← Chapters

အခန်း (၄၅၂)

Vol. 32 Ch. 452

အခန်း (၄၅၂)

Vol. 32 Ch. 452

အိမ်ရှေ့စံမင်းသား၏ အိမ်တော်အတွင်းမှာတော့ ...

နင်ယီက ကျင်းမူလန်၏ ကျောက်စိမ်းရုပ်ထုကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။ သူက လက်ထဲတွင် ထိုအရာကို အမြဲတမ်း ကိုင်ဆောင်ထားခဲ့၏။ လက်ရှိအချိန်တွင်မှာတော့ သူက တခြား ကျောက်စိမ်းရုပ်ထုတစ်ခုကို ဆော့ကစားလျက် ရှိနေ၏။

ဆဋ္ဌမမင်းသားနင်ကျင်းသည် အိမ်ရှေ့စံမင်းသား၏ အမူအရာကို လှမ်းကာ ကြည့်ရှုရင်း စကားလုံးများနှင့် မြှောက်ပင့်လျက် ရှိ၏။ စုကလန် သုတ်သင်ရှင်းလင်းခြင်းခံရပြီးနောက် စုဖေး၏ စိတ်ဝိညာဉ်က ပြိုလဲသွားခဲ့သည်။ နေ့စဉ်နေ့တိုင်း သူမက နန်းဆောင်၏ ဂိတ်တံခါးကို ပိတ်ထားခဲ့ပြီး မည်သူ့ကိုမှ လက်ခံ တွေ့ဆုံခြင်း မရှိခဲ့ချေ။

ဘုရင်မင်းမြတ် ပြန်လာသည်ကိုသာ စောင့်မျှော်လျက် ရှိနေ၏။ သူ၏သား နင်ကျင်းကိုပင် အတွေ့မခံပေ။

နင်ကျင်းက အိမ်ရှေ့စံမင်းသား၏ အိမ်တော်ဆီသို့ နေ့စဉ်နေ့တိုင်း သွားရောက်ပြီး မျက်နှာလုပ်လျက် ရှိ၏။ စုကလန်က သုတ်သင် ရှင်းလင်းပစ်ခံရ၏။ သို့ပေမည့် သူ နင်ကျင်းက သေလိမ့်မည် မဟုတ်ချေ။ ထိုသို့မသေလျှင်တောင်မှ ယခင်လို ဂုဏ်သိက္ခာမျိုးနှင့် ထည်ထည်ဝါဝါ နေထိုင်ဖို့ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် အိမ်ရှေ့စံမင်းသားရှေ့သို့ ရောက်ရှိလာပြီး မျက်နှာချိုသွေးနေခြင်း ဖြစ်၏။

ကျိုးကျောင်းရန်က ပြောလိုက်သည်။ “အိမ်ရှေ့စံ... အရှင်မင်းကြီးက နောက်ထပ် လေးရက်အတွင်း နန်းမြို့တော်ကို ပြန်ရောက်လာပါလိမ့်မယ်။”

နင်ကျင်းက ပြောလိုက်၏။ “ရှမ့်လန်က တကယ်ကို ရူးသွားခဲ့ပြီ။ လူတွေအားလုံးရဲ့ အရှေ့မှာတောင်မှ တပ်မှူး တစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ စစ်သည်တွေကိုလည်း တိုက်ခိုက်ခဲ့တယ်။ ဒါက ပုန်ကန်မှု မဟုတ်ရင် ဘာလဲ။

သူက နိုင်ငံအတွက် ကောင်းကျိုးတွေ ပြုလုပ်ပေးခဲ့တယ်ဆိုရုံနဲ့ အရာအားလုံးကို ခွင့်လွှတ်ပေးရတော့မှာလား။ သူက သမက်တော်တစ်ယောက်ပဲလေ။ နင်ယန်နဲ့ တစ်ခါလောက် အိပ်လိုက်ရုံနဲ့ နင်ကလန်ရဲ့ သမက်တော် ဖြစ်မလာနိုင်ဘူး။”

