← Chapters

အခန်း (၁၀၄)

Vol. 9 Ch. 104

အခန်း (၁၀၄)

Vol. 9 Ch. 104

ကောင်းကင်ယံမှကြယ်များလို ပြန့်ကြဲနေသော

ကျန်းယန် ချင်းယွင်ကျိ ပြသနေသော ပုံရိပ်များကိုကြည့်နေရင်း စာရွက်တစ်ထပ်ထုတ်ကာ တိတ်တဆိတ် မှတ်တမ်းတင်နေခဲ့သည်။

လျှို့ဝှက်နယ်မြေထဲတွင်

အဖွဲ့သုံးဖွဲ့ လျှို့ဝှက်နယ်မြေထဲ ရောက်ရှိလာခဲ့ပြီးနောက် တစ်ဖွဲ့ချင်းစီတိုင်းက ခပ်ကြောင်ကြောင်ဖြစ်နေခဲ့ကြ၏။

သူတို့သည် ဤနေရာတွင် ကောင်းကင်နှင့်မြေပြင်ရတနာများကို ရှရဦးမည်ဖြစ်သလို အခြားအဖွဲ့၏ အမှတ်အသား တံဆိပ်ပြားများကိုလည်း သိမ်းပိုက်ရဦးမည် ဖြစ်သည်။သူတို့တွင် အခုလိုအတွေ့အကြုံတစ်ခါမှ မရှိဖူးသောကြောင့် အားလုံး ဘာလုပ်ရမယ်မသိ ဖြစ်နေခဲ့ကြ၏။

သို့သော်လည်း ထိုထဲမှ အချို့သူများသည် မွေးရာပါခေါင်းဆောင်နိုင်စွမ်းရှိကြသူများ ဖြစ်ကြသည်။

ထိုသို့သော အခြေအနေတွင် လူတစ်ချို့ရှေ့ထွက်လာခဲ့ကြပြီး သူတို့လူများကို စတင်စီမံလေတော့၏။

ထိုထဲမှ အချို့က အကြံဉာဏ်ကောင်းများပေးရာတွင်တော်ကြကာအစီအစဉ်များ ချနိုင်ကြသည်။

အခြားသူများကတော့ အလိုလိုနေရင်း အမိန့်နာခံရသူများအဖြစ်သို့ ရောက်ရှိသွားခဲ့ကြ၏။

မကြာခင်တွင် အဖွဲ့သုံးဖွဲ့စလုံးက သူတို့ပတ်၀န်းကျင်တွင် ကောင်းကင်နှင့်မြေပြင်ရတနာများရှာရန် ကင်းထောက်များလွှတ်လိုက်ကြပြီး အခြားအဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်ရမည့် ရန်အတွက်လည်း ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။

“ကောင်စုတ်လေး သူတို့စတိုက်ခိုက်နေပြီ မင်းရောဝင်မသွားဘူးလား” ချင်းယွင်ကျိ မေးလိုက်၏။

ကျန်းယန် ပုံရိပ်များကိုသာကြည့်နေရင်း ခေါင်းပင်လှည့်မလာဘဲ ပြန်ဖြေလိုက်သည်။

“ကျွန်တော်က သူတို့ကိုတိုက်ခိုက်စေချင်တာ တိုက်ခိုက်ခြင်းကပဲ သူတို့ကိုတိုးတက်လာစေနိုင်မှာ ဆရာ ကျွန်တော်သူတို့ရဲ့စရိုက်ကို အနည်းနဲ့အများတော့ နားလည်နေပြီ အခု သူတို့ကြားထဲ မိစ္ဆာသားရဲနည်းနည်းလောက်ပစ်ထည့်ပေးလိုက် သူတို့ဘယ်လိုကိုင်တွယ်ကြမလဲ ကြည့်ကြတာပေါ့”

