← Chapters

အခန်း (၄၄၆)

Vol. 32 Ch. 446

အခန်း (၄၄၆)

Vol. 32 Ch. 446

လောကကြီးတစ်ခုလုံးက တုန်လှုပ်သွားခဲ့၏။ မထင်မှတ်ထားသည့် အကြောင်းအရာသည် လျှပ်တပြက် ဆန်လွန်းလှ၏။ မကြာသေးခင်ကပင် တစ်ယောက်နှင့်တစ်ယောက် သေမတတ် တိုက်ခိုက်ခဲ့သည် မဟုတ်ပါလား။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ ဘောင်းဘီတစ်ထည်ကို အတူတူဝတ်ထားသည့် လူများကဲ့သို့ပင် ပြောင်းလဲသွားခဲ့၏။ တကယ့်ကို မြန်ဆန်လွန်းလှချေ၏။

ချောင်ပြည်နယ်မှ သံတမန်များ သူတို့၏ ချောင်ပြည်နယ်ဆီသို့ မရောက်ရှိသေးခင်မှာ နိုင်ငံနှစ်ခုသည် ထိုကဲ့သို့သော ကြေညာမှုကို ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။

နင်ယွမ်ရှန်းက အလွန်လျင်မြန်စွာ ပြုမူဆောင်ရွက်လျက် ရှိနေ၏။ ချောင်ပြည်နယ်အနေနှင့် ဝူပြည်နယ်၊ ရွှဲ့ပြည်နယ်နှင့် ပူးပေါင်းချင်သည်ဆိုပါက ကျိန်းသေပေါက် ရွဲ့ပြည်နယ်၏ နိုင်ငံရေးရာကိစ္စရပ်အားလုံးကို ဖြတ်တောက်ပစ်ရန် လိုအပ်၏။

ဆိုရိုးစကားတစ်ခု ရှိ၏။ ညှိနှိုင်းဆွေးနွေးမှု စားပွဲပေါ်တွင် မရရှိနိုင်သည့် အရာမျိုးကို တိုက်ပွဲတွင် ရရှိနိုင်ခြင်း မရှိချေ ဆိုသည့် စကားစုပင်။ ဤအချိန်မှာတော့ ချောင်ပြည်နယ်က တကယ့်ကို ဒုက္ခရောက်ပြီ ဖြစ်သည်။

.............

ပိုင်ရီခရိုင်ဆီမှ ရှမ့်လန်ထွက်ခွာသွားခဲ့ပြီး တတိယညမှာတော့ သူက ပထမဦးဆုံး ဧည့်သည်တစ်ယောက်ကို တွေ့ရ၏။ ထိုသူက ဝူအန်းမြို့စားအိမ်တော်ဆီမှ ဆက်ခံသူ ရွှယ်ဖန်ပင် ဖြစ်၏။ သူ၏ဘေးတစ်ဖက်တွင်တော့ ကောက်ကျစ်လွန်းသည့် မိန်းကလေးတစ်ယောက် ရှိနေ၏။ သူမကို ကြည့်ရှုရသည်မှာ အများဆုံး အသက် ၁၇ နှစ်ခန့်သာ ရှိ၏။ ရှက်ရွံ့နေသည့် ပုံပန်းသွင်ပြင်ရှိပြီး တစ်ချိန်လုံး ခေါင်းငုံ့ထား၏။

ရှမ့်လန်သည် ရွှယ်ဖန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤလူက မျက်နှာသွင်ပြင်တစ်ခုလုံး ပြောင်းလဲသွားခဲ့ပုံ ပေါ်၏။ သူ့ကို ကြည့်ရှုသည့် မျက်လုံးများတွင် အထင်ကြီးမှုများ တည်ရှိနေ၏။ မသိလျှင် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိရှိနေသည့် မိတ်ဆွေဟောင်းကဲ့သို့ပင်။

လွန်ခဲ့သည့် လအနည်းငယ်တုန်းက ရွှယ်လီသည် ရွှမ်ဝူအိမ်တော်ဆီသို့ ရောက်ရှိလာခဲ့ပြီး စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့၏။ ရွှယ်ဖန်ကလည်း ယင်ယွမ်အဖွဲ့အစည်းနှင့်အတူ လိုက်ပါလာခဲ့ပြီး ကျင်းမိသားစုကို အကြွေး တောင်းခဲ့သည်။

