အခန်း (၄၅၅)
Vol. 32 Ch. 455
ရှမ့်လန်နှင့် အိမ်ရှေ့စံမင်းသားတို့သည် ရင်းနှီးပတ်သက်သည့် ဆက်ဆံရေးမျိုး မရှိချေ။ ထိုသို့ဆိုလျှင် အိမ်ရှေ့စံမင်းသားက ရှမ့်လန်ကို အပြစ်ဟူသမျှ ခေါင်းပေါ်တင်ခြင်းက လုပ်သင့်သည့်အရာ ဖြစ်ရဲ့လား။ ဟုတ်ပေ၏။ လုပ်သင့်၏။ အိမ်ရှေ့စံမင်းသားသည် ကျိုးကျောင်းရန်ကို ရှမ့်လန်ဆီသို့ ငြိမ်းချမ်းရေးစကား ပေးပို့ခဲ့ပြီးသားဖြစ်၏။ သို့ပေမည့် ရှမ့်လန်က ငြင်းပယ်ခဲ့၏။
ငြိမ်းချမ်းစွာ နေထိုင်ရေး မဖြစ်နိုင်ဘူးဆိုမှတော့ တိုက်ခိုက်ဖို့ရန်သာရှိ၏။ ယခု တိုက်ခိုက်ပြီးပြီဆိုမှတော့ ဆိုးဝါးသည့်အရာများ ဖြစ်လာခြင်းအတွက် မည်သူ့ကိုမှ အပြစ်မတင်သင့်တော့ချေ။ အဆင့်မြင့်မားလွန်းသည့် ဘုရင်မင်းမြတ်က ရှမ့်လန်ကို ကာကွယ်ပေးနိုင်၏။ သို့ပေမည့် သူက အိမ်ရှေ့စံမင်းသားကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။ အိမ်ရှေ့စံမင်းသားကို အပြစ်ပေးဖို့ဆိုလျှင် ဝေလာဝေးပင်ဖြစ်သည်။
တခြားသော စကားအရပြောရမည်ဆိုလျှင် ရှမ့်လန်က ငြိမ်းချမ်းရေးကို ငြင်းပယ်ခဲ့သောကြောင့် အိမ်ရှေ့စံမင်းသားက သူ့ကို လက်လွှတ်ပေးတော့မည် မဟုတ်ချေ။ ထိုအရာကလည်း ဘုရင်မင်းမြတ်ကို စိတ်ပျက် စေခဲ့၏။ အိမ်ရှေ့စံမင်းသားသည် တစ်ဖက်လူကို အဘယ်သို့ လွယ်လွယ်ကူကူ လက်လွှတ်ပေးတော့မည်နည်း။ မဟုတ်ပါက သူက အားနည်းပြီး မပြည့်စုံသည့် လူတစ်ယောက်အဖြစ် အဓိပ္ပာယ် သက်ရောက်သွားမည် မဟုတ်ပါလား။
ကျိုးကျောင်းရန် ရှမ့်လန်အပေါ် ပြဿနာရှာခဲ့ကြောင်း သိရှိသည့်အချိန်တွင် ဘုရင်မင်းမြတ်က တကယ်ပဲ ဒေါသထွက်ခဲ့၏။ သူ မသေသေးဘူး။ အဘယ်ကြောင့် ပုန်ကန်မှုကို အလျင်စလို ပြုလုပ်နေရသနည်း။ ရှမ့်လန်က သူ ကာကွယ်ပေးထားသည့် တစ်စုံတစ်ယောက်ဖြစ်ကြောင်း သိရှိသင့်၏။ သို့ပေမည့် အဘယ်ကြောင့် ထိခိုက် နာကျင်အောင် ပြုလုပ်ရသနည်း။ သို့ပေမည့် သေသေချာချာ စိတ်တည်တည်ငြိမ်ငြိမ် တွေးတောပြီးနောက် ဘုရင်မင်းမြတ်က ကျေးဇူးတင်မှုကိုပင် ခံစားနေမိ၏။