ချင်းယွင်ကျိ ခေါင်းကိုသာအသာအယာယမ်းလိုက်မိသည်။ ဟိုအရင်နေ့ရက်များတုန်းက သူ့ဂျူနီယာများကို လေ့ကျင့်ပေးခဲ့စဉ်တွင် သူထိုကဲ့သို့ တစ်ခါမှ ရက်ရက်စက်စက်မလုပ်ခဲ့ဖူးပေ။

ဒီကလေးကတော့ စီနီယာအစ်ကိုကြီးဟူသောရာထူးကိုကောင်းကောင်းကြီး အသုံးချ၍ လုပ်ချင်တိုင်း လုပ်နေခဲ့၏။

သူထိုသို့တွေးမိလိုက်သော်လည်း ကျန်းယန်ခိုင်းသည့်အတိုင်းသာ လိုက်လုပ်လိုက်သည်။

သူ့ထိန်းချုပ်မှုအောက်တွင် သားရဲများက ရုတ်တရက်ဆိုသလို တိုက်ပွဲကွင်းပြင်ရှိရာသို့ အရပ်မျက်နှာအသီးသီးမှ စုဝေးလာခဲ့ကြ၏။

မကြာခင်တွင် သူတို့အသက်အန္တရာယ်ရှိလာသောကြောင့် ချင်းယွင်ကျိ တပည့်အများအပြားကို လျှို့ဝှက်နယ်မြေထဲမှ ဆွဲထုတ်ခဲ့ရလေသည်။

လူသစ်ရွှေအမြုတေအဆင့်လေးတစ်အုပ်က များစွာသောသားရဲများကို မည်သို့ရင်ဆိုင်နိုင်ပါမည်နည်း။

လူတိုင်းဆွဲထုတ်ခံရပြီးသောအခါ ထိုတပည့်များ ကျန်းယန်ကသူတို့ရှေ့တွင်ရပ်ကာ သူတို့ကို အလွန်အမင်းစိတ်မကျေနပ်ဟန်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူတို့အားလုံး အမှားလုပ်မိသလို ခံစားလိုက်ရသည်။

သူတို့သည် အချင်းချင်း အဆင်ပြေပြေတိုက်ခိုက်နေခဲ့ခြင်းဖြစ်သော်လည်း ရုတ်တရက် ပေါ်လာသော သားရဲအုပ်ကြီးကိုတော့ ဘယ်လိုမှ ရင်မဆိုင်နိုင်ခဲ့ပေ။

“မင်းတို့ရဲ့စွမ်းဆောင်ရည်က ငါ့ကိုအတော်လေးစိတ်ပျက်စေခဲ့တယ်” ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“ငါကမင်းတို့ကို မတူညီတဲ့တာ၀န်တွေပေးထားပေမယ့် မင်းတို့သိထားရမှာက မင်းတို့အားလုံးက တစ်ဂိုဏ်းတည်းသားတွေဆိုတာပဲ တကယ့်အန္တရာယ်နဲ့ကြုံလာရတဲ့အခါ မင်းတို့က ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပြီးတိုက်ခိုက်ကြရမှာ!

တကယ်လို့ မင်းတို့က မင်းတို့နောက်ကျောက ညီအစ်ကိုမောင်နှမတွေကိုတောင် မယုံကြည်နိုင်ရင် တစ်ဖက်ကရန်သူတွေကို ဘယ်လိုတိုက်ခိုက်နိုင်တော့မှာလဲ

အဲ့တာကြောင့် မိစ္ဆာသားရဲတွေနဲ့ရင်ဆိုင်နေရတုန်း ဂိုဏ်းသားအချင်းချင်း ချောင်းမြောင်းတိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့တပည့်တွေ မင်းတို့ကိုယ်မင်းတို့မှန်တာလုပ်ခဲ့တယ်လို့ ထင်လား လုပ်ခဲ့တဲ့သူတွေ ကိုယ့်ကိုကိုယ်သိလိမ့်မယ်လို့ ငါထင်တယ် အဲ့တာကြောင့်ငါဒီတစ်ခေါက်တော့ မင်းတို့ကိုမျက်နှာသာပေးတဲ့အနေနဲ့ မင်းတို့နာမည်တွေကို ထုတ်မပြောတော့ဘူး

အဲ့ဒီလိုအပြုအမူမျိုးက လုံး၀ကိုခွင့်လွှတ်လို့မရတဲ့ အပြုအမူမျိုးပဲ!

