အခန်း (၁၀၇)
Vol. 9 Ch. 105
ချင်းယွင်ကျိ၏ကပ်ဘေး
ယွင်ထန့်စိမ့်တော တောင်ဘက်ပိုင်းရှိ မြူခိုးများဖုံးလွှမ်းနေကာ ဆန်းကြယ်သော ပင်လယ်ပြင်ထက် နေရာတစ်ခုတွင်
ချင်းယွင်ကျိ ကောင်းကင်နှင့်မြေပြင်ကြားတွင်ရပ်နေပြီး ကောင်းကင်မိုးကြိုးများက သူ့ကိုယ်ပေါ် ကျဆင်းနေခဲ့သည်။
ဤမိုးကြိုးများသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သို့ ၀င်ရောက်ကြသူတိုင်း ကြုံတွေ့ရမည့် ကောင်းကင်စမ်းသပ်ချက်ဖြစ်၏။
ကျင့်ကြံခြင်းသည် ခက်ခဲပြီး ကောင်းကင်ကပ်ဘေးတွင်ရှင်သန်ဖို့က ပိုခက်ခဲကာ အခက်ခဲဆုံးကတော့ တက်လှမ်းခြင်းဖြစ်သည်။ဤအရာက ကျင့်ကြံသူတိုင်း သိရှိထားကြသည့် အခြေခံဗဟုသုတဖြစ်သည်။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် ပုံမှန်အားဖြင့် အဓိကကပ်ေဘးအဆင့်ကြီးသုံးဆင့်ကို ဖြတ်ကျော်ရ၏။
ထိုကပ်ေဘးသုံးဆင့်မှာ အစောပိုင်းအဆင့်တွင် မိုးကြိုးကပ်ဘေး ၃၉ ချက် အလယ်အဆင့်တွင် မဟာကပ်ဘေး ၆၉ ခုနှင့် နှောင်းပိုင်းအဆင့်တွင် ကောင်းကင်ကပ်ဘေး ၉၉ ခုတို့ဖြစ်ကြသည်။
ချင်းယွင်ကျိသည် အခုမှ အစောပိုင်းအဆင့်ကို၀င်ရောက်ခြင်းဖြစ်သောကြောင့် ပုံမှန်အားဖြင့် မိုးကြိုးကပ်ဘေး ၃၉ ချက်ကိုသာ တောင့်ခံရမည် ဖြစ်၏။
သို့သော်လည်း သူ့ကိုယ်ပေါ်သို့ မိုးကြိုးများက အဆုံးမဲ့အောင် အဆက်မပြတ်ကျဆင်းနေခဲ့ပြီး ကမ္ဘာကြီးက သူမလိုချင်တော့သော အမှိုက်တစ်စကို ရှင်းလင်းနေသလိုပင်။
မိုးကြိုးများကိုတောင့်ခံနေရင်း ချင်းယွင်ကျိ ကောင်းကင်ပေါ်မော့ကာ ဟိန်းဟောက်လိုက်လေသည်။
“စောက်ကောင်းကင်! မင်းက အဲ့ဒီမိစ္ဆာပညာရှင်တွေကိုကမ္ဘာပေါ်စေလွှတ်တယ် သူတို့ကိုဖျက်ဆီးပစ်ဖို့ကျေတာ့လည်း ငြင်းဆန်တယ် ဒါပေမယ့် ငါက မိစ္ဆာနိယာမစွမ်းအားငွေချည်တစ်မျှင်စာလောက် ငှားခဲ့တာကိုကျ ငါ့ကိုဒီလောက်ဆိုးဝါးတဲ့ မိုးကြိုးတွေနဲ့ အပြစ်ပေးရလားကွ !”