သူက သူ၏အဖေကို ဒေါသထွက်အောင် ပြုလုပ်ခဲ့မိပြီဖြစ်ကြောင်း အိမ်ရှေ့စံမင်းသားက သိရှိ၏။ သို့ပေမည့် သူက ပြုလုပ်ခဲ့၏။ ဤအရာက သူ၏ ရဲတင်းမှုကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်၏။ ခံစားချက်များက ရှုပ်ထွေးလျက် ရှိ၏။ သို့ပေမည့် အစစ်အမှန်က တစ်ခုတည်းသာဖြစ်၏။ ထိုအရာက ရဲရင့်လွန်းခြင်းပင်။
ဘုရင်မင်းမြတ်က ထိုအရာကို သေချာနားလည်သည်။
“ရှမ့်လန်... ငါမင်းကို ထပ်ပြီးပြောမယ်။ မင်းက အိမ်ရှေ့စံမင်းသားနဲ့ နင်ချီတို့ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့တယ်။ ဟုတ်တယ်။ ငါ နန်းပလ္လင်ပေါ်မှာ ရှိနေတုန်း သူတို့ မင်းကို ဘာတစ်ခုမှ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ငါ မင်းကြောင့် အိမ်ရှေ့စံမင်းသားနဲ့ နင်ချီတို့ကို အပြစ်ပေးလို့ မဖြစ်ဘူး”
“ကျုပ်နားလည်ပါတယ်” ရှမ့်လန်က ပြောလိုက်၏။
ဘုရင်မင်းမြတ်က ဆက်လက်ကာ ပြောလိုက်သည်။ “အိမ်ရှေ့စံမင်းသားနဲ့ နင်ချီတို့က ငါ့ရဲ့အနှစ်သက်ဆုံး သားတွေပဲ။ ငါ မင်းနဲ့ ပတ်သက်ပြီးတော့ သူတို့ကို အပြစ်ပေးဖို့ မဖြစ်နိုင်ဘူး”
ရှမ့်လန်က ဦးညွှတ်လိုက်၏။ “ကျုပ် မလုပ်ရဲပါဘူး။ တတိယမင်းသားနှင့် အိမ်ရှေ့စံမင်းသားတို့ကို နန်းပလ္လင်ကနေ ဆွဲချဖို့ အရှင်မင်းကြီးကို ကျုပ် ဘယ်တော့မှ မှီခိုမှာ မဟုတ်ပါဘူး။ အရှင်မင်းကြီးက တကယ့်ကို ကြီးကျယ် မြင့်မြတ်တဲ့ လူတစ်ယောက်ပါ။ အရှင်မင်းကြီးရဲ့ ကိစ္စရပ်တွေကို ကျုပ်ဝင်ပြီး ရှုပ်ထွေးလို့ မဖြစ်ပါဘူး။ ဒါက ရွှဲ့ပြည်နယ်အတွက် ကြီးမားတဲ့ ဘေးဒုက္ခကြီး ဖြစ်သွားနိုင်ပါတယ်”
“ဒီလိုသိတာ ကောင်းတယ်”
ဘုရင်မင်းမြတ်က နှာခေါင်းရှုံ့လိုက်သည်။ “အိမ်ရှေ့စံမင်းသားနဲ့ နင်ချီရဲ့ကိစ္စမှာ မင်းငါ့ကို မှီခိုလို့ မဖြစ်နိုင်ဘူး ဆိုတော့ မင်းဘယ်သူ့ကို မှီခိုမှာလဲ။ နင်ကျန်းလား”
ရှမ့်လန်က ပြောလိုက်၏။ “အမှန်ပါပဲ။ ဒီကိစ္စကို အစောကြီးတည်းက ရှင်းရှင်းလင်းလင်း ပြောပြီးသားပါ။ ကျုပ် စုနန်နှင့် တိုက်ခိုက်တဲ့အချိန်မှာ အရှင်မင်းမြတ်က ကျုပ်ရဲ့ဘေးမှာရှိခဲ့တယ်။ ဒါပေမဲ့ ကျုပ် အိမ်ရှေ့စံမင်းသား၊ တတိယမင်းသားတို့နဲ့ တိုက်ခိုက်တဲ့အချိန်မှာတော့ အရှင်မင်းကြီးက ကျုပ်ဘက် ရှိမှာမဟုတ်ဘူး။