ရှမ့်လန်ကို အမုန်းဆုံးသောလူသည် ဆဋ္ဌမမင်းသား နင်ကျင်း ဖြစ်၏။ အဘယ်ကြောင့် သူ၏ ဂုဏ်သိက္ခာ၊ တည်ရှိမှု အားလုံး ပျက်ယွင်းသွားခဲ့ရသနည်း။ သူ၏ နောက်ကွယ်တွင် စုကလန် ရှိနေသည် ဆိုပါက သူ့အနေနှင့် ချမ်းသာမှု၊ ကြွယ်ဝမှု၊ ဩဇာအာဏာ အရာအားလုံးကို ရရှိနိုင်၏။ ထို့အပြင် အိမ်ရှေ့စံမင်းသားနှင့် တတိယ မင်းသားတို့ကပင်လျှင် သူ့ကို အနားသို့ ဆွဲခေါ်ရန် ကြိုးစားခဲ့ဖူး၏။ သို့ပေမည့် လက်ရှိအချိန်မှာတော့ သူ့၌ ဘာမှ မရှိတော့ချေ။

ကျိုးကျောင်းရန်က ပြောလိုက်၏။ “ဒါက အင်အားအတုအယောင် တစ်ခုပါပဲ။ မြေခွေးတစ်ကောင်က ကျားခံတွင်းထဲဝင်ပြီး လုပ်ချင်တာ လုပ်နေတဲ့ ပုံစံမျိုးပေါ့။ ရှမ့်လန်က ဒီလိုပါပဲ။ သူ့အနေနဲ့ သူ့ရဲ့ အားနည်းမှု အစစ်အမှန်ကို မြင်သင့်နေပြီ”

နင်ကျင်းက ပြောလိုက်သည်။ “ဒါပေမဲ့ နောက်ကျသွားခဲ့ပြီ။ အစ်ကိုအိမ်ရှေ့စံမင်းသားကို ပုန်ကန်တဲ့ လူတွေ အားလုံးက သေခြင်းတရားနဲ့ ရင်ဆိုင်တွေ့ရမယ်။ အစ်ကိုအိမ်ရှေ့စံမင်းသား.. ဘာလို့ စစ်တပ်ကို စေလွှတ်ပြီး ရှမ့်လန်ကို အတင်းဝင်မဖမ်းတာလဲ။”

အိမ်ရှေ့စံမင်းသား နင်ယီက ပြန်လည်ပြောဆိုခြင်း မရှိချေ။ သူက လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းရုပ်ထုကို ဆော့ကစားနေ၏။

ကျိုးကျောင်းရန်က ပြောလိုက်သည်။ “စိတ်မပူနဲ့ အရှင့်သား... အိမ်ရှေ့စံက ဘာကိုလုပ်မယ် ၊ ဘာကို မလုပ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိရှိပြီးသားပါ။ ရှမ့်လန်က ကောင်းကျိုးတွေကို ပြုလုပ်ဆောင်ရွက်ခဲ့တယ် ဆိုပေမဲ့ နန်းမြို့တော်ရဲ့ အရှေ့မှာ အရာရှိတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ ပြီးတော့ ဂိတ်တံခါးကို အတင်း ချိုးဖောက်ပြီး ဝင်ရောက်ခဲ့တယ်။ ဒါက ပုန်ကန်မှုတစ်ခုပဲ။ အရှင်မင်းကြီးရဲ့ မျက်နှာကို ပိတ်ရိုက်လိုက်တာနဲ့ တူတူပါပဲ။ အင်း... သူက စုနန် လုပ်သလို လိုက်ပြီး လုပ်ချင်နေတာပဲ”

စုနန်က ဗာမေလီယန်ဂိတ်တံခါးမှ ထွက်ခွာသွားသည့်အချိန်တွင် လူပေါင်းများစွာတို့ကို သတ်ဖြတ်ပစ်ခဲ့၏။ အခု ရှမ့်လန်ကလည်း စစ်သည်များကို ဦးဆောင်ကာ ရွှမ်ဝူဂိတ်တံခါးမှ ချိုးဖောက်ဝင်ရောက်လာခဲ့၏။ ရှမ့်လန်၏ အပြုအမူနှင့် အမူအရာက စုနန်နှင့် တူညီနေသည် မဟုတ်ပါလား။

