← Chapters

အခန်း (၄၄၈)

Vol. 32 Ch. 448

အခန်း (၄၄၈)

Vol. 32 Ch. 448

နောက်တစ်ရက် မိုးလင်းမှာတော့ ရှမ့်လန်သည် သူ၏အဖွဲ့ကို ခေါ်ဆောင်ကာ နန်းမြို့တော်ဆီသို့ ပြန်လာခဲ့၏။ ကျင်းမိသားစု၏ ခြံဝင်းက မီးလောင်တိုက်သွင်းခြင်းကို ခံထားရသောကြောင့် ကျင်းမူကုန်းနှင့် ရှောင်ပင်းတို့သည် ပဉ္စမမင်းသားနင်ကျန်း၏ အိမ်၌ ရွှေ့ပြောင်းကာ နေထိုင်နေရ၏။

တော်ဝင်ရန်နိုင်ငံတော်၏ သံတမန် ယွမ်မင်ကျယ် ကလည်း နန်းမြို့တော်ထဲတွင် မရှိချေ။ သူက မင်းသမီးနင်ယန် ကွာရှင်းခွင့်ရစေရန် တောင်ဝင်ရန်နိုင်ငံသို့ ပြန်ပြီး တောင်းဆိုပေးလျက်ရှိသည်။

ရှမ့်လန်တစ်ယောက် ချင်နိုင်ငံဆီမှ ပြန်လာသည့် သူ၏ နိုင်ငံရေးရာ ခရီးစဉ်တွင် ကြီးမားသည့် ကောင်းကျိုးကို ပြုလုပ်ခဲ့၏။ ထိုစဉ်အချိန်က လူပေါင်းများစွာတို့က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့၏။ ထိုအချိန်တုန်းက ရှမ့်လန်က နန်းမြို့တော်ကြီးတစ်ခုလုံးတွင် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့၏။

သို့ပေမည့် ဤတစ်ကြိမ် ရှမ့်လန်၏ ပြုမူဆောင်ရွက်ခဲ့သည့် လုပ်ဆောင်ချက်များအားလုံးက ပိုမိုကာ ကြီးမား၏။ သူက စုကလန်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်သလို ကျန့်ထော်ကိုလည်း သုတ်သင်ရှင်းလင်းပစ်ခဲ့၏။ အရာကိစ္စအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သည့် သာမန်ထက်ပိုသော သူကောင်းပြုမှုမျိုးကို ပြုလုပ်ခဲ့ခြင်းပင်။ ထိုအရာသည် နိုင်ငံ၏သူရဲကောင်းအဖြစ်ပင် ခေါ်ဆိုနိုင်စွမ်းရှိနေသည်။

သို့သော်ငြား နန်းမြို့တော်ဆီသို့ ပြန်ရောက်သည့်အချိန်မှာတော့ အလုံးစုံ တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ မည်သူမှ လာရောက်ကြိုဆိုခြင်း မရှိကြသလို မည်သည့်အရာရှိအရာခံ၊ အမှုထမ်းကမှ မြို့ထဲကို ဝင်လာသည့် သူ့ကို အသိအမှတ်ပြုခြင်း မရှိချေ။

ဘုရင်မင်းမြတ်သည် မြောက်ပိုင်းရှိ ခေတ္တနန်းတော်ထဲတွင်ရှိနေခဲ့ပြီး နန်းမြို့တော်ဆီသို့ ပြန်မလာသေးချေ။ ထို့ကြောင့် ရှမ့်လန် နန်းမြို့တော်ထဲသို့ဝင်သည့်အချိန်တွင် သူ၏ ကိုယ်ရေးအချက်အလက် အသိအမှတ်ပြု ကတ်ပြားများကို စစ်ဆေးမည့် အဖွဲ့ပင် ရှိနေသည်။

ဂိတ်တံခါးပေါက်မှ အစောင့်သည် ရှမ့်လန်ကို သေသေချာချာ စူးစိုက်ကြည့်ကာ မေးလိုက်၏။ “အင်း.. ပိုင်ရီခရိုင်က လာခဲ့တာလား”

ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။

ဂိတ်စောင့်တပ်မှူးသည် ရုတ်ချည်း နောက်သို့ ခြေတစ်လှမ်းဆုတ်ကာဖြင့် ကျယ်လောင်စွာ အော်လိုက်၏။ “အားလုံးပဲ ဒီအဖွဲ့ကို တာထားကြ”