ကောင်းကင်မှဘာတုံ့ပြန်မှုမှမရှိခဲ့ဘဲ မိုးကြိုးများသာ ဆက်လက်ကျဆင်းနေခဲ့၏။
ချင်းယွင်ကျိလည်း အကူအညီမဲ့စွာ ဒေါသထွက်နေခဲ့သည်။ သူလုပ်နိုင်တာက သူ၏ခိုင်မာလှသော စိတ်စွမ်းအားနှင့် ကျင့်ကြံခြင်းကိုသုံးကာ တောင့်ခံထားဖို့သာ ဖြစ်၏။
သူသည် အဘယ်ကြောင့် ဤကပ်ဘေးကိုကျော်ဖြတ်ဖို့ ထိုမျှကြာအောင် အချိန်ဆွဲနေခဲ့ခြင်း ဖြစ်ပါသနည်း။
သူအချိန်ဆွဲနေရခြင်းအကြောင်းမှာ အဇူရာတိမ်ဂိုဏ်းတွင် သူမရှိတော့မှာကြောက်ရုံကြောင့် သက်သက်သာမဟုတ်ဘဲ….ဂိုဏ်းတွင်စည်းပိတ်ထားသော မိစ္ဆာပညာရှင်များဆီက မိစ္ဆာနိယာမစွမ်းအားအနည်းငယ်ကို ယူငင်ထားခြင်းကြောင့်လည်း ဖြစ်ပေသည်။
ထို့ကြောင့်လည်း သူသည် တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့်နှင့်ပင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များကို တိုက်ခိုက်နိုင်နေခြင်း ဖြစ်၏။
ရာစုနှစ်များစွာကြာအောင် တိုက်ခိုက်လာပြီးသည့်နောက်တွင် စည်းပိတ်ထားသောမိစ္ဆာများသည် သူ့ရန်သူများဖြစ်ရုံသာမကတော့ဘဲ သူ့ဆရာများလည်း ဖြစ်လာခဲ့ကြသည်။
သူသည် သာမန်မဟုတ်သော ရွှေအမြုတေကိုပိုင်ဆိုင်ထားသူဖြစ်သောကြောင့် မိစ္ဆာနိယာမအနည်းငယ်ကို တိုက်ခိုက်ရင်း နားလည်လာခဲ့၏။
သို့သော် ကောင်းကင်က ထိုမိစ္ဆာနိယာမများကို ချင်းယွင်ကျိကိုယ်ထဲတွင် တည်ရှ်ိခွင့် မပေးခဲ့ပေ။
ထို့ကြောင့်လည်း အစောပိုင်းကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်လေးမျှဖြင့် သူ့ကိုယ်ပေါ် အဆုံးမဲ့သောမိုးကြိုးများ ပစ်ချနေခြင်း ဖြစ်သည်။
“ဒီနေရာမှာ ဘယ်တာအိုမိတ်ဆွေကပ်ဘေးဖြတ်ကျော်နေတာလဲ!”
ရှို့ယိဘုရားကျောင်းမှ တာအိုပညာရှင် ကပ်ဘေးမိုးကြိုးများကို တုန်လှုပ်နေသော အမူအရာဖြင့် ကြည့်ရှုနေခဲ့၏။
အဇူရာတိမ်ဂိုဏ်းနှင့်ညှိနှိုင်းပြီးနောက် သူဒီနေရာတွင် သက်တန့်ငါးလာရှာနေခြင်းဖြစ်ပြီး ကံဆိုးစွာဖြင့် တစ်ကောင်မှ မတွေ့ခဲ့ရပေ။
သို့သော်လည်း မပြန်ချင်သေးသောကြောင့် သူယွင်မုန့်စိမ့်တောထဲတွင် လျှောက်ပတ်ကြည့်နေခဲ့ခြင်းပြီး နောက်ဆုံးတွင် ဤပင်လယ်ဘက်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ မျှော်လင့်မထားဘဲ ဤကဲ့သို့သော စွန့်ပစ်နယ်မြေတစ်ခုတွင် တစ်ယောက်ယောက်က ကပ်ဘေးဖြတ်ကျော်နေခဲ့
၏။
သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။
ဘယ်အချိန်တုန်းက ဒီကမ္ဘာပေါ်တွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်အသစ်တစ်ယောက် ပေါ်ထွက်လာခဲ့ပါသနည်း။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်သည် ကမ္ဘာကြီးပေါ်က ဟန်ချက်ညီနေမှုများကို ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်း ရှိ၏။
တာအိုပညာရှင် အဇူရာတိမ်ဂိုဏ်းအကြောင်းတွေးမိကာ စိတ်ပူသွားပြီး လက်ချောင်းများဖြင့် တွက်ချက်ကြည့်လိုက်လေသည်။
“အဇူရာတိမ်ဂိုဏ်း ကျဆင်းမှု…ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်အသစ်တစ်ယောက် ပေါ်လာခြင်း…ဒါတွေက ဒီကမ္ဘာကြီးပေါ်က ဟန်ချက်ညီမှုတွေ ပြောင်းလဲသွားတော့မှာကို ညွှန်ပြနေတယ်”
သူအတန်ကြာတွက်ချက်ပြီးနောက် တွေးလိုက်မိ၏။
တကယ်လို့ငါသာ ဒီပညာရှင်အသစ်ကို စည်းရုံးနိုင်ရင် အဇူရာတိမ်ဂိုဏ်းပြဿနာကို ဖြေရှင်းပြီးသား ဖြစ်မသွားဘူးလား!