ထိုတင်သာမကသေးချေ။ လွန်ခဲ့သည့် နှစ် ၂၀ တုန်းက ကျင်းယု မြို့စားကြီးသည် ရွှေဒင်္ဂါးတစ်သန်းကို အသုံးပြု၍ စစ်သည်ပေါင်းသောင်းချီကို ရွှယ်ကလန်ဆီမှ ချေးငှားခဲ့၏။ ထိုသို့ ချေးခဲ့ခြင်းသည် ချောင်ထျန်းဝေကို သွားရောက် တိုက်ခိုက်ရန် ဖြစ်၏။ အဆုံးသတ်မှာတော့ သွားရောက် တိုက်ခိုက်မည့် ရေတပ်ကြီးတစ်ခုလုံးက ဖျက်စီးခံခဲ့ရပြီး ကျင်းမိသားစုလည်း ဒုက္ခရောက်ခဲ့၏။

ကျင်းမိသားစုနှင့် ရွှယ်မိသားစုကြားရှိ အမုန်းတရားသည် စုမိသားစုထက် ပိုမိုကာ ကြီးမား၏။ ထို့အပြင် ကျင်းမိသားစုက ရွှယ်မိသားစုအပေါ်တွင် ကျေးဇူးတရားအကြွေးကလည်း ကြီးကြီးမားမား တည်ရှိနေသေး၏။ တစ်ဖက်ခြမ်းသည် သူတို့ကို ဘာအကြောင်းအရာမှ မရှိဘဲ သစ္စာဖောက်ခဲ့၏။ လောကတွင် ရှက်ရွံ့စရာ အကောင်းဆုံး သစ္စာဖောက်မှုမျိုးဖြင့် ကျင်းမိသားစုကို သေဆုံးသည်အထိ ချောက်ထဲကို တွန်းချခဲ့သည်။

စုမိသားစုသည် မူလန်နှင့် စေ့စပ်ပွဲမဖျက်သိမ်းခင်အထိ မိသားစုနှစ်ခု မိတ်ပျက်ယွင်းခြင်း မရှိခဲ့ချေ။ ရှမ့်လန် တစ်ယောက် စုမိသားစုကို ပထမဦးဆုံး လက်စားချေရသည့်အကြောင်းမှာ အကြောင်းအရင်းနှစ်ခု ရှိ၏။ ပထမဦးဆုံးအနေဖြင့် စုကျန့်ထင်က ရွှမ်ဝူအိမ်တော်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သူ၏ယောက္ခမကြီးကို ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့၏။ ဒုတိယအားဖြင့် ဘုရင်မင်းမြတ်က စုနန်ကို မုန်းတီးသောကြောင့်ပင်။

သို့ပေမည့် ရွှယ်မိသားစုမှာတော့ ခြားနားလွန်း၏။ ဝူအန်းမြို့စားကြီး ရွှယ်ချင်းချီသည် ဘုရင်မင်းမြတ်၏ ယုံကြည်ရသည့် သူလျှိုတစ်ယောက် ဖြစ်ပြီး ဘုရင်မင်းမြတ်၏ ထောက်လှမ်းရေးလုပ်ငန်းများကို တာဝန်ယူ ထား၏။

ရန်နန်းဖေးက ရွှယ်မိသားစု၏ မိသားစုဝင်တစ်ယောက်ဖြစ်သည်။ သူက ရွဲ့ပြည်နယ်၏ မဟာပညာရှင်ခြောက်ဦးထဲမှ တစ်ယောက်ဖြစ်သလို တောင်ပင်လယ်ဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် တစ်ယောက်လည်း ဖြစ်၏။ သို့သော်ငြား တောင်ပင်လယ်ဓားဂိုဏ်းဆိုသည်မှာ ရေနက်တပ်ဖွဲ့၏ ဌာနခွဲတစ်ခုကဲ့သို့ပင်။

အချက်အလက်အားဖြင့် ပြောရမည်ဆိုလျှင် ရွှယ်ကလန်နှင့် ကျုံးမိသားစုတို့၏ ကြားတွင် အလုံးစုံ မဟာမိတ် ဖွဲ့ထားပြီးဖြစ်သည်။ ထိုထဲတွင် တတိယမင်းသား နင်ချီ၏ ပါဝင်ပတ်သက်မှုကလည်း ကြီးမားသည်။ ရွှယ်မိသားစုသည် အပြင်ပိုင်း၌ ဘာမှမဟုတ်သော်လည်း တကယ့်တကယ်တမ်းမှာတော့ အလွန်အားကောင်းသည့် ဩဇာအာဏာကို ပိုင်ဆိုင်ပြီး ထိုအရာက နန်းတွင်းတစ်ခုလုံးတွင်လည်း အမြစ်တွယ်လျက် ရှိနေ၏။

