အခန်း (၄၄၄)
Vol. 32 Ch. 444
“ချီးတဲ့မှ”
ရှမ့်လန်ဆိုသည့်အကောင်သည် တကယ့်ကို မွန်းစတား တစ်ကောင် ဖြစ်၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ပါရမီရှင်တစ်ယောက်လည်းဖြစ်၏။ ပိုင်ရီခရိုင်ဆီသို့ လူပေါင်းနှစ်ရာကျော်ကိုသာ ခေါ်ဆောင် သွားခဲ့၏။ စုနန်ကို သတ်ဖြတ်ခဲ့သည်သာမကချေ။ ကျန့်ထော်ကိုပါ အနိုင်ယူနိုင်ခဲ့သေး၏။ အံ့အားသင့်စရာပင်။
……………
ချောင်ပြည်နယ်၏နန်းတော်အတွင်းမှာတော့ ...
ချောင်ပြည်နယ်၏ဘုရင်သည် နှာခေါင်း ကုတ်လျက်ရှိနေ၏။ သူ့ကို ကြည့်ရှုရသည်မှာတော့ အနည်းငယ် တုန်လှုပ်ပြီး အံ့အားသင့်နေပုံပေါ်သလို ဇဝေဇဝါ အမူအရာနှင့်လည်း ပြည့်နှက်နေခဲ့၏။
“ကျုပ်တို့ ရှုံးပြီပဲ။ စစ်သည်တော်တော်များများကို ရှုံးနိမ့်ခဲ့တယ်။ ဘယ်လောက် အမှိုက်ဖြစ်တဲ့ ဆုံးရှုံးမှုမျိုးလဲ”
“ရှမ့်လန်.. ရှမ့်လန်ဆိုတာ ဘယ်သူလဲ။ ဘယ်နေရာကနေ ရောက်လာတာလဲ။ ဘာလို့ ဒီလောက် အားကောင်းရတာလဲ။ ရှမ့်လန်တစ်ယောက်တည်းနဲ့ စုနန်နဲ့ ကျန့်ထော်တို့ကိုတောင်မှ သတ်ပစ်နိုင်ခဲ့တာလား။ ရွှဲ့ပြည်နယ်မှာ ဘယ်လိုဖြစ်ပြီး ဒီလို ပါရမီရှင်မျိုးပေါ်လာရတာလဲ။ ချောင်ပြည်နယ်က ဘာလို့ ချောင်ပြည်နယ်မှာ မရှိတာလဲ”
“အင်း… ရွှဲ့ပြည်နယ်ကို ညှိနှိုင်းမယ်ဆိုတဲ့ သတင်းအချက်အလက်ကို ပေးပို့လိုက်။ ငါတို့ သိမ်းပိုက်ထားပြီးသား ခံတပ်တွေကနေပြီး နောက်ကိုဆုတ်မှာတော့ မဟုတ်ဘူး။ ပြီးတော့ နင်ယွမ်ရှန်းကို ပြောလိုက်။ ရွှေဒင်္ဂါး သိန်းချီ လျော်ကြေးပေးဖို့။ ငါတို့နှစ်ဖက်လုံးက ထိခိုက်နာကျင်ခဲ့ကြတယ်။ ငါက ပိုထိခိုက်တယ်။
ရွှဲ့ပြည်နယ်ဆီသို့ ငါတို့ရောက်တဲ့အချိန်မှာ ဝူပြည်နယ်နဲ့ ဆက်သွယ်လိုက်။ တကယ်လို့ ဝူပြည်နယ်သာ ပူးပေါင်းမယ်ဆိုရင် နင်ယွမ်ရှန်း မပူးပေါင်းမှာကို စိုးရိမ်စရာမလိုတော့ဘူး။ ဝူဘုရင်ကလည်း ငါတို့ရဲ့ထောက်ပံ့မှုကို လိုအပ်တယ်။ ဒီတော့ ငါတို့က ညှိနှိုင်းဆွေးနွေးတဲ့နေရာမှာ အထက်စီးကနေ ညှိနှိုင်းဆွေးနွေးမှ ဖြစ်လိမ့်မယ်”
“ကောင်းပါပြီ”
နာရီအနည်းငယ်ကြာပြီးနောက် ချောင်ပြည်နယ်မှ သံတမန်များသည် ရွှဲ့ပြည်နယ်ဆီသို့ ဝင်ရောက်သွားခဲ့၏။
……….