သူထိုနေရာတွင် တိတ်တဆိတ်ရပ်ကာ ကပ်ဘေးဖြတ်ကျော်ခြင်းပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့လေသည်။
မိုးကြိုးမုန်တိုင်းအလယ်တွင် ချင်းယွင်ကျိ အားကုန်ထုတ်ကာ မိုးကြိုးများကို ခုခံနေခဲ့ရ၏။
သူကျရှုံးသွား၍ မဖြစ်ပေ။
တကယ်လို့ သူသေဆုံးသွားခဲ့လျှင် အဇူရာတိမ်ဂိုဏ်းက ပျက်ဆီးသွားမည်ဖြစ်ပြီး မိစ္ဆာများလွတ်မြောက်သွားလျှင်လည်း ကမ္ဘာကြီးတစ်ခုလုံးဖရိုဖရဲ ဖြစ်ကုန်ကြပေလိမ့်မည်။
ရုတ်တရက်ဆိုသလို ချင်းယွင်ကျိ ကောင်းကင်ကဆင်းသက်လာသော ဧရာမပုံရိပ်ကြီးများကို တွေ့လိုက်ရလေသည်။ ထိုပုံရိပ်ကြီးများသည် ဂိုဏ်းအောက်ခြေတွင် ချိတ်ပိတ်ထားသော မိစ္ဆာကြီးများနှင့် အတော်လေးဆင်တူနေခဲ့၏။
ချင်းယွင်ကျိ အမူအရာချက်ချင်းပြောင်းလဲသွားခဲ့သည်။
ထိုပုံရိပ်များသည် ချိတ်ပိတ်ထားသောမိစ္ဆာများထက်ပင် ပိုပြီးသန်မာနေပုံ ပေါ်နေခဲ့၏။
တကယ်လို့ ထိုကဲ့သို့သော တည်ရှိမှုများသာ ဆင်းသက်လာခဲ့ပါက ဒီကမ္ဘာပေါ်တွင် ဘယ်သူကရှင်သန်ကျန်ရစ်နိုင်ပါတော့မည်နည်း။
ဤအရာသည် ကပ်ဘေးကဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုပေလော။
သူ့နှလုံးသားထဲ ကြောက်ရွံ့မှုများ ထိုးတက်လာခဲ့ချိန်တွင်…..
မိုးကြိုးက ရပ်တန့်သွားခဲ့လေသည်။
ချင်းယွင်ကျိတစ်ယောက် အန္တရာယ်ကင်းကင်းဖြင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ချေပြီ။
သူထိုအဆင့်ထဲ ၀င်ရောက်သွားခဲ့သည်နှင့် သူ့ပတ်၀န်းကျင်တစ်ခုလုံးက သူ့အတွက် လုံး၀ပြောင်းလဲသွားခဲ့၏။
သူကောင်းကင်နှင့်မြေပြင်နိယာမများကိုရှင်းရှင်းလင်းလင်းမြင်နေရပြီး မဟာတာအိုလမ်းစဉ်များကိုပင် သတိထားမိနေခဲ့ကာ ထိုအရာများမှ စွမ်းအားကို စိတ်ကြိုက်ငှားယူသုံးစွဲ၍ ရသွားခဲ့သည်။
ထိုအခိုက်တွင် သာမန်တာအိုပေါင်းစည်းခြင်းအဆင့်များသည် ကပ်ဘေးဖြတ်ေကျာ်ခြင်းအဆင့်များက်ို အဘယ်ေကြာင့် မယှဉ်နိုင်ကြလဲ ဆိုတာ
သူနောက်ဆုံးတွင် သူနားလည်သွား၏။
ဟမ်!