မင်းတို့ကို သတိပေးပါရစေ တကယ်လို့ တစ်ယောက်ယောက်က အဲ့ဒီလိုအပြုအမူမျိုးထပ်လုပ်မယ်ဆိုရင် ငါ့ကိုရက်စက်လို့ အပြစ်မတင်ကြနဲ့”

လူအုပ်ထဲမှ လူအများအပြားရှက်ရွံ့မှုကြောင့် ခေါင်းငုံ့ထားခဲ့ကြ၏။

ရှင်းလင်းစွာပင် ထိုသူများသည်သူတို့တာ၀န်ပြီးမြောက်ဖို့သာ ဂရုစိုက်ခဲ့ပြီး ရဲဘော်ရဲဘက်များကို လျစ်လျူရှုခဲ့ကြသူများ ဖြစ်ကြသည်။

“ကောင်းပြီ အခုငါမင်းတို့ကို တကယ့်တာ၀န်အစစ်‌တွေပေးမယ်!” ကျန်းယန်သူ့ရှေ့က တပည့် ၉၀ ကိုကြည့်ကာ ပြောလိုက်၏။

“ကျန်းချန်းရှန် မင်းက အပြာရောင်၀တ်အဖွဲ့ကိုဦးဆောင် အပြာ၀တ်တပည့် သုံးဆယ်နဲ့ အဇူရာတိမ်ဂိုဏ်းအပြာ၀တ်အဖွဲ့ကို ဖွဲ့စည်း

မင်းတို့ရဲ့တာ၀န်က အဇူရာတိမ်ဂိုဏ်းရဲ့မြောက်ဘက်ကိုသွား ရွာတိုင်းကို၀င်ပြီး စတင်ကျင့်ကြံနိုင်တဲ့သူမှန်သမျှကို ခေါ်ခဲ့ သူတို့ကို ဂိုဏ်းတပည့်အဖြစ်လက်ခံပြီး မင်းတို့ရဲ့ဂျူနီယာညီလေး ညီမလေးတွေအဖြစ် သတ်မှတ်ရမယ် အခုကစပြီး သူတို့က မင်းရဲ့အမိန့်အောက်မှာ ရှိလိမ့်မယ်

မင်းတို့ကသူတို့ကို နေ့စဉ်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို သင်ကြားပေးရမယ် အဇူရာတိမ်ဂိုဏ်းရဲ့သမိုင်းကြောင်းကိုလေ့လာတာနဲ့ တာ၀န်တွေအကြောင်းရောပဲ မင်းရဲ့အဖွဲ့ကို ဖြန့်ကျက်တော့

အဇူရာတိမ်ဂိုဏ်း အပြာရောင်အဖွဲ့ ဘယ်လောက်သန်မာလဲဆိုတာက မင်းတို့လူဘယ်နှစ်ယောက်ခန့်အပ်နိုင်ခဲ့လဲ ဆိုတာပေါ် မူတည်နေတယ်

နားလည်လား”