ဝူ-ရွှဲ့ပြည်နယ်၏ နယ်စပ်မှာတော့
ဝူပြည်နယ်၏ ဗဟိုစစ်တပ်စခန်းကြီး တည်ရှိနေ၏။ ဝူဘုရင်က တည်ငြိမ်အေးဆေးလျက်ရှိနေ၏။ သူသည် လက်ထဲတွင် ရှိနေသည့် သတင်းပေးပို့ချက်များကို ကြည့်ရှုနေ၏။ ‘ရှမ့်လန်က စုနန်နှင့် ကျန့်ထော်တို့ကို အနိုင်ယူ တိုက်ခိုက်ခဲ့ပြီး ဝူမူ၏ စစ်သည်ပေါင်းသောင်းချီကိုလည်း အနောက်ဘက်သို့ ဆုတ်ခွာအောင် ပြုလုပ်နိုင်ခဲ့၏’
ပြောရမည်ဆိုလျှင် သုံးဦးသုံးဖလှယ် တိုက်ပွဲကို အနိုင်ယူနိုင်ခဲ့ခြင်းပင်။ ဤလူ၏ အင်အား၏အဆင့်က အကန့်အသတ်မဲ့ အားကောင်းလွန်း၏။ ခန့်မှန်း၍ပင် မရနိုင်ခဲ့ချေ။
“ဟင်း” ချောင်ပြည်နယ်က တကယ်ပင် နောက်ဆုတ်သွားခဲ့၏။ ပျံ့ရှောင်းက ဝူပြည်နယ်ထဲတွင် ရူးရူးမူးမူး တိုက်ခိုက်သတ်ဖြတ်လျက် ရှိနေတုန်းပင်။ အိမ်နီးနားချင်းနိုင်ငံများနှင့် နိုင်ငံထဲတွင်ရှိနေသည့် လူပေါင်း များစွာတို့က ကြောက်လန့်နေခဲ့ကြ၏။ ဝူပြည်နယ်၏စစ်သည်များက ပျံ့ရှောင်း၏ အနောက်မှလိုက်ကာ တားဆီးခဲ့သော်လည်း ရလဒ်က မကောင်းပေ။
ဘုရင်သည် နံရံပေါ်တွင်ရှိနေသည့် မြေပုံကို လှမ်းကာ ကြည့်ရှု၏။ ဤတစ်ကြိမ်မှာတော့ သူ့၌ မျှော်လင့်ချက်ဟူ၍ မရှိတော့ချေ။ သူ၏ စိတ်ကူးယဉ်အိမ်မက်အားလုံးက ပျောက်ကွယ်သွားခဲ့၏။ ကျန့်ထော်သည် ရှမ့်လန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ပျံ့ရှောင်းကို နောက်သို့ဆုတ်ခိုင်းချင်သည်ဆိုပါက သူ့အနေနှင့် ညှိနှိုင်းဆွေးနွေးမှုကို ပြုလုပ်ရန်သာ ရှိ၏။
လူငယ်ဝူဘုရင်သည် ဦးခေါင်းကို ငုံ့လိုက်မိ၏။ သူသည် ရွှဲ့ဘုရင်နှင့် ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်း ဆောင်ရွက်ရပေတော့မည်။ နင်ယွမ်ရှန်းက ပါးစပ်ကိုဖွင့်ကာဖြင့် ဝူပြည်နယ်ကို မည်ကဲ့သို့ ဆူငေါက် ပြောဆိုမည်ကိုပင် သူ ခန့်မှန်း တွေးတောကြည့်၍ရ၏။ စစ်ပွဲ၏ရှုံးနိမ့်မှုသည် သူ့အား ဆိုးဆိုးဝါးဝါး အခြေအနေဆီသို့ ရောက်ရှိသွားစေခဲ့သည်။
