော်တို့တွေးခေါ်ပုံကိုပြောင်းလဲပစ်ရမယ်” ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။

“လူတိုင်းက ကျင့်ကြံခြင်းအဆင့်တွေပြိုင်ဆိုင်နေကြတာ အဇူရာတိမ်ဂိုဏ်းရဲ့လက်ရှိအခြေအနေနဲ့ ကျွန်တော်တို့သာ သူတို့အတိုင်းကျင့်ကြံခြင်းပဲလိုက်ပြိုင်နေမယ်ဆိုရင် အမြဲ သူတို့နောက်ကကျန်ခဲ့တဲ့ဖုန်တွေပဲ ရှူနေရလိမ့်မယ်

ကျွန်တော်တို့က လမ်းကြောင်းအသစ်တစ်ခုဖောက်ရမယ် သူတို့ကို တန်ပြန်ဖို့ မတူညီတဲ့နည်းလမ်းတစ်ခုသုံးရမယ်

နောက်တစ်ချက်က အဇူရာတိမ်ဂိုဏ်းက တိုးတက်ချင်နေတာ ကျွန်တော်တို့ ဆေးဥယျာဉ်တွေကို ဖွံ့ဖြိုးအောင်လုပ်ကိုလုပ်ရမယ် နောက်ပြီး ကျွန်တော်တို့ မိုင်းတွင်းတွေကိုရောပဲ အခုဆို ကျွန်တော်တို့က အဲ့ဒီအရာတွေအတွက် အပြင်လူတွေကိုအားကိုးနေရတယ် သူတို့ကို ဝေစုတောင်ခွဲပေးနေရသေးတယ်

တကယ်လို့ ကျွန်တော်ပြောသလိုသာ သူတို့ အဇူရာတိမ်ဂိုဏ်းထဲ၀င်လာကြမယ်ဆိုရင် သူတို့ပါရမီကမကောင်းရင်တောင် သူတို့ကို အဲ့ဒီအလုပ်တွေခိုင်းပြီး ဂိုဏ်းအတွက်အကျိုးဆောင်ခိုင်းလို့ရတယ်

သူတို့က ပါရမီကောင်းနေရင်တော့ အဇူရာတိမ်ဂိုဏ်းရဲ့ နောက်မျိုးဆက်တစ်ခု ဖြစ်လာလိမ့်မယ်

ဒါက ဂိုဏ်းရဲ့အနာဂတ်ပဲ!

ဆရာ ကျွန်တော်မေးချင်တာက ဆရာတို့အားလုံး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်သွားရင်တောင် တကယ်လို့ ကမ္ဘာပေါ်က ဂိုဏ်းကြီးတိုင်းက ကျွန်တော်တို့ကိုဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်လိုက်ရင် ဆရာတို့နည်းနည်းလောက်နဲ့ သူတို့ကို တားဆီးနိုင်မှာလား

လုံး၀ရမှာမဟုတ်ဘူး!

ဒါကြောင့် ကျွန်တော်အစကတည်းက ပြုပြင်ပြောင်းလဲဖို့ အမြဲပြောနေခဲ့တာ ကျွန်တော်တို့ မဖြစ်မနေ ပြုပြင်ပြောင်းလဲရမယ်!

ပြီးတော့ ကျွန်ဝောာ်တို့အရင်ဆုံးပြုပြင်ပြောင်းလဲရမှာက ကျွန်ဝောာ်တို့ စိတ်ဓာတ်တွေပဲ!

ကျွန်ဝောာ်တို့ စိတ်ဓာတ်တွေပြောင်းလဲသွားရင် ကျွန်တော်တို့နည်းလမ်းတွေပြောင်းလဲသွားမယ် နည်းလမ်းတွေပြောင်းလဲသွားရင် ကျွန်တော်တို့လမ်းကြောင်းတွေ ပိုပြီးချောမွေ့လာမယ် ဒါဆို ကျွန်တော်တို့ ရှင်သန်နိုင်ပြီ!”