ကပ်ဘေးဖြတ်ကျော်ခြင်းပြီးဆုံးသွားသည့်နောက်တွင် သူနှင့်လီတစ်ရာအဝေး၌ ရှို့ယိဘုရားကျောင်းက တာအိုပညာရှင် ရှိနေမှန်း သူချက်ချင်းသတိထားမိသွားခဲ့သည်။
သူ့မျက်ခုံးများတွန့်ကွေးသွားကာ တွန့်ဆုတ်သွားခဲ့၏။
ဒီကောင့်ကို သတ်လိုက်သင့်လား!
သူသည် ကပ်ဘေးဖြတ်ကျော်ချိန်၌ သူ့ကိုယ်သူဖုံးကွယ်ထားခဲ့ပြီး ထိပ်တန်းဂိုဏ်းများကို သူအဆင့်ချိုးဖြတ်နေမှန်း မသိစေခဲ့ပေ။ အရေးကြီးသောအခြေအနေ၌ သူ့ခွန်အားအစစ်ကိုထုတ်ဖော်လိုက်ခြင်းက ပိုပြီးအသုံး၀င်ပေလိမ့်မည်။
တကယ်လို့ ထိုဂိုဏ်းကြီးများသာ သူက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်မှန်း သိသွားကြလျှင် ကျန်းယန်၏ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ခရီးက အဆပေါင်းများစွာ ပိုပြီးခက်ခဲသွားရပေလိမ့်မည်။
ထို့ကြောင့် သူ့ကျင့်ကြံခြင်းကို အခုထုတ်ဖော်လိုက်ဖို့တော့ လုံး၀ မဖြစ်ပေ။
ထို့အပြင် သူနှင့်ဘာအာဃာတမှမရှိသူတစ်ယောက်ကို အကျိုးအကြောင်းမရှိသတ်ပစ်တာမျိုးကိုလည်း ချင်းယွင်ကျိ လုံး၀လုပ်မည် မဟုတ်ပေ။
သူတွန့်ဆုတ်နေချိန်တွင် တာအိုပညာရှင်သူ့အနားသို့ တဖြည်းဖြည်းချဉ်းကပ်လာခဲ့၏။
ချင်းယွင်ကျိ မျက်မှောင်အနည်းငယ်ကြုံ့လိုက်ပြီး မဟာတာအိုစွမ်းအားကိုသုံးကာ သူ့ကိုယ်သူဖုံးကွယ်ထားလိုက်လေသည်။
“ဂုဏ်ပြုပါတယ် စီနီယာ!” တာအိုပညာရှင်ဦးညွတ်ကာ ပြောလိုက်၏။
“အခုကစပြီး မဟာတာအိုအထွတ်အထိပ်မှာ ထိုင်ရမယ့် စီနီယာတစ်ယောက်တိုးလာပြန်ပြီပေါ့”
ချင်းယွင်ကျိ၏ကပ်ဘေးကို သူသတိထားမိခဲ့ပြီး ဖြစ်သည်။ ထိုအရာသည် မိုးကြိုးကပ်ဘေး ၃၉ချက် လုံး၀ မဟုတ်ပေ။ သို့သော် မဟာကပ်ဘေး ၆၉ ခုလား ကောင်းကင်ကပ်ဘေး ၉၉ ခုလားဆိုတာကိုတော့ သူသေချာမသိပေ။
ထိုအရာက မဟာကပ်ဘေး ၆၉ခုဆိုလျှင်တောင် သူ့ရှေ့က ပညာရှင်သည် ကပ်ဘေးဖြတ်ကျော်ခြင်းအလယ်အဆင့်တစ်ယောက်ဖြစ်နေပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် လက်တစ်ဆုပ်စာသာ ရှိသော လူများထဲမှ တစ်ယောက်ဖြစ်၏။
ထိုကဲ့သို့သောသူမျိုးက လေးစားမှုဖြင့် ထိုက်တန်ပေသည်။
ချင်းယွင်ကျိ ဘာမှပြန်မပြောဘဲ စောင့်သာကြည့်နေခဲ့၏။ ထိုတာအိုပညာရှင်၏ ရည်ရွယ်ချက်ကို သူမသိသေးပေ။
“စီနီယာရဲ့ အမည်နာမကိုသိခွင့်ရှိမလားခဗျ” တာအိုပညာရှင်ပြုံးကာ မေးလိုက်သည်။