ပြီးတော့ ကျုပ်ရဲ့ ဂုဏ်သိက္ခာအရ တတိယမင်းသားနှင့် အိမ်ရှေ့စံမင်းသားတို့ကို တိုက်ခိုက်လို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မင်းသားနင်ကျန်းကတော့ လုပ်နိုင်ပါတယ်။ ဒါကြောင့်ပဲ ပဉ္စမမင်းသားကို ကျုပ်က ထောက်ပံ့ပေးပြီး ရွှဲ့ပြည်နယ်ရဲ့ အိမ်ရှေ့စံမင်းသားဖြစ်အောင် ပြုလုပ်ပေးတာပေါ့”
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက နှာခေါင်းရှုံ့လိုက်သည်။ “ဒါဆိုရင် ငါမင်းကို ပြောပြမယ်။ ရွှဲ့ပြည်နယ်က တစ်စစီဖြစ်ပြီး တခြားသူ လက်ထဲကို ရောက်တော့မယ်ဆိုရင်တောင်မှ ငါ နန်းပလ္လင်ကို နင်ကျန်းဆီ ပေးမှာမဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး ကျုပ်ကို အရင်တုန်းက အသွေးအသားထဲက မုန်းတီးခဲ့တာ မဟုတ်လား။ ပြီးတော့ ကျင်းမိသားစုကို ဖျက်ဆီးချင်ခဲ့တာ မဟုတ်လား။ ဒါပေမဲ့ လူတွေအားလုံးက ကိုယ်ပြောခဲ့တဲ့ စကားအတိုင်း လိုက်နာဆောင်ရွက်နိုင်တဲ့လူတွေ မဟုတ်ကြပါဘူး”
ပြောပြောပြီးချင်းမှာပင် နင်ယွမ်ရှန်းက ချက်ချင်းပဲ တစ်စုံတစ်ယောက်ကို ခေါ်ဆောင်ကာ ရှမ့်လန်ကို သတ်ဖြတ်ရန် အမိန့်ပေးချင်စိတ်ပင် ပေါက်သွားသည်။ ‘ရှမ့်လန်.. ခွေးကောင်လေး။ မင်းလူတွေရဲ့ မျက်နှာကို ပိတ်ရိုက်တာ စွဲလမ်းနေပြီလား။ မင်းငါ့ကို ဒီလိုမျိုးပြောဆိုလို့ရလား’
နင်ယွမ်ရှန်းက သက်ပြင်းရှည်ကြီး ချလိုက်၏။ ‘ငါသည်းခံရမယ်။ သည်းခံရမယ်။ ငါ ဒီကောင်လေးနဲ့ လိုက်ပြီးတော့ ရန်ဖြစ်နေလို့ မဖြစ်ဘူး’
သူ့အနေနှင့် သူ့ဘဝတသက်တာ၏ ရှိရှိသမျှသော စိတ်ရှည်မှုအားလုံးကို အသုံးပြုထားရသည်ဟု နင်ယွမ်ရှန်းက ခံစားမိ၏။
‘ဒီခွေးကောင်လေး... ငါသာ စိတ်မရှည်ဘူးဆိုရင် မင်းရဲ့ခေါင်းကို ထပြီးခုတ်ဖြတ်မိပြီ’