မကြာသေးခင်က သူသည် နင်ယွမ်ရှန်းကို နယ်စပ်ဒေသ အမဲလိုက်ပွဲ၌ အနိုင်ယူနိုင်ခဲ့၏။ သူ မည်မျှ ဂုဏ်သိက္ခာကြီးမားခဲ့သနည်း။ သူ မည်မျှ ကျော်ကြားခဲ့သနည်း။ သို့နောက် နင်ယွမ်ရှန်းက အန္တရာယ်အတွင်းသို့ ရောက်ရှိနေခဲ့ပြီး ရွှဲ့ပြည်နယ်တစ်ခုလုံးကလည်း ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရသည့်ပုံပင်။
လအနည်းငယ်အတွင်းမှာပဲ အခြေအနေတစ်ခုလုံးက ပြောင်းပြန်လှန်သွားခဲ့၏။ ရွှဲ့ပြည်နယ်က ကြီးမားသည့် အောင်ပွဲကြီးတစ်ခုကို ရရှိခဲ့၏။ သို့ပေမည့် ဝူပြည်နယ်မှာတော့ ဆိုးဝါးသည့် ကပ်ဘေးကြီးကို ရင်ဆိုင်နေရ၏။
ငယ်ရွယ်၍ ဖျက်လတ်လွန်းလှပါသည်ဆိုသော လူငယ်ဝူဘုရင်သည် သူ၏အဖေကဲ့သို့ပင် ရွှဲ့ပြည်နယ်ကို ဦးညွှတ်ခဲ့ရ၏။ ရွှဲ့ပြည်နယ်ဘုရင်က ဘာတွေလုပ်မည်နည်း။ ရွှဲ့ပြည်နယ်ကို သူ မည်မျှများပြားသော ငွေကြေးများ ပေးရမည်နည်း။ ကုန်းမြေများကို ထပ်မံ ဆက်သရဦးမည်လား။
“ရွှဲ့ပြည်နယ်နန်းတော်ကို သံတမန်တွေ စေလွှတ်လိုက်တော့” ဝူဘုရင်က သက်ပြင်းချလိုက်၏။
“ကောင်းပါပြီ” ပြီးနောက် အမှုထမ်းတို့သည် ရွှဲ့ပြည်နယ်ဆီသို့ သံတမန်များကို စတင်ကာ စေလွှတ်ရန် ပြင်ဆင်ကြသည်။
“မဟုတ်သေးဘူး။ ရွှဲ့ပြည်နယ်နန်းတော်ဆီ ငါကိုယ်တိုင်သွားပြီး ညှိနှိုင်းရမယ်”
ပြောပြီးပြီးချင်းမှာပဲ နန်းတွင်းအမှုထမ်းတို့က ချက်ချင်းပဲ ချီးကျူးလိုက်မိကြ၏။ သို့သော်ငြား မဖြစ်မနေ တားဆီးကြ၏။ “အရှင်မင်းကြီး.. မလုပ်ပါနဲ့။ မလုပ်ပါနဲ့အုံး။ လုပ်လို့မဖြစ်ပါဘူး။”
“အရှင်မင်းကြီးက နိုင်ငံတစ်ခုရဲ့ အုပ်စိုးသူလေ။ ဘယ်လိုဖြစ်ပြီး အန္တရာယ်တွင်းထဲ သွားရမှာလဲ။ နင်ယွမ်ရှန်းက ရူးသွပ်သွားပြီဆိုရင် အရှင်မင်းကြီးကို ဖမ်းဆီးပြီး ကျုပ်တို့နိုင်ငံကို ငွေညှစ် နိုင်ပါတယ်။ ဒါဆိုရင် ပိုဆိုးတဲ့ ကပ်ဘေးကြီး ဖြစ်လိမ့်မယ်။”