စုမိသားစုက မျက်နှာပြင်ထက်တွင်သာ အားကောင်းသည့်ပုံ ပေါ်၏။ တကယ့် အစစ်အမှန်တရားမှာတော့ အားမကောင်းချေ။ ရွှယ်မိသားစုက သိုသိုသိပ်သိပ်နှင့် နေထိုင်တတ်ကြပြီး ၎င်းတို့က ပင်လယ်ပြင်တွင် နစ်မြုပ်လျက်ရှိနေသည့် ရေခဲတုံးကြီးကဲ့သို့ပင်။ ထိုသူတို့ကို မြင်ရသည်မှာ အစိတ်အပိုင်း သေးသေးလေးသာလျှင် ဖြစ်ပြီး ကျန်သည့် အစိတ်အပိုင်း ၉၀ ရာခိုင်နှုန်းက ရေအောက်ထဲတွင် တည်ရှိနေသည်။

ရှမ့်လန်က ရွှယ်မိသားစုကို ဖျက်ဆီးရပေလိမ့်မည်။ သို့ပေမည့် ခက်ခဲမှုအရပြောရမည်ဆိုလျှင် စုမိသားစုထက် ပိုမိုကာ အဆမတန် မြင့်မားလွန်းလှချေ၏။

အတိတ်တုန်းက ရွှယ်ဖန်က အေးစက်ပြီး ကျင်းမိသားစု၏ရှေ့တွင် မောက်မာခဲ့၏။ သို့ပေမည့် ယနေ့အချိန်မှာတော့ သူ၏မျက်နှာသွင်ပြင်တစ်ခုလုံးက ပြုံးရွှင်လျက် ရှိနေသည်။

“ဂုဏ်ယူပါတယ် ယောက်ဖ။ ဒီလိုကောင်းမွန်တဲ့ သူကောင်းပြုမှုတွေ ပြုလုပ်ခဲ့တာ တကယ့်ကို ဂုဏ်ယူပါတယ်” ရွှယ်ဖန်က ပြောလိုက်၏။

ရှမ့်လန်က ပြန်လည်ကာ ပြုံးပြလိုက်၏။ သို့သော်ငြား မည်သည့်စကားကိုမှ မဆိုချေ။

ရွှယ်ဖန်က ဆက်လက်ကာ ပြောလိုက်သည် “ယောက်ဖ ....ဒီတစ်ကြိမ် နန်းမြို့တော်ကို လာတဲ့လမ်းမှာ လျန်ခရိုင်ကို ဖြတ်သန်းသွားရမှာမလား”

သေချာပေ၏။ ဤအချိန်မှာတော့ တတိယမင်းသား နင်ချီသည် စစ်သည်ပေါင်း သုံးသောင်းကျော်ကို ဦးဆောင်ပြီး လျန်ခရိုင်၌ စောင့်ကြပ်လျက် ရှိနေ၏။ မူလအားဖြင့် စုနန်၏ ပုန်ကန်မည့်စစ်တပ်ကြီးကို တားဆီးရန်ပင်။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ ထိုသို့ပြုလုပ်ရန် မလိုအပ်တော့ချေ။ စုနန်၏ ပုန်ကန်မည့် စစ်သည်အားလုံးက ဖျက်ဆီး သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးပြီ ဖြစ်သောကြောင့်ပင်။

ရှမ့်လန်က ခေါင်းညိတ်လိုက်၏။

ရွှယ်ဖန်က ပြောလိုက်သည်။ “အင်း... တတိယမင်းသားက ခင်ဗျားကို အစားအသောက်တွေနဲ့ ဧည့်ခံဖိတ်ကျွေးဖို့ ပြင်ဆင်နေခဲ့တယ်။ ဒါကြောင့် ကျုပ်ကို လာပြီး ဖိတ်ခိုင်းလိုက်တာပဲ။”

ရှမ့်လန်က မေးလိုက်၏။ “အင်း... သွားကိုသွားရမှာလား”