စစ်သည်ပေါင်းထောင်ချီတို့ ထွက်ပေါ်လာခဲ့ပြီး ရှမ့်လန်၏ လူပေါင်း ၂၀၀ ကို ဝိုင်းပတ်လိုက်ကြသည်။

ဂိတ်စောင့်တပ်မှူးက ပြောလိုက်၏။ “တောင်းပန်ပါတယ် အရှင်ရှမ့်.... အခု ပိုင်ရီခရိုင်မှာ ကျောက်ရောဂါတွေ ဖြစ်နေတယ်။ နန်းမြို့တော်ထဲဝင်လာတဲ့ ဘယ်သူမဆို စစ်ဆေးခြင်း ခံရမယ်။ ပြီးတော့ ငါးရက်တိတိ သီးခြား နေထိုင်မှုကို ပြုလုပ်ရမယ်။ ဘယ်သူမှ ရောဂါကူးစက်မှုမရှိမှ အပြင်ဘက်ကို ထွက်ခွင့်ရမယ်”

ရှမ့်လန်က ပြုံးကာ ပြောလိုက်သည်။ “ဒါနဲ့ ဒီအမိန့်ကို ဘယ်သူပေးတာလဲ သိချင်ပါတယ်”

ဂိတ်စောင့်တပ်မှူးက ပြောလိုက်၏။ “အင်း... အုပ်ချုပ်ရေးမှုးရုံး၊ ဝန်ကြီးများရုံး၊ ရုံးအသီးသီးတို့က ပြောတာပါ။ ကျုပ်အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့တစ်ခုပဲ ရှိတယ်။ ဒီတော့ ကျေးဇူးပြုပြီး ကျုပ်ကို အပြစ်မတင်ပါနဲ့ အရှင်ရှမ့်”

ပြီးနောက် သူက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ “အရှင်ရှမ့်တို့ အဖွဲ့တွေကို သီးသန့်အဆောက်အအုံ တစ်ခုမှာ ထားလိုက်။ သူတို့ အဲဒီနေရာကနေ ဘယ်မှထွက်ခွင့် မရှိဘူး”

ရှမ့်လန်၏ နောက်တွင်ရှိနေသည့် လူပေါင်းများစွာတို့က ဒေါသထွက်ခဲ့၏။ သူတို့က ပိုင်ရီခရိုင်အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ကြီးမားသည့်ကောင်းကျိုးကို ပြုလုပ်ခဲ့၏။ ရွှဲ့ပြည်နယ်တစ်ခုလုံး၏ အန္တရာယ်ကိုပင် ကယ်တင်ပေးခဲ့၏။ သို့သော်ငြား နန်းမြို့တော်ဆီသို့ ပြန်ရောက်သည့်အချိန်မှာတော့ သူရဲကောင်း များကဲ့သို့ ဆက်ဆံမှုမျိုးကို မခံရသည့်အပြင် အချုပ်ချခြင်းကိုပင် ခံရ၏။ တကယ့်ကို စိတ်ပျက်စရာပင်။

ရှမ့်လန်က ပြောလိုက်၏။ “ဒါနဲ့ ခင်ဗျားဘယ်သူလဲ မေးပါရစေ”

ထိုဂိတ်မှူးက ပြောလိုက်သည်။ “ထျန်းရွှဲ့အုပ်ချုပ်ရေးမှုးရုံးက တပ်မှူးဝမ်တုံပါပဲ”

ထျန်းရွှဲ့မြို့ - နန်းမြို့တော်ထဲမှ မြို့တစ်ခုလည်း ဖြစ်၏။ ဤအရာက မြို့သေးလေးတစ်ခုဖြစ်ပြီး ဝမ်တုံသည် အဆင့်နိမ့် လူတစ်ယောက်တော့လည်း မဟုတ်ချေ။ ပုံမှန်အားဖြင့် ရွှမ်ဝူဂိတ်တံခါးကို စောင့်ရှောက်သည့် လူများသည် ပညာရှိစာမေးပွဲ အောင်မြင်ပြီးခါစ အမှုထမ်းတစ်ယောက်ယောက်သာလျှင်ဖြစ်၏။ သို့ပေမည့် သူ့ကို တားဆီးနိုင်ရန် တပ်မှုးတစ်ယောက်ကိုပင် နေရာချထား တာဝန်ထမ်းဆောင်စေခဲ့သည်။ ကြမ်းတမ်းလွန်းလှချေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ကျုပ်တို့အဖွဲ့က အစောကြီးတည်းက ကာကွယ်ဆေးထိုးခဲ့ပြီးသားပါ။ ဒီတော့ ကျောက်ရောဂါပိုး ကူးစက်တဲ့ ကိစ္မမျိုးတွေ ဖြစ်မှာမဟုတ်ပါဘူး။ ပြီးတော့ ကျုပ်တို့ ပဉ္စမမင်းသားရဲ့ အိမ်တော်မှာ သီးသန့်နေထိုင်လို့ရပါတယ်။ ဘယ်မှမထွက်ပါဘူး။ သမားတော်တွေခေါ်လာပြီး ကျုပ်တို့ကို အဆင်ပြေသလို လာစစ်ဆေးလို့ရပါတယ်။”