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီးအနေနဲ့ ပဉ္စမမင်းသားအကြောင်းကို နားမလည်ဘူးလို့ ကျုပ် ထင်တယ်။ သူက အိမ်ရှေ့စံမင်းသားအဖြစ် ဘယ်လို မသင့်တော်တာလဲ။ နန်းပလ္လင်အတွက် ဘယ်လိုမျိုး မသင့်တော်တာလဲ ဆိုတာ ကျုပ်သိချင်ပါတယ်။ ဒါမှ ကျုပ် မင်းသားနင်ကျန်းကို ကူညီပေးနိုင်မှာပေါ့။ အိမ်ရှေ့စံမင်းသား၊ တတိယမင်းသားတို့ထက် ပိုပြီးထူးချွန်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း ကျုပ် သက်သေပြမယ်။ သူက ရွှဲ့ပြည်နယ်ရဲ့ ဘုရင်တစ်ပါးဖြစ်လာဖို့ အသင့်တော်ဆုံးလူတစ်ယောက်ဖြစ်ရမယ်”
ဘုရင်မင်းမြတ်က နှာခေါင်းရှုံ့လိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျုပ်အနေနဲ့ အရှင်မင်းကြီးကို သက်သေပြဖို့ ကြိုးစားတာ မှားယွင်းတဲ့အရာ မဟုတ်ဘူးမလား”
ဘုရင်မင်းမြတ်က နှာခေါင်းရှုံ့လိုက်၏။ “ကဲ.. ဒါဆိုလည်း သက်သေပြလေ။ ဒါပေမဲ့ ကိစ္စအနည်းငယ်ကို မှတ်ထားရမယ်။ ပထမဦးဆုံး.. မင်းက ငါ့ရဲ့လူဖြစ်တယ်ဆိုရင် အိမ်ရှေ့စံမင်းသားနှင့် နင်ချီတို့က မင်းကို ပြဿနာ ရှာတယ်ဆိုပေမဲ့ ငါ သူတို့ကို မင်းအတွက် အပြစ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ မင်းကို ကာကွယ်ပေးထားမယ်”
ဒါပေမဲ့ မင်းက နင်ကျန်းကို ကူညီပြီး နန်းပလ္လင်ယှဉ်ပြိုင်ပွဲမှာ ပါဝင်လာမယ်ဆိုရင် ဘာတွေပဲ ဖြစ်လာဖြစ်လာ ဒီကိစ္စက သာမန်ပဲ ဖြစ်လိမ့်မယ်။ အိမ်ရှေ့စံမင်းသားနဲ့ နင်ချီတို့ကို နင်ကျန်းနဲ့ မင်းပြဿနာ ရှာခဲ့ပြီးပြီ ဆိုမှတော့ မင်းသေရမယ်ဆိုရင်တောင်မှ ငါမင်းကို ကာကွယ်ပေးတော့မှာ မဟုတ်ဘူး”
ရှမ့်လန်က ဤကိစ္စနှင့် ပတ်သက်၍ သေသေချာချာ ရှင်းရှင်းလင်းလင်း သိ၏။ သူ့အနေနှင့် လက်ရှိ အိမ်ရှေ့စံမင်းသား၊ နင်ချီတို့နှင့် ယှဉ်ပြိုင်မည်ဆိုလျှင် ဘုရင်မင်းမြတ်က သူ့ကို ကာကွယ်ပေးထားမည်။ သို့ပေမည့် ရှမ့်လန်သည် နင်ကျန်းကို နန်းပလ္လင်ယှဉ်ပြိုင်ပွဲအတွက် ကူညီပေးခဲ့သည်ဆိုလျှင် ဘုရင်မင်းမြတ်က အရာအားလုံးကို လှည့်မကြည့်တော့ဟု ဆိုလို၏။