ရွှယ်ဖန်က ပြောလိုက်သည်။ “အဲလိုတော့ မဟုတ်ပါဘူး။ ဒါက ခင်ဗျားရဲ့ သဘောပါပဲ။ ယောက်ဖ.. တတိယမင်းသားက ပါရမီရှင်တွေကို တကယ် နှစ်သက်တယ်။”

နောက်ဆုံးအချိန် ရှမ့်လန် ချင်နိုင်ငံဆီသို့ သွားရောက်ပြီး နိုင်င့ံရေးရာတာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ခဲ့စဉ်က တတိယမင်းသားသည် ထိုကဲ့သို့ပင် လူများကို စေလွှတ်ပြီး သူ့ဘက်သို့ ပါလာရန် သွေးဆောင်သိမ်းသွင်းခဲ့သေး၏။ ဤတစ်ကြိမ်မှာတော့ ပိုမိုကာ လေးနက်လာခဲ့ပုံ ပေါ်၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ တိုက်ရိုက်မျိုးဆက်ဟု သတ်မှတ်ရမည့် ရွှယ်ဖန်ကို စေလွှတ်ခဲ့သောကြောင့်ပင်။

ရွှယ်ဖန်က ပြောလိုက်၏။ “ယောက်ဖ... အရင်တုန်းက မဖြစ်သင့်တဲ့ကိစ္စကို ကျုပ် လုပ်ခဲ့တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် တခြားနည်းလမ်း မရှိဘူးလေ။ ကျုပ်တို့ ရွှယ်ကလန်က ကျိန်းသေပေါက် အရှင်မင်းမြတ်ရဲ့ အမိန့်ကို လိုက်နာရမှာပေါ့။ အရှင်မင်းမြတ်က ကျုပ်တို့ကို လုပ်ခိုင်းတဲ့အရာမျိုးဆို ဘာကိုပဲဖြစ်ဖြစ် ကျုပ်တို့လုပ်ရမယ်လေ။ ဒါက သဘာဝပါပဲ”

လွန်ခဲ့သည့် နှစ် ၂၀ တုန်းက ရွှယ်ကလန်က ကျင်းမိသားစုကို သစ္စာဖောက်ခဲ့သည့်အဖြစ်၌ ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒများ ပါဝင်နေသည်လား။ ထိုသို့တော့ မဟုတ်နိုင်ပေ။

ရွှယ်ဖန်က ပြောလိုက်သည်။ “ဟုတ်တယ်။ အင်း... ယောက်ဖအနေနဲ့ ရွှယ်ကလန်ကို လက်လွှတ်ပေးဖို့ ခက်ခဲမှန်း သိပါတယ်။ ဒါပေမယ့် ဒါကို ဖြည်းဖြည်းပဲ စိတ်ထဲမှာ ထားလို့ရတယ်။ တဖြည်းဖြည်းနဲ့ ကျုပ်တို့ရဲ့ ကြားထဲမှာ ရှိတဲ့ အငြိုးအတေးတွေက ပျောက်ကွယ်သွားပါလိမ့်မယ်။ ယောက်ဖအနေနဲ့ လက်ရှိအခြေအနေမှာ တစ်စုံတစ်ခုကို သိရှိဖို့ လိုလိမ့်မယ် ထင်တယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဒါနဲ့ ကျုပ်ရဲ့ ယောက္ခထီးကိုသတ်ဖြတ်ခဲ့တဲ့ ဓားပြကြီး နာကျည်းမှု အကြောင်းက ဘယ်မှာလဲ”

ရွှယ်ဖန်က ပြောလိုက်သည်။ “ယောက်ဖ။ ဓားပြကြီးနာကျည်းမှုက ဘယ်သူလဲသိလား”

ရှမ့်လန်က ပြောလိုက်၏။ “အင်း... ကျုပ် အသေးစိတ် ကြားချင်ပါသေးတယ်”

ရွှယ်ဖန်က ပြောလိုက်သည်။ “သူ့ရဲ့နာမည်က ကျိုးရိချမ်တဲ့။ သူက ကျိုးကျောင်းရန်ရဲ့ အစ်ကိုတစ်ယောက်ပဲ။ ပြီးတော့ သူက အိမ်ရှေ့စံမင်းသားရဲ့လူတွေထဲက တစ်ယောက်ပဲ။ နယ်စားကြီးကျင်းကျိုးကို သုတ်သင် ရှင်းလင်းပစ်တာ အိမ်ရှေ့စံမင်းသားရဲ့ စိတ်ဆန္ဒပဲ”