“မဟုတ်သေးဘူး”

တပ်မှူးဝမ်တုံက ပြောလိုက်၏။ “အရှင်ရှမ့်... ဒီမှာ စာရွက်စာတမ်းတွေ အကုန်လုံး ပါပြီးသားပဲ။ သေချာကြည့်ပါ။ ဒါ အမိန့်အတိုင်းပါပဲ”

ရှမ့်လန်က တစ်ချက်ကြည့်လိုက်၏။ သေချာပေ၏။ ကျန်းရှစ်စီရင်စုဆီမှ ထွက်ခွာလာခဲ့သည် မည်သူမဆို၊ မည်မျှ အဆင့်မြင့်မားသည့် အရာရှိမဆို ကျိန်းသေပေါက် သီးသန့်နေထိုင်ခြင်းကို ပြုမူရမှာ ဖြစ်၏။ ပိုင်ရီခရိုင်ဆီမှ ထွက်လာခဲ့သည့် လူအားလုံးက သီးသန့်နေထိုင်ရမှာ ဖြစ်ပြီး ကျောက်ရောဂါပိုး ကူးစက်ခြင်းမရှိမှသာလျှင် အများရှေ့သို့ ထွက်ခွာခွင့်ရှိမည်။

ဤအမိန့်ကို မလိုက်နာလျှင် ချက်ချင်း ဖမ်းဆီးခံရပေလိမ့်မည်။ ခုခံသည်ဆိုပါက မေးခွန်းမထုတ်ဘဲ သတ်ဖြတ်ရပေလိမ့်မည်။ ဤအရာက သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်နှင့် ရေးသားထားသည့် အမိန့်တော်တစ်ခု ဖြစ်ပြီး အနီရောင် စည်းတံဆိပ်တုံး လေးခုလည်း ပါရှိ၏။ ရုံးအသီးသီးတို့ စုပေါင်းချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းပင် ဖြစ်၏။

ဟုတ်ပေ၏။ ထျန်းရွှဲ့အုပ်ချုပ်ရေးမှုးရုံးသည် သူ၏အထက်တွင် များပြားသည့် အဖွဲ့အစည်းများ တည်ရှိ နေခဲ့ကြပြီးသား ဖြစ်၏။ ထိုအဖွဲ့ပေါင်းများစွာတို့၏ပူးပေါင်းအမိန့်သည် ဘုရင်မင်းမြတ်အမိန့်၏ ဒုတိယအောက်တွင် တည်ရှိနေသည့် အရာမျိုးပင်။

သို့ပေမည့် ဤအမိန့်သည် ကျိန်းသေပေါက် သူ့ကို ပစ်မှတ်ထားသည့်အရာဖြစ်ကြောင်း ရှမ့်လန်က ကောင်းကောင်း သိ၏။ သူ ရှမ့်လန်က လုံလောက်အောင် အံ့အားသင့်စရာ မကောင်းသေးဘူးလား။ စုနန်နှင့် ကျန့်ထော်တို့ကို သတ်ဖြတ်ပြီးကာစပင် ရှိနေသေးသည်။ နောက်ထပ် လူများနှင့် ထပ်မံ ရင်ဆိုင်ရပေတော့မည်။

သူက ကျန်းရှစ်စီရင်စုအတွက် ကြီးမားသည့် အကျိုးကျေးဇူးကို ပြုလုပ်ခဲ့သူ တစ်ယောက်ဖြစ်၏။ သို့ပေမည့် လုံလောက်အောင် မရက်စက်ခဲ့သောကြောင့် တစ်ဖက်လူများက သူ့ကို အထင်အမြင် သေးနေသည်လား။ သူ၏မျက်နှာကို ပိတ်ရိုက်ရန် စီစဉ်လျက်ရှိနေ၏။ ရုတ်တရက် ပေါ်ပေါက်လာသည့် ဉပဒေဆိုသည့် အရာတစ်ခုဖြင့် သူ့ကို တားဆီး၍ ရနိုင်လိမ့်မည်ဟု ထင်မှတ်နေသည်လား။