ထိုစကားလုံးများကြောင့် ချင်းယွင်ကျိတို့ လုံး၀ဆွံ့အသွားခဲ့ကြသည်။

အဇူရာတိမ်ဂိုဏ်းသည် ပြုပြင်ပြောင်းလဲခြင်းမှ အကျိုးအမြတ်များ ရရှိခဲ့ပါသလော။

ဒါပေါ့ သူတို့ရရှိခဲ့ကြ၏။

ပြုပြင်ပြောင်းလဲခြင်းမှ ကျန်းယန်သည် ဂိုဏ်းအတွက် စိတ်ဝိညာဉ်ကျောက်တုံး ဘီလီယံနှင့်ချီကာယူလာပေးခဲ့သည်။ ထိုပမာဏကို တစ်နှစ်တောင်မပြည့်သေးခင်ရရှိခဲ့ခြင်း ဖြစ်၏။

အတိတ်တုန်းကဆိုလျှင် သူတို့ထိုမျှပမာဏကို စိတ်ကူးကြည့်မိမှာတောင် မဟုတ်ပေ။

ထိုအကြောင်းတွေးမိသောအခါ ချင်းယွင်ကျိ အကူအညီမဲ့စွာသာ ခေါင်းခါလိုက်မိသည်။

“ကောင်းပြီ မင်းပဲဦးဆောင်ပြီးလုပ်လိုက်တော့”

နောက်ဆုံးတွင် ထိုစိတ်ဝိညာဉ်ကျောက်တုံးများသည် ကျန်းယန် ရှာပေးခဲ့သော အရာများသာဖြစ်၏။ တကယ်လို့ သူတို့အစီအစဉ်မအောင်မြင်ခဲ့လျှင်တောင် အများဆုံးမှ ဂိုဏ်းသည် အရင်အခြေအနေသို့ ပြန်ရောက်သွားရုံသာ ရှိပေသည်။

“အရင်က ပြောထားသလိုပဲ ငါတို့အကူအညီလိုရင်တော့ လာရှာလှည့်” ချင်းယွင်ကျိ လေးလေးနက်နက်ပြောလိုက်၏။

သူ့တွင်လည်း ပိုကောင်းသောအစီအစဉ်မရှိသောကြောင့် ကျန်းယန် အစီအစဉ်ကိုလက်ခံလိုက်ရုံသာ ရှ်ိသည်။

“ငါတို့ရောပဲ တစ်ခုခုလိုအပ်တာရှိရင် ငါတို့ကိုသာပြောလိုက်”

အခြားခြောက်ယောက်လည်း ၀င်ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ညီမလေးကတော့ ဘာလုပ်ပေးနိုင်မလဲမသိဘူး” စစ်ထူမင်ယွဲ့ ကျန်းယန်ကိုစိတ်၀င်တစားကြည့်ကာ ပြောလိုက်လေသည်။

လူငယ်တစ်ယောက်အနေနှင့် သူမကကျန်းယန်၏အကြံကို အကြီးများထက်ပိုပြီး သဘောကျ၏။

ထို့အပြင် ထိုအကြံထုတ်နုိင်ခဲ့‌‌ေသာ သူမစီနီယာအစ်ကိုကြီးကိုလည်း အလွန်လေးစားအားကျနေခဲ့မိသည်။

နောက်ဆုံးတွင် သူမတို့မိသားစုတွင် နှစ်ရာချီကျင့်သုံးလာသော စီးပွားရေးနည်းစနစ်များကိုပင် သူ့အစ်ကိုကြီးက ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သူဖြစ်ပြီး ထိုဂိုဏ်းများ၏ နည်းလမ်းများကို ပြောင်းပြန်လှန်ပစ်ဖို့ဆိုတာကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပေ။

“အခုတော့ ငါတို့မှာရှိထားတဲ့ အရင်းအမြစ်တွေကို ဘဏ္ဍာတိုက်ထဲအရင်ထည့်သိမ်းထားရမယ်” ကျန်းယန် ချင်းယွင်ကျိကိုကြည့်လိုက်ကာ

“ဆရာ ဒီအရင်းအမြစ်တွေကို ဘဏ္ဍာတိုက်ထဲသွားသိမ်းထားရအောင် အို့ ဟုတ်သားပဲ ဂျူနီယာညီမလေးလည်း ငါတို့နဲ့လိုက်ခဲ့ အခုကစပြီးဂိုဏ်းရဲ့ငွေစာရင်းတွေကို ညီမလေးပဲ စီမံရတော့မှာ”

ပိုင်ယွင်ကျိလို ဂိုဏ်းကိုဒေဝါလီခံရလုနီးနီးဖြစ်စေခဲ့သောသူကို ဂိုဏ်းငွေစာရင်းများအတွက် ဆက်တာ၀န်ယူခိုင်းလို့တော့ မဖြစ်တော့ပေ။

လူတိုင်းပိုင်ယွင်ကျိကို အလိုလိုကြည့်လိုက်မိကြသည်။ သူမ နှုတ်ခမ်းကိုတင်းတင်းစေ့ထားခဲ့သော်လည်း ဘာမှတော့ မပြောခဲ့ပေ။

ချင်းယွင်ကျိလည်း သိုလှောင်လက်စွပ်များကိုယူကာ ကျန်းယန်တို့ကို ဂိုဏ်း၏ ဘာမှမရှိလုနီးနီးဖြစ်သော ဘဏ္ဍာတိုက်ထဲခေါ်လာခဲ့၏။ ထို့နောက် သူတို့အရင်းအမြစ်များအားလုံးကို ထိုအခန်းထဲထည့်ထားလိုက်လေသည်။

ဘဏ္ဍာတိုက်ထဲတွင် သန်းနှင့်ချီသောစိတ်ဝိညာဉ်ကျောက်တုံးများ မရေတွက်နိုင်သော ဆေးများ သတ္တုများဖြင့် ပြည့်နေသည်ကို မြင်ရသောအခါ ချင်းယွင်ကျိရင်ထဲခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့ရ၏။

ဟိုအရင်အချိန်များတုန်းက ဒီအခန်းထဲတွင် ထိပ်တန်းအဆင့်‌စိတ်ဝိညာဉ်ကျောက်တုံးများ ‌ရှားပါးအဆင့်မြင့်ဆေးပင်များ အဆင့်မြင့်သတ္တုများဖြင့် ပြည့်နှက်နေခဲ့ဖူးသည်။

အခုတော့ ဒီအထဲတွင်ရှိသမျှက သာမန်အရာများသာဖြစ်နေခဲ့၏။

“ဆရာ နတ်ဝိညာဉ်အဆင့်နဲ့အထက် ဆေးတွေအားလုံးကို ယူလိုက် အဲ့ဒီထဲကတစ်၀က်ကို ဆရာဦးလေးတွေကိုခွဲပေးရမယ် ကျန်တာကိုတော့ ဆရာယူထားလိုက်”

“ဂျူနီယာညီမလေး ဒီသိုလှောင်လက်စွပ် ၈ ကွင်းက နင်နဲ့ငါသုံးနေတဲ့သိုလှောင်လက်စွပ်တွေထက်ကြီးတာသေချာတယ် တစ်ကွင်းယူလိုက် ပြီးရင် စိတ်ဝိညာဉ်ကျောက်တုံး သန်း၃၀ ‌အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ရွှေအမြုတေအဆင့်ဆေး ၂၀၀၀ ရောယူထားလိုက် အဲ့တာတွေကို ဂိုဏ်းရဲ့အပြင်စည်းတပည့်တွေအတွက် အသုံးပြုရမယ် လက်ရှိတော့ အဲ့လောက်ပဲ ဂိုဏ်းရဲ့အရင်းအမြစ်တွေကို မလိုအပ်ရင် မထိသေးဘူး”

စစ်ထူမင်ယွဲ့ ကျန်းယန်၏ညွှန်ကြားချက်အတိုင်း ထိုပစ္စည်းများကိုသိုလှောင်လက်စွပ်ထဲထည့်သိမ်းထားထားလိုက်လေသည်။

ကျန်းယန်ကိုယ်တိုင်လည်း သိုလှောင်လက်စွပ်ထဲ စိတ်ဝိညာဉ်ကျောက်တုံး ၁၀သန်းနှင့် ဆေးလုံး ၁၀၀၀ ထည့်ကာ ယူလာခဲ့၏။

“ဆရာ ဂိုဏ်းရဲ့ အကာအကွယ်၀င်္ကပါထဲ စိတ်ဝိညာဉ်ကျောက်တုံး သန်း ၂၀ထပ်ထည့်ထားလိုက် ဒါဆိုကျွန်တော်တို့ အချိန်တိုအတွင်းတော့ သူ့ကိုထိန်းသိမ်းစရာလိုဦးမှာမဟုတ်ဘူး နောက်ပိုင်းကျ ကျွန်တော်ဆရာ့အကူအညီလိုတဲ့ ကိစ္စလေးအချို့ ရှိနေသေးတယ်”

ချင်းယွင်ကျိ တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတော့ စိတ်ဝိညာဉ်ကျောက်တုံး သန်း ၂၀ ယူထားလိုက်လေသည်။