ရှမ့်လန်က တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဒီလိုကိစ္စမျိုး ရှိသေးတာလား”

ရွှယ်ဖန်က ပြောလိုက်သည်။ “အင်း... ကျိန်းသေပေါက်ပေါ့”

ရှမ့်လန်သည် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်၏။ “တကယ့်ကို ကြောက်လန့်စရာပဲ။ တကယ့်ကို တုန်လှုပ်စရာပဲ။ ဓားပြကြီးနာကျည်းမှုက အိမ်ရှေ့စံမင်းသားရဲ့လူတွေထဲက တစ်ယောက်ပေါ့။ ဒီသတင်းက တကယ့်ကို အံ့အားသင့်စရာ ကောင်းတယ်။ အိမ်ရှေ့စံမင်းသားက တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ကျုပ်ရဲ့ယောက္ခထီးကို သတ်ဖြတ်ခိုင်းခဲ့တာလား။ ဒါဆိုရင် သူနဲ့ကျုပ်က တူညီတဲ့ ကောင်းကင်အောက်မှာ နေထိုင်လို့ရတဲ့လူတွေ မဟုတ်တော့ဘူးပေါ့။”

ရွှယ်ဖန်က ပြောလိုက်သည်။ “ယောက်ဖ ရှမ့်လန်.. ကျုပ်တို့နှစ်ယောက်လုံးက တူညီတဲ့ ရန်သူတွေ ရှိသွားခဲ့ပြီ။ ဒီတော့ တူညီတဲ့ ရန်သူကို အရင်ဆုံး ဖြေရှင်းကြတာ မကောင်းဘူးလား”

ပြီးနောက် ရွှယ်ဖန်က ပြောလိုက်၏။ “ကျုပ်ရဲ့ ညီမ ရွှယ်လီက မရင့်ကျက်ဘူးဆိုတာ ကျုပ်သိပါတယ်။ သူက ကျင်းမိသားစုကိုလည်း ကောင်းကောင်း ဒုက္ခပေးခဲ့သေးတယ်။ ရွှယ်ကလန်နဲ့ ကျင်းမိသားစုရဲ့ကြားက လက်ထပ်ပွဲကို ဆက်ပြီးပြုလုပ်ပါ့မယ်။ မန်မန်... ဒီကိုလာခဲ့အုံး”

သေးငယ်သည့် မိန်းကလေးက အသာပင် လှမ်းလျှောက်လာခဲ့သည်။ “ဒါက ကျုပ်ရဲ့ညီမ ရွှယ်မန်ပဲ။ ကျုပ် အဖေရဲ့ ပထမ ကိုယ်လုပ်တော်က မွေးတာလေ။ သူက ကျုပ်အဖေရဲ့ ချစ်စနိုးလေးပေါ့”

ရှမ့်လန်က ဤမိန်းကလေးကို သေသေချာချာ ကြည့်ရှုလိုက်၏။ အသွင်အပြင်နှင့် ကြင်နာတတ်မှုကို ပြောရမည်ဆိုလျှင် သူ၏ရှေ့တွင် ရှိနေသည့် မိန်းကလေးက ရွှယ်လီထက် အဆပေါင်းများစွာ သာ၏။

ရွှယ်ဖန်က ပြောလိုက်သည်။ “အင်း... ဆက်ခံသူ ကျင်းမူကုန်းက ပါရမီရှင်တစ်ယောက်ပါပဲ။ သူက ရွဲ့ပြည်နယ်ရဲ့ ပါရမီရှင်တစ်ယောက်ဆိုပြီး တစ်လောကလုံးမှာ ပျံ့နှံ့နေခဲ့တာ။ ဒီတော့ ကျုပ်ရဲ့ညီမ ရွှယ်မန်နဲ့ဆိုရင် ကောင်းကင်က သတ်မှတ်ပေးထားတဲ့ စုံတွဲတွေလို ဖြစ်မှာပဲ။ ဒီလိုလုပ်ရအောင်။ သူတို့ကို လက်ထပ်ပေးလိုက်ရင် ဘယ်လိုလဲ”