ဘုရင်မင်းမြတ်သည် လက်ရှိအချိန်၌ မြောက်ပိုင်းရှေ့တန်းစစ်မြေပြင်မှ ခေတ္တနန်းတော်ထဲတွင် ရှိနေ၏။ နန်းမြို့တော်ထဲသို့ ပြန်မရောက်သေးချေ။ ထို့ကြောင့်ပင်လျှင် သူ့ကို အနိုင်ကျင့်စော်ကားရန် ပြင်ဆင်နေသည် လား။

ကျောက်ရောဂါပိုးကို ကာကွယ်ရန်ဆိုသည်မှာ အရေးကြီးသည့် ကိစ္စဖြစ်သည်။ နန်းမြို့တော်ထဲတွင် ရှိနေသည့် လူပေါင်းသန်းချီတို့၏ လုံခြုံရေးက အရေးကြီးသည့်အရာ မဟုတ်ပါလား။ ထို့ကြောင့် ရှမ့်လန်ကို အထဲသို့ ဝင်ခွင့်မပေးခြင်းဆိုသည်မှာ ကျိုးကြောင်း ဆီလျော်လွန်းသည့် အရာပင် ဖြစ်၏။ ရှမ့်လန်သည် ဤကဲ့သို့ သီးသန့်ထားရှိခြင်းကို သဘောတူညီရပေလိမ့်မည်။ တစ်ဖက်လူများက နည်းလမ်းကောင်း တစ်ခုကို အသုံးပြုခဲ့၏။ မကြာခင်တွင် သူ့ကို ဖြည်းဖြည်းချင်းသတ်ဖြတ်ရန် ကြိုးစားကြမှာ သေချာ၏။

ရှမ့်လန်က ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ “တပ်မှူးဝမ်တုံ.. တကယ်လို့ ကျုပ်တို့အနေနဲ့ သီးခြား နေထိုင်မှုကို မပြုလုပ်ချင်ဘူးဆိုရင် နေအိမ်အကျယ်ချုပ် ချထားလို့ရတယ်လေ။ ဒါဆိုရင် တူတူပဲမဟုတ်လား။”

တပ်မှူးဝမ်တုံက ပြောလိုက်၏။ “အရှင်ရှမ့်... ကျုပ်တို့က အထက်အမိန့်ကို ထမ်းဆောင်နေတာပါ။ ဒီတော့ ကျုပ်တို့ကို အခက်အခဲအောင် မလုပ်ပါနဲ့”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်က ခင်ဗျားကို မေးကြည့်ရုံလေးပါပဲ။ ကျုပ်သာ ဒီအမိန့်ကို မလိုက်နာဘူးဆိုရင် ဘာဖြစ်လာနိုင်လဲ”

ဝမ်တုံသည် ဓားကို အသာ ဆွဲကိုင်ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “ကျုပ် ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ။ ဒီမှာ တရားဝင် ရုံးအသီးသီးက ထုတ်ဖော်ထားတဲ့ စာရွက်စာတမ်းတွေ အကုန်လုံးလည်း ရှိတယ်။ ကျန်းရှစ်စီရင်စုကနေ ရောက်ရှိလာတဲ့ ဘယ်သူမဆို သီးခြားနေထိုင်မှုကို လက်မခံဘူးဆိုရင် ဖမ်းဆီးခံရလိမ့်မယ်။ ဒါမှမဟုတ်ရင် နန်းမြို့တော်ထဲမှာ ရှိနေတဲ့ လူပေါင်းသန်းချီတို့ရဲ့ အသက်လုံခြုံရေးအတွက် အညှာအတာ ကင်းမဲ့စွာနဲ့ ကျုပ်တို့ ဖြေရှင်းရပါလိမ့်မယ်။”

“ဉပဒေကို လိုက်နာပါ” လူပေါင်း ရာကျော်တို့က ရုတ်တရက် အော်ဟစ်လိုက်သည်။

ပတ်ဝန်းကျင်တွင် ရှိနေသည့် လူပေါင်းများစွာတို့က တွန့်ကနဲပင် ဖြစ်သွားခဲ့၏။ မီတာရာနှင့်ချီ အကွာအဝေးဆီသို့ လှမ်းဆုတ်ပြီးနောက် တည်နေရာတစ်ခုလုံးက စတင်တိုက်ခိုက်မည့် တိုက်ခိုက်ရေးကွင်းပြင် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