တကယ်တော့ သူအဲ့လောက်စိတ်ဝိညာဉ်ကျောက်တုံးအများကြီးမလိုဘူးဟု ခံစားနေခဲ့ရ၏။ သို့သော်လည်း ကျန်းယန်က ကိစ္စကြီးတစ်ခုစီစဉ်ထားပုံပေါ်သောကြောင့် ထိုအချိန်ရောက်လျှင် သူအဇူရာမဟာတိမ်၀င်္ကပါကို အနီးကပ် မကြည့်ရှုနိုင်တော့မှာစိုးတာကြောင့်သာ လုံခြုံရေးအတွက် ယူထားလိုက်ခြင်းဖြစ်သည်။

ထို့နောက် သူတို့သုံးယောက် ဘဏ္ဍာတိုက်ထဲမှ ထွက်လာခဲ့ကြ၏။

အပြင်သို့ရောက်သောအခါ ကျန်းယန် ချင်းယွင်ကျိကို ကျမ်းစာတိုက်ထဲခေါ်လာခဲ့ပြန်သည်။

“ဆရာ ဒီကျင့်စဉ်တွေကိုတစ်ချက်ကြည့်လိုက် ဒါတွေက အခြေခံအကျဆုံးနဲ့ လူတွေအုတ်မြစ်တည်ဆောက်တဲ့အခါသုံးဖို့အတွက် အသင့်တော်ဆုံး ကျင့်စဉ်တွေပဲ”

“မင်းတကယ်ကြီး ဂိုဏ်းရဲ့ကျင့်စဉ်တွေကို လူတိုင်းလက်ထဲဖြန့်တော့မှာလား” ချင်းယွင်ကျိ ဝေခွဲမရဖြစ်နေဟန်ဖြင့် မေးလိုက်၏။

“တကယ်လို့ ကျွန်တော်တို့ကဒီဟာတွေကိုဖြန့်ပေးဖို့ ဆန္ဒမရှိရင် အချိန်တစ်ခုရောက်လာတဲ့အခါ ဒီအရာတွေအားလုံးကို ပေးကိုပေးလိုက်ရလိမ့်မယ်” ကျန်းယန်ဖြေလိုက်သည်။

“.....ကောင်းပါပြီ” ချင်းယွင်ကျိ ခါးသက်သက်သာပြုံးလိုက်ပြီး တမလွန်တွင်တွေ့ဆုံရပါက ဘိုးဘေးများသူ့ကိုမဆူဖို့သာ မျှော်လင့်နေခဲ့၏။

“ဒီသက်ရှည်ပညာရပ်က လူအများစုအတွက် စပြီးကျင့်ကြံဖို့ သင့်တော်တယ် ပါရမီနည်းနည်းပဲရှိတဲ့လူတောင် ဒီကျင့်စဉ်ကို ကျင့်ကြံနိုင်လိမ့်မယ် ပြီးတော့ မြေထုပညာရပ်ရောပဲ အို့ ပြီးတော့ ဒီတစ်ခုနဲ့ ဒီတစ်ခု…”

“ဒီလောက်ဆိုလုံလောက်ပါပြီဆရာ ဒီလောက်ပမာဏဆိုများတောင်များနေပြီ”

ကျန်းယန် ကျောက်စိမ်းပြားတစ်ပြားကိုထုတ်ကာ ထိုကျင့်စဉ်များကို ကူးယူလိုက်ပြီး ကျင့်စဉ်တစ်ခုချင်းစီတုိင်းကို ဒါဇင်နှင့်ချီသော မိတ္တူများပွားလိုက်လေသည်။

“ဟုတ်ပြီ အားလုံးအဆင်သင့်ဖြစ်သွားပြီ ကျွန်တော်တော့ အလုပ်ရှုပ်တော့မှာပဲ အို့ ဟုတ်သားပဲ ဟိုကျင့်ကြံဖို့နေရာကိုတော့ ကျွန်တော်ဒါတွေပြီးမှ လာနိုင်တော့မယ်”

ချင်းယွင်ကျိ လက်ကာပြလိုက်ပြီး သူနားလည်ကြောင်း အချက်ပြလိုက်၏။

ကျန်းယန် အလွန်အလုပ်ရှုပ်နေသည်ကိုတွေ့သောအခါ သူဘာမှထပ်ပြောမနေတော့ပေ။

ဤသို့ဖြင့် အဇူရာတိမ်ဂိုဏ်းက နောက်တစ်ကြိမ်စည်ကားလာခဲ့ပြန်လေသည်။

All Chapters