ရှမ့်လန်က သေသေချာချာ ကြည့်ရှုလိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “မိန်းကလေး ရွှယ်မန်.. ကျင်းမူကုန်းက ကျုပ်လောက် မချောဘူးနော်။ မင်း တကယ်တမ်း သူ့ကို လက်ထပ်ချင်တာ ဟုတ်ရဲ့လား”

ဤစကားစုက တကယ့်ပင် အရှက်တရားကင်းမဲ့လွန်းသည်။

ရွှယ်မန်က တီးတိုး ပြောလိုက်၏။ “ကျွန်မ... ကျွန်မ အစ်ကို ကျင်းမူကုန်းကို ခိုးပြီး သွားကြည့်ခဲ့ပြီးပါပြီ။ ကျွန်မ သူ့ကို နှစ်သက်ပါတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် ကောင်းပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါ ဆုံးဖြတ်ပေးလို့တော့ မရဘူး။ ဒီတော့ ငါ့ရဲ့ယောက္ခထီးကို မေးလိုက်မယ်။”

ရွှယ်ဖန်က ပြောလိုက်၏။ “ကောင်းပြီ ..... တတိယမင်းသားက ခင်ဗျားကို စောင့်နေတယ်။ ယောက်ဖအနေနဲ့ လျန်ခရိုင်ကို ဖြတ်သန်းသွားတဲ့အချိန်မှာ ကျိန်းသေပေါက် သွားပြီး လည်ပတ်လိုက်ပါအုံး”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် အကောင်းဆုံး ကြိုးစားလိုက်ပါ့မယ်”

ရွှယ်ဖန်က ပြော၏။ “ဒါဆိုရင်လည်း ကျုပ်သွားလိုက်ပါအုံးမယ်”

ရှမ့်လန်က ပြောလိုက်သည်။ “အစ်ကိုရွှယ်... ဂရုစိုက်ပြီး သွားပါ”

လှပသည့် မိန်းကလေးကလည်း ပြောလိုက်၏။ “အစ်ကိုတော်ရှမ့်လန် နှုတ်ဆက်ပါတယ်”

ရှမ့်လန်က ညင်သာစွာ ပြောလိုက်သည်။ “အင်း... ညီမလေးရွှယ်မန် နှုတ်ဆက်ပါတယ်”

ဤလှပသည့် မိန်းကလေးက ရှမ့်လန်ကို အသာလက်ယမ်းပြကာ ထွက်ခွာသွားခဲ့၏။

ပြီးနောက် ရွှယ်ဖန်သည် သူ၏ညီမနှင့်အတူ ထွက်ခွာသွားခဲ့သည်။

...............

နောက်တစ်ရက် ရှမ့်လန်က သူ၏ခရီးစဉ်ကို ဆက်၏။ ညရောက်သည့်အချိန်မှာတော့ သူက အရာရှိရိပ်သာတစ်ခုလုံးကို စာရင်းပေးသွင်း ငှားရမ်းခဲ့၏။ ယခင်တည်းက အရာရှိရိပ်သာသို့ရောက်လျှင် ဤကဲ့သို့ စာရင်းပေးသွင်းပြီး နေထိုင်မှုကိုပြုလုပ်တတ်သော်လည်း ရိပ်သာရှိ နန်းတွင်းအမှုထမ်းတို့က သူ့ကို မရှိသကဲ့သို့ပင် ဆက်ဆံခဲ့၏။ မြွေကဲ့သို့၊ ကင်းမြီးကောက်ကဲ့သို့ပင် သူ့ကို ရှောင်ရှားခဲ့၏။ သူ့ကို ပြဿနာရှာခြင်း မပြုလုပ်သော်လည်း သူ၏မျက်စိရှေ့၌ ပေါ်ပေါက်မလာရန် ကြိုးစားကြ၏။

သို့ပေမည့် ဤတစ်ကြိမ်မှာတော့ သူ့အနေနှင့် မည်သည့်နေရာကိုရောက်ရောက် ဒေသခံအရာရှိများ ရောက်ရှိလာပြီး ကြိုဆိုသည်။ သူ နားခိုမည့် အရာရှိရိပ်သာဆီသို့ မရောက်ခင် မိုင်ဒါဇင်ချီ အဝေးမှာတည်းက ကြိုဆိုရေးအဖွဲ့များ စောင့်နေကြပြီဖြစ်သည်။ ထိုသူတို့၏ စိတ်အားတက်ကြွမှုနှင့် ဧည့်ဝတ်ကျေပွန်မှုသည် သူ့ကို ရှက်ရွံ့မှုများပင် ဖြစ်စေခဲ့သည်။