“နန်းမြို့တော်က လူတွေအကုန်လုံး.... ဒါက အရှင်ရှမ့်လန်ပဲ” တပ်မှူးဝမ်တုံက ကျယ်လောင်စွာ ပြောလိုက်သည်။

ချက်ချင်းပဲ လူပေါင်းများစွာတို့၏ အကြည့်က ရှမ့်လန်ဆီသို့ ရောက်ရှိလာခဲ့၏။ သူတို့၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများက ထင်ပေါ်လာသည်။ ကောလာဟလများက တကယ့်ကို ကြောက်ခမန်းလိလိ ပျံ့နှံ့ခဲ့ပြီးသား ဖြစ်၏။ ရှမ့်လန်က ချင်နိုင်ငံ၏ မြင်းသည်တော်များကို ပိုင်ရီခရိုင်ထဲသို့ ခေါ်ဆောင်လာခဲ့ပြီး လူပေါင်းသောင်းချီကို သတ်ဖြတ်ပစ်ခဲ့၏။ အိမ်ဆယ်အိမ်တွင် ကိုးအိမ်ကို ပြောင်သလင်းခါအောင် လုယက်ခဲ့ပြီး မီးပင်ရှို့ခဲ့၏။ မိသားစုတိုင်း၊ မိသားစုတိုင်းတွင် အသုဘပွဲများကို ကျင်းပခဲ့ရ၏။

လက်ရှိအချိန်မှာတော့ ရှမ့်လန်သည် အားလုံးသောသူတို့၏ အထင်မြင်သေးမှုကို ခံစားနေရပြီး ရွှဲ့ပြည်နယ်တစ်ခုလုံး၏ ရန်သူကဲ့သို့ပင် အာလုံးက သတ်မှတ်ထားကြသည်။

ထို့အပြင် ကျန့်ထော်နှင့် လျန်ယုံနင်တို့သည် စုနန်နှင့် ပုန်ကန်နေသည့် စစ်တပ်ကြီးကို ဖျက်ဆီးခဲ့သည့် တကယ့် တော်ဝင်သူရဲကောင်းများ ဖြစ်၏။ ရွှဲ့ပြည်နယ်သို့ ကျဆင်းလာမည့် မုန်တိုင်းကြီးကို ပြောင်းပြန်လှန်ပေးခဲ့များ ဖြစ်၏။ သို့ပေမည့် ရှမ့်လန်က လူမြင်ကွင်းတွင် လျန်ယုံနင်ကို သတ်ဖြတ်ခဲ့ပြီး ချင်နိုင်ငံ၏ စစ်သည်များကို ခေါ်ဆောင်ကာ လျန်ယုံနင်၏ စစ်သည်အားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။

ဤလုပ်ရပ်က ရွှဲ့ပြည်နယ်တစ်ခုလုံးကို ဒေါသတရားများ ပေါက်ကွဲစေခဲ့၏။ ဟုတ်ပေ၏။ ဤကဲ့သို့သော အဖြစ်အပျက်များ ဖြစ်ပြီးနောက် အုပ်ချုပ်ရေးမှုးရုံးများက သတင်းမှန်ကို စနစ်တကျ ဖြန့်ဝေခဲ့ပြီးဖြစ်၏။ လျန်ယုံနင်သည် စုကလန်၏ ပုန်ကန်သူတစ်ယောက်ဖြစ်ပြီး ပင်းရှစ်မြို့စားကြီးကျန့်ထော်ကလည်း ဘုရင်မင်းမြတ်၏ အမိန့်ကို ငြင်းဆန်ခဲ့သည့်သူတစ်ယောက်ဖြစ်ကြောင်း ကြေညာခဲ့ပြီးသားဖြစ်၏။

ဘုရင်မင်းမြတ်က လျန်ယုံနင်၏ မိသားစုတစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ရန်လည်း အမိန့်ပေးထားခဲ့ပြီးသား ဖြစ်၏။ ထို့အပြင် ကျန့်ထော်၏ မိသားစုတစ်ခုလုံးကို ဖမ်းဆီးရန်လည်း အမိန့်ပေးထားခဲ့သည်။