နင်ကျင်းက ပြောလိုက်၏။ “အင်း... အဖေက ဂုဏ်သိက္ခာတရားကို ဂရုစိုက်တဲ့ လူတစ်ယောက်။ သူ့ကို ရှက်ရွံ့သိက္ခာကျအောင် လုပ်ရဲတဲ့ ဘယ်သူ့ကိုမဆို သံသယရှိစရာ မလိုအောင် သတ်ဖြတ်ပစ်မှာပဲ။ ဘယ်လို ကောင်းကျိုးတွေ ပြုလုပ်ခဲ့၊ ပြုလုပ်ခဲ့ ရှမ့်လန်ကတော့ ဒီတစ်ကြိမ် ကျိန်းသေပေါက် သေမှာပဲ”

နင်ကျင်း၏ စကားက အမှန်ပင် ဖြစ်၏။ သူ၏ အဖေက တကယ်ကို ကျေးဇူးတရား မသိတတ်ဘဲ စိတ်သဘောထား ကျဉ်းမြောင်းသူ တစ်ယောက်လည်းဖြစ်၏။ အိမ်ရှေ့စံမင်းသားက မည်သည့်စကားကိုမှ ဝင်မပြောပေ။

နင်ကျင်းက မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ကိုယ်လုပ်တော်ကျိုးက တကယ်ကို ထူးချွန်တဲ့ မိန်းကလေးပဲ။ နင်ကျန်းက လူတွေကို သတ်ခဲ့တယ်။ ရှမ့်လန်ကလည်း လူတွေကို သတ်ခဲ့တယ်။ နှစ်ယောက်လုံးကို ကယ်တင်လို့ မရတော့ဘူး။ ကံဆိုးခြင်းတရားတွေက ရှမ့်လန်ဆီကို ရောက်ရှိခဲ့ပြီ”

အိမ်ရှေ့စံမင်းသားက လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းကို အသာချလိုက်၏။ ပြီးနောက် ကျိုးကျောင်းရန်ကို ကြည့်ရှုလိုက်သည်။

“နှစ်ခါရှိပြီ”

ကျိုးကျောင်းရန်က တုန်ယင်သွား၏။ ချက်ချင်းပဲ ဒူးထောက်ထိုင်ချလိုက်၏။ အိမ်ရှေ့စံမင်းသားက ဤကဲ့သို့ စကားနည်းနည်းနှင့် အရာရောက်အောင် ပြောဆိုတတ်၏။ သူ့ကို နားလည်သည့်လူများက သူ ဘာပြောဆိုကြောင်းကို နားလည်၏။ ဤအရာက ဒုတိယအကြိမ် ကျရှုံးခဲ့ခြင်းဟု ပြောဆိုခြင်း ဖြစ်၏။

ပထမအကြိမ် ရှစ်ချင်းချင်းကို သတ်ဖြတ်ရန် မအောင်မြင်ခဲ့ချေ။ နောက်တစ်ကြိမ် ကျင်းကျိုးကို သတ်ဖြတ်ခဲ့၏။ သို့ပေမည့် မအောင်မြင်ခဲ့ချေ။ နှစ်ကြိမ်တိတိ တာဝန်မကျေပေ။ ယင်ယွမ်အဖွဲ့အစည်း၏ ဆုံးရှုံးမှုများကလည်း တုန်လှုပ်စရာ ဖြစ်၏။

“အရှင်မင်းသား... ဘာပဲပြောပြော သူက အသုံးဝင်ပါသေးတယ်။ သူ့ကို နည်းနည်းလောက် အခွင့်အရေး ထပ်ပြီး ပေးရအောင်။ လောကကြီးမှာ သူ့ထက်ပိုပြီး အားကောင်းတဲ့ လူတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ အဲလူတွေကို အမိန့်ပေးဖို့ဆိုတာ ခက်ခဲတယ်။ ပါရမီရှင်တွေဆိုတာ တွေ့ရခဲပါတယ်” ကျိုးကျောင်းရန်က တောင်းပန်လိုက်၏။

အိမ်ရှေ့စံမင်းသား နင်ယီက ပြောလိုက်သည်။ “သူ့ကို သတ်လိုက်တော့”