မဟုတ်ပါက ရှမ့်လန်ကို လိုက်လံကာ ကာကွယ်ပေးလျှင် နင်ကျန်းအပေါ်တွင် ထောက်ပံ့မှု ပြုလုပ်နေသည်ဟု ထင်မှတ်မှားလိမ့်မည် မဟုတ်ပါလား။ အားလုံးသောသူတို့ကို မှားယွင်းသော အချက်ပြမှု ပြသခဲ့သလို ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သေခြင်းရှင်ခြင်းအရာအားလုံးက မိမိ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်အပေါ်တွင် မူတည်သွားပေလိမ့်မည်။
“ဒုတိယအားဖြင့် မင်း ရှမ့်လန်က အရမ်း အားကောင်းလွန်းတယ်။ မင်းက နင်ကျန်းကို နန်းပလ္လင်လုပွဲမှာ ယှဉ်ပြိုင်နိုင်အောင် ကူညီပေးမယ်လို့ ငါ့ရဲ့ရှေ့မှာ ပြောဆိုခဲ့တယ်။ ဒီတော့ မင်းရဲ့ ကစားပွဲမှာ ငါတစ်ခုမှ ဝင်ပြီး ထောက်ပံ့ ကူညီမှာမဟုတ်ဘူး။ မင်းကစားချင်တယ်ဆိုလည်းကစား။ ငါ့ဆီက အကူအညီ တစ်ခုတလေကိုတောင် ရဖို့ မတွေးနဲ့”
ရှမ့်လန်က ပြောလိုက်၏။ “နားလည်ပါပြီ”
ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “အထူးတရားရုံးက အမှုထမ်းတွေက မင်းကိုယ်လုပ်တော်ရဲ့ သတ်ဖြတ်ခြင်း ကို ခံရတယ်။ ဒါပေမဲ့ နင်ကျန်းက ခေါင်းဝင်ခံခဲ့တယ်။ ဒီတော့ ဒီကိစ္စက သူ့ရဲ့မှုခင်းပဲ။ သူ့ကို အင်ပါယာဘုရားကျောင်း အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားတယ်။ ငါ သူ့ကို ထုတ်ပေးမှာမဟုတ်ဘူး။ မင်းမှာ လုံလောက်တဲ့ အရည်အချင်းရှိတယ်ဆိုရင်၊ မင်းမှာ နင်ကျန်းကို နန်းပလ္လင် ယှဉ်ပြိုင်နိုင်စေဖို့ ကူညီနိုင်တဲ့ အစွမ်းအစရှိရင် သူ့ကို အကျဉ်းထောင်ထဲကနေ ကူညီပြီး ထုတ်ပေးလိုက်”
ဘုရင်မင်းမြတ်၏ စကားလုံးများက လှောင်ပြောင်မှုများပင် ပါ၏။ အဘယ်သို့ ရှမ့်လန်ကဲ့သို့သော လူတစ်ယောက်က အကျဉ်းချထားခံရသည့် မင်းသားတစ်ယောက်ကို အပြင်ဘက်သို့ ထုတ်ပေးနိုင်မည်နည်း။
ဘုရင်မင်းမြတ်သည် ပထမဦးဆုံးအားဖြင့် နင်ကျန်းကို စိုးစိမျှ နှစ်သက်တတ်ခြင်းမရှိချေ။
ရှမ့်လန်သာ သေသေချာချာ တောင်းဆိုပါက နင်ကျန်းသည် နောင်တစ်နှစ်၊ နှစ်နှစ် အတွင်း ထောင်မှ လွတ်ပေလိမ့်မည်။ သို့ပေမည့် ယခု ရှမ့်လန်က နင်ကျန်းကို နန်းပလ္လင်အတွက် တိုက်ခိုက်ရန် ကူညီပေးမည်ဟု ဝါကြွားခဲ့၏။ ထို့ကြောင့် နင်ကျန်းကို သေသည်အထိ အကျဉ်းထောင်ထဲတွင် ထားရန်သာ ဆုံးဖြတ်လိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “နားလည်ပါပြီ။ ကျုပ်အနေနဲ့ ရပ်တည်မှုတစ်ခုကို ထုတ်ဖော်ပြသခဲ့ပြီးပြီဆိုတော့ ရှောင်ရှားလို့မရတဲ့ အမွေဆက်ခံမှုတိုက်ပွဲ စတင်ခဲ့ပြီ။ အရှင်မင်းကြီးလည်း သေသေချာချာ စောင့်နေပါ။ ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှုကို မလုပ်ပါနဲ့။ အဲဒီအချိန်ကစပြီးတော့ ကျုပ်က ပဉ္စမမင်းသားကို အကောင်းဆုံး ထောက်ပံ့ကူညီပေးပါ့မယ်။ ပဉ္စမမင်းသားက နန်းပလ္လင်အတွက် သင့်တော်တဲ့ လူတစ်ယောက်ဖြစ်ကြောင်း အရှင်မင်းကြီး သိစေရမယ်”
ဘုရင်မင်းမြတ်က ဘာတစ်ခုကိုမှ မဆိုချေ။ နှာခေါင်းပင် မရှုံ့တော့ချေ။
“ရှမ့်လန်... ဒါဆိုရင် ဘာမှမရှိတော့ဘူး။ မင်းပြန်တော့” ဘုရင်မင်းမြတ်က အမိန့်ပေးလိုက်၏။
ရှမ့်လန်က ဦးညွှတ်ကာ ပြောလိုက်သည်။ “ဒါဆိုရင် သွားလိုက်ပါအုံးမယ်”
ရှမ့်လန် တံခါးဝရောက်ချိန်မှာတော့ ဘုရင်မင်းမြတ်က လှမ်းပြောလိုက်၏။ “ရှမ့်လန်.. ငါ မင်းအပေါ် အကြွေးတင်နေတယ်လို့ ပြောတယ်နော်။ အဲအကြွေးကြောင့် မင်း ငါ့ဆီ အချိန်မရွေး ဝင်ထွက်သွားလာလို့ ရတယ်။”
ရှမ့်လန်က ပြောလိုက်သည်။ “နားလည်ပါပြီ”
ရှမ့်လန်သည် နန်းတော်ထဲမှ ထွက်ခွာသွားခဲ့၏။ ရှမ့်လန် ထွက်ခွာသွားခဲ့ပြီးနောက် ည တော်တော်နက်နေပြီ ဖြစ်၏။ ဘုရင်မင်းမြတ်က အိပ်စက်ရန် စိတ်ဆန္ဒမရှိချေ။ သူ၏မျက်နှာထက်တွင် ရှိနေသည့် လှောင်ချင် ပြောင်ချင်စိတ် အားလုံးက ပျောက်ကွယ်သွားခဲ့၏။
လီစွမ်းက လက်ဖက်ရည်ခွက်ကို အသာမပြီး ပျားရည်ခွက်တစ်ခွက်ကို ထားပေး၏။ အချက်အလက်အားဖြင့် ဘုရင်မင်းမြတ် နောက်ကျသည့် အခြေအနေမျိုးတွင် လက်ဖက်ရည် တိုက်ကျွေးခြင်းမျိုး မရှိချေ။ အဘယ်ကြောင့်ဆိုသော် လွယ်လွယ်ကူကူ အိပ်မပျော်မည်စိုးသောကြောင့်ပင်။ ပျားရည်နွေးနွေးလေးကို သောက်ခြင်းက အရမ်းကြီး မချိုသလို အိပ်မောကျစေခဲ့၏။ ထိုကဲ့သို့သော ပျားရည်မျိုးကို ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက အလွန်နှစ်သက်သည်။
“လီစွမ်း.. ပါရမီရှင်တွေက တစ်ခါတစ်လေ ရူးသွပ်တတ်တယ်လို့ မင်းထင်လား”
မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်၏။ “ထင်ပါတယ်”
နင်ယွမ်ရှန်းက မေးမြန်းလိုက်သည်။ “ဒါဆိုရင် ငါ့ကို ပြောစမ်း။ ငါက ပါရမီရှင်တစ်ယောက်လား”
လီစွမ်းက ချွေးသီးချွေးပေါက်များပင် ကျလာခဲ့၏။ ‘အရှင်မင်းကြီး... ဒီလို မဟုတ်သေးပါဘူး။ ဘယ်လို ဖြစ်ပြီး သေစေနိုင်လောက်တဲ့ မေးခွန်းမျိုးကို မေးနေရတာလဲ။ တကယ်လို့ မဟုတ်ပါဘူးလို့ဖြေရင်လည်း အရှင်မင်းကြီးကို အထင်အမြင်သေးသလိုဖြစ်မယ်။ တကယ်လို့ ဟုတ်ပါတယ်လို့ပြောရင်လည်း အရှင်မင်းကြီးကို လိမ်ညာသလိုဖြစ်မယ်’
ဟုတ်ပေ၏။ အရှင်မင်းကြီးသည် ပါရမီရှင်များကို အမိန့်ပေးနိုင်သည့်သူ၊ ပါရမီရှင်များ၏ သခင်ဖြစ်ကြောင်း ပြောဆိုနိုင်၏။ သို့ပေမည့် သူက မိဖုရားပျံ့ မဟုတ်ချေ။ ထို့ကြောင့် ဤကဲ့သို့ ပါးရည်နပ်ရည်နှင့် ပြောဆိုနိုင်ခြင်း မရှိချေ။
“ခွေးအိုကြီး” ဘုရင်မင်းမြတ်က ထကာ ဆဲဆိုလိုက်၏။ လီစွမ်း၏ နှလုံးသားထဲတွင် ရှိနေသည့် အဖြေကို သူက သိရှိသွားခဲ့သောကြောင့်ပင်။ သူက တကယ့်ကို ဒေါသကြီးသည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် သူ ချစ်ခင်နှစ်သက်သည့် လူများအပေါ်တွင်တော့ ကောင်းမွန်သည့် လူတစ်ယောက်လည်း ဖြစ်လို့နေ၏။ သို့ပေမည့် သူ မချစ်ခင်မနှစ်သက်သည့် လူတစ်ယောက်ဆိုလျှင်တော့...........
ဥပမာအားဖြင့် နင်ကျန်းက သူ၏သားဖြစ်ကြောင်း ရှင်းလင်း၏။ သို့ပေမည့် သူက ဘဝတစ်သက်တာလုံး အင်ပါယာဘုရားကျောင်း၏ အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ထားရန် စီစဉ်ထားခဲ့၏။
“အင်း”
ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။ “ခွေးအိုကြီး.. ကော့ဖု နေနောက်ကို လိုက်တယ်ဆိုတဲ့ အကြောင်းကို မင်းသိလား”
မိန်းမစိုးကြီး လီစွမ်းက ခေါင်းညိတ်လိုက်၏။ “အင်း.. ရှေးစာအုပ်တွေထဲမှာ ဖတ်ဖူးပါတယ်။ ကော့ဖုဆိုတဲ့လူက နေရဲ့နောက်ကို လိုက်ပြီး သေသွားခဲ့တယ်တဲ့”
“ဟမ်” ဘုရင်မင်းမြတ်က ဆွံ့အသွားခဲ့၏။ သူဆိုလိုသည်မှာ ဤထက် နက်နဲသည့် အကြောင်းအရာ တစ်ခုဖြစ်၏။ သို့ပေမည့် လီစွမ်းက ပေါက်ကရလေးဆယ်များကို ပြောခဲ့သည်။