ဝူဘုရင်က ဝူကျိကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဝူကျိသည် တကယ့်ကို စိုးရိမ်ပူပန်နေမိ၏။ သို့ပေမည့် သူက လက်တစ်ဖက်ကို မြှောက်ကာဖြင့် ဝူဘုရင်၏ဆုံးဖြတ်ချက်ကို သဘောတူကြောင်း ပြသလိုက်၏။ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင်တောင်မှ ဤဘုရင်သည် စိတ်အားတက်ကြွမှုများနှင့် ပြည့်နှက်နေပြီး စိန်ခေါ်မှုများကို ချစ်ခင် နှစ်သက်နေတုန်းပင်။ သို့ပေမည့် နိုင်ငံ၏အုပ်စိုးသူတစ်ယောက်အနေနှင့် ရန်သူ့နယ်မြေထဲသို့ ဝင်ရောက်သွားခြင်းမှာ အလွန်အမင်း စွန့်စားလွန်းရာကျသည်။
ဝူဘုရင်က ပြောလိုက်၏။ “ဆုံးဖြတ်ပြီးသွားပြီ။ ကျုပ် ရွှဲ့ဘုရင်ဟန်ထုတ်နိုင်ဖို့ ပူးပေါင်းပါဝင်ပေးရမယ်။”
အားလုံးသောသူတို့က ကြောင်အသွားခဲ့၏။ အရှင်မင်းကြီး ဘာလုပ်ချင်နေသနည်း။ ဘာ့ကြောင့် ဤသို့လုပ်ရသနည်း။ ပြီးနောက် ဝူဘုရင်သည် နင်ယွမ်ရှန်း၏ ခဏတာနားနေရန် နန်းဆောင်ဆီသို့ လှမ်းသွားခဲ့သည်။
ရွှဲ့ပြည်နယ်၏စစ်သူကြီးအားလုံးတို့သည် အံ့အားသင့်လျက်ရှိ၏။ ဘာတွေဖြစ်နေသနည်း။
“ရွှဲ့ဘုရင်ကို သတင်းပို့လိုက်တော့။ သူ့ရဲ့တူ ဝူချီ လာလည်ပါတယ်လို့”
………
ထိုနေ့မှာပဲ ရှမ့်လန်သည် ချင်နိုင်ငံတော်၏ မြင်းသည်တော်များနှင့်အတူ ဘုရင်မ အာယုနာနာဆီသို့ ပြန်လာခဲ့၏။ သူသည် အရူးကြီးနှင့် အာယုနာနာတို့၏ နှစ်နာရီကျော်ကြာ အချစ်ဇာတ်လမ်းကို စောင့်ဆိုင်းနေခဲ့ရသေး၏။
တခြားသောမိန်းမများသာဆိုပါက သူမက ကျိန်းသေပေါက် ပြောဆိုလိမ့်မည်။ ‘ကလေးမွေးတဲ့နေ့ ကျိန်းသေပေါက် ပြန်လာရမယ်’
သို့ပေမည့် အာယုနာနာသည် ချင်ပြည်နယ်မှ မိန်းမတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ကလေးမွေးဖွားခြင်း ဆိုသည်မှာ သူမအတွက် ဥအုရခြင်းနှင့်ပင် မခြားနားချေ။ ထို့ကြောင့် ဘာမှထူးခြားသည့်အရာ မဟုတ်ပေ။ သူမနှင့် အရူးကြီးတို့က တကယ့်ကို ချစ်ကျွမ်းဝင်လျက် ရှိ၏။ အချိန်တော်တော်များများ အတူတူနေထိုင်ရခြင်း မရှိခဲ့လျှင်တောင်မှ အစဉ်အမြဲ အတူတူနေထိုင်ရသလို ခံစားနေမိကြသည်။
အာယုနာနာနှင့် ကျန်းချုံးတို့ကို နှုတ်ဆက်ခဲ့ပြီးနောက် ရှမ့်လန်က လူပေါင်းနှစ်ရာကျော်တို့ကို ဦးဆောင်ပြီး ပိုင်ရီခရိုင်မှ နန်းမြို့တော်ဆီသို့ ပြန်လာခဲ့၏။
......