“ နားလည်ပါပြီ အစ်ကိုကြီး” ကျန်းချန်းရှန် ခပ်ကျယ်ကျယ်အော်ပြောလိုက်၏။

ကျန်းယန် ခေါင်းညိတ်ပြလိုက်သည်။

“ဂျူနီယာညီမလေး ချောင်ယင်ကို မင်းရဲ့လက်ထောက်အဖြစ် သတ်မှတ်လိုက်မယ် သူကမြင့်မြတ်မိသားစုတစ်ခုကလာခဲ့တာ သူ့ဆီမှာ မင်းသင်ယူစရာတွေအများကြီးရှိတယ် မင်းတို့အဖွဲ့က သိုလှောင်လက်စွပ်နှစ်ကွင်းရမယ် အဲ့တာတွေကို ဘယ်လိုစီမံမလဲဆိုတာ မင်းဆုံးဖြတ်နိုင်တယ်

သိုလှောင်လက်စွပ်ထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး ၁ သန်းနဲ့ ဆေးလုံး ၃၀၀ ပါမယ် အဲ့တာတွေက မင်းတို့ရဲ့ လက်ရှိအရင်းအမြစ်ပဲ

အဲ့တာတွေကုန်သွားရင် မင်းတို့အဓိပ္ပာယ်ရှိတာတစ်ခုခုလုပ်နိုင်‌ေနဖို့ ငါမျှော်လင့်ပါတယ်”

“ဟုတ်ကဲ့ပါ” ကျန်းချန်းရှန် တုန့်ပြန်လိုက်ပြီး မေးလိုက်၏။

“စီနီယာအစ်ကိုကြီး ကျွန်တော်တို့ အဲ့ဒီရွာသားတွေကို ကျင့်စဉ်တွေရော သင်ပေးလို့ရလား”

ကျန်းယန်ပြုံးလိုက်သည်။

“လွန်ခဲ့တဲ့နှစ်၀က်တုန်းက ငါသူတို့ကို ကျင့်စဉ်တွေသင်ပေးပြီးပြီ လက်ရှိအခြေအနေက သူတို့ အုတ်မြစ်တည်ဆောက်နိုင် မဆောက်နိုင်ကြည့်ပြီး အဖွဲ့ထဲခေါ်လာဖို့ပဲ ဒါပေမယ့် တစ်ခုမှတ်ထား မင်းတို့ဘယ်သူမှ ရွာသားတွေကိုအနိုင်ကျင့်လို့မရဘူး တကယ်လို့ တစ်ယောက်ယောက်က ရွာသွားတွေကိုအနိုင်ကျင့်ခဲ့ရင် အနိမ့်ဆုံးအပြစ်ဒဏ်က ဂိုဏ်းကအထုတ်ခံရတာပဲ အဆိုးဆုံးကတော့….သေခြင်း!”

“ကျွန်တော်တို့မလုပ်ပါဘူး လုံး၀မလုပ်ဘူး” ကျန်းချန်းရှန် အမြန်ပြန်ပြောလိုက်၏။

“ကောင်းတယ် သွားကြတော့”

ကျန်းချန်းရှန်လည်း သူ့အဖွဲ့ကိုခေါ်ကာ တောင်အောက်ဆီဆင်းသွားခဲ့လေသည်။

တောင်အောက်ရောက်သည်နှင့် သူ့အဖွဲ့က ရွှေအမြုတေအဆင့်များကို မြောက်ဘက်ဆီပျံသန်းဖို့ ညွှန်ကြားလိုက်၏။

အဖွဲ့ထဲတွင် မပျံသန်းနိုင်သေးသူများ ရှိနေသေးသောကြောင့် ပျံသန်းနိုင်သူများက အနီးနားကရွာများတွင် အရင်တပည့်လက်ခံထားနိုင်ဖို့ လိုပေသည်။

“၀မ်ပေ့လဲ့ မင်းက အနီရောင်၀တ်အဖွဲ့ကိုဦးဆောင်ပြီး တောင်ဘက်ကိုသွားရမယ်” ကျန်းယန် ဆက်ပြောလိုက်၏။