ကျိုးကျောင်းရန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ “အရှင်မင်းသား... ကျေးဇူးပြုပြီး သူ့ကို နောက်ထပ် အခွင့်အရေးတစ်ခုလောက် ပေးပါအုံး။ ဒီလို သိုင်းပညာရှင်တစ်ယောက်ကို လက်အောက်မှာ ထိန်းသိမ်းထားဖို့ ဆိုတာ လွယ်ကူတဲ့ အရာ မဟုတ်ပါဘူး”

အိမ်ရှေ့စံမင်းသားက တစ်ခြားမည်သည့်စကားကို မဆိုတော့ချေ။ ပြောရမည်ဆိုလျှင် သူက သူ၏ စကားကို ပြန်လည် မရုပ်သိမ်းဆိုသည့် သဘောပင်။ ဓားပြကြီးနာကျည်းမှု၏ သိုင်းပညာက မြင့်မား၏။ အချိန် တော်တော်များများ၌ အသုံးဝင်ခဲ့၏။ သို့ပေမည့် သူက ဆုံးဖြတ်ချက် ပြတ်သားသည်။

ပထမဦးဆုံးအကြိမ် တာဝန်ကို ပြည့်စုံအောင် မပြုလုပ်နိုင်ခြင်းကို သူ နားလည် လက်ခံပေးနိုင်၏။ ဒုတိယအကြိမ်ဆိုလျှင်တော့ ကျိန်းသေပေါက် သေဆုံးသင့်၏။

“ကောင်းပါပြီ”

ကျိုးကျောင်းရန်က ပြောလိုက်သည်။ “လိုက်ရှာပြီး ရှင်းလင်းလိုက်ပါ့မယ်။”

………….

မင်းသမီးနင်ယန်သည် နန်းတွင်း ဘုရားကျောင်း၏ ခြံဝင်းငယ်လေးထဲတွင် နေအိမ်အကျယ်ချုပ်ချခြင်း ခံရ၏။

အကြီးဆုံးမင်းသမီး နင်ကျဲ့က နန်းမြို့တော်ထဲမှ ပြန်လာပြီးနောက် ကျန့်ထော်အား ရေနက်တပ်ဖွဲ့မှ တာဝန်ရှိသူများဆီ လွှဲအပ်ပေးခဲ့ပြီး သူမ၏ တဲအိမ်လေးဆီသို့ ပြန်လာခဲ့သည်။

နင်ကျန်း၏ အိမ်တော်၌ ဘာတွေ ဖြစ်နေသည်ကို သူမ သိရှိ၏။ ရှမ့်လန် ရွှမ်ဝူဂိတ်တံခါးတွင် ဘာတွေလုပ်ခဲ့ကြောင်း သူမ သိရှိ၏။ သို့ပေမည့် သူမက မသိရှိချင် ယောင်ဆောင်ထား၏။ တစ်ချက်ကလေးမှ ထွက်မလာခဲ့ချေ။

သူမ၏ အယုံကြည်ရဆုံးသော မိန်းမစိုးများထဲမှ တစ်ယောက်က တစ်ကြိမ်တစ်ခါက ပြောဆိုခဲ့ပြီး၏။ သူမနှင့် သခင်လေးရှမ့်လန်တို့၏ ကြားရှိ ဆက်ဆံရေးကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် အခွင့်ကောင်းဖြစ်ကြောင်း။

သို့ပေမည့် မင်းသမီး နင်ကျဲ့က ပြောလိုက်၏။ “ကျွန်မက ဘာလို့ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရမှာလဲ”

ပြောရမည်ဆိုလျှင် အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသား နင်ချီတို့၏ လုပ်ရပ်များ ပါဝင်သောကြောင့် သူမ ဝင်ရောက် ရှုပ်ထွေးလိမ့်မည် မဟုတ်ချေ။

..............