ဘုရင်မင်းမြတ်၏ အမိန့်က ရှင်းလင်း၏။ ရှမ့်လန်နှင့် ကျန်းချုံးတို့သည် စုနန်နှင့် ပုန်ကန်သည့် စစ်တပ်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့သည့် ကြီးမားသော သူရဲကောင်းများသာလျှင် ဖြစ်၏။ သို့ပေမည့် အမှန်တရားသည် လက်ရှိအချိန်တွင် ကောလာဟလများကို မဖုံးကွယ်နိုင်သေးချေ။

တပ်မှူးဝမ်တုံက ထပ်မံကာ အော်ဟစ်လိုက်၏။ “အားလုံးသိတဲ့အတိုင်းပဲ။ ကျန်းရှစ်စီရင်စုတစ်ခုလုံးက ကျောက်ရောဂါ ဖြစ်နေခဲ့တာ အလောင်းတွေ နေရာအနှံ့ပဲ။ ဒါက လောကကြီးရဲ့ ငရဲခန်းလိုပဲ။ ဒီနန်းမြို့တော် ထဲမှာရှိတဲ့ လူပေါင်းသန်းချီတို့ရဲ့ အသက်ကို ကာကွယ်ဖို့အတွက် ရုံးလေးရုံးကနေ အမိန့်ထုတ်ပြန် ပေးထားခဲ့တယ်။ ကျန်းရှစ်စီရင်စုက လာတဲ့ ဘယ်သူမဆို ဒီနေရာမှာ သီးသန့်နေထိုင်ပြီး စစ်ဆေးမှုကို ခံယူရမယ်။ နန်းမြို့တော်မှာ ရှိတဲ့ မြို့သူမြို့သားတွေ... ကျုပ်တို့လုပ်နေတာ ဘာများမှားယွင်းတာရှိလဲ”

“မရှိပါဘူး” အားလုံးက သံပြိုင်အော်ဟစ်လိုက်ကြသည်။

သူတို့က ရှမ့်လန်တို့အဖွဲ့နှင့် ခပ်ဝေးဝေးဆီသို့ လှမ်းဆုတ်သွားခဲ့၏။ ကျောက်ရောဂါ မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ငနည်း။ တစ်စုံတစ်ယောက်သာ ကူးစက်သွားပါက အားလုံးသောသူတို့ သေဆုံးသွားနိုင်၏။

“တပ်မှူးတွေ... မြန်မြန် သူတို့ကို ဖမ်းပြီးတော့ ချုပ်နှောင်ထားလိုက်ပါ”

“တပ်မှူးတို့.. မြန်မြန်လုပ်ကြပါအုံး။ နန်းမြို့တော်ထဲမှာ ကျောက်ရောဂါ ပျံ့နှံ့သွားလို့ မဖြစ်ဘူး” လူပေါင်း များစွာတို့က အော်ဟစ်လိုက်ကြသည်။

“ဟာသပဲ” ရှမ့်လန်သည် ပိုင်ရီခရိုင်၌ ကျောက်ရောဂါ လူနာပေါင်းများစွာတို့ကို ကယ်တင်ခဲ့၏။ သူ၏အစီအစဉ်က ကျန်းရှစ်စီရင်စုတစ်ခုလုံးကို ကယ်တင်ရန်ပင်။ ထိုမျှမကသေးချေ။ ပိုင်ရီခရိုင်မှ အပြင်ဘက် တခြားသောခရိင် ၊ စီရင်စုများဆီသို့ ပျံ့နှံ့မသွားစေရန်ပင် တားဆီးပေးခဲ့၏။ သူက ပိုင်ရီခရိုင်တစ်ခုလုံးကို စစ်သည်ပေါင်းထောင်ချီ အသုံးပြုကာဖြင့် စည်းခတ်ထားခဲ့၏။

လူပေါင်းများစွာတို့က သူ့ကို ကျိန်ဆဲလျက်ရှိနေသည်ကို သိရှိသည်ဆိုလျှင်တောင် ထိုအရာကို ပွင့်ပွင့်လင်းလင်း ပြုလုပ်ခဲ့၏။ ထို့ကြောင့်ပင်လျှင် နန်းမြို့တော်ထဲတွင် ရှိနေသည့် မည်သူမဆိုတို့သည် ကျောက်ရောဂါ ကူးစက်လိမ့်မည် မဟုတ်ချေ။

အချက်အလက်အားဖြင့် ဤလူအားလုံးတို့က ရှမ့်လန်၏ ကာကွယ်ပေးမှုကြောင့် လက်ရှိအချိန်ထိ အသက်ရှင်နေခြင်း ဖြစ်၏။ သို့ပေမည့် ရှမ့်လန်နှင့်သူ့အဖွဲ့ကို နေအိမ်အကျယ်ချုပ်ချထားစေချင်ကြသည်။