ညစာစားပြီးနောက် ရှမ့်လန်က သူ၏အခန်းဆီသို့ ပြန်လာခဲ့၏။ ဓားဘုရင် လီချင်းချိုးသည် သူ၏အခန်းဘေးတွင် နေထိုင်၏။ ရှမ့်လန် အခန်းထဲသို့ မဝင်ခင်မှာပဲ ဓားဘုရင်က တိုးညှင်းစွာ သတိပေးလိုက်၏။

“မင်းအခန်းထဲမှာ တစ်စုံတစ်ယောက် ရောက်နေတယ်။ ပြီးတော့ မိန်းမတစ်ယောက်ပဲ”

ရှမ့်လန်က ကြောင်အသွားခဲ့၏။ သူ၏မိန်းမ မူလန်ဖြစ်နေသည်လား။ မူလန်နှင့် ခွဲခွာခဲ့ရသည်မှာ ကြာပြီ ဖြစ်၏။ ထို့ကြောင့် မူလန်က တိတ်တဆိတ်ရောက်ရှိလာခြင်းလည်း ဖြစ်နိုင်ပေလိမ့်မည်။ ရှမ့်လန်သည် မူလန်နှင့် မတွေ့ခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူက ပေါက်ကွဲလုမတတ်ပင်။

တံခါးကို အလျင်စလိုနှင့် တွန်းဖွင့်လိုက်၏။ အထဲတွင်တော့ တကယ်ပဲ မိန်းမတစ်ယောက် ရှိနေ၏။ သူမက နောက်ကျောပေးကာ ရပ်နေပြီး သူမ၏ အနောက်ဘက် ကောက်ကြောင်းက လှပလွန်း၏။

“ရှမ့်.. ရောက်လာပြီလား။ ကျွန်မ ဒီမှာစောင့်နေတာ အချိန်အတော်ကြာခဲ့ပြီ။”

အမျိုးသမီးက ခေါင်းကိုလှည့်လိုက်၏။ အိမ်ရှေ့စံမင်းသား၏ ကိုယ်လုပ်တော် ကျိုးကျောင်းရန်ပင်။

“ရွှယ်ဖန်က ရှမ့်ကို တွေ့ဖို့သွားခဲ့တယ်လို့ ကြားတယ်။”

ကျိုးကျောင်းရန်က ကြင်နာစွာ ပြောလိုက်သည်။ “ဒါပေမယ့် ရှမ့်အနေနဲ့ သဘောတူညီမှာ မဟုတ်ဘူးလို့လည်း ကျွန်မ ယုံကြည်နေတယ်”

ရှမ့်လန်က မေးမြန်းလိုက်၏။ “မိန်းကလေးကျိုး.. ဒီကို ဘာရည်ရွယ်ချက်နဲ့ လာခဲ့တာလဲ”

ကျိုးကျောင်းရန်က ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားက ရှမ့်ကို တကယ်ပဲ ချီးကျူးနေတယ်။ ရှမ့်နဲ့ အိမ်ရှေ့စံမင်းသားတို့ကြားမှာ အရင်တုန်းက နားလည်မှုလွဲတဲ့ ကိစ္စမျိုးလေး ရှိခဲ့ပြီးတော့ အခုအချိန်မှာ အဲဒီနားလည်မှု လွဲတဲ့ အရာလေးတွေကို ဖြေရှင်းပြီးသွားခဲ့ပြီ မဟုတ်လား”

ရှမ့်လန်က ပြောလိုက်၏။ “အင်း... ဓားပြကြီး နာကျည်းမှုက ကျုပ်ရဲ့ ယောက္ခထီးကို သွားပြီး သုတ်သင် ရှင်းလင်းပစ်ခဲ့တယ်။ ဒီကြားထဲမှာ ကြီးမားတဲ့ နားလည်မှုလွဲတာမျိုး ရှိနေတယ်လေ။ ဒီကိစ္စကို ဘယ်တုန်းက ဖြေရှင်းခဲ့ပြီးတာလဲ။ ပြီးတော့ အိမ်ရှေ့စံမင်းသားက ကျုပ်ရဲ့မိန်းမကို ကြိုက်နေတာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှု လွဲတာကို ဖြေရှင်းခဲ့ပြီးပြီလား”

All Chapters