နန်းမြို့တော် တစ်ခုလုံးက လိပ်ခဲတင်းခဲ ဖြစ်လို့နေ၏။ အားလုံးသောသူတို့က ဘုရင်မင်းမြတ် ရောက်ရှိ လာမည်ကို စောင့်မျှော်နေ၏။ လတ်တလောတွင် အရာကိစ္စ တော်တော်များများ ဖြစ်ပွားခဲ့၏။ ရွှဲ့ပြည်နယ်က ကြီးမားသည့် ဘေးအန္တရာယ်ကြီးကို ရင်ဆိုင်ခဲ့ရပြီး ရှမ့်လန်နှင့် ကျန်းချုံးတို့ကြောင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့၏။

နင်ယွမ်ရှန်းကလည်း တုန်လှုပ်စရာ ကောင်းသည့် စွန့်စားခန်းကို သွားရောက် ပြုလုပ်ခဲ့ပြီး ပျံ့ရှောင်းကလည်း ဝူပြည်နယ်သို့ ဝင်ရောက်ကာ သွေးချောင်းစီးစေခဲ့၏။ နှစ်လမကြာခင်မှာပဲ တိုက်ပွဲပေါင်းများစွာ ဖြစ်တည်ခဲ့ပြီး ရွှဲ့ပြည်နယ်က အနိုင်တိုက်ခိုက်၏။ ထို့အပြင် ရွှဲ့ပြည်နယ်တစ်ခုလုံးက အရာအားလုံးကို အနိုင်ရရှိခဲ့သည်။

နယ်စပ်ဒေသအမဲလိုက်ပွဲကို ရှုံးနိမ့်ပြီး စုနန်၏ နန်းမြို့တော်ထဲတွင် ပြဿနာရှာခဲ့ခြင်း - ထိုအရာက နင်ယွမ်ရှန်း၏ ဂုဏ်သိက္ခာကို ကြီးကြီးမားမား ဆိုးရွားစေခဲ့၏။ သို့ပေမည့် နှစ်လအတွင်းမှာပဲ အရာအားလုံးက ပြောင်းပြန်လန်သွားခဲ့၏။

ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ ဂုဏ်သိက္ခာက ထိပ်ဆုံးအဆင့်ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ အထူးသဖြင့် ဝူ-ရွှဲ့နယ်စပ်တွင် ထိုးလိုက်သည့် ငြိမ်းချမ်းရေးလက်မှတ်ပင် ဖြစ်၏။ အရှေ့ပိုင်းလောကကြီးတစ်ခုလုံးအား တုန်လှုပ်စေခဲ့၏။

နင်ယွမ်ရှန်းက ယခင်ကဲ့သို့ပင် မောက်မာဝင့်ကြွားလျက်ရှိနေ၏။ အောင်မြင်မှု သရဖူကို လှမ်းကိုင်ပြီးနောက် သူက တခြားသောသူများ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်စွမ်းရှိသည့် ဂုဏ်သိက္ခာကြီးမားလွန်းသော ဘုရင်မင်းမြတ် တစ်ပါး၏ အရှိန်အဝါမျိုးကို ပြန်လည်ကာ ရရှိလာသည်။

လက်ရှိအချိန်မှာတော့ အားလုံးသောသူတို့က ဘုရင်မင်းမြတ် နန်းမြို့တော်သို့ ပြန်လာမည်ကို ငြိမ်ငြိမ်သက်သက် စောင့်စားနေကြ၏။ ကြီးမားသည့် အောင်ပွဲအတွက် ဂုဏ်ပြုပွဲ ကျင်းပပေးရန်ပင် ပြင်ဆင်နေခဲ့ကြ၏။

သို့ပေမည့် တစ်စုံတစ်ယောက်က ပြဿနာရှာလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ကြချေ။

ပထမဦးဆုံး နင်ကျန်းက ရူးသွပ်သွားခဲ့၏။ သူ၏ အိမ်တွင် အထူးတရားရုံးမှ အမှုထမ်း ငါးယောက်ကို သတ်ဖြတ်ခဲ့၏။ ဒုတိယအားဖြင့် ရှမ့်လန်က ရူးသွပ်သွားခဲ့ပြန်၏။ ရွှမ်ဝူဂိတ်တံခါး၏ ဂိတ်စောင့်တပ်မှူးကို သတ်ဖြတ်ပစ်သည့်အပြင် ထိုနေရာတွင် စောင့်ကြပ်နေသည့် စစ်သည်အနည်းငယ်ကိုလည်း သတ်ဖြတ်ပစ်ခဲ့သေးသည်။