တပ်မှူးဝမ်တုံက ပြောလိုက်၏။ “မြို့တော်ဝန်ရှမ့်လန်.. မြင်တဲ့အတိုင်းပဲ။ နန်းတွင်းရဲ့ အမိန့်တစ်ခုသာ မကဘူး။ လူပေါင်းများစွာတို့ရဲ့ ဆန္ဒလည်း ဖြစ်နေတယ်”

ပြီးနောက် ရုတ်တရက် သူက ဦးညွှတ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “အရှင်ရှမ့် နန်းမြို့တော်မှာ ရှိတဲ့ လူတွေရဲ့ လုံခြုံရေးအတွက် ကျေးဇူးပြုပြီး သီးသန့်ခွဲနေဖို့ ဆောင်ရွက်ပေးပါ။ ပြီးတော့ ခင်ဗျားတို့ လက်နက်တွေကို ချပြီး သီးသန့်လမ်းကနေ ဝင်ရောက်ပေးပါ”

ရှမ့်လန်က စိတ်ထဲတွင် နှာခေါင်းရှုံ့လိုက်၏။ ကျောက်ရောဂါအကြောင်းကို တကယ်တမ်း စိုးရိမ်ပူပန်နေသည် ဆိုလျှင် အဘယ်ကြောင့် သူ၏အနားသို့ နီးနီးကပ်ကပ် လာရဲရသနည်း။ အားလုံးသောသူတို့က ကျောက်ရောဂါနှင့် ပတ်သက်၍ ခုခံအား တည်ရှိနေသည်ဖြစ်ကြောင်း သိရှိပြီးဖြစ်၏။ ထို့ကြောင့် စိုးရိမ်ကြောက်လန့်ခြင်း မရှိကြခြင်းသာ ဖြစ်ပေမည်။

တကယ်တမ်း သူတို့ကို သီးသန့်နေထိုင်စေချင်သည်ဆိုပါက သူတို့အနေနှင့် ပဉ္စမမင်းသား၏ အိမ်တော်ဆီသို့ သွားပြီး တံခါးပိတ်ကာ သီးသန့်နေထိုင်ခြင်းကို ပြုလုပ်ခိုင်းနိုင်၏။ အဘယ်ကြောင့် သူတို့အား တခြားသော တည်နေရာတစ်ခုတွင် ဖမ်းဆီး ထိန်းသိမ်းထားရန် စဉ်းစားနေရသနည်း။ သူတို့ကို ခွေးသူတောင်းစားများကဲ့သို့ ထင်မှတ်နေသည်လား။

ဤအရာက မျက်နှာကို ပိတ်ရိုက်ခြင်း မဟုတ်လျှင် မည်သည့်အရာက မျက်နှာကို ပိတ်ရိုက်ခြင်းဖြစ်မည်နည်း။ ဤအရာက ထောင်ချောက် မဟုတ်ဘူးဆိုလျှင် မည်သည့်အရာက ထောင်ချောက်ဖြစ်မည်နည်း။

ရှမ့်လန်က ထူးမခြားနားသလို ခပ်တည်တည် နေထိုင်နေသည်ကို မြင်ရသည့်အချိန်မှာတော့ တပ်မှူးဝမ်တုံက ချက်ချင်းပဲ ဒူးထောက်ကာဖြင့် ပြောလိုက်၏။

“မြို့တော်ဝန်ရှမ့်လန်.. ခင်ဗျား ကောင်းကျိုးပြုခဲ့တာဆိုတာ ကျုပ် သိပါတယ်။ အစိုးရအရာရှိ၊ အရာခံ တစ်ယောက်အနေနဲ့ ကျုပ်က ခင်ဗျားထက် အဆင့်နှစ်ဆင့်၊ သုံးဆင့်လောက်ပဲ ပိုပြီးမြင့်မားတာပါ။ နန်းမြို့တော်မှာရှိတဲ့ လူတွေရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တာကြောင့် ကျုပ် ခင်ဗျားကို ဒူးထောက်ပါတယ်။ ကျုပ် ခင်ဗျားကို ဒူးထောက်ပြီး တောင်းပန်ပါတယ်”