“မင်းတာ၀န်က ကျန်းချန်းရှန်နဲ့အတူတူပဲ ငါထပ်မပြောတော့ဘူး မင်းလည်း သူတို့လိုပဲ တူညီတဲ့အရင်းအမြစ်ပမာဏ ရလိမ့်မယ် မင်းလက်ထောက်အဖြစ် လီအာကိုခန့်လိုက်မယ်

လီအာက အတွေ့အကြုံနည်းပေမယ့် တောထဲမှာကြီးလာတဲ့သူဆိုတော့ သူ့စွမ်းဆောင်ရည်တွေက အဲ့ဒီနေရာမှာ အများကြီးအသုံး၀င်လိမ့်မယ်”

“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး” ၀မ်ပေ့လဲ့ ပြန်ပြောလိုက်ပြီးနောက် သူ့အဖွဲ့နှင့်အတူ ထွက်ခွာသွားခဲ့၏။

ထို့နောက် ကျန်းယန် အဝါ၀တ်အဖွဲ့ကို ကြည့်လိုက်သည်။ ရှေ့ဆုံးက အမျိုးသမီးကိုမြင်သောအခါ သူပြုံးပြလိုက်ပြီး

“ဂျူနီယာညီမလေးလျန်ယိ အဝါ၀တ်အဖွဲ့ကို နင့်လက်ထဲထည့်လိုက်မယ်”

“စီနီယာအစ်ကိုကြီး စိတ်မပူပါနဲ့ ကျွန်မတို့ဘာပြဿနာမှမဖြစ်စေရဘူး” လျန်ယိ လက်သီးဆုပ်ကာ ပြောလိုက်သည်။

သူမသည် အမျိုးသမီးဖြစ်သော်လည်း သူမကိုယ်မှ ရဲစွမ်းသတ္တိရှိသော အရှိန်အဝါမျိုး ထွက်ပေါ်နေခဲ့၏။ သူမသည် ဆံပင်များကို ခပ်တင်းတင်းစုစည်းထားခဲ့ကာ ခပ်တိုတို လေ့ကျင့်ရေး၀တ်စုံကို၀တ်ဆင်ထားသောကြောင့် သူမပုံစံက အတော်လေးအရည်အချင်းရှိသော လူတစ်ယောက်ပုံစံ ပေါက်နေခဲ့သည်။

ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။

“နင်က အဇူရာတိမ်ဂိုဏ်းရဲ့ အနောက်ဘက်ကိုသွားရမယ် အရင်းအမြစ်ကတော့ အခြားသူတွေနဲ့ အတူတူပဲရမယ် ထူးတာတစ်ခုကတော့ ရှန်ကျွင်းဟောင်နဲ့ မေချိုးလျန် ကိုနင့်ကိုကူညီပြီး ပြဿနာတွေကိုဖြေရှင်းပေးဖို့ လက်ထောက်အဖြစ် ခန့်အပ်လိုက်မယ်”

“ကျေးဇူးပါစီနီယာအစ်ကိုကြီး” လျန်ယိပြောလိုက်သည်။

“တကယ်လို့ အခြားပြောစရာမရှိတော့ရင် ကျွန်မတို့သွားပါတော့မယ်”

“သွားတော့”

ကျန်းယန် လက်ကာပြလိုက်ကာ ထိုအဖွဲ့ထွက်ခွာသွားသည်ကို ကြည့်ရှုနေခဲ့၏။

တခဏအတွင်း အဇူရာတိမ်ဂိုဏ်း၌ သူလက်တစ်ဆုပ်သာ ကျန်ရစ်‌ခဲ့တော့သည်။

ဂိုဏ်းသည် အရင်တုန်းကလို ပြန်လည်ငြိမ်သက်သွားခဲ့ပြီး အနည်းငယ်ထူးဆန်းနေသလိုပင် ခံစားလိုက်ရ၏။

“စီနီယာ အစ်ကိုကြီး သူတို့အားလုံးဘာလို့ထွက်သွားကြတာလဲ” စစ်ထူမင်ယွဲ့ ရောက်လာကာ မေးလိုက်လေသည်။