နိုင်ငံတစ်နိုင်ငံ၏ ဘုရင်မင်းမြတ်အနေနှင့် အခြားသော နိုင်ငံများဆီသို့ သွားရောက်လည်ပတ်သည့် နေရာတွင် စည်းမျဉ်းဥပဒေဟူ၍ တည်ရှိနေသေးသည်လား။ ဟုတ်ပေ၏။ သို့ပေမည့် ထိုအရာက ပိတ်ပင်ထားသည့် အရာမျိုးတော့ မဟုတ်ချေ။
ပုံမှန်အားဖြင့် ဘုရင်နှစ်ပါးတို့ တွေ့ဆုံမည်ဆိုလျှင် နိုင်ငံနှစ်ခု၏ကြား နယ်စပ်တည်နေရာတွင် စင်မြင့်တစ်ခုကို တည်ဆောက်ရ၏။ စင်မြင့်၏ အလယ်တည်နေရာက နယ်ခြားတည်နေရာတစ်ခုဖြစ်ပြီး နှစ်ဖက်နှစ်ချက်တွင် ဘုရင်မင်းမြတ်များက မိမိ၏ ကိုယ်ပိုင်မြေတည်နေရာတွင်ထိုင်ပြီး ပြောဆိုဆွေးနွေးမှုကို ပြုလုပ်ကြ၏။
ဟုတ်ပေ၏။ အခြားသောအခြေအနေ တစ်ခုလည်း တည်ရှိ၏။ ထိုအရာက နိုင်ငံလည်ပတ်ခြင်းပင် ဖြစ်၏။ နိုင်ငံတစ်ခု၏ ဘုရင်မင်းမြတ်အနေနှင့် အခြားသောနိုင်ငံများသို့ ဝင်ရောက် လည်ပတ်ခြင်းပင် ဖြစ်သည်။ အင်ပါယာကျန်းလီ နန်းပလ္လင်ကို ဆက်ခံသည့်အချိန်က များပြားလွန်းသည့် မင်းညီမင်းသားများနှင့် ဘုရင်မင်းမြတ်များပင်လျှင် တော်ဝင်ချန်နိုင်ငံဆီသို့ လာရောက်လည်ပတ်ခဲ့ကြသည်။
သို့ပေမည့် ကျန်းလီ သေဆုံးခဲ့ပြီးနောက် ထိုအခြေအနေတစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ ဘုရင်များ တစ်နိုင်ငံနှင့်တစ်နိုင်ငံ သွားရောက်လည်ပတ်ဖို့ဆိုသည်မှာ ရှားရှားပါးပါး အခြေအနေတစ်ခု ဖြစ်သလို မင်းညီမင်းသား များပင်လျှင် အခြားသောနိုင်ငံဆီသို့ ရှားရှားပါးပါးမှသာ လည်ပတ်ခြင်းကို ပြုမူ၏။
နင်ယွမ်ရှန်းက လက်ရေးလှရေးသားခြင်းကို လေ့ကျင့်လျက် ရှိ၏။ ပြီးနောက် သူက ထိုကဲ့သို့သော လက်ရေးလှ လေ့ကျင့်ခြင်းကို ဒေါသတကြီး ပြုလုပ်နေသည်။
ဟုတ်ပေ၏။ ရှမ့်လန်၏ စကားက သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့သောကြောင့်ပင် ဖြစ်၏။ ဘုရင်မင်းမြတ်၏ လက်ရေးက ဆိုးဝါးလွန်းပြီး လုံလောက်အောင် ကြည့်မကောင်း ဟူသော ရှမ့်လန်၏ စကားက သူ့နားဆီသို့ ပြန်ပေါက်လာခဲ့သည်။ တစ်နေ့ ဘုရင်မင်းမြတ်အား လက်ရေးလှနည်းစနစ်နှင့် ပတ်သက်၍ သေသေချာချာ လမ်းညွှန်ပေးမည်ဟုပင် ခွေးလေးက လေထွားခဲ့သေး၏။