ယခု ထျန်းရွှဲ့ အုပ်ချုပ်ရေးမှူးရုံးမှ စစ်သည်အားလုံးသည် နင်ကျန်း၏ အိမ်တော်ကို ဝိုင်းပိတ်ထားခဲ့၏။ ဘုရင်မင်းမြတ်သာ အမိန့်ပေးလိုက်ပါက အထဲသို့ချိုးဖောက်ဝင်ရောက်ပြီး ရှမ့်လန်ကို ဖမ်းဆီးပေမည်။ အထူးတရားရုံး သို့မဟုတ် ရေနက်တပ်ဖွဲ့၏ အကျဉ်းထောင်ဆီသို့ ပို့ဆောင်ပေလိမ့်မည်။

ရှမ့်လန်၏ ပြုမူဆောင်ရွက်မှုအားလုံးက ဘုရင်မင်းမြတ်၏ မျက်နှာကို ပိတ်ရိုက်ခြင်းနှင့် ဆင်တူ၏။ အရှင်မင်းမြတ် က လွယ်လွယ်ကူကူနှင့် လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဘုရင်မင်းမြတ်သည် မြောက်ပိုင်းနန်းတော်ထဲတွင် သူ၏ ဩဇာအာဏာကို ထုတ်ဖော်ပြသရန် ကြံရွယ်ခဲ့၏။ ချောင်ပြည်နယ်၏ သံတမန် ရောက်လာသည်နှင့် တပြိုင်နက် ဝူဘုရင်က သူ့ကို အလျှော့ပေးခဲ့ရသည့် အခြေအနေမျိုးကို ပြသချင်ခဲ့သည်။

နင်ယွမ်ရှန်းသည် ထိုကဲ့သို့ဟန်ထုတ်မှုကို ပြုလုပ်ရန် အချိန်အတော်ကြာတည်းက မျှော်လင့်နေခြင်းဖြစ်၏။ သို့ပေမည့် လက်ရှိအချိန်တွင်တော့ အရာအားလုံးက ပျက်စီးခဲ့သည်။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်း မည်မျှ ဒေါသထွက်လိမ့်မည် ဖြစ်ကြောင်း တွေးကြည့်ရုံနှင့် သိသာသည်။

နန်းမြို့တော်သို့ ရောက်လာသည်နှင့် တပြိုင်နက် ကြီးမားမြင့်မားလွန်းသည့် ဩဇာအာဏာများကို ထုတ်ဖော်ကာဖြင့် မိုးကြိုးမုန်တိုင်းကဲ့သို့ပင် အရာအားလုံးကို ပစ်ချပေတော့မည်။ ထိုသို့ဆိုလျှင် နန်းမြို့တော်တွင် ရှိနေသည့် အရာရှိများအားလုံးတို့က လည်ကုပ်ကို ပု၍ အသက်ကိုပင် ရဲရဲမရှူဘဲနှင့် စောင့်ကြည့်ရပေမည်။

ရှမ့်လန်နှင့် နင်ကျန်းတို့၏ ကံဆိုးမှုကို အားလုံးသောသူတို့က စောင့်မျှော်လျက် ရှိ၏။ လူပေါင်းများစွာတို့ ခေါင်းဖြတ်သတ်ခံရမည်ကို သူတို့က စောင့်မျှော်လျက် ရှိနေ၏။

ဝန်ကြီးချုပ်ရုံး၏ အိမ်တော်အတွင်းမှာတော့ ....

ထျန်းလန်စီရင်စု၏ အုပ်ချုပ်ရေးမှူး ကျူးကျွင်းက ပြောလိုက်သည်။ “အဖေ... အရှင်မင်းကြီးက နန်းမြို့တော်နဲ့ မိုင်တစ်ရာ အဝေးမှာ ရှိနေပြီ။ ထင်ထားတာထက် ပိုပြီး မြန်တာပဲ။ ကြည့်ရတာ အလောတကြီးနဲ့ လာခဲ့ပုံပဲ။ ဒေါသလည်း အရမ်းထွက်နေတဲ့ပုံပဲ”

ဝန်ကြီးချုပ် ကျူးဟုန်ကျူး က လျှို့ဝှက်မှတ်တမ်းကို ရေးသားလျက် ရှိနေ၏။ သူက တကယ်ကို စစ်မှန်လွန်းသည့် လက်ရေးလှပညာရှင်တစ်ယောက်ပင်။