ကျန်းယန် ခပ်ဟဟရယ်မောလိုက်ပြီး

“သူတို့က အပြင်ထွက်ပြီး ဂိုဏ်းရဲ့ခွန်အားကို‌တိုးမြှင့်ပေးဖို့ ထွက်သွားကြတာ မကြာခင် အဇူရာတိမ်ဂိုဏ်းမှာ လူတွေပိုများလာတော့မယ် ဂျူနီယာညီမလေး နင်လည်း ထွက်သွားရမယ်”

“ညီမလေးရောလား” စစ်ထူမင်ယွဲ့ ကြောင်သွားခဲ့၏။

ကျန်းယန် အသာအယာခေါင်းညိတ်ပြလိုက်ပြီး

“အဇူရာတိမ်မြို့က မိုးပြာလမင်းကုန်သွယ်သမဂ္ဂက လည်ပတ်နေတာ တစ်နှစ်ရှိသွားပြီ သူ့စီးပွားရေးက ပြည့်စုံနေပြီလို့ပြောလို့ရတယ်

အခုက မိုးပြာလမင်းကုန်သွယ်သမဂ္ဂအတွက် ဆိုင်ခွဲတွေဖွင့်ဖို့အချိန်ပဲ

နင့်ရဲ့တာ၀န်က ယွင်ထန့်အင်ပါယာကိုသွားပြီး ဒီကိစ္စကိုစီစဉ်ဖို့ပဲ ဦးလေးချင်လည်းနင့်ကိုအဖော်ပြုပေးလိမ့်မယ်”

နတ်ဝိညာဉ်အဆင့်တစ်ယောက်က သူမကိုအဖော်ပြုပေးနေမည်ဖြစ်သောကြောင့် ဘာမှမှားသွားစရာတော့ မရှိပေ။

‌စစ်ထူမင်ယွဲ့ ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပါပြီ ဒါဆိုလည်း ယွင်ထန့်အင်ပါယာကိုတစ်ခေါက်လောက် ပြန်သွားကြတာပေါ့”

သူမသည် အိမ်ကထွက်လာတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သောကြောင့် အိမ်ပြန်ကာ သူမအမေဆီသွားလည်ချင်နေခဲ့သည်။

သူတို့စီးပွားရေးပုံစံအသစ်များကို အိမ်ယူသွားကာ မိုးပြာလမင်းကုန်သွယ်သမဂ္ဂ၏ အလားအလာကိုပြ၍ သူ့အဖေနှင့်ယှဉ်ပြိုင်ဖို့လည်း သူစီစဉ်ထားခဲ့၏။

ချင်းယွင်ကျိ သက်ပြင်းချလိုက်လေသည်။

“လူတိုင်း ထွက်သွားပြီ…”

“ဆရာ သူတို့မကြာခင်ပြန်လာမှာပါ” ကျန်းယန်ပြုံးကာ ပြောလိုက်၏။

“သူတို့တင်မဟုတ်ဘူး ကျွန်တော်လည်း ထွက်သွားဖို့လိုသေးတယ်”

ချင်းယွင်ကျိ သူ့ဘက်လှည့်လာကာ

“မင်းရော ထွက်သွားဖို့လား”

“ကျွန်တော် တိမ်တောင်အင်ပါယာကိုတစ်ခေါက်လောက်သွားဖို့ စီစဉ်ထားတယ်” ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။

“အဇူရာတိမ်ကုန်းမြေတိုက်ကြီးက အခြားဂိုဏ်းတွေက သိပ်ကိစ္စမရှိပေမယ့် တိမ်တောင်အင်ပါယာနဲ့ယွင်ထန့်အင်ပါယာကိုတော့ သေချာကိုင်တွယ်ရမယ်