လက်ရှိအချိန်မှာတော့ နင်ယွမ်ရှန်းက တကယ့်ကို ဒေါသထွက်နေ၏။ အမှိုက်ကောင်လေးသည် အရှက်မဲ့စွာဖြင့် မိမိကိုယ်ကို ဝါကြွားခဲ့၏။ ရှမ့်လန်၏ ကဗျာစပ်စွမ်းရည်က ပြိုင်စံရှားဖြစ်ကြောင်း သူ ဝန်ခံမိ၏။ သို့ပေမည့် လက်ရေးလှ အကြောင်းအရာနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အဘယ်သို့ သူ့ကို ယှဉ်ပြိုင်နိုင်မည်နည်း။
နင်ယွမ်ရှန်း၏ လက်ရေးက ထိပ်တန်းအဖြစ် လှပ၏။ လောကကြီးထဲတွင် သူ့ထက်ပိုမိုကာ ကြည့်ကောင်းသည့် လက်ရေးဟူ၍ပင် ရှိလိမ့်မည်မဟုတ်ဟု သူက သတ်မှတ်ထားသည်။ “မင်း ရှမ့်လန်က နားရွက်နောက်မှာ နားရှိတယ်ဆိုတာ သေသေချာချာ မသိသေးဘူးပဲ။”
လက်ရေးလှစာလုံးအနည်းငယ်ကို ရေးသားပြီးနောက် နင်ယွမ်ရှန်းသည် စိတ်သက်သာရသလို ခံစားလာမိ၏။ သူက ရှမ့်လန်၏ လည်ကုပ်ကို လှမ်းဆွဲပြီး ရှမ့်လန်၏ မျက်လုံးများကို ပြူးအောင် ဆွဲဖြဲကာ ဤလက်ရေးလှအား ကြည့်ရှုစေချင်စိတ် ပေါက်၏။
ပြီးနောက် သူက ရှမ့်လန်၏ လက်ရေးလှစာရွက်ကို ထုတ်ယူပြီး အထင်မြင်သေးသလို ပြောလိုက်သည်။ “ရှမ့်လန်ရဲ့ လက်ရေးလှ စွမ်းရည်က တကယ့်ကို ဆိုးရွားလွန်းတယ်။ ပါးစပ်ထဲထည့်ပြီး ပြောဖို့တောင် အခြေအနေမရှိချေ။ ဘယ်လိုဖြစ်ပြီးတော့ ငါ့ရဲ့လက်ရေးလှပညာကို မှတ်ချက်ပြုဖို့အတွက် သူ့ဆီမှာ လုံလောက်တဲ့ ယုံကြည်မှုတွေ ရှိနေရတာလဲ။ အရှက်မဲ့ ကြွားဝါနေတာပဲ။ ကိုယ့်နေရာကိုယ် ကောင်းကောင်း မသိတဲ့ကောင်ပဲ”
မိန်းမစိုးကြီး လီစွမ်းက ဘာတစ်ခုမှ မပြောခဲ့ချေ။ ဘုရင်မင်းမြတ် စိတ်ကောင်းဝင်နေသောကြောင့် သူ့အနေနှင့် ဘေးတစ်ဖက်ဆီမှ မြှောက်ပင့်ပြောဆိုနေရန် မလိုအပ်ချေ။ လီစွမ်း၏ အထင်အရဆိုလျှင် ဘုရင်မင်းမြတ်၏ လက်ရေးလှပညာက ရှမ့်လန်ထက် ပိုမိုကာ ကောင်း၏။ သို့ပေမည့် ဘုရင်မင်းမြတ်ကို လက်ရေးလှကျွမ်းကျင်သူ ပညာရှင်ဟု သတ်မှတ်၍ မရနိုင်ခဲ့ချေ။ ကြည့်ကောင်းရုံလောက်သာ ရှိ၏။ ဘုရင်မင်းမြတ်ရေးသားသည့် စာလုံးများက သာမန်ထက် ပိုရုံမျှသာပင်။ သို့ပေမည့် စာလုံးတစ်ခုချင်းစီတိုင်းသည် ပုံဖော်ထုဆစ်ထားသည့် ပန်းပုလက်ရာကဲ့သို့ပင် ဝါကြွားပြောဆိုလျက် ရှိ၏။