ကျူးကျွင်းက ပြောလိုက်၏။ “အိမ်ရှေ့စံမင်းသား အခြေအနေ ဘယ်လိုလဲ”

ဝန်ကြီးချုပ် ကျူးဟုန်ကျူးက ပြောလိုက်သည်။ “သူ့ကို ထားလိုက်တော့”

ကျူးကျွင်းက ပြောလိုက်၏။ “ပိုင်ရီခရိုင်က ရောက်လာတဲ့ ဘယ်သူမဆို နန်းမြို့တော်ထဲ မဝင်ခင်မှာ သီးခြားနေထိုင်ရမယ်။ စစ်ဆေးမှုကို ခံရမယ်။ ဒါတွေအားလုံးက ရုံးလေးရုံးက ထုတ်ဖော်လိုက်တဲ့ အမိန့်စာတွေပဲ မဟုတ်လား”

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “အင်း... ဒါက ငါထုတ်ပြန်တဲ့ အမိန့်စာ မဟုတ်ဘူး”

ဝန်ကြီးချုပ်ဆိုသည့် ဂုဏ်သိက္ခာက တကယ်ကို ကြီးမားသည့် အရာဖြစ်၏။ ဤ နန်းမြို့တော် စီမံခန့်ခွဲမှုအဖွဲ့တွင် ဝန်ကြီးချုပ် လေးပါး ရှိ၏။ အားလုံးသော သူတို့တွင် သူက ထိပ်ဆုံးတည်နေရာတွင် တည်ရှိနေသည့်လူများ ဖြစ်၏။

နင်ယွမ်ရှန်း၏ အစိုးရအဖွဲ့ဝင်များကြားထဲတွင် တကယ့်ကို အလုံးစုံ သေချာသည့် အထောက်အပံ့ ထောက်တိုင်ကြီးများလည်း ဖြစ်သည်။

ကျူးကျွင်းက ပြောလိုက်၏။ “ဒါပေမဲ့ အမိန့်တော်ကို ရုံးကနေ ထုတ်ပြန်ခဲ့တာလေ။ ဒီတော့ အဖေနဲ့ သက်ဆိုင်လိမ့်မယ်လို့ အားလုံးက ထင်မှတ်ကြမှာပဲ”

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ ငါနဲ့ မသက်ဆိုင်ဘူးဆိုတာ အရှင်မင်းကြီး သိရင် ပြီးပြီ”

ဤဝန်ကြီးချုပ်က အိုနေပေပြီ။ ထို့ကြောင့် အချိန်တော်တော်များများ၌ ညီလာခံ တက်ရောက်ခြင်း မရှိချေ။ အရေးကြီးသော အခိုက်အတန့်များမှသာလျှင် ညီလာခံ၌ ပေါ်ပေါက်လာတတ်၏။ သူက တကယ့်ကို တည်ငြိမ်သည့် အခြေအနေတစ်ခုအဖြစ် ဟန်ချက်ညီအောင် ထိန်းချုပ်ထားနိုင်၏။

“အင်း... ဗုဒ္ဓတောင်မှ စိတ်ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ခဲ့ရတာပဲ။ ဒီတော့ ခုကိစ္စက ငါ့အတွက် ပြဿနာတစ်ခု မဟုတ်ဘူး”

ကျူးဟုန်ကျူးက ပြောလိုက်သည်။ “ငါတို့ ဝင်မရှုပ်သင့်တဲ့ ကိစ္စတွေ အများကြီး ရှိတယ်။ ငါတို့ ကျူးကလန်က အိမ်ရှေ့စံမင်းသား ကို ထောက်ပံ့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ ငါတို့က အပြင်ဘက်ကို မထွက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်”

ကျူးကျွင်းက မေးလိုက်၏။ “ဒါဆိုရင် ရှမ့်လန်ကရော”

ကျူးဟုန်ကျူးက ပြောလိုက်၏။ “မတူညီတဲ့ လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့ လူတွေအနေနဲ့ တူညီတဲ့လမ်းတစ်ခုကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး”

...................

All Chapters