သူတို့ အင်ပါယာတွေမှာက လူဦးရေ သန်းရာနဲ့ချီပြီးရှိနေတာ အဲ့ဒီလူတွေက အဇူရာတိမ်ဂိုဏ်းအတွက် အရေးအပါဆုံးအရင်းအမြစ်တွေပဲ ပြောရရင် အနာဂတ်မှာ ကျွန်တော်တို့ဘယ်လောက်သန်မာလာမလဲဆိုတာက သူတို့ပေါ် မူတည်နေတယ်

ဂျူနီယာညီမလေးက ယွင်ထန့်အင်ပါယာကိုသွားပြီဆိုတော့ ကျွန်တော်က တိမ်တောင်အင်ပါယာကိုသွားမှဖြစ်မယ်”

“မင်းတစ်ယောက်တည်းသွားဖို့က အန္တရာယ်များလွန်းတယ်” ချင်းယွင်ကျိ မျက်မှောင်ခပ်တင်းတင်းကြုံ့ကာ ပြောလိုက်သည်။

ကျန်းယန်ပြုံးလိုက်ကာ

“ဆရာ ကျွန်တော်ကရွှေအမြုတေအဆင့်ပဲရှိသေးတာဆိုပေမယ့် စိတ်ဝိညာဉ်ရတနာတွေအများကြီးကိုင်ဆောင်နိုင်တဲ့ ကျွန်တော့်ခွန်အားက မသေးလှပါဘူး အချိန်သုံးနှစ်မှာ နှစ်၀က်ကုန်သွားပြီ ကျွန်တော်တို့မှာ အချိန်နှစ်နှစ်ခွဲပဲကျန်တော့တာ ကျွန်တော်တို့ အရှိန်တင်မှရမယ် စိတ်မပူပါနဲ့ ကျွန်တော်မကြာခင် ပြန်လာမှာပါ”

ချင်းယွင်ကျိ သူ့ကိုကြည့်လိုက်ကာ ကျောက်စိမ်းပြားတစ်ပြားပစ်ပေးလိုက်၏။

“အန္တရာယ်နဲ့ကြုံရရင် အဲ့တာကိုချေမွလိုက်”

“ကျေးဇူးတင်ပါတယ်ဆရာ” ကျန်းယန် ကျောက်စိမ်းပြားကိုသိမ်းကာ ဦးညွတ်အရိုအသေပေးလိုက်ပြီး တိမ်တောင်အင်ပါယာဆီ ထွက်ခွာလာခဲ့လေသည်။

ချင်းယွင်ကျိ ပျောက်ကွယ်သွားသော ကျန်းယန်ပုံရိပ်ကိုကြည့်နေရင်း အတန်ကြာအောင် တိတ်ဆိတ်နေခဲ့၏။

ထိုစဉ် လင်းယွင်ကျိသူ့ဘေးတွင်ပေါ်လာပြီး ပြောလိုက်သည်။

“ကျွန်တော်လိုက်သွားရင် ပိုဘေးကင်းလိမ့်မယ်ထင်တယ် မဟုတ်ရင် တစ်ယောက်ယောက်ကသူ့ကိုသတ်ဖို့ကြိုးစားနိုင်တယ်”

“မင်းလည်း တာအိုပေါင်းစည်းခြင်းအဆင့်ကိုချိုးဖြတ်ဖို့ လိုနေသေးတာပဲလေ” ချင်းယွင်ကျိ သက်ပြင်းချလိုက်၏။

အဇူရာတိမ်ဂိုဏ်းထဲရှိလူတိုင်း၏ပုခုံးပေါ်တွင် လေးလံလွန်းသော၀န်ထုပ်၀န်ပိုးကြီးများသယ်ဆောင်ထားရမှန်း သူနားလည်သွားခဲ့ရသည်။