ရှမ့်လန်၏ လက်ရေးလှပညာမှာတော့ အနည်းငယ် ထူးဆန်း၏။ စိတ်ရှည်နေသည့်အချိန်တွင် လက်ရေးကို သေသေသပ်သပ် လှလှပပ ရေးသားတတ်ပြီး ဘုရင်မင်းမြတ်ထက်ပင် ပိုမိုကာ သေသပ်၏။ သို့ပေမည့် စိတ်မရှည်သည့်အချိန်တွင် လက်ရေးကို ပဲပင်ပေါက်များကဲ့သို့ပင် လျှောက်ရေးတတ်၏။ ထို့ကြောင့် တောင်ခြစ်မြောက်ခြစ် လက်ရေးဟု ယေဘုယျ သတ်မှတ်ရပေမည်။
ပြောရမည်ဆိုလျှင် ဤနှစ်ယောက်တို့၏ လက်ရေးလှစွမ်းရည်က တူညီသည်။ မည်သူကမှ မည်သူ၏အထက်တွင် ရှိမနေခဲ့ချေ။ သို့ပေမည့် မည်သူကမှသည် အမှန်တရားကို ပြောဆိုရဲလိမ့်မည် မဟုတ်ချေ။ နှိုင်းယှဉ်နေသည့်သူက ဘုရင်မင်းမြတ် ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ဘုရင်မင်းမြတ်၏ လက်ရေးလှစွမ်းရည်ကသာ ကောင်းကင်သို့ ကောင်းကင်ပေါ်သို့ ထိုးတက်မည့်အရာ အဖြစ် မှတ်ချက်ပေးရပေမည်။
နင်ယွမ်ရှန်းက မိမိကိုယ်ကိုယ် လက်ရေးလှပညာ၌ ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်ဟု ခံစားမိနေ၏။ နောက်ဆက်တွဲအဖြစ် သူ၏ လက်ရေးလှစာရွက်များအား တခြားသူများဆီ လက်ဆောင်ပေးခြင်း အလုပ်၌ မွေ့ပျော်လာသည်။
“မင်းအမေရဲ့ မွေးနေ့လား။ ရော့။ ငါ့ရဲ့ လက်ရေးလှလေးကို ယူသွားလိုက်”
“ဟမ်... ခင်ဗျားရဲ့ဆက်ခံသူက မင်္ဂလာဆောင်သွားခဲ့ပြီလား။ အင်း... ကျုပ်ရဲ့ လက်ရေးလှစာရွက်လေး ယူသွားလိုက်တော့”
“မင်းတို့မိသားစုဆီမှာ သားတစ်ယောက် မွေးဖွားလာခဲ့တာလား။ ဪ.. ရော့ ရော့။ ငါ့ရဲ့ လက်ရေးလှစာရွက်လေး ယူသွားလိုက်။”
ဘုရင်မင်းမြတ်သည် သူ၏ လက်ရေးက တလောကလုံးတွင် အလှဆုံးကဲ့သို့ပင် စိတ္တဇဖြစ်နေသည်။
ဥပမာအားဖြင့် ဒုက္ခအခံရဆုံးမှာ ဝန်ကြီးချုပ် အရှင်ကျူးဟုန်ကျူးပင်။ သူက လက်ရေးလှပညာတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ပြီး ထိုပညာနှင့်ပတ်သက်လျှင် ထိပ်တန်းအဆင့်၌ ရှိ၏။ သို့သော်ငြား သူ၏ အိမ်ဧည့်ခန်းတွင် ချိတ်ဆွဲထားသည်မှာ သူ၏ လက်ရေးလှစာလုံးများ မဟုတ်ချေ။ ဘုရင်မင်းမြတ်၏ လက်ရေးများ ဖြစ်၏။