ချင်းယွင်ကျိ ပြန်မေးလိုက်၏။ “မင်းက ဟွမ်ထင်ကျမ်းစာကို ကျင့်ကြံတာဆိုတော့…ရှို့ယိဘုရားကျောင်းကလား”
“ရှို့ယိဘုရားကျောင်းက စန်းစုန့် စီနီယာကိုနှုတ်ဆက်ပါတယ်” တာအိုပညာရှင်ယဉ်ကျေးစွာ တုန့်ပြန်လိုက်သည်။
“ကိစ္စတစ်ခုခုရှိလို့လား” ချင်းယွင်ကျိ မေးလိုက်၏။
စန်းစုန့်ပြုံးလိုက်ကာ
“စီနီယာ့ကိုကြည့်ရတာ ဘယ်ထိပ်တန်းဂိုဏ်းကြီးကမှ မဟုတ်ဘူးမလား”
“ငါက သေမျိုးကမ္ဘာပြင်ပက တစ်ယောက်ယောက်ပါပဲ ကမ္ဘာပေါ်ထွက်မလာဖြစ်တာ အတော်ကြာသွားပြီ”
“စီနီယာက တာအိုအထွတ်အမြတ်မြေတစ်ခုတည်ဆောက်ပြီး တာအိုကိုလက်ဆင့်ကမ်းချင်သလား သိပါရစေ” စန်းစုန့် အသာအယာပြုံးလိုက်ကာ
“တကယ်လို့ စီနီယာ့မှာဆန္ဒရှိတယ်ဆိုရင်တော့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးက စီနီယာ့အတွက်အသင့်တော်ဆုံးပါပဲ”
ချင်းယွင်ကျိအကြည့်များ ထက်ရှသွားခဲ့၏။ သူထိုအကောင် စန်းစုန့်ကိုရိုက်သတ်ပစ်ချင်သွားခဲ့သည်။
သို့သော် သူအေးအေးဆေးဆေးသာ ပြန်ပြောလိုက်၏။
“အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှာ အဇူရာတိမ်ဂိုဏ်းရှိနေတာ နှစ်ထောင်ချီကြာသွားပြီ ငါသူတို့နဲ့သွားရှုပ်ပြီး ကံမဆိုးချင်သေးဘူး”
သူတမင်သက်သက် အဇူရာတိမ်ဂိုဏ်းလက်ရှိအခြေအနေအကြောင်း ဘာမှမသိသော အဖိုးကြီးတစ်ယောက်ပုံစံ ဟန်ဆောင်လိုက်သည်။ ဤနည်းဖြင့် စန်းစုန့်ရည်ရွယ်ချက်အစစ်ကို ထုတ်ပြောဖို့ လှည့်ကွက်ဆင်လိုက်ခြင်း ဖြစ်၏။
စန်းစုန့်ခေါင်းယမ်းလိုက်ကာ
“စီနီယာတံခါးပိတ်ကျင့်ကြံနေတာ အတော်ကြာသွားပြီပဲ ယနေ့ခေတ် အဇူရာတိမ်ဂိုဏ်းက အတိတ်တုန်းက အဇူရာတိမ်ဂိုဏ်းမဟုတ်တော့ပါဘူး လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ကပ်ဘေးကြီးအပြီး အဇူရာတိမ်ဂိုဏ်းမှာ လူလေးနည်းနည်းပဲ ကျန်ခဲ့တော့တာ အခုသူတို့မှာအသန်မာဆုံးလူကမှ တာအိုပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ်အဆင့်ပဲရှိတော့တာပါ အခုက စီနီယာ့အတွက် အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို သိမ်းပိုက်ဖို့ အကောင်းဆုံးအချိန်ပါပဲ”
ချင်းယွင်ကျိ ဆက်သည်းမခံနိုင်တော့ပေ။ သူ့အသွင်အပြင်ကို ထုတ်ဖော်လိုက်ကာ စန်းစုန့်ကိုမေးစက်စက်ကြည့်ရှုလိုက်၏။
“ဒါဆို သေချာကြည့်ကြည့်ပါဦး ငါဘယ်သူလို့မင်းကထင်နေတာလဲ!”