ချက်ချင်းပဲ ပတ်ဝန်းကျင်တွင် ရှိနေသည့် လူပေါင်းများစွာတို့က စိတ်လှုပ်ရှားသွားမိကြ၏။ “ဒီတပ်မှူးက တကယ့်ကို ဝန်ထမ်းကောင်းတစ်ယောက်ပဲ”

“ဒီတပ်မှူးကို ဝမ်တုံလို့ခေါ်တယ်။ သေချာမှတ်ထားကြ။ တကယ့်ကို ဝန်ထမ်းကောင်းတစ်ယောက်ပဲ။ လူတွေရဲ့ အသက်၊ လူတွေရဲ့ စိတ်ဆန္ဒအတွက် ရှမ့်လန်ကိုတောင် ဒူးထောက်နေတယ်”

“ရှမ့်လန်ကတော့ မောက်မာဝင့်ကြွားလွန်းတယ်။ လုပ်ချင်ရာကို လုပ်နေတာပဲ။ သူက ကောင်းကျိုးပြုခဲ့တယ် ဆိုရုံနဲ့ တခြားသူတွေရဲ့အသက်ကိုတောင် ဂရုမစိုက်တော့ဘူးလား။”

“အမှန်ပဲ။ သူက ကျိုးကြောင်း မဆီလျော်ဘူး။ မောက်မာလွန်းတယ်။ အရင်တုန်းက လူမှန်တစ်ယောက်လို နေထိုင်ခဲ့တယ် ် ဆိုပေမယ့် ဒီလူက နောက်ပိုင်းမှာ ဆိုးသွမ်းတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပြီ”

တပ်မှူးဝမ်တုံက ပြောလိုက်၏။ “အရှင်ရှမ့်လန်... ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ စစ်ဆေးမှုကို လက်ခံပေးပါ။ ပြီးတော့ သီးသန့်နေထိုင်ဖို့ လက်ခံပေးပါ။ နန်းမြို့တော်မှာ ရှိတဲ့ လူတွေအားလုံးရဲ့ စိတ်ဆန္ဒအတွက်၊ လူတွေအားလုံးရဲ့ အသက်အတွက် ကျေးဇူးပြုပြီး သီးသန့်နေထိုင်ပေးပါ”

သူက လူများအတွက်ဆိုသည့် စကားကို ထပ်တလဲလဲ ပြောဆိုလျက် ရှိနေသည်။

ရှမ့်လန်က အော်ဟစ်လိုက်၏။ “တပ်မှူးဝမ်တုံ... တကယ်လို့ ကျုပ်သာ လက်မခံဘူးဆိုရင် ဘာဖြစ်မလဲ”

တပ်မှူးဝမ်တုံက ခွန်းတုံ့ပြန်လိုက်သည်။ “မြို့တော်ဝန်ရှမ့်လန်... ခင်ဗျား တကယ်ပဲ နန်းမြို့တော်မှာ ရှိတဲ့ လူတွေရဲ့ လုံခြုံရေးကို ဂရုမစိုက်တော့ဘူးလား။ ခင်ဗျားက နန်းမြို့တော်မှာ ရှိတဲ့ လူတွေရဲ့အသက်ကို တကယ်ပဲ ဂရုမစိုက်ဘူးလား”

ထိုစကားစုထွက်ပေါ်လာသည့်အချိန်မှာတော့ လူပေါင်းများစွာတို့သည် အဝေးမှ လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ ပြီးနောက် အားလုံးက အော်ဟစ်လိုက်ကြ၏။ “လက်နက်တွေ ချကြ။ သီးသန့်နေကြ။ လက်နက်တွေ ချကြ”

ချက်ချင်းပဲ ရှမ့်လန်၏နောက်တွင် ရှိနေသည့် ဝူလဲ့နှင့် ရှမ့်နုတို့သည် ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေကြ၏။

ဓားဘုရင် လီချင်းချိုးကလည်း သက်ပြင်းချလိုက်၏။ လောကထဲရှိနေသည့် လူများအား အပြစ်ကင်းစင်သည်ဟု ပြောကြ၏။ သို့ပေမည့် လောကတွင် အပြစ်ကင်းစင်သည်ဟူ၍ မရှိချေ။ တော်ဝင်ကပ်ဘေး ဘုန်းကြီးကျောင်းကဲ့သို့သော တည်နေရာမျိုးမှ လူများပင်လျှင် အပြစ်ကင်းစင်ခြင်း မရှိကြချေ။ အခြားသော သူများဆိုလျှင် ပြောနေစရာပင် မလိုအပ်ဟု သူက နားလည်လိုက်မိသည်။

All Chapters