ကျူးဟုန်ကျူးသည် ထိပ်တန်းလက်ရေးလှ ပညာရှင် ဖြစ်သော်လည်း လူညံတစ်ယောက်ဖြစ်ကြောင်း ပြသထားရသလိုပင်။ ဘုရင်မင်းမြတ်၏ ညံ့ဖျင်းသည့် လက်ရေးလှ စာရွက်များကို ငြင်းပယ်ခွင့်မရှိဘဲ အိမ်၌ ကပ်ထားရသည် မဟုတ်ပါလား။
ဘုရင်မင်းမြတ်ကတော့ တခြားသူများ၏ စိတ်ခံစားချက်ကို ဂရုစိုက်တတ်သူ မဟုတ်ပေ။ ကျူးဟုန်ကျူး၏ အိမ်တော် ရံဖန်ရံခါ သွားရောက် လည်ပတ်တတ်ပြီး ဧည့်ခန်းထဲရှိ လက်ရေးလှစာရွက်များကို ချီးကျူးတတ်သည်။ မသိလျှင် တခြားသူ တစ်ယောက်ယောက် ရေးသားထားသည့် စာများကဲ့သို့ပင်။ သောက်ကျိုးနည်းဘုရင် ပင် ဖြစ်သည်။
ကျူးဟုန်ကျူး က တကယ့်ကို အကူအညီမဲ့သလို ခံစားနေမိ၏။ သူတကယ်တမ်း ပြောလိုက်ချင်သည်မှာ ‘အရှင်မင်းမြတ်... ခင်ဗျား ဒီဟာတွေကို အရမ်းကြိုက်တယ်ဆိုရင်လည်း ကိုယ့်အိမ်ကိုသာ ပြန်ယူသွားပါတော့’
သို့ပေမည့် ထိုအရာကို သူ စိတ်နှလုံးထဲမှာသာ ပြောဆိုနိုင်စွမ်း ရှိ၏။
ကျူးဟုန်ကျူးသည် နင်ယွမ်ရှန်းနှင့် ပတ်သက်၍ ခံစားချက်အချို့ ရှိ၏။ နင်ယွမ်ရှန်းက သူ၏ ကျောင်းသား တစ်ယောက် ဖြစ်ခဲ့သည်သာမက သူ၏ သမက်တစ်ယောက်လည်း ဖြစ်၏။ ထို့အပြင် နင်ယွမ်ရှန်း က သူ၏ မျက်စိအောက်တွင် ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။
အခြားသောတစ်ဖက်ခြမ်းက ကြည့်ရမည်ဆိုလျှင် နင်ယွမ်ရှန်းက သူ၏ ဘုရင်မင်းမြတ်လည်း ဖြစ်၏။ ထို့အပြင် အခြားသော တစ်ဖက်ခြမ်းက ကြည့်ရှုရမည်ဆိုလျှင် တူလိုသားလိုပင် ဖြစ်သည်။ နင်ယွမ်ရှန်း၏ တစ်ချို့သော စိတ္တဇများကို သိရှိထားသောကြောင့် သူက အကူအညီမဲ့သလို သက်ပြင်းသာ ချမိ၏။
.....
“အင်း.. ရှမ့်လန်ကိုလည်း ဒီလက်ရေးလှစာလုံးအနည်းငယ် ပေးရမယ်။ ပြီးရင် တနေ့ သုံးခါ ကြည့်ခိုင်းရမယ်။” နင်ယွမ်ရှန်းက ပြောလိုက်သည်။
“ကောင်းပါပြီ အရှင်မင်းကြီး” မိန်းမစိုးကြီးလီစွမ်းက အကူအညီမဲ့သလို ပြောလိုက်၏။