လင်းယွင်ကျိပြုံးလိုက်၏။

“ကျန်းယန်ကကျွန်တော်တို့အတွက် အရေးအကြီးဆုံးပါပဲ သူမရှိရင် အဇူရာတိမ်ဂိုဏ်းက လက်ရှိအခြေအနေကိုပြန်ရောက်ဖို့ ဘယ်လောက်စောင့်ရဦးမှာလဲ ဘယ်သူသိမှာလဲ ကျွန်တော့်အဆင့်ချိုးဖြတ်တာကတော့ အောင်မြင်ရင်တော့ ကောင်းတာပေါ့ ဒါပေမယ့် ကျရှုံးရင်လည်း ကျွန်တော်သေဆုံးသွားရုံကလွဲ ဘာမှဖြစ်မှာမဟုတ်ပါဘူး”

“မင်း…” ချင်းယွင်ကျိ အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်မိသည်။

လင်းယွင်ကျိ အေးအေးဆေးဆေးပြုံးလိုက်ကာ

“စီနီယာအစ်ကိုကြီး အစ်ကိုကြီးဂိုဏ်းအတွက်ကြိုးစားပေးခဲ့တာ နှစ်ပေါင်းများစွာကြာသွားပါပြီ အခုက ကျွန်တော်တို့ အစ်ကိုကြီးအတွက်တစ်ခုခုပြန်လုပ်ပေးရမယ့် အချိန်ပါပဲ စိတ်မပူပါနဲ့ ကျွန်တော်အဆင်ပြေမှာပါ”

ချင်းယွင်ကျိထွက်ခွာသွားသော သူ့ပုံရိပ်ကိုကြည့်ရင်း ဆုံးဖြတ်ချက်ကြီးတစ်ခု ချလိုက်၏။

“ငါလည်း ကပ်ဘေးဖြတ်ကျော်သင့်တယ်!”

သူသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ၀င်ရောက်ဖို့ အဆင့်မီပါသော်လည်း ကပ်ဘေးမဖြတ်ကျော်ရဲခဲ့ပေ။

ကပ်ဘေး‌ဖြတ်ကျော်ခြင်းက အလွန်အန္တရာယ်များသောကြောင့် ဘယ်သူ့တွင်မှ အောင်မြင်ပါမည်ဟူသော အကြွင်းမဲ့ယုံကြည်ချက်မျိုး မရှိကြပေ။ အကယ်၍ သူသာ ကျရှုံးခဲ့လျှင် အဇူရာတိမ်ဂိုဏ်းက လုံး၀ကပ်ဘေးစိုက်သွားပေလိမ့်မည်။ ထို့ကြောင့်လည်း သူအချိန်ဆွဲနေရင်း တစ်ယောက်ယောက်က သူ့တာ၀န်ကိုယူပေးဖို့အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ထိုမှသာ သူကျရှုံးသွားလျှင်တောင် ဂိုဏ်းကရှင်သန်နိုင်ပေလိမ့်မည်။

သို့သော် အခုတော့ သူ့ဂျူနီယာညီလေးညီမလေးများက တာအိုပေါင်းစည်းခြင်းအဆင့်ကိုချိုးဖြတ်ဖို့ အစွမ်းကုန်ကြိုးစားနေခဲ့ကြကာ လင်းယွင်ကျိဆိုလျှင် လိုအပ်လျှင် သူ့ကိုယ်သူစတေးဖို့အထိပါ ပြင်ဆင်ထားခဲ့၏။ တပည့်များအားလုံးက ပင်ပန်းခက်ခဲစွာ ကြိုးစားနေခဲ့ကြသည်။

ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သူလည်း အချိန်ဆွဲနေ၍မဖြစ်တော့ပေ။

ချင်းယွင်ကျိ လက်သီးကိုခပ်တင်းတင်းဆုပ်လိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်၏။

“ငါကပ်ဘေးဖြတ်ကျော်တော့မယ်! နောက်ပြီး…ဒီအကြိမ်မှာ ငါအောင်ကိုအောင်မြင်ရမယ်!”

All Chapters