တကယ်တမ်းမှာတော့ ကော့ဖု နေနောက်ကို လိုက်သည်ဆိုသည့် အဓိပ္ပာယ်မှာ မိမိကိုယ်ကိုယ် အထင်ကြီးပြီး အရာအားလုံးကို မိမိ၏စွမ်းဆောင်ရည်ထက် ပိုမိုကာ ပြုလုပ်ရန် ကြိုးစားနေခြင်းဖြစ်၏။ ထို့ကြောင့် သူက လီစွမ်းကို သေချာ ရှင်းပြလိုက်၏။
လီစွမ်းက ဆက်လက်ကာ ပြောလိုက်သည်။ “ဆိုလိုတာ နေနောက်ကို လိုက်လို မရဘူး။ သေမျိုးတွေအနေနဲ့ ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး။ နတ်ဘုရားတွေ ဖြစ်လာမယ်ဆိုရင်တော့ တစ်မျိုးပေါ့”
လီစွမ်း၏ တုံ့ပြန်မှုက ဆိုးရွားနေတုန်းပင်။
ဘုရင်မင်းမြတ်၏ မျက်လုံးထဲမှာတော့ ရှမ့်လန်က နင်ကျန်းကို ကူညီပြီး နန်းပလ္လင်ကို တိုက်ခိုက်နိုင်အောင် ထောက်ပံ့ပေးချင်၏။ ထိုအရာက ကော့ဖု နေနောက်လိုက်ခြင်းပင် ဖြစ်၏။
နင်ယွမ်ရှန်းက ဆက်လက်ကာ ပြောဆိုလိုက်သည်။ “အင်း.. ဒီကိစ္စက နေနောက်လိုက်တာတင် မဟုတ်ဘူး။ နေဆိုတာ အနားကပ်ရုံနဲ့တင် ဒုက္ခရောက်နိုင်တယ်။ နေ အနားကို ကပ်ပြီဆိုရင် ပြာမှုန်အဖြစ် ပြောင်းလဲသွားလိမ့်မယ်”
လီစွမ်းက ချွေးစေးများ ပြန်လာခဲ့၏။ တကယ့်ကို အရေးကြီးသည့် မေးခွန်းတစ်ခု ထပ်မံကာ ထွက်ပေါ် လာတော့မည်လား။
နင်ယွမ်ရှန်းက ပြောလိုက်၏။ “လီစွမ်း.. ငါက နေနဲ့ တူတယ်လို့ မင်းထင်လား။ တကယ်တမ်း ငါကသာ နေနဲ့ တူတယ်ဆိုရင် ငါ့နားမှာရှိတဲ့ လူတွေအားလုံးက ပြာအဖြစ် ပြောင်းလဲသွားမှာ မဟုတ်လား။ ဒါပေမဲ့ ငါ့နားမှာ ရှိတဲ့ လူတွေက ပြာ မဖြစ်ဘူး။ ဒီတော့ ငါ က နေမဟုတ်ဘူး။ နေမဟုတ်ဘူးဆိုရင် အစစ်အမှန် ဘုရင်တစ်ယောက် မဟုတ်ဘူးလို့ ဆိုလိုတာလား”
လီစွမ်းသည် မျက်ရည်များပင် ဝိုင်းသွားမိသည်။ ‘အရှင်မင်းကြီး.. ကျုပ်ကို ဒီအတိုင်းပဲ သတ်လိုက်ပါတော့လား’
………….
ရှမ့်လန်က အင်ပါယာဘုရားကျောင်းအကျဉ်းထောင်ဆီသို့ ရောက်ရှိလာခဲ့၏။ အရှေ့တွင် ကျင်းမူကုန်း တစ်ယောက် ဆောင့်ကြောင့်ထိုင်နေကြောင်း မြင်လိုက်ရ၏။ ဝတုတ်က ထပ်မံကာ မဝတော့ချေ။ ကိုယ်အလေးချိန်ပင် တော်တော်ကျသွားသည့်ပုံပေါ်၏။