စန်းစုန့်သေချာကြည့်လိုက်ပြီးနောက် ရုတ်ချည်း ကြက်သေသေသွားခဲ့လေသည်။
“မင်းပဲ! ဒါပေမယ့် မင်းက အဇူရာတိမ်ဂိုဏ်းထဲက ထွက်လို့မရဘူးမလား”
ချင်းယွင်ကျိ အေးစက်စက်ရယ်မောလိုက်ကာ
“ငါမထွက်တာက ငါကိုယ်တိုင်က အဲ့ဒီမှာပဲနေပြီး မိစ္ဆာတွေကို ဖိနှိပ်ထားဖို့ ရွေးချယ်ခဲ့လို့လေ ငါ့သဘောနဲ့ငါ တစ်ကမ္ဘာလုံးရဲ့အကျိုးအတွက် နှစ်ရာချီကြာအောင် အပိတ်မိခံထားခဲ့တာ ဒါပေမယ့် ငါ့ရဲ့အဲ့ဒီလိုလုပ်ရပ်တွေကြောင့် မင်းတို့လိုကောင်တွေ တစ်ခေါက်ပြီးတစ်ခေါက် အကောက်ကြံတာကို ခံရလိမ့်မယ်လို့ ငါဘယ်တုန်းကမှ စိတ်မကူးခဲ့မိဖူးဘူး”
“ငါ့ကိုပြောစမ်း ငါမင်းကိုအခုသတ်ပစ်သင့်လား”
စန်းစုန့်စိတ်တစ်ခုလုံး ဗလာကျင်းသွားခဲ့ရသည်။ သူသည် ထိုလူ့ကို သူအကောက်ကြံမည့်အကြောင်း ထိုလူ့ရှေ့၌ သွားပြောမိနေခြင်းဖြစ်၏။ အခုတော့ သူဘာအကြောင်းပြချက်မှ ရှာမရတော့ပေ။ ချင်းယွင်ကျိ ထုတ်ပြထားသော ကြောက်မက်ဖွယ်ခွန်အားအရ ထွက်ပြေးဖို့ဆိုတာကလည်း မဖြစ်နိုင်ပေ။
သူတော့ ကပ်ဘေးစိုက်ချေပြီ။
ဤကဲ့သို့သော ပင်လယ်ရပ်ခြားဒေသမျိုးတွင် အသတ်ခံလိုက်ရလျှင် သူ့ဂိုဏ်းကလည်း ဘာမှသိလိုက်မည် မဟုတ်ပေ။
“စီနီယာ ကျွန်တော့်ကိုဒီတိုင်းသတ်လိုက်မှာထက် အဲ့ဒီမိစ္ဆာတွေနဲ့တိုက်ခိုက်ခိုင်းရင် ပိုမကောင်းဘူးလား” စန်းစုန့်သနားစရာကောင်းစွာ ကြည့်လိုက်ကာ
“ကျွန်တော့်မူလဝိညာဉ်ကို စီနီယာ့ထိန်းချုပ်မှုအောက်မှာထားဖို့ ဆန္ဒရှိပါတယ် ကျေးဇူးပြုပြီး ကျွန်တော့်စိတ်ရင်းကို ယုံကြည်ပေးပါ”
ဤအရာက သူအသက်ရှင်နိုင်မည့် နောက်ဆုံးအခွင့်အရေးသာ ဖြစ်၏။ မဟုတ်လျှင် သူသေရပေတော့မည်။
ချင်းယွင်ကျိ သူ့ကိုအေးစက်စက်ကြည့်လိုက်ပြီး
“မင်းခန္ဓာကိုယ်မှာ တာအိုစွမ်းအားတွေနဲ့ပြည့်နေတော့ နှမြောစရာကောင်းလွန်းတယ် ငါနဲ့အဇူရာတိမ်ဂိုဏ်းကို လိုက်ခဲ့!”
သူတွေးနေခဲ့သည်မှာ အကယ်၍ သူ့တပည့်ကိုသာ စန်းစုန့်ဆီကတာအိုအဆီအနှစ်များအားလုံးကို စုပ်ယူခွင့်ပေးလိုက်လျှင် ထိုကလေး ဝိညာဉ်အခြေတည်အဆင့်ကို တန်းရောက်သွားနိုင်လောက်လားဟု တွေးနေခဲ့ခြင်း ဖြစ်သည်။